← Chapters

အခန်း (၁၀၁၁)

Vol. 68 Ch. 1011

အခန်း (၁၀၁၁)

Vol. 68 Ch. 1011

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၈)

အပိုင်း(၁၀၁၁)

“ဝုန်း”

ရုန်းများဖုံးလွှမ်းနေသာ လက်ဝါးက အနက်ရောင်လျှပ်စီးလက်သီးနှင့်ထိပ်တိုက်ဝုန်းခနဲတွေ့သွားသည်။ ပြင်းထန်စွာထိပ်တိုက်တွေ့ဆုံမှုကြောင့်ဖြစ်ပေါ်လာသည့်အသံက ကောင်းကင်နှင့်မြေပြင်ကို လှုတ်ခတ်သွားစေပြီးပတ်ဝန်းကျင်ရှိနေရာ တစ်ခုလုံးလည်း ပြင်းထန်စွာလှုပ်ခါသွားသည်။

“အား”

ရုတ်ခြည်း နာကျင်စွာဖြင့်အော်ဟစ်သည့်ကျယ်လောင်သောအသံတစ်ခုကထွက်ပေါ်လာသည်။ သူအသံ၌လက်သင့်မခံလိုမှု ရူးသွပ်မှုတို့ဖြင့်ပြည့်နှက်နေ၏။

နာကျင်မှုအပြည့်ဖြင့်အော်ဟစ်သောအောက်ဘက်မှအသံအားကြားလိုက်ရချိန်တွင် အောက်၌ရှိနေသည့်လူများ၏နှလုံးတို့ ကျုံ့သွားသလိုပင်ခံစားလိုက်ရသည်။

ဤအော်သံက ကုန်းစွန်းယွမ်ထံမှလာခြင်းဖြစ်၏။ ဤအခိုက်အတန့်တွင် အနက်ရောင်လျှပ်စီးလက်သီးနှင့်ပြင်းထန်စွာထိပ်တိုက်တွေ့ဆုံမှုကြောင့် ကုန်းစွန်းယွမ်၏ညာလက်ဝါးက ပေါက်ကွဲထွက်သွားသည်။ သွေးများက ပန်းထွက်လာ၏။

ကုန်းစွန်းယွမ်၏မျက်နှာက လွန်စွာခက်ထန်ကြမ်းကြုတ်နေသည်။ ယင်းမှာ အေးဆေးတည်ငြိမ်သောသခင်လေးတစ်ဦးအဖြစ်မှ ကြမ်းကြုတ်ခက်ထန်သောသားရဲရိုင်းတစ်ကောင်အဖြစ်ပြောင်းလဲသွားသကဲ့သို့ပင်ဖြစ်သည်။ သူကရှစ်ဖုန့်ကိုထပ်မံအော်ဟစ်လိုက်၏။

“ဘာလို့လဲ.ဘာလို့မင်းမှာဒီလိုမျိုးတိုက်ခိုက်နိုင်စွမ်းရှိနေသေးတာလဲ.. ငါ့ရဲ့စွမ်းအားကြီးတိုက်ခိုက်မှုကြောင့်မင်းမသေသွားရင်တောင် ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး ပြန်တိုက်နိုင်စွမ်းမရှိသင့်တာ. ဘာလို့လဲ. ဘာလို့ အခုမင်းကငါ့ထက်ပိုပြီးစွမ်းအားကြီးနေရတာလဲ.. ဘာလို့လဲ”

ကုန်းစွန်းယွမ်မှာသူ့ရှေ့၌ဖြစ်ပျက်နေမှုအား လက်သင့်မခံနိုင်သောကြောင့်ရူး သွပ်သွားသကဲ့သို့ဖြစ်နေသည်။

သူ၏လက်ပေါက်ကွဲထွက်သွားမှု ကြောင့်ဖြစ်ပေါ်လာသောနာကျင်မှုကိုပင်မေ့နေပုံရသည်။

“ဘာလို့ဆို မင်းပြောသလို ငါ့မှာမသေမျိုးနတ်ဆိုးခန္ဓာကိုယ်ရှိတယ်လေ”

ရှစ်ဖုန့်အေးစက်စက်ဖြင့်သွားပေါ် အောင်ပြုံးလိုက်ပြီး အရူးတစ်ယောက်ကဲ့သို့ ပြုမူနေသော ကုန်းစွန်းယွမ်ကိုပြောလိုက်သည်။

ထို့နောက် ဤအရူးနှင့်မည်သည့်အဓိပ္ပါယ်မဲ့သည့်စကားကိုမှ‌ ပြောမနေတော့ပေ။ အနက်ရောင်လျှပ်စီးတို့တဖျပ်ဖျပ်လင်း လက်နေဆဲဖြစ်သောသူ၏လက်သီးက နောက်တစ်ကြိမ်ပေါက်ကွဲထွက်လာပြန်သည်။

ဤအကြိမ်တွင် အနက်ရောင်လျှပ်စီးလက်သီးက ကုန်းစွန်းယွမ်၏ ရင်ဘက်အားတိုက်ရိုက်ချေမွသွားပြီးနောက် ချက်ချင်းလက်ငင်း ကျောပြင်အထိထိုးဖောက်သွားကာ၎င်း၏ခန္ဓာကိုယ်အားတိုက်ရိုက်ဖြတ်သန်းသွားသည်။

“အား”

ကုန်းစွန်းယွမ်ကပို၍နာကျင်မှုအပြည့်ဖြင့်အော်ဟစ်လိုက်သည်။ ရှစ်ဖုန့်၏ညာလက်သီးကရုတ်ခြည်းလှုပ်ခါသွားပြီး ပြင်းထန်သော အနက်ရောင်လျှပ်စီးတို့က ကုန်းစွမ်းယွမ်၏တစ်ကိုယ်လုံးအား ချက်ချင်းလက်ငင်း ဝါးမျိုသွား၏။

ဤအခိုက်အတန့်တွင် ကမ္ဘာအတွင်းရှိ ထူးဆန်းသောအသံများအားလုံး ပျော်ကွယ်သွားသည်။ မိုးကြိုးလျှပ်စီးတို့၏အက်ကွဲသောအသံများကသာ လေထုအတွင်း၌ ကျန်ရစ်ခဲ့၏။

ကုန်းစွန်းမိသားစု၏တတိယသခင်လေးဖြစ်သူ ကုန်းစွန်းယွမ်တစ်ယောက်နောက်ဆုံး၌ သေသွားခဲ့ပြီဖြစ်သည်။

အနက်ရောင်လျှပ်စီးကြောင်းတို့က ရှစ်ဖုန့်၏ခန္ဓာကိုယ်အတွင်းသို့ စတင်လှိမ်ဝင်လာသည်။ မကြာခင် အနက်ရောင်လျှပ်စီးအားလုံးက ရှစ်ဖုန့်၏ခန္ဓာကိုယ်အတွင်းပြန်လည် စုပ်ယူခံလိုက်ရသည်။

ကုန်းစွန်းယွမ်မှာ ပြာအဖြစ်လုံးဝပြောင်းလဲသွားပြီဖြစ်၏။ အစအနတစ်ခုတစ်လေပင် ဤကမ္ဘာ၌ကျန်ရစ်ခဲ့ခြင်းမရှိပေ။

“ပြီးသွားပြီ.. ပြီးသွားပြီ.လုံးဝကိုပြီးသွားပြီ”

မျိုးနွယ်စုအသီးသီးမှလူများမှာ လေထုထဲ၌ ဝင့်ကြွားစွာရပ်နေသည့် လူငယ်အားကြည့်၍ ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်၏။

ကုန်းစွန်းယွမ်၏သေဆုံးမှုနှင့်အတူ သူတို့၏နှလုံးသားထဲမှတစ်ခုတည်းသော မျှော်လင့်ချက်ကလည်း ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

ကုန်းစွန်းယွမ်အားသတ်ပြီးသည့်နောက်ရှစ်ဖုန့်က လေထဲ၌ ဝင့်ကြွားစွာရပ်နေဆဲဖြစ်၏။ သူကခေါင်းငုံ့လိုက်ပြီး မျိုးနွယ်စုအသီးသီးမှလူများကို ကြည့်လိုက်သည်။

ကြွက်အုပ်တစ်အုပ်အား ကြောင်တစ်ကောင်ကကြည့်နေသကဲ့သို့ အရေးမစိုက်သောအပြုံးတစ်ခုက မျက်နှာထက်၌ရှိနေသည်။

ထိုလူ၏အကြည့်အောက်တွင် အောက်ဘက်၌ရှိနေသောလူများအနေဖြင့် ထိုလူကသူတို့အရွယ်လောက်သာရှိသော်လည်း လူ့ဘီလူကြီးတစ်ကောင်က အပေါ်မှငုံ့ကြည့်နေသကဲ့သို့ခံစားရသည်။ ထိုလူကလူ့ဘီလူကြီးတစ်ကောင်ကဲ့သို့ အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။

“ငါ.ငါတောင်ပေါ်နတ်ဆရာမျိုးနွယ်စုကို ဝင်ဖို့ဆန္ဒရှိပါတယ်. အခုကစပြီး ငါကတောင်ပေါ်နတ်ဆရာမျိုးနွယ်စုဝင်တစ်ဦးပဲ. အခုကစပြီးတော့ငါ့ရဲ့သစ္စာတရားကိုအပ်နှင်းပြီး မြေရိုင်းဒေသကြီးက မျိုးနွယ်စုအသီးသီးကိုသိမ်းပိုက်စိုးမိုးမဲ့ မင်းနောက်ကိုလိုက်ချင်ပါတယ်..”

ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်ရှိနေသာ သက်လတ်ပိုင်းအရွယ်လူတစ်ဦးက လေထဲရှိရှစ်ဖုန့်ကိုပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူကဘေးသို့လျှင်မြန်စွာရွှေ့လိုက်ပြီး ထိုလူများနှင့်အကွာအဝေးတစ်ခုစတင်ခြားနားထားပြီဖြစ်သည်။

ထို့နောက်သူကထိုလူများအား ရက်စက်ကြမ်းကြုတ်သော အမူအယာနှင့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“သူတို့တွေက ကြီးမြတ်တဲ့တောင်ပေါ်နတ်ဆရာမျိုးနွယ်စုရဲ့ရန်သူတွေပဲ.. သူတို့တွေသေဖို့ထိုက်တန်ပါတယ်.သခင်”

သူကသခင်ဟု ပြောလိုက်ချိန်တွင် ရှစ်ဖုန့်ထံသို့ကြည့်၍ လေးစားမှုအပြည့်ဖြင့်ပြောလိုက်သည်။

“သခင်ကသူတို့ရဲ့စွမ်းအားကိုပျက်စီးသွားအောင်လုပ်နိုင်ပါတယ်. ကျွန်တော့်ရဲ့သစ္စာတရားကိုသခင့်ကိုပြသဖို့ သူတို့ကို ကျွန်တော်ကိုယ်တိုင်သတ်ဖို့ဆန္ဒရှိပါတယ်”

“ဟယ်ရှို့ ..ငကြောက်ကောင် မင်းရဲ့ ဝူကလန်ခေါင်းဆောင်ကသာမင်းကိုရှာတွေ့သွားရင် မင်းတော့သွားပြီ.. သူကမင်းရဲ့ခြေတွေကိုချိုး အရေခွံနွှာပြီး မင်းရဲ့အရွတ်တွေကို ဆွဲထုတ်ပစ်လိမ့်မယ်”

သစ္စာရှိပုံရသောနတ်ဘုရားတစ်ပိုင်း နယ်ပယ်ကျင့်ကြံသူတစ်ဦးက ဘေးသို့ရွှေ့သွားသော သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူကို လက်ညှိုးထိုးပြီး ဒေါသတကြီးပြစ်တင်ပြောဆိုလိုက်၏။

“ဟမ့် ငါ့ကိုဝူကလန်အကြောင်းလာပြောမနေနဲ့ ငါကအခု တောင်ပေါ်နတ်ဆရာမျိုးနွယ်စုဝင်တစ်ဦးပဲ.ငါ့ရဲ့သစ္စာတရားကိုကြီးမြတ်တဲ့ တောင်ပေါ်နတ်ဆရာမျိုးနွယ်စု ဆီနှင်းအပ်ထားတာ”

ဟယ်ရှို့က အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်ပြီး နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူကိုပြောလိုက်သည်။

ထို့နောက်သူက ရှစ်ဖုန့်ထံသို့မော့ကြည့်ပြီးပြောလိုက်၏။

“သခင်..ဒီလူက သခင့်အပေါ်ထားတဲ့ကျွန်တော့်ရဲ့သစ္စာတရားကိုမကျေမနပ်ဖြစ်နေတယ်.. ကျေးဇူးပြုပြီးသူ့ကိုအပြစ်ပေးပေးပါ”

ရှစ်ဖုန့်မှာ အောက်သို့ငုံ့ကြည့်နေပြီးမျက်နှာထက်ရှိ လှောင်ပြုံးက ပို၍ပင်ပီပြင်လာသည်။ ဤအခိုက်အတန့်တွင် သူ၏အကြည့်ကလည်း ဟယ်ရှို့ဟုခေါ်သည့် သက်လတ်ပိုင်းအရွယ်လူပေါ်သို့ကျရောက်သွားပြီး မေးလိုကသ်ည်။

“မင်းကဒီသခင်လေးကို သစ္စာရှိတာလား”

“ဟုတ်ပါတယ်အရှင်..ဒီနေ့ကစပြီး ကျွန်တော့်အသက်ကအရှင့်အပိုင်ပါပဲ.. ဒါကကြီးမြတ်တဲ့တောင်ပေါ်နတ်ဆရာမျိုးနွယ်စုနဲ့သက်ဆိုင်ပါတယ်”

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် သက်လတ်ပိုင်းအရွယ်လူက အလျှင်အမြန်ပြန်ဖြေသည်။

သို့သော်ရှစ်ဖုန့်က ခေါင်းခါပြီးပြောလိုက်၏။

“အသုံးမဝင်တဲ့သူတွေကို လက်အောက်ခံအဖြစ်ဒီသခင်လေးမလိုဘူး”

ဤလူက ငကြောက်တစ်ယောက်ဖြစ်ကာ ရွံဖို့ကောင်းသည့်သူဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့် ၎င်းအားမလိုအပ်ပေ။

ထို့နောက် ဟယ်ရှို့၏အထက် လေထုထဲ၌ မမြင်နိုင်သောသတ်ဖြတ်ခြင်းဓားတစ်လက်ပေါ်လာပြီး ရုတ်တရက်ကျဆင်းလာသည်။

“အား.မဟုတ်ဘူး. သခင်.. သခင်ကျွန်တော့်ကိုသတ်လို့မရဘူး. မရဘူး. အခုကစ ကျွန်တော်ကြိုးစားကျင့်ကြံပြီးတော့ ပိုသန်မာလာစေရပါမယ်”

အထက်မှဖိကျလာသော သတ်ဖြတ်ခြင်းအော်ရာကိုအာရုံခံမိသောအခါတွင် ဟယ်ရှို့၏မျက်လုံးတို့ကပြူးကျယ်သွားပြီး ကောင်းကင်ထဲသို့ တုန်လှုပ်အံ့အားသင့်စွာဖြင့် အလျှင်အမြန်မော့ကြည့်လိုက်သည်။

သတ်ဖြတ်ခြင်းဓား၏အောက်တွင် ဟယ်ရှို့အနေဖြင့် ခုခံနိုင်စွမ်းအနည်းငယ်မျှပင်ရှိမနေဘဲ ရုတ်ခြည်းနှစ်ပိုင်းပြတ်ထွက်သွားသည်။ တောက်ပနီရဲသောသွေးတို့က ပန်းထွက်လာပြီး လေထဲ၌ဝင်ကြွားစွာရပ်နေသည့်ပုံရိပ်ထံသို့ဦးတည်သွားသည်။

ဟယ်ရှို့အားသတ်ပြီးနောက် ရှစ်ဖုန့်က သူ၏အကြည့်ကို လူအုပ်ကြီးထံသို့ပြန်ပြောင်းလိုက်ပြီး အေးစက်စွာထပ်မံပြောလိုက်သည်။

“မင်းတို့အားလုံးကဒီသခင်လေးရဲ့အသက်ကိုလိုချင်ခဲ့ကြတယ်..မင်းတို့ဘယ်သူမှအသက်ရှင်ခွင့်မရှိဘူး သေရမယ်”

“မဟုတ်ဘူး. ငါ့ကိုမသတ်ပါနဲ့.. ငါမင်းကိုဘာမှမလုပ်ခဲ့ပါဘူး. ငါတို့ကြားထဲမှာ ဘာရန်လိုမှုမှမရှိပါဘူး”

ဤလူမှာ ရှစ်ဖုန့်၏ပထမမိုးကြိုးကပ်ဘေးပြီးနောက် ရှေးဟောင်းအပျက်အစီးနယ်မြေအတွင်းသို့ဝင်ရောက်လာခဲ့သည့် ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်တစ်ဦးဖြစ်သည်။ သူကတကယ်ကြီး ရှစ်ဖုန့်ကိုယခင်ကတိုက်ခိုက်ခဲ့ခြင်းမရှိပေ။

“ငါ့ကိုမသတ်ပါနဲ့..မင်းသာငါ့ကိုမသတ်ရင် ကျန်တဲ့ဘဝတစ်လျှောက်လုံး မင်းရဲ့ကြင်နာမှုကိုငါမှတ်ထားမှာပါ”

“ငါကနတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ဟယ်ရှို့က ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်အမှိုက်ပဲ. ဒါပေမဲ့ငါကတော့မဟုတ်ဘူး.ငါမင်းကို သစ္စာစောင့်သိပါ့မယ်”

“ဟမ့်..ငါ့ကိုသတ်ချင်တယ်ဆိုသတ်လိုက်”

“ငါယွမ်ဟူက ဒီနေရာမှာသေရလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ဘူး”

ရှစ်ဖုန့်၏အသံအားကြားလိုက်ရသကဲ့သို့ အခြားသောအသံများကိုလည်းတစ်ခုပြီးတစ်ခုကြားလာရသည်။

၎င်းတို့ထဲမှအများစုက ညာတာထောက်ထားပေးရန်အသနား ခံနေကြသည်။ အားလုံးထက်မည်သူကမှအသတ်မခံလိုကြပေ။အကယ်၍သူတို့သာသေသွားခဲ့လျှင် ဘာမှကျန်ရစ်တော့မည်မဟုတ်ပေ။

သို့သော် အသနားခံခြင်းထက် သေဖို့ကိုသာလိုလားသော ယောက်ျားရင့်မာအချို့လည်းရှိသည်ဖြစ်သည်။

ဆက်ရန်………….

ဘာသာပြန်သူ-ARISE

All Chapters