← Chapters

အခန်း (၁၀၁၉)

Vol. 68 Ch. 1019

အခန်း (၁၀၁၉)

Vol. 68 Ch. 1019

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၈)

အပိုင်း(၁၀၁၉)

“ဒီတစ်ခါတော့ငါတို့ တကယ်သေတော့မယ်နဲ့တူတယ်”

မျိုးနွယ်စုခေါင်းဆောင်သုံးယောက်မှာ သူတို့အားခြေမွဖျက်ဆီးပစ်တော့မည့် သွေးနီရောင်မီးတောက်သတ်ဖြတ်ခြင်းဓားကြီးအား မြင်တွေ့ရချိန်တွင် အကြီးအကဲကျိအပေါ်၌ ထပ်မံမျှော်လင့်ချက်ထားမနေတော့ချေ။

၎င်းက ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ချိုးဖျက်နေခြင်းဖြစ်သည်။

ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်အားမည်ကဲ့သို့အလွယ်တကူချိုးဖျက်ဝင်ရောက်နိုင်ပါမည်နည်း။ မြေရိုင်းဒေသကြီးအတွင်း၌ အသက်ပေါင်းသန်းနှင့်ချီရှိသော်လည်း ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်က ဆယ့်နှစ်ယောက်သာရှိသည်ဖြစ်သည်။

“ဟ”

မျိုးနွယ်စုခေါင်းဆောင်သုံးယောက် မျှော်လင့်ချက်ကုန်ဆုံးနေချိန်တွင် နားလည်ဆင်ခြင်နေသောအကြီးအကဲကျိ၏ ပိတ်ထားသောမျက်လုံးတို့က ပွင့်လာပြီး ကောင်းကင်ထဲသို့ မော့ကာခက်ထန်စွာဖြင့်ကြုံးဝါးအော်ဟစ်လိုက်သည်။

ဤကြုံးဝါးသံအားကြားလိုက်ရသောအခါတွင် သုံးယောက်လုံး၏စိတ်ကလှုပ်ခါသွားပြီး သူတို့၏စိတ်ထဲ၌အတွေးတစ်ခုကဖျက်ခနဲဖြစ်ပေါ်လာသည်။

“ဖြစ်နိုင်တာ…ဖြစ်နိုင်တာအကြီးအကဲကျိက..သူ..သူ..”

စိတ်ပျက်မှုများဖြစ်ခဲ့ပြီးနောက်သူတို့၏နှလုံးသားထဲ၌ မျှော်လင့်ချက်များ တောက်လောင်လာ၏။ ဘယ်နေရာကနေလာမှန်းမသိသည့်စွမ်းအားကြောင့် သူတို့၏အားနည်းနေသောကိုယ်များက မြေပြင်ပေါ်လဲကျကာ ထိန်းချုပ်၍မရနိုင်ဘဲတုန်ယင်နေသည်။

ထို့နောက်ချက်ချင်းအကြီးအကဲကျိ၏လက်သည်းတို့က ဆန့်ထုတ်လာသည်ကို တုန်လှုပ်ဖွယ်မြင်တွေ့လိုက်ရသည်။

တောင်တစ်လုံးကဲ့သို့ကြီးမားသည့်ကျဆင်း လာသော သွေးနီရောင်မီးတောက်ဓားကြီးနှင့်နှိုင်း ယှဉ်လိုက်လျှင် အကြီးအကဲကျိမှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သေးငယ်လှသည်ဖြစ်သည်။

သို့သော် နှိုင်းယှဉ်လိုက်လျှင်အရမ်းသေးငယ်သော အကြီးအကဲကျိက သွေးနီရောင်မီးတောက်ဓား၏ထိပ်ဖျားကို တကယ်ကြီးလက်သည်းတစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။ အကြီးအကဲကျိ၏လက်မှစွမ်းအားကြောင့် သွေးနီရောင်မီးတောက်ဓားကြီးတစ်ခုလုံးက လေထဲ၌ရပ်သွားသည်။ ၎င်းကလုံးဝလှုပ်ရှားခြင်းမရှိပေ။

“ဖျက်ဆီးစမ်း”

ဤအခိုက်အတန့်တွင် အကြီးအကဲကျိ၏ပါးစပ်မှနောက်ထပ် အော်ပြောသံတစ်ခုထွက်ပေါ်လာသည်။ တစ်ချိန်တည်းတွင် အကြီးအကဲကျိ၏ညာလက်သည်းက ပေါ့ပေါ့ပါးပါးကုတ်လိုက်ပုံရသော်လည်း သိပ်သည်းသောသတ်ဖြတ်ခြင်းအော်ရာများနှင့်လွန်စွာကြီးမားသော သွေးနီရောင်သတ်ဖြတ်ခြင်းဓားကြီးက တကယ်ကြီးပေါက်ကွဲထွက်သွားသည်။

“ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအား”

အကြီးအကဲကျိ၏စွမ်းအားအား မျက်မြင်ကြုံတွေ့ပြီးနောက် ခြစ်ခြစ်တောက်ပူသောမြေပြင်ထက်၌လဲနေသည့်ယန်ကျုံးက သူ၏စိတ်လှုပ်ရှားမှုကိုမထိန်းနိုင်ဘဲ စိတ်လှုပ်ရှားမှုအပြည့်ဖြင့်အော်ဟစ်လိုက်သည်။

“ဟားဟား. ထင်ထားသလိုပဲ. တကယ်ကို ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ပဲ. နောက်ဆုံးအကြီးအကဲကျိချိုးဖျက်နိုင်သွားပြီ”

လပြည့်မျိုးနွယ်စုခေါင်းဆောင် ယွဲ့ချန်က လည်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့်ရယ်မောလိုက်သည်။

ဤအခိုက်အတန့်တွင် သူတို့ကိုယ်တိုင်အဆင့်ချိုးဖျက်သကဲ့သို့ ၎င်းတို့ကအပျော်ရွှင်ဆုံးဖြစ်နေကြသည်။

“ဟမ့်. စွမ်းအားကြီးမားတဲ့ အကြီးအကဲကျိသာရှိနေရင် တောင်ပေါ်နတ်ဆရာမျိုးနွယ်စုကကောင်တော့သွားပြီပဲ. သူမြေကြီးပေါ်ထိအရိုက်ခံရပြီး အရွတ်တွေဆွဲထုတ်ခံရလိမ့်မယ်”

ယွဲ့ချန်က ကောင်းကင်ထဲသို့မော့ကြည့်နေသကဲ့သို့ စိတ်ထဲမှလည်းခက်ထန်စွာတွေးလိုက်သည်။ ဖျက်ဆီးခံလိုက်ရသောသွေးနီရောင် မီးတောက်ဓားကြီးက သွေးနီရောင်မီးတောက်ပင်လယ်တစ်ခု အဖြစ်ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ထဲ၌တောက်လောင်နေဆဲဖြစ်သည်။

ယွဲ့ချန်မှာ ကောင်းကင်ထဲမှမီးပင်လယ်အားဖြတ်သန်းပြီးမီးသစ်ပင်ထိပ်ဖျား၌ရပ်နေသည့်ငယ်ရွယ်သည့်ပုံရိပ်ကို မြင်ပြီးသည့်နှယ်ဖြစ်နေသည်။ဤအချိန်၌ ထိုငယ်ရွယ်သောမျက်နှာထက်တင် လွန်စွာထိတ်လန့်တုန်လှုပ်သောအမူအယာ တစ်ခုဖြစ်နေလောက်ပြီဖြစ်သည်။

ဤခံစားချက်များမှာ ယွဲ့ချန်တစ်ယောက်ကိုယ်တိုင်အဆင့်တက်သွား သောကြောင့် ထိုလူထိတ်လန့်တုန်လှုပ်သွားသကဲ့သို့ သူ၏အတွေးများဖြစ်ကြ၏။

“ဟားဟားဟား..ဟားဟားဟားဟား….. ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်. နောက်ဆုံးတော့ငါအဆင့်ချိုးဖျက်သွားပြီ. .နောက်ဆုံးအဆင့်ချိုးဖျက်သွားပြီကွ.. အနာဂတ်မှာ မြေရိုင်းဒေသကြီးထဲ စွမ်းအားကြီးတဲ့သူဆယ့်နှစ်ယောက်ပဲရှိတော့မှာမဟုတ်ဘူး. ငါအပါအဝင် ဆယ့်သုံးယောက်ရှိသွားမှာကွ. ဟားဟား..ဟားဟားဟားဟား”

မျိုးနွယ်စုကြီးတစ်ခုမှအကြီးအကဲဖြစ်သူ အကြီးအကဲကျိမှာ သူ၏ခန္ဓာကိုယ်အတွင်းမှ မကြုံစဖူးထူးကဲသော စွမ်းအားများကို ခံစားရသကဲ့သို့ သူ၏စိတ်လှုပ်ရှားမှုများကိုလည်း ထပ်မံ ဖိနှိပ်ထားနိုင်ခြင်းမရှိတော့ပေ။ ခေါင်းကိုမော့လိုက်ပြီး ကျယ်လောင်စွာပင်ရယ်မောလိုက်သေး၏။

ဤအချိန်တွင် အကြီးအကဲကျိ၏တစ်ကိုယ်လုံးမှအော်ရာတို့က မြေကိုပင် အက်ကွဲသွားစေလောက်အထိ ပြောင်းလဲသွားစေသည်။ သူ၏ ပုံစံက နှစ်ပေါင်းဒါဇင်နှင့်ချီရုတ်ခြည်းငယ်ရွယ်သွားသကဲ့သို့ဖြစ်လာသည်။

ဤအခိုက်အတန့်တွင် ကမ္ဘာအတွင်းရှိ လူများအားလုံးက သူ၏ခြေဖဝါးအောက်သို့ရောက်ရှိသွားသကဲ့သို့ အကြီးအကဲကျိတစ်ယောက်ခံစားနေရ၏။

“ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် …ဒီနေ့ကစပြီး မြေရိုင်းဒေသကြီးထဲမှာ အစွမ်းထက်ပုဂ္ဂိုလ် ဆယ့်သုံးယောက်ရှိသွားပြီ .ဂုဏ်ပြုပါတယ်..ဂုဏ်ပြုပါတယ်”

သုံးယောက်လုံးမြေပြင်ထက်၌ လဲနေကြပြီး အရမ်းအားနည်းနေသောကြောင့် မလှုပ်ရှားနိုင်သော်လည်း အကြီးအကဲကျိအား ကြည့်နေကြဆဲဖြစ်၏။သို့သော် ဖီးနစ်မျိုးနွယ်စုခေါင်းဆောင်ဖြစ်သူ ဟွမ်ရှီမှာ အကြီးအကဲကျိ၏ကျယ်လောင်စွာရယ်မော နေမှုအား တွေ့ရချိန်တွင် ဂုဏ်ပြုဖို့မမေ့ပေ။

ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးနှင့် သူတို့အားကြား၌ခိုင်မာသောဆက်ဆံရေး တစ်ခုရှိနေခဲ့လျှင် အနာဂတ်၌ သူတို့ရှေးဟောင်းအပျက်အစီးနယ်မြေအတွင်းမှထွက်ခွာခဲ့လျှင်တောင် အကျိုးကျေးဇူးများရလာလိမ့်မည်ဖြစ်သည်။

“ဂုဏ်ပြုပါတယ်..အကြီးအကဲကျိ”

“ဂုဏ်ပြုပါတယ် အကြီးအကဲကျိ”

ဤအခိုက်အတန့်တွင် ယင်ကျန်းနှင့် ယွဲ့ချန်တို့က အကြီးအကဲကျိကို အလျှင်အမြန်ဂုဏ်ပြုစကားဆိုလိုက်သည်။

အကြီးအကဲကျိက ရယ်မောခြင်းကို ရပ်တန့်နေရာမှာ သူတို့၏ဂုဏ်ပြုစကားများအားကြားပြီးနောက် ဟက်ဟက်ပက်ပက်ရယ်မောနေပြန်သည်။

“ဟားဟားဟား”

ထို့နောက် အကြီးအကဲကျိကရယ်မောရင်းပြောပြန်သည်။

“ဟားဟား.. ငါသာအဆင့်မချိုးဖျက်ခဲ့ရင် မင်းတို့အမှိုက်သုံးကောင်နဲ့ ငါအတူတူသေသွားရမှာ”

“အမှိုက်သုံး‌ကောင်တဲ့လား”

အကြီးအကဲကျိ၏စကားများအားကြားပြီးနောက် မျိုးနွယ်စုခေါင်းဆောင်သုံးဦး၏အပြုံး များကရုတ်ခြည်းအေးခဲသွားသည်။

အကြီးအကဲကျိ၏အော်ရာကရုတ်ခြည်းပြောင်းလဲသွားသည်သာမက သူအမူအယာကလည်း ပြောင်းလဲသွား၏။ သူတို့အားကြည့်နေချိန်တွင် အထင်အမြင်သေးမှုတို့ကလည်းပြည့်နှက်နေသည်သာမက သူ့ကိုယ်သူလည်း “ဒီနတ်ဘုရား”ဟု စတင်သုံးနှုန်းလာသည်။

ယခင်ကနှိမ့်ချယဉ်ကျေးတတ်သော သူမှလုံးဝခြားနားသောလူတစ်ယောက် ဖြစ်လာပုံရသည်။

“ဒီသောက်အဘိုးကြီး.. ဒါကမှသူ့ရဲ့မျက်နှာအစစ်အမှန်ပဲ.. အရင်ကလူသားဆန်မှုက အားလုံးသရုပ်ဆောင်မှုတွေနေမှာ”

“ဒီသောက်အဘိုးကြီးက တော်တော်ပါးနပ်တာပဲ”

“အကြီးအကဲကျိ.ခင်ဗျားဘယ်သူ့ကို အမှိုက်လို့ခေါ်နေတာလဲ”

အကြီးအကဲကျိအားအော်ပြောလိုက်သကဲ့သို့ ယင်ကျန်း၏မျက်နှာထက်၌ ဒေါတို့ဖြင့်ပြည့်နှက်နေသည်။

“အိုး.. ဘာလဲ. မင်းကဒီနတ်ဘုရားကို မကျေနပ်ဘူးလား”

ရယ်မောနေသော အကြီးအကဲကျိ၏ မျက်နှာက ယင်ကျန်း၏ ဒေါသတကြီးအော်သံအား ကြားလိုက်ရသောအခါတွင် ရုတ်ခြည်းအေးစက်မှုအဖြစ်သို့ပြောင်း လဲသွားပြီးယင်ကျန်းကို အေးစက်စွာကြည့်လိုက်သည်။

ထို့နောက် အကြီးအကဲကျိက သူ၏ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြီး လက်သည်းကုတ်တစ်ခုအဖြစ်ပုံဖော်လိုက်ကာ ယင်ကျန်းကိုစုပ်ယူလိုက်သည်။

ထို့နောက်ချက်ချင်း အကြီးအကဲကျိ၏စုပ်ယူအားအောက်၌ ယင်ကျန်း၏ခန္ဓာကိုယ်က တစ်ဟုန်ထိုးအကြီးအကဲကျိထံပျံသန်းလာသည်။ အကြီးအကဲကျိ၏ရှေ့သို့ မျက်စိတစ်မှိတ်အတွင်းရောက်ရှိသွားပြီး အကြီးအကဲကျိက ၎င်း၏မျက်နှာအား ဆုပ်ကိုင်လိုက်သည်။

“မင်းကဒီနတ်ဘုရားကို မကျေမနပ်ဖြစ်ရဲတာလား..ဒါဆို ဒီနတ်ဘုရားရဲ့စွမ်းအားအသစ်ကို စမ်းသပ်ဖို့မင်းကိုအသုံးပြုရမှာပဲ”

အကြီးအကဲကျိက သူ့လက်ထဲရှိယင်ကျန်းအားကြည့်ရင်း ပြောလိုက်သည်။

ထို့နောက်ချက်ချင်း ယင်ကျန်းမှာ သူ၏မျက်နှာပေါ်၌ပေါ်လာသည့် ဖော်ပြ၍မရနိုင်သောစွမ်းအားကြီးစွမ်းအားတစ်ခုကိုခံစားလိုက်ရသည်။အရမ်းကိုကြောက် လန့်လွန်းသောကြောင့်အလျှင်အမြန် ထိတ်လန့်စွာအော်ပြောလိုက်သည်။

“မဟုတ်ဘူး.မဟုတ်ပါဘူး. မဟုတ်ရပါဘူး. အကြီးအကဲကျိ ကျွန်တော်မှားသွားပါတယ် ..ကျေးဇူးပြုပြီး ကျွန်တော့်ကိုချမ်းသာ…..”

ယင်ကျန်း၏အသနားခံမှုမပြီးဆုံးသေးခင်မှာပင် သူ၏ဦးခေါင်းက အကြီးအကဲကျိ၏စွမ်းအားအောက်၌ ဖရဲသီးတစ်လုံးကဲ့သို့ ရုတ်ခြည်းပေါက်ကွဲထွက်သွားသည်။ တောင်ပနီရဲသောသွေးများကလည်း ဘက်ပေါင်းစုံသို့ ပြန့်ကျဲထွက်သွားသည်။

အချို့သောသွေးများက အကြီးအကဲကျိ၏ ကိုယ်ပေါ်သို့ လွင့်စင်ကျကုန်သော်လည်း အကြီးအကဲကျိက လုံးဝဂရုစိုက်ပုံမရပေ။

ဤအချိန်တွင်သူ့အနေဖြင့် ဤကဲ့သို့စွမ်းအားကြီးနယ်ပယ်တစ်ခုအား ဝင်ရောက်ခဲ့ပြီးဖြစ်သောကြောင့် ခန္ဓာကိုယ်၌သွေးအနည်းငယ်စွန်းထင်း ခြင်းကအရေးသိပ်မကြီးလှပေ။

ထိုထက်ပိုသည်ကားယခု အရမ်းစွမ်းအားကြီးလာသောကြောင့် သူ၏ခန္ဓာကိုယ်အားသွေးနှင့်သန့်စင်ခြင်းက ကောင်းမွန်သောအရာဖြစ်သည်။

ဘုတ်ခနဲမြည်သံနှင့်အတူ ယင်ကျန်း၏ ဦးခေါင်းမဲ့ခန္ဓာကိုယ်ကြီးက အကြီးအကဲကျိ၏ဘေးသို့ကျဆင်းသွားသည်။ လည်ပင်း၌ပန်းကန်လုံးအရွယ်သွေးစွန်းနေသောအပေါက်ကြီးထံမှ တောက်ပနီရဲသောသွေးတို့က စီးထွက်နေဆဲဖြစ်သည်။

ခြစ်ခြစ်တောက်ပူပြင်းပြီး ခြောက်သွေ့နေသော မြေပြင်ထက်သို့စီးဆင်းသောကြောင့် တစ်ရှဲရှဲမြည်နေပြီး ရုတ်ခြည်းအငွေ့ပျံသွားကြသည်။

ယင်ကျန်းအား သုတ်သင်ပြီးသည့်နောက် အကြီးအကဲကျိက ဟွမ်ရှီနှင့်ယွဲ့ချန်တို့ထံသို့ အကြည့်ရွှေ့လိုက်သည်။ သူ၏မျက်နှာထက်၌လှောင်ပြုံးတစ်ခုတွဲခိုနေဆဲဖြစ်ပြီး ပြောလိုက်၏။

“အခုမင်းတို့မျက်နှာပေါ်ကနေ စိတ်ထဲမှာမကျေမနပ်ဖြစ်နေကြတယ်ဆိုတာကို ဒီနတ်ဘုရားသတိပြုမိတယ်..ငါမြင်တာများမှားနေတာလား”

“ဟင့်အင်း.လုံးဝမဟုတ်ပါဘူး”

“ဟင့်အင်း..လုံးဝမဟုတ်ရပါဘူး. ကျွန်တော် ယွဲ့ချန်က အခုကစပြီး အကြီးအကဲရဲ့ဦးဆောင်မှုနောက်ကိုလိုက်ဖို့ဆန္ဒရှိပါတယ်”

“ကျွန်တော် ဟွမ်ရှီကလည်း အကြီးအကဲရဲ့ဦးဆောင်မှုနောက်ကိုအခုကစပြီးလိုက်ပါ့မယ်”

ဟွမ်ရှီနှင့်ယွဲ့ချန်တို့က အကြီးအကဲကျိ၏စကားများအား ကြားပြီးနောက်သူတို့၏ရပ်တည်ချက်သဘောထားများအား အလျှင်အမြန်ပြောလိုက်ကြသည်။

ဤအချိန်၌သူတို့၏ရပ်တည်ချက် များအားမည်ကဲ့သို့ မထုတ်ဖော်ဘဲနေရပါမည်နည်း။ဤအဘိုးကြီးက ယခုအခါ၌ စွမ်းအားကြီး ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းတစ်ဦး၏စွမ်းအားကိုပိုင်ဆိုင်ထားသည်ဖြစ်၏။၎င်းကယခင်ကသူတို့သိထားသော သက်ကြားအိုကြီးတစ်ဦးဟုတ်မနေတော့ပေ။

ယင်ကျန်း၏ဦးခေါင်းမဲ့ အလောင်းကလည်း၎င်း၏ခြေဖဝါး၌လဲလျောင်းနေသည်ဖြစ်၏။

ဆက်ရန်………..

ဘာသာပြန်သူ-ARISE

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၈)

All Chapters