← Chapters

အခန်း (၁၀၂၀)

Vol. 68 Ch. 1020

အခန်း (၁၀၂၀)

Vol. 68 Ch. 1020

အပိုင်း(၁၀၂၀)

“ဟင့်အင်း.မဟုတ်ဘူး.မဟုတ်ဘူး လုံးဝမဟုတ်ပါဘူး ကျုပ်ယွဲ့ချန်က အခုကစပြီး အကြီးအကဲရဲ့နောက်ကိုလိုက်ဖို့ဆန္ဒရှိပါတယ်”

“ကျုပ် ဟွမ်ရှီကလည်း အခုကစပြီးအကြီးအကဲရဲ့နောက်ကိုလိုက်ပါ့မယ်”

ယွဲ့ချန်နှင့်ဟွမ်ရှီတို့၏ သူ့အပေါ် သစ္စာရှိပါမည်ဟုအသနားခံမှုအားကြားရသောအခါတွင် အကြီးအကဲကျိ၏အိုမင်းသောမျက်နှာထက်၌ ဝင့်ကြွားသော အမူအယာတစ်ခုဖြည်းဖြည်းချင်းထွက်ပေါ်လာသည်။

အားလုံးထက် သူ့အားသစ္စာရှိပါမည်ဟုအသနားခံသည့် ဤလူနှစ်ယောက်မှာ ၎င်းတို့မျိုးနွယ်စု၏ခေါင်းဆောင်များ ဖြစ်ကြသောကြောင့်သူ့အနေဖြင့်မျက်နှာပျက်ရမည်မဟုတ်ပေ။

ထို့နောက် အကြီးအကဲကျိက ဝင့်ကြွားစွာပြောလိုက်သည်။

“မင်းတို့နှစ်ယောက် ဒီနတ်ဘုရားကို သစ္စာစောင့်သိပါ့မယ်လို့အသနားခံနေမှတော့ ဒီနတ်ဘုရားကလည်းမင်းတို့ကိုသေချာပေါက်မမျှမတမဆက်ဆံပါဘူး. အနာဂတ်မှာဒီနတ်ဘုရားကို စိတ်ကျေနပ်စေတယ်ဆိုရင် ဒီနတ်ဘုရားကမင်းတို့ကို သိုင်းပညာတွေကိုတောင် လမ်းညွှန်ပေးအုံးမှာ”

“ကျေးဇူးတင်ပါတယ် အကြီး...ကျေးဇူးတင်ပါတယ် သခင်”

အကြီးအကဲကျိ၏စကားတို့အားကြားပြီးနောက် ဟွမ်ရှီက အလျှင်အမြန်ကျေးဇူးတင်စကားဆိုလိုက်သည်။ သူ့အနေဖြင့်မူလက အကြီးအကဲကျိဟု ထပ်မံခေါ်လိုသော်လည်း အကြီးအကဲ ဟုပြောပြီးနောက် ဟွမ်ရှီကအလျှင်အမြန်ပြောင်းလိုက်ပြီး “သခင်”ဟုအစားထိုး‌သုံးနှုန်းလိုက်သည်။

“ကျေးဇူးတင်ပါတယ် သခင်”

ဤအခိုက်အတန့်တွင် ယွဲ့ချန်ကလည်း အကြီးအကဲကျိကို အလျှင်အမြန် ကျေးဇူးတင်စကားဆိုလိုက်သည်။

“အင်း”

၎င်းတို့နှစ်ယောက်၏သခင်ဟုခေါ်သံအားကြားလိုက်ရသည့်အခါတွင် အကြီးအကဲကျိကသူ၏လက်တို့အား နောက်ပစ်ထားလိုက်ပြီး အိုမင်းသောမျက်နှာထက်၌ အနည်းငယ်စိတ်ကျေနပ်သောအမူအယာကိုပြကာ ခေါင်းညိမ့်တုန့်ပြန်လိုက်သည်။

ဤအချိန်တွင်ငယ်ရွယ်ပြီး ကြည်လင်ပြတ်သားသောအသံတစ်ခုက ကောင်းကင်ထဲမှထွက်ပေါ်လာသည်။

“အဘိုးကြီး အဆင့်ချိုးဖျက်ပြီးတဲ့နောက်ခင်ဗျားနည်းနည်းဘဝင်မြင့်လွန်းမနေဘူးလား”

ဤအသံကရှစ်ဖုန့်ထံမှာလာခြင်းဖြစ်သည်။ ဤအခိုက်အတန့်တွင် ရှစ်ဖုန့်မှာ မီးသစ်ပင်၏ထိပ်ဖျား၌ ဝင့်ကြွားစွာရပ်နေဆဲဖြစ်သည်။

ရှစ်ဖုန့်၏အသံအားကြားရသောအခါတွင် အကြီးအကဲကျိမှာ မည်သည့်ဒေါသအရိပ်အယောင်မှပြသခြင်းမရှိပေ။ ခေါင်းကိုဖြည်းညှင်းစွာမော့လိုက်ပြီး အပေါ်သို့ကြည်ကာ ပြောလိုက်သည်။

“စိတ်မကောင်းပါဘူး.ဒီနတ်ဘုရားက အစတုန်းက မင်းကို ထွက်ပြေးခွင့်ပေးပြီး မင်းရဲ့နှလုံးသားထဲမှာ မျှော်လင့်ချက်အလင်းရောင်ခပ်ရေးရေးလေး တောက်ပစေချင်ခဲ့တာ..ပြီးမှမင်းရှေ့မှာဒီနတ်ဘုရားကပေါ်လာပြီး မင်းရဲ့မျှော်လင့်ချက်တွေအားလုံးကို ဖျက်ဆီးပစ်မလို့.. ဒါပေမဲ့ မင်းကသေတော့မှာမို့ ပြေးနေတာကိုတောင်ရပ်ပြီး ဒီနေရာမှာ ဒီနတ်ဘုရား မင်းကို သတ်မှာကို စောင့်နေလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ဘူး”

“ဒီနတ်ဘုရားပြောတာများမှားသွားသလား”

အကြီးအကဲကျိက စကားပြောသကဲ့သို့ သူ၏ခေါင်းကိုမော့လိုက်ပြီး အရာအားလုံးအားဖောက်ထွင်းမြင်ရသကဲ့သို့ ရှစ်ဖုန့်အားအေးစက်သောအပြုံးတစ်ခုနှင့်ကြည့်နေ၏။

ရှစ်ဖုန့်က သူ့အားအဘိုးကြီးဟုခေါ်ပြီး ဘဝင်မြင့်သည်ဟု ပြောသည့်အပေါ်မူ ဤလူအနေဖြင့် သေကာနီးဖြစ်နေသောကြောင့်မသေခင်မိမိကိုယ်မိမိ ဟိတ်ဟန်လုပ်နေခြင်းဖြစ်သည်ဟု အကြီးအကဲကျိအနေဖြင့်မြင်၏။

တကယ်တမ်းတွင် အကြီးအကဲကျိသာထိုသို့တွေးနေခြင်းမဟုတ်ပေ။ မြေပြင်ပေါ်၌လဲနေသည့် ဟွမ်ရှီနှင့် ယွဲ့ချန်တို့ပင်ထိုသို့တွေးကြသည်ဖြစ်သည်။

အကြီးအကဲကျိ၏ မျက်လုံးတို့ က တစ်ချိန်လုံး ရှစ်ဖုန့်၏မျက်နှာထက်၌ကျရောက်နေသည်ဖြစ်သည်။ရှစ်ဖုန့်အားထွင်းဖောက်မြင်ပြီးသည့်နောက်၎င်း၏မျက်နှာထက်၌ ပေါ်လာမည့် တုန်လှုပ်နေသောအမူအယာကို အကြီးအကဲကျိတစ်ယောက်စောင့်နေခြင်းဖြစ်သည်။

သို့သော် ရှစ်ဖုန့်မှာ အဘိုးကြီး၏ စကားများအားကြားရသောအခါတွင် အဘိုးအိုမျှော်လင့်ထားသကဲ့သို့ တုန်လှုပ်သည့်အမူအယာဖြစ်မနေပေ။ထိုအစား ငယ်ရွယ်သောမျက်နှာထက်ရှိအပြုံးက ပို၍ပင်ပီပြင်လာသည်။ ဤအဘိုးကြီး၏စကားတို့ကတကယ့်ကို ဟာသကြီးဖြစ်နေ၏။

ရှစ်ဖုန့်ကအောက်ဘက်ရှိလူသုံးယောက်ကို ဆက်ငုံ့ကြည့်ပြီးပြောလိုက်သည်။

“သူတောင်းစားအိုကြီး. ခင်ဗျားကဘဝင်မြင့်နေတုန်းပဲ..ခင်ဗျားရဲ့စိတ်ကူးယဉ်မှုတွေကို စာအုပ်ပေါ်ချမရေးထားတာက နှမြောစရာပဲ. ကမ္ဘာကြီးက လုံးဝလက်ရာမြောက်တဲ့အရာတစ်ခုကို ဘာမှမဟုတ်ပဲနဲ့ဆုံးရှုံးရတော့မှာ”

“မသေမျိုးနတ်ဆိုးခန္ဓာကိုယ်. ပါရမီကတော့မဆိုးပါဘူး.. ဒီနတ်ဘုရားကလည်းပါရမီကိုတန်ဖိုးထားတဲ့သူပဲ”

အကြီးအကဲကျိက ကောင်းကင်ထဲမှ ရှစ်ဖုန့်ထံသို့ကြည့်ရင်း စကားဆက်ပြောနေ၏။

အကြီးအကဲကျိမှာ ရှစ်ဖုန့်ပြောသည်အား မကြားသကဲ့သို့ပြုမူနေသည်။

ဤလူက မသေခင်ဟန်ရေးပြနေခြင်းဖြစ်သည်။ အကြီးအကဲကျိအနေဖြင့် ဤအကြောင်းနှင့်ပက်သက်ပြီး ဖက်ကိုက်နေဖို့မလိုဟုခံစားရ၏။ ထို့နောက် အကြီးအကဲကျိက ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ဒီလိုလုပ်ရအောင်.. မင်းဆင်းလာပြီးဒီနတ်ဘုရားရှေ့မှာ ဒူးထောက်လိုက် ပြီးတော့ မင်းရဲ့စိတ်ကိုဖွင့်ထားပေး.. ဒီနတ်ဘုရားကို သခင်အဖြစ်အသိအမှတ်ပြုပြီး သခင်နဲ့အစေခံစာချုပ်ကို ဒီနတ်ဘုရားနဲ့ချုပ်လိုက်.. ဒါဆိုရင် ဒီကမ္ဘာပေါ်မှာမင်းကို အသက်ဆင်ရှင်ခွင့် ဒီနတ်ဘုရားကပေးမယ်”

ဤအချိန်တွင်အကြီးအကဲကျိအနေဖြင့် လွှမ်းမိုးချုပ်ကိုင်ကြီးစိုးသောအော်ရာကို ထုတ်လွှတ်နေသည်ဟု ပင်ခံစားနေရသည်။

အတိတ်ကရန်ညှိုးများအားသင်ပုန်းချေပြီး ရန်သူတစ်ယောက်အားသိမ်းသွင်းခြင်းကမည်မျှ ကြီးမြတ်လှပါသနည်း။ အခိုက်တန့်ခဏလောက် အကြီးအကဲကျိအနေဖြင့် ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ဝင်ရောက်ခြင်းက တုနှိုင်းမဲ့သော သူရဲကောင်းတစ်ယောက်ဖြစ်လာသည်ဟုပင်ခံစားလိုက်ရ၏။

အခိုက်တန့်ခဏလောက်အကြီးအကဲကျိတစ်ယောက် စိတ်တို့တက်ကြွနေသည်။

အကြီးအကကျိက လက်တို့အား နောက်သို့ထပ်မံပစ်ပြီးစောင့်ဆိုင်းနေသည်။ ဤအချိန်တွင် တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ မသေမျိုးခန္ဓာကိုယ်ပိုင်ရှင်ကဆင်းလာပြီး ရိုးသားစွာဖြင့်သူ့ရှေ့၌ဒူးထောက်ကာ သူ့အားသခင်ဟု ခေါ်လာမည်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

အကြီးအကဲကျိမှာ ၎င်း၏အသက်အားသူကချမ်းသာပေးထားခြင်းဖြစ်သည်ဟုခံစားရသည်။ဤလူ၏ပါရမီကမ ဆိုးသောကြောင့် ယခုအချိန်မည်သို့လုပ်ရမည်ကိုသိမည်ဖြစ်ပြီး အရူးတစ်ယောက်တော့ဟုတ်မည်မဟုတ်ပေ။

၎င်းအသက်ရှင်ရန်အတွက် မျှော်လင့်ချက်ကတစ်ခုတည်းရှိသည်ဖြစ်သည်။ အကယ်၍၎င်းသာသေဆုံးသွားခဲ့ပါက ဘာမှကျန်ရစ်ခြင်းရှိတော့မည်မဟုတ်ပေ။

သို့သော်ခဏကြာသည်အထိ လေထဲ၌ ဝင့်ကြွားစွာရပ်နေသော ရှစ်ဖုန့်က ဘာမှလုပ်ဆောင်ခြင်းရှိမနေပေ။ သို့သော်အကြီးအကဲကျိကတောအလျှင်မလိုပါ။မည်သို့ပင်ဆိုစေ လက်ရှိအခြေအနေက လုံးဝသူ၏ထိန်းချုပ်မှုအောက်၌ရှိနေသည်ဖြစ်သည်။

မသေမျိုးနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်အနေဖြင့် အညံ့ခံရန်အတွက် အချိန်အချို့ကို ကုန်ဆုံးစေသည်က ကျိုးကြောင်းဆီလျော်သည်ဖြစ်သည်။

သို့သော် ခဏကြာပြီးသည့်တိုင်အောင် ရှစ်ဖုန့်ကလေထဲ၌ထိုနေရာ၌ပင် ဝင့်ကြွားစွာရပ်နေဆဲဖြစ်သည်။

ဤအခိုက်အတန့်တွင် အကြီးအကဲကျိက၎င်းအားကြည့်လိုက်သည်။ တော်တော်ကြာသည်အထိ ၎င်းက ဆင်းလာပြီး ဒူးထောက်မည့်ပုံမပေါ်ပေ။

“ဒါက အရှုံးမပေးတဲ့ မသေမျိုးနတ်ဆိုးခန္ဓာကိုယ်လား. ဟမ့်အရူးပဲ”

အကြီးအကဲကျိက စိတ်ထဲမှ အေးစက်စွာပြောလိုက်၏။ဤအချိန်တွင် သူ၏အမူအယာက အေးစက်မှုအဖြစ်ပြောင်းလဲသွားသည်။ သူကရှစ်ဖုန့်အားအေးစက်စွာပြောလိုက်၏။

“ဒီနတ်ဘုရားကမင်းကိုစဉ်းစားသုံးသပ်ခွင့်ပေးပြီးပြီ. မင်းကခေါင်းမာနေမှတော့လည်း ဒီနတ်ဘုရားကမင်းကိုဖျက်ဆီးပေးရတာပေါ့”

အကြီးအကဲကျိ၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီးရပ်နေသောနေရာမှ ပျောက်ကွယ်သွားသည်။

ပြန်ပေါ်လာချိန်တွင် ရှစ်ဖုန့်၏ရှေ့သို့ရောက်နေပြီဖြစ်သည်။ သူ၏ဘယ်လက်အားနောက်သို့ပစ်ထားပြီး ညာလက်ကို လက်သည်းကုတ်တစ်ခုအဖြစ်ပြောင်းလဲလိုက်သည်။ သူကရှစ်ဖုန့်ထံသို့လက်ကိုလှမ်းလိုက်ပြီး ရှစ်ဖုန့်၏လည်ပင်းအား ကြက်ကလေးတစ်ကောင်ကဲ့သို့ ဆုပ်ကိုင်လိုက်၏။

သို့သော်အကြီးအကဲကျိ၏ညာလက်ကသာမန်ဆန်သော်လည်း ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦး၏ မမြင်နိုင်သောစွမ်းအားက ၎င်းပေါ်၌ တိတ်တဆိတ်ပေါ်လာပြီးဖြစ်၏။

ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦးအတွက် ၎င်းကမသေမျိုးနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်ဖြစ် နေပါစေ ၎င်းအား အနိုင်ယူရန်လုံလောက်သည်ဖြစ်သည်။

ပြောရလျှင် သန်မာအားကောင်းသောသူတစ်ယောက်က သိုင်းသမားဆယ်လောက်ကို အနိုင်ယူနိုင်သည်ဖြစ်သည်။ အကြွင်းမဲ့စွမ်းအားနှင့်ရင်ဆိုင်ရာ၌ မည်သည့်အရာကမှအသုံးဝင်လိမ့်မည်မဟုတ်ချေ။

ရှစ်ဖုန့်ကတော့ မျက်နှာထက်၌ အပြုံးခပ်ရေးရေးရှိနေဆဲဖြစ်သည်။ အဘိုးအို၏သာမန်ကာလျှံကာလက်သည်းအားမည်ကဲသို့သူ့အားဆုပ်ကိုင်ခွင့်ပေးနိုင်ပါမည်နည်း။ဤကဲ့သို့ခွန်အားလေးနှင့်တစ်စုံတစ်ယောက်အားမည်ကဲ့သို့သူ့ရှေ့၌မောက်မာခွင့်ပြုနိုင်ပါမည်နည်း။

ရုတ်ခြည်းရှစ်ဖုန့်၏ ဘယ်လက်က လက်သီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ သူ၏လက်သီးမှ ပြင်းထန်သောအနက်ရောင်မိုးကြိုးတစ်ခုထွက်ပေါ်လာသည်။ ရှစ်ဖုန့်၏ပါးစပ်မှ အေးစက်သောအော်ပြောသံတစ်ခုလည်းထွက်ပေါ်လာ၏။

“ကောင်းကင်ဘုံကိုးခု လှုပ်ခတ်မိုးကြိုး”

အော်ပြောလိုက်သကဲ့သို့ ရှစ်ဖုန့်၏ဘယ်လက်ကရှေ့သို့ထိုးနှက်လိုက်ပြီး အကြီးအကဲကျိ၏ညာလက်သည်းထံသို့ပေါက်ကွဲဝင်ရောက်သွားသည်။

ရုတ်ခြည်းတစ်ခုထက်တစ်ခုပိုကျယ် လောင်သောမိုးကြိုးသံများက ဆက်တိုက်ထွက်ပေါ်လာသည်။

ရှစ်ဖုန့်၏ခန္ဓာကိုယ်မှထွက်ပေါ်လာ သည့်မိုးကြိုးစွမ်းအားအား အာရုံခံမိသောအခါတွင် အကြီးအကဲကျိ၏အမူအယာကသိသိသာသာ ပြောင်းလဲသွား၏။

ဤအချိန်တွင်ရှစ်ဖုန့်၏မိုးကြိုးလက်သီးက အကြီးအကဲကျိ၏ ညာလက်သည်းနှင့်ထိပ်တိုက်တွေ့သွားသည်။

“အား”

ရုတ်ခြည်းဝက်တစ်ကောင်အသတ်ခံရလျှင် ထွက်ပေါ်လာသောအသံကဲ့သို့ ကျယ်လောင်သောအော်ဟစ်သံတစ်ခု ဤနယ်မြေ၌ထွက်ပေါ်လာ၏။

ဤအသံကားကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ဝင်ရောက်ပြီးကတည်းက စိတ်တက်ကြွနေသော အကြီးအကဲကျိထံမှထွက်ပေါ်လာခြင်းဖြစ်သည်။

ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားကိုပိုင်ဆိုင်ထားသောအကြီး အကဲကျိ၏လက်သည်းက ရှစ်ဖုန့်၏မိုးကြိုးလက်သီးကြောင့်ဘာမှကျန်ရစ်ခြင်းမရှိသည်အထိ ပေါက်ကွဲထွက်သွားသည်။ အကြီးအကဲကျိ၏ ထိခိုက်သွားသော လက်ကောက်ဝတ်မှ တောက်ပနီရဲသောသွေးများဆက်တိုက်ပန်းထွက်လာသည်။

“အား..အား…”

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters