← Chapters

အခန်း (၁၀၁၄)

Vol. 68 Ch. 1014

အခန်း (၁၀၁၄)

Vol. 68 Ch. 1014

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၈)

အပိုင်း(၁၀၁၄)

ဝတ်ရုံနက်၏လမ်းပြမှုအောက်တွင်ရှစ်ဖုန့်နှင့်သူမတို့က နွယ်ပင်များဖုံးလွှမ်းနေသောဧရိယာမှထွက်ခွာလာကာ မှောင်မိုက်ပြီးခြောက်ခြားဖွယ်ကောင်းသောတောအုပ်အတွင်းသို့ပြန်လည်ရောက်ရှိလာသည်။

ထို့နောက်ရှစ်ဖုန့်က ဝတ်ရုံနက်၏နောက်မှဆက်လက်လိုက်ပါလာပြီး သူတို့၏ပုံရိပ်များက မြင့်မားသောအမြန်နှုန်းတစ်ခုဖြင့်ရှေ့သို့ရွေ့လျားနေကာ တောအုပ်ကိုလျှင်လျှင်မြန်မြန်ပင်ဖြတ်ကျော်နေသည်။

ရှစ်ဖုန့်ကပါးစပ်ကိုဖွင့်ဟပြီး ဝတ်ရုံနက်ကိုမေးလိုက်သည်။

“အဲ့စီနီယာ. မင်းနဲ့သူနဲ့ကြားထဲမှာ ဆက်နွယ်မှုတစ်ချို့ရှိတယ်လို့မင်းပြောပြီး သူ့ကိုမင်းက အဘွားလို့ခေါ်တယ်. မင်းနဲ့သူနဲ့ကြားထဲကဆက်ဆံရေးကဘာလဲ”

“သူကငါ့ရဲ့အဘွားပဲ. ငါရဲ့ဘိုးဘေး”

ဝတ်ရုံနက်ကပြန်ဖြေသည်။

“ဘိုးဘေးလား”

“အင်း.ဘိုးဘေး. ငါတို့ရဲ့မျိုးဆက်သွေးအမွေကိုပေးခဲ့တဲ့ဘိုးဘေး..သူ့ရဲ့သွေးတွေကငါ့ရဲ့သွေးကြောတွေထဲမှာ စီးဆင်းနေတယ်”

ဝတ်ရုံနက်က‌ပြောသည်။

“လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်လောက်က မိသားစုကနေ သူမရုတ်တရက်ကြီးပျောက်သွားတယ်ဆို့ ကောလဟာက ငါတို့မျိုးနွယ်ထဲမှာရှိတယ်.. သူဒီကိုလာနေလိမ့်မယ်ဘယ်သူကထင်မိမှာလဲ”

နောက်ဆုံးစကားအားပြောချိန်တွင် ဝတ်ရုံနက်၏အသံ၌ ဝမ်းနည်းမှုတို့ပါဝင်နေသည်။

ဤအဘွားအိုအသက်ရှင်နေထိုင်ခဲ့ သည်ကားတော်တော်ကြီး ကြာမြင့်နေပြီဖြစ်လောက်၏။

ဝတ်ရုံနက်ကသူမ၏မျိုးဆက်မှဆင်းသက်လာသူဖြစ်သောကြောင့် သူမ၏အမွေအနှစ်အား လွှဲပြောင်းပေးသည်ကား အံ့အားသင့်စရာတစ်ခုတော့မဟုတ်ပေ။

တောအုပ်အားလျှင်မြန်စွာရွေ့လျား ဖြတ်ကျော်နေသောရှစ်ဖုန့်က မလှမ်းမကမ်းမှအလင်းရောင်ကို ဖြည်းဖြည်းချင်းမြင်တွေ့လာရသည်။ သူ့ထံသို့တစ်ဟုန်ထိုးလာနေသော ပုံမှန်မဟုတ်သည့် အပူအော်ရာတစ်ခုကိုပင် သူခံစားရ၏။

ရှစ်ဖုန့်၏ဘေး၌ရှိနေသောဝတ်ရုံနက်ကပြောသည်။

“ငါတို့တွေဒီတောအုပ်ထဲကနေထွက်တော့မယ်.. အဘွားပြောပြတာကိုကြားခဲ့ရသလောက်ဆိုရင်.. ငါတို့ရှေ့ကနယ်မြေကို နေကိုးစင်းကုန်းမြေလို့ခေါ်တယ်”

ဝတ်ရုံနက်၏စကားတို့အားကြားရသောအခါတွင် ရှစ်ဖုန့်က ၎င်းတို့ရှေ့မှနယ်မြေ၏နမည်အား တီးတိုးရေရွတ်လိုက်သည်။

“နေကိုးစင်းကုန်းမြေတဲ့လား”

ဝတ်ရုံနက်ကပြောသည်။

“ဒီနေကိုးစင်းကုန်းမြေက ရှေးခေတ်အချိန်ကာလက ငါတို့ရဲ့ အရိုင်းတိုက်ကြီးကို ပုံစံတူကူးယူထားတာလို့ငါကြားတယ်. အဲ့ဒီခေတ်ကာလတုန်းက ငါတို့ရဲ့အရိုင်းတိုက်ကြီးမှာ နေလုံးကိုးစင်း ပေါ်လာခဲ့ပြီး သူတို့ကို နေကိုးစင်းလို့ခေါ်တယ်လို့ပြောတယ်”

နေကိုးစင်းပေါ်လာချိန်မှာ ကုန်းမြေဟာ ခြစ်ခြစ်တောက်အောင်ပူလာပြီး မရေတွက်နိုင်တဲ့အားနည်းတဲ့သတ္တဝါတွေ အသက်မရှင်နိုင်ခဲ့ကြဘူး. အဲ့နေကိုးစင်းခေတ်မှာ သက်ရှိတွေဘယ်လောက်တောင်သေခဲ့လဲဆိုတာကို ဘယ်သူသိနိုင်မှာလဲ”

“နောက်ပိုင်း လူသားမျိုးနွယ်က စွမ်းအားကြီးနတ်ဘုရားတစ်ပါးက နေကိုးစင်းအောက်မှာ သတ္တဝါတွေဒုက္ခခံစားနေရတာကို မကြည့်ရက်နိုင်တော့တာကြောင့် သူ့ရဲ့ကြီးမြတ်တဲ့နတ်ဘုရားစွမ်းအား ကိုအသုံးပြုခဲ့ပြီး နေရှစ်စင်းကိုဖျက်ဆီးပစ်ခဲ့တယ်..အဲ့နောက် ဒီနေ့ခေတ်ငါတို့မြင်နေရတဲ့နေတစ်စင်းပဲကျန်ရစ်ခဲ့တယ်”

ဝတ်ရုံနက်ပြောသည့်ဇတ်လမ်းအားကြားပြီးနောက် ရှစ်ဖုန့်တစ်ယောက်တုန်လှုပ်အံ့အားသင့်သွားရသည်။

“အစစ်အမှန်နတ်ဘုရားတစ်ပါး၏စွမ်းအားက နေတစ်စင်းကိုတောင်ဖျက်ဆီးပစ်နိုင်တယ်”

ဤအရိုင်းတိုက်ကြီးသို့ရောက်လာခဲ့ပြီးနောက် များစွာသောအံ့အားသင့်စရာများနှင့် ဇတ်လမ်းများကို တကယ်ကြီးကြားသိရသည်ဖြစ်သည်။

ဤအချိန်တွင် ရှစ်ဖုန့်၏ခန္ဓာကိုယ်အတွင်းမှ ကောင်းကင်သူတော်စင်မီးတောက်၏ အသံထွက်ပေါ်လာသည်။

“တကယ်တော့ ဒီဒဏ္ဍာရီက ငါတို့ထျန်းဟန်တိုက်ကြီးမှာလည်းရှိခဲ့တယ်”

“ထျန်းဟန်တိုက်ကြီးမှာလား”

ရှစ်ဖုန့်မှာထပ်မံအံ့အားသင့်သွားသကဲ့သို့ ကောင်းကင်သူတော်စင်မီးတောက်နှင့်ဆက်သွယ်လိုက်သည်။

“ငါတို့ထျန်းဟန်တိုက်ကြီးမှာ ငါမွေးဖွားမလာသေခင် ရှေးရှေးတုန်းက နေကိုးစင်းခေတ်ရှိခဲ့တယ်..နေကိုး စင်းပေါ်ပေါက်လာမှုက ငါတို့ထျန်းဟန်တိုက်ကြီးက မျိုးနွယ်စုများစွာကို အကုန်အစင်ဖျက်ဆီးပစ်ခဲ့တယ်..”

ကောင်းကင်သူတော်စင်မီးတောက်ကပြောသည်။

“အဲ့နောက်ဘာတွေဖြစ်ခဲ့လဲ”

ရှစ်ဖုန့်ကမေးလိုက်၏။

ရှစ်ဖုန့်၏မေးခွန်းအားကြားသောအခါတွင် ကောင်းကင်သူတော်စင်မီး တောက်ကပြန်ဖြေသည်။

“ဒဏ္ဍာရီအရတော့ တစ်နေ့မှာ ဘာတွေဖြစ်ပျက်သွားလဲဆိုတာ ဘယ်သူမှမသိခဲ့ကြဘူး.အဲ့နေ့မှာ နေရှစ်စင်းက ရုတ်တရက်ကြီးပျောက်ကွယ်သွားပြီး နေတစ်စင်းပဲကျန်ခဲ့တယ်”

“ဘာပဲဖြစ်ဖြစ် ကောလဟာလတွေကအများကြီးရှိနေပေမဲ့ သူတို့နဲ့ဆင်တူတဲ့ တစ်ခုတော့ရှိခဲ့တယ်. ရှေးခေတ်စွမ်းအားကြီးမားသူတစ်ဦးက သာမန်လူတွေဒုက္ခခံစားနေရာတာကို မကြည့်ရက်တော့လို့ သူ့ရဲ့ကြီးမြတ်တဲ့စွမ်းအားကိုအသုံးပြုပြီး နေရှစ်စင်းကိုဖျက်ဆီးပစ်ခဲ့တာတဲ့”

ကောင်းကင်သူတော်စင်မီးတောက်သူ့အားပြောပြသည့် ဒဏ္ဍာရီက ဝတ်ရုံနက်သူ့အားပြောပြသည့်တစ်ခုနှင့် တစ်ထေရာတည်းနီးပါးတူညီသည်ဖြစ်သည်။

အရိုင်းတိုက်ကြီးနှင့်ထျန်းဟန်တိုက်ကြီး၌ နေကိုးစင်းနှင့်ပက်သက်ပြီး တူညီသော ဒဏ္ဍာရီတစ်ခုရှိနေလိမ့်မည်ဟု မည်သူကထင်ပါမည်နည်း။

ထိုသို့သာဆိုလျှင် အရိုင်းတိုက်ကြီးနှင့်ထျန်းဟန်တိုက်ကြီးတို့က ခေတ်တစ်ခုတည်း၌ဖြစ်ပေါ်ခဲ့ကြပြီး တိုက်ကြီးနှစ်ခုလုံးအတွင်း၌ရှိနေသည့် နေတို့က တူညီမှုတစ်ခုတည်းများဖြစ်နေမည်လော။

ဘယ်လိုလုပ်ပြီး တိုက်ကြီးနှစ်ခုက တစ်ခုနှင့်တစ်ခုပက်သက်ဆက်နွယ်နေခဲ့ပါသနည်း။

၎င်းတို့၏ဇတ်လမ်းများအားကြားပြီးနောက်ရှစ်ဖုန့်ကသူ့ဖာသာသူ တွေးလိုက်သည်။

ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့က ရှေ့သို့ လျှင်မြန်စွာရွေ့လျားနေသကဲ့သို့ ကောင်းကင်နှင့်မြေပြင်ကြားထဲမှ အပူချိန်ကလည်း ဖြည်းဖြည်းချင်း ပိုပူသည်ထက်ပိုပူလာသည်ကို ခံစားရပြီး အလင်းရောင်ကလည်းပို၍တောက်ပ သည်ထက်တောက်ပလာသည်ကို တွေ့ရသည်။

မကြာခင် ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့က ထူးဆန်းသောတောအုပ်အတွင်းမှ လျှင်မြန်စွာထွက်လာပြီး ခြစ်ခြစ်တောက်ပူပြီး မျက်စိကျိန်းမတက်တောက်ပသော ကမ္ဘာသို့ရောက်လာသည်။

ပုံရိပ်နှစ်ခုက ယခင်ကတည်းကတိုင်ပင်ထားသည့်အလားတစ်ချိန်တည်းပြိုင်တူရပ်လိုက်ကြသည်။

နေကိုးစင်းကုန်းမြေ။

ဟင်းလင်းပြင်အတွင်း ကောင်းကင်ယံ၏မြင့်မားသောနေရာ၌ နေကိုးစင်းက တွဲလဲခိုနေပြီး မျက်စိကျိန်းလောက်စရာကောင်းသော နေရောင်အလင်းနှင့် ခြစ်ခြစ်တောက်ပူပြင်းသောအပူ တို့ကိုထုတ်လွှတ်ကာ ကမ္ဘာတစ်ခွင်အပူရှိန်တို့ဖြင့် လွှမ်းမိုးထားသည်။

ကမ္ဘာတစ်ခုလုံးက ဧရာမမီးပြင်းဖိုကြီးတစ်ခုနှယ်ဖြစ်နေသည်။ နေရာတစ်ခုလုံးက ခြစ်ခြစ်တောက်ပူပြင်းသောအပူအောက်၌ အဆက်မပြတ်ဆူပွက်နေပြီး ကမ္ဘာတစ်ခုလုံးအား တစ်မျိုးကြီးခံစားရသည့်နှယ်ဖြစ်ပေါ်စေ၏။

မြေပြင်ကလုံးဝခြောက်ကပ်နေပြီး အကင်ခံထားရသလိုဖြစ်နေသည်။ ၎င်းမှပူပြင်းသောမီးခိုးငွေ့များတလူလူထနေပြီး လေထုအတွင်း၌ ညှော်နံ့တို့ဖြင့်ပြည့်နှက်နေ၏။

အသက်ရှူသွင်းလိုက်သောလေကပင် ခြစ်ခြစ်တောက်ပူနေသည်။

ရှစ်ဖုန့်က မြင့်မားသောကောင်းကင်ယံထဲမှ နေကိုးစင်းကိုမော့ကြည့်လိုက်ပြီး တီးတိုးရေရွတ်ပြောလိုက်သည်။

“ဒါကသက်ရှိတွေဖန်တီးထားတဲ့ နေကိုးစင်းကုန်းမြေတစ်ခုပဲ”

၎င်းကဖန်တီးခံထားရသည့်နေကိုးစင်းကုန်းမြေဖြစ်သော်လည်း အရမ်းကိုခြစ်ခြစ်တောက်ပူပြင်းပြီး ကြောက်မက်ဖို့ကောင်းလှသည်ဖြစ်သည်။ထိုသို့သာဆိုလျှင် ရှေးခေတ်အချိန်ကာလ ကောင်းထဲ၌အစစ်အမှန်နေကိုးစင်းရှိနေသောအချိန်တွင် ပတ်ဝန်းကျင်က မည်မျှကြောက်မက်ဖွယ်ကောင်းလိုက်မည်နည်း။ ထိုခေတ်က များစွာသောမျိုးနွယ်စုများမျိုးသုဉ်းသွားရပြီး မရေတွက်နိုင်သည့်သက်ရှိသတ္တဝါများ သေကြေပျက်စီးကြရသည်မှာ အံ့အားသင့်စရာမဟုတ်တော့ပေ။

နေကိုးစင်းသာအတူတကွဆိုလျှင် ၎င်းတို့ထုတ်လွှတ်သောအပူချိန်က စိတ်ကူး၍ရနိုင်လိမ့်မည်မဟုတ်ပေ။ အားနည်းသောသက်ရှိသတ္တဝါများ နှင့်အားနည်းသောလူသားမျိုးနွယ် များအနေဖြင့်မည်ကဲ့သို့ရှင်သန်နိုင်ပါမည်နည်း။

“ဒီအလွန်ပူပြင်းတဲ့ကုန်းမြေက ရှေးဟောင်းအပျက်စီးနယ်မြေထဲမှာရှိနေတာ နှစ်တွေမရေတွက်နိုင်လောက်အောင်ကြာခဲ့ပြီ..ဒီလိုပတ်ဝန်းကျင်မှာသာဂရုတစိုက်နဲ့ရှာဖွေရင် အစွန်းယောက်ယင်စွန်းအင် ဒါမှမဟုတ် အစွန်းရောက်ယန်စွမ်းအင်နဲ့ပက်သက်တဲ့တစ်ခုခုကို တွေ့နိုင်လောက်တယ်.”

ကောင်းကင်သူတော်စင်မီးတောက်ကရှစ်ဖုန့်အားသတိပေးလိုက်သည်။

အစွန်းရောက်ယန်စွမ်းအင်ကဲ့သို့သောအရာမျိုးအား ဤကဲ့သို့ လွန်စွာပူပြင်းပြီး နှစ်ပေါင်းမရေတွက်နိုင်လောက်အောင် ကြာမြင့်နေခဲ့သော ကုန်းမြေမှ ထုတ်လွှတ်နိုင်ချေများဖြစ်သည်။

သို့သော်ကိစ္စတိုင်း၌ အမြဲတမ်း ဆန့်ကျင်ဘက်ဆိုတာရှိသည်ဖြစ်၏။ ဤကဲ့သို့ လွန်စွာပူပြင်းသောကုန်းမြေတွင် အစွန်းယောက်ယင်ကဲ့သို တစ်စုံတစ်ခုလည်းရှိလိမ့်မည်ဖြစ်သည်။ ဤကဲ့သို့ လွန်စွာပူပြင်းသောကုန်းမြေမှ အစွန်းရောက်ယင်ကဲ့သို့သောတစ်စုံတစ်ခုကိုသာထုတ်လုပ်ခဲ့လျှင် ယင်းက အံ့ဖွယ်ထူးခြားဖြစ်လိမ့်မည်ဖြစ်သည်။

“ဒီသခင်လေးသိတယ်”

ရှစ်ဖုန့်ကပြန်ဖြေသည်။

သူတို့ကရှေးဟောင်းအပျက်အစီးနယ်မြေအတွင်းသို့ရတနာများရှာဖွေရန်လာခဲ့ခြင်းဖြစ်သည်။ ယခုသူတို့ကလွန်စွာပူပြင်းသောကုန်းမြေသို့ရောက်ရှိနေပြီဖြစ်သောကြောင့် ယင်းအားလွဲချော်ခံမည်မဟုတ်ပေ။

သို့သော် ရှစ်ဖုန့်၏ အမြဲသတိရှိနေသောနှလုံးသားက အနည်းငယ်မျှပင် သက်သာရာရနေခြင်းမရှိပေ။ ဤကဲ့သို့လွန်စွာပူပြင်းသောကုန်းမြေ၌ အခွင့်အလမ်းများက ပြည့်နှက်နေသော်လည်း စိတ်ကူး၍မရနိုင်လောက်သည့် အန္တရာယ်များကလည်းပြည့်နေမည်သာဖြစ်သည်။

ဤကုန်းမြေမှထုတ်လုပ်သည့် အစွန်းရောက်ယန်က အံ့ဖွယ်ထူးခြားဖြစ်နေမည်ဆိုလျှင် ထိုနေရာ၌မွေးဖွားလာသည့် သက်ရှိများကလည်းထို့နည်း တူသာဖြစ်လိမ့်မည်ဖြစ်သည်။

ပတ်ဝန်းကျင်အားခဏကြာ အောင်အာရုံခံပြီးနောက် ရှစ်ဖုန့်ကခေါင်းကိုလှည့်လိုက်ပြီး ဘေးရှိဝတ်ရုံနက်ကိုကြည့်လိုက်သည်။

“သွားစို့”

“သွားစို့”

ဝတ်ရုံနက်ကပြန်ဖြေသည်။ ထို့နောက် နှစ်ယောက်သား ဖျက်ခနဲထပ်မံဖြစ်သွားပြီး သူတို့ရှေ့ရှိ ပို၍ပူပြင်းသော ကမ္ဘာအတွင်းသို့ဝင်ရောက်သွားသည်။

ရှစ်ဖုန့်၏ဝိညာဉ်စွမ်းအားအား အရပ်မျက်နှာအနှံ့သို့ဖြန့်ကျတ်လိုက်ပြီး ပတ်ဝန်းကျင်ကိုအာရုံခံလိုက်၏။

မြင့်မားသောအပူရှိန်အတွင်း နှစ်ယောက်သားအကင်ခံရသလိုစတင်ဖြစ်လာသည်။

မွန်းစတားနတ်ဘုရားသင်္ချိုင်း၏နောက်ထပ်ဧရိယာတစ်ခုအတွင်းတွင် ကြမ်းကြုတ်ခက်ထန်သော သားရဲတို့၏မရေတွက်နိုင်သောအရိုးများက မျက်စိတစ်ဆုံးမြင်တွေ့ရနိုင်၏။ဤအရိုးကုန်းမြေအတွင်း ကြေးညိုရောင်စစ်ရထားတစ်စီးက တစ်ဟုန်ထိုးဒုန်းစိုင်းပြေးနေသည်။ စစ်ရထားအား စွမ်းအာကြီးအော်ရာများကိုထုတ်လွှတ်နေသည့် စွမ်းအားကြီးသားရဲသုံးကောင် ကဆွဲထားခြင်းဖြစ်သည်။

ဤသားရဲသုံးကောင်၏အော်ရာက နတ်ဆိုးရိုင်းတောင်တန်း၏ဘုရင်ဖြစ်သူ အနက်ရောင်ရေလွှမ်းနဂါး ထက်အားနည်းခြင်းမရှိပေ။

၎င်းတို့သုံးကောင်လုံးက ကြယ်နှစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်များဖြစ်ကြသည်။

ယင်းကအလွန်အမင်းဟိတ်ဟန်ကြီးခြင်းဖြစ်သည်။ကြေးညိုရောင် စစ်ရထားအတွင်း၌ ထိုင်နေသောလူ၌မြင့်မားသော အဆင့်အတန်းတစ်ခုရှိနေသည်မှာသိသာသည်။

မွန်းစတားနတ်ဘုရားသင်္ချိုင်းအတွင်း နောက်ထပ်နက်နဲသောပုံရိပ်တစ်ခု ရောက်ရှိလာပြီဖြစ်သည်။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters