← Chapters

အခန်း (၁၀၀၆)

Vol. 68 Ch. 1006

အခန်း (၁၀၀၆)

Vol. 68 Ch. 1006

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၈)

အပိုင်း(၁၀၀၆)

“မင်းတို့ရဲ့စွမ်းအားကို ငါဝါးမျိုပြီးတာနဲ့ ငါကုန်းစွန်းယွမ်က ဒီမြေရိုင်းဒေသကြီးထဲက အသန်မာဆုံးသူဖြစ်လိမ့်မယ်. အဲ့အချိန်ကြရင် .ငါ့အဖေ ကုန်းစွန်းထိုက်ယင်တောင် ငါ့ရှေ့မှာဒူးထောက်ရလိမ့်မယ်”

ကုန်းစွန်းယွမ်က မျက်နှာပေါ်ရှိအပြုံးတစ်ခုနှင့်ပြောလိုက်သည်။သူ၏လက်တို့ကြားရှိ ဝါးမျိုခြင်းစွမ်းအားက ပို၍ အားကောင်းသည်ထက်အားကောင်းလာသည်။ ဝတ်ရုံနက်၏ခန္ဓာကိုယ်က ဖြည်းဖြည်းချင်းအောက်သို့စုပ်ယူခံရရုံသာမက စွမ်းအားကြီး အဘွားအို၏ခန္ဓာကိုယ်ကလည်း ကုန်းစွန်းယွမ်ထံသို့ စတင်ရွေ့လျားနေသည်။

ကောင်းကင်ထဲ၌ရှိနေသည့်ထူးဆန်းသောတိမ်တိုက်ကြီးက ဖျက်ဆီးခြင်းအား၏စွမ်းအားကိုရုတ်သိမ်းလိုခြင်းမရှိသောကြောင့် အဘွားအိုအနေဖြင့် ရှေ့နောက်မစဉ်းစားဘဲ မလုပ်ဆောင်ရဲပေ။

“ဟားဟားဟားဟားဟား”

ကုန်းစွမ်းယွမ်က အကြွင်းမဲ့စွမ်းအားတို့အားဝါးမျိုနေသကဲ့သို့ ကျယ်လောင်စွာအော်ရယ်နေ၏။ သူ၏ရှည်လျားသောဆံပင်တို့က လေထဲ၌ ထိမ်းမနိုင်သိမ်းမရကခုန်နေပြီး ဤကမ္ဘာ၌ အနှိုင်းမဲ့ နတ်ဆိုးတစ်ပါးမွေးဖွားလာသကဲ့သို့ပင်ဖြစ်သည်။

အောက်၌ရှိနေသည့်အစွမ်းထက်ပုဂ္ဂိုလ်များမှာ လေထဲ၌လွင့်ပျံ ကခုန်နေသည့် ရှည်လျားသောဆံပင်တို့ဖြင့် ရယ်မောနေသည့် တတိယသခင်လေး ကုန်းစွန်းယွမ်ကို မော့ကြည့်နေကြသည်။ ဤနေရာ၌မိစ္ဆာနတ်ဘုရားတစ်ပါးပြန်လည် ထွက်ပေါ်လာသည်ကို သူတို့မြင့်တွေ့နေရသကဲ့သို့ဖြစ်သည်။

ဤအချိန်တွင် ကုန်းစွန်းယွမ်တစ်ယောက် တည်ငြိမ်အေးချမ်းသောခံစားချက်တို့ ထပ်မံရှိမနေတော့ပေ။ ထိုအစား သူက မိစ္ဆာဆန်ပြီး မောက်မောသော အော်ရာတစ်ခုကိုထုတ်လွှတ်နေ၏။

“တတိယသခင်လေး”

ကြမ်းတမ်းသောအသွင်အပြင်နှင့် လူငယ်က ကုန်းစွန်းယွမ်အား ခေတ္တမျှတွေဝေမိန်းမောစွာကြည့်နေမိ၏။

“ဟားဟားဟား. အခုကစပြီး ငါကုန်းစွန်းယွမ်အဆင့်တက်လှမ်းတာကို ဘယ်သူတားနိုင်အုံးမလဲ. ဟားဟား..ဟားဟားဟားဟားဟား”

ကုန်းစွန်းယွမ်က ရူးသွပ်စွာရယ်မောနေ၏။

“ဒီသခင်လေးတောင်မိုးကြိုးလျှပ်စီးတွေရဲ့ပစ်ချက်ကြောင့်မသေသေးတာ.. မင်းပျော်ဖို့အတွက်အရမ်းစောမနေလွန်းဘူးလား”

ဤအခိုက်အတန့်တွင် ယခင်ကအတိုင်းငယ်ရွယ်ပြီးအေးစက်သောအသံတစ်ခုက ထပ်မံထွက်ပေါ်လာသည်။

ထိုအသံထပ်မံထွက်ပေါ်လာသကဲ့သို့ နောက်ထပ်အနက်ရောင်လျှပ်စီးနဂါးတစ်ကောင်က ထိန်းမနိုင်သိမ်းမရသောင်းကျန်းနေသော အနက်ရောင်မိုးကြိုးတန်းကြီးထံမှ အရှိန်အဟုန်ဖြင့်ထွက်လာသည်။

“ဟမ်”

သူ့ထံသို့ဦးတည်လာနေသော အနက်ရောင်လျှပ်စီးနဂါးအား အာရုံခံမိသောအခါတွင် ရယ်မောမှုတို့ဖြင့်ပြည့်နှက်နေသောကုန်းစွန်းယွမ်၏မျက်နှာက ရုတ်ခြည်းဒေါသထွက်သော အမူအယာအဖြစ်ပြောင်းလဲသွားသည်။သူကဒေါသတကြီးအော်ဟစ်လိုက်၏။

“ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲနေတဲ့နှံကောင်.. ဒီလိုအရေးကြီးတဲ့အခိုက်အတန့်မှာ ဒီသခင်လေးရဲ့အစီအစဉ်ကို ဘယ်လိုတောင်ဖျက်ဆီးရဲတာလဲ. မင်းတော့သေချင်နေတာပဲ”

ဝါးမျိုခြင်းစွမ်းအားကြောင့်အောက်သို့ စုပ်ယူခံနေရသော ဝတ်ရုံနက်၏ခန္ဓာကိုယ်က ကုန်းစွန်းယွမ်၏ညာလက်သည်းဖြင့်ဆုပ် ကိုင်ခံရတော့မည့်အချိန်တွင် အနက်ရောင်လျှပ်စီးနဂါးက ဦးတည်လာနေသည်ကိုတွေ့လိုက်ရ၏။ ကုန်းစွန်းယွမ်၏ ညာလက်သည်းက ချက်ချင်းလက်ဝါးအဖြစ်ပြောင်းလဲသွားသည်။

ပြွတ်သိပ်များပြားပြီး ထူးဆန်းစွာတွန့်လိမ်နေသော မီးခိုးရောင်ရုန်းစာလုံးများက ရုတ်ခြည်းပေါ်လာပြီး ကုန်းစွန်းယွမ်၏ ညာလက်ဝါး၌ဝန်းရံနေကြ၏။ အေးစက်ပြီး နက်ရှိုင်းပြင်းထန်သောအော်ဟစ်သံက ကုန်းစွန်းယွမ်၏ပါးစပ်မှထွက်ပေါ်လာသည်။

“မဟာဟင်းလင်းပြင်လက်ဝါး”

တစ်ချိန်တည်းတွင် ကုန်းစွန်းယွမ်၏လက်ဝါးကသူ့ထံသို့ ညာဘက်ခြမ်းမှဦးတည်လာနေသော အနက်ရောင်လျှပ်စီးနဂါးထံသို့ အရှိန်အဟုန်နှင့်ဝုန်းခနဲဆောင့်ထွက်သွားသည်။

“ဝုန်း”

ကုန်းစွန်းယွမ်၏မဟာဟင်းလင်းပြင်လက်ဝါးအောက်တွင် ပြင်းထန်သော အနက်ရောင်လျှပ်စီးနဂါးက ရုတ်ခြည်းပေါက်ကွဲသွား၏။

“မဟာဟင်းလင်းပြင်လက်ဝါး. မျှော်လင့်ထားသလို မြို့အရှင်ကုန်းစွန်းလက်ဆင့်ကမ်းအမွေပေးခဲ့တဲ့ ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တိုက်ခိုက်ရေးနည်းစနစ် မဟာဟင်းလင်းပြင်လက်ဝါးဆိုတဲ့အ တိုင်းပါပဲလား”

ကုန်းစွန်းယွမ်၏လက်ဝါးမှစွမ်းအားအား မြင်တွေ့လိုက်ရသော အစွမ်းထက်ပုဂ္ဂိုလ်များမှာ စိတ်ထဲမှတိတ်တဆိတ်အံ့အားသင့်စွာပြောလိုက်၏။

“အော့”

သို့သော်ဤအခိုက်အတန့်တွင် တို့ဖျော့သောနာကျင်မှုကြောင့်ထွက်ပေါ်လာ သံကိုကြားလိုက်ကြရသည်။ ဤအသံက တကယ်ကြီး မဟာဟင်းလင်းပြင်လက်ဝါးကို ထုတ်ဖော်ခဲ့သည့် ကုန်းစွန်းယွမ်ထံမှထွက်လာခြင်းဖြစ်သည်။

ကုန်းစွန်းယွမ်က အနက်ရောင်မိုးကြိုးလျှပ်စီးနဂါးအား လက်ဝါးတစ်ချက်တည်းဖြင့်ဖျက်ဆီးပစ်နိုင်ခဲ့သော်လည်း အနက်ရောင်မိုးကြိုးလျှပ်စီးနဂါး၏ စွမ်းအားကြောင့်သူ၏ကိုယ်က တကယ်ကြီးလွင့်ထွက်သွားခဲ့၏။

“ဒါက. အဲ့အနက်ရောင်မိုးကြိုးလျှပ်စီးနဂါး.. ဒါက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက မသေမျိုးနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်ပဲ. မဟာဟင်းလင်းပြင်လက်ဝါးကိုအသုံးပြုခဲ့တဲ့ တတိယသခင်လေးကိုတောင် တကယ်ကြီးနောက်ကိုလွင့်ထွက်သွားစေခဲ့တယ်”

“မိုးကြိုးအတိဒုက္ခကပ်ဘေးနဲ့အဲ့ဒဏ္ဍာရီလာ နတ်ဆိုးသုတ်သင်ခြင်းမိုးကြိုးကို ကြုံတွေ့ပြီးတဲ့နောက်မှာ ဒီတောင်ပေါ်နတ်ဆရာမျိုးနွယ်စုကလူငယ် အရမ်းအားနည်းပြီး သေလုနီးနီးအခြေအနေဖြစ်နေလောက်ပြီ .အဲ့တာကို ဘယ်လိုလုပ်ပြီး သခင်လေးကုန်းစွန်းကို လွင့်ထွက်သွားအောင်လုပ်နိုင်တဲ့ခွန်အားမျိုး ရှိနေသေးရတာလဲ”

“ဒီမသေမျိုးနတ်ဆိုးခန္ဓာကိုယ်က ဘယ်လောက်တောင်စွမ်းအားကြီးမားတာလဲ. . ငါတို့အစောတုန်းကမရှင်းပစ်နိုင်ခဲ့ဘူး အခုတော့တကယ်ပဲ မြွေပွေးခါးပိုက်ပိုက်ထားသလိုဖြစ်နေပြီ”

ကုန်းစွန်းယွမ်တစ်ယောက်လွင့်ထွက်သွားပြီးနောက် အံ့အားသင့်စွာပြောဆိုသံများက ထပ်မံထွက်ပေါ်လာပြန်သည်။

“ဟ. နတ်ဆိုးသုတ်သင်ခြင်းမိုးကြိုးနက် . ဒီသခင်လေးအတွက် ဒီကနေထွက်သွားစမ်း”

ဤအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေပြင်အားလှုတ်ခတ်သွားစေသည့် ကြုံးဝါးအော်ဟစ်သံတစ်ခုက ကောင်းကင်ထဲ၌ ရိုက်ခတ်ထွက်ပေါ်လာသည်။

ထိုအော်သံက လွန်စွာကြီးမားသော အနက်ရောင်မိုးကြိုးတန်းကြီးထံမှ လာခြင်းဖြစ်သည်ကို လူအုပ်ကြီးမှာသိလိုက်ကြသည်။

ဤအော်သံအားကြားလိုက်ရသကဲ့သို့ နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးမှာ ရုတ်ခြည်းဖျက်ဆီးခံလိုက်ရပြီး မှေးမှိန်ပျောက်ကွယ်သွားသည်။ယင်းမှာထိုအော်သံကြောင့်တကယ်ကြီး အတင်းအကြပ်နောက်သို့ပြန်ဆုတ်သွားရ သည့်နှယ်ဖြစ်သည်။

ထို့နောက်မှတ်မိနိုင်ဖို့ပင်ခဲယဉ်းပြီး ဆိုးရွားစွာရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ပုံရိပ်တစ်ခုက လေထဲ၌ထွက်ပေါ်လာသည်။

ပျက်စီးနေသောခန္ဓာကိုယ်ပေါ်တွင် ကောင်းမွန်သောအသားဟူ၍ တစ်ခုပင်ရှိမနေပေ။ ရုပ်ပျက်ဆင်းပျက်ပျက်စီးနေသောအသားများအတွင်း များစွာသောသွေးနီရောင်အရိုးများကို ရှင်းလင်းစွာတွေ့နေရ၏။ ယင်းကပုံမှန်မဟုတ်လောက်အောင်ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းနေ၏။

ဤပျက်ဆီးနေသော ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်လျှပ်စီးတို့က အဆက်မပြတ်လင်းလက်နေပြီး အက်ကွဲသောအသံတို့ကို ဆက်တိုက်ထုတ်လွှတ်နေသည်။

“တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက မသေမျိုးနတ်ဆိုးခန္ဓာကိုယ်နဲ့ လူငယ်”

“မသေမျိုးနတ်ဆိုးခန္ဓာကိုယ်”

“သူပေါ်လာပြီ. သူနောက်ဆုံးတော့ပေါ်လာပြီ. သတ်. အားလုံးပဲ. သူပြင်းပြင်းထန်ထန်ဒဏ်ရာရနေတုံး မြန်မြန်သတ်ကြ. မဟုတ်ရင် နောင်တရဖို့အတွက်တောင်မှနောက်ကျ သွားလိမ့်မယ်”

လေထုထဲ၌ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ခန္ဓာကိုယ်အားမြင်တွေ့လိုက်ရသောအခါတွင် အစွမ်းထက်ပုဂ္ဂိုလ်များက အလန့်တကြားအလျှင်အမြန်အော် ဟစ်လိုက်ကြသည်။

“ငါ့ရဲ့တတိယသခင်လေးကို ထိခိုက်ဒဏ်ရာရအောင်ဘယ်လိုတောင်လုပ်ရဲတာလဲ. သေလိုက်စမ်း”

ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်ရှိသောကြမ်းတမ်းသည့်ရုပ်ရည်သွင်ပြင်နှင့်လူငယ်က လွန်စွာဒေါသထွက်စွာဖြင့်အော်ဟစ်လိုက်သည်။ သူကဦးဆောင်ပြီး လက်တို့အားလက်သည်းအဖြစ်ပုံဖော်လိုက်ကာ သူ၏လက်သည်းတို့၌ ရေခဲတမျှအေးစက်သော လေးစီးကြောင်းတစ်ခုက ပေါက်ကွဲထွက်လာသည်။

လက်သည်းတို့မှ လွန်စွာအေးစက်လှသောအော်ရာတစ်ခုက ထွက်ပေါ်လာ၏။ လက်သည်းတို့ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် ပုံမှန်မဟုတ်အောင်အေးစက်သော လေးစီးကြောင်းကြောင့် ဟင်းလင်းပြင်နေရာလွတ်တို့ကအေးခဲကုန်သည်။

မကြာခင် များစွာသောပုံရိပ်များက လေထဲ၌ရပ်တန့်နေသည့် ပျက်ဆီးနေသောခန္ဓာကိုယ်ထံသို့ လျှင်မြန်စွာရွေ့လျားသွားပြီး ၎င်းထံဦးတည်လိုက်ကြသည်။

“ဟမ့်”

ရှစ်ဖုန့်က သူ့ရှေ့ရှိ တစ်ဟုန်ထိုးချဉ်းကပ်လာနေသော ပုံရိပ်များကိုကြည့်၍ အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။

မိုးကြိုးကပ်ဘေးအား ကျော်ဖြတ်ပြီးနောက် သူပြင်းထန်စွာဒဏ်ရာရပြီး အားနည်းနေချိန်တွင်ဤလူများက သူ့အား သတ်ဖြတ်ချင်နေကြခြင်းဖြစ်သည်ကို ရှစ်ဖုန့်သိသည်ဖြစ်သည်။

သို့သော်သူတို့အနေဖြင့်၎င်းတို့ ဆန္ဒရှိသည့်အတိုင်းလုပ်ခွင့်မပြုနိုင်ပေ။

“ငရဲဘံကိုးခု ဧကရာဇ်က ဖျက်ဆီးမရဘဲ ထာဝရာတည်ရှိတယ်. ငရဲဘုံကိုးခု ဖျက်ဆီးမရသောခန္ဓာကိုယ်”

ရှစ်ဖုန့်၏လက်တို့ဖြင့်ဆန်းကြယ်ပြီး ထူးဆန်းသော လက်သင်္ကေတစ်ခုကို ပုံဖော်လိုက်သည်။အသက်ဥပဒေသကိုကိုယ်စားပြုသော ရှေးဟောင်းစာလုံးက တစ်ချိန်တည်း၌ စတင်လှည့်ပတ်လာသည်။

ဤအချိန်တွင် ရှစ်ဖုန့်၏ခန္ဓာကိုယ်အတွင်း၌ အင်မော်တယ်သွေးစက် ကိုးစက်အထိရှိနေပြီဖြစ်သည်။လူအုပ်ကြီး၏တုန်လှုပ်သောအကြည့်တို့အောက်၌ပင် သူ၏ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီးပျက်စီးနေသော ခန္ဓာကိုယ်က ပကတိမျက်စိဖြင့်မြင်နိုင်သောအမြန်နှုန်းဖြင့် တစ်ဟုန်ထိုးပြန်လည်ကုသနေသည်။

“သောက်တောင်ပေါ်နတ်ဆရာမျိုးနွယ်စုကကောင်. ငါ့ရဲတတိယသခင်လေးကို ဘယ်လိုတောင် ထိခိုက်အောင်လုပ်ရဲတာလဲ. ငရဲကိုသွားလိုက်စမ်း”

လေထုအားတစ်ဟုန်ထိုးထိုးခွင်းလာသကဲ့သို့ ကြမ်းတမ်းသောရုပ်ရည်သွင်ပြင်နှင့် လူငယ်က ရုတ်ခြည်း သူ၏လက်သည်းတို့ဖြင့် ကုတ်ချလိုက်သည်။

သူ၏ရေခဲတမျှအေးစက်သောစွမ်းအားအောက်၌ ရုတ်ခြည်းပြင်းထန်ပြီး ရေခဲတမျှအေးစက်သောလေစီးကြောင်းဝဲတစ်ခုဖြစ်ပေါ်လာပြီး ရှစ်ဖုန့်ထံသို့ ပြင်းထန်စွာဦးတည်သွားသည်။

“ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်ခွန်အားနဲ့လား. ဒီလိုလူက ဒီသခင်လေးကိုသတ်ဖို့ ဘယ်လိုတောင်မဆင်မခြင်လာရဲရတာလဲ”

သူ့ထံသို့ဦးတည်လာ‌နေသော ရေခဲတမျှအေးစက်သည့်ဧရာမဝဲကိုကြည့်၍ ရှစ်ဖုန့်က အံ့အားသင့်စွာပြောဆိုလိုက်သည်။

ထို့နောက်ရှစ်ဖုန့်၏ စိတ်က လှုပ်ရှားသွားသည်။ သူ၏ကြယ်ခုနှစ်ပွင့် ဧကရာဇ်နယ်ပယ် ဝိညာဉ်စွမ်းအားအောက်တွင် ပြင်းထန်ပြီးလွန်စွာကြီးမားသောရေခဲတမျှအေးစက်သည့် ဝဲကြီးမှာ ဘာသဲလွန်စမှမကျန်အောင် ရုတ်ခြည်ဖျက်ဆီးခံလိုက်ရသည်။

“အား”

ထို့နောက် ပုံမှန်မဟုတ်စွာကြေကွဲဝမ်းနည်းနာကျင်စွာဖြင့် အော်ဟစ်သည့်အသံက ကြမ်းတမ်းသောရုပ်ရည်သွင်ပြင်နှင့်လူငယ်၏ပါးစပ်မှထွက်ပေါ်လာသည်။

ထို့နောက်မကြာခင် ဝိညာဉ်အားဆုံးရှုံးလိုက်ရသကဲ့သို့ သူ၏ခန္ဓာကိုယ်ကလေထဲ၌ရွေ့လျားမှုရပ်တန့်သွားသည်။သူ၏မျက်နှာပေါ်ရှိ မျက်လုံးတို့က ပြူးကျယ်စွာပွင့်နေပြီး ယခင်အတိုင်းဝမ်းနည်းပူဆွေနာကျင်သည့်အမူအယာကို ထိန်းသိမ်းထားဆဲဖြစ်သည်။

ရှစ်ဖုန့်၏ဝိညာဉ်စွမ်းအားက ၎င်းကို တိုက်ရိုက် သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters