အခန်း (၁၀၁၇)
Vol. 68 Ch. 1017
ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၈)
အပိုင်း(၁၀၁၇)
“မီးတောက်သစ်ပင်လား..အဲ့တာကဘာလဲ”
ကောင်းကင်မီးတောက်၏အံ့အားသင့်စွာ ပြောဆိုသံအားကြားပြီးနောက် ရှစ်ဖုန့်က မေးလိုက်သည်။
သို့သော် ကောင်းကင်မီးတောက်၏ အံ့အားသင့်စွာပြောဆိုသံမှတစ်ဆင့် ဤသည်ကား သူတို့အချိန်ကာလက ထူးခြားအံ့ဖွယ်ဖြစ်သော ရတနာတစ်ခုသေချာပေါက်ဖြစ်မည်ဟု ရှစ်ဖုန့်ပြောနိုင်သည်။
“ဒီသစ်ပင်က အရမ်းကိုပူပြင်းတဲ့ နေရာတွေမှာကြီးထွားရှင်သန်ပြီး ကြီးထွားဖို့အတွက် ကောင်းကင်နဲ့မြေပြင်ကြားထဲက မီးတောက်အဆီအနှစ်တွေကိုစုပ်ယူတယ်.. ငါကံကောင်းပြီးအဲ့တာကိုတစ်ကြိမ်မြင်ခဲ့ဖူးပေမဲ့ အဲ့အချိန်တုန်းက ငါက အခုလောက်မသန်မာသေးဘူး. ဒီတော့ ငါအဲ့တာကိုသုံးဖို့အတွက်ကံမပါခဲ့ဘူး”
“နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဒီလိုရင်းနီးကျွမ်းဝင်မှုရှိတဲ့ ခြစ်ခြစ်တောက်ပူတဲ့အော်ရာကိုထပ်ပြီး အာရုံခံမိလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး”
ကောင်းကင်သူတော်စင်မီးတောက်က ပြန်ဖြေသည်။ သို့သော် စကားပြောနေသကဲ့သို သူ၏ အသံ၌ရုတ်ခြည်းစိတ်လှုပ်ရှားမှု၊ဂနာ မငြိမ်ဖြစ်မှုတို့ဖြင့်ပြည့်နှက်နေ၏။
ထို့နောက်ကောင်းကင်သူတော်စင်မီးတောက်က ထပ်ပြောသည်။
“ဒီမီးသစ်ပင်ရဲ့စွမ်းအင်ကို ငါဝါးမျိုပြီးရင် ငါနှစ်ပေါင်းများစွာနောင်တရနေခဲ့တဲ့အရာကို ပြန်ဖြည့်ဆည်းနိုင်စွမ်းရှိလိမ့်မယ်”
“အဲ့တာဆို ဘာကိုစောင့်နေသေးတာလဲ. သွားစို့”
ရှစ်ဖုန့်က ကောင်းကင်သူတော်စင်မီးတောက်အား သူ၏ဝိညာဉ်စွမ်းအားဖြင့် အော်ပြောလိုက်သည်။
ထိုနောက် ရှစ်ဖုန့်ကသူ၏ခေါင်းကို လှည့်လိုက်ပြီး ဝတ်ရုံနက်ကိုပြောလိုက်သည်။
“ဒီသခင်လေး ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဝိညာဉ်ရတာတစ်ခုကိုတွေ့ထားတယ် ..ဒီသခင်လေးနောက်လိုက်ခဲ့”
ထို့နောက် ရှစ်ဖုန့်၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး ဟင်းလင်းပြင်ထဲမှပျောက်ကွယ်သွား၏။
“အိုး”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် ဝတ်ရုံနက် “အိုး”ဟု ပြန်ဖြေလိုက်သည်။ထို့နောက် ရှစ်ဖုန့်၏ပုံရိပ်ပျောက်ကွယ်သွားသည်အား တွေ့ရသောအခါတွင် သူမကလည်းဖျက်ခနဲဖြစ်သွားပြီး ရှစ်ဖုန့်နောက်သို့အမှီလိုက်ပါလိုက်သည်။
“ငါတို့တကယ်ကြီးဒီအဖိုးတန်မီးသစ်ပင်ကိုရှာတွေ့တာပဲ.. ဟားဟားဟား. ကြည့်ရတာငါတို့ဒီကိုလာတာ အလကားမဖြစ်တော့တဲ့ပုံပဲ.”
ဆယ်မီတာရှည်သောမီးတောက်တစ်ခု အသွင်ရှိသည့် သစ်ပင်တစ်ပင်၏အောက်တွင် ပုံရိပ်လေးခုက ရပ်နေသည်။
ဤလူလေးယောက်တွင် တစ်ယောက်ကအဘိုးအိုတစ်ဦးဖြစ်ပြီး ကျန်သုံးယောက်က သက်လတ်ပိုင်းအရွယ်များဖြစ်ကြသည်။၎င်းတို့အားလုံးက ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်များဖြစ်ကြ၏။
အကယ်ငရှစ်ဖုန့်သာ ဤနေရာ၌ရှိနေလျှင် ၎င်းတို့သုံးဦးအား သေချာပေါက်ရင်းနီးနေလိမ့်မည်ဖြစ်သည်။အဘိုးအိုကိုမူ သူသေချာပေါက်ကို ရင်းနီးနေမည်ဖြစ်သည်။
အဘိုးအို၏ ဦးခေါင်းထက်တွင် ရှေးဟောင်းပန်းကန်လုံးတစ်လုံးကပြောင်းပြန်တည်ရှိနေသည်။ ၎င်းကအင်အားကြီးမျိုးနွယ်စုတစ်ခုမှ အကြီးအကဲကျိပင်ဖြစ်သည်။
သူ၏ဦးခေါင်းအထက်ရှိ ရှေးဟောင်းပန်းကန်လုံးက ရှစ်ဖုန့်အရမ်းမုန်းတီးသော ထျန်းကန်းပန်းကန်လုံးဖြစ်သည်။ ပန်းကန်လုံးအဝမှကြယ်ကဲ့သို့အလင်းတန်းတို့က အကြီးအကဲကျိ၏ကိုယ်ပေါ်ဖြာကျနေသည်။
အကြီးအကဲကျိနှင့်ရပ်နေသည့်လူသုံး ယောက်၏ကြားထဲတွင် တစ်ယောက်က ဖီးနစ်မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သူ ဟွမ်ရှီပင်ဖြစ်သည်။
နောက်တစ်ယောက်မှာ လီကလန်ခေါင်းဆောင် ယင်ကျန်းဖြစ်ပြီး နောက်တစ်ဦးက လပြည့်ကလန်ခေါင်းဆောင် ယွဲ့ချန်ဖြစ်သည်။
ထိုအချိန်တွင် ၎င်းတို့က တစ်အုပ်စုတည်းရှိနေကြသည်။
လူအုပ်ထဲမှလူငယ်က ကုန်းစွန်းယွမ်ဖြစ်ကြောင်းသိပြီးနောက်၌ ၎င်းတို့အားလုံးက ကုန်းစွန်းယွမ်၏ နမည်ဆိုးဖြင့်ကျော်ဇော်မှုကိုကြားဖူးသည့်သူများဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့ကပရမ်းပတာဖြစ်နေမှုကို အခွင့်ကောင်းယူပြီး လူအုပ်ထဲမှဖြည်းဖြည်းချင်းခွဲထွက်လာခဲ့ကြခြင်းဖြစ်သည်။
မမျှော်လင့်ထားသော ကံကောင်းမှုများနှင့်များစွာသောအန္တရာယ်များကို ကြုံတွေ့ခဲ့ပြီးသည့်နောက်၌ ဤမီးတောက်ကုန်းမြေသို့ သူတို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ထို့နောက်၌ အခွင့်အရေး တစ်ခုရလာပြီး ဤမီးသစ်ပင်ကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ မီးသစ်ပင်အား စောင့်ကြပ်နေသော မီးတောက်စိတ်ဝိညာဉ်မွန်းစတားနှင့် တိုက်ခိုက်ခဲ့ရပြီးများစွာ ကြိုးပမ်းအားထုတ်ပြီးသည့်နောက် နောက်ဆုံး၌ ၎င်းကိုသတ်ခဲ့နိုင်ခဲ့ကြ၏။
ကလန်သုံးခုမှ ခေါင်းဆောင်းတို့မှာ ၎င်းတို့၏ခန္ဓာကိုယ်များပေါ်၌ ဒဏ်ရာများစွာရရှိထားကြသည်။ သူတို့၏ အဝတ်အစားများက စုတ်ပြဲနေပြီး တောက်ပနီရဲသောသွေးများ စွန်းထင်းနေ၏။
သို့သော် ယခု မီးသစ်ပင်အားမြင်တွေ့ရပြီး ၎င်းမှထုတ်လွှတ်သည့် သန့်စင်သောအပူအား ခံစားမိသောအခါတွင် သူတို့ခံစားခဲ့ရသည့်ဒုက္ခအားလုံးနှင့်ယခင်ကဖြတ်ကျော်ခဲ့ရသည်များက ထိုက်တန်သည်ဟုခံစားရသည်။
“ငါကမီးတောက်စွမ်းအားကို မကျင့်ကြံဘူးဆိုပေမဲ့ ဒီမီးသစ်ပင်ကထုတ်လွှတ်တဲ့ သန့်စင်ကိုစုပ်ယူပြီး ငါ့ကိုယ်ထဲမှာငါ့ရဲ့ကိုယ်ပိုင်စွမ်းအားအဖြစ် မြန်မြန်ဆန်ဆန်ပြောင်းလဲပစ်နိုင်တယ်”
လီကလန်ခေါင်းဆောင်ဖြစ်သူ ယင်ကျန်းမှာ ခန္ဓာကိုက မီးတောက်သစ်ပင်မှထုတ်လွှတ်သည့် စွမ်းအင်တို့ကို ဆက်လက်စုပ်ယူနေသကဲ့သို့ ပျော်ရွှင်မှုအပြည့်ဖြင့်ပြောလိုက်သည်။
လီကလန်မှကျင့်ကြံသူများမှာ ၎င်းတို့၏ ခွန်အားကြောင့်ကျော်ကြားကြသည်ဖြစ်သည်။ ၎င်းတို့ထဲမှတစ်ယောက်စီတိုင်းက အံ့ဖွယ်ကောင်းသော ခွန်အားဖြင့်မွေးဖွားလာကြပြီး ၎င်းတို့၏ကာယခန္ဓာကိုယ်အား အထူးပြုကျင့်ကြံကြသည်ဖြစ်သည်။
“ငါ့ရဲ့ လပြည့်နတ်ဘုရားတစ်ပိုင်းစွမ်းအားကလည်း သိသိသာသာတိုးတက်လာတာကိုခံစားရတယ်”
လပြည့်ကလန်၏ခေါင်းဆောင်ဖြစ်သူ ယွဲ့ချန်က ကလည်းယင်ကျန်း၏စကားဆုံးပြီးနောက်ခေါင်းညိမ့်ပြောဆိုလိုက်သည်။
“အစတုန်းက မီးတောက်စွမ်းအားကိုကျင့်ကြံတဲ့ငါတစ်ယောက်တည်းကပဲ ဒီမီးသစ်ပင်ကနေ အကျိုးကျေးဇူးရနိုင်တယ်ထင်နေတာ . မင်းတို့နဲ့မျှဝေရလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး”
ဖီးနစ်ကလန်ခေါင်းဆောင်ဖြစ်သူ ဟွမ်ရှီကလည်း ၎င်းတို့၏စကားများအားကြားပြီးနောက်ပြောလိုက်သည်။ သို့သော် စကားပြောနေစဉ်မျက်နှာထက်၌ အပြုံးတစ်ခုရှိနေပြီး မပျော်ရွှင်သည့်ပုံတော့ဖြစ်မနေပေ။
“ကောင်းပြီ..ဒီသစ်ပင်ကို ငါတို့အတူတူ ရှာတွေ့တာဆိုတော့ အတူတူမျှဝေကြတာပေါ့”
အကြီးအကဲကျိကပြောဆိုလိုက်၏။
ထို့နောက်အကြီးအကဲကျိကပြောသည်။
“ဒီသန့်စင်တဲ့အပူစွမ်းအင်ကို စုပ်ယူပြီးတဲ့နောက် နှစ်ပေါင်များစွာ အဆင့်ချိုးဖျက်လုဆဲဆဲမှာဖြစ်နေတဲ့ငါ့ရဲ့တစ်စို့မှုတွေက ပြေလျော့လာတယ်လို့ငါခံစားရတယ်”
“ဘာ”
“ဘာ”
“ဘာ”
အကြီးအကဲကျိ စကားဆုံးပြီးပြီးချင်း အခြားသုံးယောက်က အလျှင်အမြန်အံ့အားသင့်စွာပြောလိုက်သည်။ ဤအခိုက်အတန့်တွင် ဖီးနစ်ကလန်ခေါင်းဆောင်ဟွမ်ရှီက ပြောလိုက်၏။
“ခင်ဗျားက ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်ကိုရောက်နေတာကြာပြီ.. တစ်ဆို့နေတာပြေလျော့လာတယ်ဆိုတော့ ဒါက ခင်ဗျားကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုရောက်တော့မယ်ဆိုတဲ့သဘောပေါ့”
ဟွမ်ရှီအနေဖြင့်ယင်းအားမယုံကြည်နိုင်သေးပေ။
ယင်းမှာ ဤကျယ်ပြောလှသောမြေရိုင်းဒေသအတွင်း၌ မရေတွက်နိုင်လောက်သောသက်ရှိများ ရှင်သန်ပေါက်ဖွားနေထိုင်ကြသော်လည်း ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ရောက်ရှိသူက လူအချို့သာရှိသည်ဖြစ်သည်။
လူအများသိသလောက်ဆိုလျှင် နက်နဲလှသောကုန်းစွန်းထိုက်ယင်အပါအဝင်မှ ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုရောက်ရှိသူက ဆယ့်နှစ်ဦးသာရှိသည်ဖြစ်သည်။ ကျယ်ပြောလှသောမြေရိုင်းဒေသအတွင်း ၎င်းတို့အား ထိပ်တန်းဆယ့်နှစ်ယောက်ဟုခေါ်၏။
မြေရိုင်းမြို့တော်အရှင်သခင်ဖြစ်သူ ကုန်းစွန်းထိုက်ယင်ကတော့နဂိုကတည်းက ပထမဖြစ်သည်မှာသဘာဝပင်ဖြစ်သည်။
၎င်းနောက်တွင် တောင်ပေါ်နတ်ဆရာမျိုးနွယ်စုခေါင်းဆောင် က ဒုတိယဖြစ်၏။
ရှစ်ဖုန့်သတ်ခဲ့သည့် ကျီးကန်းနက်မျိုးနွယ်စုမှ ပုယာနှင့်သူ၏ဖခင်တို့က တတိယဖြစ်၏။
နတ်ဆိုးရိုင်းတောင်တန်း၏ဘုရင်ဖြစ်သူ အနက်ရောင်ရေလွှမ်းနဂါးမှာ အဆင့်ခြောက်ဖြစ်သည်။
အဆင့်ဆယ့်နှစ်မှာ ဝတ်ရုံနက်က ရှစ်ဖုန့်အားတိုက်ခိုက်ပေးရန်တောင်းဆိုခဲ့သည့် တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ ပါရမီရှင်ဖြစ်သူ ရှန့်ဝူဖြစ်သည်။
သို့သော် ဤအဆင့်များက ခန့်မှန်းချက်သာဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းနယ်ပယ်တို့၏အစစ် အမှန်ခွန်အားက အစစ်အမှန်တိုက်ပွဲတစ်ခုဖြစ်ပွားပြီးမှသာ ဆုံးဖြတ်နိုင်လိမ့်မည်ဖြစ်၏။
၎င်းတို့ထဲမှ အချို့ ယခင်ကတိုက်ခိုက်ဖူးပြီး အနိုင်ရခဲ့သည်ဆိုလျှင်တောင်အသက်ရှင် နေကြသေးသည်ဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ၎င်းတို့အနေဖြင့်ဆက်လက်အဆင့်ချိုးဖျက်နိုင်ခြင်း သို့မဟုတ် ကံကောင်းမှုများအားမမျှော်လင့်ဘဲ ကြုံတွေ့ရခြင်းမျိုးတို့လည်းရှိနေလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏အစစ်အမှန်ခွန်အားက အချိန်မရွေးပြောင်းလဲနေနိုင်သည်ဖြစ်၏။
ဟွမ်ရှီ၏စကားတို့အားကြားပြီးနောက် အကြီးအကဲကျိ၏အိုမင်းသောမျက်နှာထက်၌ အပြုံခပ်ရေးရေးပေါ်လာသည်။သူကခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ငါဒါကိုခံစားမိတယ်”
“ဒီမီးသစ်ပင်က သန့်စင်တဲ့စွမ်းအင်ကိုစုပ်ယူတာနဲ့ငါခံစားမိတယ်…ငါ့ရဲ့အတားအဆီးတွေကဆက်တိုက်ပြေလျော့နေတယ်..အရင်က ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်အ ပေါ်ငါ့ရဲ့ နားလည်မှုက မှုန်ဝါးဝါးပဲရှိခဲ့တာ ..ဒါပေမဲ့အခုတော့ ဖြည်းဖြည်းချင်းဆုပ်ကိုင်လာနိုင်နေပြီ”
“ဒီမီးသစ်ပင်မှာ တကယ်ကြီးဒီလိုမျိုးအံ့အားသင့်ဖွယ်ကောင်းတဲ့ အသုံးချနိုင်မှုမျိုးရှိနေတာပဲ. ဒါကတကယ့်ကိုကောင်းကင်နဲ့မြေကြီးရဲ့ရတနာတစ်ပါးပဲ.. ဒီသစ်ပင်က နတ်ဘုရားတစ်ပိုင်းလက်နက်တစ်ခုထက်တောင်မှ ပိုပြီးအဖိုးတန်သေးတယ်”
အကြီးအကဲကျိ၏အတည်ပြုမှုအားကြားပြီးနောက် ဟွမ်ရှီက ပြောလိုက်သည်။
ထို့နောက် သူ၏အကြည့်က ရှေ့ရှိမီးသစ်ပင်ပေါ်သို့ ထပ်မံကျရောက်သွားသည်။
“ဒီလိုဆိုရင် အနာဂတ်မှာ မြေရိုင်းဒေသကြီးထဲ ထိပ်တန်းအဆင့်ဆယ့်နှစ်ယောက်ပဲရှိတော့မှာမဟုတ်ဘဲ ဆယ့်သုံးယောက်ဖြစ်သွားလိမ့်မယ်..”
လီမိသားစုခေါင်းဆောင်ယင်ကျန်းကလည်း အကြီးအကဲကျိအားကျီစယ်သည့် အပြုံးနှင့်ပြောလိုက်သည်။
“ဟားဟား”
ယင်ကျန်း၏စကားတို့အားကြားပြီးနောက် အကြီးအကဲကျိကဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“ဒီအဖိုးတန်သစ်ပင်နဲ့သာဆိုရင် အားလုံးကောင်းကောင်းကျင့်ကြံသင့်တယ်.. အနာဂတ်မှာငါတို့အားလုံးအတွက် အခွင့်ရေးရှိလိမ့်မယ်”
“ကြည့်ရသလောက်တော့ မင်းတို့အားလုံးအခွင့်အရေးရှိတယ်မထင်ဘူး”
ဤအချိန်တွင် ငယ်ရွယ်ပြီးကြည်လင်ပြတ်သားသော အသံတစ်ခုက ရုတ်ခြည်းကောင်းကင်နှင့်မြေပြင်ကြားထဲမှ ဖြတ်သန်းထွက်ပေါ်လာသည်။
မီးသစ်ပင်အောက်၌ရှိနေသာလူများ၏နားထဲသို့ ဤရုတ်ခြည်းထွက်လာသောအသံကနား ကလောစေလောက်အောင်ဝင်ရောက်လာသည်။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE