အခန်း (၁၀၀၈)
Vol. 68 Ch. 1008
ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၈)
အပိုင်း(၁၀၀၈)
ကျင်းဖူမှာသေဆုံးသွားပြီးသည့်နောက်၌ တကယ်ကြီး မကောင်းဆိုးဝါးဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားသည်ဖြစ်သည်။
သို့သော်ယင်းက အခိုက်တန့်တစ်ခုသာကြာသည်ဖြစ်၏။
သူ၏မကောင်းဆိုးဝါးဝိညာဉ်ခန္ဓာမှာ ရှစ်ဖုန့်ဝိညာဉ်၏ ဝါးမျိုမှုကို ချက်ချင်းခံလိုက်ရသည်။ ၎င်းအနေဖြင့်ဤကမ္ဘာအတွင်း လက်စားချေဖို့အတွက် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်မလာရုံသာမက ရှစ်ဖုန့်ဝိညာဉ်၏ စွမ်းအင်ပင်ဖြစ်လာသည်ဖြစ်၏။
ရှစ်ဖုန့်မှာ မိုးကြိုးအတိဒုက္ခကပ်ဘေးအတွင်းမှ လျှောက်လှမ်းထွက်လာသည်။ ကျင်းဖူအပါအဝင် ကြယ်လေးပွင့် ဧကရာဇ်နယ်ပယ်တစ်ဦးနှင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ငါးဦးတို့၏ ဝိညာဉ်တို့ကို ဝါးမျိုပြီးဖြစ်သည်။ အဆင့်ချိုးဖျက်လုနီးပါးဖြစ်နေခဲ့ပြီးဖြစ်သောသူ၏ဝိညာဉ်စွမ်းအားက ရုတ်ခြည်းကြယ်ရှစ်ပွင့် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်သွား၏။
“ငါ့အတွက်ချိုးဖျက်လိုက်စမ်း”
ဤအခိုက်အတန့်တွင လွန်စွာဒေါသတကြီးဖြစ်စွာဖြင့်အော်ဟစ်သေအသံတစ်ခုက ထွက်ပေါ်လာသည်။ ၎င်းက တတိယသခင်လေးကုန်းစွန်းယွမ်ထံမှ လာခြင်းဖြစ်သည်။
အစောပိုင်းက သူ၏ မကောင်းသော မိစ္ဆာဆန်သည့် ကောင်းကင်ဝါးမျိုပညာရပ်ဖြင့် စွမ်းအားကြီးအဘွားအို၏ စွမ်းအားကိုဝါးမျိုရန်လုပ်ခဲ့သော်လည်း ရှစ်ဖုန့်၏ မိုးကြိုးနဂါးက သူ့အး အတင်းအကြပ်နောက်သို့ ဆုတ်စေခဲ့သည်။ သူ့အနေဖြင့် ဒေါသမထွက်ဘဲမည်သို့နေပါမည်နည်း။
အရမ်းဒေါသထွက်လွန်းသောကြောင့် ရူးသွပ်လုနီးပါးပင်ဖြစ်နေပြီဖြစ်သည်။
ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏မိုးကြိုးနဂါးက ကျင်းဖူကိုသတ်ဖြတ်ခဲ့ပြီး နောက်ထပ် အနက်ရောင်မိုးကြိုးနဂါးတစ်ကောင်က အဘွားအို၏ဘေး၌သူမအားကာကွယ်ရန်ပေါ်လာသည်။ ကုန်းစွန်းယွမ်၏ဒေါသတကြီးအော်သံထွက်ပေါ်လာသောအခါ ဧရာမမီးခိုးရောင်လက်ဝါးပုံရိပ်ကြီးအား အဘွားအိုကိုကာကွယ်ပေးထားသည့် မိုးကြိုးနဂါးထံသို့ ရိုက်ထုတ်လိုက်ပြီးဖြစ်သည်။
ယင်းက ကုန်းစွန်းမိသားစု၏ အထွတ်အထိပ်ပညာရပ်ဖြစ်သော မဟာဟင်းလင်းပြင်လက်ဝါးဖြစ်သည်။
မဟာဟင်းလင်းပြင်လက်ဝါးက တကယ်ကြီး စွမ်းအားအကြီးမားဆုံးတိုက်ခိုက်မှုတစ်ခုဖြစ်၏။ ယင်းက လူတစ်ယောက်၏လက်ဝါးအသွင်မျိုးဖွဲ့စည်းသွားခြင်းဖြစ်သည်။
ယခင်ကကုန်းစွန်းယွမ်မှာသူ့ထံသို့ ဦးတည်ပျံသန်းလာသော အနက်ရောင်မိုးကြိုးနဂါး၏တိုက်ခိုက်မှုအား သူ၏စွမ်းအားကြီး တိုက်ခိုက်မှုကို အသုံးပြု၍တိုက်ခိုက်ခဲ့သည်။ သို့သော် အနက်ရောင်မိုးကြိုးနဂါးက ဖျက်ဆီခံလိုက်ရသော်လည်း သူ၏ခန္ဓာကိုယ်ကတော့ နောက်သို့အတင်းအကြပ်ဆုပ်ခဲ့ရသည်ဖြစ်၏။
ဤအကြိမ် ဧရာမ မီးခိုးရောင်လက်ဝါးပုံရိပ်ကြီးက အနက်ရောင်မိုးကြိုးနဂါးနှင့် ပြင်းပြင်းထန်ထန်ပစ်ဆောင့်သွား၏။ဧရာမ မီးခိုးရောင်လက်ဝါးပုံရိပ်ကြီးနှင့် ပစ်ဆောင့်မိသော အနက်ရောင်မိုးကြိုးနဂါးက ၎င်းကို ဖျက်ဆီးပစ်လိုက်သည်။
ထို့နောက် အနက်ရောင်မိုးကြိုးနဂါးက ထပ်မံပျံသန်းထွက်လာပြီး ကုန်းစွန်းယွမ်ထံသို့ပျံသန်းလိုက်သည်။
တစ်ချိန်တည်းတွင် ရှစ်ဖုန့်၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး မကြာခင် အဘွားအို၏ရှေ့၌ပေါ်လာသည်။ တောင်းပန်သည့်လိုသည့် အမူအယာနှင့် အဘွားအိုကိုသူကပြောလိုက်သည်။
“စီနီယာ.. စီနီယာကို ထိတ်လန့်စရာတွေဖြစ်သွားစေမိလို့တောင်းပန်ပါတယ်”
မိုးကြိုးအတိဒုက္ခကပ်ဘေးအဆုံးသတ် သွားပြီဖြစ်သောကြောင့် အဘွားအိုအနေဖြင့် သူမ၏လက်ချောင်းအားပြန်ရုတ်သိမ်းပြီးဖြစ်သည်။ ကောင်းကင်ထဲမှ ထူးဆန်းသောတိမ်တိုက်ကြီးကလည်း အချိန်တစ်ခု၌ ဆုတ်ခွာသွားပြီးဖြစ်၏။
သို့သော် အဘွားအိုက သူမ၏လွတ်လပ်မှုအားပြန်လည်ရရှိသွားသော်လည်း အဖျက်စွမ်းအားကိုခုခံတွန်းလှန်ရန်အတွက် စွမ်းအင်တော်တော်များများကို အသုံးပြုခဲ့ရသည်ဖြစ်သည်။ သူမ၏အိုမင်းသောမျက်နှာက အလွန်ဖြူဖတ်ဖြူရော်ဖြစ်နေဆဲဖြစ်ပြီး ကြည့်မကောင်းဖြစ်နေသည်။
ရှစ်ဖုန့်ရောက်ရှိလာသည်အားတွေ့ရသောအခါတွင် အဘွားအိုက မပျော်ရွှင်စွာဖြင့်နှာခေါင်းရှုံ့လိုက်သည်။ သူနှင့်ပက်သက်၍ အဘွားအိုက မကျေမနပ်ဖြစ်မှုအား တေးထားပြီးဖြစ်ပုံရ၏။
ထို့နောက် ရှစ်ဖုန့်အားလျစ်လျူရှုလိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ သူမ၏မျက်လုံးတို့ကို မှိတ်ထားလိုက်သည်။ လေထဲ၌ထိုင်၍ပြန်လည်ကောင်းမွန်အောင်ကုသနေ၏။
အောက်ဘက်ရှိရေကန်ငယ်အတွင်းမှ ယင်ယန်စမ်းရေတို့က ရုတ်ခြည်းထိုးတက်လာပြီး ရေတန်းတစ်ခုအဖြစ်ပြောင်းလဲကာ လေထဲမှအဘွားအိုထံသို့တစ်ဟုန်ထိုးဦးတည်သွားသည်။
ရှစ်ဖုန့်ကတော့လေထဲ၌ဝင့်ကြွားစွာရပ်နေသည်။ အနက်ရောင်မိုးကြိုးနဂါးက ကျင်းဖူကိုသတ်ဖြတ်ပြီးနောက် ဟင်းလင်းပြင်ထဲ၌ထပ်မံ အရှိန်အဟုန်ဖြင့်ပျံတက်နေသည်။ အခြားသူများမှာ ဤဧရိယာတစ်ဝိုက်သို့ ထပ်မံချဉ်းကပ်ရဲခြင်းမရှိကြချေ။
ယင်ယန်စမ်းရေအား မည်သူကမှလောဘတကြီး လိုချင်တောင့်တမှုမရှိကြတော့ပေ။
ယခုအခြေအနေက ကူကယ်ရာမဲ့သည့်ပုံဖြစ်နေသောကြောင့် လူများစွာက တိတ်တဆိတ်စတင်ဆုတ်ခွာနေကြပြီဖြစ်သည်။
သူတို့အရမ်းဂုဏ်ယူရသော တတိယသခင်လေးဖြစ်သူ ကုန်းစွန်းယွမ်ပင် အနက်ရောင်မိုးကြိုးနဂါးအောက်၌ အနိုင်ယူခံလိုက်ရသည်ဖြစ်ရာ သူတို့အနေဖြင့် ဤနေရာ၌မည်သို့ထပ်မံနေရဲပါမည်နည်း။
သို့သော်မကြာခင် မမြင်နိုင်သောစွမ်းအားကြီး အားတစ်ခု သူတို့၏လမ်းကြောင်းအားတားဆီးထားသည်ကို သူတို့တွေ့လိုက်ရသည်။
သို့မဟုတ် ဤကမ္ဘာငယ်လေးအတွင်း မမြင်နိုင်သော စွမ်းအားကြီး နယ်ပယ်ပိတ်လှောင်မှုတစ်ခုက သူတို့အားပိတ်လှောင်ထားခြင်းဖြစ်သည်ဟု ပြော၍ရ၏။
ဤလူများက သူမ၏နယ်မြေအတွင်းဖြတ်သန်းလာပြီး သူမ၏အသက်ကို ပင်ခြိမ်းခြောက်ခဲ့သည်။ အဘွားအိုအနေဖြင့် မည်သို့ အလွယ်တကူ ထွက်သွားခွင့်ပြုနိုင်ပါမည်နည်း။
“ဝုန်း.ဝုန်း.ဝုန်း.ဝုန်း..ဝုန်း”
ရုတ်ခြည်းပြင်းထန်သောတိုက်ခိုက်မှုများက တစ်ခုပြီးတစ်ခု ဤကျင့်ကြံသူများအပေါ်သို့ကျရောက်လာသည်။ သူတို့၏အစွမ်းအထက်ဆုံးနှင့်အားအကောင်းဆုံးစွမ်းအားများကို ထုတ်ဖော်၍ ဤအတားဆီးကိုချိုးဖျက်ပြီး လမ်းကြောင်းတစ်ခုဖွင့်ကာထွက်ပြေး ရန်ကြိုးစားကြသည်။
သို့သော်သူတို့မည်မျှပင်တိုက်ခိုက်ပါစေ သူတို့ရှေ့၌ရှိနေသည့် လေထုက လှိုင်းတွန့်လေးပင်ထမသွားပေ။
အဘွားအိုစီရင်ထားသည့်အရာအား သူတို့အနေဖြင့်မည်ကဲ့သို့ အလွယ်တကူ ချိုးဖျက်နိုင်ပါမည်နည်း။
“မဟာဟင်းလင်းပြင်လက်ဝါး”
အခြားတစ်ဖက်တွင် ကုန်းစွန်းယွမ်၏အော်သံကထပ်မံထွက်ပေါ်လာသည်။
မီးခိုးရောင်လက်ဝါးအားဖျက်ဆီးပြီးနောက် အနက်ရောင်မိုးကြိုးနဂါးက ကုန်းစွမ်းယွမ်ထံဦးတည်ပျံသန်းသွားသည်။ ကုန်းစွန်းယွမ်က နေက်ထပ် မဟာဟင်းလင်းပြင်လက်ဝါးကို အနက်ရောင်မိုးကြိုးနဂါးထံသို့ အလျှင်အမြန်ရိုက်ထုတ်လိုက်၏။ ဤကြိမ်တွင် နောက်ဆုံး၌ အနက်ရောင်မိုးကြိုးနဂါးကို ဖျက်ဆီးနိုင်သွားပြီး သူ၏ကိုယ်က နောက်သို့လွင့်ထွက်ခြင်းမရှိတော့ပေ။
အနက်ရောင်မိုးကြိုးနဂါးဖျက်ဆီးခံလိုက်ရသောအခါတွင် ဧရာမ သွေးခဲ့ကြီးတစ်ခုက လေထဲ၌ပေါ်လာသည်။ သို့သော် ဤသွေးခဲ့ကြီးက နောက်၌ရှိနေသော ရှစ်ဖုန့်ထံသို့ လျှင်မြန်စွာဦးတည်သွားသည်။
ဤသွေးအစုအဝေးကြီးက အနက်ရောင်မိုးကြိုးနဂါးကြောင့်ဖျက်ဆီး ခံလိုက်ရသော နတ်ဘုရားတစ်ပိုင်း တို့၏သွေးများဖြစ်ကြသည်။
၎င်းတို့၏ခန္ဓာကိုယ်များကအသုံးမဝင်သောကြောင့် အနက်ရောင်မိုးကြိုးနဂါး၏ဝါးမျိုမှုကိုခံရပြီးနောက် ပြာကျသွားခဲ့သည်။ သို့သော် ရှစ်ဖုန့်၏ ထိန်းချုပ်မှုအောက်၌ ၎င်းတို့၏သွေးများကတော့ကျန်ရစ်ခဲ့၏။
သွေးတို့ကရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးဦးတည်လာပြီး ရှစ်ဖုန့်၏ချက်ချင်းဝါးမျိုမှုကိုခံလိုက်ရသည်။
နောက်ထပ် အနက်ရောင်မိုးကြိုးနဂါးတစ်ကောင်က ရှစ်ဖုန့်၏ ခြေထောက်အောက်မှပျံသန်းလာသည်။ သွေးနီရောင်အရည်တန်းတစ်ခုက ရေပန်းတစ်ခုကဲ့သို့ နဂါးဦးခေါင်းမှပန်းထွက်လာ၏။ မကြာခင်၎င်းတို့ကရှစ်ဖုန့်၏စုပ်ယူခြင်းကိုခံလိုက်ရသည်။
ရှစ်ဖုန့်က အနက်ရောင်မိုးကြိုးနဂါးအပေါ်၌ ရပ်နေပြီး ကုန်းစွန်းယွမ်ကို စိုက်ကြည့်နေသည်။
ဤအချိန်တွင် ကုန်းစွန်းယွမ်ကလည်းသူ့အား အေးစက်သောမျက်လုံးတို့ဖြင့်စိုက်ကြည့်နေ၏။ ထို့နောက် ကုန်းစွန်းယွမ်က အေးစက်စွာပြောလိုက်သည်။ထို့နောက်ကုန်းစွန်းယွမ်က အေးစက်စွာပြောလိုက်သည်။
“မင်းနဲ့ငါနဲ့ကြားမှာဘာအမုန်းတရားမှမရှိဘူး.. ငါ့ကိုလွှတ်ပေး. အခုကစပြီးကိုယ့်အလုပ်ကိုယ်လုပ်ကြမယ်..မင်းဘယ်လိုသဘောရလဲ”
ကုန်းစွန်းယွမ်၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က သွားပေါ်အောင်ပြုံးလိုက်ပြီး ပြောလိုက်သည်။
“မင်းရဲ့အမူအယာကနေမင်းဒီသခင်လေးကို မုန်းပြီး သတ်ချင်နေတာကို ပြောနိုင်တယ်. ဒီသခင်လေးကိုသတ်ချင်တဲ့သူမှန်သမျှက သေရမှာပဲ”
“အဲ့တာထက်ပိုတာက .ဒီသခင်လေးရဲ့မိတ်ဆွေနှစ်ယောက်က ဒီသခင်လေးအတွက်နဲ့မင်းကြောင့် သေလုနီးပါးဖြစ်ခဲ့တယ်.. ဒီသခင်လေး မင်းကို ခွင့်လွှတ်ပေးစရာအကြောင်းမရှိဘူး”
“ငါ့ကိုခွင့်လွှတ်ပေးမယ်တဲ့လား”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် ကမ္ဘာပေါ်၌အရယ်ရဆုံးသော ပျက်လုံးတစ်ခုကိုကြားလိုက်ရသကဲ့သို့ ကုန်းစွန်းယွမ်က သွားပေါ်အောင်ရယ်လိုက်သည်။
သူကသရော်ပြုံးဖြင့်ပြောလိုက်၏။
“ငါကုန်းစွန်းယွမ်က ကုန်းစွန်းထိုက်ယင်ရဲ့သားပဲ ကုန်းစွမ်းမိသားစုရဲ့ အင်အားစွမ်းပကားက မင်းစိတ်ကူးထားတာထက်ကျော်တယ်. ကုန်းစွန်းမိသားစုရဲ့ အင်အားနဲ့သာဆိုရင် မင်းကိုသတ်ဖို့က လက်လေးတစ်ချက်လှန်လိုက်သလို လွယ်ကူလွန်းတယ်.. ဒါပေမဲ့ ငါအဲ့လိုတစ်ခါလုပ်ရင် ငါလည်းအဲ့တွက်တန်ကြေးတော့ပြန်ပေးရမှာပဲ”
“ငါ့ကိုအခုလွှတ်ပေးလိုက်ဖို့မင်းကိုအကြံပေးချင်တယ်. အနာဂတ်မှာမင်းငါ့ကို တွေ့ခဲ့ရင်တော့လှည့်ပြီးတော့သာပြေးပေတော့ပဲ”
“စွမ်းအား.အာဏာဆိုတာက စကားလုံးတွေကနေလာတာမဟုတ်ဘူး.. မင်းတိုက်ချင်တယ်ဆို တိုက်ကြစို့ .. စကားတွေလျှောက်ပြောမနေနဲ့”
ရှစ်ဖုန့် ကုန်းစွန်းယွမ်ကိုအေးစက်စွာအော်ပြောလိုက်သည်။ ကုန်းစွန်းယွမ်အား ထွက်သွားခွင့်ပြုရန်မည်သည့်ရည်ရွယ်ချက်မှရှိမနေသည်မှာသိသာ၏။
“မင်းကသေချင်နေမှာတော့လည်း.. ငါကုန်းစွန်းယွမ်က ငါ့ရဲ့အမှန်တကယ်ခွန်အားကိုပြပေးရတာပေါ့”
ကုန်းစွန်းယွမ်က နောက်ဆုံးစကားအားပြောချိန်တွင် အသားကုန်အော်ဟစ်လိုက်သည်။
ရုတ်ခြည်း ကုန်းစွန်းယွမ်၏ ခန္ဓာကိုယ်မှ ဖျက်ဆီးခြင်းစွမ်းအားတစ်ခု ထိုးထွက်လာသည်။ ကုန်းစွန်းယွမ်၏အော်ရာက သိသိသာသာပြောင်းလဲသွားသည်။
ဧရာမအနက်ရောင်အရိပ်ကြီးတစ်ခုကကုန်းစွန်းယွမ်၏ ခန္ဓာကိုယ်မှ ထိုးထွက်လာသည်။ အရိပ်က အရမ်းကိုမှုန်ဝါးလှပြီး ၎င်း၏မျက်နှာအားမည်သူမှရှင်းရှင်းလင်းလင်းမမြင်တွေ့ရပေ။ သို့သော် ၎င်းက အရာအားလုံးအားဖျက်ဆီးပစ်နိုင်သည့်အော်ရာတစ်ခုကို ပေးစွမ်းနေသည်။
၎င်းက ဖျက်ဆီးဖို့သက်သက်တည်ရှိ နေသကဲ့သို့ပင်ဖြစ်သည်။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE