← Chapters

အခန်း (၁၀၀၉)

Vol. 68 Ch. 1009

အခန်း (၁၀၀၉)

Vol. 68 Ch. 1009

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၈)

အပိုင်း(၁၀၀၉)

ကုန်းစွန်းယွမ်၏အော်ရာဖြတ်သန်းသွားခြင်းက မြေပြင်ကိုပင်အက်ကွဲမှုအဖြစ်ပြောင်းလဲသွားစေသည်။ သူ၏ကိုယ်မှာ အနက်ရောင်အရိပ်ကြီးက ထိုးထွက်လာပြီး ကမ္ဘာတစ်ခုလုံး၌ ရုတ်ခြည်းဆိုသလို ပြင်းထန်သောဖျက်ဆီးခြင်းစွမ်းအားတို့နှင့် ပြည့်နှက်သွားစေသည်။

ဖျက်စီးခြင်းစွမ်းအားက သာမန်စွမ်းအားတစ်ခုဖြစ်ပြီး ကမ္ဘာအနှံ့နေရာအနှံ့၌တွေ့နိုင်သည်ဆိုသော်လည်း ၎င်းက အရာအားလုံးကို ဖျက်ဆီးပစ်ဖို့အသုံးပြုနိုင်သည်ဖြစ်သည်။

ထျန်းဟန်တိုက်ကြီးအတွင်းတွင် အမှောင်စီရင်စု၏အရှင်သခင်သုံးယောက်ထဲမှတစ်ဦးဖြစ်သော ဖျက်ဆီးခြင်းဧကရာဇ်မြဲ့ထျန်းက ဖျက်ဆီးခြင်းစွမ်းအားကို ကျင့်ကြံသည်ဖြစ်သည်။

သူ၏အမွေအနှစ်က ဘိုးဘေးဖြစ်သူ ဖျက်ဆီးခြင်းနတ်ဘုရားထံမှလာခြင်းဖြစ်သည်။

သို့သော်မြဲ့ထျန်း၏ဖျက်ဆီးခြင်းစွမ်းအားက ကမ္ဘာတစ်ခုလုံး၌ပြည့်နှက်နေသည့် ဖျက်ဆီးခြင်းစွမ်းအားနှင့်တော့နှိုင်းယှဉ်၍မရနိုင်ပေ။ ယင်းလ၏အလင်းနှင့် ပိုးစုန်းကြူး၏အလင်းကြားထဲကကွာခြားချက်ကဲ့သို့ ကွာခြားလှသည်ဖြစ်သည်။

ကုန်းစွန်းယွမ်၏ကိုယ်မှ ဧရာမအနက်ရောင်အရိပ်ကြီးထိုးထွက်လာသည်ကို တွေ့ရသောအခါ၌ လေထဲ၌ တင်ပျဉ်ခွေထိုင်နေသည့် အဘွားအိုပင် ရုတ်ခြည်းသူမ၏မျက်လုံးတို့ကို ဖွင့်လိုက်ပြီး ကုန်းစွန်းယွမ်ရှိရာဘက်သို့ကြည့်လိုက်သည်။

“ရှေးဟောင်းအစစ်အမှန်နတ်ဘုရားရဲ့ ဖျက်ဆီးခြင်းစွမ်းအားလား”

အဘွားအို၏မျက်နှာထက်၌ အံ့အားသင့်မှုတို့ဖြင့်ပြည့်နှက်နေသကဲ့သို့ တီးတိုးရေရွတ်ပြောဆိုလိုက်သည်။

ဝတ်ရုံနက်မှာပြန်လာပြီး အဘွားအိုကိုပြန်လည်စောင့်ကြပ်ပေးနေသည်ဖြစ်၏။ အဘွားအို၏ တီးတိုးရေရွတ်ပြောဆိုသံအားကြားပြီးနောက် ဝတ်ရုံနက်ကလည်း အံ့အားသင့်စွာပြောလိုက်သည်။

“ ရှေးခေတ်ဖျက်ဆီးခြင်းရဲ့နတ်ဘုရား”

အနက်ရောင်ဝတ်ရုံဖြင့်ဖုံးကာထားသည့်သူ၏မျက်လုံးတို့ကလည်း ကုန်းစွန်းယွမ်၏ခန္ဓာကိုယ်မှထိုးထွက်လာသည့် ဧရာမအနက်ရောင်အရိပ်ကြီးထံသို့ စိုက်ကြည့်နေ၏။

ထို့နောက်အဘွားအို၏ အံ့အားသင့်နေသောအမူအယာက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။ သူမကတည်ငြိမ်စွာဖြင့်ပြောလိုက်၏။

“ဒါကဖျက်ဆီးခြင်းနတ်ဘုရားရဲ့ အသိစိတ်အကြွင်းအကျန်တစ်ခုပဲ..ဒီလူက ရှေးခေတ်ဖျက်ဆီးခြင်းနတ်ဘုရားရဲ့ အသိစိတ်အကြွင်းအကျန်ပါတဲ့ ပစ္စည်းတစ်ခုကိုရခဲ့တာပဲဖြစ်ရမယ်”

“အော်”

ဝတ်ရုံနက်မှာ အဘွားအို၏ စကားတို့အားကြားပြီးနောက် စိတ်သက်သာရာရသောအသံဖြင့် ခေါင်းညိမ့်လိုက်သည်။

သို့သော်၎င်းကဖျက်ဆီးခြင်းနတ်ဘုရား၏အသိစိတ်အကြွင်းအကျန်ဖြစ်နေခဲ့လျှင်တောင် နားလည်မှုလွဲလို့တော့မရပေ။ အားလုံးထက် ၎င်းက ရှေးခေတ်အစစ်အမှန်နတ်ဘုရားတစ်ပါး၏ အသိစိတ်အကြွင်းအကျန်ဖြစ်နေခြင်းဖြစ်သည်။

“တိုက်ကြစို့”

ကုန်းစွန်းယွမ်နှင့်အနက်ရောင်အရိပ်ကြီးတို့အားရင်ဆိုင်ရာ၌ ရှစ်ဖုန့်က ကြောက်ရွံနေခြင်းလုံးဝမရှိပေ။ ထိုအစား သူက တိုက်ပွဲဝင်လိုစိတ်တို့ဖြင့်ပြည့်နှက်နေ၏။

အော်ပြောလိုက်ပြီးနောက် ရှစ်ဖုန့်က သူ၏ခြေထောက်တို့ကိုရွေ့လျားလိုက်ပြီး သူ၏ခြေထောက်အောက်မှ အနက်ရောင်မိုးကြိုးနဂါးက ချက်ချင်းပျံသန်းထွက်သွားသည်။

ထို့နောက် ရှစ်ဖုန့်၏ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်မိုးကြိုးလျှပ်စီးတို့က ပို၍ပင်ပြင်းထန်စွာလင်းလက်လာသည်။

“အား”

ကျယ်လောင်သောအော်ဟစ်သံတစ်ခုကိုကြားရသည်။

ရှစ်ဖုန့်၏ခန္ဓာကိုယ်ပေါ်မှအနက်ရောင်မိုးကြိုးတို့က ချက်ချင်းပဲ ကောင်းကင်ထဲသို့ထိုးတက်သွား၏။

“ဂျိန်း..ဂျိန်း..ဂျိန်း.ဂျိန်း.ဂျိန်း”

ဤအခိုက်အတန့်တွင် ကမ္ဘာတစ်ခွင်လုံး၌ မိုးခြိမ်းသံများကိုကြားရပြီး တစ်ခုစီတိုင်းက ယခင်တစ်ခုထက်ပိုကျယ်သည်ဖြစ်သည်။ စုစုပေါင်းအသံကိုးချက်ဖြစ်၏။ ၎င်းကရှစ်ဖုန့်၏နတ်ဘုရားတစ်ပိုင်း တိုက်ခိုက်ရေးနည်းစနစ်ဖြစ်သော ကောင်းကင်ဘုံကိုးခု လှုတ်ခပ်မိုးကြိုးဖြစ်သည်။

မိုးခြိမ်းသံသုံးခု ထွက်ပေါ်လာပြီးတိုင်းတွင် ရှစ်ဖုန့်၏အော်ရာက ပို၍အနည်းငယ်အားကောင်းလာသည်။

ထို့နောက်အနက်ရောင်မိုးကြိုးလူသားအဖြစ်ပြောင်းလဲသွားသောရှစ်ဖုန့်က ရှေ့သို့ဝုန်းခနဲ ချီတက်လိုက်သည်။

“ဖျက်ဆီးစမ်း”

အနက်ရောင်မိုးကြိုးနဂါးအားရင်ဆိုင်ရရာတွင် ကုန်းစွန်းယွမ်က သူ၏လက်ချောင်းကိုရှေ့သို့ထိုးညွှန်၍ အေးစက်စွာရေရွတ်ပြောလိုက်သည်။

ထိုသို့ပြုလုပ်လိုက်သကဲ့သို့ သူ၏ကိုယ်မှထိုးထွက်လာသည့် မှုန်ဝါးသော ဧရာမအရိပ်ကြီးက လည်း ရှေ့သို့ ထိုးညွှန်လိုက်သည်။

ရုတ်ခြည်း အနက်ရောင်မိုးကြိုးနဂါးမှာအစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး သဲလွန်စမကျန်အောင်ပျောက်ကွယ်သွားသည်။

ဖျက်ဆီးခြင်းစွမ်းအားက ၎င်းကိုရုတ်ခြည်းသုတ်သင်ပစ်လိုက်ခြင်းဖြစ်၏။

နဂါးအားလက်တစ်ချောင်းတည်းဖြင့် ဖျက်ဆီးပစ်လိုက်ပြီးနောက် ကုန်းစွန်းယွမ်က ပြင်းထန်သော လက်သီးတစ်ချက်ကိုထုတ်ဖော်လိုက်ပြီး ရှေ့ရှိဟင်းလင်းပြင်သို့ထိုးနှက်လိုက်သည်။

ကောင်းကင်ထဲရှိ မှုန်ဝါးသော ဧရာမအရိပ်ကြီးက ၎င်းနှင့်ပေါင်းစည်းထားသကဲ့သို့ ကုန်းစွန်းယွမ်၏လှုပ်ရှားမှုနှင့်အတူ ဧရာမလက်သီးတစ်လုံးကို အောက်ဘက်သို့ဦးတည်၍ထိုးနှက်လိုက်သည်။

ဧရာမလက်သီးကြီး၏တစ်ချက်တည်းသောလှုပ်ရှားမှုဖြင့် ကုန်းစွန်းယွမ်၏ရှေ့ရှိဟင်းလင်းပြင်က ပြင်းထန်စွာတုန်ခါသွားပြီး ဖျက်ဆီးခြင်းစွမ်းအားလှိုင်းတို့ကလည်း ဝုန်းကနဲရှေ့သို့ တိုးထွက်လာသည်။

မငြိမ်မသက်ဖြစ်နေသော ဟင်းလင်းပြင် အလယ်တွင် ပြင်းထန်သည့်အနက်ရောင်လျှပ်စီးတို့ကို ထုတ်လွှတ်နေသော ပုံရိပ်တစ်ခုက ရုတ်ခြည်းပေါ်လာ၏။

ထိုအခိုက်အတန့်တွင် ဝုန်းခနဲပေါက်ကွဲထွက်လာသော အဖျက်စွမ်းအင်တို့က အနက်ရောင်လျှပ်စီးလူသားထံသို့စုစည်းသွားပြီး ၎င်းအား လုံးဝဖျက်ဆီးပစ်ရန်ရည်ရွယ်နေ၏။

“ချိုးဖျက်စမ်း”

ရှစ်ဖုန့်က ခေါင်းမော့လိုက်ပြီး အော်ဟစ်လိုက်သည်။သူ၏ခန္ဓာကိုယ်မှအနက်ရောင်မိုးကြိုးတို့က ရုတ်ခြည်း အရပ်မျက်နှာအနှံ့သို့ ပြင်းပြင်းထန်ထန်ထွက်ခွာသွားသည်။ ပြင်းထန်သောအနက်ရောင်မိုးကြိုးတို့အောက်တွင် စုစည်းလာသောစွမ်းအားကြီးအဖျက်စွမ်းအင်တို့က ရုတ်ခြည်း အနက်ရောင်မိုးကြိုးတို့၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

“ဒီလူ. သူကတကယ်ကြီးဒီလောက်စွမ်းအားကြီးတာပဲ. ချီးပဲ”

သူထုတ်ဖော်လိုက်သောစွမ်းအားကြီး အဖျက်စွမ်းအားတို့က ချိုးဖျက်ခံလိုက်ရသည်ကိုတွေ့လိုက်ရသောအခါတွင် ကုန်းစွန်းယွမ်၏အေးစက်သောမျက်နှာထက်၌ တုန်လှုပ်အံ့အားသင့်သောအမူအယာတစ်ခုဖြစ်ပေါ်လာသည်။

လွန်ခဲ့သောအချိန်တစ်ချို့ကသူသည် ရှေးဟောင်းဘိုးဘေးသင်္ချိုင်းတစ်ခုသို့ဝင်ရောက်ခဲ့သည်။ ဝင်ရောက်ခဲ့ပြီးသည့်နောက်၌ ရှေးဟောင်းသင်္ချိုင်းက မြေရိုင်းဒေသကြီးအတွင်းလွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်က တည်ရှိခဲ့သည့် ကောင်းကင်ဝါးမျိုနတ်ဆိုး၏သင်္ချိုင်းမှန်းသူသိခဲ့ရ၏။

ကောင်းကင်ဝါးမျိုနတ်ဆိုးမှာ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန့်က မြေရိုင်းဒေသကြီးအတွင်းကျော်ကြားသောသူဖြစ်သည်။ သူက မိစ္ဆာကျင့်စဉ်တစ်ခုကိုကျင့်ကြံပြီး အခြားသူများ၏စွမ်းအားကိုဝါးမျို၏။ လူတိုင်းကသူ့အားသတ်ချင်ကြသည်ဖြစ်သည်။

ကောင်းကင်ဝါးမျိုနတ်ဆိုး၏ရှေးဟောင်းသင်္ချိုင်းအတွင်း ကုန်းစွန်းယွမ်တစ်ယောက် ကောင်းကင်ဝါးမျိုပညာရပ်ကို ရရှိခဲ့ရုံသာမက အရိုးတို့ဖြင့်ပြုလုပ်ထားသောတောင်ဝှေးတစ်ခုကိုလည်းရရှိခဲ့သည်။ ဤတောင်ဝှေး၌ စွမ်းအားကြီးစိတ်ဝိညာဉ်အကြွင်းအကျန်တစ်ခု ပုန်းအောင်းနေ၏။

ကုန်းစွန်းယွမ်ကသူနှင့်ရှစ်ဖုန့်၏တိုက်ပွဲအတွင်း ဤစိတ်ဝိညာဉ်အကြွင်းအကျန်၏ စွမ်းအားကိုအသုံးပြုခဲ့သည်။

သို့‌သော် စိတ်ဝိညာဉ်အကြွင်းအကျန်ထုတ်ဖော်လိုက်သည့်တိုက်ခိုက်မှုအားဤကောင်လေး က ချိုးဖျက်နိုင်မည်ဟုတော့သူ မမျှော်လင့်ခဲ့ပေ။

အစောပိုင်းကတိုက်ခိုက်မှုက ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားကိုသေချာပေါက်ရောက်ရှိသည်ဖြစ်သည်။ယင်းက မဟာဟင်းလင်းပြင်လက်ဝါးထုတ်ဖော်သည့်တိုက်ခိုက်မှုထက် များစွာပိုအားကောင်းသည်ဖြစ်၏။

ဤအချိန်တွင် ကုန်းစွန်းယွမ်ကလည်းသူ၏ခေါင်းကိုမော့လိုက်ပြီး အော်ဟစ်လိုက်သည်။

“ကျွန်ုပ်ရဲ့သွေးနဲ့ အတူ သင့်ရဲ့စွမ်းအားကို ကျွန်ုပ်က ယဇ်ပူ‌ဇော်တယ် ဖျက်ဆီးစမ်း”

“ဝေါ့”

ထို့နောက် ကုန်းစွန်းယွမ်၏ပါးစပ်မှ သွေးတစ်ပွက်အပြည့်အန်ထွက်လာသည်။ သွေးတို့ကချင်းချင်းပြန့်ကျဲသွားပြီးအစက်ငယ်များအဖြစ်ပြောင်းလဲသွားကာ လေထဲ၌မျောလွင့်နေ၏။ ၎င်းတို့က ဧရာမ အနက်ရောင်အရိပ်ကြီးထံသို့ လွင့်မျောသွားပြီး သိပ်ပြီးမကြာလိုက်ခင်မှာပင် အနက်ရောင်အရိပ်ကြီး၏ဝါးမျိုခြင်းကိုခံလိုက်ရသကဲ့သို့ ဧရာမအနက်ရောင်အရိပ်ကြီးထံမှပျောက်ကွယ်သွားသည်။

သွေးတို့အားအန်ထုတ်ပြီးနောက် ကုန်းစွန်းယွမ်၏မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။ သူ၏အထက်ရှိဧရာမအနက်ရောင်အရိပ်ကြီးက ပို၍စွမ်းအားကြီးမားသောဖျက်ဆီးခြင်းအော်ရာတစ်ခုကို ထုတ်လွှတ်နေ၏။

“သူ့ကိုဖျက်ဆီးပစ်”

ကုန်းစွန်းယွမ်က သူ့ရှေ့ရှိ ပုံမှန်မဟုတ်သည့် ခက်ထန်မှုများဖြင့် ကြည့်နေဆဲဖြစ်သည့် အနက်ရောင် လျှပ်စီးလူသားထံသို့ ထိုးညွှန်လိုက်သည်။

ဤအကြိမ်တွင် ကုန်းစွန်းယွမ်၏ခန္ဓာကိုယ်မှထိုးထွက်နေသော ဧရာမအနက်ရောင်အရိပ်ကြီးက သူ၏နှင့်ပြိုင်တူလှုပ်ရှားခြင်းမရှိပေ။ ထိုအစား ၎င်းကကုန်းစွန်းယွမ်၏ စိတ်ဆန္ဒအောက်၌ ညာလက်ကို လက်ဝါးအဖြစ်ပုံဖော်လိုက်ပြီး ဧရာမ အနက်ရောင်အရိပ်ကြီး၏ ညာလက်ဝါးပေါ်၌ ပြွတ်သိပ်နေသည့် ထူးဆန်းသောအစီအရင် ကမ္ပည်းစာများပေါ်လာသည်။ထို့နောက် ၎င်းကအောက်ဘက်ရှိ အနက်ရောင် မိုးကြိုးလျှပ်စီးပုံရိပ်ထံသို ရိုက်ချလိုက်၏။

ဧရာမအနက်ရောင်အရိပ်ကြီး၏လက်ဝါးက ကုန်းစွန်းမိသားစု၏ အတုမရှိ နည်းစနစ်ဖြစ်သည့် မဟာဟင်းလင်းပြင်လက်ဝါးဖြစ်သည်။ကုန်းစွန်းယွမ်က ဤကုန်းစွန်းမိသားစု၏ အတုမရှိနည်းစနစ်ကို ထုတ်ဖော်နိုင်ရန်အတွက် စိတ်ဝိညာဉ်အကြွင်းအကျန်အားသူ၏သွေးအဆီအနှစ်ကိုယဇ်ပူဇော်ခဲ့ခြင်းဖြစ်၏။

ဤအချိန်တွင် မဟာဟင်းလင်းပြင်လက်ဝါးနှင့် ဧရာမအရိပ်ကြီး၏ တိုက်ခိုက်မှုက ပို၍ စွမ်းအားကြီးမားပြီး အဖျက်စွမ်းအားတို့ပြည့်နှက်နေ၏။ ယင်းက ယခင်တိုက်ခိုက်မှုနှင့်နှိုင်းယှဉ်၍မရနိုင်တော့ပေ။

“ကုန်းစွန်းမိသားစုက တကယ့်ကိုကုန်းစွန်းမိသားစုပါပဲ..သခင်လေးကုန်းစွန်းရဲ့နည်းစနစ်တွေက တကယ်ကို အဆုံးမဲ့ပဲ”

“ဒီတိုက်ခိုက်မှုတောင်ပေါ် နတ်ဆရာမျိုးနွယ်စုက အဲ့သူတောင်းကို သေချာပေါက် ဖျက်ဆီးပစ်မဲ့ပုံပဲ.. သူသေသွားတာနဲ့ တတိယသခင်လေးက ဒဏ်ရာရနေတဲ့အဘွားအိုနဲ့ ဝတ်ရုံနက်တမာန်တောတို့ကို အလွယ်တကူသတ်ပစ်နိုင်လိမ့်မယ်.အဲ့အချိန်ကြ ငါတို့လည်း အရင်လိုပြေးနေစရာမလိုတော့ဘူး”

မျိုးနွယ်စုအသီးသီးမှစွမ်းအားကြီးပုံရိပ်များက သူတို့အားပိတ်ဆို့ထားသည့် အတားဆီးအားမည်သို့ပင် အဆက်မပြတ်တိုက်ခိုက်ပါစေ မချိုးဖျက်နိုင်သောကြောင့် တိုက်ခိုက်မှုကိုရပ်တန့်လိုက်ပြီး ဟင်းလင်းပြင်ထဲမှ တိုက်ပွဲထံသို့ကြည့်လိုက်ကြပြီး သူတို့အားလုံး၏မျှော်လင့်ချက်များအား ကုန်းစွန်းယွမ်၏တိုက်ခိုက်မှုအပေါ်၌ စုပုံထားလိုက်ကြသည်။

ဆက်ရန်………..

ဘာသာပြန်သူ-ARISE

All Chapters