← Chapters

အခန်း (၁၀၁၀)

Vol. 68 Ch. 1010

အခန်း (၁၀၁၀)

Vol. 68 Ch. 1010

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၈)

အပိုင်း(၁၀၁၀)

“သခင်လေးကုန်းစွန်းက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက အဲ့သူတောင်းစားကို သတ်လိုက်တာနဲ့ ငါတို့လည်း ယင်ယန်စွမ်းအင်တွေပါဝင်တဲ့အဲ့ စမ်းရေကန်မှာ အားလုံးပျော်ပါးနိုင်ပြီ”

ကောင်းကင်ထဲမှ တိုက်ပွဲအားကြည့်၍ တစ်စုံတစ်ယောက်က အရေးအကြီးဆုံးအရာကိုပြောလိုက်သည်။

ထိုလူ၏ပါးစပ်မှစကားတို့ထွက်လာသည်နှင့် လူအုပ်ကြီး၏အကြည့်အားလုံးက ရေကန်ငယ်ဆီသို့ကြည့်လိုက်ကြသည်။ဤသို့အရေးအကြီးဆုံးအခိုက်အတန့်တွင် ရေကန်ထဲမှရေတန်းတစ်ခုက အဘွားအို၏အောက်ဘက်ဆီသို့ပန်းထွက်နေဆဲဖြစ်သည်။

“ဒီလိုအဘွားအိုကြီးတစ်ဦးက ကောင်းမွန်တဲ့ရေကန်ထဲကစမ်းရေကို သုံးနေတာက ဖြုန်းတီးမှုတစ်ခုပဲ”

“အသောက်သူတောင်းစားမကြီးက ဒီအတိုင်းသေသွားရမှာ ..ဘာလို့ဒီလိုမျိုးကောင်းမွန်တဲ့ရတနာကို သူ့အတွက်သုံးနေရတာလဲ”

ကောင်းကင်ထဲရှိ တိုက်ပွဲဖြစ်ပေါ်ရာနေရာတွင် လျှပ်စီးများပေါက်ကွဲထွက်ပေါ်နေဆဲဖြစ်သော ရှစ်ဖုန့်က ကောင်းကင်ထဲမှဝုန်းခနဲပြိုကျလာသော ဧရာမလက်ဝါးကြီးထံသို့ မော့ကြည့်နေ၏။

ဤလက်ဝါးကတကယ်ကို အရမ်းစွမ်းအားကြီးမားသည်ဖြစ်သည်။ ယင်း၌တကယ်ကြီးအဖျက်စွမ်းအားပါရှိနေ၏။

သို့သော် ရှစ်ဖုန့်မှာအကြောက်အလန့်ကင်းမဲ့နေဆဲဖြစ်သည်။ သူ၏မျက်နှာက သံမဏိကဲ့သို့ ပြတ်သားခိုင်မာနေသည်။ ဧရာမလက်ဝါးကြီးအား ရင်ဆိုင်ရင်း သူ၏ခန္ဓာကိုယ်ပေါ်ရှိ လျှပ်စီးတို့က ပို၍ပြင်းထန်စွာ တစ်ဖျက်ဖျက်ဖြစ်ပေါ်နေသည်။ သူက အော်ဟစ်လိုက်၏။

“လာစမ်းပါ”

ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ဧရာမ အနက်ရောင်အရိပ်ကြီး၏လက်ဝါးက ရုတ်ခြည်း အနက်ရောင်လျှပ်စီးလူသားထံသို့ ရိုက်ချလာပြီး တစ်ကိုယ်လုံးကို ဝါးမျိုလိုက်သည်။

တစ်ဖျပ်ဖျပ်လင်းလက်နေသော အနက်ရောင်လျှပ်စီးတို့က သဲလွန်စမကျန်အောင် ပျောက်ကွယ်သွား၏။

“ပြီးသွားပြီ.. နောက်ဆုံးတော့ပြီးသွားပြီ.. သခင်လေးကုန်းစွန်းကတော့သခင်လေးကုန်းစွန်းပါပဲ. တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက မသေမျိုးခန္ဓာကိုယ်ကိုတောင် သူကသတ်ပစ်ခဲ့တယ်”

အောက်ဘက်၌ရှိနေသောလူအုပ်ကြီးမှာ ဧရာမလက်ဝါးကြီးက အနက်ရောင်လျှပ်စီးလူသားအား ဝါးမျိုသွားသည်ကိုတွေ့လိုက်ရသောအခါတွင် နောက်ဆုံး၌ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။ဧကရာဇ်နယ်ပယ်များထဲမှတစ်ယောက်က ပျော်ရွှင်နေပြီး အပြုံးတစ်ခုနှင့်ပြောလိုက်သည်။

လက်ဝါး၌ ထိုကဲ့သို့ အားကောင်းသော ဖျက်ဆီးခြင်းစွမ်းအားတို့ပါဝင်နေသည်ဖြစ်ရာ တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ ထိုသူတောင်းစားအနေဖြင့် သေချာပေါက်သေလိမ့်မည်သာဖြစ်သည်။

ယခု တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ သူတောင်းစားသေသွားပြီဖြစ်သောကြောင့် သူတို့နေဖြင့် ပြေးဖို့ သို့မဟုတ် အသတ်ခံရဖို့ကို စိတ်ပူနေရစရာမလိုတော့ပေ။ သူတို့အနေဖြင့်နောက်ဆုံး၌ ယင်ယန်စွမ်းအားတို့ပါဝင်သော စမ်းရေကန်၌ ပျော်ရွှင်နိုင်ပြီဖြစ်သည်။

ကြင်နာတတ်သော တတိယသခင်လေးက အားအကောင်းဆုံးရန်သူအားသူတစ်ယောက်တည်းသတ်ခဲ့ရသည့်တိုင် သူတို့နှင့်အတူ ဆုလာဘ်ကို ဝေမျှလိမ့်မည်ဟု သူတို့က ထင်နေကြသည်။

“ကုန်းစွန်းမိသားစုရဲ့အင်အားစွမ်းပကားကို ငါတို့နားလည်မှုလွဲလို့မဖြစ်ဘူး.. …ဘယ်သူကမှ ကုန်းစွန်းမိသားစုကို ဆန့်ကျင်မတိုက်ခိုက်နိုင်ဘူး”

တစ်စုံတစ်ယောက်ကပြောလိုက်သည်။

“ဒါပေမဲ့ .. တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက အဲ့လူငယ်လေးက တကယ့်ကို ကောင်းကင်ဘုံကိုဆန့်ကျင်တဲ့ပါရမီရှိတာပဲ.. ကုန်းစွန်းယွမ်လိုလူမျိုးနဲ့တွေ့လိုက်ရတာက ကံဆိုးတာပဲ”

“ဒဏ္ဍာရီလာ မသေမျိုးနတ်ဆိုးခန္ဓာကိုယ်က မွေးတောင်မမွေးဖွားရသေးဘူး ဒီလိုမျိုးသေသွားတယ်.. မသေမျိုးနတ်ဆိုးခန္ဓာကိုယ်နဲ့သူ့အတွက် ဒါဝမ်းနည်းစရာပဲ”

“ဟီးဟီး..ဘာကို ဝမ်းနည်းစရာကောင်းတဲ့ မသေမျိုးနတ်ဆိုးခန္ဓာကိုယ်လဲ”

ကုန်းစွန်းယွမ်က ရှေ့သို့အေးစက်စွာကြည့်လိုက်ပြီး စိတ်ပိုင်းဖြတ်ထားစွာဖြင့်ပြောလိုက်သည်။

“ငါကငါ့ရဲ့သွေးအဆီအနှစ်ကို ဒီအကြွင်းအကျန်စိတ်ဝိညာဉ်ဆီမှာ ယဇ်ပူ‌ဇော်ပြီး မဟာဟင်းလင်းပြင်လက်ဝါးကို အသုံးပြုစေခဲ့တယ်.. ဒီစွမ်းအားရဲ့အောက်မှာ ဒီလူမသေဘူးဆိုရင်တောင် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားပြီး တိုက်ခိုက်နိုင်စွမ်းကိုဆုံးရှုံးသွားလိမ့်မယ်”

“ဒီတိုက်ခိုက်မှု..ဒီကလေးတားဆီးနိုင်ပါ့မလား.”

အခြားတစ်ဖက်မှ ဝတ်ရုံနက်က စိတ်ပူစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

ဟင်းလင်းပြင်ထဲ၌ တင်ပျဉ်ခွေထိုင်နေသော အဘွားအိုက သူမ၏မျက်လုံးတို့အား ထပ်မံမမှိတ်ခင် တိုက်ပွဲဖြစ်ပွားရာနေရာသို့ ခဏကြည့်လိုက်သည်။ ထိုဘက်၌ဖြစ်ပျက်နေသောအရာတို့က သူမနှင့်မသက်ဆိုင်သကဲ့သို့ပင်ဖြစ်သည်။

ထို့နောက် အားလုံး၏ အကြည့်တို့အောက်၌ပင် ကုန်းစွန်းယွမ်၏ခန္ဓာကိုယ်မှထိုးထွက်နေသောအနက်ရောင်အရိပ်ကြီးက ဖြည်းဖြည်းချင်းမှေးမှိန်ပျောက်ကွယ်သွား၏။

ဤသည်ကားမူလကတည်းက အကြွင်းအကျန်စိတ်ဆန္ဒတစ်ခုသာဖြစ်သည်။ယခုဤကဲ့သို့ စွမ်းအားကြီးမားသည့်အဖျက်စွမ်းအားတစ်ခုကို ထုတ်ဖော်ခဲ့ပြီးနောက် ၎င်း၏အဆုံးသတ်သို့ရောက်နေပြီဖြစ်၏။

ဖြည်းဖြည်းချင်း မှုန်ဝါးသောဧရာမ အနက်ရောင်အရိပ်ကြီးက မှိန်ဖျော့သည်ထက်မှိန်ဖျော့လာသည်။အနက်ရောင်လျှပ်စီးလူသားအား ဝါးမျိုသွားသည့် ဧရာမလက်ဝါးရိပ်ကြီးပင် ဖြည်းဖြည်းချင်းလွင့်ပျယ်လာ၏။

မကြာခင် ဟင်းလင်းပြင်ထဲ၌ဝင့်ကြွားစွာရပ်နေသောပုံရိပ်တစ်ခုရှိနေသော်လည်း၎င်းက ခေါင်းတစ်ခြမ်းပျောက်နေပြီး အားလုံး၏မျက်လုံးရှေ့၌ပေါ်လာသည်။ ထိုပေါ်လာသောအသွင်အပြင်က လွန်စွာကြောက်လန့်ဖို့ကောင်းသည်ဖြစ်သည်။

၎င်း၏ကိုယ်ပေါ်၌ဝတ်ဆင်ထားသည့်အနက်ရောင်ငှက်မွှေးဝတ်ရုံအရ ထိုတောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ သူတောင်းဖြစ်နေသည်မှာ သံသယဝင်စရာမရှိပေ။

“ဟားဟား. သူ့မှာခေါင်းတစ်ဝက်မရှိတော့ဘူး..ဒီတောင်ပေါ်နတ်ဆရာမျိုးနွယ်စုကသူတောင်းစားက တကယ်ကြီးထိန်းထားနိုင်သေးတာပဲ.. သူ့ရဲ့စိတ်စွမ်းအားက တကယ့်ကိုသန်မာလိုက်တာ..ဒီတစ်ကြိမ်တော့ သခင်လေးကုန်းစွန်းဘာမှလုပ်ဖို့မလိုတော့ဘူး.. ငါကိုယ်တိုင်သူ့ကိုသတ်ပစ်နိုင်တယ်”

ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ကောင်းကင်ထဲသို့ထိုးညွှန်ပြီး ကျယ်လောင်စွာရယ်မောလိုက်သည်။

ကုန်းစွန်းယွမ်ကလည်းခေါင်းတစ်ဝက်ပျောက်ကာ သေလုနီးဖြစ်နေသည့် ရှစ်ဖုန့်အားကြည့်ပြီးအေးစက်စွာပြုံးနေသည်။သူ၏ညာလက်၌ မိစ္ဆာမီးခိုးရောင်ဝဲတစ်ခုက သူ၏ညာလက်ပေါ်၌ထပ်မံပေါ်လာပြီး ရှစ်ဖုန့်ထံသို့ချိန်ရွယ်ကာ မကျယ်သောအသံဖြင့် ပြောလိုက်သည်။

“စွမ်းအား..ဝါးမျိုခြင်း”

ယခုသူ၏စွမ်းအားကများစွာကုန်ခမ်းသွား သောကြောင့် သူ၏ကိုယ်ပိုင်စွမ်းအားအားပြန်လည်ဖြည့်တင်းရန်အတွက် ဤလူ၏ စွမ်းအားကိုသာဝါးမျိုနိုင်သည်။

ဤလူသေဆုံးရခြင်းက ၎င်း၏အမှားကြောင့်သာဖြစ်သည်။ သို့သော် ၎င်းအတွက် စွမ်းအားကြီး အကြွင်းအကျန်စိတ်ဆန္ဒကို အသုံးပြုလိုက်ရခြင်းကနှမြောစရာဖြစ်သည်။

ဟင်းလင်းပြင်၏အခြားတစ်ဖက်တွင် ဝတ်ရုံနက်မှာ ခေါင်းတစ်ဝက်ဆုံးရှုံးထားသောရှစ်ဖုန့်အား မြင်တွေ့လိုက်ရပြီး အလျှင်အမြန် အထိတ်တလန့်အလန့်တကြားပြောလိုက်သည်။

“အိုး.မဟုတ်သေးဘူး”

သူ၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး အဘွားအို၏ဘေးမှ ပျောက်ကွယ်သွားသည်။

“ဘာလဲ.. မင်းတို့အားလုံးဒီသခင်လေး သေပြီထင်နေတာလား. မင်းတို့တွေပဲဒီသခင်လေးကို မသေမျိုးနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်လို့မခေါ်ကြဘူးလား. မသေမျိုးနတ်ဆိုးခန္ဓာကိုယ်က ဘယ်လိုလုပ်ပြီးသေနိုင်မှာလဲ”

ဤအချိန်တွင် မာနကြီးထောင်လွှားပြီး အေးစက်သော ရယ်မောသံတစ်ခုက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ရိုက်ခတ်ထွက်ပေါ်လာသည်။

ခေါင်းတစ်ခြမ်းပဲကျန်တော့သောရှစ်ဖုန့်က တကယ်ကြီးပါးစပ်ကိုဖွင့်ဟ၍စကားပြောနေခြင်းဖြစ်သည်။

ရုတ်ခြည်းရှစ်ဖုန့်က လက်နှစ်ဖက်ဖြင့်ဆီးလ်တစ်ခုကို ပုံဖော်လိုက်သည်။ ပျောက်ဆုံးသွားသော ဦးခေါင်းတစ်ခြမ်းက တကယ်ကြီး ပကတိမျက်စိဖြင့်မြင်နိုင်သောအမြန်နှုန်းဖြင့် တစ်ဟုန်ထိုးပြန်လည်ကောင်းမွန်လာနေသည်။

ထို့နောက်ရှစ်ဖုန့်က ရုတ်ခြည်းဖျက်ခနဲဖြစ်သွားပြီး ချက်ချင်းပဲ ရှေ့မှလာနေသောဝါးမျိုခြင်းစွမ်းအားထံမှပျောက်ကွယ်သွားသည်။

ရှေ့ဘက်ရှိ ပြင်းထန်သောစွမ်းအားတစ်ခုကြောင့် သူ့လက်ထဲရှိဝါးမျိုခြင်းစွမ်းအားက ဖျက်ဆီးခံလိုက်ရသည်ကို ကုန်းစွန်းယွမ်ချက်ချင်းအာရုံခံမိလိုက်သည်။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ. ဒီတိုက်ခိုက်မှုအောက်မှာတောင် ခုခံဖို့စွမ်းအားသူ့မှာရှိနေတုန်းလား”

“သူမသေသေးဘူး. တောင်ပေါ်နတ်ဆရာမျိုးနွယ်စုကဒီသူတောင်းစားတကယ်ကြီးမသေသေးဘူး. ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ.. သူ့မှာခေါင်းတစ်ခြမ်းပဲရှိနေတော့တာတောင် ရှင်သန်နိုင်သေးတာလား”

“မသေမျိုးနတ်ဆိုးခန္ဓာကိုယ်. မသေမျိုးနတ်ဆိုးခန္ဓာကိုယ်.. ဒါကမသေမျိုးနတ်ဆိုးခန္ဓာကိုယ်လား. မသေမျိုးနတ်ဆိုးခန္ဓာကိုယ်က တကယ်ပဲအင်မော်တယ်လား.. သူမသေဘူးဆိုရင် ငါတို့ဘာလုပ်ကြမလဲ”

အောက်ဘက်၌ရှိနေသောလူအုပ်ကြီးမှာ ကောင်းကင်ထဲရှိ လူက မသေဆုံးသေးဘဲ ၎င်း၏ဦးခေါင်းက တစ်ဟုန်ထိုးပြန်လည်ကောင်းမွန်လာနေသည်ကို တွေ့လိုက်ရသည်။ တစ္ဆေသရဲတစ်ကောင်အား မြင်တွေ့လိုက်ရသကဲ့သို့ အလျှင်အမြန်အော်ပြောလိုက်ကြ၏။

အကယ်၍ ဤလူသာတကယ်ကြီးမသေခဲ့လျှင် နောက်ပိုင်းသေမည့်သူက သူတို့ဖြစ်သွားလိမ့်မည်ဖြစ်သည်။

ဤကဲ့သို့ ရက်စက်သောကမ္ဘာကြီးတွင် မင်းသေရင်သေ မသေရင်ငါသေသာဖြစ်သည်။

အစောပိုင်းကမြင့်တက်နေသောလူအုပ်ကြီး၏တက်ကြွနေသောစိတ်တို့က မောက်မာအေးစက်သောရယ်မောသံ ကြောင့်ရုတ်ခြည်းကျဆင်းသွားကြသည်။

ဤအခိုက်အတန့်တွင် လေထုထဲမှ ကုန်းစွန်းယွမ်၏ပုံရိပ်က ရုတ်ခြည်းဖျက်ခနဲဖြစ်သွားပြီးနောက်ပျောက်ကွယ်သွားသည်။

သူပြန်ပေါ်လာချိန်တွင် ရှစ်ဖုန့်၏ရှေ့သို့ရောက်ရှိနေပြီဖြစ်သည်။ သူညာလက်ဝါး၌ ပြွတ်သိပ်နေသောမီးခိုးရောင်ရုန်းများက ထပ်မံပေါ်လာသည်။ သူကအေးစက်စွာအော်ပြောလိုက်သည်။

“သေစမ်း..ငါ့အတွက်သေလိုက်စမ်း.. မဟာဟင်းလင်းပြင်လက်ဝါး”

ကုန်းစွန်းယွမ်က သူ၏လက်ဝါးဖြင့် ရှေ့ရှိရှစ်ဖုန့်ကို ပြင်းထန်စွာထပ်မံရိုက်ချလိုက်သည်။ ဤကဲ့သို့စွမ်းအားကြီးမားသောအဖျက်စွမ်းအား၏ အဆက်မပြတ်တိုက်ခိုက်မှုကိုခံရပြီးနောက် ဤလူ၌သူ့ကိုရင်ဆိုင်တိုက်ခိုက်ရန် ခွန်အားကျန်နေဆဲဖြစ်မည်ဟု သူ ယုံကြည်ရန်ငြင်းဆန်သည်ဖြစ်သည်။

သူကကုန်းစွန်းယွမ်ဖြစ်ပြီး ဤလက်ဝါးက ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တိုက်ခိုက်ရေးနည်းစနစ်ဖြစ်သော မဟာဟင်းလင်းပြင်လက်ဝါးဖြစ်သည်။

ရှစ်ဖုန့်၏ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဦးခေါင်းက ပုံမှန်မဟုတ်သောအမြန်နှုန်းဖြင့် ပြန်လည်ကုသနေပြီး ယခုအခါ၌ အပြည့်အဝပြန်ကောင်းလာပြီဖြစ်သည်။ သူ့အားချိန်ရွယ်ထားသောကုန်းစွန်းယွမ်၏လက်ဝါးကိုရင်ဆိုင်ရင်း ရှစ်ဖုန့်၏လက်သီးတို့၌ ပြင်းထန်သောအနက်ရောင်မိုးကြိုးတို့က နောက်တစ်ကြိမ် ရုတ်ခြည်းထွက်ပေါ်လာပြန်သည်။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters