← Chapters

အပိုင်း(၂၁၆) ဘယ်သူက ဘယ်သူ့ကိုသတ်တာလဲ

Vol. 20 Ch. 216

အပိုင်း(၂၁၆) ဘယ်သူက ဘယ်သူ့ကိုသတ်တာလဲ

Vol. 20 Ch. 216

မိုးကြိုးပင်လယ်အားနည်းလာသည်ကို ခံစားမိလိုက်ကြသောကြောင့် လူတိုင်းက ကျန်းယန်၏စိတ်ဝိညာဉ်စွမ်းအင် ကုန်တော့မည်ဟုသာ ယူဆထားခဲ့ကြခြင်း ဖြစ်သည်။

သို့သော် မျှော်လင့်မထားဘဲ သူ့ဆီက ထိုမျှကြောက်စရာကောင်းသော စွမ်းအားမျိုး ထွက်ပေါ်လာခဲ့၏။

ထို့နောက် ပင်လယ်နှင့်အတူစီးဆင်းသော နွေဦးမြစ် ဟူသောအကွက်ကလည်း ပိုပြီး အားကောင်းလာခဲ့သေးသည်။

ပိုကြောက်စရာကောင်းသည်မှာ ထိုအကွက်ထဲမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်းဆန္ဒကို သူတို့ခံစားမိနေခဲ့ကြခြင်း ဖြစ်၏။

ထိုသတ်ဖြတ်ခြင်းဆန္ဒကြောင့် လရောင်ကပင် ကြက်သွေးရောင်သို့ ပြောင်းလဲသွားခဲ့သည်။

ကြက်သွေးရောင်အလင်းက ကောင်းကင်နှင့်မြေပြင်တစ်ခွင်ကို လွှမ်းမိုးထားပြီး အရာအားလုံးက သွေးနီရောင် တောက်နေခဲ့၏။

“ပြေးကြ” အချို့ပါရမီရှင်များ ကြောက်လန့်ကုန်ကြပြီး ကြောက်လန့်တကြား ထွက်ပြေးလေကြတော့သည်။

ထိုအခိုက်တွင် သူတို့စိတ်ထဲ ကျန်းယန်ကိုတိုက်ခိုက်လိုစိတ်လုံး၀မရှိတော့ဘဲ အသက်ရှင်လိုစိတ်သာ ရှိတော့၏။

လန်ချင်းဖုန်းနှင့်အခြားသူများ ထွက်ပြေးနေသော ပါရမီရှင်များကိုကြည့်ရင်း မျက်နှာများနီရဲလာကြသည်။

ကျန်းယန်ထုတ်ပြလိုက်သော မြင်ကွင်းက အတော်လေးကြောက်စရာကောင်းလွန်းလှ၏။

“ငါမင်းကို သတိပေးခဲ့တယ် အကျိုးအကြောင်းပြောပြခဲ့တယ် မင်းတို့ကနားမထောင်ခဲ့ဘူး ငါ့ကိုတွန်းအားပေးခဲ့တယ် အခုငါမင်းတို့အားလုံးကို သတ်ပစ်တော့မယ် မင်းတို့ငါ့ကိုဘယ်လိုတွန်းအားပေးမလဲ ကြည့်ကြတာပေါ့ ပြီးရင် ငါမင်းတို့ဂိုဏ်းတွေအားလုံးကိုလည်း ဖျက်ဆီးပစ်မယ် မင်းတို့ငါ့ကို ဆက်တွန်းအားပေးနိုင်ဦးမလား ကြည့်မယ်”

ကျန်းယန်ဆီမှ ထိန်းချုပ်၍မရသော သတ်ဖြတ်ခြင်းဆန္ဒများထွက်ပေါ်လာခဲ့ပြီး သူ့ကိုယ်မှ စွမ်းအင်များက ပေါက်ကွဲထွက်ပေါ်နေခဲ့သည်။

ထိုကြောက်မက်ဖွယ်သတ်ဖြတ်ခြင်းဆန္ဒကြောင့် ကောင်းကင်အောက်က သူထိန်းချုပ်ထားသော နိယာမစွမ်းအားမှန်သမျှက သွေးနီရောင် သန်းနေခဲ့၏။

ရပ်တန့်မရသော ဒေါသအောက်တွင် ကျန်းယန် ဂိုဏ်းကြီးများမှ ပါရမီရှင်များကို ရက်ရက်စက်စက် အမဲလိုက်လေတော့သည်။

ချင်းရှုမျှော်စင်ကလည်း သူ့ကြောက်စရာအကောင်းဆုံးစွမ်းအားကို ထုတ်လွှတ်နေခဲ့၏။

အဆံုးမဲ့‌ေသာမိုးကြိုးပင်လယ်ကြီးက တိုက်ပွဲကွင်းပြင်ထဲက အရာမှန်သမျှကို ရှင်းလင်းပစ်နေခဲ့သည်။ သူဖြတ်သွားသော နေရာတိုင်းတွင် ဘယ်အရာမှ ရှင်သန်မကျန်ရစ်ခဲ့ပေ။

ကျန်းယန်၏ စိတ်ဝိညာဉ်စွမ်းအားများကလည်း ဘယ်တော့မှ မကုန်ဆုံးတော့မည့် ပုံပင်။

နတ်ဝိညာဉ်အဆင့်ကို ထိတွေ့ပြီးသွားသော ပါရမီရှင်များအတွက်ပင် ပြေးဖို့ကလွဲ ရွေးချယ်စရာ မရှ်ိခဲ့ပေ။

တိုက်ပွဲကွင်းပြင် အပြင်ဘက်ရှိ ပါချင်းယန်တို့ ထိုမြင်ကွင်းကို ငေးကြောင်စွာ ကြည့်ရှုနေပြီး ဆွံ့အနေခဲ့ကြသည်။

ကျန်းယန်သည် မလွဲမသေ ရှုံးနိမ့်တော့မည်ဟု သူတို့ထင်ထားခဲ့သော်လည်း အခုတော့ သူက ရန်သူများကို ပြန်အမဲလိုက်နေသည်တဲ့လား။

ထိုအခိုက်တွင် အရင်က ကျန်းယန်နှင့်ပူးပေါင်းခဲ့သော ပါရမီရှင်များ နောင်တရနေခဲ့ကြ၏။

သူတို့သာ အခုအချိန်ထိ ဆက်ပူးပေါင်းနေခဲ့လျှင် နောက်ဆုံးရရှိမည့် ဆုလဒ်များက မသေးငယ်လောက်ပေ။

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင် အပြင်ဘက်တွင် လင်းယွင်ကျိဧ။်မျက်နှာ မည်းမှောင်နေခဲ့သည်။ ဤနေ့သည် တိုက်ပွဲကွင်းပြင်၏နောက်ဆုံးနေ့ဖြစ်သော်လည်း ကွင်းပြင်က အခုထိ ပွင့်မလာသေးပေ။

ကွင်းပြင်ပတ်ပတ်လည်တွင် ဂိုဏ်းကြီးများချထားသော စည်းများရှိနေပြီး ကွင်းပြင်ပွင့်လာလျှင်တောင် ထိုသူများ၏ခွင့်ပြုချက်မရှိဘဲ အထဲက ဘယ်သူမှ ပြန်ထွက်လာနိုင်မည် မဟုတ်ပေ။

ထိုအဖြစ်အပျက်ကိုမြင်သောအခါ လင်းယွင်ကျိ ဂိုဏ်းကြီးများက တာအိုပေါင်းစည်းခြင်းအဆင့်များနား ချဉ်းကပ်သွားပြီး မေးလိုက်၏။

“ဘာလို့ စည်းတွေကိုဖယ်မပေးသေးတာလဲ”

တန်ချိုး‌ရွှေ လင်းယွင်ကျိကိုအေးစက်စက်တစ်ချက်ကြည့်လိုက်ကာ

“မင်းက ငါ့ကိုပြောနေတာလား မင်းကဘယ်သူလဲ”

သူယဉ်ကျေးနေစရာမလိုတော့ပေ။ ဒီတစ်ခေါက်တွင် ဂိုဏ်းကြီးများက အဇူရာတိမ်ဂိုဏ်းနှင့်ထိပ်တိုက်ရင်ဆိုင်ဖို့ စီစဉ်ထားပြီးသား ဖြစ်သည်။

သူတို့မျက်လုံးထဲတွင် ကျန်းယန်ကလည်း တိုက်ပွဲကွင်းပြင်ထဲ သေဆုံးနေလောက်ပြီ ဖြစ်၏။

အဇူရာတိမ်ဂိုဏ်းအား အနှေးနှင့်အမြန်ရှင်းပစ်တော့မည် ဖြစ်သောကြောင့်ယဉ်ကျေးနေစရာ မလိုတော့ပေ။

၀မ်လင်းဂိုဏ်းမှ တာအိုပေါင်းစည်းခြင်းအဆင့်လည်း အေးစက်စက်ပြောလိုက်သည်။

“နတ်ဝိညာဉ်အဆင့်လေးတစ်ယောက်မှာ ငါတို့နဲ့စကားပြောပိုင်ခွင့်ရှိလို့လား ပြီးတော့ မင်းတို့ကို တိုက်ပွဲကွင်းပြင်ထဲ၀င်ခွင့်ပေးထားတာကတင် ရက်ရောလွန်းရာကျနေပြီ မင်းကဘာတွေ ထပ်ရှုပ်ချင်နေသေးတာလဲ”

“တိုက်ပွဲကွင်းပြင်ဖွင့်မယ့်အချိန်ကို ငါတို့ပဲဆုံးဖြတ်မယ်” ရှို့ယိဘုရားကျောင်းမှ တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် ခပ်အေးအေးပြောလိုက်သည်။

လင်းယွင်ကျိ မျက်နှာမည်းမှောင်သွားပြီး တာအိုပေါင်းစည်းခြင်းအဆင့်မရောက်သေးသော သူ့ကိုယ်သူသာ ကြိတ်၍ ကျိန်ဆဲလိုက်မိ၏။

ကောင်းကင်ဒဏ္ဍာရီ သူ့ကိုပြန်ဆွဲခေါ်သွားကာ ပြောလိုက်သည်။

“ငါတို့ တစ်နှစ်လုံးစောင့်နေပြီးပြီပဲ အချိန်နည်းနည်းလောက် ထပ်စောင့်ရတာက ကိစ္စမရှိပါဘူး”

သူ့အမြင်တွင် အကယ်၍ ကျန်းယန်ဆီတွင် တစ်ခုခုဖြစ်နေသည်ဆိုလျှင်တောင် အချိန်နည်းနည်းလေးလောက်နဲ့တော့ ဘာကိုမှ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။

လင်းယွင်ကျိလည်းအသာအယာခေါင်းညိတ်ပြလိုက်ပြီး ၀င်ပေါက်ကိုသာ ဆက်လက်ကြည့်ရှုနေလိုက်၏။

တန်ချိုးရွှေနှင့်အခြားသူများ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အသာအယာပြုံးလိုက်ကြပြီး ပေါ်တင်ပင်စတင်ဆွေးနွေးကြတော့သည်။

“စည်းကိုမဖယ်ခင် ခဏလောက် စောင့်နေတာပိုကောင်းမယ်ထင်တယ် နေ့လည်မှဖွင့်တာအကောင်းဆုံးပဲ”

“အချို့လူတွေက တိုက်ပွဲကွင်းပြင်ထဲမှာ ပုန်းနေပြီး ဖွင့်မှအတင်းပြေးထွက်လာတာမျိုးတွေရှိနေနိုင်သေးတယ်”

“အမှန်ပဲ အဲ့လိုလူတွေအတွက် ဘာအခွင့်အရေးမှ မပေးသင့်ဘူး”

သူတို့မသိသည်မှာ တိုက်ပွဲကွင်းပြင်ထဲတွင် ကြောက်လန့်တကြားအော်ဟစ်ကာ ထွက်ပြေးနေကြရသူများသည် သူတို့ဂိုဏ်းသားများ ဖြစ်နေမှန်းပင်။

“ဘိုးဘေး ဘာလို့ ကွင်းပြင်ကိုမဖွင့်သေးတာလဲ…အမြန် ဒီမကောင်းဆိုးဝါးကောင်ကို လွှတ်ပေးလိုက်ပါတော့”

“ဘာတွေလုပ်နေကြတာလဲ ဘာလို့ မဖွင့်သေးတာလဲ”

“အဲ့ဒီလူတွေ အိပ်ပျော်နေတာလားဟ”

လန်ရှုနှင့်လန်ချင်းဖုန်းတို့ မျက်နှာများ အတော်လေးပျက်နေခဲ့ကြသည်။

ကျန်းယန်သည် သူတို့ကို နာရီပေါင်းများစွာကြာအောင် အမဲလိုက်နေပြီး သူ့စိတ်ဝိညာဉ်စွမ်းအားက အခုထိ ကုန်တော့မည့်ဟန်မပြသေးသလို သူ့နတ်ဝိညာဉ်အဆင့်လက်နက်ကြီးကိုလည်း မရပ်မနား ထုတ်သုံးနေခဲ့၏။

ထိုမျှစိတ်ဝိညာဉ်စွမ်းအားထုတ်လွှတ်ပေးနိုင်သော ဆေးမျိုး ဤကမ္ဘာကြီးပေါ်တွင် တကယ်ကြီး ရှိနေခြင်းပေလော။

ထိုအခိုက်တွင် လူတိုင်းအကူအညီမဲ့သလို ခံစားလိုက်ကြရသည်။

လုံး၀ စွမ်းအားမဲ့နေမှု။

“အချိန်ရောက်တော့မယ်မလား” တန်ချိုးရွှေ အခြားသူများကိုကြည့်ကာ ပြောလိုက်၏။

“မွန်းတည့်ချိန်တော့ ကျော်သွားပြီ ငါတို့လူတွေ အဝင်၀မှာစောင့်နေတာ အတော်ကြာသွားလောက်ပြီ တကယ်လို့ တစ်ယောက်ယောက် အ၀င်၀မှာပုန်းနေရင်တောင် အခုလောက်ဆို လွတ်မှာ မဟုတ်တော့ဘူး”

ကျင်းရှန်ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆိုလည်း ဖွင့်လိုက်ကြတာပေါ့”

သူတို့ တိုက်ပွဲကွင်းပြင်ကို၀န်းရံထားသော စည်းများကို ဖွင့်လှစ်လိုက်ကြ၏။

၀င်ပေါက်ပွင့်သွားသည်နှင့် ရတနာများကိုကိုင်ဆောင်ထားသည့် များစွာသော ကျင့်ကြံသူများ အထဲမှ ပြေးထွက်လာခဲ့ကြလေသည်။

လူတိုင်း ကြောင်အသွားခဲ့ကြ၏။

အဇူရာတိမ်ဂိုဏ်းက ဂိုဏ်းသားတစ်ယောက်လား

ရပါတယ် ကျန်းယန်မဟုတ်သရွေ့ ကိစ္စမရှိဘူး

လင်းယွင်ကျိ အမြန်စစ်ထူမင်ယွဲ့ကို မေးလိုက်လေသည်။

“နင့်စီနီယာအစ်ကိုကြီး ဘယ်မှာလဲ”

စစ်ထူမင်ယွဲ့ သူ့ကိုထူးဆန်းစွာကြည့်နေကာ ဘယ်လိုဖြေရမလဲမသိ ဖြစ်နေခဲ့၏။

“ပြောလေ” လင်းယွင်ကျိ အလောတကြီးထပ်မေးလိုက်သည်။

“သူအလုပ်ရှူပ်နေတယ်….လူတွေသတ်ရင်းနဲ့” စစ်ထူမင်ယွဲ့သက်ပြင်းချလိုက်ပြီး တိုက်ပွဲကွင်းပြင်ထဲမှ လူများကို သနားနေခဲ့မိ၏။

တာအိုပေါင်းစည်းခြင်းအဆင့်များ သူ့စကားကိုကြားလိုက်ပြီး မျက်လုံးများ အရောင်တောက်သွားခဲ့သည်။

တိုက်ပွဲထဲမှာရှိနေတုန်းလား ဒါ‌ဆိုရင်တော့ သူမလွတ်နိုင်တော့တာ သေချာပြီ

ရှို့ယိဘုရားကျောင်းမှ တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် ချင်းရှုကို မေးလိုက်၏။

“အခြေအနေ ဘယ်လိုရှ်ိလဲ”

ချင်းရှု သူ့ကိုအကူအညီမဲ့စွာ ကြည့်လိုက်မိပြီး ဘယ်လိုတုန့်ပြန်ရမယ်မသိဖြစ်နေခဲ့သည်။ ထိုအခိုက်တွင် သူ့ကိုယ်သူ ဘယ်လိုသမုတ်ရမလဲပင် သူမသိတော့ပေ။

ရုတ်ချည်းဆိုသလို တိုက်ပွဲကွင်းပြင်ထဲမှ ကျောချမ်းဖွယ်အေးစက်စက်အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် မောပန်းနေသော လန်ချင်းဖုန်းတစ်ယောက် ၀င်ပေါက်မှ ပြေးထွက်လာပြီး သူ့ကိုယ်ပေါ်တွင်လည်း ရေခဲနိယာမများဖြင့် ဖုံးလွှမ်းနေခဲ့၏။

မဟာနှင်းတောင်ဂိုဏ်းမှ တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် သူ့ဆီ အမြန်ပြေးလာခဲ့ပြီး ပျော်ရွှင်နေဟန်ဖြင့် မေးလိုက်သည်။

“ချင်းဖုန်း မင်းနတ်ဝိညာဉ်အဆင့်ကိုထိတွေ့နိုင်သွားပြီလား အရမ်းကောင်းတယ် မင်းဘယ်လိုလုပ်နိုင်ခဲ့တာလဲ”

လန်ချင်းဖုန်းအမောတကြီးအသက်ရှူနေရင်း ဒေါသတကြီး ပြန်ပြောလိုက်၏။

“ဘာကို ဘယ်လိုလုပ်နိုင်ခဲ့ရမှာလဲ စီနီယာဦးလေး ဦးလေးဘာတွေလုပ်နေတာလဲ ၀င်ပေါက်ကိုဘာလို့အခုမှ ဖွင့်ရတာလဲ”

“ဘာဖြစ်လို့လဲ” တာအိုပေါင်းစည်းခြင်းအဆင့် ပဟေဠိဖြစ်နေဟန်ဖြင့် ပြန်‌ေမးလိုက်သည်။

“ဦးလေးတို့ လုပ်တာ ကျွန်တော်တို့အားလုံး သေတော့မလို့ဗျ…၀င်ပေါက်ကို စောစောဖွင့်ခဲ့ရမှာ” လန်ချင်းဖုန်း ဆက်ပြောလိုက်၏။

“ဟိုခွေးကောင်ကျန်းယန်က လုံး၀ရူးသွားပြီ တိုက်ပွဲကွင်းပြင်ထဲမှာ ကျွန်တော်တို့ကို လိုက်သတ်နေတာ လူတွေအများကြီးသေကုန်ပြီ ပြီးတော့ ချင်းရှုက ကျန်းယန်ကို နတ်ဝိညာဉ်အဆင့်စွမ်းအားထုတ်လွှတ်ပေးနိုင်တဲ့ ရတနာတစ်ခု လုပ်ပေးခဲ့တယ် ပြီးတော့ ကျန်းယန်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက စိတ်ကူးလို့မရအောင် နက်ရှိုင်းလွန်းတယ် ကျွန်တော်တို့ ဘယ်လိုမှ သူ့ကိုမတားနိုင်ဘူး”

လူတိုင်း၏ မျက်နှာများ ဖြူဖျော့သွားခဲ့သည်။

ကျန်းယန်က သူတို့ကို လိုက်သတ်နေသည်တဲ့လား

သူတို့က ကျန်းယန်ကိုဝိုင်းထားတာ မဟုတ်ဘူးလား

ဘယ်လိုဖြစ်လို့ ကိစ္စများက အခုလို အဆုံးသတ်သွားရပါသနည်း။

စာစဉ်ပြီး၏

All Chapters