← Chapters

အခန်း (၄၄၂)

Vol. 45 Ch. 442

အခန်း (၄၄၂)

Vol. 45 Ch. 442

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၄၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ထို့နောက် တုယွီ၏ မျက်နှာသည် ရက်စက်ကြမ်းကြုတ်သွားပြီး ဓားမြှောင်ဖြင့် တုပိုင်၏ ညာဘက်လက်မောင်းကို ခုတ်ပိုင်းလိုက်သည်။

တုပိုင်က သူ၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ “သတ္တိရှိလှချည်လား တုယွီ... မင်းက အစိုးရ အရာရှိတစ်ယောက်ကို လုပ်ကြံရဲတယ်ပေါ့။ တာ့နင်ဥပဒေအရ ရာထူးဂုဏ်ရှိန်မရှိတဲ့ အရပ်သားက နန်းတွင်းအရာရှိကို သေစေနိုင်တဲ့ လက်နက်နဲ့ တိုက်ခိုက်ရင် နေရာမှာတင် ကွပ်မျက်ခွင့် ရှိတယ်”

“ရွှပ်...”

တုပိုင် ဓားကို ဆွဲထုတ်လိုက်ပြီး တုယွီ၏ လက်မောင်းကို ရက်စက်စွာ ဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် သူသည် ဝန်ခံချက်စာရွက်တစ်ရွက်ကို ထုတ်ယူကာ တုယွီ၏ ဘယ်လက်မှ သွေးများကို သုတ်လိမ်းပြီး ဝန်ခံချက်စာရွက်ပေါ်တွင် လက်ဗွေနှိပ်လိုက်သည်။

အထက်ပါအကြောင်းအရာမှာ ရှင်းလင်းလှသည်။ တုယွီသည် လူများကို စုဆောင်းကာ အင်ပါယာ၏ နယ်စား ၊ အရှေ့ဘက်ကွပ်ကဲရေးရုံး၏ တပ်ရင်းမှူး တုပိုင်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခဲ့မှု ဖြစ်သည်။

“တုပိုင်... မင်း... မင်း...” အရာအားလုံးက မြန်ဆန်လွန်းလှသဖြင့် တုယွီ သနားစဖွယ် အော်ဟစ်လိုက်သည်။

“ရွှပ်...”

တုပိုင် သူ၏ ဘယ်ဘက်လက်ကို ထပ်မံ ဖြတ်တောက်ပစ်လိုက်သည်။

“ရွှပ်...”

ပြီးနောက်တွက် တုပိုင် သူ့ကို အရှင်လတ်လတ် သင်းကွပ်ပစ်လိုက်သည်။

“အားးး အားးး အားးး”

တုယွီ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြုံဖူးလောက်အောင် နာကျင်စွာ အော်ဟစ်လိုက်ရသည်။ တုပိုင်သည် တုယွီ၏ ဆံပင်ကို ဆွဲကိုင်ကာ အပြင်ဘက်သို့ တရွတ်တိုက် ဆွဲခေါ်သွားပြီး ဝူကျန့်တောက်၏ ဧည့်ခန်းမဆောင်ထဲသို့ ပစ်ဝင်လိုက်သည်။

ယခုအချိန်တွင် ဝူမိသားစုမှ လူဒါဇင်ပေါင်းများစွာသည် ခန်းမဆောင်ထဲတွင် ဒူးထောက်နေကြရပြီး ဝူကျန့်တောက်နှင့် ဝူယန်မင်တို့က ရှေ့ဆုံးတွင် ဒူးထောက်နေကြသည်။

အပြစ်မရှိသော ဝူအိမ်တော်မှ အစေခံများနှင့် အလုပ်သမားများကိုမူ မြေတိုက်ထဲတွင် ထိန်းသိမ်းထားသည်။ တုဖိန်အာကို အနိုင်ကျင့်ရာတွင် ပါဝင်ပတ်သက်သူအားလုံး ခန်းမဆောင်ထဲတွင် ဒူးထောက်နေကြရသည်။ သူမကို ရေချိုးပေးပြီး မင်္ဂလာဝတ်စုံ လဲပေးသော အစေခံများပင် ပါဝင်သည်။

အစ်မကြီး ကျီပြောင်ပြောင်နှင့် မင်းသမီးယွီကျိန်း၏ စစ်သည်တစ်ဒါဇင်ခန့်သည် ထိုလူများကို ဝိုင်းရံထားကြသည်။

တုပိုင်သည် ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး တုကျန်း၏ သား တုယွီကို သေနေသော ခွေးတစ်ကောင်ကဲ့သို့ ဆွဲကာ ခန်းမဆောင်ရှေ့သို့ ရောက်လာသည်။

တုပိုင် မေးလိုက်၏။ “ဝူကျန့်တောက်... ဒါက မင်း ဖားချင်နေတဲ့ အုပ်ချုပ်ရေးမှူးမင်းရဲ့သား တုယွီ မဟုတ်လား”

လက်နှစ်ဖက်စလုံး ပြတ်နေပြီဖြစ်သော တုယွီကို မြင်လိုက်ရသောအခါ ဝူကျန့်တောက် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး မေ့လဲလုမတတ် ဖြစ်သွားသည်။ တုပိုင်က တုယွီကို မြေကြီးပေါ်တွင် ဒူးထောက်ခိုင်းလိုက်သည်။

“ညီအစ်ကိုတို့... လင်းချီ (အသားကို တစ်စစီ လှီးဖြတ်ကွပ်မျက်ခြင်း) ကို သိကြလား” တုပိုင် မေးလိုက်၏။

မင်းသမီးယွီကျိန်း၏ စစ်သည်တစ်ဒါဇင်ခန့်က ခေါင်းညိတ်၍ ပြောလိုက်ကြသည်။ “သိပါတယ်”

တုပိုင် မေးလိုက်သည်။ “ဘယ်သူ လုပ်ရဲလဲ”

စစ်သည်အများစုက ခေါင်းခါလိုက်ကြသည်။ ထိုအထဲမှ တစ်ယောက်က ပြောလိုက်၏။ “အရှင်... လင်းချီ ကွပ်မျက်ရင် ဓားချက် တစ်ထောင်ပြည့်မှ သေတာမျိုးတော့ ကျွန်တော် မလုပ်တတ်ဘူး။ အလွန်ဆုံး ဓားချက် တစ်ရာလောက်ပဲ လုပ်တတ်မယ်”

တုပိုင်က ရွှေတုံးတစ်တုံးကို ထုတ်ယူကာ သူ့လက်ထဲ ထည့်ပေးလိုက်ပြီး ပြောလိုက်၏။ “ဒါဆို ခဏနေရင် တုယွီကို မင်းက လင်းချီနည်းနဲ့ ကွပ်မျက်လိုက်... ရဲလား”

“ဟဲဟဲ... ဘာလို့ မရဲရမှာလဲ” စစ်သည်က ပြောလိုက်၏။ “ကျွန်တော်လို လူနုံလူအကို ဘယ်သူက သိမှာလဲ။ ကိစ္စပြီးရင် ကျွန်တော်က ကျန်းနန်နယ်စားမင်းဆီ ပြန်သွားမှာပဲ... ဘယ်သူက ကျွန်တော့်ကို ကိုက်မလဲ”

ဤရွှေတုံးသည် ငွေသားများစွာ တန်ဖိုးရှိပြီး သူ့မိသားစု ဆယ်နှစ်လောက် ပူပင်ကြောင့်ကြမရှိ နေထိုင်ရန် လုံလောက်သည်။

တုပိုင်က ဝူကျန့်တောက် သားအဖကို ပြောလိုက်၏။ “ငါ တုယွီကို လင်းချီ လုပ်ပြီး သတ်မှာ... မင်းတို့ သေချာ ကြည့်ထားကြ”

ထိုအချိန်တွင်မှ တုယွီသည် ကြောက်လန့်ရကောင်းမှန်း သိသွားပြီး တစ်ကိုယ်လုံး တုန်ယင်ကာ သနားစဖွယ် အသံဖြင့် ပြောလိုက်၏။ “တုပိုင်... မင်း ငါ့ကို သတ်ရဲလား။ ကွမ်ရှီးပြည်နယ် တစ်ခုလုံးမှာ မင်း နေစရာ ရှိတော့မှာ မဟုတ်ဘူးနော်”

“တုပိုင်... ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့... မသတ်ပါနဲ့...”

“ညီလေး... ညီလေး... တုပိုင်... ငါက မင်းရဲ့ အစ်ကိုလေကွာ... မသတ်ပါနဲ့... ငါ့ကို မသတ်ပါနဲ့...”

တုပိုင် ကျောခိုင်းပြီး တံခါးပေါက်ဆီ ထွက်လာခဲ့သည်။ ထိုသွေးထွက်သံယို မြင်ကွင်းကို မကြည့်ချင်သော်လည်း တုယွီကို အရှင်ထားရန် ဆန္ဒမရှိပေ။

ခဏအကြာတွင်။

“အား...”

အတွင်းဘက်မှ တုယွီ၏ သနားစဖွယ် အော်ဟစ်သံများနှင့် မျှော်လင့်ချက်မဲ့သော အသံများ ထွက်ပေါ်လာသည်။

အစပိုင်းတွင် သူက တုပိုင်ကို ညီလေးဟု ခေါ်ပြီး ၊ နောက်ပိုင်းတွင် အဖေ ၊ နောက်ဆုံးတွင် အဖိုး ဟု အော်ဟစ်ခဲ့သည်။

ထင်ထားသည့်အတိုင်းပင် ထိုစစ်သည်က သတ္တိသာရှိပြီး လက်ရာက သိပ်မသေသပ်လှပေ။ ၁၅ မိနစ်ခန့် ကြာမြင့်ပြီးနောက တုယွီ၏ အော်ဟစ်သံ ရပ်တန့်သွားသည်။ သူ သေဆုံးသွားပြီ ဖြစ်သည်။

တုပိုင် ခန်းမဆောင်ထဲသို့ ပြန်ဝင်လာပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို တွေ့လိုက်ရသဖြင့် မျက်နှာလွှဲလိုက်ပြီး တုယွီ၏ အလောင်းကို မကြည့်ဘဲ နေလိုက်သည်။

ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး တုကျန်း၏သား ၊ တုမိသားစု၏ စတုတ္ထသခင်လေး တုယွီသည် တုပိုင်၏ အမိန့်ဖြင့် လင်းချီလုပ်ကာ ကွပ်မျက်ခံလိုက်ရပြီ ဖြစ်သည်။

ယခုအချိန်တွင် ခန်းမဆောင်ထဲရှိ လူဒါဇင်ပေါင်းများစွာသည် မြေကြီးပေါ်သို့ ပြိုလဲကျကုန်ပြီး အချို့ဆိုလျှင် အီးများ ၊ သေးများပင် ထွက်ကုန်ကြသည်။

ဝူကျန့်တောက်၏ မျက်နှာသည် မြေကြီးအရောင် ပေါက်နေပြီ ဖြစ်သည်။ တုပိုင် ပြန်ဝင်လာသည်ကို မြင်သောအခါ အလိုအလျောက် ဦးညွှတ်မိလုနီးပါး ဖြစ်သွားသော်လည်း ခဏမျှ တွန့်ဆုတ်ပြီးနောက် အံကြိတ်ကာ ခါးကို မတ်လိုက်သည်။

“ဟားဟား...” တုပိုင်က ပြောလိုက်၏။ “ကျောရိုးရှိသလို လုပ်ပြချင်တာလား။ နည်းနည်း နောက်ကျသွားပြီ”

ဝူကျန့်တောက်က အံကြိတ်ပြီး ပြောလိုက်၏။ “ငါလုပ်သမျှ အရာအားလုံးက ဝူမိသားစုအတွက်ပဲ... ငါ နောင်တမရဘူး။ မင်းတို့ မိန်းမစိုးဂိုဏ်းက ကွမ်ရှီးမှာ ပြီးဆုံးသွားပြီ။ ငါ့ကို နောက်ခံအသစ် ရှာခွင့်မပေးနိုင်ဘူးလား။ မင်းတို့ မိန်းမစိုးဂိုဏ်းနဲ့အတူ လိုက်သေပေးရမှာလား။ ဘာကိစ္စကြောင့်လဲ... ဘာကိစ္စကြောင့်လဲ”

“ကိစ္စမရှိပါဘူး... ကိစ္စမရှိပါဘူး...” တုပိုင်က ပြောလိုက်၏။ “ဝန်ခံချက် ပြီးသွားရင် ရပါပြီ။ ငါတို့ အရှေ့ဘက်ကွပ်ကဲရေးရုံးက အလုပ်လုပ်ရင် သက်သေအထောက်အထား ခိုင်လုံဖို့ လိုတယ်”

“ပြီးပါပြီ” စစ်သည်တစ်ဦး ရှေ့တက်လာပြီး ပြောလိုက်၏။ “ဒါပေမဲ့ အရှင်... ကျွန်တော့် လက်ရေးက အရှင့်လောက် မကောင်းဘူး”

တုပိုင် ကြည့်လိုက်ရာ လက်ရေးကောင်းရုံသာမက အရေးအသားပါ ကောင်းမွန်သည်ကို တွေ့လိုက်ရသည်။

“မင်းက ငါ့ချီးကျူးစကားကို စောင့်နေတာပဲ” တုပိုင်က သူ့ပခုံးကို ပုတ်ပြီး ပြောလိုက်၏။ “ကောင်းတယ်... စာပေရော စစ်ရေးပါ ထူးချွန်တဲ့သူပဲ”

ရုတ်တရက် စစ်သည်က ဦးညွှတ်ပြီး ပြောလိုက်၏။ “အရှင့်ရဲ့ ချီးကျူးစကား ရရင်ပဲ ကျွန်တော် ကျေနပ်ပါပြီ”

သူသည်လည်း စာပေသမားတစ်ဦး ဖြစ်ပြီး တုပိုင်၏ ကဗျာနှင့် စာပေစွမ်းရည်မှာ ကမ္ဘာကျော်ဖြစ်ကြောင်း သိထားသူ ဖြစ်သည်။ တုပိုင်၏ ချီးကျူးမှုကို ခံရခြင်းသည် ငွေရရှိသည်ထက် ပိုမို ပျော်ရွှင်စရာ ကောင်းနေသည်။

တုပိုင် ဝူကျန့်တောက်၏ ရှေ့သို့ ရောက်လာပြီး ပြောလိုက်၏။

“မင်းက အင်ပါယာရဲ့ တားမြစ်ကုန်ပစ္စည်းတွေဖြစ်တဲ့ ရွှေ ၊ သံ ၊ လက်နက် ၊ သံချပ်ကာ နဲ့ စားနပ်ရိက္ခာတွေကို ခိုးထုတ်ခဲ့တယ်။ ပြီးတော့ မှောင်ခိုလုပ်တဲ့ အဖွဲ့အစည်းက မြောက်ပိုင်းက မန်ချူးဂျာချင်အင်ပါယာ ဖြစ်နေတယ်။ ဒါက ပုန်ကန်မှုပဲ။ မျိုးပြုန်းသတ်ဖြတ်ခံရမယ့် အပြစ်ပဲ။ လာကြစမ်း... လက်ဗွေ နှိပ်ပေးလိုက်”

“မလုပ်နဲ့... မလုပ်နဲ့...” ဝူကျန့်တောက် အသည်းအသန် ရုန်းကန်နေသည်။

တုပိုင်က သူ၏ ကိုယ်လုပ်တော်တစ်ယောက်ကို ဆွဲယူကာ ဓားဖြင့် တစ်ချက်တည်း သတ်ပစ်လိုက်ပြီးနောက် ဝူကျန့်တောက်၏ လက်ဝါးကို သွေးများ သုတ်လိမ်းကာ ဝန်ခံချက်စာရွက်ပေါ်တွင် ဖိနှိပ်လိုက်သည်။

“ကောင်းပြီ... မင်းလည်း ပုန်ကန်မှု ကျူးလွန်ကြောင်း ဝန်ခံလိုက်ပြီ။ သက်သေအထောက်အထားလည်း ခိုင်လုံသွားပြီ”

တုပိုင် ဝန်ခံချက်စာရွက်ပေါ်ရှိ လက်ဗွေရာကို လေမှုတ်လိုက်ပြီး အမိန့်ပေးလိုက်သည်။

“ဝူကျန့်တောက်က ပုန်ကန်တယ်။ အရေးပေါ် အခြေအနေအရ စီရင်ရမယ်။ အင်ပါယာ ကိုယ်စား ငါတို့ အရှေ့ဘက်ကွပ်ကဲရေးရုံးက ဝူမိသားစုကို တရားဝင် ကွပ်မျက်လိုက်တယ်။ အားလုံးကို ခုတ်သတ်စေ...”

“အားလုံးကို သတ်...”

တုပိုင် အမိန့်ပေးလိုက်သည်။

မင်းသမီးယွီကျိန်း၏ စစ်သည်တစ်ဒါဇင်ကျော် ရှေ့တက်လာပြီး ဝူမိသားစုဝင်များကို တစ်ယောက်ပြီးတစ်ယောက် ဆွဲထုတ်ကာ တံခါးဝသို့ ခေါ်ထုတ်သွားကြသည်။

“ရွှပ်... ရွှပ်... ရွှပ်...”

သူတို့က ဝူမိသားစုဝင်များအား အသုတ်လိုက် အသုတ်လိုက် ခေါင်းဖြတ် ကွပ်မျက်လိုက်ကြသည်။ ခဏကြာသောအခါ ခေါင်းဒါဇင်ပေါင်းများစွာ ပြတ်ကျသွားပြီး ဝူအိမ်တော်၏ ခြံဝင်းတစ်ခုလုံး သွေးပင်လယ် ဝေသွားသည်။

နောက်ဆုံးတွင် ဝူကျန့်တောက်နှင့် ဝူယန်မင်တို့သာ ကျန်ရစ်တော့သည်။ သူတို့နှစ်ဦး၏ မျက်နှာများသည် ပြာနှမ်းနေပြီး မြေကြီးပေါ်တွင် လုံးဝ ပုံလျက်သား ဖြစ်နေကြသည်။

ဝူယန်မင်၏ မျက်နှာသည် တုန်ရီနေပြီး နှုတ်ခမ်းများလည်း တုန်လှုပ်နေသည်။ “ငါ... ငါ ဖိန်အာကို နောက်ဆုံးအနေနဲ့ တွေ့ချင်တယ်... ရမလား”

“မလိုတော့ဘူး” တုပိုင်က ပြောလိုက်၏။ “ငါ ကိုယ်တိုင် သွားတွေ့လိုက်မယ်...”

တုပိုင်က ဝူယန်မင်ကို ဒူးထောက်ခိုင်းပြီး လည်ပင်းကို ဖိကာ ဓားထက်ထက်ဖြင့် ဖြတ်တောက်ပစ်လိုက်သည်။

“အား... အား...” ဝူကျန့်တောက် သနားစဖွယ် အော်ဟစ်လိုက်သည်။

တုပိုင် သူ့အနောက်သို့ ရောက်လာပြီး ဆံပင်ကို ဆွဲကာ တိုးတိုးလေး မေးလိုက်သည်။ “ဝမ်းနည်းနေလား”

ဝူကျန့်တောက် တစ်ကိုယ်လုံး တုန်ယင်နေသည်။

“မင်း ကွေ့မင်းသားကို မကြိုက်တာ ကိစ္စမရှိဘူး။ အာဏာရှိတဲ့သူကို မျက်နှာလုပ်ချင်တာလည်း ကိစ္စမရှိဘူး။ ဒါပေမဲ့ မင်း ငါ့အမကို မထိခိုက်စေသင့်ဘူး။ အင်ပါယာရဲ့ အကျိုးစီးပွားကိုလည်း မဖျက်ဆီးသင့်ဘူး” တုပိုင်က သွားကြားထဲမှ လေသံဖြင့် အေးစက်စွာပြောလိုက်၏။ “မင်းက ဧကရာဇ်ကို မလေးစားဘူး။ ဒါကြောင့် သေခြင်းတရားနဲ့ သင်ခန်းစာ ပေးရမယ်။ အင်ပါယာရဲ့ အကျိုးစီးပွား ကိုယ်စား ၊ ဧကရာဇ်မင်းမြတ် ကိုယ်စား... ငါ မင်းကို သေဒဏ်ပေးတယ်”

တုပိုင်၏ လျှို့ဝှက်ရွှေဓားသည် ဝူကျန့်တောက်၏ လည်ပင်းကို ဖြတ်ကျော်သွားသည်။ ဝူကျန့်တောက်၏ ခေါင်း ပြုတ်ကျသွားလေ၏။

**--**--**--**--**--**--**--**

ဘိုးဘွားပိုင် ခန်းမဆောင်တွင်။ ဝူကျန့်တောက်၏ အမေ ၊ ဝူကတော်သည် ဘုရားရှိခိုးဖျာပေါ်တွင် ဒူးထောက်ပြီး တုန်ယင်နေသည်။

“ခင်ဗျား... ဘာလို့ သူတို့ ငါ့အမကို နှိပ်စက်တာ မတားခဲ့တာလဲ” တုပိုင်က ပြောလိုက်၏။ “အရင်တုန်းက ခင်ဗျားကို လေးစားခဲ့ပါတယ်။ ပြည်နယ်တရားစီရင်ရေးမှူးရှေ့မှာတောင် ခင်ဗျားက ကျုပ်အမဘက်ကနေ ကာကွယ်ပေးခဲ့သေးတယ်လေ”

ဝူကတော်က တုန်ရီစွာ ပြောလိုက်၏။ “ကျွန်မ... ကျွန်မ ယောကျာ်းရဲ့ ဆန္ဒကို မလွန်ဆန်နိုင်လို့ပါ... မိသားစု အကျိုးအတွက်...”

သူမ စကားမဆုံးခင် တုပိုင် လက်ဝှေ့ယမ်းလိုက်သည်။

စစ်သည်နှစ်ဦး ရှေ့တက်လာပြီး သူမ၏ လည်ပင်းကို ကြိုးဖြင့် ရစ်ပတ်လိုက်သည်။

သူမသည် အမဖိန်အာကို ကာကွယ်ပေးခဲ့ဖူးသောကြောင့် သူမ၏ အလောင်းကို ရုပ်ပျက်ဆင်းပျက်မဖြစ်စေဘဲ သေဆုံးခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

**--**--**--**--**--**--**--**

တုပိုင် ဝူအိမ်တော် ဘိုးဘွားပိုင်ခန်းမဆောင်၏ လှေကားထစ်တွင် ထိုင်ကာ ကောင်းကင်မှ လမင်းကို မော့ကြည့်လိုက်သည်။ ကျန်းနန်နယ်စားမင်း၏ အာရုံခံစားမှု မှန်ကန်သည်။ အခြေအနေတွေ အကြီးအကျယ် ပြောင်းလဲသွားပြီဖြစ်၏။ ထို့အပြင် ဖြစ်ပျက်ခဲ့သည်များမှာ မကြာသေးဘဲ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းမှာ ဖြစ်ခဲ့ခြင်းဖြစ်ပေမည်။

ထို့ပြင် ကွမ်ရှီးပြည်နယ် တစ်ခုတည်းက ကိစ္စ မဟုတ်ဘဲ မြို့တော်မှာလည်း တစ်ခုခု ဖြစ်ပျက်ခဲ့ပြီ ဖြစ်ရမည်။

**--**--**--**--**--**--**--**

တချိန်တည်းမှာပင်။

သိုင်းပညာရှင် မိန်းမစိုးတစ်ဦးသည် စစ်မြင်းကို စီး၍ တောင်ဘက်သို့ ရူးသွပ်မတတ် ပြေးဝင်လာနေသည်။

မိုင် ၈၀၀ အမြန်ချောပို့။ သူသည် နေ့ရောညပါ မအိပ်မနေ ၊ မြင်းလဲပြီး ရူးသွပ်မတတ် ဒုန်းစိုင်းစီးလာခဲ့သည်။ ပန်းတိုင်သည် ကွမ်ရှီး ပိုင်ဆယ် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးခွဲ ဖြစ်သည်။ သူ့ရင်ခွင်ထဲတွင် တုပိုင်အတွက် ဧကရာဇ်၏ အမိန့်တော်ပါရှိသည်။ အလွန် အရေးကြီးသော အမိန့်တော် ဖြစ်သည်။

မြန်ရမည်... မြန်ရမည်။

သို့သော်... နောက်ကျသွားလေ၏။

**--**--**--**--**--**--**--**

မင်္ဂလာခန်းဆောင်ထဲတွင်။ တုဖိန်အာသည် အလွန် တိတ်ဆိတ်ငြိမ်သက်နေပြီး ရွှေရောင်ထိုင်ခုံလေးပေါ်တွင် ထိုင်ကာ စာတစ်စောင် ရေးနေသည်။

သူမသည် အလွန် ပြည့်ဖြိုးပြီး ကျစ်လျစ်သော ခန္ဓာကိုယ်ရှိသည်။ ယခုအချိန်တွင် ပိန်သွားသော်လည်း ဆွဲဆောင်မှု ရှိနေဆဲပင်။ ထိုင်ခုံပေါ်တွင် ထိုင်နေသော သူမ၏ ခါးအကွေးအဆန့်သည် အလွန် လှပနေသည်။

တုပိုင်ထံ ရေးတဲ့စာ ဖြစ်ပြီး သူမ၏ နောက်ဆုံးစာ ဖြစ်ကောင်းဖြစ်နိုင်သည်။ အချိန်အကြာကြီး စဉ်းစားပြီးနောက် ၊ ရင်ထဲတွင် ပြောစရာ စကားလုံးပေါင်း ထောင်ချီ ရှိနေသော်လည်း နှုတ်မှ ထုတ်မပြောနိုင်ပေ။ တုပိုင် ဝူမိသားစုဝင် အားလုံးကို သတ်လိုက်သည်ကို သူမ သိသည်။ သူမ မတားဆီးခဲ့သလို စိတ်လည်း မကောင်းဖြစ်မိပေ။

အချိန်အကြာကြီး စဉ်းစားပြီးနောက် သူမ၏ သေတမ်းစာကို ရေးလိုက်သည်။

“တုပိုင်... အမသေသွားတဲ့အကြောင်း မိဘတွေကို မပြောပါနဲ့။ သူတို့ကို လိမ်ထားလိုက်တာ ကောင်းပါတယ်”

“နောက်ဘဝကျရင် မိန်းမစိုး မလုပ်ပါနဲ့တော့။ အမက မောင်လေးရဲ့ ဇနီး လုပ်ပေးမယ်နော်။ မောင်လေးအတွက် ကလေးမွေးပေးမယ်။ ကုတင်ပေါ်မှာ စောင့်နေပြီး မောင်လေး စိတ်ချမ်းသာအောင် ထားပေးမယ်။ မောင်လေးက တဖြည်းဖြည်းနဲ့ ယောကျာ်းပီသလာတာ အမ သိပါတယ်။ တစ်ခါတလေ မောင်လေးရဲ့ ဆိုးသွမ်းတဲ့ အတွေးတွေကို အမ ခံစားမိပါတယ်”

“မောင်လေးကို အမအစား ပြုစုစောင့်ရှောက်ပေးမယ့် ပိုကောင်းတဲ့ မိန်းကလေးတစ်ယောက် သေချာပေါက် ရောက်လာမှာပါ။ မောင်လေးမှာ သားသမီး မြေးမြစ်တွေ အများကြီးနဲ့ မျိုးဆက်တိုင်း မင်းညီမင်းသားတွေ ဖြစ်လာမှာပါ။ အမ ဂုဏ်ယူနေမှာပါ”

“ဒီဘဝမှာတော့ အမက မသန့်ရှင်းတဲ့သူ ဖြစ်သွားပြီမို့ မောင်လေးနဲ့ မထိုက်တန်တော့ပါဘူး။ ဒါပေမဲ့ မြေအောက်ကနေ မောင်လေးကို ချစ်နေမှာပါ။ တကယ်လို့ သရဲတစ္ဆေ ရှိတယ်ဆိုရင် အမက အနူးညံ့ဆုံး သရဲလေး ဖြစ်လာပြီး မောင်လေးကို ကာကွယ်ပေးမယ်။ ခြင်ကိုက်ရင်တောင် ခြင်မောင်းပေးမယ်။ အိပ်မက်ဆိုးတွေ မက်ရင်တောင် မောင်လေး ကောင်းကောင်း အိပ်ပျော်အောင် လုပ်ပေးမယ်”

“မောင်လေးကို ချစ်တဲ့ အမ... တုဖိန်အာ”

အပိုင်း ၄၄၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters