← Chapters

ငါသေခြင်းတရား မြည်တမ်းနေသံကို ကြားခဲ့တယ်

Vol. 20 Ch. 213

ငါသေခြင်းတရား မြည်တမ်းနေသံကို ကြားခဲ့တယ်

Vol. 20 Ch. 213

ကျန်းယန် စည်းဝိုင်းထဲမှ ခုန်ထွက်သွားသော ဟွေ့ချင်းကိုကြည့်ပြီး ဆွံ့အသွားခဲ့၏။

“အားလုံးပဲ ၂ ရက်ပဲ ကျန်ပါတော့တယ်” ကျန်းယန် လူတိုင်းကိုကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ကငါ့ကိုတကယ်ကြီး ဒီနေရာက ထွက်သွားခွင့်ပေးလိုက်တော့မလို့လား မင်းတို့လူအများကြီးနဲ့တောင် ငါ့ကိုရင်မဆိုင်နိုင်ခဲ့ရင် ဒီနေရာက ထွက်သွားပြီးတဲ့အခါ မင်းတို့ အိပ်တောင်ပျော်နိုင်ပါဦးမလား”

သူတမင်သက်သက်ရန်စနေခဲ့ခြင်း ဖြစ်၏။

သူတို့ထဲမှအချို့ အတွင်းမိစ္ဆာပေါ်သွားခဲ့လျှင် သူ့အတွက် အမြတ်ပင်။

ကြည့်ရှုနေသူများ စိတ်တိုကုန်ကြသည်။

သူတို့တွင် လူအများကြီးရှိနေခဲ့ပါသော်လည်း ကျန်းယန်ကြောင့် အခုလိုအခြေအနေဖြစ်နေခဲ့ရပြီး ဘာမှလည်းလုပ်မရခဲ့ပေ။

“သိပ်လည်းမောက်မာမနေပါနဲ့” ကုန်းရှို့ပင်း ဒေါသတကြီး အော်ပြောလိုက်၏။

“စာတောင်ကောင်းကောင်းမရေးတတ်တဲ့ ငပေါကောင်တွေနဲ့ စကားမပြောဘူး” ကျန်းယန် အထင်အမြင်သေးစွာ ပြောလိုက်သည်။

“မင်းပြန်ရောက်ရင် ငါ့ဆီစာများများရေး မင်းတိုးတက်လာလား မလာဘူးလား ကြည့်ပေးမယ်နော်”

ကုန်းရှို့ပင်း သွေးများဆူပွက်လာသလို ခံစားလိုက်ရပြီး ဒေါသကိုလုံး၀ထိန်းမထားနိုင်တော့ပေ။

ထိုကောင်က သူ့ကို ဂျူနီယာတစ်ယောက်လိုဆက်ဆံနေခြင်းပေလော။

စာရေးတဲ့လား မင်းကိုယ်မင်းဘာထင်နေလဲ

ကုန်းရှို့ပင်း အခြေအနေကိုမြင်သောအခါ သူတို့လည်းထိုကဲ့သို့စကားလုံးများဖြင့်တိုက်ခိုက်ခံရမည်စိုးသောကြောင့် လူတိုင်း လှည့်ထွက်ကုန်ကြ၏။

သူတို့နှလုံးသားထဲတွင်တော့ သူတို့သာ နတ်ဝိညာဉ်အဆင့်စွမ်းအားကိုထိတွေ့နိုင်ခဲ့လျှင် ကျန်းယန်ကိုပညာလာပေးကိုပေးမည်ဟု ကျိန်ဆိုထားခဲ့ကြသည်။ ဒီတစ်ခေါက်တွင် ဘာပဲဖြစ်ဖြစ် ကျန်းယန်ကို ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲမှ ထွက်ခွာခွင့်ပေးလို့ မဖြစ်ပေ။

လန်ကျားအထွတ်အမြတ်မြေမှ လူများ ကုန်းရှို့ပင်းကို အတင်းဆွဲခေါ်သွားခဲ့ကြရ၏။

ထိုအခါမှ ကျန်းယန်ပြန်ထိုင်လိုက်ပြီး တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့သည်။

“မင်းက သူတို့ကိုအဲ့လိုသွားသွားဆွနေတာ တကယ်လို့ သူတို့ပေါက်ကွဲထွက်လာပြီး တိုက်ပွဲကြီးဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ပြဿနာတွေကြီးကုန်မှာနော်” ချင်းရှု ကျန်းယန်ကိုထူးဆန်းသောအမူအရာဖြင့်ကြည့်ကာ ပြောလိုက်၏။

“ပြီးတော့ မင်းကဘယ်လိုလုပ်ဗုဒ္ဓတရားတော်တွေကို နားလည်နေတာလဲ”

ကျန်းယန် ခပ်ဟဟ‌ရယ်မောလိုက်သည်။

“ငါသူတို့ကို စော်ကားတုန်းက စိတ်စွမ်းအားနည်းနည်းထည့်သုံးထားတယ် ငါ့ဆီက အဲ့ဒီလိုစကားတွေနဲ့ စော်ကားခံရပြီးတဲ့နောက် သူတို့စိတ် ကြည်လင်နေဦးမယ်ထင်လား အဲ့ဒီလိုစိတ်နဲ့ နတ်ဝိညာဉ်အဆင့်ကို ဘယ်လွယ်လွယ်ရောက်ပါ‌တော့မလဲ အရင်ကသူတို့မှာ ရောက်ဖို့အခွင့်အရေး ၇၀ ရာခိုင်နှုန်းရှိနေရင် အခု ၅၀ ဖြစ်သွားလိမ့်မယ်

ဗုဒ္ဓဒေသနာတော်တွေကိုတော့ သိပ်ကြောက်စရာမလိုပါဘူး သူ့ထဲက သဘောတရားအချို့ကို ကိုယ့်ဟာကိုယ်သင်ကြားထားလို့ ရတယ် မင်းမှာ ကိုယ်ပိုင်နားလည်မှုနဲ့ အမြင်ရှိနေသမျှတော့ ဗုဒ္ဓတရားတော်တွေနဲ့ ဆွဲဆောင်ခံရမှာကို ကြောက်စရာမလိုဘူး”

ဗုဒ္ဓဘာသာဖြစ်ဖြစ် တာအိုဘာသာဖြစ်ဖြစ် ဘာသာတိုင်းက ကောင်းကင်နှင့်မြေပြင်အောက်က အရာအားလုံးကို နားလည်ခြင်းသာ မဟုတ်ပါလော။

အကယ်၍ တစ်ယောက်ယောက်က ဗုဒ္ဓတရားတော်အနည်းငယ်မျှဖြင့် အရူးလုပ်ခံလိုက်ရလျှင် ထိုမျှ‌လောက်တုံးအသောသူ ရှိတော့မည် မဟုတ်ပေ။

ချင်းရှု စိတ်ပူနေဟန်ဖြင့် ပြောလိုက်၏။

“ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ပိတ်ဖို့ ၂ရက်ပဲ လိုတော့တယ် အပြင်ရောက်သွားတာနဲ့ ငါတို့ဂိုဏ်းကိုပြန်ဖို့က ပြဿနာကြီးတစ်ခုဖြစ်လာလိမ့်မယ်”

တစ်ဖက်တွင် ကျန်းယန်ကတော့ လုံး၀စိတ်အေးနေခဲ့သည်။

“ငါကဒီထဲကနေ ဘယ်လိုထွက်ရမလဲဆိုတာကိုပဲ တာ၀န်ယူဖို့လိုတာ အပြင်ကကိစ္စကို ဆရာတာ၀န်ယူလိမ့်မယ်”

ထိုအရာက ကတိတစ်ခု ဖြစ်၏။

ချင်းရှုကတော့ ခေါင်းယမ်းလိုက်မိသည်။ ကိစ္စများက ထိုမျှမရိုးရှင်းမှန်း သူသိနေခဲ့၏။

“ကျန်တာတွေကို မေ့ထားလိုက်ပါဦး….ငါ့အတွက် ဓားပျံနည်းနည်းလောက် လုပ်ပေး” ကျန်းယန် လေးလေးနက်နက်ပြောလိုက်လေသည်။

“အဆင့်ကအရေးမကြီးဘူး ပိုများလေ ကောင်းလေပဲ ၂ရက်ပဲကျန်တော့တာ ဒီကောင်တွေဘယ်လောက်ရူးသွားမလဲ ငါတို့သိနိုင်တာ မဟုတ်ဘူး

ပြင်ဆင်ထားမှသာ တော်ရာကျမယ်”

ချင်းရှု ခေါင်းညိတ်ပြကာ ဓားပျံများသွန်းလုပ်ဖို့ ထွက်ခွာသွားခဲ့၏။

ကျန်းယန်ကတော့ ဂိုဏ်းကြီးများ၏ စခန်းများကိုသာ ကြည့်ရှုနေခဲ့သည်။

စန်းစုန့်ချက်ကျွေးခဲ့သော သက်တန့်ငါးဟင်းကြောင့် သူ့ဝိညာဉ်စွမ်းအားက သာမန်ဝိညာဉ်အခြေတည်အဆင့်များထက် သန်မာနေခဲ့၏။ ထို့ကြောင့် သူများစွာသော သာမန်မဟုတ်သည့် အရှိန်အဝါများကို အာရုံခံမိနေခဲ့သည်။

ဘယ်သူမှ ထုတ်မပြကြသေးဘူး…

သူတို့သည် အရေးအကြီးဆုံးအခိုက်အတန့်ကို စောင့်စားနေခဲ့ကြခြင်း ဖြစ်၏။

ကျန်းယန် စိတ်အေးအေးထားလိုက်ပြီး သူအန္တိမ‌တိုက်ကွက်ကိုသာ ဆက်လက် တွက်ချ‌က်နေလိုက်သည်။

ထိုလူများနှင့် ရင်ဆိုင်ရာတွင် သူ့အကြီးမားဆုံးအားသာချက်က ကြွယ်၀လွန်းသော စိတ်ဝိညာဉ်စွမ်းအားနှင့် နိယာမစွမ်းအားများစွာအ‌ေပါ် ကျွမ်း၀င်မှုတို့သာ ဖြစ်၏။

ထို့ကြောင့် သူထိုအားသာချက်များကို ကောင်းကောင်းအသုံးချရပေမည်။

မဟုတ်လျှင် ထိုပါရမီရှင်များသာ သူ့ကို ၂ယောက် ၃ယောက် ပေါင်းတိုက်ပါက သူ့အတွက် ခက်ခဲသွားရပေလိမ့်မည်။

ယခုအခြေအနေတွင် ချင်းရှုမျှော်စင်၏ စွမ်းအားကလည်း သူတို့အပေါ် သက်ရောက်မှုအရင်ကလောက်ရှိနေတော့မည် မဟုတ်ပေ။

နတ်ဝိညာဉ်အဆင့်ကို ထိ‌တွေ့ပြီးသူများအားလုံးပူးပေါင်းပြီး တိုက်ခိုက်လျှင် ချင်းရှုမျှော်စင်က တောင့်ခံနိုင်ပါဦးမည်လော။

ထိုအချိန်သို့ရောက်လာလျှင် ကျန်းယန်၏၀င်္ကပါကလည်း ခုခံနိုင်တော့မည် မဟုတ်ပေ။

ကံကောင်းသည်မှာ ထိုဝိညာဉ်အခြေတည်အဆင့် ၂၀၀ ကျော်ထဲတွင် တကယ့်မာစတာဘရိန်းများ ပါမနေခြင်းပင်။

တကယ်လို့များ သူတို့သာ အရင်ကတည်းက ဝိညာဉ်အခြေတည်အဆင့် ဒါဇင်အနည်းငယ်ကိုစတေး၍ တိုက်ခိုက်ခဲ့လျှင် ကျန်းယန်တို့အတွက် အခုလို အခွင့်အရေးပင် ရှိလာခဲ့မည် မဟုတ်ပေ။

နောက်ဆုံးနေ့သို့ မရောက်ခင် တစ်ရက်တွင် ဂိုဏ်းကြီးကိုးဂိုဏ်း၏ စခန်းများထဲမှ နောက်ထပ်သာမန်မဟုတ်သော အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့ပါသော်လည်း ကျန်းယန်ကို ထွက်စိန်မခေါ်ခဲ့ပေ။

ကျန်းယန် မျက်မှောင်ကြုံ့လိုက်ကာ ချင်းရှုဘက်လှည့်၍ မေးလိုက်၏။

“ဓားပျံတွေ အဆင်သင့်ဖြစ်ပြီလား”

“ငါ ငါးလက်ပဲလုပ်နိုင်ခဲ့တယ်” ချင်းရှု နောင်တရနေဟန်ဖြင့် ပြောလိုက်သည်။

“ပြီးတော့ အမြန်လုပ်ဖို့လိုနေတော့ ဓားပျံအားလုံးရဲ့အဆင့်က အဆင့်၉ပဲဖြစ်နေတယ်”

“ငါးလက်ကအဆင်ပြေတယ်” ကျန်းယန် ပြောလိုက်ကာ ဓားပျံများကိုယူပြီး စတင်သန့်စင်လေတော့၏။

နောက်ဆုံးရက်မရောက်ခင်ရက်က ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်နေရင်း ကုန်ဆုံးသွားခဲ့သည်။

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကြီးတစ်ခုလုံးက သူမဟုတ်သလိုပင် တိတ်ဆိတ်နေခဲ့၏။

ဤတိတ်ဆိတ်မှုက မုန်တိုင်းမလာခင် လေ‌ေပြပျိုးနေခြင်းဖြစ်မှန်းကိုလည်း လူတိုင်း သိရှိနေခဲ့ကြသည်။

ထိုညတွင် ကျန်းယန် သူ့အဖွဲ့ထဲကလေးယောက်ကို လေးလေးနက်နက်ပြောလိုက်၏။

“မနက်ဖြန်က နောက်ဆုအချိန်ပဲ မင်းတို့တစ်ယောက်ချင်းစီတိုင်းမှာ အဆောင် ၁၀၀ စီရှိတယ်မလား အချိန်ကျလာတာနဲ့ ပစ်မှတ်တွေဘာတွေ စဉ်းစားမနေနဲ့ လူရှိတဲံကြုံရာနေရာကိုသာ ရှိတဲ့ အဆောင်အကုန်ပစ်ပစ် ပြီးရင် မင်းတို့စိတ်ဝိညာဉ်စွမ်းအားတွေအကုန်သုံးပြီး ၀င်္ကပါကို အသက်သွင်းထား

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ဖွင့်တာနဲ့ ငါတို့ချက်ချင်းဆုတ်ခွာရမယ်”

“စီနီယာအစ်ကိုကြီး အစ်ကိုကြီးကရော” စစ်ထူမင်ယွဲ့ သောကရောက်နေဟန်ဖြင့် မေးလိုက်၏။

ကျန်းယန် အသာအယာပြုံးလိုက်ကာ

“ငါကနောက်မှာနေခဲ့မယ် မင်းတို့အားလုံးထွက်သွားမှ လိုက်ထွက်လာခဲ့မယ်”

“ဒါပေမယ့်…”

ကျန်းယန် ခပ်တင်းတင်းပြောလိုက်သည်။

“ဒါပေမယ့်ဆိုတာ မရှိဘူး ငါပြောတဲ့အတိုင်း အတိအကျလုပ် အခုအားလုံး စပြင်ဆင်ကြတော့”

ကွင်းပြင်တစ်ဖက်ခြမ်းတွင် ပါရမီရှင်များ စုဝေးနေခဲ့ကြ၏။

“မနက်ဖြန်က နောက်ဆုံးနေ့ပဲ ဘာပဲဖြစ်ဖြစ် ငါတို့သူ့ကိုထွက်သွားခွင့်ပေးလို့ မဖြစ်ဘူး အဇူရာတိမ်ဂိုဏ်းရဲ့ ကံကြမ္မာအတွက်ပဲဖြစ်ဖြစ် ငါတို့ ဂုဏ်သိက္ခာအတွက်ပဲဖြစ်ဖြစ် သူ့ကိုအလွတ်ပေးလို့ လုံး၀မဖြစ်ဘူး” ကုန်းရှို့ပင်း ကြမ်းကြုတ်စွာ ပြောလိုက်သည်။

“ငါသဘောတူတယ်” ကျိုးလင် အေးစက်စက်ပြောလိုက်၏။

“သူသေကိုသေရမယ်”

လင်းရှုလည်း အသာအယာခေါင်းညိတ်ပြလိုက်သည်။

“ပါရမီရှင်တစ်ယောက်ကို ရှင်းပစ်ရမှာ နှမြောစရာကောင်းပေမယ့် ငါတို့ဂိုဏ်းတွေအတွက်ပဲ ငါတို့အရင်စိတ်ပူရမယ် ငါတို့ရဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေကို ဘေးဖယ်ထားရမယ်

မနက်ဖြန် ငါတို့ဘက်က နတ်ဝိညာဉ်အဆင့်ကိုထိတွေ့နိုင်ထားတဲ့သူတွေအားလုံးက သူ့မှော်လက်နက်ကို တာ၀န်ယူရမယ်

မှော်လက်နက်မရှိတော့ရင် သူတို့လူနည်းနည်းလေးကိုရင်ဆိုင်ဖို့က လွယ်မှာပါ

အခု နတ်ဝိညာဉ်အဆင့်ကိုထိတွေ့နိုင်တာ ဘယ်နှစ်ယောက်ရှိပြီလဲ ရေကြည့်ရအောင်”

လင်းရှု အရင်ဆုံး လက်ထောင်ပြလိုက်သည်။

“ငါကတစ်ယောက်”

“ငါ” လန်ချင်းဖုန်းလည်း လက်‌မြှောက်လိုက်၏။

“ကိုယ်တော်” ဟွေ့ချင်းလည်း လက်မြှောက်လိုက်သည်။

“ငါ”

“ပြီးတော့ ငါ”

ရေတွက်ကြည့်ပြီးသောအခါ နတ်ဝိညာဉ်အဆင့်ကိုထိတွေ့ပြီးသူ ၆ ယောက်ရှိနေခဲ့၏။

သူတို့ထဲတွင် ကုန်းရှို့ပင်းနှင့်ကျိုးလင်တွင်လည်း အခွင့်အရေးရှိနေခဲ့သော်လည်း ကျန်းယန်၏နှောင့်ယှက်မှုကြောင့်သာ မချိုးဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

လူတိုင်းအကြည့်က လူအုပ်ထဲရှိ မိန်းမလှလေးဆီ ရောက်ရှိသွားခဲ့၏။

“ယိလင် နင်လည်းချိုးဖြတ်ပြီးပြီမလား ငါတို့နင့်အရှိန်အဝါကို အာရုံခံမိပါတယ် ဘာလို့ အရင်မပြောဘဲ ငါတို့မေးတာကို စောင့်နေတာလဲ”

ထိုမိန်းကလေးသည် ကောင်းကင်နှလုံးသားကျွန်းမှ အဓိကပါရမီရှင်မိန်းကလေးမှလွဲပြီး အခြားမဟုတ်ပေ။

အစကနေ အဆုံးထိ သူမသည် အဖွဲ့ကိစ္စများတွင် ပါ၀င်ခဲ့သော်လည်း ကိုယ်တိုင်တော့တစ်ခါမှရှေ့ထွက်၍ မလှုပ်ရှားခဲ့ပေ။

ယိလင် အမူအရာလေးလံနေခဲ့ကာ စိတ်ပူနေဟန်ဖြင့် ပြောလိုက်၏။

“ကျွန်မ ကပ်ဘေးတစ်ခုလာနေတာကို အာရုံခံမိခဲ့တယ် သေခြင်းရဲ့ မြည်တမ်းသံကို ကြားခဲ့ရတယ် မိစ္ဆာတစ်ကောင်မွေးဖွားလာတာကို ခံစားမိခဲ့တယ်…ကျွန်မပြောချင်တာကတော့ မနက်ဖြန် လူတိုင်းဘယ်သူမှ တိုက်ပွဲကိုမစကြတာ အကောင်းဆုံးပါပဲ မဟုတ်ရင် ကပ်ဘေးကြီးတစ်ခု ကျိန်းသေပေါက် ဖြစ်ပွားလာလိမ့်မယ်”

လူတိုင်းအမူအရာများပြောင်းလဲသွားခဲ့ပြီး မျက်ခုံးကိုတင်းကြပ်စွာ ကြုံ့ထားလိုက်ကြသည်။

ကောင်းကင်နှလုံးသားကျွန်း၏ ဆက်ဆံသူများသည် သူတို့၏ထူးခြားသောစွမ်းအားကြောင့် လူသိများပြီး အနာဂတ်ရှိ ထင်ရှားသောအဖြစ်အပျက်များကို နိမိတ်ဖတ်ကာကြိုမြင်နိုင်ကြသူများ ဖြစ်ကြ၏။

မနက်ဖြန်တွင် အမှန်တကယ်ပင် ကိစ္စကြီးတစ်ခု ဖြစ်ပွားတော့မည်လေလော။

All Chapters