အခန်း (၄၄၃)
Vol. 45 Ch. 443
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၄၃
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ယခုအခိုက်အတန့်တွင် ခန်းမဆောင် လှေကားထစ်ပေါ်၌ ထိုင်နေသော တုပိုင်၏ နှလုံးသားသည် ရုတ်တရက် ခုန်ပေါက်လာပြီး အမတုဖိန်အာ၏ အခန်းဆီသို့ ပြေးဝင်သွားလိုက်သည်။
အခန်းထဲသို့ ရောက်သောအခါ သူမသည် ကတ်ကြေးတစ်လက်ကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ စားပွဲပေါ်ရှိ စာကို ကြည့်လိုက်ရာ သူမ၏ လက်ရာဖြစ်ကြောင်း သိလိုက်ရသည်။ ရုတ်တရက် တုပိုင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“ဘာလုပ်ချင်တာလဲ... အမ ဘာလုပ်ချင်နေတာလဲ” တုပိုင်သည် အမဖိန်အာ၏ ပခုံးကို ဆွဲကိုင်ကာ အားကုန် လှုပ်ယမ်းလိုက်သည်။ တုဖိန်အာသည် တုပိုင်ကို ကြည့်ပြီး ပြုံးလိုက်သည်။ ပြုံးရင်းဖြင့် မျက်ရည်များ ဝဲလာသည်။
“သေချင်တာလား... အမ ဘာဖြစ်နေတာလဲ... သေပြီးတော့ ဘာလုပ်မှာလဲ” တုပိုင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
တုဖိန်အာက ပြောလိုက်၏။ “မောင်လေးက မိဘတွေကို စောင့်ရှောက်ဖို့ နူးညံ့သိမ်မွေ့ပြီး လှပတဲ့ မိန်းကလေးတစ်ယောက်ကို အထူးတလည် ရှာထားတယ်ဆိုတာ အမ သိပါတယ်။ ဒါကြောင့် အမ စိတ်ချလက်ချ သေလို့ ရပါပြီ”
တုပိုင် ဒေါသတကြီး ပြောလိုက်၏။ “ဘာလို့ သေရမှာလဲ... ဘာအကြောင်းပြချက် ရှိလို့လဲ”
တုဖိန်အာက ပြောလိုက်၏။ “အမက နိမိတ်မကောင်းတဲ့ မိန်းမလေ”
တုပိုင်က ပြောလိုက်၏။ “အမကြောင့် ဝူမိသားစု သေကုန်တာလို့ ထင်နေတာလား”
တုဖိန်အာ ဘာမှ ပြန်မပြောပေ။ “ဦးနှောက်မရှိဘူး... တကယ့်ကို ဦးနှောက်မရှိတဲ့ အမျိုးသမီး”
တုပိုင် သည်းမခံနိုင်တော့ပေ။ သူမကို ဆွဲယူကာ ပေါင်ပေါ်မှောက်ခိုင်းပြီး တင်ပါးကို ရိုက်ချလိုက်သည်။ ထို့နောက် အော်ဟစ်လိုက်၏။
“တုဖိန်အာ... အရင်တုန်းက အမက ဉာဏ်ကောင်းပါတယ်။ အခုတော့ လုံးဝ တုံးအသွားပြီ။ ဝူမိသားစု သေရတဲ့ အဓိက အကြောင်းရင်းက ပုန်ကန်မှုကြောင့်... တိုင်းပြည်ကို သစ္စာဖောက်မှုကြောင့်... နားလည်လား။ အမ မရှိရင်တောင် သူတို့ကို ဆွေမျိုး ကိုးဆက် မျိုးပြုန်းသတ်မှာပဲ”
ထို့နောက် တုပိုင် ထပ်မံ ရိုက်လိုက်ပြန်သည်။ ပြီးနောက် တုပိုင်သည် တုဖိန်အာ၏ သေတမ်းစာကို ယူကာ တစ်လုံးချင်း ဖတ်ပြလိုက်သည်။ ထိုစဉ်က တုဖိန်အာသည် ဤသေတမ်းစာကို ရေးနေချိန်၌ ဘာမှ မခံစားရသော်လည်း ယခု တုပိုင် ဖတ်ပြလိုက်သောအခါ အလွန် ရှက်ရွံ့သွားပြီး စာရွက်ကို လုယူရန် ကြိုးစားလိုက်သည်။
တုပိုင်က ဆက်ဖတ်လိုက်၏။ “နောက်ဘဝကျရင် မိန်းမစိုး မလုပ်ပါနဲ့တော့။ အမက မောင်လေးရဲ့ ဇနီး လုပ်ပေးမယ်နော်။ မောင်လေးအတွက် ကလေးမွေးပေးမယ်။ ကုတင်ပေါ်မှာ စောင့်နေပြီး မောင်လေး စိတ်ချမ်းသာအောင် ထားပေးမယ်။ မောင်လေးကို သက်တောင့်သက်သာ ဖြစ်စေရမယ်...”
ဤစာပိုဒ်ကို ဖတ်ပြီးနောက် တုဖိန်အာသည် အလွန်အမင်း ရှက်ရွံ့သွားပြီး စာအုပ်ကို လုယူရန် အသည်းအသန် ကြိုးစားလိုက်သည်။ လုယူပြီးနောက် စာအုပ်ကို တစ်စစီ ဆွဲဖြဲပစ်လိုက်သည်။
တုပိုင် သူမ၏ မေးစေ့ကို ကိုင်ကာ မော့စေပြီး ပြောလိုက်၏။ “တုဖိန်အာ... နောက်ဘဝကို မမျှော်ပါနဲ့။ အဲဒါက အရမ်း ဝေးကွာလွန်းတယ်။ ဒီဘဝမှာပဲ ဖြစ်ပါစေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီမင်္ဂလာခန်းဆောင်ကလည်း အဆင်သင့် ဖြစ်နေတယ်။ အရင်တုန်းက ငါ့ကို လက်ထပ်ချင်တယ်လို့ ပြောဖူးတယ် မဟုတ်လား။ ကောင်းပြီလေ... လက်ခံတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာ တစ်ခုက အခုချိန်မှာ ငါက မိန်းမစိုး ဖြစ်နေသေးတယ်။ ငါ ပုံမှန်ယောကျာ်းတစ်ယောက် ပြန်ဖြစ်လာတဲ့အခါ ပထမဆုံး အမကို ကိုယ်ဝန်ရှိအောင် လုပ်ပေးမယ်... စိတ်ချပါ”
တုပိုင်၏ ပွင့်လင်းလွန်းသော စကားများကို ကြားလိုက်ရသောအခါ တုဖိန်အာ လုံးဝ ကြောင်အသွားသည်။
“ဒါပေမဲ့ အခုချိန်မှာ ငါက မိန်းမစိုး ဖြစ်နေတော့ အမကို သက်တောင့်သက်သာ ဖြစ်အောင် လုပ်ပေးဖို့ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့... ငါ အမကို သက်တောင့်သက်သာ ဖြစ်အောင် ပြုစုပေးနိုင်ပါတယ်။ အမက သေချင်နေတာဆိုတော့ ငါ တားလို့ မရဘူး။ အိပ်ပျော်နေတုန်း ပြုစုပေးလို့ ရတယ် မဟုတ်လား”
ထို့နောက် တုပိုင် သူမအပေါ်သို့ ခုန်တက်လိုက်ပြီး တုဖိန်အာ၏ လှပသော ခန္ဓာကိုယ်ကို ဖက်ကာ နှုတ်ခမ်းကို နမ်းရှုံ့လိုက်ပြီး သူမ၏ စကပ်အောက်သို့ လက်လျှိုဝင်လိုက်သည်။ တုဖိန်အာ၏ ဦးနှောက် ပေါက်ကွဲသွားသကဲ့သို့ ဖြစ်ပြီး လုံးဝ ဗလာဟင်းလင်း ဖြစ်သွားသည်။
**--**--**--**--**--**--**--**
နာရီဝက်ကျော် ကြာပြီးနောက် တုပိုင် ဝူအိမ်တော်မှ ထွက်ခွာလာချိန်တွင် တုဖိန်အာ၏ စိတ်သည် ဗလာဟင်းလင်း ဖြစ်နေဆဲပင်။ သေချင်စိတ် ဆိုသည်မှာ ပိုမို ထိတ်လန့်ဖွယ် ကောင်းသော ၊ ရှက်ရွံ့ဖွယ် ကောင်းသော အရာတစ်ခုဖြင့် ဖုံးလွှမ်းသွားပြီ ဖြစ်သည်။ သူမသည် ရထားလုံးထဲတွင် ကြောင်တောင်တောင် ထိုင်နေပြီး တုပိုင် ခေါ်ရာနောက်သို့ လိုက်ပါလာခဲ့ကာ မည်သည့်နေရာသို့ သွားနေမှန်းပင် မသိတော့ပေ။
တုပိုင် သွားနေသော နေရာသည် ကွေ့မင်းသား၏ အိမ်တော် ဖြစ်သည်။ ကွမ်ရှီးပြည်နယ်တွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကို သူ သိချင်သည်။ ဤမျှ ကြီးမားသော အပြောင်းအလဲများ မမျှော်လင့်ဘဲ ဖြစ်ပေါ်လာခဲ့သည်။ အဘယ်ကြောင့်နည်း။
ကွေ့မင်းသားအိမ်တော်သည် မုန်ဆန်းစီရင်စုခွဲမှ မိုင်တစ်ရာကျော် ဝေးကွာသည်။ အားလုံး မြင်းစီးပြီး တစ်နာရီကျော်ကြာ ခရီးနှင်ပြီးနောက် ကွေ့မင်းသားအိမ်တော် တံခါးဝသို့ ရောက်ရှိလာကြသည်။
တုပိုင် ရှေ့တက်ပြီး ပြောလိုက်၏။ “ကျေးဇူးပြုပြီး သွားရောက် အကြောင်းကြားပေးပါ။ ကွမ်ရှီး ပိုင်ဆယ် အရှေ့ဘက်ကွပ်ကဲရေးရုံး ယာယီတပ်ရင်းမှူး တုပိုင် လာရောက် တွေ့ဆုံတာပါ”
ထိုနာမည်ကို ကြားလိုက်ရသောအခါ တံခါးစောင့် စစ်သည် လန့်သွားပြီး တုပိုင်ကို မော့ကြည့်ကာ ပြောလိုက်၏။ “အရှင်... ဒီမှာ ခဏ စောင့်ပေးပါ။ ကျွန်တော် သွားရောက် အကြောင်းကြားပေးပါမယ်”
အမှန်တကယ်တွင် တုပိုင်၌ ကွေ့မင်းသား ပေးထားသော အထူးတံဆိပ်ပြား ရှိသဖြင့် ကွေ့မင်းသားအိမ်တော်သို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ပြီး အကြောင်းကြားရန် လုံးဝ မလိုအပ်ပေ။
သူနှင့် ကွေ့မင်းသားကြား ဆက်ဆံရေးသည် အလွန် နီးကပ်သည်။ ကွေ့မင်းသား၏ သမီး မင်းသမီးနင်းလီသည် သူ့ကို လေးစားအားကျသူ ဖြစ်ပြီး ၊ ကွေ့မင်းသားအိမ်တော်၏ ဒုတိယ မိန်းမစိုးချုပ် လီလင်းသည် တုပိုင်၏ သွေးသောက်ညီအစ်ကို ဖြစ်သည်။ ကွေ့မင်းသား ကိုယ်တိုင်သည် လီဝမ်ဟွေ့၏ ညီအစ်ကို ဖြစ်ပြီး တုပိုင်ကို အထောက်ခံဆုံး လူကြီးတစ်ဦး ဖြစ်သည်။
ခဏကြာသောအခါ ကွေ့မင်းသား၏ သားတော် ၊ နင်ချုံးယောင် ထွက်လာသည်။ တုပိုင် ဦးညွှတ်ပြီး ပြောလိုက်၏။ “မင်းသားလေးကို ဂါရဝပြုပါတယ်”
သို့သော် မင်းသားလေး၏ မျက်နှာထားသည် အလွန် ရုပ်ဆိုးနေပြီး အေးစက်ကာ ရန်လိုမှုအချို့ ပါဝင်နေသည်။
“တုပိုင်...” နင်ချုံးယောင် အေးစက်စွာ ခေါ်လိုက်သည်။
ဤသည်မှာ သူ၏ တစ်ခါမျှ မကြားဖူးသော လေသံဖြစ်သည်။ ဤမင်းသားလေးသည် အမြဲတမ်း နှိမ့်ချပြီး သတိထားတတ်သူ ဖြစ်သည်။ မည်သူ့ကိုမဆို ကြင်နာတတ်သူ ဖြစ်ပြီး တုပိုင်အပေါ် ဆိုဖွယ်ရာ မရှိပေ။ ယခု အဘယ်ကြောင့် ဤမျှ အေးစက်နေရသနည်း။
တုပိုင်က ပြောလိုက်၏။ “ဟုတ်ကဲ့... ကျွန်တော် ကွေ့မင်းသားကို ဝင်တွေ့ချင်ပါတယ်”
“မလိုဘူး” နင်ချုံးယောင် အေးစက်စွာ ပြောလိုက်၏။ “ငါတို့ ကွေ့မင်းသားအိမ်တော်က မင်းကို မကြိုဆိုဘူး”
တုပိုင်၏ မျက်နှာထား ပြောင်းလဲသွားသည်။
ထိုအခိုက်အတန့်တွင် ကျက်သရေရှိပြီး မြင့်မြတ်သော အမျိုးသမီးတစ်ဦး ထွက်လာပြီး ပြောလိုက်၏။ “နင်ချုံးယောင်... ရိုင်းစိုင်းမနေနဲ့”
တုပိုင် အလျင်အမြန် ဦးညွှတ်ပြီး ပြောလိုက်၏။ “မင်းသမီးကို ဂါရဝပြုပါတယ်”
ကွေ့မင်းသမီး (ကွေ့မင်းသား၏ ကြင်ယာတော်) သည် တုပိုင်ကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။ “တုပိုင်... ဝင်ခဲ့ပါ”
ထို့နောက် ဘာမှ ဆက်မပြောတော့ပေ။ ယခင်က ကွေ့မင်းသမီးသည် တုပိုင်ကို တူအရင်းတစ်ယောက်လို ဆက်ဆံခဲ့သော်လည်း ယခုအခါ သူမ၏ သဘောထားသည် အလွန် အေးစက်နေသည်။
တုပိုင် ကွေ့မင်းသမီးနောက်သို့ လိုက်ကာ နန်းတော်ထဲသို့ ဝင်ရောက်သွားသည်။ အိမ်တော် အတွင်းပိုင်းသို့ ဝင်ရောက်လာပြီး အခန်းတစ်ခန်းရှေ့သို့ ရောက်သောအခါ ရုတ်တရက် ပြင်းထန်သော သွေးညှီနံ့ကို ရလိုက်သည်။
သွေးညှီနံ့ သာမက ပြင်းထန်သော ဆေးနံ့ကိုလည်း ရလိုက်သည်။ ကွေ့မင်းသမီး တံခါးကို တွန်းဖွင့်ပြီး ပြောလိုက်၏။ “ဝင်သွားလိုက်”
ကုတင်ပေါ်တွင် သတိလစ်မေ့မြောနေသော ကွေ့မင်းသားကို တွေ့လိုက်ရသည်။ မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး နှုတ်ခမ်းများ အက်ကွဲကာ သွေးမရှိတော့ပေ။
တုပိုင် ချက်ချင်းပင် စနစ်၏ ကောင်းကင်မျက်လုံးကို ဖွင့်ကာ ကွေ့မင်းသား၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ ကွေ့မင်းသားသည် ဖျားနာခြင်း မရှိသလို အဆိပ်မိထားခြင်းလည်း မရှိကြောင်း တွေ့ရှိလိုက်ရသည်။
သို့သော် ခြေထောက်နှစ်ဖက်စလုံး အရင်းကနေ ပြတ်နေပြီး တစ်ကိုယ်လုံးရှိ သွေးကြောများ ပျက်စီးနေသည်။
ကွေ့မင်းသားသည် မသန်စွမ်းတစ်ယောက် ဖြစ်သွားပြီး ယခုအချိန်ထိ သတိလစ် မေ့မြောနေဆဲ ဖြစ်သည်။ တုပိုင် ဦးစွာ ဒေါသထွက်သွားပြီးနောက် အေးစက်သော ခံစားချက်တစ်ခု ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။
ကွေ့မင်းသား... ဂုဏ်သရေရှိ နန်းတွင်းမင်းသားတစ်ပါး။
သူ၏ ခြေထောက်များ ဖြတ်တောက်ခံရပြီး သွေးကြောများ ဖျက်ဆီးခံလိုက်ရသည်။
“ဘယ်... ဘယ်သူလဲ” တုပိုင် အော်ဟစ်မေးလိုက်သည်။
နင်ချုံးယောင်က အေးစက်စွာ ပြောလိုက်၏။ “ဘယ်သူလဲဆိုတာ သိတော့ရော ဘာထူးမှာလဲ။ မင်းက ငါ့အဖေအတွက် လက်စားချေပေးနိုင်မှာမို့လို့လား”
“ဘယ်သူလဲ” တုပိုင် အေးစက်စွာ မေးလိုက်သည်။
နင်ချုံးယောင်က ပြောလိုက်၏။ “လုပ်သွားတဲ့သူက ပင်လယ်ရပ်ခြားက ထိပ်တန်းပညာရှင်တစ်ယောက်ပဲ။ နာမည်နဲ့ နောက်ခံကို မသိရဘူး”
တုပိုင်က မေးလိုက်၏။ “နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲ”
မင်းသားလေး နင်ချုံးယောင်က ပြောလိုက်၏။ “သက်သေမရှိဘူး။ ဒါပေမဲ့ ဖန်းမိသားစုဆိုတာ သိသာတယ်။ မင်းက ကြိုးကိုင်သူကို သိချင်တယ် ဆိုရင်တော့... ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ် ကောင်းထင်း နဲ့ ကွမ်ရှီး ရေတပ်ဗိုလ်ချုပ် ယွမ်ထျန်ကျောက် တို့ပဲ”
ယွမ်ထျန်ကျောက်...
တုပိုင် ထိုလူကို သိသည်။ သူ့နာမည်က ယွမ် ဖြစ်သော်လည်း တာ့နင်အင်ပါယာ စစ်ဘက်ခေါင်းဆောင် ယွမ်မိသားစုနှင့် မည်သည့် ဆက်စပ်မှုမျှ မရှိပေ။ ဤလူသည် လွန်ခဲ့သော ရှစ်နှစ်က မြေကြီးထဲမှ ရုတ်တရက် ထွက်ပေါ်လာသူ ဖြစ်သည်။
အသက် ၂၈ နှစ်တွင် တာ့နင်အင်ပါယာ၏ ကျွမ့်ယွမ် (ပထမဆုရှင်) ဖြစ်လာပြီး လီကျင်းဌာနသို့ ဝင်ရောက်ခဲ့သည်။
အသက် ၃၇ နှစ်တွင် လီကျင်းဌာန၏ ရေတပ်ဗိုလ်ချုပ် ဖြစ်လာပြီး ယခု ကွမ်ရှီး ရေတပ်ဗိုလ်ချုပ် ဖြစ်လာသည်။
ကွမ်ရှီး ရေတပ်ဗိုလ်ချုပ်နှင့် ကွမ်ရှီး စစ်ဗိုလ်ချုပ်သည် လုံးဝ ကွဲပြားခြားနားသော ရာထူးများ ဖြစ်သည်။
ကွမ်ရှီး စစ်ဗိုလ်ချုပ်သည် ဒုတိယအဆင့် ဖြစ်ပြီး ၊ ကွမ်ရှီး ရေတပ်ဗိုလ်ချုပ်သည် ပထမအဆင့် ဖြစ်ကာ စစ်ဘက်နှင့် နိုင်ငံရေး အာဏာ နှစ်ရပ်စလုံးကို ကိုင်ဆောင်ထားသည်။
ထို့ပြင် ကွမ်ရှီးတွင် ရေတပ်ဗိုလ်ချုပ် မရှိသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။
“ကွမ်တုံ ၊ ကွမ်ရှီး ဘုရင်ခံချုပ်တောင် ၊ ကွမ်ရှီး ရေတပ်ဗိုလ်ချုပ်တောင် နန်းတွင်းမင်းသားကို လုပ်ကြံဖို့ လုံးဝ မရဲဘူး။ ဒါက ပုန်ကန်မှုပဲ မဟုတ်လား” တုပိုင် မယုံကြည်နိုင်စွာ ပြောလိုက်၏။
ကွေ့မင်းသမီးက ပြောလိုက်၏။ “ဒါက လုပ်ကြံတာ မဟုတ်ဘူး။ ပေါ်ပေါ်ထင်ထင် သတ်တာ”
ရုတ်တရက် တုပိုင် ပိုမိုပြီး တုန်လှုပ်သွားရသည်။
ကွေ့မင်းသမီးက ပြောလိုက်၏။ “ပြီးခဲ့တဲ့ တစ်ခေါက် ဝူအိမ်တော်မှာ ကွေ့မင်းသားက အုပ်ချုပ်ရေးမှူး တုကျန်းကို ပြစ်မှားခဲ့ပြီး ဖန်းမိသားစု တစ်ခုလုံးကိုပါ ပြစ်မှားခဲ့တယ်။ သူတို့က လက်တုံ့ပြန်ဖို့ ပြင်ဆင်နေပေမဲ့ မလုပ်သေးဘူး။ ဒါပေမဲ့ ဒီတစ်ခါ မင်းက ကွေ့မင်းသားနဲ့ အုပ်ချုပ်ရေးမှူး ကျန်းရန်မင်ကို စစ်တပ်လေ့ကျင့်ဖို့ ငွေသားသန်းချီ ပေးလိုက်တာက သူတို့ရဲ့ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားစေခဲ့တယ်”
“ကွေ့မင်းသားက နန်းတွင်းစစ်သည် ၂,၀၀၀ ကို ဦးဆောင်ပြီး ရွှေတွေကို သယ်ယူဖို့ လျန်ကျိုးစီရင်စုကို သွားခဲ့တယ်။ ကျန်းနန်နယ်စားမင်းအိမ်တော်ကလည်း စစ်သည် ၁,၀၀၀ စေလွှတ်ခဲ့သလို ၊ ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံးကလည်း စစ်သည် ၂,၀၀၀ စေလွှတ်ခဲ့တယ်။ စုစုပေါင်း လူ ၅,၀၀၀ နဲ့ သယ်ယူတာဆိုတော့ စိတ်ချရပြီလို့ ထင်ခဲ့ကြတာ”
စစ်သည် ၅,၀၀၀ နှင့် ဤရွှေများကို တာ့နင်အင်ပါယာ အတွင်း သယ်ယူခြင်းသည် လုံးဝ စိတ်ချရသည်။ ထို့ပြင် ကွမ်ရှီးပြည်နယ်ကို လီဝမ်ဟွေ့က သွေးဖြင့် ဆေးကြော သန့်စင်ခဲ့ပြီး ဖြစ်သဖြင့် လုံခြုံမှု ရှိသင့်သည်။
ကွေ့မင်းသမီးက ဆက်ပြောလိုက်၏။ “လွန်ခဲ့တဲ့ ၁၁ ရက် ညတုန်းက ယွီလင်းစီရင်စု အပြင်ဘက်မှာ ရွှေတွေ သယ်လာတဲ့ စစ်သည် ၅,၀၀၀ တိုက်ခိုက်ခံခဲ့ရပြီး အားလုံး သေဆုံးသွားခဲ့တယ်။ မင်းသမီးရဲ့ စစ်သည် ၁,၀၀၀ သေဆုံးခဲ့တယ်။ မင်းရဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံးက လက်ရွေးစင် ၂,၀၀၀ သေဆုံးခဲ့တယ်။ တပ်ရင်းမှူး သုံးယောက်လည်း သေဆုံးခဲ့သလို တပ်ရင်းမှူး နှစ်ယောက် လုံးပျောက်ဆုံးနေတယ်။ ကျန်းနန်နယ်စားမင်းရဲ့ သားတော်လည်း ပြင်းထန်စွာ ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်နေရပြီ။ ကွေ့မင်းသားကတော့ ခြေထောက်နှစ်ဖက် ဖြတ်ခံလိုက်ရပြီး သွေးကြောတွေ ဖျက်ဆီးခံလိုက်ရတယ်။ ရွှေ ၄၀၀,၀၀၀ လည်း ပျောက်ဆုံးသွားပြီ”
ရုတ်တရက် တုပိုင်၏ ဦးနှောက် ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။ မိုမိသားစု ရတနာသိုက်မှ သူ ရရှိခဲ့သော ရွှေ ၄၀၀,၀၀၀ ကို ကွမ်ရှီး စစ်တပ်လေ့ကျင့်ရန် ရည်ရွယ်ခဲ့သော်လည်း ယခု ပျောက်ဆုံးသွားပြီလော။
ရွှေတွေ ပျောက်သွားသည်က အဓိကအချက်မဟုတ်သေးပေ။ အဓိက အချက်မှာ ကွေ့မင်းသားအိမ်တော် ၊ ကျန်းနန်နယ်စားမင်းအိမ်တော်နှင့် ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံးတို့မှ စုစည်းထားသော လက်ရွေးစင် ၅,၀၀၀ လုံး အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ ဝူကျန့်တောက်နှင့် တုယွီတို့က မိန်းမစိုးဂိုဏ်း ဇာတ်သိမ်းပြီဟု ပြောခဲ့သည်မှာ မဆန်းပေ။
ကွေ့မင်းသမီးက ပြောလိုက်၏။ “ဒါ့အပြင် တရားဝင် မကြေညာရသေးတဲ့ သတင်းတစ်ခု ပြောပြမယ်။ လွန်ခဲ့တဲ့ လေးရက်က အုပ်ချုပ်ရေးမှူး ကျန်းရန်မင် ကွယ်လွန်သွားပြီ။ သေဆုံးရတဲ့ အကြောင်းရင်းက အလုပ်ပင်ပန်းလွန်းလို့ ဆိုပေမဲ့ မင်း ယုံလား”
တုပိုင်၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ယင်သွားပြီး မတ်တတ်ရပ်၍ပင် မရနိုင်တော့ပေ။
ကွေ့မင်းသမီးက ပြောလိုက်၏။ “နောက်တစ်ခု ရှိသေးတယ်။ ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ ကြီးကြပ်ရေးမှူး လီယွီထန်လည်း သေဆုံးသွားပြီ။ လီရူဟိုင်ရဲ့ သား လီယန်ရဲ့ လက်ချက်နဲ့ သေဆုံးသွားတာ”
တုပိုင် မျက်လုံးမှိတ်ပြီး ထိုင်ခုံပေါ်သို့ ပြစ်လဲကျသွားတော့သည်။
ကောင်းကင်ကြီး ပြိုကျသွားပြီ။ ကွမ်ရှီးပြည်နယ်၏ ကောင်းကင်ကြီတစ်ခုလုံး ပြောင်းလဲသွားပြီ။ အခြေအနေများ အလွန် ဆိုးရွားနိုင်သည်ဟု တုပိုင် ထင်ထားခဲ့သော်လည်း ဤမျှအထိ ဆိုးရွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤသည်မှာ ကမ္ဘာပျက်သကဲ့သို့ ကြီးမားသော အပြောင်းအလဲကြီး ဖြစ်သည်။
အပိုင်း ၄၄၃ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team