← Chapters

အခန်း (၁၀၁၅)

Vol. 68 Ch. 1015

အခန်း (၁၀၁၅)

Vol. 68 Ch. 1015

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၈)

အပိုင်း(၁၀၁၅)

ကြေးညိုရောင်စစ်ရထားကြီးက အရိုးကုန်းမြေအား အရှိန်ဖြင့်ဖြတ်သန်းနေ၏။ နောက်ထပ်သက်ရှိအားမြင်တွေ့လိုက်ရချိန်တွင် ကြမ်းကြုတ်ခက်ထန်သောသားရဲတို့ ၏အရိုးများက မြေပြင်မှတွားသွားထွက်လာသည်။ ၎င်းတို့က ကြမ်းကြုတ်သောဟိန်းဟောက်သံများကိုပြုလုပ်ပြီး ကြေးညိုရောင်စစ်ရထားနှင့် စစ်ရထား၏ရှေ့ရှိသားရဲသုံး ကောင်ထံသို့ခုန်အုပ်ကြ၏။

ကြေးညိုရောင်စစ်ရထားက ကြမ်းကြုတ်ခက်ထန်သည့်သားရဲများကို လျစ်လျူရှုထားပြီး ရှေ့သို့ဆက်လက်ဒုန်းစိုင်းပြေးနေသည်။ စစ်ရထားနှင့်သားရဲသုံးကောင်တို့ကြောင့် ကြမ်းကြုတ်ရက်စက်သောသားရဲများမှာ လွင့်ထွက်သွားကြ၏။

ကြမ်းကြုတ်ရက်စက်သောသားရဲများမှာ ဤကုန်းမြေပေါ်၌ဒုန်းစိုင်းပြေးနေသည့် ကြေးညိုရောင်စစ်ရပ်ထားကို ရပ်တန့်ခြင်းငှာမစွမ်းနိုင်ကြပေ။

“ဂါး”

ဤအခိုက်အတန့်တွင် ပုံမှန်ထက်ပိုကျယ်လောင်သော အော်သံတစ်ခု အရိုးကုန်းမြေ၏ ရှေ့ဘက်မှရုတ်ခြည်းထွက်ပေါ်လာသည်။

အဆမတန်ကြီးမားသော အရိုးတို့ဖြင့်ဖွဲ့စည်းထားသည့် ကြမ်းကြုတ်ရက်စက်သောသားရဲကြီးတစ်ကောင်က မိုးကုပ်စက်ဝိုင်းပေါ်၌ ဖြည်းဖြည်းပေါ်လာသည်။

“ဒီနေရာမှာဒီသတ္တဝါတစ်ကောင်ရှိနေတာပဲ”

ကြမ်းကြုတ်ရက်စက်သောသားရဲကြီးပေါ်လာသည့်အခိုက်အတန့်တွင် ကြေးညိုရောင်စစ်ရထားထံမှ ငယ်ရွယ်သောအသံတစ်ခုထွက်ပေါ်လာသည်။ ၎င်းက အလွန်ငယ်ရွယ်လှသောအမျိုးသမီး တစ်ဦး၏အသံဖြစ်၏။

ထို့နောက်အမျိုးသမီး၏အသံက ထပ်မံထွက်ပေါ်လာသည်။

“ဟင်းလင်းပြင်ထဲကပျံ.. မွန်းစတားကိုရှောင်လိုက်. အဲ့အရာနဲ့ရှုပ်နေတာကအဓိပ္ပါယ်မရှိဘူး”

“ဂါး.ဂါး.ဂါး”

အမျိုးသမီး၏အသံထွက်ပေါ်လာသကဲ့သို့ သားရဲကြီးသုံးကောင်ကလည်း အမျိုးသမီး၏အမိန့်ပေးစကားအပေါ် ပြန်တုန့်ပြန်သကဲ့သို့ တစ်ချိန်တည်း၌ အော်လိုက်ကြသည်။

ကြမ်းကြုတ်ရက်စက်သည့်သားရဲများပင် အမျိုးသမီး၏အမိန့်ကို မနာခံဘဲနေရဲခြင်းမရှိပေ။ ၎င်းတို့က အလျှင်အမြန် ကြေးညိုရောင်စစ်ရထားကို ဆွဲလိုက်ပြီး ဟင်းလင်းပြင်အတွင်းသို့ ပျံသန်းတက်သွားသည်။

“သတိထား”

မြင့်မားသောကောင်းကင်ထဲ၌ နေကိုးစင်းရှိနေသည့် ကုန်းမြေတစ်ခုတွင် ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်ပြီး ဝတ်ရုံနက်နောက်ကျော်ဘက်ရှိ လူသားပုံစံမီးတောက်တစ်ခုအား အနက်ရောင်မိုးကြိုးလက်သီးတစ်ခုနှင့်ထိုးနှက်လိုက်သည်။

ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့က နေကိုးစင်းကုန်းမြေအား စူးစမ်းရှာဖွေနေကြခြင်းဖြစ်သည်။သိပ်မကြာခင်က သူတို့သည် အရွယ်စုံ ပုံစံအစုံရှိသည့် မီးတောက်ပုံစံမွန်းစတား လှိုင်းတစ်ခုနှင့်မျှော်လင့်ဘဲပက်ပင်းကြုံတွေ့ခဲ့ရ၏။ ၎င်းတို့က အနီ၊အပြာ၊ခရမ်း၊အနက်နှင့် အစိမ်း စသည့်အရောင်များရှိကြ၏။

မီးတောက်သဏ္ဍန်မွန်းစတား ပထမလှိုင်းပြီးနောက် ၎င်းတို့က မည်သည့်နေရာကမှန်းမသိပို၍ပို၍ထွက်ပေါ်လာသည်။ ၎င်းတို့က ရှစ်ဖုန့်နှင့် ဝတ်ရုံနက်တို့ထံသို့ အရပ်မျက်နှာအနှံ့မှ ဝိုင်းအုံလာပြီး သူတို့ကိုလျှင်မြန်စွာဝန်းရံသွားသည်။

ဤ မီးတောက်ပုံစံမွန်းစတား များမှာ နှစ်ပေါင်းမရေတွက်နိုင်အောင်ကြာပြီးသည့်နောက် ဤလွန်စွာပူပြင်းသောကုန်းမြေပေါ်၌ မွေးဖွားလာခဲ့ခြင်းဖြစ်ရမည်ဖြစ်သည်။

ဤမီးတောက်ပုံစံမွန်းစားများ၌ အဆင့်အမျိုးမျိုး သူတို့ခွန်အားအမျိုးမျိုးရှိသည်ဖြစ်၏။ သူတို့အားဝန်းရံလာသည့်အကောင်များမှာအဆင့်ခုနှစ်သူတော်စင်နယ်ပယ်မှ ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်အထိဖြစ်ကြ၏။

ဤလွန်စွာပူးပြင်းလှသောကုန်းမြေအတွင်း ပို၍စွမ်းအားကြီးမားသောမီးတောက်ပုံစံမွန်းစတားများ ရှိနေနိုင်သော်လည်း ၎င်းတို့က မပေါ်လာသေးပေ။

အစောပိုင်းက ရှစ်ဖုန့် လက်သီးဖြင့်ထိုးလိုက်သည့် မီးတောက်ပုံစံမွန်းစတားက ကြယ်နှစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဖြစ်ပြီး ခရမ်းရောင်မီးတောက်မွန်းစတားဖြစ်ကာ ၎င်းက ဝတ်ရုံနက်ကိုတိုက်ခိုက်ခြင်းဖြစ်သည်။

ဤမီးတောက်ပုံစံမွန်းစတားများက ကြမ်းကြုတ်စွာ တိုက်ခိုက်ကြသော်လည်း လက်သီးဖြင့်ထိုးနှက်ခံရပြီးနောက်၌ သန့်စင်သည့်မီးတောက်စွမ်းအင်အဖြစ်သို့ ပြောင်းသွားလိမ့်မည်ဖြစ်သည်။

ဤသန့်စင်သောစွမ်းအင်တို့အားမြင်တွေ့ရချိန်တွင် ရှစ်ဖုန့်၏ကိုယ်အတွင်းမှ ကောင်းကင်သူတော်စင်မီးတောက်အနေဖြင့်ထိန်းမထားနိုင်တော့ဘဲ ရှစ်ဖုန့်၏ကိုယ်ပေါ်၌ ရုတ်ခြည်းအနီရောင်မီးတောက်တို့တောက်လောင်လာကာ သန့်စင်သောမီးတောက်စွမ်းအင်တို့အား ချာချာလည်နေသောအရှိန်ဖြင့်ဝါးမျိုလိုက်သည်။

အခြေအနေတို့က အစွန်းရောက်ရှိသွားသောအခါတွင် ဆန့်ကျင်ဘက်လားရာသို့ ရွှေ့ပြောင်းသွားကြသည်ဖြစ်သည်။ ကောင်းကင်သူတော်စင်မီးတောက်မှာ ကောင်းကင်အဆင့်မီးတောက်တစ်ခုဖြစ်သည်။ ၎င်း၏ပုံစံအရ ပူပြင်းသင့်သော်လည်း ၎င်းမှာ အေးစက်မှောင်မိုက်ခြောက်ခြား ဖွယ်ကောင်းလှသည်ဖြစ်၏။

သို့သော် ကောင်းကင်သူတော်စင်မီးတောက်အနေဖြင့် အလွန်အမင်းအေးစက်နေလျှင်တောင် ဝါးမျိုပြီးသည့်နှင့် မီးတောက်စိတ်ဝိညာဉ်၏ သန့်စင်ပူပြင်းသောမီးစွမ်းအင်တို့အားလျှင်မြန်စွာချေဖျက်နိုင်သည်ဖြစ်သည်။

အစောပိုင်းက ဝတ်ရုံနက်နောက်ရှိ ခရမ်းရောင်မီးတောက်မွန်းစတားအားရှစ်ဖုန့်က ပေါက်ကွဲအောင်လုပ်လိုက်ချိန်တွင် ကောင်းကင်သူတော်စင်မီးတောက်က ထပ်မံပေါ်လာပြီး ပြန့်ကျဲနေသော အခရမ်းရောင်မီးတောက်စွမ်းအင်တို့အားသိမ်းကျုံးယူကာ ရှစ်ဖုန့်၏ခန္ဓာကိုယ်အတွင်း သို့ပြန်လည်ဝင်ရောက်သွားသည်။

သူ၏ခန္ဓာကိုယ်အတွင်းမှစွမ်းအင်က တိုးမြင့်လာသည်ကို ရှစ်ဖုန့်ချက်ချင်းခံစားလိုက်ရ၏။

ဤအုံကြွဝန်းရံလာနေသောမီးတောက်များက ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့အတွက် အနှောက်အယှက်ပေးသည့်အရာများ ဖြစ်သော်လည်း ရှစ်ဖုန့်အတွက် အခွင့်အလမ်းအသေးစားလေး လည်းဖြစ်နေပြန်သည်။

ရှစ်ဖုန့်၏ခန္ဓာကိုယ်အပေါ်မှတောက် လောင်နေသော မီးတောက်တို့က မီးတောက်စွမ်းအင်တို့အား ဝါးမျိုနေသည်ကို ဝတ်ရုံနက်မှာဖြည်းဖြည်းချင်းတွေ့ရှိလာသည်။ သူကကျယ်လောင်စွာပြောလိုက်၏။

“ဒီတစ်ကြိမ်ဒီမီးတောက်မွန်းစတားတွေကိုရှာတွေ့တာငါတို့အတွက်ကံကောင်းတာပဲ”

ဝတ်ရုံနက်မှာရှစ်ဖုန့်နှင့်တူညီခြင်းမရှိပေ။ သူမကမီးတောက်စွမ်းအင်အား မကျင့်ကြံသောကြောင့် သန့်စင်သောမီးတောက်စွမ်းအင်တို့ ဝါးမျိုနိုင်ခြင်းမရှိပေ။

“ဟုတ်တယ်”

ဝတ်ရုံနက်၏စကားတို့အားကြားပြီးနောက်ရှစ်ဖုန့်က အပြုံးတစ်ခုနှင့်ပြန်ဖြေလိုက်သည်။

ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏ကိုယ်ပေါ်မှ အနက်ရောင်မိုးကြိုးတို့ကလည်းအဆက်မပြတ်ပေါက်ကွဲထွက်လာသည်။ ပြွတ်သိပ်များကြားလှသောကောင်းကင်နှင့်မြေပြင် ထဲမှ မီးတောက်စိတ်ဝိညာဉ်များကိုရင်ဆိုင်ရင်း ရှစ်ဖုန့်မှာ ၎င်းတို့အားကိုင်တွယ်ရာ၌ ပို၍ပို၍ ကျွမ်းကျင်လာသည်။

သူ၏လက်ရှိခွန်အားဖြင့် အများဆုံးမှကြယ်နှစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်သာရှိသော ဤမီးတောက်စိတ်ဝိညာဉ်များအား ကိုင်တွယ်ရာ၌ ပြဿနာတစ်ခုမဟုတ်ပေ။

ထိုထက်ပိုသည်ကား ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်များက လွန်စွာရှားသည်ဖြစ်၏။ ခရမ်းရောင်မီးတောက်စိတ်ဝိညာဉ်အား ရှစ်ဖုန့်သတ်ဖြတ်ပြီးနောက် အပြာရောင်မီးတောက်တစ်ခုသာကျန်ရစ်တော့သည်။

“ဟ”

ဤအချိန်တွင် ရှစ်ဖုန့်ကရုတ်ခြည်းကြုံးဝါးလိုက်သည်။ သူက ကြုံးဝါးလိုက်သကဲ့သို့ ခန္ဓာကိုယ်ပေါ်မှအနက်ရောင်မိုးကြိုးတို့ ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာပေါင်းစုံသို့ပျံ့နှံ့သွားသည်။

“ဂျိန်း..ဂျိန်း..ဂျိန်း..ဂျိန်း..ဂျိန်း”

ရုတ်ခြည်း ဤခြစ်ခြစ်တောက်ပူသော ကမ္ဘာအတွင်း မိုးခြိမ်းသံတို့ ဆက်တိုက်ပေါက်ကွဲထွက်ပေါ်လာသည်။

အရပ်မျက်နှာအနှံ့သို့ထွက်သွားသော အနက်ရောင်မိုးကြိုးတို့အောက်တွင် မီးတောက်စိတ်ဝိညာဉ်များမှာ တစ်ခုပြီးတစ်ခု ရုတ်ခြည်းဝါးမျိုခံလိုက်ရသည်။

ရှစ်ဖုန့်၏တစ်ကိုယ်လုံးက အနက်ရောင်မိုးကြိုးတို့ တဖျပ်ဖျပ်လင်းလက်နေသည့် အနက်ရောင်မိုးကြိုးလူသားတစ်ယောက် အဖြစ်ပြောင်းလဲသွားသည်။ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားကိုထုတ်လွှတ်နေသည့် သူ့ရှေ့မှ အပြာရောင်မီးတောက်အား ရင်ဆိုင်ရင်း ရှစ်ဖုန့်က ပြင်းထန်သောလက်သီးတစ်လုံးကို ရှေ့သို့ ထိုးနှက်လိုက်သည်။

သူ၏လက်သီးပေါ်မှ အနက်ရောင်မိုးကြိုးတို့ကလည်း မှိတ်တုံလင်းတုံဖြစ်နေပြီး ပေါက်ကွဲအက်ကွဲသံများလည်းထွက်ပေါ်နေသည်။

“ခရက်”

အပြာရောင်မီးတောက်စိတ်ဝိညာဉ်ထံမှ ထူးဆန်းသော အသံတစ်ခုထွက်ပေါ်လာသည်။ ရှစ်ဖုန့်၏ပြင်းထန်ပြီးစွမ်းအားကြီးမားသောလက်သီးက လာနေသည်ကိုတွေ့ရသောအခါတွင် အပြာရောင်မီးတောက်စိတ်ဝိညာဉ်၏တစ်ကိုယ်လုံးမှ ပို၍ခြစ်ခြစ်တောက်ပူသောအော်ရာတစ်ခုကို ရုတ်ခြည်း ထုတ်လွှတ်လာသည်။ပြင်းထန်သောအပြာရောင်မီးတောက်တို့ ပေါက်ကွဲထွက်လာပြီး ရှစ်ဖုန့်ထံသို့လောင်ကျွမ်းရန်ဦးတည်သွားသည်။

ဤအပြာရောင်မီးတောက်များကလွန်စွာပြင်းထန်သည်ဖြစ်၏။ ၎င်းတို့နှစ်ခုစလုံးက ကြယ်နှစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်များဖြစ်ကြသော်လည်း အပြာရောင်မီးတောက်စိတ်ဝိညာဉ်၏ မီးတောက်စွမ်းအားက ခရမ်းရောင်မီးတောက်စိတ်ဝိညာဉ်ထက် များစွာပို၍အားကောင်းသည်ဖြစ်သည်။

သူ့ထံသို့ဦးတည်လာနေသောပြင်း ထန်သည့်အပြာရောင်မီးတောက်တို့ အားရင်ဆိုင်ရင်း အနက်ရောင်မိုးကြိုးတို့လင်း လက်တောက်ပနေသည့်ရှစ်ဖုန့်၏ညာလက်သီးမှာ ရှေ့သို့ချီတက်နေခြင်းအား ရပ်တန့်ခြင်းမရှိပေ။

အနက်ရောင်မိုးကြိုးညာလက်သီး ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် သူ့ထံသို့သိမ်းကျုံးဦးတည်လာနေသည့် ပြင်းထန်သောအပြာရောင်မီးတောက်တို့မှာ ချက်ချင်းပျောက်ကွယ်သွားသည်။ လက်သီးက အပြာရောင်မီးတောက်စိတ်ဝိညာဉ်ထံသို့ ဆက်လက်ထိုးနှက်ဝင်ရောက်သွားသည်။

“ခရက်.ခရက်..ခရက်”

အပြာရောင်မီးတောက်စိတ်ဝိညဉ်မှာ သူဖော်ထုတ်လိုက်သော အားအကောင်းဆုံး စွမ်းအားက အဆက်မပြတ်ဖျက်ဆီးခံနေရသည်ကို တွေ့ရသောအခါတွင် အလျှင်အမြန်ထူးဆန်းသောအသံတို့ကို အော်ဟစ်သကဲ့သို့ ပြုလုပ်လိုက်သည်။

၎င်း၏အော်သံတို့မှတစ်ဆင့် ၎င်းအနေဖြင့် ရှေ့၌ရှိနေသာလူအားကြောက်လန့်မှုကို စတင်ခံစားနေရကြောင်းပြောနိုင်၏။

ရုတ်ခြည်းအပြာရောင်မီးတောက်စိတ်ဝိညာဉ်က ဖျက်ခနဲနောက်ပြန်ဆုတ်သွားသည်။ ယင်းမှာ၎င်းအနေဖြင့် ပြိုင်ဘက်အားမယှဉ်နိုင်မှန်းသိသောကြောင့် ထွက်ပြေးချင်နေခြင်းဖြစ်၏။

သို့သော်ရှစ်ဖုန့်အနေဖြင့်၎င်းအား မည်ကဲ့သို့အောင်မြင်ခွင့်ပေးနိုင်ပါမည်နည်း။ ယင်းက ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် မီးတောက်စွမ်းအားဖြစ်သည်။ များစွာသော မီးတောက်စိတ်ဝိညာဉ်များပေါ်လာသော်လည်း ၎င်းတို့လိုနှစ်ကောင်သာပေါ်လာခြငးဖြစ်သည်။

ရှစ်ဖုန့်၏ပုံရိပ်ကလည်းလျှင်မြန်စွာဖျက်ခနဲဖြစ်သွားသည်။ ချက်ချင်းပဲ တစ်ချိန်တည်းတွင် အပြာရောင်မီးလုံးတစ်ခုနှင့် အနက်ရောင်မိုးကြိုးလူသားတို့က မဝေးသောနေရာ၌ပေါ်လာ၏။

“ခရက်.ခရက်.ခရက်..ခရက်”

သူ့ရှေ့၌ အနက်ရောင်မိုးကြိုးလူသားအား ထပ်မံတွေ့လိုက်ရသောအခါတွင် အပြာရောင်မီးတောက်စိတ်ဝိညာဉ်ကနောက်ထပ် ထူးဆန်းသောမြည်တမ်းသံကို အလျှင်အမြန်ပြုလုပ်လိုက်သည်။

ဆက်တိုက်ထွက်ပေါ်နေသည့် ထူးဆန်းသောအော်သံများ၌ စိတ်ပူပန်မှု၊စိတ်မရှည်မှု၊ ထိတ်လန့်မှုတို့ဖြင့်ပြည့်နှက်နေ၏။

ရှစ်ဖုန့်မှာမူ သူ၏ပြင်းထန်သော မိုးကြိုးလက်သီးက အပြာရောင်မီးတောက်အား ရုတ်ခြည်း ထိုးနှက်ချေမွပစ်လိုက်သည်။

“ခရက်”

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters