အခန်း (၁၀၁၂)
Vol. 68 Ch. 1012
ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၈)
အပိုင်း(၁၀၁၂)
၎င်းတို့မည်သို့ပင်ပြောနေပါစေ ရှစ်ဖုန့်က သူတို့အားသေဖို့အမိန့်ချမှတ်ပြီးဖြစ်သည်။ ဤလူများအနေဖြင့်ဘာပဲဖြစ်ဖြစ်သေရမည်သာဖြစ်၏။
သူ၏ပထမဆုံးမိုးကြိုးအတိဒုက္ခကပ်ဘေးပြီးမှ ရှေးဟောင်းအပျက်အစီးနယ်မြေအတွင်းသို့ဝင် ရောက်လာခဲ့သည့်လူအချို့ရှိခဲ့ပြီး၎င်းတို့ကသူ့အားမတိုက်ခိုက်ခဲ့ကြသော်လည်း ဒုတိယ မိုးကြိုးအတိဒုက္ခကပ်ဘေး၌ ၎င်းတို့အနေဖြင့် အပြေးနှင်လာကာဝိုင်းရံကြပြီး ဝတ်ရုံနက်အားသတ်ရန်လုပ်ခဲ့သည်ဖြစ်သောကြောင့် ၎င်းတို့အား မချမ်းသာပေးနိုင်ပေ။
မိုးကြိုးအတိဒုက္ခကပ်ဘေးအတွင်းမှသူ ဒုတိယအကြိမ်လျှောက်လှမ်းထွက်လာစဉ် ဤလူများအားလုံးက သူ့ထံသို့ တစ်ဟုန်ထိုးချီတက်လာပြီး “သတ်”ဟု အော်ပြောခဲ့ကြသည်ကို ရှစ်ဖုန့်မှတ်မိနေဆဲဖြစ်သည်။ သူ့အား၎င်းတို့မတိုက်ခိုက်ခဲ့သည့်အကြောင်းပြချက်က အနက်ရောင်မိုးကြိုးနဂါးနှစ်ကောင်အားကြောက်လန့်ကြသောကြောင့်ဖြစ်သည်။
အကယ်၍သူသာ နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးအတွင်းမှ ပြင်းထန်သော ထိခိုက်ဒဏ်ရာများနှင့်ထွက်လာခဲ့ကာ ဘာတိုက်ခိုက်နိုင်စွမ်းမှရှိမနေဘဲ သေလုနီးပါအခြေအနေသို့ရောက်နေခဲ့လျှင် ဤလူများက သူ့အား အညှာအတာကင်းမဲ့စွာဖျက်ဆီးရန်အတွက် ၎င်းတို့၏အစွမ်းအထက်ဆုံးတိုက်ခိုက်မှုတစ်ခုစီကို သေချာပေါက်ထုတ်ဖော်ကြလိမ့်မည်ဖြစ်သည်။
မှောင်မိုက်အုံ့မှိုင်းနေသောဟင်းလင်းပြင်အတွင်းတွင် ပုံမှန်ထက်ပို၍ပြင်းထန်သော အနက်ရောင်မိုးကြိုးတို့က ရှစ်ဖုန့်၏ကိုယ်မှထုတ်လွှတ်နေသည်။ မိုးကြိုးတို့ပေါ်လာလာခြင်း အရပ်မျက်နှာပေါင်းစုံသို့ ထိန်းမနိုင်သိမ်းမရ ဝုန်းခနဲပွင့်ထွက်သွားသည်။
“ဂျိမ်း..ဂျိမ်း.ဂျိမ်း..ဂျိမ်း..ဂျိမ်း”
ရုတ်ခြည်းတစ်ခုထက်တစ်ခုပို၍ကျယ်လောင်သော မိုးခြိမ်းသံများက ဆက်တိုက်ထွက်ပေါ်လာသည်။
အရပ်မျက်နှာအနှံ့သို့ အရူးအမူးပျံ့နှံ့သွားသော ပြင်းထန်သည့်အနက်ရောင်မိုးကြိုးတို့က ကောင်းကင်နှင့်မြေပြင်ကို ပင် ရုတ်ခြည်း အနက်ရောင်မိုးကြိုးပင်လယ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေ၏။
မြေပြင်ထက်၌ရှိနေသည့်ပုံရိပ်များအားလုံးက ထိတ်လန့်တုန်လှုပ်နေသောမျက်နှာများဖြစ်ပေါ်နေ၏။
သူတို့ထံသို့ဦးတည်လာနေသောအနက်ရောင် မိုးကြိုးပင်လယ်ကြီးက ခုခံတွန်းလှန်ရန်သူတို့ဖော်ထုတ်သော တိုက်ခိုက်မှုများအားလုံးကိုချက်ချင်းဝါးမျိုသွားသည်။ အနက်ရောင်မိုးကြိုးပင်လယ်၏စွမ်းအားက သူတို့ခုခံနိုင်သောအရာမဟုတ်ပေ။
ဤအခိုက်အတန့်တွင် ဒါဇင်နှင့်ချီသော ပုံရိပ်များက အနက်ရောင်မိုးကြိုး ပင်လယ်၏ ဝါးမျိုမှုကိုခံလိုက်ရသည်။ ရှစ်ဖုန့်အားဝန်းရံတိုက်ခိုက်ရန်လာသည့်လူငါးဆယ့်နှစ်ယောက်လုံးမှာ ရုတ်ခြည်းအသတ်ခံလိုက်ရ၏။
မှောက်မိုက်အုံ့မှိုင်းပြီးထူးဆန်းသော တောအုပ်အတွင်းတွင် မိစ္ဆာနဂါးတစ်ကောင်ကဲ့သို့အနက်ရောင် ရေလွှမ်းနဂါးက မြင့်မားသောအရှိန်တစ်ခုဖြင့်ပျံသန်းနေသည်။အနက်ရောင်ရေလွှမ်းနဂါး၏နောက်တွင် ကြမ်းကြုတ်ရက်စက်သောနတ်ဆိုးသားရဲများလိုက်ပါလာ၏။
၎င်းတို့မှအစက ဟင်းလင်းပြင်ထဲ၌ပျံသန်းနေကြခြင်းဖြစ်သည်။ သို့သော် ထိုလူသားမျိုးနွယ်မှကျင့်ကြံသူများကဲ့သို့ပင် မှောက်မိုက်အုံ့မှိုင်းပြီး ထူးဆန်းသော တောအုပ်အားဖြတ်သန်းချိန်၌ ဟင်းလင်းပြင်အတွင်းမှ မမြင်နိုင်သောစွမ်းအားကြီး အားတစ်ခု၏ ရိုက်ချမှုကို ခံခဲ့ရသည်ဖြစ်သည်။
အနက်ရောင်ရေလွှမ်းနဂါးမှာ မူလက အနက်ရောင်မိုးကြိုးကပ်ဘေးထံသို့ အပြင်းချီတက်ခဲ့သော်လည်းသိပ်မကြာလိုက်ခင် ကောင်းကင်ထက်မှကျဆင်းလာသော အနက်ရောင်မိုးကြိုးတို့နှင့် ဧရာမအနက်ရောင်ဝဲကြီးက ရုတ်ခြည်းပျောက်ကွယ်သွားခဲ့သည်။
ထို့နောက်အနက်ရောင်ရေလွှမ်းနဂါးနှင့် ရာနှင့်ချီသော နတ်ဆိုးသားရဲများက မိုးကြိုးကပ်ဘေးဖြစ်ပေါ်ရာအရပ်မျက်နှာသို့ တစ်ရှိန်ထိုးဆက်လက်ပျံသန်းခဲ့ကြ၏။ သို့သော် သူတို့အနေဖြင့် လူသားပါရမီရှင်များကို မမြင်တွေ့သေးပေ။ လူသားပါရမီရှင်များကိုအသာထား ၎င်းတို့၏ အရိပ်တစ်ခုကိုပင် မတွေ့ရပေ။
အနက်ရောင်မိုးကြိုးတို့နှင့်သူတို့၏ကြားထဲမှအကွာအဝေးအရ သူတို့အနေဖြင့်ထိုနေရာသို့ ယခုရောက်ရှိနေသင့်ပြီဖြစ်သည်။ သို့သော် ဤကဲ့သို့ မြန်ဆန်သော အမြန်နှုန်းတစ်ခုဖြင့် အချိန်တော်တော်ကြာ ရွေ့လျားခဲ့သည်တောင် မိုးကြိုးကပ်ဘေး၏သဲလွန်စလေးကိုပင် သူတို့မြင်တွေ့ရသေးပေ။
“ဖြစ်နိုင်တာက.. ဒီလိုမျိုး နတ်ဘုရားတွေစွန့်ပစ်ထားတဲ့နေရာမှာ ငါလမ်းပျောက်သွားတာလို့တော့လာမပြောနဲ့”
အနက်ရောင်ရေလွှမ်းနဂါးက မြင့်မားသောအမြန်နှုန်းတစ်ခုဖြင့်ရှေ့သို့ဆက်လက်ပျံသန်းနေသော်လည်း မိုးကြိုးကပ်ဘေး သို့မဟုတ်မည်သူတစ်ဦးတစ်ယောက်၏ အရိပ်အယောင်တစ်စွန်းတစ်ကိုမှမြင်တွေ့ ရခြင်းမရှိပေ။ နဂိုကတည်းကစိတ်ဆတ်သော အနက်ရောင်ရေလွှမ်းနဂါးမှာ ပို၍ပို၍ဒေါသထွက်ပေါက်ကွဲလာသည်။ ထို့နောက်၎င်းက ထပ်ကာထပ်ကာဟိန်းဟောက်လိုက်၏။
“ဂါး..ဂါး..ဂါး..ဂါး..ဂါး..ဂါး”
“ဒီမှာတကယ်ပဲနောက်ထပ်ကမ္ဘာတစ်ခုရှိနေတာပဲ.”
ညကောင်းကင်ယံထဲ၌ လူသားပုံရိပ်ဆယ့်သုံးခုပေါ်လာသည်။
ဤကမ္ဘာမှာရှစ်ဖုန့်ဝဲ၏စုပ်ယူမှုကိုခံရပြီးနောက် ရောက်ရှိလာခဲ့သည့်တစ်ခုဖြစ်သည်။
ဤကမ္ဘာအတွင်းတွင် လူသားမျိုးနွယ်နှင့်အခြားနတ်ဆိုးသားရဲမျိုးနွယ်တို့မှ လူနှင့်သားရဲများပို၍ပို၍ ရောက်ရှိလာသည်။
ရှစ်ဖုန့်က နွယ်ပင်များရစ်ပတ်ဖုံးလွှမ်းပြီး မည်းမှောင်အုံ့မှိုင်းနေသည့် ကမ္ဘာ၏ ဟင်းလင်းပြင်ထဲ၌ တစ်ထောင်ထဲထိုင်နေသည်။
ထိုလူများကတော့ အနက်ရောင်လျှပ်စီးပင်လယ်၏အောက်တွင် ပြာအဖြစ်ပြောင်းလဲသွားကြပြီးဖြစ်သည်။ သေခြင်းစွမ်းအင်၊ဝိညာဉ်များနှင့်သွေးတို့က ရှစ်ဖုန့်၏စွမ်းအင်များအဖြစ်ပြောင်းလဲသွားပြီးဖြစ်သည်။
အနက်ရောင်မိုးကြိုးလျှပ်စီးပင်လယ်က မျိုးနွယ်စုအသီးသီးမှထိုကျင့်ကြံသူများအား ပြာအဖြစ်ပြောင်းလဲပြီးသည့်နေ့မှစ၍ သုံးရက်ရှိသွားပြီဖြစ်သည်။
ဤသုံးရက်အတွင်းရှစ်ဖုန့်က ဝတ်ရုံနက်အား ဤနေရာ၌စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ဝတ်ရုံနက်သူ့အားပြောခဲ့မှုအရဆိုလျှင် ဆန်းကြယ်ပြီးစွမ်းအားကြီးမားသောအဘွားအိုကသူမအား အမွေအနှစ်ကိုလွှဲပြောင်းပေးနေခြင်းဖြစ်သည်။
အကယ်၍အဘွားအို၏အမွေအနှစ်ကိုသာသူမတကယ်ရရှိခဲ့လျှင် ဝတ်ရုံနက်၏တိုက်ခိုက်နိုင်စွမ်းက အလွန်မြန်ဆန်သောအရှိန်အဟုန်ဖြင့် သေချာပေါက်တိုးပွားလာလိမ့်မည်ဖြစ်သည်။
ဝတ်ရုံနက်နှင့်အဘွားအိုတို့ထွက်ခွာသွား ပြီးသည့်နောက် ရှစ်ဖုန့်ကသူမပြန်အလာကို စောင့်နေခြင်းဖြစ်သည်။
မှောင်မိုက်သောဟင်းလင်းပြင်ထဲ၌ ပုံရိပ်နှစ်ခုက မျောလွင့်ရပ်တည်နေသည်။
“အဘွားဇူး. သမီးနဲ့အတူ ထွက်မသွားဘူးလား”
ဝတ်ရုံနက်က သူမရှေ့ရှိအဘွားအိုအားကြည့်၍ မေးလိုက်သည်။
သူမ၏အသံကကြည်လင်ပြီး တောင်ကျစမ်းရေကဲ့သို့ သာယာကြည်နူးဖွယ်ကောင်းလှသည်။
“ငါထွက်မသွားနိုင်ဘူး”
အဘွားမိုက ခေါင်းကိုခါလိုက်ပြီးပြောလိုက်သည်။ထို့နောက်သူမက ဖြည်းညှင်းစွာဆက်ပြော၏။
“ငါကတစ်စုံတစ်ယောက်ကို ဒီနေရာကတစ်ခုခုကိုကာကွယ်ပေးပါ့မယ်လို့ ကတိပေးခဲ့တယ်.. ငါအသက်ရှင်နေသ၍ ငါထွက်မသွားနိုင်ဘူး”
“တစ်စုံတစ်ခုလား.အဲ့တာကဘာလဲ”
အဘွားအို၏စကားတို့အားကြားပြီးနောက် ဝတ်ရုံနက် အသံ၌အံ့အားသင့်မှုတို့ဖြင့်ပြည့်နှက်နေသည်။
ဤမှောင်မိုက်ထူးဆန်းသောနေရာ၌ သူမဘဝတစ်လျှောက်လုံးကာကွယ်ပေးနေသည့်အရာက မည်သည့်အရာနည်း။
သူမ၏ဘဝတစ်ခုလုံး စွန့်လွှတ်လိုရလောက်သည်အထိထိုလူကမည်သူနည်း။
“ငါမင်းကိုမပြောပြနိုင်ဘူး”
ဝတ်ရုံနက်၏မယုံသင်္ကာဖြစ်မှုတို့နှင့်ရင်ဆိုင်ရချိန်တွင် အဘွားအိုက ပြန်ဖြေရန်ငြင်းဆန်လိုက်သည်။
ယင်းမှာပြော၍မရနိုင်သောလျှို့ဝှက်တစ်ခုဖြစ်သကဲ့သို့ပင်ဖြစ်သည်။
ဝတ်ရုံနက်ကအဘွားအိုအားဆက်လက်ကြည့်နေသည်။ အဘွားအို၏စကားတို့အားကြားပြီးနောက် သူမကနားလည်သည့်အနေဖြင့်ခေါင်းညိမ့်ပြသည်။
ထို့နောက်ဝတ်ရုံနက်က ထပ်မံပြောလိုက်ပြီး အဘွားအိုကိုမေးလိုက်သည်။
“အဘွားဇူး. ဒီရှေးဟောင်းအပျက်အစီးနယ်မြေနဲ့ပက်သက်ပြီး အဘွားဘယ်လောက်သိလဲ. ဒီရှေးဟောင်းအပျက်စီးနယ်မြေကို မွန်းစတားနတ်ဘုရားသင်္ချိုင်းကုန်းမြေလို့ခေါ်တယ်.. ရှေးခေတ်မွန်းစတားနတ်ဘုရားက ဒီမှာတကယ်ပဲသေသွားခဲ့တာဖြစ်နိုင်မလား”
“တကယ်တော့..ငါလည်းမသိဘူး”
ဝတ်ရုံနက်၏မေးခွန်းအားရင်ဆိုင်ရရာတွင် အဘွားအိုက ခေါင်းကိုခါလိုက်ပြီး ထပ်မံပြောလိုက်သည်။
“ငါတို့ခေတ်ကတည်းက ဒီနေရာကို မွန်းစတားနတ်ဘုရားသင်္ချိုင်းလို့ခေါ်တာ.. ကောလဟာလတွေအရတော့ မွန်းစတားနတ်ဘုရားကဒီမှာသေသွားခဲ့တာတဲ့”
“ဒါပေမဲ့ငါဒီနေရာကိုဝင်လာပြီး အဲ့ကတိကြောင့် အဝေးကိုထပ်မသွားနိုင်ခဲ့ဘူ.. ဒါပေမဲ့ ဒီနေရာမှာ စွမ်းအားကြီးတည်ရှိမှုတွေ အများကြီးရှိနေသေးတာကိုတော့ငါသိတယ်.. သူတို့ထဲကအချို့က အစစ်အမှန်နတ်ဘုရားဖြစ်လာဖို့သိပ်မဝေးတော့ဘူး. မင်းတို့ဒီကမ္ဘာကနေဖြစ်နိုင်သမျှ အမြန်ဆုံးထွက်သွားရင်အကောင်းဆုံးပဲ”
အဘွားအိုက စွမ်းအားကြီးတည်ရှိမှုဟု ခေါ်ဖို့ဆိုလျှင်ယင်းကား ဖော်ပြ၍ မရနိုင်လောက်သောစွမ်းအားကြီးတည်ရှိမှုတစ်ခုဖြစ်ရမည်ဖြစ်သည်။ အကယ်၍၎င်းတို့ကသာ အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လာဖို့ သိပ်မဝေးတော့လျှင် ဤကမ္ဘာကသာထွက်ခွာလာခဲ့ပါက ၎င်းတို့အနေဖြင့် မြေရိုင်းဒေသကြီးတစ်ခုလုံးအားအလွယ်တကူ သိမ်းပိုက်နိုင်လိမ့်မည်သာဖြစ်သည်။
မြေရိုင်းဒေသ၏အရှင်သခင်ဖြစ်သူ ကုန်းစွန်းထိုက်ယင်မှာ ကောလဟာလများအရ ကြယ်လေးပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဖြစ်သည်။ မြေရိုင်းဒေသအတွင်းသူက အသန်မာဆုံးသူဖြစ်နေပြီဖြစ်ပြီးမည်သူကမှ သူ့အား မစော်ကားရဲကြချေ။
“အဲ့တာကဘယ်လိုတည်ရှိမှုမျိုးပဲဖြစ်နေပါစေ သမီးဒီရှေးဟောင်းအပျက်အစီးနယ်မြေကိုလာပြီးကတည်းက တစ်ချက်ကြိုးစားကြည့်ဖို့ဆုံးဖြတ်ပြီးပြီ.. အကယ်၍သမီးသာကြောက်ပြီး ပြန်လှည့်သွားရင် အနာဂတ်မှာ သေချာပေါက်နောင်တရနေလိမ့်မယ်.. သေခြင်းနဲ့ရှင်ခြင်းကြားလှည့်လည်သွားလာတာတစ်ခုတည်းကပဲ သမီးကိုပိုပြီးမြင့်မားတဲ့နေရာဆီတက် လှမ်းစေနိုင်မှာ”
ဝတ်ရုံနက်က အဘွားအိုအားထပ်မံပြောလိုက်ပြီး သူမ၏အသံ၌ စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့်ပြည့်နှက်နေသည်။
မည်သည့်ကမ္ဘာမှကျင့်ကြံသူဖြစ်နေပါစေ ဤစည်းမျဉ်းကိုတော့နားလည်ကြသည်ဖြစ်၏။ သေခြင်းနှင့်ရှင်ခြင်းတို့ကြားလှည့်လည်သွားလာပြီး ကပ်ဘေးများကိုတွေ့ကြုံခံစားမှသာ ပို၍သန်မာနိုင်သလို အကန့်အသတ်များအားချိုးဖျက်မှုတို့ကိုလည်းလုပ်နိုင်လိမ့်မည်ဖြစ်သည်။
ဖန်လုံအိမ်ထဲမှပန်းများက သာလွန်ထူးခြားသောပါရမီများရှိနေခဲ့လျှင်တောင် နောက်ဆုံးတိုးတက်မှုအလားအလာက အကန့်အသတ်နဲ့သာရှိလိမ့်မည်ဖြစ်သည်။
ဆက်ရန်………..
ဘာသာပြန်သူ-ARISE