အခန်း (၁၀၁၃)
Vol. 68 Ch. 1013
ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၈)
အပိုင်း(၁၀၁၃)
မှောင်မိုက်သော ဟင်းလင်းပြင်အတွင်းတွင် ရှစ်ဖုန့်ကမျက်လုံးတို့အား ဖြည်းညှင်းစွာဖွင့်လိုက်ပြီး ဟင်းလင်းပြင်၏ စွမ်းအင်အတက်အကျများကို အာရုံခံလိုက်သည်။
ဖြည်းဖြည်းချင်း အနက်ရောင်အရိပ်တစ်ခုက ရှစ်ဖုန့်၏မျက်လုံးရှေ့ ဖြည်းဖြည်းချင်းပေါ်လာသည်။ ယင်းက ဝတ်ရုံနက်ဖြစ်သည်။လွန်ခဲ့သောသုံးရက်က အဘွားအိုက သူမနှင့်ထွက်ခွာသွားပြီးနောက် သူမနှင့်အတူ ပြန်မပေါ်လာတော့ပေ။
“မင်းကိုစောင့်ခိုင်းထားရတာ တောင်းပန်ပါတယ်”
ဝတ်ရုံနက်ရှစ်ဖုန့်ကို ပြောလိုက်သည်။ သူမ၏အသံက အိုမင်းအက်ရှသော လူအိုကြီးအသံထပ်မံဖြစ်လာသည်။
ဝတ်ရုံနက်၏အသံအားကြားလိုက်ရသော အခါတွင် ရှစ်ဖုန့်ကခေါင်းခါလိုက်ပြီးပြုံးလိုက်သည်။ သူကပြောလိုက်၏။
“အစတုန်းက ငါတို့က သေခြင်းရှင်ခြင်းကိုတောင်အတူတူကျော်ဖြတ်ခဲ့ကြတဲ့ မိတ်ဆွေတွေလို့ထင်နေတာ.. ရှေ့ဆက်သွားမယ့်လမ်းမှာ အဘိုးအိုလိုအသံမျိုးကို ငါထပ်ပြီးကြားဖို့မလိုအပ်ပါဘူး”
“ငါအသံကအမြဲဒီလိုပဲ မွေးကတည်းကဒီအတိုင်းပဲ”
ဝတ်ရုံနက်ကပြောလိုက်သည်။ အဘိုးအို၏အသံကို ဆက်လက်အသုံးပြုနေဆဲဖြစ်၏။
“ကောင်းပြီ.မင်းကဒီလိုမျိုးမွေးလာတယ်ဆိုတော့လည်း ဒီလိုပဲပေါ့.”
ရှစ်ဖုန့်က ဟင်းလင်းပြင်ထဲ၌ တင်ပျဉ်ခွေထားသောခန္ဓကိုယ်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။ ထို့နောက်သူက ဝတ်ရုံနက်ကိုပြောလိုက်၏။
“ငါတို့အခုသွားလို့ရပြီလား”
ယခုဝတ်ရုံနက်ကပြန်ရောက်ရှိလာပြီး ဖြစ်သောကြောင့် ၎င်းအနေဖြင့် လွန်ခဲ့သောသုံးရက်အတွင်းအဘွားအို၏ အမွေအနှစ်ကိုရခဲ့သည်ဖြစ်ရမည်ဖြစ်၏။
စကားပြောနေရင်းရှစ်ဖုန့်က အောက်ဘက်ရှိရေကန်ကိုကြည့်လိုက်သည်။ အထူးသဖြင့် ရေကန်အတွင်းမှ ယင်ယန် စမ်းရေကိုဖြစ်သည်။
မိုးကြိုးအတိဒုက္ခကပ်ဘေးဖြစ်ပေါ်ပြီးကတည်းက အဘွားအိုမှာသူ့အား မုန်းနေပုံရသည်။ ထိုလူများအား အနက်ရောင်မိုးကြိုးပင်လယ်ဖြင့်သတ်ပြီးနောက် သူမအားစကားပြောခဲ့သော်လည်း အဘွားအိုကသူ့ကိုလျစ်လျူရှုထားသည်။
သူမက သူ့အပေါ်ပိုက်ဆံတော်တော်များများ ချေးငှားပေးထားသည့်သူကဲ့သို့ပြုမူနေ၏။
အဘွားအိုက သူ့အား မုန်းနေသောကြောင့်သူ့အနေဖြင့်နောက်ပိုင်း၌ ယင်ယန်ရေကန်အတွင်း ဝင်ရောက်နိုင်တော့မည်မဟုတ်ပေ။
သူ၏နှလုံးသားထဲ၌ ယင်းကနှမြောစရာကောင်းသည်ဟုခံစားရသည်။
“ကောင်းပြီ”
ဝတ်ရုံနက်က အဘွားအို၏စကားတို့အားကြားပြီးနောက် အနည်းငယ်ခေါင်းဆတ်လိုက်သည်။ ထို့နောက်သူမကကျယ်လောင်စွာပြောလိုက်၏။
“ဒါပေမဲ့ အဘွားဇူးဆီကငါသိခဲ့ရသလောက်ဆို ဒီရှေးဟောင်းအပျက်စီးနယ်မြေထဲမှ စွမ်းအားကြီးတည်ရှိမှုတွေအများကြီးရှိနေသေးတယ်.. အချို့က နတ်ဘုရားနယ်ပယ်နဲ့သိပ်ပြီးမဝေးတော့ဘူး. အကယ်၍ငါတို့သာဒီရှေးဟောင်းအပျက် အစီးနယ်မြေရဲ့ အနက်ပိုင်းထဲကို ဆက်ပြီးစူးစမ်းရှာဖွေမယ်ဆိုရင် ရှေ့ဆက်ရမဲလမ်းက ဆယ်ဆဒါမှမဟုတ် အဆတစ်ရာလောက်ကို ပိုပြီး အန္တရာယ်များလိမ့်မယ်”
“ဘာဖြစ်လို့လဲ. မင်းကပြန်ထွက်သွားချင်လို့လား”
ဝတ်ရုံနက်၏စကားတို့အားကြားသောအခါတွင် ရှစ်ဖုန့်ကမေးလိုက်သည်။
“ငါလား. ဘယ်သွားမှာလဲ..”
ဝတ်ရုံနက် ကပြတ်သားစွာပြန်ဖြေ၏။
“ငါကမင်းကိုသတိပေးနေတာ. မင်းအခုနေပြန်လှည့်ဖို့ရွေးချယ်မယ်ဆို နောက်မကျသေးဘူး”
“ဟီးဟီး..ပြန်လှည့်ရမှာတဲ့လား”
ဝတ်ရုံနက်၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က ကမ္ဘာပေါ်မှအရယ်ရဆုံးဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်သည်။ သူကပြောလိုက်၏။
“မင်းရဲ့စကားကြောင့်နဲ့အရမ်းကြောက်ပြီး ဒီသခင်လေးကဘာလို့ပြန်လှည့်ရမှာလဲ..အဲ့လိုသာဆိုရင် ဒီသခင်လေးအနာဂတ်မှာ ပိုမြင့်မားတဲ့နယ်ပယ်ဆီကိုဘယ်လိုချိုးဖျက်ပြီးသွားရမလဲ. မင်းတို့အရိုင်းတိုက်ကြီးကိုဘယ်လိုလုပ်ပြီးအထက်စီးကနေကြည့်နိုင်မှာလဲ”
“ငါတို့အရိုင်းတိုက်ကြီးကိုအထက်စီး ကနေကြည့်မယ်”
ရှစ်ဖုန့်၏နောက်ဆုံးစကား၌ မောက်မာမှုတို့ဖြင့်ပြည့်နှက်နေ၏။ သူ၏မောက်မာမာနကြီးသောစကားတို့ကြောင့် ဝတ်ရုံနက်ပင် အံ့အားသင့်သွားရသည်။
ထို့နောက်ဝတ်ရုံနက်ကပြောလိုက်သည်။
“အရိုင်းတိုက်ကြီးက ဘယ်လောက်ကြီးမားလဲဆိုတာကိုမင်းမသိသေးဘူး. ငါတို့အရိုင်းတိုက်ကြီးမှာ ကျင့်ကြံသူတွေက ဘယ်လောက်အစွမ်းထက်သန်မာလဲဆိုတာကိုမင်းမသိသေးဘူး”
“ငါတို့ရှေ့ကမြေရိုင်းဒေသဆိုတာ အရိုင်းတိုက်ကြီးရဲ့ ထောင့်စွန်းလေးတစ်ခုပဲရှိသေးတယ်..ငါတို့အရိုင်းတိုက်ကြီးထဲမှာ မရေတွက်နိုင်တဲ့ မြေရိုင်းဒေသလို အခြားဒေသတွေရှိသေးတယ်.. အခြားဒေသတွေမှာ ငါတို့တောင်စိတ်ကူးကြည့်လို့မရနိုင်တဲ့ စွမ်းအားကြီးတည်ရှိမှုတွေပိုတောင်ရှိသေးတယ်လို့ငါကြားတယ်.. ကုန်းစွန်းထိုက်ယင်လိုလူတောင်မှ သူတို့ရဲ့တိုက်ချက်တစ်ချက်ကိုမခံနိုင်ဘူး”
“ဒီသခင်လေး အရင်က နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုမရောက်ခဲ့တာက ထျန်းဟန်တိုက်ကြီးထဲမှာ နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားက ဘယ်တုန်းကမှမမြင်ဖူးလို့ပဲ. ငါကရေတွင်းထဲဖားတစ်ကောင်ဖြစ်ခဲ့တာ. ဒီသခင်လေးမှာသာလုံလောက်တဲ့အချိန်ရရင် အခြားသူတွေရောက်တဲ့နယ်ပယ်မျိုးသေချာပေါက်ရောက်နိုင်တယ်.. အားလုံးထက်တောင်မှဒီသခင်လေးကသာသွားအုံးမယ်”
ရှစ်ဖုန့်ကကိုယ့်ကိုယ်ယုံကြည်မှုရှိသကဲ့ သို့စိတ်ပိုင်းဖြတ်ထားသောမျက်နှာမျိုး ဖြင့်ပြောလိုက်သည်။
ဤအခိုက်အတန့်တွင် ဝတ်ရုံနက်ကလည်းရှစ်ဖုန့်ကိုကြည့်လိုက်သည်။ ရှစ်ဖုန့်၏မျက်နှာထက်ရှိ စိတ်ပိုင်းဖြတ်ထားပြီးလေးနက်သောအမူအယာ အား တွေ့ရသောအခါ၌ ရုတ်ခြည်း သူမအနေဖြင့် လှည့်စားခံလိုက်ရသကဲ့သိုပင်ဖြစ်သွားသည်။ သူမအနေဖြင့် ကောင်းကင်ထဲ၌ဝင့်ကြွားစွာရပ်နေပြီး အရိုင်းတိုက်ကြီးတစ်ခုလုံးအားအထက်စီး မှကြည့်နေသည့် ပုံရိပ်တစ်ခုကိုတကယ်မြင်တွေ့လိုက်ရ သကဲ့သို့ပင်ဖြစ်သည်။
ထို့နောက်ဝတ်ရုံနက်က လျှင်မြန်စွာအသိဝင်လာပြီး မှားယွင်းသောအတွေးများအား ခေါင်းထဲမှ အမြန်ထုတ်လိုက်သည်။ သူ၏အကြည့်ကရှစ်ဖုန့်ပေါ်နောက် တစ်ကြိမ်ကျရောက်သွားပြီး ငယ်ရွယ်ပြီးထူးခြားသောမျက်နှာပေါ်သို့အာရုံစူးစိုက်လိုက်သည်။
ဝတ်ရုံနက်ကခဏကြာသည်အထိဘာမှပြောခြင်းမရှိပေ။ ခဏကြာပြီးနောက် ဝတ်ရုံနက်ကပြောလိုက်သည်။
“သွားစို့.. အဘွားဇူးက တောအုပ်ထဲကလမ်းကိုပြောပြပြီးပြီ. အဲ့လမ်းအတိုင်းငါတို့သွားတာနဲ့ ဒီတောအုပ်ထဲကမထွက်ခင်အထိဘာ အန္တရာယ်မှကြုံရမှာမဟုတ်ဘူး”
“ကောင်းပြီ.သွားစို့”
ဝတ်ရုံနက်၏ စကားတို့အားကြားသောအခါတွင် ရှစ်ဖုန့်ကအနည်းငယ်ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
ထို့နောက်သူနှင့်ဝတ်ရုံနက်တို့က တစ်ချိန်တည်းတွင်ဖျက်ခနဲဖြစ်သွားပြီး ဟင်းလင်းပြင်ထဲမှပျောက်ကွယ်သွားသည်။
“ဂါး..ဂါး.ဂါး”
သုံးရက်ရှိသွားပြီဖြစ်သည်။ ဤခြောက်ခြားဖွယ်ကောင်းသော တောအုပ်အတွင်း၌ လှည့်လည်သွားနေခဲ့သည်မှာသုံးရက်ရှိသွားပြီဖြစ်သည်။အနက်ရောင်ရေလွှမ်းနဂါးနှင့်၎င်း၏ စစ်တပ်မှာ လူတစ်ယောက်သို့မဟုတ် မိုးကြိုးကပ်ဘေး၏ သဲလွန်စတစ်စွန်းတစ်စလေးပင် မမြင်တွေ့ရသေးပေ။
အနက်ရောင်ရေလွှမ်းနဂါးမှာသူ၏ နတ်ဆိုးသားရဲများကို ပင် လမ်းကြောင်းထောက်လှမ်းရန်စေလွှတ်ခဲ့ သေးသည်ဖြစ်သည်။ သို့သော် နတ်ဆိုးသားရဲများမှာ မှောင်မိုက်သောတောအုပ်အတွင်း ပျောက်ကွယ်သွားသည်သာမက ပြန်ပင်မလာခဲ့ကြပေ။
“ချီးပဲ. ဒီစုတ်ပြတ်သတ်နေတဲ့နေရာမှာ ဘဝတစ်လျှောက်လုံး ပိတ်မိနေတော့မှာလား”
အနက်ရောင်မိုးကြိုးနဂါးက ကြမ်းကြုတ်ခက်ထန်စွာပြောလိုက်သည်။
၎င်း၏လွန်စွာကြီးမားသော နဂါးခန္ဓာကိုယ်ကြီးက လှုပ်ရှားသွားပြီး ရှေ့သို့တစ်ဟုန်ထိုးပျံသန်းလိုက်သည်။အနက်ရောင်မြွေကြီးကြောင့် ထူးဆန်းသောသစ်ပင်များကအဆက်မပြတ်လဲပြိုကျနေသည်။
မှောင်မိုက်ပြီးအုံ့မှိုင်းသော တောအုပ်ကြီးက ထပ်မံ ဖရိုဖရဲဖြစ်လာပြီး မြည်ဟိန်းသံများ ဆက်တိုက်ထွက်ပေါ်နေသည်။
ဤအခိုက်အတန့်တွင် မြင့်မားသောအမြန်နှုန်းဖြင့်ပျံသန်းနေသော အနက်ရောင်ရေလွှမ်းနဂါးက အကွာအဝေးတစ်ခုအတွင်းမှ ပုံရိပ်တစ်ခုကို ရုတ်ခြည်းမြင်တွေ့လိုက်ရသည်။ ၎င်းကတကယ်ကိုပုံရိပ်တစ်ခုဖြစ်သည်။
သို့သော်ဤလူက တစ်မီတာလောက်သာရှည်ပြီး ပုံစံကလွန်စွာအိုမင်းသောအမျိုးသမီးတစ်ဦးနှင့်တူသည်ဖြစ်သည်။
အဘွားအိုအားမြင်တွေ့လိုက်ရပြီးနောက် အနက်ရောင်ရေလွှမ်းနဂါး၏ပျံသန်းနေသောပုံရိပ်က ရုတ်ခြည်းအရှိန်တင်လိုက်သည်။ နဂါးကြီးကပါးစပ်ကိုဖွင့်ဟပြီး ခမ်းနားသောအသံဖြင့်အဘွားအိုကို အော်ပြောလိုက်သည်။
“သောက်အဘွားကြီး..ငါမင်းကိုမေးပါရစေ.. မင်း……….”
အနက်ရောင်ရေလွှမ်းနဂါးက “မင်း” ဟုပြောနေချိန်မှာပင်သူ၏ ဧရာမကိုယ်ကြီးက ရုတ်ခြည်းရပ်တန့်သွားသည်။ ယင်းမှာအဘွားအိုက လှည့်လိုက်ပြီး သူ့ထံသို့အိုမင်းသောမျက်နှာဖြင့်ကြည့် နေသောကြောင့်ဖြစ်သည်။
တစ်မီတာသာရှိသောအဘွားအို၏စိုက်ကြည့်မှုအားခံလိုက်ရသောအခါတွင် အနက်ရောင်ရေလွှမ်းနဂါးမှာ ရှေးဟောင်းကြမ်းကြုတ်ခက်ထန်သောသားရဲကြီးတစ်ကောင်က စိုက်ကြည့်နေသကဲ့သို့ရုတ်ခြည်းခံစားလိုက်ရသည်။ အဘွားအို၏မျက်နှာထက်ရှိမျက်လုံးတို့က ဓားများကဲ့သိုပင်ဖြစ်သည်။ အနက်ရောင်ရေလွှမ်းနဂါးမှာတစ်ကိုလုံး အားဖောက်ထွင်းခံရတော့မည့်သကဲ့သို့ခံစားရပြီး သူ၏တစ်ကိုယ်လုံးက အေးစက်သွားသည်။
ဤတစ်ကြိမ် သံမဏိပြားကိုမှသူသွားကန်မိမှန်းအနက်ရောင်ရေလွှမ်းနဂါးသိသည်ဖြစ်သည်။ ဤခြောက်ခြားဖွယ်ကောင်းသောတောအုပ်အတွင်း ထိုကဲ့သို့ကြောက်မက်ဖွယ်ကောင်းသော အဘွားအိုတစ်ဦးကမရိုးရှင်းမှန်းသူသိသင့်သည်ဖြစ်၏။
“ထွက်သွား”
ထို့နောက်မကြာခင်အဘွားအို၏ပါးစပ်မှ အေးစက်သောအော်သံတစ်ခုထွက်ပေါ်လာသည်။
အဘွားအို၏စကားအားကြားရသောအခါတွင် အနက်ရောင်ရေလွှမ်းနဂါးမှာ သူ၏ပခုံးထက်မှလေးလံသော ဝန်ထုပ်ကြီးအား မတင်ခံလိုက်ရသကဲ့သို့ခံစားလိုက်ရသည်။ အနက်ရောင်ရေလွှမ်းနဂါးက အလျှင်အမြန်ခေါင်းညိမ့်လိုက်ပြီးအဘွားအိုကိုပြောလိုက်သည်။
“ဟုတ်ကဲ့. ဟုတ်ကဲ့ ..ကျွန်တော်ထွက်သွားပါ့မယ်..ထွက်သွားပါ့မယ်.. ကျွန်တော်ချက်ချင်းထွက်သွားပါ့မယ်”
ရုတ်ခြည်း၎င်း၏ဧရာမကိုယ်ကြီးအား လှည့်ပတ်လိုက်ပြီး ဦးတည်လာနေသည့်များပြားလှသော နတ်ဆိုးသားရဲစစ်တပ်အုပ်ကြီးကိုကြည့်၍ အနက်ရောင်နဂါးက အော်ပြောလိုက်သည်။
“ထွက်သွား. မင်းတို့အားလုံး လာရာလမ်းအတိုင်းပြန်သွားကြ. ကိုယ်လာခဲတဲ့နေရာကိုယ်ကိုယ်ပြန်သွားကြစမ်း”
ဆက်ရန်………………
ဘာသာန်ပြန်သူ-ARISE