အခန်း (၁၀၀၇)
Vol. 68 Ch. 1007
ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၈)
အပိုင်း(၁၀၀၇)
ကြမ်းတမ်းသောရုပ်ရည်သွင်ပြင်နှင့်လူငယ်မှာသေဆုံးသွားပြီဖြစ်သည်။ တောက်ပနီရဲသောသွေးတို့က သူ၏မျက်နှာပြင်ပေါ်ရှိဒွာရငါးပေါက်မှ စီးထွက်လာပြီး သွေးမြှားငါးစင်းအဖြစ်ပြောင်းလဲကာ ရှစ်ဖုန့်ထံသို့လှစ်ခနဲဝင်ရောက်သွားသည်။
ဤအချိန်တွင် ရှစ်ဖုန့်၏ပျက်စီးနေသောခန္ဓာကိုယ်က ငရဲဘုံကိုးခု ဖျက်ဆီးမရသောခန္ဓာကိုယ်၊ရှေးဟောင်းအသက်ဥပဒေသ၏စာလုံးနှင့် အင်မော်တယ်သွေးစက်ကိုးစက်တို့၏အကူအညီဖြင့် ပြန်လည်ရှင်သန်ကောင်းမွန်လာနေ၏။
ရှစ်ဖုန့်က သူ၏သိုလှောင်လက်စွပ်အတွင်းမှ ကျီးကန်းနက်၏ အနက်ရောင်ငှက်မွှေးဝတ်ရုံကိုထုတ်ယူလိုက်ပြီး ထပ်မံဝတ်ဆင်လိုက်သည်။
သူ့ထံသို့တစ်ဟုန်ထိုးချဉ်းကပ်လာနေသောပုံရိပ်များကိုကြည့်၍ ရှစ်ဖုန့်က လှောင်ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။
“မင်းတို့ကသေဖို့အလျှင်လိုနေမှတော့လည်းဒီသခင်လေးက မင်းတို့ရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးရတာပေါ့”
ဤလူများအားလုံးက သူ၏အသက်ကိုလိုချင်နေကြသည့်သူများဖြစ်ကြသည်။၎င်းတို့အားလုံးသေဖို့ထိုက်တန်သည်ဖြစ်၏။
ထို့နောက် ရှစ်ဖုန့်၏လက်တို့က လက်သည်းတို့အဖြစ်ပြောင်းလဲသွားပြီး ခပ်ကျယ်ကျယ်ပွင့်လာသည်။ ရုတ်ခြည်း သူ၏လက်တို့၌ အနက်ရောင်လျှပ်စီးတို့ကလင်းလက်လာ၏။ သူ၏လက်တို့မှပြင်းထန်သောမိုးကြိုးတန်းနှစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး လွန်စွာစွမ်းအားကြီးမားသော အဖျက်စွမ်းအားမိုးကြိုးနှစ်ခုက ထွက်ပေါ်လာသည်။
“ငရဲကိုသွားကြစမ်း”
ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်ပြီး သူ၏လက်တို့အားရှေ့သို့တွန်းထုတ်လိုက်သည်။ ပြင်းထန်သောမိုးကြိုးတန်းနှစ်ခုက အနက်ရောင်မိုးကြိုးနဂါးနှစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး ပြင်းပြင်းထန်ထန်ပျံသန်းဝင်ရောက်သွားသည်။
“ဒီစွမ်းအား..အရမ်း.အရမ်းစွမ်းအားကြီးတာပဲ.. ဒါက ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦးရဲ့စွမ်းအားလား”
လူအုပ်ကြီး၏ရှေ့ဆုံး၌ဖျက်ခနဲပေါ်လာသောနတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျင့်ကြံသူတစ်ဦးက ပျံသန်းလာနေသည့် အနက်ရောင်မိုးကြိုးနဂါးနှစ်ကောင်အား ရင်ဆိုင်ရသောအခါတွင် ချက်ချင်းပဲတန့်သွားခဲ့သည်။ သူ၏မျက်နှာထက်၌ လွန်စွာ တုန်လှုပ်ထိတ်လန့်နေသောအမူအယာ တစ်ခုဖြစ်ပေါ်လာသည်။
သူ့အနေဖြင့်ပုန်းကွယ်ထွက်ပြေးလွတ်မြောက်ပြီး ရှောင်တိမ်းလိုသော်လည်း အနက်ရောင်မိုးကြိုးနဂါးတစ်ကောင်က သူ့ထံသို့ ဦးတည်ပျံသန်းလာနေပြီးဖြစ်သည်။
“မဟုတ်ဘူး”
နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင် သူကလွန်စွာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့်အော်ဟစ်လိုက်သည်။ သူ၏လက်ထဲ၌နတ်ဘုရားတစ်ပိုင်းနယ်ပယ် စွမ်းအားအားလုံးကိုစုစည်းလိုက်ပြီး အနက်ရောင်မိုးကြိုးနဂါးကို တားဆီးရန်ကြိုးပမ်းသည့်အနေဖြင့်ပေါက်ကွဲထွက်သွားစေသည်။
သို့သော်ထို့နောက်တွင် ဧရာမအနက်ရောင်မိုးကြိုးနဂါးကြီးက ၎င်း၏ကိုယ်ကို ဝါးမျိုသွားသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားက ကြမ်းကြုတ်ရက်စက်သော မိုးကြိုးနဂါး၏ တိုးဝင်လာမှုကို ရပ်တန့်နိုင်စွမ်းမရှိပေ။
“ဟင့်အင်း”
“မဟုတ်ဘူး”
“အိုး.မလုပ်ပါနဲ့”
ရုတ်ခြည်းအနက်ရောင်မိုးကြိုးနဂါးနှစ်ကောင်က တစ်ရှိန်ထိုးပျံသန်းလာသကဲ့သို့ အံ့အားသင့်သောအသံများကလည်း ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလို နောက်ထပ် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျင့်ကြံသူသုံးဦးကို ဝါးမျိုသွားသည်။ အခြားသူများက အလွန်ကြမ်းကြုတ်ပြင်းထန်သော အနက်ရောင်မိုးကြိုးနဂါးနှစ်ကောင်အားမြင်တွေ့လိုက်ရသောအခါတွင် အလျှင်အမြန်ဆုတ်ခွာလိုက်ကြသည်။
အနက်ရောင်မိုးကြိုးနဂါး၏ဝါးမျိုမှုကိုခံလိုက်ရသည့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူ လေးဦးမှာ မှေးမှိန်ပျောက်ကွယ်သွားသည်ကို အခြားသူများက အာရုံခံမိလိုက်၏။ ယင်းမှာ၎င်းတို့သေဆုံးသွားပြီဟု ဆိုလိုခြင်းပင်ဖြစ်သည်။
တစ်ချက်တည်းသောလှုပ်ရှားမှုဖြင့် ထိုသူက အနက်ရောင်မိုးကြိုးနဂါးနှစ်ကောင်ကို ထုတ်ဖော်ခဲ့ပြီး ယင်းက ရုတ်ခြည်းဆိုသလို နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျင့်ကြံသူ လေးဦး၏အသက်ကိုနှုတ်ယူသွားခဲ့သည်။
ထို့နောက် အနက်ရောင်မိုးကြိုးနဂါးတို့က ဆက်လက်ပျံသန်းနေပြီး လေထုထဲ၌ လှည့်ပတ်နေသည်။ဆုတ်ခွာသည့်မည်သူကမှ ၎င်းတို့အား ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိကြချေ။
“သူတောင်းစားလေး. ငရဲကိုသွားစမ်း”
မြေပြင်ထဲ၌တစ်ယောက်တည်းရပ်နေသော မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုကိုင်ထား သည့်ကျင်းဖူက ရှစ်ဖုန့်အားမကျေမချမ်းဖြစ်စွာဖြင့်စိုက်ကြည့်နေ၏။
ဤလူက ပို၍စွမ်းအားကြီးမားလေ ပို၍ ထူးချွန်ပြောင်မြောက်လေသာပါရမီရှိလေ သူ့အနေဖြင့်ပိုစိတ်မချမ်းမသာဖြစ်မှုကိုခံစားရလေဖြစ်သည်။
“သူတောင်းစားလေး..သူတောင်းစားလေး. ဘာလို့သူအမြဲတမ်း ကြမ်းတမ်းနေရတာလဲ”
“သေစမ်း.သေလိုက်စမ်း.သေစမ်းကွာ.သေ..သေလိုက်..သေစမ်း..ငါ့အတွက်သေလိုက်စမ်း”
ကျင်းဖူ၏မိုင်တစ်ထောင်နတ်ဘုရားမှန်မှ နောက်တစ်ကြိမ် ဓားကဲ့သို့အစိမ်းရောင်အလင်းတန်းတစ်ခု ဝုန်းခနဲပြေးထွက်သွားပြီးရှစ်ဖုန့်ထံဦးတည်သွားသည်။
“အိုး..မင်းကိုး”
လေထဲ၌ ဝင့်ကြွားစွာရပ်နေသည့်ရှစ်ဖုန့်က အောက်ဘက်မှသူထံသို့လာနေသည့်ထူးဆန်းသည့်စွမ်းအားကို အာရုံခံမိလိုက်သည်။ သူခေါင်းငုံ့လိုက်သောအခါ မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုကိုင်ထား သည့်ကျင်းဖူကို မြင်တွေ့လိုက်ရ၏။
“ဒီကောင်သေဖို့ထိုက်တန်တယ်”
ဤလူက သူ့အားအကြိမ်ကြိမ်ထပ်ကာထပ်ကာချောင်းမြောင်းတိုက်ခဲ့ပြီး သူ့အားသတ်ဖြတ်ချင်နေသည်ဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့်၎င်းအား ဤကမ္ဘာ၌မည်ကဲ့သို့ ဆက်လက်အသက်ရှင်ခွင့်ပြုနိုင်ပါမည်နည်း။
သူ့ထံသို့ဝုန်းခနဲပစ်ဝင်လာသည့် ဓားကဲ့သို့ အစိမ်းရောင်အလင်းတန်းကို မျက်နှာမူရင်း ရှစ်ဖုန့်က သူ၏လက်သီးဖြင့် ပြင်းထန်သောလက်သီးတစ်ချက်ထိုးနှက်လိုက်သည်။ ဤလက်သီးချက်၏စွမ်းအားက အစိမ်းရောင်အလင်းတန်းတစ်ခုလုံးအား ဘာမှမကျန်တော့သည့်အထိ ရုတ်ခြည်းပေါက်ကွဲထွက်သွားစေသည်။
“ဝေါ့”
မိုင်တစ်ထောင်နတ်ဘုရားမှန်၏တိုက်ခိုက်မှုက ပျက်ဆီးသွားသောအခါတွင် ကျင်းဖူမှာ ချက်ချင်းတန်ပြန်သက်ရောက်မှုကိုခံစားလိုက်ရသည်။ တောက်ပနီရဲသောသွေးတို့ကို ပါးစပ်မှအန်ထုတ်လိုက်ပြီး အတင်းအကျပ်နောက်သို့ဆုတ်ခွာလိုက်ရ သောကြောင့်သူ၏ခန္ဓာကိုယ်က လှုပ်ခါနေသည်။
“သေလိုက်စမ်း”
ရှစ်ဖုန့်က သူ၏ဘယ်လက်ဖြင့် ဓားတစ်ခုအသွင်ပုံဖော်လိုက်ပြီး ကျင်းဖူထံထိုးညွှန်လိုက်သည်။ ရုတ်ခြည်း လေထဲမှ အနက်ရောင်မိုးကြိုးနဂါးတစ်ကောင်က ထိုးဆင်းသွားပြီး ကျင်းဖူထံတစ်ဟုန်ထိုးဝင်ရောက်သွား၏။
ဆုတ်ခွာမှုအားရပ်တန့်သွားသည့်ကျင်းဖူမှာ ရုတ်ခြည်း ကောင်းကင်ထဲမှ လွန်စွာစွမ်းအားကြီးမားသည့် စွမ်းအင်အတက်အကျတစ်ခုကို ခံစားမိလိုက်သည်။ သူ၏ခေါင်းအားမော့လိုက်သောအခါတွင် ထိုးဆင်းလာသောအနက်ရောင်မိုးကြိုးနဂါးကို ကျင်းဖူမြင်တွေ့လိုက်ရ၏။ မျက်ဆံတို့က သူငယ်အိမ်မှထွက်ကျလာတော့မည့်သကဲ့သို့ သူ၏မျက်လုံးတို့ပြူးကျယ်သွားသည်။
အနက်ရောင်နဂါးအားကြည့်နေရင်း ကျင်းဖူ၏နှလုံသားထဲမှ စွမ်းအားမဲ့မူကိုလည်းကောင်းစွာခံစားရသည်။ သူလက်ထဲရှိမိုင်တစ်ထောင်နတ်ဘုရားမှန်မှ အစိမ်းရောင်းအလင်းတစ်ခုလျှင်မြန်စွာလင်းလက်သွားသော်လည်း ဤအကြိမ်တွင် ၎င်းက သူ့ကိုယ်သူပြန်လည်ချိန်ရွယ်လိုက်ခြင်းဖြစ်သည်။
ကျင်းဖူက မိုင်တစ်ထောင်နတ်ဘုရားမှန်မှဆန်းကြယ် သည့်စွမ်းအားကိုအသုံးပြု၍ လွတ်မြောက်အောင်ထွက်ပြေးလိုသည်။
သို့သော် ဤအခိုက်အတန့်တွင် အနက်ရောင်ပုံရိပ်တစ်ခုက ကျင်းဖူ၏အထက်၌ပေါ်လာပြီး အေးစက်သောအသံဖြင့်ပြောလိုက်သည်။
“ကျင်း..ဖူ”
ထို့နောက်ချက်ချင်း ဆန်းကြယ်သောစွမ်းအားတစ်ခု လွှမ်းခြုံလာသည်ကိုကျင်းဖူခံစားရပြီး သူ၏ညာလက်မောင်းကို ဖြတ်တောက်သွားသည်။
မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုကိုင်ထားသည့်သူ၏ညာလက်မောင်းက ကျင်းဖူခန္ဓာကိုယ်မှချက်ချင်းကွဲထွက်သွားပြီး ကောင်းကင်ထဲသို့ထိုးတက်သွားသည်။
“အား”
ချက်ချင်းဆိုသလို ဝက်တစ်ကောင်အားသတ်ဖြတ်လျှင်ထွက်ပေါ်လာသည့်အော်သံကဲ့သို့ အသံတစ်ခုကကျင်းဖူ၏ ပါးစပ်မှထွက်ပေါ်လာသည်ကိုကြားရသည်။
“မင်း.မင်း.ခွေးမ. ဘယ်လိုတောင်ငါ့ကိုဒီလိုမျိုးဆက်ဆံရဲတာလဲ. ငါ့ကိုဘယ်လိုတောင်ဒီလိုဆက်ဆံရဲတာလဲ.ငါကျင်းဖူက တစ္ဆေသရဲဖြစ်သွားရင်တောင် မင်းကို လွှတ်မပေးဘူး”
ကျင်းဖူကခေါင်းမော့လိုက်သကဲ့သို့ သူ၏မျက်နှာထက်၌လည်းမကျေချမ်းမှု၊ မုန်းတီးမှုတို့ဖြင့်ပြည့်နှက်နေသည်။ ကျင်းဖူက သူ့အထက်ရှိ ဝတ်ရုံနက်ကို အော်ဟစ်လိုက်သည်။
၎င်း၏လက်မောင်းအားဖြတ်ထုတ်ပစ်လိုက်သည့်သူက ဝတ်ရုံနက်ဖြစ်၏။
မိုင်တစ်ထောင်နတ်ဘုရားမှန်အားကိုင်ထား သည့်ညာလက်မောင်းက ဝတ်ရုံနက်၏ဖမ်းဆီးမှုကိုချက်ချင်းခံလိုက်ရသည်။
ထို့နောက်ဝတ်ရုံနက်၏အေးစက်သောအော်ပြောသံက ထွက်ပေါ်လာသည်။
“မင်းနဲ့ငါနှစ်ယောက်လုံးက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုကလူတွေ. ပြီးတော့ငါကမင်းကို အကြိမ်ပေါင်းများစွာကယ်တင်ခဲ့တယ်.. မင်းကအဲ့တာကိုကျေးဇူးမတင်ရုံတင်မကဘူး ငါ့ရဲ့ကြင်နာမှုကိုရန်လိုမှုတွေနဲ့ပြန်တုန့်ပြန်ပြီး ငါကို လည်းသတ်ချင်နေခဲ့တယ်.. မင်း.မင်းသေဖို့ထိုက်တန်တယ်”
စကားပြောနေသကဲ့သို့ ဝတ်ရုံနက်၏ပုံရိပ်က ကောင်းကင်ထဲသို့ထိုးတက်သွားပြီးဖြစ်သည်။
ဤအခိုက်အတန့်တွင် ကျင်းဖူထံသို့ထိုးဆင်းလာသောအနက်ရောင်မိုးကြိုးနဂါးက ရောက်ရှိတော့မည်ဖြစ်သည်။
“မဟုတ်ဘူး.မဟုတ်ဘူး”
“ခွေးမ.ငါကျင်းဖူက မင်းကို အရမ်းအစွဲအလမ်းကြီး ရူးသွပ်ခဲ့ပေမဲ့ မင်းကတော့ငါ့ကိုဒီလိုမျိုးဆက်ဆံတယ်. ငါကျင်းဖူသေပြီး လို့သရဲတစ္ဆေအဖြစ်ပြောင်းသွားရင်တောင် မင်းအသက်ကိုယူဖို့ပြန်လာခဲ့မယ်.အား”
ထိုးဆင်းလာသောအနက်ရောင်မိုးကြိုးနဂါး၏အမြန်နှုန်းနှင့် စွမ်းအားတို့က ကျင်းဖူအားဤကပ်ဘေးမှမလွတ်မြောက်နိုင်ဟု သိစေသည်ဖြစ်သည်။ ကောင်းကင်ထဲသို့အော်ဟစ်ပြောလိုက်သကဲ့သို့သူ၏မျက်နှာထက်၌လည်း ကြမ်းကြုတ်ခက်ထန်သောအမူအယာတစ်ခုကို ပြသနေ၏။
ဤအခိုက်အတန့်တွင်ကျင်းဖူ၏ခန္ဓာကိုယ်ပေါ်မှ အားကောင်းသောမကျေမချမ်းဖြစ်မှု အသိအာရုံက ထိုးတက်လာသည်။
ထို့နောက်အနက်ရောင်မိုးကြိုးနဂါးက ထိုးဆင်းသွားပြီး ကျင်းဖူ၏ခန္ဓာကိုယ်ကို ဝါးမျိုသွားသည်။
“ဟမ့်.မင်းကတစ္ဆေတစ်ကောင်အဖြစ် ပြောင်းချင်တာလား”
ကျင်းဖူ၏ကြုံးဝါးသံအားကြားရသောအခါတွင် ရှစ်ဖုန့်၏မျက်နှာထက်၌ အထင်သေးမှုတို့ဖြင့်ပြည့်နှက်နေ၏။ ရှစ်ဖုန့်သာရှိနေလျှင် အကယ်၍ကျင်းဖူသေဆုံးပြီးသည့်နောက် တစ္ဆေတစ်ကောင်အဖြစ်ပြောင်းလိုခဲ့လျှင်တောင် ယင်းက ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။
ကျင်းဖူမှာအနက်ရောင်မိုးကြိုးနဂါးကြောင့်
ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။ ထို့နောက်ရှစ်ဖုန့်က သေခြင်းစွမ်းအားကိုဝါးမျိုလိုက်၏။ အနက်ရောင်မိုးကြိုးနဂါးထံမှ ဝိညာဉ်အမျှင်တန်းတစ်ခုက စီးမြောထွက်လာပြီး ရှစ်ဖုန့်ထံသို့ အတားအဆီးမဲ့ ဦးတည်ပျံသန်းသွားသည်။
ဤဝိညာဉ်အမျှင်တန်းက ကျင်းဖူ၏ဝိညာဉ်ဖြစ်သည်။
ဤအခိုက်အတန့်တွင် ကျင်းဖူ၏ ဖြူဖျော့နေသောမျက်နှာထက်၌ ရန်လိုမှုတို့ဖြင်ပြည့်နှက်နေသည်။ သူ၏လက်တို့ကလက်သည်းများကဲသို့ဖြစ်နေပြီး ဟင်းလင်းပြင်ကို ကုတ်ခြစ်နေသည်။ ဤဝိညာဉ်အမျှင်တန်း၌ မကျေချမ်းမှုတို့ဖြင့်ပြည့်နှက်နေ၏။ ၎င်းက ကြမ်းကြုတ်ခက်ထန်ပြီး အငြိုးအာဃာတတို့ဖြင့်ပြည့်နှက်နေသည်။
၎င်းက ကလဲ့စားချေလိုသောတစ္ဆေတစ်ကောင်အဖြစ် တကယ်ကြီးပြောင်းလဲခဲ့ပုံရ၏။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE