← Chapters

အခန်း (၁၀၁၆)

Vol. 68 Ch. 1016

အခန်း (၁၀၁၆)

Vol. 68 Ch. 1016

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၈)

အပိုင်း(၁၀၁၆)

အပြာရောင်မီးတောက်စိတ်ဝိညာဉ်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ထူးဆန်းစွာအော်ဟစ်လိုက်သကဲ့သို့ မိုးကြိုးလက်သီးကလည်း ၎င်းကို အစိပ်စိပ်အမွှာမွှာချေမွပစ်လိုက်၏။

ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်ပေါ်၌ သွေးနီရောင်မီးတောက်တို့ ပုံမှန်အတိုင်းတောက်လောင်လာပြီး အစိပ်စိပ်အမွှာမွှာပြန့်ကျဲသွားသော အပြာရောင်မီးတောက်တို့ထံသို့ လှိမ့်ဝင်သွားသည်။ ချက်ချင်းဆိုသလိုပဲ ကောင်းကင်သူတော်စင်မီးတောက်က အပြာရောင်မီးတောက်စွမ်းအင်တို့ကို ဝါးမျိုးပြီး ရှစ်ဖုန့်ထံသို့ ပြန်လည်လှိမ့်ဝင်လာကာ တောက်လောင်နေရာမှ ရှစ်ဖုန့်၏ကိုယ်အတွင်းသို့ ပြန်လည်လှိမ့်ဝင်သွားသည်။

ကောင်းကင်သူတော်စင်မီးတောက်နှင့်အနက်ရောင်မိုးကြိုးတို့က ရှစ်ဖုန့်၏ခန္ဓကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသောအခါတွင် သူ၏ဒန်တန်အတွင်းမှစွမ်းအင်က အနည်းငယ်တိုးပွားလာသည်ကို ရှစ်ဖုန့်ချက်ချင်းခံစားလိုက်ရသည်။

“ခ.ခ.ခ.ခ.ခ.ခ.ခ.”

နတ်ဘုရားတစ်ပိုင်းနယ်ပယ် စွမ်းအားရှိသော မီးတောက်စိတ်ဝိညာဉ်နှစ်ခု ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ရုတ်ခြည်းဆိုသလို ဤနယ်မြေအတွင်း ဖရိုဖရဲနှင့် ထူးဆန်းသောအော်မြည်သံများက ဆက်တိုက်ထွက်ပေါ်လာသည်။

ရှစ်ဖုန့်နှင့် ဝတ်ရုံနက်တို့ထံသို့ တစ်ဟုန်ထိုးလာနေခဲ့သော မီးတောက်စိတ်ဝိညာဉ်တို့မှာ လျှင်မြန်စွာပြန်လည်ဆုတ်ခွာသွားကြ၏။

၎င်းတို့အနေဖြင့်အသက်ရှိနေပုံရကာ ဤစွမ်းအားကြီးလူသား၏စွမ်းအားကို ကြောက်လန့်သွားကြပုံရ၏။

သို့သော် ရှစ်ဖုန့်အနေဖြင့်၎င်းတို့အားမည်ကဲ့သိုအလွယ်တကူ ဆုတ်ခွာသွားခွင့်ပြုနိုင်မည်နည်း။ ၎င်းတို့အားစိတ်ရှိတိုင်းလာပြီးစိတ်ရှိတိုင်းပြန်ထွက်သွားခွင့်မည်ကဲ့သို့ပြုနိုင်ပါမည်နည်း။

ဤအခိုက်အတန့်တွင် ပြင်းထန်သောမိုးကြိုးတို့နှင့် ပြင်းထန်သောမီးတောက်များက ရှစ်ဖုန့်၏ခန္ဓာကိုယ်မှဆက်တိုက်ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ဖြင့်ပျံ့နှံ့သွားသည်။

ရှစ်ဖုန့်၏နယ်နိမိတ်သတ်မှတ်လိုက်မှုနှင့်အတူ အထက်ကောင်းကင်ယံက ပြင်းထန်သောအနက်ရောင်မိုးကြိုးပင်လယ်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး အောက်ဘက်မြေပြင်က သွေးနီရောင်မီးတောက်ပင်လယ်ပြင် တစ်ခုအဖြစ်ပြောင်းလဲသွားသည်။

ရုတ်ခြည်း အဆင့်အမျိုးမျိုးရှိသည့် ရာနှင့်ချီသောမီးတောက် စိတ်ဝိညာဉ်များမှာ မိုးကြိုးနှင့်မီးတောက်တို့၏ဝါးမျိုခြင်း ကိုခံလိုက်ရသည်။

သို့သော်ဤမီးတောက်စိတ်ဝိညာဉ်များက လွန်စွာမြန်ဆန်သည်ဖြစ်၏။ ၎င်းတို့ထဲမှအချို့က ပြန့်ကျဲနေသော အနက်ရောင်မိုးကြိုးတို့နှင့်သွေးနီရောင်မီးတောက်ထို့ထံမှ ဖောက်ထွက်ပြေးနိုင်ကြပြီး အဆုံးမဲ့သောအကွာအဝေးသို့ ဖျက်ခနဲရောက်ရှိသွားသည်။

ဤနယ်မြေတစ်ဝိုက်ရှိ မီးတောက်စိတ်ဝိညာဉ်များအားလုံး ပျောက်ကွယ်သွားသည်ကို ရှစ်ဖုန့်တစ်ယောက်အာရုံခံမိသောအခါတွင် ပြင်းထန်သောအနက်ရောင်မိုးကြိုးများနှင့် သွေးနီရောင်မီးတောက်တို့က သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်လှိမ့်ဝင်လာသည်။

အနက်ရောင်မိုးကြိုးများနှင့် သွေးနီရောင်မီးတောက်တို့က သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် လှိမ့်ဝင်လာသကဲ့သို့ ရှစ်ဖုန့်၏ဒန်တန်အတွင်းမှ စွမ်းအင်များကလည်း တိုးမြင့်လာသည်။

အနက်ရောင်မိုးကြိုးတို့နှင့် သွေးနီရောင်မီးတောက်များက ဤကမ္ဘာမှ လုံးဝပျောက်ကွယ်သွားသောအခါတွင် ရှစ်ဖုန့်၏ဒန်တန်အတွင်းမှ စွမ်းအင်က ဤမီးတောက်များ၏ သန့်စင်သောစွမ်းအင်များကို ဝါးမျိုပြီးသည့်နောက် ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းဖြစ်လာရန်အတွက်စွမ်းအင်ဆယ်ပုံတစ်ပုံသာလိုအပ်တော့သည်ဖြစ်သည်။

ပြောရလျှင် ၎င်းက ဆယ်ပုံတစ်ပုံသာဖြစ်သညသ်။

နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ရှစ်ဖုန့် ဝင်ရောက်လာပြီးနောက် နှစ်ဆယ့်နှစ်ယောက်သောနတ်ဘုရားတစ်ပိုင်းနယ်ပယ် လူသားကျင့်ကြံသူများနှင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် နတ်ဆိုးသားရဲနှစ်ကောင်ကို သတ်ခဲ့ပြီးဖြစ်သည်။ထို့နောက် ယင်ယန်စမ်းရေ အားစုပ်ယူပြီး မီးတောက်စိတ်ဝိညာဉ်ရာနှင့်ချီကိုဝါးမျိုခဲ့သည်ဖြစ်သည်။ ၎င်းတို့ထဲမှနှစ်ခုဆိုလျှင် ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဤမီးတောက်စိတ်ဝိညာဉ်များ၏ သန့်စင်သော မီးစွမ်းအင်တို့က သေဆုံးသွားသောကျင့်ကြံသူများ၏ သေခြင်းစွမ်းအင်နှင့် ခန္ဓာကိုယ်အတွင်းမှသွေးတို့ ထက် အကြိမ်များစွာပိုသန့်စင်သည်ဖြစ်သည်။

အရမ်းများပြလှသော စွမ်းအင်များကို ဝါးမျိုပြီး‌နောက် ရှစ်ဖုန့်၏ဒန်တန်က အဆင့်တက်လှမ်းနိုင်ရန်အတွက် စွမ်းအင်ဆယ်ပုံတစ်ပုံသာ လိုအပ်တော့သည်ဖြစ်သည်။

သူ့၌ကြယ်နှစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်တိုက်ခိုက်နိုင်စွမ်းရှိသည်ဖြစ်သော်လည်း ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ တက်လှမ်းရန်အတွက် ခရီးရှည်တစ်ခုသွားဖိုလိုအပ်သေးပုံရ၏။

မူကလပြင်းထန်နေသော စစ်မြေပြင်မှာ ပြွတ်သိပ်များပြားလှသော မီးတောက်စိတ်ဝိညာဉ်တို့၏ ပြန်လည်ဆုတ်ခွာသွားမှုကြောင့် ဖြည်းဖြည်းချင်းငြိမ်ကျလာသည်။

သို့သော် ဤကမ္ဘာမှာ ကောင်းကင်ထဲမှ နေကိုးစင်းနှင့်အတူ ခြစ်ခြစ်တောက်အောင်ပူနေဆဲဖြစ်သည်။ လေထုကပင် ပွက်ပွက်ဆူနေသောရေကဲ့သို့ ဆူပွက်နေ၏။

ဤအခိုက်အတန့်၌ ရှစ်ဖုန့်နှင့် ဝတ်ရုံနက်တို့က တစ်ယောက်နှင့်တစ်ယောက် သိပ်ဝေးမကွာနေပေ။ ၎င်းတို့နှစ်ယောက်လုံးက ဟင်းလင်းပြင်ထဲ၌ မျောလွင့်ရပ်တည်နေ၏။

ဤအချိန်တွင် နှစ်ယောက်လုံးက လှုပ်ရှားခြင်းမရှိပေ။ ရှစ်ဖုန့်မှာ တစ်စုံတစ်ခုအား နားထောင်နေသကဲ့သို့နားစွင့်နေသည်။

“ဘန်း”

“ဘန်း”

“ဘန်း”

“ဘန်း”

ရှစ်ဖုန့်၏နောက်ဘက်မှ စည်းချက်ညီသော မြည်ဟိန်းသံတစ်ခုက ဖြည်းဖြည်းချင်းထွက်ပေါ်လာသည်။

ရှစ်ဖုန့်နှင့် ဝတ်ရုံနက်တို့က လှည့်လိုက်ပြီး ထိုဘက်သို့ကြည့်လိုက်သည်။

“ဘန်း..ဘန်း.ဘန်း..ဘန်း”

ထို့နောက် ကျယ်လောင်သောဆူညံသံက ဖြည်းညှင်းစွာစတင်ထွက်ပေါ်လာပြီး ဖြည်းဖြည်းချင်းရှင်းလင်းလာသည်။ ယင်းမှာဧရာမမွန်းစတားကြီးတစ်ကောင်က ဤနေရာသို နီးကပ်သည်ထက်နီးကပ်စွာ လာနေသကဲ့သို့ဖြစ်သည်။

“ဘန်း..ဘန်း..ဘန်း.ဘန်း”

ကျယ်လောင်သော မြည်ဟိန်းသံများထွက်လာသကဲ့သို့ ရှစ်ဖုန့်နှင့် ဝတ်ရုံနက်တို့ရှိရာ ကုန်းမြေကလည်း စတင် လှုပ်ခါလာသည်။ မိုးကုပ်စက်ဝိုင်းပေါ်တွင် ဧရာမမီးတောက် မွန်းစတားကြီးတစ်ကောင်ကို ချက်ချင်း သူ တို့မြင်တွေ့လိုက်ရ၏။၎င်းမှာ မီးတို့တောက်လောင်နေသော ဧရာမ တောင်ကြီးတစ်လုံးကဲ့သို့ဖြစ်ပြီး သူတို့ထံသို့ ရွေ့လျားလာနေ၏။

ဤမီးတောက်မွန်းစတားကြီးအား မြင်တွေ့ရသောအခါတွင် ရှစ်ဖုန့်က ဝတ်ရုံနက်အားလျှင်မြန်စွာအော်ပြောလိုက်သည်။

“သွားစို့.သွားမယ်”

ဤမီးတောက်မွန်းစတားကြီး၏ စွမ်းအားကြီးအော်ရာက အကယ်၍ ၎င်း၏ခန္ဓာကိုယ်မှ မီးတောက်များနှင့်ထိတွေ့မိသည်နှင့် ပြာအဖြစ်ပြောင်းလဲကာ အခိုးအငွေ့အဖြစ် ပျောက်ကွယ်သွားရလိမ့်မည်ဟု သောခံစားချက်အား ရှစ်ဖုန့်ကိုပေးနေသည်။

“ဘန်း..ဘန်း.ဘန်း.ဘုန်း”

မီးတောက်မွန်းစတားကြီးက ကြီးမားသောခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းနေဆဲဖြစ်ပြီး သူတို့ထံသို့ တစ်ဟုန်ထိုးချဉ်းကပ်လာနေသည်။

ဤအခိုက်အတန့်တွင် ၎င်း၏လှုပ်ရှားမှုကြောင့် ကောင်းကင်နှင့်မြေပြင်ပင် ပြင်းထန်စွာစတင်လှုပ်ခါလာသည်။

သို့သော် ရှစ်ဖုန့်နှင့်ဝတ်ရုံနက် မှာ ဤနေရာ၌ထပ်မံကြာကြာနေရခဲခြင်းမရှိပေ။သူတို့၏ပုံရိပ်များက တစ်ချိန်တည်းဖျက်ခနဲဖြစ်သွားပြီး ဟင်းလင်းပြင်ထဲမှပျောက်ကွယ်သွားသည်။ထို့နောက် နှစ်ယောက်လုံးက မီးတောက်မွန်းစတားကြီးနှင့်ဆန့်ကျင်ဘက်သို့ ဖျက်ခနဲတစ်ရှိန်ထိုးဦးတည်သွားကြ၏။

“ဂါး”

မီးတောက်မွန်းစတားကြီး၏ ပါးစပ်မှ အရိုင်းဆန်သောဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ရုတ်ခြည်းဆိုသလို ကမ္ဘာတစ်ခုလုံး ပို၍ပို၍ ပြင်းထန်စွာလှုပ်ခါလာသည်။ ကမ္ဘာတစ်ခုလုံး၏အပူရှိန်ကလည်း ရုတ်ခြည်းဆိုသလို အကြိမ်ပေါင်းမရေတွက်နိုင်လောက်အောင် မြင့်တက်လာပြီး ဖော်ပြ၍မရနိုင်လောက်အောင် ပူပြင်းလာသည်။ မီးတောက်များက လေထုထဲ၌ပင်တောက်လောင်နေ၏။

“မွန်းစတားနတ်ဘုရားသင်္ချိုင်းက ရှေးခေတ်အချိန်ကာလကတည်းက စွန့်ပစ်ခံထားရတဲ့ပုံပဲ. မွန်းစတားနတ်ဘုရားရဲ့အကြွင်းအကျန်ကို မတွေ့ရသေးပေမဲ့ ဒီလိုမျိုးထူးဆန်းပြီးစွမ်းအားကြီးမားတဲ့မွန်းစတားတွေကို တော်တော်များများ တွေ့ခဲ့ရတယ်”

ရှစ်ဖုန့်၏ပုံရိပ်က အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းနေသကဲ့သို့ ဝတ်ရုံနက်ကို ပြောလိုက်သည်။

ပြောရလျှင် ဤသည်ကား ရှေးခေတ်မွန်းစတားနတ်ဘုရားသင်္ချိုင်းဟုတ်မဟုတ်ပင်ကို ဝတ်ရုံနက်တစ်ယောက်သေချာမသိပေ။ အားလုံး မွန်းစတားနတ်ဘုရားသင်္ချိုင်း ဟူသောစကားတို့ကို ကျင်းဖူထံမှာသာထိုအချိန်က သူကြားသိခဲ့ရခြင်းဖြစ်သည်။

ကျင်းဖူကလည်းဤသတင်းများကို အခြားသူများထံမှ ကြားခဲ့ရခြင်းဖြစ်၏။

“ဟုတ်ဟုတ်.မဟုတ်ဟုတ် ရှေ့ကိုဆက်သွားပြီး အမှန်တရားကိုရှာဖို့ပဲငါတို့လုပ်နိုင်တယ်”

ရှစ်ဖုန့်စကားတို့အားကြားပြီးနောက် ဝတ်ရုံနက် ကပြောလိုက်သည်။

အကယ်၍ ဤသည်ကား မွန်းစတားနတ်ဘုရားသင်္ချိုင်းဖြစ်နေခဲ့လျှင် အစစ်အမှန်ရတနာကား မွန်းစတားနတ်ဘုရား၏ အရိုးများဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

မွန်းစတားနတ်ဘုရား၏အရိုးတို့က အင်မော်တယ်ဖြစ်ရုံသာမက စွမ်းအားကြီးလက်နက်များအဖြစ်အသုံး ပြုနိုင်သည်ဖြစ်သည်။ပို၍အရေးကြီးသည်ကား အစစ်အမှန်နတ်ဘုရားနယ်ပယ်၏သဲလွန်စနှင့် အစစ်အမှန်နတ်ဘုရားအရိုးစုမှတစ်ဆင့်အစစ်အမှန်နတ်ဘုရားစွမ်းအားကို သူတို့အာရုံခံနိုင်လိမ့်မည်ဖြစ်သည်။

အစစ်အမှန်နတ်ဘုရားအရိုးကသူတို့ကိုသာမက ကြယ်ကိုးပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ရောက်ရှိနေသူတစ်ဦးကိုပင် ဆွဲဆောင်သည်ဖြစ်သည်။

ယင်းမှာ ဤကမ္ဘာအတွင်း၌ မည်သည့် အစစ်အမှန်နတ်ဘုရားမှ မရှိတော့သောကြောင့်ဖြစ်၏။ သို့သော်သူတို့အနေဖြင့် အစစ်အမှန်နတ်ဘုရား၏အရိုးစုမှရှေးခေတ်အစစ်အမှန်နတ်ဘုရားတို့၏လျှို့ဝှက်ချက်များနှင့် စွမ်းအားများကို ဖမ်းဆုပ်နိုင်စွမ်းရှိလိမ့်မည်ဖြစ်၏။

ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့မှာ သူတို့နောက်မှပူပြင်းပြီးစွမ်းအားကြီးမားသောအော်ရာအား အာရုံမခံမိနိုင်တော့မှ ဟင်းလင်းပြင်ထဲ၌ တစ်ချိန်တည်း ဖျက်ခနဲပေါ်လာကြသည်။

ထို့နောက် နှစ်ယောက်သား ပတ်ဝန်းကျင်ကို ထပ်မံစတင်အာရုံခံလိုက်ကြ၏။ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားက အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားသည်။

ရှစ်ဖုန့်အနေဖြင့် သူတို့ရှေ့၌ မီးတောက်စိတ်ဝိညာဉ်မွန်းစတားများနှင့် ပက်ပင်းမကြုံလိုသော်လည်း သန့်စင်သော မီးတောက်စွမ်းအင်ပိုင်ဆိုင်ထားသည့် မီးတောက်စိတ်ဝိညဉ်များကိုတော့လိုချင်သည်ဖြစ်သည်။သူ့အနေဖြင့်၎င်းတို့အားသတ်ပြီး၎င်းတို့၏ သန့်စင်သောစွမ်းအင်ကိုဝါးမျိုလိုသည်ဖြစ်၏။

“မီးသစ်ပင်”

ထိုစဉ်ရှစ်ဖုန့်၏ခန္ဓာကိုယ်အတွင်းမှ အံ့အားသင့်စွာပြောဆိုသောအသံကရုတ်ခြည်းထွက်ပေါ်လာသည်။

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters