အခန်း (၄၄၇)
Vol. 45 Ch. 447
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၄၇
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
“တုပိုင်က ငါပဲ”
တုပိုင် ရှေ့တက်ပြီး ပြောလိုက်၏။
အမိန့်တော် ပေးပို့သော နန်းတွင်းသံတမန် မိန်းမစိုးလေးသည် တုပိုင်ကို သေချာ ကြည့်ပြီးနောက် စိတ်သက်သာရာ ရသွားပြီး ၊ ချက်ချင်းပင် သတိလစ်ကာ မြင်းပေါ်မှ ပြုတ်ကျသွားသည်။
သူသည် ရက်ပေါင်းများစွာ ညပေါင်းများစွာ မအိပ်မနေဘဲ ၊ မြင်းများကို ဆက်တိုက် လဲလှယ်ကာ မိုင်ပေါင်း ၁၀,၀၀၀ ကျော် ခရီးကို လဝက်မပြည့်ခင် ရောက်အောင် လာခဲ့ရသည်။ သူ နောက်ကျသွားမည်ကို စိုးရိမ်ခဲ့သည်။ ယခု တုပိုင်ကို မြင်လိုက်ရသောအခါ စိတ်အေးသွားပြီး ၊ တောင့်ခံထားသမျှ လျော့ကျသွားကာ မြေကြီးပေါ်သို့ တိုက်ရိုက် လဲကျသွားခြင်း ဖြစ်သည်။
တုပိုင် လူအချို့ကို စေလွှတ်ပြီး တွဲထူစေလိုက်ရာ သူ့ခြေထောက်များသည် သွေးများနှင့် ပြည့်နှက်နေပြီး ပွန်းပဲ့ဒဏ်ရာများစွာကို ရရှိထားကြောင်း တွေ့လိုက်ရသည်။
မြို့တံခါးဝသို့ ရောက်သောအခါ မြို့ရိုးပေါ်ရှိ တပ်မှူးတစ်ဦးသည် တုပိုင်ကို မြင်လိုက်ရပြီး ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ “အရှင်... အရှင် ပြန်ရောက်လာပြီ။ အရှင်တုပိုင် ပြန်ရောက်လာပြီ”
ထို့နောက် မြို့ရိုးတစ်ခုလုံး ဆူညံသွားသည်။ ထိုခံစားချက်သည် ကလေးများက ခရီးဝေးမှ ပြန်လာသော မိဘများကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သည်။
မျှော်လင့်ချက်မဲ့နေသော လူတစ်ယောက်က ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သည်။
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
မြို့ရိုးပေါ်တွင် ၊ မြို့ရိုးအောက်တွင် စစ်သည်များ တန်းစီပြီး ဒူးထောက်နေကြသည်။ တုပိုင် ငိုသံအချို့ကိုပင် ကြားလိုက်ရသေးသည်။
“မြို့တံခါး ဖွင့်လိုက်”
အမိန့်တစ်ချက် ပေးလိုက်သည်နှင့် ပိုင်ဆယ်မြို့တံခါးကြီး ဖြည်းညှင်းစွာ ပွင့်သွားသည်။
“မြို့ထဲ ဝင်မယ်” တုပိုင် အမိန့်ပေးလိုက်ပြီး မြင်းစီးစစ်သည် ၆၀၀ နှင့်အတူ မြို့ထဲသို့ ဝင်ရောက်သွားကြလေ၏။
**--**--**--**--**--**--**--**
မြို့ထဲသို့ ဝင်ရောက်ပြီးနောက် တုပိုင်သည် မြို့ပျက်ကြီး တစ်ခု ၊ သေမင်းမြို့တော် တစ်ခုကို မြင်လိုက်ရသည်။
အချိန်အကြာကြီး သူ မတုံ့ပြန်နိုင်ခဲ့ပေ။ လွန်ခဲ့သော လအနည်းငယ်က သူ ပိုင်ဆယ်စီရင်စုမှ ထွက်ခွာစဉ်က ဤနေရာသည် အလွန် စည်ကားခဲ့သည်။ လူဦးရေ နည်းပါးသော်လည်း ၊ စည်ကားမှု အတိုင်းအတာသည် နန်နင်းစီရင်စုနှင့် ကွေ့လင်စီရင်စုတို့ထက် မလျော့နည်းခဲ့ပေ။
လမ်းများ တစ်ခုပြီးတစ်ခု ဆက်စပ်နေပြီး လမ်းဘေးဝဲယာရှိ ဆိုင်ခန်းများသည် တိမ်တိုက်များကဲ့သို့ များပြားလှသည်။ အခြားကမ္ဘာမြေ၏ သမိုင်းနှင့် ယှဉ်လျှင် အဆပေါင်းများစွာ ပိုမို စည်ကားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လီမိသားစု စော်ဘွားနှင့် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ တစ်ခုလုံး၏ ကုန်သွယ်ရေး ကြားခံစခန်း အားလုံးသည် ဤနေရာတွင် ရှိနေသောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။ လမ်းပေါ်တွင် လူတစ်ယောက်မှ မရှိဘဲ ၊ လမ်းဘေးဝဲယာရှိ ဆိုင်ခန်းများသည် တံခါးပိတ်ထားသည် သို့မဟုတ် တံခါးပွင့်လျက် အတွင်းပိုင်း၌ ဟာလာဟင်းလင်း ဖြစ်နေကြသည်။
မည်သည်တို့ ဖြစ်ပျက်နေကြသည်နည်း။ အစ်မကြီး ကျီပြောင်ပြောင်၏ မျက်နှာတွင်လည်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် အပြာရောင်နဂါးဂိုဏ်းနှင့် သူမ၏ ဖခင်ဖြစ်သူ ကျီချင်းကျူအတွက် စိတ်ပူနေသည်။
မကြာခင်မှာပင် တုပိုင် အပြာရောင်နဂါးဂိုဏ်းရှေ့သို့ ရောက်လာသည်။ ခြောက်ကပ်နေသည်။ အလွန် ခြောက်ကပ်နေသည်။
ကျီချင်းကျူသည် ဧကရာဇ်၏ ရာထူးခန့်အပ်မှုကို ရရှိပြီး အင်ပါယာ၏ ဒုတိယဗိုလ်ချုပ်နှင့် ဂုဏ်ထူးဆောင် ဗိုလ်ချုပ် ဖြစ်လာခဲ့သည်။ စစ်သည်များ စုဆောင်းပြီး မြင်းများ ဝယ်ယူရာတွင် အလွန် အဆင်ပြေခဲ့သည်။ အပြာရောင်နဂါးဂိုဏ်း တစ်ခုလုံး လေ့ကျင့်ရေး ကွင်းပြင်များဖြင့် ပြည့်နှက်နေပြီး ၊ အပြာရောင်နဂါးဂိုဏ်း၏ ဧကနှစ်ထောင် သုံးထောင်ခန့်သည်ပင် မလုံလောက်ခဲ့ပေ။
ယခုအချိန်တွင် အပြာရောင်နဂါးဂိုဏ်း တစ်ခုလုံးတွင် လူများစွာ မရှိတော့ဘဲ ၊ မြို့ရိုးနှင့် တံခါးဝတွင် ကင်းစောင့်နေသူများသည်လည်း အားမရှိသကဲ့သို့ ဖြစ်နေကြသည်။
အပြာရောင်နဂါးဂိုဏ်း မည်သည်တို့ ဖြစ်သွားသည်နည်း။
**--**--**--**--**--**--**--**
ပိုင်ဆယ်စီရင်စု အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးခွဲသို့ ဝင်ရောက်လိုက်သည်နှင့် လင်းချီနျန်နှင့် ကျီယင်ယင်တို့ ပြေးထွက်လာကြသည်။ ကျီယင်ယင်သည် တုပိုင်၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ခုန်ဝင်လိုက်သည်။ သူမသည် ပြီးခဲ့သော တစ်ခေါက် တုပိုင် တွေ့ခဲ့သည်ထက် ပိုမို ငယ်ရွယ်သွားပုံရသည်။
လင်းချီနျန်သည် ဒူးနှစ်ဖက်စလုံးဖြင့် ဒူးထောက်ပြီး အကြိမ်ကြိမ် ဦးညွှတ်ကာ စိတ်လှုပ်ရှားလွန်း၍ စကားပင် မပြောနိုင်တော့ပေ။ တုပိုင် အက်ကွဲသောအသံဖြင့် မေးလိုက်၏။ “ဘာတွေ ဖြစ်ကုန်တာလဲ”
လင်းချီနျန်က ပြောလိုက်၏။ “အရှင်... အခု ပြောပြဖို့ အချိန်မရှိတော့ဘူး။ အရင်ဆုံး ကျွန်တော်နဲ့ လိုက်ခဲ့ပါ။ လူတစ်ယောက်ကို သွားတွေ့ရမယ်။ သူက အချိန်မရှိတော့ဘူး။ မကြာခင် သေတော့မှာ”
ထိုစကား ကြားလိုက်ရသောအခါ တုပိုင်၏ နှလုံးသား ထပ်မံ ခုန်ပေါက်သွားပြီး လင်းချီနျန်နောက်သို့ လိုက်ပါသွားသည်။
**--**--**--**--**--**--**--**
အခန်းထဲတွင် ပြင်းထန်သော ဆေးနံ့များ ရနေသည်။
ကုတင်ပေါ်တွင် သေလုမျောပါး လူတစ်ယောက် လဲလျောင်းနေသည်။ တုပိုင် လုံးဝ မမျှော်လင့်ထားသော လူတစ်ယောက်ဖြစ်၏။ သူ့ထံမှ အရာအားလုံးကို လုယူပြီး ဖန်းချင်းယီနှင့် လက်ထပ်ခဲ့သော မိထွေးနှင့်ရသည့် ညီ ၊ တုယန်ဖြစ်လေသည်။
ယခုအခိုက်အတန့်တွင် သူသည် အရိုးပေါ်အရေတင် ပိန်ချုံးနေပြီး မျက်နှာသည် ညှိုးနွမ်းနေကာ နောက်ဆုံးထွက်သက်ကို စောင့်ဆိုင်းနေသကဲ့သို့ ဖြစ်နေသည်။
“တု... တုပိုင်...” တုယန် တုန်ရီစွာ ပြောလိုက်၏။ “ဖန်း... ဖန်းမိသားစုက အင်ပါယာကို သစ္စာဖောက်ပြီး လီမိသားစုနဲ့ မဟာမိတ် ဖွဲ့လိုက်ပြီ။ အင်ပါယာရဲ့ အနောက်တောင်ပိုင်း ပြောင်းလဲတော့မယ်”
ထိုစကား ကြားလိုက်ရသောအခါ တုပိုင်၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားသည်။ သေချာပေါက် သူ ထိုသတင်းကို သိပြီးသား ဖြစ်သည်။ သို့သော် သူ့ညီ တုယန်ကို တုပိုင် မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။
တုယန်ရဲ့ ပါးစပ်မှ ဤကဲ့သို့ စကားများ ထွက်လာသည်လား။
“ငါ ကျန်းပြန်းစီရင်စုခွဲရဲ့ စီရင်စုခွဲမှူး ဖြစ်တုန်းက ဖန်းမိသားစုက ငါ့ကို လက်ထောက် ရာပေါင်းများစွာ ခေါ်ဆောင်သွားခိုင်းတယ်။ အဲဒီတုန်းက ဖန်းမိသားစုက ငါ့ကို ပြုစုပျိုးထောင်နေတယ်လို့ ထင်ခဲ့တာ” တုယန် အားနည်းစွာ ပြောလိုက်၏။ “အစပိုင်းမှာ ငါ အာဏာ ရှိနေသေးတယ်။ နောက်ပိုင်းကျတော့ ဘာကြောင့်မှန်းမသိ ငါ့အာဏာတွေ အကုန် သိမ်းယူခံလိုက်ရတယ်။ ဒါပေမဲ့ ငါက စီရင်စုခွဲမှူး တစ်ယောက်လေ။ အရာအားလုံးကနေ သဲလွန်စတွေ တွေ့ခဲ့တယ်။”
“ငါ ခေါ်လာတဲ့ လူရာပေါင်းများစွာထဲမှာ သူတို့ လုပ်နေတဲ့ အလုပ်တစ်ခု ရှိတယ်ဆိုတာ တွေ့ခဲ့တယ်။ အဲဒါက ကုန်သွယ်ရေးပဲ။ ပြီးတော့ ကုန်သွယ်တဲ့ ပစ္စည်းတွေက ဖယောင်းပုဆိုး ၊ လျှို့ဝှက်ရွှေ ၊ သံ ၊ ဆား စတဲ့ လီမိသားစုရဲ့ ထုတ်ကုန်တွေပဲ။ အဲဒီတုန်းက စာရွက်စာတမ်း ကုန်သွယ်မှုကလွဲပြီး ဘာမှ မရှိခဲ့ဘူး။ တစ်နေ့တော့ ဦးလေး ၄ က ငါ့ကို လာတွေ့ပြီး ပြောတယ်။ မိသားစုက အင်ပါယာထက် ပိုကြီးမြတ်တယ် ၊ မိသားစု အကျိုးစီးပွားက အရာအားလုံးထက် အရေးကြီးတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ မင်း... တုပိုင်... မင်းက ပိုင်ဆယ်မြို့မှာ အောင်ပွဲခံခဲ့ပြီး စစ်သည် ထောင်ချီ ပိုင်ဆိုင်ထားတယ်။ ကျီချင်းရဲ့ အပြာရောင်နဂါးဂိုဏ်းနဲ့ ပေါင်းလိုက်ရင် စစ်သည် တစ်သောင်းနီးပါး ရှိနေတယ်။ ဒါကြောင့် ဟုန်ဟယ်ကုန်သည်များအသင်းက သူတို့ရဲ့ အာရုံစိုက်မှုကို ငါ့ရဲ့ ကျန်းပြန်းစီရင်စုခွဲဆီ ပြောင်းရွှေ့ဖို့ စီစဉ်နေတာတဲ့”
ထို အပြောင်းအလဲကနေ ဖန်းမိသားစုနဲ့ လီမိသားစုကြား ညှိနှိုင်းမှု ခြေလှမ်းတွေကို တုယန် အနံ့ခံနိုင်ခဲ့သည်။
တုပိုင် ပိုင်ဆယ်မြို့မှာ ကြီးမားတဲ့ အောင်ပွဲ ရခဲ့ပြီး စည်ကားဝေစည်နေချိန်မှာ သူက တခြားသူတွေအတွက် ညှိနှိုင်းစရာ အပေါင်ပစ္စည်း တစ်ခု ဖြစ်လာခဲ့သည်။
“ဦးလေး ၄ က ပြောတယ်။ ငါ ပျံသန်းရမယ့် အချိန် ရောက်ပြီတဲ့...” တုယန်က ပြောလိုက်၏။ “ဒါ့အပြင်... သူက ငါနဲ့ ဖန်းချင်းယီ ပြန်ပေါင်းထုပ်သင့်တယ်လို့လည်း ပြောတယ်။ အပြန်အလှန်အနေနဲ့ ဖန်းမိသားစုက ကျန်းပြန်းစီရင်စုခွဲကို ကျန်းပြန်းစီရင်စုအဖြစ် အဆင့်မြှင့်ပေးမယ်တဲ့။ ဒီအခွင့်အရေးကို အသုံးချပြီး စီရင်စုခွဲအဆင့်ကနေ စီရင်စုအဆင့်ကို တိုးမြှင့်ပေးမယ်တဲ့”
“ငါ... တုယန်က တုမိသားစုရဲ့ သား ၊ ဖန်းမိသားစုရဲ့ သားမက် ဖြစ်ပေမဲ့ အင်ပါယာရဲ့ အရာရှိ တစ်ယောက်လည်း ဖြစ်တယ်။ ဧကရာဇ်မင်းမြတ်က ငါ့ကို ကျင်ရှီအဖြစ် မှတ်တမ်းတင်ခဲ့ပြီး ၊ ဧကရာဇ်မင်းမြတ်က ငါ့ကို ရာထူး ခန့်အပ်ခဲ့တာ” တုယန် တုန်ရီစွာ ပြောလိုက်၏။ “ညီလာခံမှာ ဧကရာဇ်မင်းမြတ်က ငါ့ရဲ့ စာပေနဲ့ ကဗျာတွေက ပထမတန်းစား ဖြစ်တယ်လို့ လူအများရှေ့မှာ ချီးကျူးခဲ့တာကို ငါ မှတ်မိနေသေးတယ်။ ငါ့နှလုံးရည်က နည်းနည်း အားနည်းလို့သာ ၊ မဟုတ်ရင် ငါ ပထမဆုရှင် ဖြစ်သင့်တာတဲ့။ ဒါပေမဲ့ အခု တုမိသားစု ၊ ဖန်းမိသားစုက အင်ပါယာကို သစ္စာဖောက်ပြီး ပုန်ကန်သူတွေနဲ့ ပေါင်းမယ်တဲ့။ ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ငါက မိသားစုအပေါ် သစ္စာရှိပေမဲ့ အင်ပါယာနဲ့ ဧကရာဇ်မင်းမြတ်အပေါ်မှာလည်း သစ္စာရှိတယ်”
“ဒါ့အပြင်... ငါက ဖန်းချင်းယီကို အရမ်းချစ်တယ်။ လက်ထပ်ပြီးတုန်းက သူ့ကို လက်ဖျားနဲ့တောင် မထိခဲ့ရဘူး။ အခု သူနဲ့ ပြန်ပေါင်းထုပ်ရမယ် ဆိုတော့... ယောကျာ်းကောင်း တစ်ယောက်အနေနဲ့ ငါ ဘယ်လို မျက်နှာပြရမလဲ”
“ငါ ဦးလေးလေးကို ငြင်းပယ်ခဲ့ပြီး ရိုးသားစွာ ဆဲဆိုခဲ့တယ်။ ပြီးတော့ ငါ အိမ်အကျယ်ချုပ် ကျသွားတယ်။ နေ့စဉ် ထမင်းထဲမှာ အဆိပ်ခတ်ထားတယ်။ ဘာအဆိပ်လဲတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် ငါ တဖြည်းဖြည်း ပိန်လှီလာပြီး အားနည်းလာတယ်။ တုကျန်းနဲ့ လီမိသားစုရဲ့ သံတမန်တွေ သုံးရက် သုံးညတိုင်တိုင် ဆွေးနွေးခဲ့ကြတယ်။ နောက်ဆုံး သူတို့ ထွက်သွားတဲ့အခါ မျက်နှာတွေပေါ်မှာ အောင်မြင်တဲ့ အပြုံးတွေ ပြည့်နှက်နေတယ်။ ဖန်းနဲ့ လီ ပူးပေါင်းလိုက်ပြီဆိုတာ ငါ သိလိုက်တယ်။ အင်ပါယာရဲ့ အခြေအနေ အန္တရာယ် ရှိနေပြီ။ ဒါက အရေးပေါ် အချိန်ပဲ။ ဒါကြောင့် ငါ အစောင့်တွေ ပေါ့ဆနေတုန်း ၊ ငါ့သိုင်းပညာကလည်း မနိမ့်တာမို့ ထွက်ပြေးခဲ့တယ်။ အင်ပါယာကို ဒီကြီးမားတဲ့ လျှို့ဝှက်ချက် အကြောင်း ပြောပြချင်ခဲ့တယ်”
“ထွက်ပြေးပြီးတဲ့အခါ ငါ့မှာ သွားစရာနေရာ မရှိဘူးဆိုတာ တွေ့လိုက်ရတယ်။ မော့ကြည့်လိုက်တော့ နေရာတိုင်းမှာ ရန်သူတွေ ၊ နေရာတိုင်းမှာ သစ္စာဖောက်တွေပဲ။ ငါ စဉ်းစားလို့ရတဲ့ တစ်ဦးတည်းသော သစ္စာရှိ အရာရှိက မင်းပဲ ရှိတယ်။ တုပိုင်... ဒါကြောင့် ငါ ပိုင်ဆယ်မြို့ကို ရူးသွပ်မတတ် ပြေးလာခဲ့တယ်။ မင်းကို ဒီအံ့သြစရာ သတင်းအချက်အလက် ပြောပြချင်လို့။ ရလဒ်က မင်း မရှိဘူး။ ဒါကြောင့် ကြီးကြပ်ရေးမှူး လီယွီထန်ကို ပြောပြလိုက်တယ်။ သူ သိသိချင်း ကွေ့လင်စီရင်စုကို တစ်ယောက်တည်း ဒုန်းစိုင်း သွားခဲ့တယ်။ အုပ်ချုပ်ရေးမှူး ကျန်းရန်မင် ၊ ကွေ့မင်းသားတို့ကို ပြောပြပြီး ၊ သူလျှိုဒါဇင်ပေါင်းများစွာကို အသုံးပြုပြီး ဒီတုန်လှုပ်ဖွယ် သတင်းကို ဧကရာဇ်မင်းမြတ်ဆီ ပို့ပေးခဲ့တယ်”
“တုပိုင်... ငါ သေတော့မယ်။ ဒါပေမဲ့ မသေခင်မှာ ကြီးမားတဲ့ ကိစ္စတစ်ခု လုပ်နိုင်ခဲ့တယ်။ ဖန်းနဲ့ လီရဲ့ ပူးပေါင်းကြံစည်မှုကို ကြိုတင် ဖော်ထုတ်နိုင်ခဲ့တယ်။ ငါ့အသက်နဲ့ လဲရတာ တန်ပါတယ်”
တုပိုင် သူ့ကို အမှန်တရား ပြောပြဖို့ မရက်စက်နိုင်ခဲ့ပေ။
သို့သော် ခဏမျှ တွန့်ဆုတ်ပြီးနောက် တုပိုင် ပြောလိုက်၏။
“တုယန်... ဖန်းအုပ်စုက ဒီကိစ္စကို လျှို့ဝှက်ထားဖို့ လုံးဝ ရည်ရွယ်ချက် မရှိဘူး။ သတင်းအချက်အလက်ကို ကြိုသိတာလည်း အသုံးမဝင်ဘူး” တုပိုင်က ပြောလိုက်၏။ “ဖန်းမိသားစုရဲ့ ပင်လယ်ရပ်ခြားအင်ပါယာက စစ်သည် သောင်းပေါင်းများစွာ ကွမ်ရှီးနဲ့ ကွမ်တုံကို ရောက်လာပြီ။ ကွေ့မင်းသား ခြေထောက် ဖြတ်ခံလိုက်ရပြီး သွေးကြောတွေ ဖျက်ဆီးခံလိုက်ရပြီ။ အုပ်ချုပ်ရေးမှူး ကျန်းရန်မင် ရုတ်တရက် ကွယ်လွန်သွားပြီ။ ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး ကြီးကြပ်ရေးမှူး လီယွီထန်ကို လီယန်က ခေါင်းဖြတ်သတ်လိုက်ပြီ။ ကွမ်ရှီးမှာရှိတဲ့ မိန်းမစိုးဂိုဏ်း ၊ ကျန်းနန်နယ်စားမင်းအိမ်တော် နဲ့ ကွေ့မင်းသားအိမ်တော်က လက်ရွေးစင် ထောင်ပေါင်းများစွာ အားလုံး အသတ်ခံလိုက်ရပြီ”
“ကွမ်တုံပြည်နယ်ကို ဖန်းမိသားစုက ခွဲထွက် အုပ်ချုပ်လိုက်ပြီ။ ကွမ်ရှီးပြည်နယ်ကို နှစ်ပိုင်း ခွဲလိုက်ပြီး လီမိသားစုနဲ့ ဖန်းမိသားစုက ခွဲဝေယူလိုက်ကြပြီ”
“ဒီပိုင်ဆယ်မြို့ကလွဲရင် ကွမ်ရှီးတစ်ခုလုံး ကျဆုံးသွားပြီ”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၄၇
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team