← Chapters

အခန်း (၁၅၁၁-၁၅၁၅)

Vol. 91 Ch. 1511-1515

အခန်း (၁၅၁၁-၁၅၁၅)

Vol. 91 Ch. 1511-1515

1511 01

အခန်း _၁၅၁၁

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့် ဝူရှန်းရွားသူကြီးတို့၏ အမုန်းများက ဒေါသများဖြင့် တောက်လောင်နေခဲ့သော်လည်း သူတို့သည် တိတ်ဆိတ်၍သာ နေရသည်။

ထို့နောက် အင်အားအပြည့် သုံးထားသောခြေလှမ်းများဖြင့် တတိယမျိုးဆက်ဆက်ခံသူက အောင်မြင်စွာ လျှောက်လှမ်းလာပြီး ထိုနှစ်ယောက်ကိုပင် ကျော်ဖြတ်၍ ဝမ်ချောင်နှင့်ပါးကုရှီတုတို့ထံ ရောက်လာသည်။

ထိုနေရာက တိတ်ဆိတ်နေလွန်းသဖြင့် အပ်ကျသံကိုပင်ကြားနိုင်သည်။

ဝမ်ချောင်၏မျက်ဝန်းက ထိုဆက်ခံသူ ချည်းကပ်လာသည်နှင့်အမျှ စတင်ကာရွေ့လာသည်။ သူ၏စိတ်ထဲတွင် ဖိနှိပ်ရန်ခက်ခဲသည့် အကြံတစ်မျိုးက ရလာသည်။ ဒါဟာ မူလအမရ ရတနာသိုက်၏နောက်ဆုံးသော အကာအကွယ်အလွှာဖြစ်ပြီး ပါးကုရှီတုကလည်း သူ့ကို အတင်းသေးခိုင်းနေသည်။ ပါးကုရှီတုက ဖယ်ရှားရှင်းလင်းခြင်းကို ခံထားရခြင်းထက် သူကိုယ်တိုင် ဒီအခွင့်အရေးကိုသုံးပြီး ပါးကုရှီတုကို ရင်ဆိုင်သင့်သည်။ အနည်းဆုံးအခြားသောသူများ သူ့၏ခြိမ်းခြောက်မှုအောက်မှ လွတ်နိုင်သည်။

သို့ရာတွင် ကျောက်တံတားက ကျဥ်းမြောင်းသည်။ သူ့၏ဆရာနှင့် ဝူရှန်းရွာသူကြီးတို့ကလည်း မနီးကပ်နိုင်ပေ။ ထို့အပြင် ပါးကုရှီတုသည် ထင်ရှားစွာပင် အင်အားကြီးလွန်းသည်။ သတိမဲ့ကာ လှုပ်ရှားမှုက ယခင်ကြိုးစားအားထုတ်မှုများ အားလုံးကို အလဟဿဖြစ်သွားစေပြီး ရှုံးနိမ့်သွားစေနိုင်သည်။

ပို၍ဆိုးသည်မှာ ပါးကုရှီတုကသာ မတည်ရှိလျှင် သူသည် နောက်ဆုံးအကာအကွယ်အလွှာကို ရှောင်၍ရနိုင်သေးသည်။ သူသည် ပါးကုရှီတုနှင့်မတူညီသည်မှာ သူဟာ မူလအမရသိုင်းကိုမရလျှင် သေလူဖြစ်ပေလိမ့်မည်။

ဝုန်း

ဝမ်ချောင်သည်ဆက်လုပ်ရမည့်ကိစ္စကို စဥ်းစားနေရင်းမှ သတ္ထုချင်းထိခတ်ကာ ပေါက်ကွဲသံက ထွက်လာသည်။ ပါးကုရှီတုကိုဝိုင်းနေသော အနက်ရောင်ကြယ်တာယာစွမ်းအင်က ပြေလျော့လာပြီးနောက်တွင် ပါးကုရှီတု၏ခန္ဓာကိုယ်အတွင်းမှ အနက်ရောင်သွေးကြောများ အုပ်နေသော သေးငယ်သည့် ဒယ်စောက်အိုးလေး၃လုံးက ထွက်လာကာ နေရာအပြည့်ယူ၍ ပါးကုရှီတုကိုဝိုင်းကာ ကာထားပေးလိုက်ကြသည်။

ထိုအချိန်အတွင်း ပါးကုရှီတု၏စွမ်းအားများက ထိုးတက်လာသည်။ မိုးရွာပြီးနောက် ဦးမော့လာသော ဝါးပင်ကဲ့သို့ဖြစ် လာကာ ဖော်ပြရန်ခက်ခဲလောက်အောင် မြင့်မားသည့်အဆင့်သို့ပင် ထိုးတက်သွားသေးသည်။ ပါးကုရှီတုသည်သိမ်မွေ့ နယ်မြေတစ်ပိုင်းဖြစ်သည်။ ငွေရောင်တစ်မျှင် ခန့်သာ ဝေးကွာတော့၏။ သို့သော် မြေကမ္ဘာသွေးဒယ်စောက်အိုး၃ခု၏ စွမ်းအားများကြောင့် သူသည် ယခုအခါ ထိုတံဆက်မြိတ်ကို ကျော်ဖြတ်သွားနိုင်ပြီးနောက် တတိယမျိုးဆက်ဆက်ခံသူထက်ပင် အင်အားကြီးမားသွားသည်။

ဝမ်ချောင်၏မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။ စိတ်ထဲမှအကြံက ချက်ချင်းပျက်ပြယ်သွား၏။ သူသည် လက်ရှီအခြေအနေမျိုးထိအောင် အရှေ့ပိုင်းမှတူရကီပြည်နယ်ဆရာကို မယှဥ် နိုင်သေးပေ။

"ဟား ဟား မျိုးနွယ်ခြားနယ်မြေများရဲ့ဘုရင် မင်းဆန္ဒရှိတာလား"

ပါးကုရှီတုက မေးသည်။ သူ၏မျက်လုံးက မြူထဲကိုသာ စိုက်ကြည့်နေပြီး ယံကြည်မှုအပြည့်ဖြင့် အေးဆေးပေါ့ပါးသော မျက်နှာအပြုံးမျိုးကိုလည်းမြင်ရသည်။

ဝမ်ချောင်၏စိတ်က အတွေးပေါင်းများစွာဖြင့် လည်ထွက်နေကာ ရုတ်တရက် သူဟာ ပြုံးလိုက်သည်။ သူသည်ကောင်းကင်ကိုပင် ကျိန်ဆဲရဲသောသူဖြစ်ကာ အခြားသောသူများအကြောင်း အကောင်းကြောင်းပြောတတ်သူမျိုးမဟုတ်ချေ။ သူသည် သူ၏ ခွန်အားကိုသာ ယုံကြည်သူဖြစ်ကာ သူဟာ ပါးကုရှီတုကို မနိုင်ကတည်းက ထိုအကာအကွယ်အလွှာကို ကျော်ဖြတ်ရမည့် နည်းလမ်းကိုသာ တွေးသင့်သည်။ ပါးကုရှီတုကမူ သူ့ကိုအရင်ဆုံး အသက်ရှင်ခွင့် ပေးထားလိုက်ပြီးမှသာ အရင်ဆုံးနည်းလမ်းကို စဥ်းစားရပေမည်။

ဝုန်း

ဝမ်ချောင်ကသူ၏အာရုံကို အခြားတစ်ဖက်ခြမ်းသို့ ခပ်မြန်မြန်ပို့လိုက်သည်။

တတိယမျိုးဆက်နှင့် ပထမမျိုးဆက်တို့နှစ်ယောက်လုံးကလည်း မူလအမရသိုင်းကို ကျင့်ကြံထားကြတယ်၊ သူတို့က မျိုးဆက်တစ်ခုတည်း ဆိုကတည်းက တတိယမျိုးဆက်ရဲ့ စွမ်းအင်က အလုပ်ဖြစ်မလားလို့ သိချင်၏။

1511 02

သူဟာ တစ်နေ့လုံးလိုလို စဥ်းစားဆင်ခြင်ခဲ့ပြီး နောက်ဆုံးတွင်မူ မည်သည့်အရိပ်အရောင်ကိုမှ သက်သေမပြနိုင်ဘဲ စဥ်းစားကြည့်ရုံသာ တတ်နိုင်သည်။ ဝမ်ချောင်သည်လည်း တတိယမျိုးဆက် ဆက်ခံသူကို ထိန်းချုပ်ယူပြီးနောက် သိပ်မဝေးသောတစ်နေရာမှ လမ်းလျှောက်အလောင်းကောင်ထံသို့ သွားစေရန်အလို့ငှာ သူတိုနှစ်ယောက်ကို လျင်မြန်စွာ ကျော်ဖြတ်သွားစေလိုက်သည်။

ဘမ်း

တတိယမျိုးဆက် ဆက်ခံသူ၏ခြေထောက်က ချိန်းကြိုးတစ်ခုပေါ်သို့ တက်နင်းလိုက်သည့်အချိန်တွင် ထိုချိန်းကြိုးက လှုပ်ခါလာသည်။ လှုပ်ရှားမှုကလည်း အားလုံးကို သတိထားမိသွားစေသည်။

ပါးကုရှီတုကမက်ခုံးပင့်ကာ အာရုံစိုက်ထားသည်။

*အလုပ်ဖြစ်မလားလို့ငါသိချင်တယ်*

ပါးကုရှီတုက တွေးသည်။

အစ်ရှီနီရှီတုသည်လည်း ထိုနေရာတွင်ရှုံးသွားပြီး ရန်ငြိုးကြောင့် သေသွားသည်။ ထို့ကြောင့် ပါးကုရှီတုသည်လည်း သတိမမဲ့ရဲပေ။

တတိယမျိုးဆက် ဆက်ခံသူက ရှေ့သို့တက်လိုက်သည်နှင့် ထိုနေရာတစ်ခုလုံးက ရုတ်တရက် ပြောင်းသွားသည်။

ချွင်!

တိတ်ဆိတ်သောလေထုကို တောက်ပသော ဓါးအော်သံက ထိုးခွဲလိုက်သည်။ တစ်ခဏခန့် ကြာပြီးနောက် ဓါးသောင်းကျော်က ဝင်ရောက်ပူးပေါင်းလာသည်။ မြူထု၏မျက်မှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အားလှိုင်းများက ထလာလေပြီး ဓါးများက အော်ဟစ်သံများဖြင့် အော်ဟစ်လာကာ ပါးကကုရှီတုက ချိန်းကြိုးပေါ်သို့ တက်လှမ်းခဲ့ချိန်ကလို မြင်ကွင်းက ပြန်ပေါ်လာသည်။

ဝမ်ချောင်သည်လည်း အမျိုးမျိုးသော နေရာများမှ မပြင်ဆင်ထားရသေးသော ဓါးအမျိုးအစားပေါင်းများစွာဟာ တတိယမျိုးဆက် ဆက်ခံသူကို ချိန်ရွယ်လာကြောင်း မြင်ရသည်။

သို့သော် ပါးကုရှီတုနှင့် မတူညီသည်မှာ ဓါးများကတုန်ခါကာ အော်ဟစ်နေသေးချိန်တွင် တိုက်ခိုက်ရန် အသင့်မပြင်ထားကြသေးပဲ ပြင်းထန်သော သတိပေးချက်ကိုသာ ထုတ်လွှတ်နေသေးသည်။

*ကြည့်ရတာ ပါးကုရှီတုပြောတာ မှန်တယ် ပထမျိုးဆက်ဆက်ခံသူရဲ့စိတ်က ဓါးနဲ့တစ်သားတည်း ပေါင်းနေပြီးသား။ ဒါကြောင့်တတိယမျိုးဆက် ဆက်ခံသူရဲ့ စွမ်းအင်ကို ခံစားမိလို့ သတိပေးနေတာ*

ဝမ်ချောင်၏ မျက်လုံးများကလည်း နားလည်သဘောပေါက်မှုများစွာဖြင့် လင်းလက်သွားသည်။

သူ၏စိတ်ထဲ အတွေးပေါင်းများစွာက ဖြတ်ပြေးနေသည်။ ဝမ်ချောင်သည်လည်း အကြာခင် အကွက်သစ်ကို လုပ်ပြီးသွားသည်။

ဗုန်း

ဝမ်ချောင်၏စည်းတံဆိပ်/စိတ်စွမ်အင် ကြောင့်က တတိယမြောက်ဆက်ခံသူကို ကျည်ဆံတစ်ခုကဲ့သို့ အရှေ့ဘက်သို့ တိုးဝင်သွားစေသည်။

သူဟာ အရှေ့ဘက်သို့ တိုးဝင်လာသည်နှင့်အမျှ ရွှေရောင်အလင်းတန်းပေါက်ကွဲပြီး ကြယ်တာယာစွမ်းအင်ကလည်း ထိုးထွက်လာသည်။ လမ်းလျှောက်အလောင်းကောင်၏ ခန္ဓာကိုယ်အနောက်ဘက်တွင် ရွှေရောင်သံလိုက်အိမ်မြောင် များစွာက ပေါ်ထွက်လာလေကာ ရွှေရောင်ခံတပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့ကို တင်းကြပ်စွာ ပိတ်လှောင်လာသည်။

ထိုခုခံခြင်း အကာအကွယ်အလွှာနှင့်ဆိုလျှင် ဆက်ခံသူက သူ့၏ကြယ်တာယာစွမ်းအင်ကို ခပ်မြန်မြန် တိုးမြင့်နိုင်သည်။ အခြားတစ်ဖက်ခြမ်းသို့ တောက်ပသော နေမင်းကြီးအလား အတင်းတိုးဝင်သွားလေသည်။

ဝမ်ချောင်နှင့် ပါးကုရှီတုနှစ်ယောက်လုံးက အလွန်ပင် အာရုံစိုက်ထားကြသည်။ ထိုချိန်းကြိုးက အများဆုံးမှာ မီတာ၈၀၀လေးသာရှိသည်။ တတိယမျိုးဆက် ဆက်ခံသူက၏ အင်အားမျိုးနဲ့သာဆိုလျှင် စက္ကန့်အနည်းငယ်ထဲနှင့် ဖြတ်သန်းသွား၍ရသည်။

ထို့ကြောင့် ထိုနေရာတွင် အရှုံးအနိုင်က ဖြေရှင်းမည်ဖြစ်သည်။

ဘန်း!

1511 03

တတိယမျိုးဆက်ဆက်ခံသူ၏ ခြေထောက်က ထပ်ပြီးကျသွားသောအခါ ချိန်းကြိုးက ခပ်ကြမ်းကြမ်း တုန်လာသည်။ ထိုအပြုအမူက ထောဓါးတောင်ပို့အတွင်းမှ ဓါးပေါင်းများစွာကို ပျံသန်းလာစေပြီး ဒေါသတကြီး ပေါက်ကွဲလာစေသည်။

ရေတွက်ရန်ပင် ခက်ခဲလွန်းသည့် ဓါးပျံပေါင်းများစွာက မြူပင်လယ်ထဲမှ ထွက်လာသည်။ သူတို့၏အရေအတွက်က ပေါက်ကွဲမတတ် မြောက်များလွန်းသည်။ ဓါးများက ပျံသန်းနေချိန်တွင် ကျယ်လောင်လွန်းသော သတ္ထုချင်းထိခတ်သံများနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။ ယခုအခါသူတို့၏ မူလအရေအတွက်ထက် ၁၀ဆခန့် မြင့်မားသွားပြီဖြစ်ပြီး တတိယမျိုးဆက်ဆက်ခံသူထံသို့ ရွှေရောင်အလင်းတန်းများကို ချိန်ရွယ်ကာ တိုးကပ်လာသည်။

ပို၍များပြားသော ရွှေရောင်အလင်းတန်းများကလည်းစုစည်းလာသည်။

ထိုဓါးများထဲမှတစ်လက်က ရွှေရောင်အလင်းတန်းများဖြန့် ဖြာကျနေသည်။ တစ်ခဏခန့် အချိန်အတွင်းတွင်ပင် ဖော်ပြရန်ခက်ခဲသော စွမ်းအားမျိုးနှင့်အတူ မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ ပေါင်းစည်းသွားလေသည်။ တတိယမျိုးဆက် ဆပ်ခံသူထံသို့ တိုးဝင်သွားသည်။

ဒါဟာ ဝမ်ချောင့်အနေဖြင့် ပထမဦးဆုံးအကြိမ်အဖြစ် လူတစ်ယောက်က တစ်ချိန်တည်းတွင် ဓါးပေါင်းများစွာကို ထိန်းချုပ်နိုင်သည့်မြင်ကွင်းမျိုး မြင်ဖူးခြင်း ဖြစ်နေသည်။ ဓါးတစ်လက်ချင်းစီတိုင်းကလည်း အနောက်ဘက်တွင် တောင်တစ်တောင်၏ အလေးချိန်ကို သယ်ဆောင်ထားသည်။

ဗုန်း ဗုန်း ဗုန်း!

ဆက်ခံသူ၏ ခန္ဓာကိုယ်ကလည်း ဓါးပျံမုန်တိုင်း၏ ဝါးမြိုမှုကိုခံရသည်။

ဝှစ်!

ရွှေရောင်အလင်းတန်းနှင့်မြူထုက ဝမ်ချောင်၏မြင်နိုင်စွမ်းကို ပြင်းထန်စွာ ဖိနှိပ်ထားသည်။ အင်အားကြီးမားသောစိတ်စွမ်းအင်စည်းတံဆိပ်ကလည်း လေထဲတွင် ဖြာထွက်နေသေးရာ ဝမ်ချောင့်အနေဖြင့် သူ၏ စိတ်စွမ်းအင်ဖြင့် ပုံမှန်အတိုင်း လိုက်ကြည့်၍မရ ဖြစ်နေသည်။ သို့သော် ဝမ်ချောင်သည်လည်း သူ၏ခြေထောက်အောက်ဘက်မှ ချိန်းကြိုးတွေကလည်း ယခင်ကနှင့်မတူညီစွာ လှုပ်ခါနေကြောင်းမြင်ရသည်။

ချိန်းကြိုး၏တချွင်ချွင်မည်သံနှင့် ရိုက်ခတ်သံများက အဆုံးအစမဲ့သည်။ တတိယမျိုးဆက်ဆက်ခံသူသည်လည်း အလွန်အမင်း အန္တရာယ်များသော အခြေအနေမျိုးသို့ ရောက်နေသည်။

ချောက်ကမ်းပါးထဲမှ ဆွဲယူမှုအားကလည်း ပြင်းထန်လာသည်။ တတိယမျိုးဆက်ဆက်ခံသူကပင် လေထဲသို့ အောင်မြင်စွာ မခုန်တက်နိုင်ပေ။

ချိန်းကြိုးနှစ်ခုက လျှင်မြန်စွာ လှုပ်ခါလာနေပြီး ထိုမျိုးဆက် ဆက်ခံသူအား ချောက်ကမ်းပါးအတွင်းသို့ အချိန်မရွေး တွန်းချမိပုံပေါ် သည်။

ထိုသူဟာ သေချာပေါက် သေရပေလိမ့်မည်။

" မဖြစ်နိုင်တာ..!"

ပါးကုရှီတုက အော်သည်။ မည်သည့်အချိန်ကမှန်းမသိ သူသည် ဝမ်ချောင်း၏နံဘေးတွင် ချက်ချင်းလက်ငင်း လာရပ်သည်။

သူသည် အနီးနားမှ ဝမ်ချောင့်ကို အနည်းငယ် ဂရုစိုက်သေးသည်။ သူ၏အာရုံများကမူ တတိယမျိုးဆက်ဆက်ခံသူထံ ရောက်ရှိနေလေပြီး သူ့ကို လွှမ်းခြုံလာသည့် ရွှေရောင်အလင်းများကိုပင် မေ့နေသည်။

"လမ်းလျှောက်အလောင်းကောင်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဝိညာည်အပိုင်းအစတွေပဲ ကျန်တာ။ သူတို့က သေပြီးတာကြာပြီ ဒီတော့ နတ်ဓါးကြောင့် သက်ရောက်ခံရမှာ မဟုတ်ဘူး။ တခြားစကားနဲ့ ပြောရရင် တတိယမျိုးဆက် ဆက်ခံသူကလည်း ပထမမျိုးဆက် ဆက်ခံသူကိုကို အလဲထိုးအနိုင်ယူဖို့အတွက် ဘာကိုမှစိုးရိမ်နေစရာ အကြောင်းမရှိဘူး။ ပို၍အရေးကြီးတာကသူ့ရဲ့ မူလအမရအရှင်ရဲ့ မျိုးဆက်ကလည်း ငါတို့ထက်ပိုနည်းတဲ့ တိုက်ကွက်တွေကိုပဲ ထုတ်မှာ"

ပါးကုရှီတု၏မျက်လုံးက ရုတ်တရက်စူးရှမှုများနှင့် တောက်ပလာသည်။

သူသည် ဝမ်ချောင်ကို အတင်းစမ်းကြည့်ခိုင်းနေသည်မှာ သူသည်လည်း အော့စမစ်ခါကန်းနှင့် သဘောတူညီမှုကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ထိုရလဒ်အတွက် မည်သည့်ဆုံးရှုံးမှုမှရှိလိမ့်မည်မဟုတ်ပေ။

သို့သော် ဝမ်ချောင်က ဆုံးဖျက်ချက်ကို ချလိုက်မိကြောင်းကို သိလိုက်ပြန်သည်။

1511 04

တတိယမျိုးဆက် ဆက်ခံသူသည် သူ့ထက်ပင် ပို၍မြန်ဆန်စွာတိုးတက်မှုရှိသည် သို့မဟုတ်လျှင်လည်း ယခင်ဘိုးဘေး အစ်ရှီနီရှီတုထက်ပင် သာလွန်လောက်ပေသည်။

ပါးကုရှီတုသည်လည်းမြူထုထဲမှ ဖွံ့ ဖြိုးတိုးတက်မှုကို ကြည့်နေရင်း သူ၏မျှော်လင့်ချက်များက တိုးတက်လာသည်။

ဝုန်း!

တတိယမျိုးဆက် ဆက်ခံသူက ချိန်းကြိုးများ၏အရှေ့ဘက်ကို ဆက်တက်နေရင်း သူ၏ရွှေရောင်သံလိုက်အိမ်မြောင်မျကို အသုံးပြုကာ ပတ်ဝန်းကျင်မှ တိုက်ကွက်တိုင်းကို ဖယ်ရှားကာ သွေဖယ်စေသည်။ ထိုသို့ဖြင့် ဝင်္ကမ္ဘာထဲမှ ဓါးများအားလုံးကို တားထားရင်း ပတ်ပတ်လည်မှ ဓါးများကိုစတင်ကာ တုံ့ပြန်လာစေသည်။

သိပ်သည်းသော မူလအမရအရှင်၏ မူလစွမ်းအင်များ၏ပမာဏက မြောက်များလွန်းလေစွာနှင့် စုစည်းလိုက်ရင်း ဓါးပျံများအားလုံးကို ဖုံးကွယ်တားသည်။

ရုတ်တရက် ဓါးပျံများထဲမှ တစ်ချောင်းက တတိယမျိုးဆက် ဆက်ခံသူထံသို့ အောင်မြင်စွာ ဝင်ရောက်လာပြီးနောက် အလင်းတန်းများနှင့်အတူ ပေါက်ကွဲသွားသည်။

ထိုအလင်းတန်းကလည်း ပေတစ်ဝက်ခန့်ရှည်သောဓါး၏ကိုယ်ထဲ တောက်လျှောက် ပျံ့နှံ့သွားသေးသည်။ ထို့အပြင် ထိုအသံဟာ အလွန်အမင်း စူးရှလွန်းလှသဖြင့် သတ္ထုကို တိုက်ရိုက်ထိုးဖောက်ခံလိုက်သလိုမျိုး ခံစားရစေသည်။

ဓါးချီ!

ဝမ်ချောင်၏မျက်နှာက အံ့အားသင့်မှုဖြင့် တင်းမာသွားသည်။ နတ်ဘုရားနှင် မိစ္ဆာဧကရာဇ်တို့၏သိုင်းကို ကျင့်ကြံထားသော သူတစ်ယောက်အနေနှင့် သူသည်လည်း ထိုစွမ်းအင်ကို ဓါးကျင့်ကြံသူနှစ်ယောက်က ဖန်တီးထားခြင်း ဖြစ်ကြောင်းမြင်နိုင်သည်။

လေထဲမှဓါးပျံများက ကျွဲပေါ်မှအမွှေးများအလား များပြားလွန်းသည်။ တစ်ခုချင်းစီကိုသာ ဓါးချီဖြင့် ထုတ်သုံးမည်ဆိုလျှင် ဓါးဝင်္ကမ္ဘာကြီးတစ်ခုလုံးကလည်း ကြောက်စရာကောင်းသောအင်အားကို ပိုင်ဆိုင်နိုင်လောက်သည်။

ထိုအရာကလည်း ဝမ်ချောင်၏ မကောင်းသောခံစားချက်ကို တုန့်ပြန်သလိုမျိုး ဓါးတစ်ချောင်းပြီးတစ်ချောင်းက လင်းလက်လာသည်။ ဒုတိယတစ်စက္ကန့်တွင် လေထဲရှိပျက်စီးနေသော ဓါးပင်လယ်ကြီးအတွင်းမှ အဆင့်၃မျိုးဆက် ဆက်ခံသူ၏ဓါးချီက မီးတောက်များ ထတောက်လာလေသည်။ သူ၏တိုက်ခိုက်နိုင်သော စွမ်းအားကလည်း မြင့်သွားသည်။

ဗုန်း ဗုန်း ဗုန်း!

ဓါးပျံများထံမှဖြစ်သော ဝရုန်းသုန်းကား အခြေအနေကလည်း ဆက်ခံသူ၏ ချီတက်မှုကို နှောင့်နှေးသွားစေခဲ့သည်။

တတိယမျိုးဆက်ဆက်ခံသူသည် ယခုအခါ အလွန်အမင်း အန္တရာယ်များကာ အဝိုင်းခံထားရသည်။ သူသည်လည်း ဆက်လက်ပြီး ရှေ့ဘက်သို့မတက်နိုင်တော့သလို အနောက်ဘက်သို့လည်း ဖိအားပေးခံရနေရသေးသည်။ သူဟာ သတိတောင် မထားမိဘဲ ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျမသွားရုံတမယ်လေးတင် ရှိနေသေးသည်။

*လုံလောက်ပြီ....တတိယမျိုးဆက်ဆက်ခံသူရဲ့စွမ်းအားကို ကြည့်ရမယ့်အချိန်ပဲ*

ဝမ်ချောင်ကထိုသို့တွေးတောနေရင်း သူ၏မျက်လုံးက တောက်ပလာသည်။

******

1512 01

အခန်း _ ၁၅၁၂

ဝမ်ချောင်သည် အစပိုင်းတွင်ပါးရှီတု၏အကွာအကွယ်အလွှာကို ကျော်ဖြတ်ပြီး ဝင်ရောက်နိုင်ရန် သူ့ကိုယ်သူ အတင်းတွန်းအားပေးခဲ့သော်လည်း သူ၏အာရုံကမှု ယခုအခါ တာဝန်အပေါ် အာရုံစိုက်ထားလိုက်ပြီဖြစ်သည်။ သူကသာ မူလအမရသိုင်းကို လိုချင်လျှင် အကွာအကွယ်အလွှာကို သေချာပေါက် ကျော်ဖြတ်နိုင်ရမည်။

ဝုန်း

တတိယမျိုးဆက် ဆက်ခံသူက ချိန်းကြိုး၏အလယ်တွင် ရပ်နေလေသည်။ ထိုနေရာက ကျောက်တုံးတံတား၏ အဆုံးဘက်နှင့်မီတာရာဂဏန်း သာဝေးကွာသည်။ ထို့ကြောင့် သူ၏အနောက်ဘက်သို့ ကွက်တိ ရောက်ရှိသွားပြီဟုဆိုလိုရလေသည်။ အထပ်ပေါင်းများစွာရှိသော ကောင်းကင်ဘုံကြီး၏ ကျယ်ပြောသော ကျောင်းဆောင်ကြီးတစ်ခုက လျှင်မြန်စွာ စုစည်းလာပြီးနောက်တွင် ရွှေရောင်သုံးခွ ခက်ရင်းလှံရှည်တစ်ခု ဖြစ်လာသည်။

ဆက်ခံသူက သာမန်ကာလျှံကာ တိုက်ထုတ်လိုက်သော်လည်း မီးခို့လုံးကြီးများနှင့်လုံးဝှေ့ကာ ထွက်လာသော ထိုရွှေရောင်စွမ်းအင်က ရွှေရောင်သုံးခွခက်ရင်း၏ စွမ်းအင်နှင့်ပူးပေါင်းထားပြီး နောက်တွင် ဓါး၁၀လက်ကျော်ခန့်ကို ချက်ချင်း ဖျက်ဆီးပစ်လိုက်လေသည်။

ထိုဆက်ခံသူသည် သူ၏ဓါးကို တစ်ချက်လွှဲရမ်းလိုက်ပြီး တိုက်ခိုက်လိုက်သည်။ ထို့နောက် ဓါးပျံများကလည်း မင်းမူနိုင်စွမ်းအား ပြင်းထန်လွန်းသော မူလအမရကြယ်တာယာစွမ်းအင်ကြောင့် မနီးကပ်နိုင်သေးခင်မှာ တိုက်ခိုက်ခံလိုက်ရသည်။

သို့သော် ဒါဟာအစသာ ဖြစ်နေသေးသည်။ လက်ထဲတွင် သုံးခွခက်ရင်းကြီးကို ကိုင်ထားပြီး အနောက်ဘက်တွင် ကောင်းကင်ဘုံပုံရိပ် ရှိနေသော တတိယမျိုးဆက်ဆက်ခံသူသည်လည်း စွမ်းအားများ ထိုးတက်နေရင်း ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်မှ ဓါးထောင်ကျော်ကို တိုက်ခိုက်လိုက်သည်။

ဗုန်း!

မူလအမရကြယ်တာယာစွမ်းအင်အားလှိုင်းက တစ်လှိုင်းပြီးတစ်လှိုင်း ထိုးထွက်သွားကာ နဂါးပုံသဏ္ဍာန်၊ကျားပုံသဏ္ဍာန်ပြောင်းလဲနေရင်း ပြင်းထန်သော ခွန်အားများကတစ်ဆင့် ဓါးပျံများကို ခြေမွနေခဲ့လေသည်။

မူလအမရအရှင်၏တပည့်သည် သူ၏အရှိန်အဝါကြီးသောစွမ်းအင်ကို ပြန်လည်ပြီး ထုတ်ဖော်ပြသလိုက်ပြန်သည်။

တိုက်ခိုက်နေသည့်ဓါးပျံများက များပြားလွန်းသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကလည်း အလွန်အမင်း မျက်နှာသာမပေးသော အနေအထားမျိုး ရောက်ရှိနေသည့်တိုင်အောင် တတိယမျိုးဆက်ဆက်ခံသူကမူ ဆက်လက်ပင် တိုက်ခိုက်နိုင်သေးသည်။ မြင့်မားလွန်းစွာသော ဓါးများကချက်ချင်းဆိုသလိုပင် ဖျပ်ဆီးခံနေရ၏။ ဓါးအကျိုးအပိုင်းအစများကလည်း ချိန်ကြိုးများကို ကျော်ဖြတ်ပြီးနောက် အသူရာချောက်နက်ထဲသို့ ကျသွားသည်။

"မယုံနိုင်စရာပဲ တကယ်ပဲ ကျော်ဖြတ်ဖို့ လုံလောက်နိုင်မှာလား။ ငါ ရှုထောင့်မှားပြီး ချဥ်းကပ်မိတာလား"

ပါးကုရှီတုက သူ့ဘာသာသူ ရေရွတ်နေသည်။ အခုကိစ္စများကချောမွေ့ လွန်း၍ သူသည် ယုံကြည်ရန် ခက်လာသည်။

ဝမ်ချောင်၏ မျက်ခုံးကလည်း ပြေလျော့လာသည်။ အခြေအနေက သူ့ကိုမျက်နှာသာ ပေးနေသေည်။ သို့သော် သူသည်အလိုလျှောက်ပင် ကိစ္စများက ထိုမျှမရိုးရှင်းနိုင်ကြောင်း ခံစားမိနေသည်။

ပထမမျိုးဆက်၏ ဆက်ခံသူက တတိယမျိုးဆက် ဆက်ခံသူထက် အင်အားကြီးမားသည်။ သူသည် မြေအောက်ဖက်တွင်ပင် စက်ကိရိယာများအားလုံးကို တည်ဆောက်နိုင်ခဲ့သောသူဖြစ်ပြီး နန်းတော်ကို တည်ဆောက်ခဲသောသူ ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံး စစ်ဆေးမှုကြီးသည် ထိုမျှထိမရိုးရှင်းပေးနိုင်ပေ။

ဝမ်ချောင်က ထိုသို့ တွေးရုံသာ ရှိသေးသည်။ ရုတ်တရက်.....တတိယမျိုးဆက် ဆက်ခံသူ၏ချက်ချင်းဆိုသလို ရှေ့သို့ ဆက်တိုက် ထိုးတက်များမှုများနှင့် ဓါးပျံများ၏တိုက်ခိုက်မှုများက ပထမမျိုးဆက်၏ဆက်ခံသူကို ရန်စလိုက်သလို ဖြစ်သွားစေသည်။

ဗုန်း!

တစ်လောကလုံးကိုပင် ဆုတ်ဖြဲနိုင်လောက်သည့် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ တစ်ခဏခန့်ကြာပြီးနောက် အာသပြင်ထဲတွင် ရှည်လျားသောဆုတ်ဖြဲပြင်ကြီးက အနည်းငယ်ပေါ်ထွက်လာပြီး ချောက်ခြားဖွယ်ကောင်းသော စွမ်းအင်များက အတွင်းမှ ထွက်လာသည်။

1512 02

မရေမတွက်နိုင်သော စွမ်းအင်ရွှေအလင်းစက်ပေါင်းများစွာကမြူထုနှင့် ရောနှောသွားပြီးနောက်တွင် ဓါးပျံသောင်းကျော်နှင့် တွဲစပ်လိုက်သည်။ ထိုဓါးပျံများကလည်း အသစ်စက်စက် အရောင်တင်ခံရသလို ဖြစ်သွားလေပြီ။ အရင်ကထက် ပို၍တောက်ပလာကာ ပို၍အန္တရာယ်များလာသည်။

သိမ်မွေ့ နယ်မြေ

ကျောက်တံတားပေါ်တွင် ရပ်နေသော ဝမ်ချောင်သည်လည်း ထိုစွမ်းအင်ကို အကင်းပါးစွာ ခံစားမိလိုက်ပြီးသိမ်မွေ့ နယ်မြေ၏ ရင်းနှီကျွမ်းဝင်သောစွမ်းအားများမှန်း သိလိုက်သည်။ သို့သော် ထိုစွမ်းအင်က ဒုတိယမျိုးဆက် ဆက်ခံသူထက်အများကြီး ကြောက်စရာကောင်းသည်။ ဒုတိယမျိုးဆက်ဆက်ခံသူသည် သံမဏိဖြင့် ဖန်တီးထားသော ကြမ်းတမ်းသောလူထွားကြီးကို ရှင်းနိုင်သူ ဖြစ်သည်။ သို့သော် ပထမမြောက် ဆက်ခံသူကမူအစစ်အမှန် လူထွားကြီးဖြစ်နေသည်။

ပို၍ကြောက်စရာေကာင်းသော အချက်ကမူ သာမန်သိုင်းပညာရှင်များက သိမ်မွေ့ နယ်မြေသို့ ရောက်ရှိသွားလျှင်ပင် အင်အားမြင့်တင်ရုံသွားရုံသာ ဖြစ်တတ်လောက်သော်လည်း ပထမမျိုးဆက် ဆက်ခံသူကမူ သိမ်မွေ့ နယ်မြေကြီးတစ်ခုလုံး၏ အဓိပ္ပါယ်ဖော်ပြချက်ကိုပင် ပြောင်းလဲနိုင်စွမ်း ရှိနေပုံရလေသည်။ တတိယမျိုးဆက် ဆက်ခံသူက ရင်ဆိုင်ရချိန်တွင် မရေမတွက်နိုင်သော ထိုဓါးများအားလုံးက သိမ်မွေ့နယ်မြေမှဖြစ်သွားသည်။ ထို့ကြောင့် မည်သည့်သိုင်းပညာရှင်ကိုမဆို ကြောက်ရွံ့ မှုဖြင့် တုန်လှုပ်စေနိုင်သည်။

"နောက်ဆုံးတော့ ရောက်လာပြီ"

ပါးကုရှီတုသည် အခြေအနေကို အာရုံခံမိပုံပေါ်သည်။ သူသည် ဝမ်ချောင့်ထက် အများကြီး အင်အားကြီးမားသည်ဆိုသော အချက်ကို ထည့်တွက်ကြည့်သော် သူသည် ပို၍များများ အာရုံခံနိုင်လိုက်သည်။

ဝမ်ချောင်သည်လည်း လေထဲမှ သိမ်မွေ့နယ်မြေ၏စွမ်းအင်များ စီးဆင်းနေကြောင်း ခံစားမိသည်။ သို့သော် ပါးကုရှီတုကမူ အချိန်နှင့်အာကာသအတွင်းပိုင်းမှ ကြီးမားသော ဂိတ်ပေါက်ကြီးတစ်ခု ပွင့်နေသည်ကို မြင်နိုင်သည်။ ဖောက်ထွင်းမြင်ရသော ကြည်လင်သည့် စွမ်းအင်လှိုင်းပေါင်းများစွာက ချက်ချင်းဆိုသလိုပင် လေထဲမှ ဖောက်ထွက်လာနေပြီး မူလအမရဓါးဝင်္ကမ္ဘာ၏ စုပ်ယူမှုကို ခံနေရသည်။

"ဒါက စွမ်းအင်ပဲ ဒီစွမ်းအင်က အစ်ရှီနီရှီတု ဆယ်ရက်ဆယ်ညလုံးလုံး လိုက်နေတဲ့အရာ။ သူက တောက်လျှောက်လိုက်နေရင်းမှ အသက်ကို ဆွဲထုတ်စေတဲ့ ဒီနေရာကို ရောက်လာတာ။ ငါသာ ဒီစွမ်းအင်ကို နားလည်သဘောပေါက်နိုင်ပြီး ငါတို့မြေကမ္ဘာဂိုဏ်းရဲ့ အမှောင်အလင်းကောင်းကင်ဘုံစွမ်းအင်နဲ့ ပေါင်းစပ်နိုင်သမျှ ဒီနေရာကတစ်သားတည်း ဖြစ်သွားလိမ့်မယ်။ ဒါဆိုငါလည်း ဒီထက်ပိုမြင့်တဲ့ စွမ်းအားကို နားလည်သဘောပေါက်နိုင်ပြီ"

ပါးကုရှီတု၏ မျက်နှာကစိတ်လှုပ်ရှားမှုနှင့် တောက်ပလာသည်။ ဟန်အမူအရာ တည်ငြိမ်မှုကိုပင် မထိန်းနိုင်တော့ဘဲ သူ၏ဝတ်ရုံကလည်း တုန်လှုပ်လာသည်။

သို့သော် ဝမ်ချောင်ကမူ သတိမထားမိချေ။ အကြောင်းမူကား သူ၏ရှေ့မှတိုက်ပွဲက အလွန်အမင်း ပြင်းထန်နေသသည်။ ပထမမျိုးဆက်ဆက်ခံသူက ယခုအခါ သတ်ဖြတ်လိုစိတ် ပြင်းထန်နေပြီး တတိယမျိုးဆက် ဆက်ခံသူကိုပင် သတ်ဖြတ်လိုစိတ် ရှိနေပြီဖြစ်သည်။

ဝုန်း

ဒုက္ခများက တစ်ခုပြီးတစ်ခု ထပ်ကာရောက်ရှိလာတတ်သည်။ ပထမမျိုးဆက်ခံသူသည်လည်း နေရာလွတ်တွင်းပေါက်ကြီးကို ဖွင့်လှစ်ပြီးနောက် ဓါးပျံများအားလုံးကို သိမ်မွေ့ နယ်မြေအဆင့်သို့ ပြောင်းလဲလိုက်ချိန်တွင် သိပ်သည်းသောမြူထုက ရုတ်တရက်ဆိုသလို ရွှေရောင်အလင်းစက်ပေါင်းများစွာ ရောနှောလျက် ထွက်ပေါ်လာလေပြီး ချိန်ကြိုးများ အောက်ဖက်မှလိမ့်တက်လာသည်။

အောက်ဖက်သို့ ငုံ့ကြည့်လိုက်သောအခါ ဝမ်ချောင်နှင့်ပါးကုရှီတုတို့၏ မျက်နှာက တင်းမာသွားရသည်။

မရေမတွက်နိုင်သော ရွှေရောင်အလင်းစက်များက ကွဲကြေနေသော ဓါးအပိုင်းအစများနှင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထိုအပိုင်းအစများက တတိယမျိုးဆက် ဆက်ခံသူက အောင်မြင်စွာ ခြေမွပစ်လိုက်သည့် ဓါးပျံများဖြစ်သည်။

တတိယမျိုးဆက်ဆက်ခံသူက ထိုဓါးများကို မဖျက်ဆီးနိုင်ရုံသာမကသေးဘဲ ထိုဓါးတောင်ပို့က ပို၍ပင်အန္တရာယ်များအောင် လုပ်လိုက်သလို ဖြစ်သွားသည်။

ချွင်!

ကျယ်လောင်သော ပေါက်ကွဲသံနှင့် ခမ်းနားလွန်းသော ရွှေရောင်အလင်းတန်းများနှင့်အတူ မရေမတွက်နိုင်သော ဓါးများအဖြစ် စုစည်းသွားသည်။ တစ်ခဏခန့် ကြာပြီးနောက် ပေ၃၀၀ကျော်ခန့်ရှည်လျားသော ကြီးမားသည်သည့် ဓါးကြီးတစ်လက်က အာကာသပြင်အတွင်းမှ ဝုန်းခနဲ ထွက်လာနေပြီး ချိန်းကြိုးပေါ်မှ တတိယမျိုးဆက်ဆက်ခံသူကို တိုက်ရိုက်ခုတ်ပိုင်းရန် ကြိုးစားသည်။

1512 03

ထိုစွမ်းအင်က ပြင်းထန်သိပ်သည်းလွန်းသဖြင့် တတိယမျိုးဆက်ဆက်ခံသူကပင် အလွန်သေးငယ် သိမ်နုပ်သွားသလို ခံစားရသည်။

"မကောင်းတော့ဘူး"

ဝမ်ချောင်သည် ချက်ချင်းဆိုသလို မကောင်းသောခံစားချက်ကို ရလိုက်သည်။

သို့သော် ဝမ်ချောင်က ထိုသို့သောအချိန်တွင် ဆက်ခံသူကိုရှေ့သို့ အင်အားအကုန်သုံးကာ ခုန်ထွက်ခိုင်းလိုက်သည်။ စက္ကန့်တစ်ဝက်ခန့် မကြာသေးခင် လမ်းလျှောက်အလောင်းကောင်၏ မင်းမူလွန်းပြီး စွမ်းအားပြင်းထန်သော ခန္ဓာကိုယ်ကြီးကလည်း မိုးကြိုးပစ်ခံရသလိုမျိုး အမှောင်ထုမြူထုထဲသို့ ထိုးကျသွားလေသည်။

တိုက်ပွဲက အဆုံးသတ်သွားလေပြီ။ အားလုံးက ပြန်လည်ပြီး တည်ငြိမ်သွား၏။ မြူကပြန်လည်စုစည်းသွား၏။ မရေမတွက်နိုင်သော ဓါးများက ရုတ်တရက် လေထဲတွင် ဝဲလျက်ကျန်ရစ်၏။

ပစ်မှတ်က ပျောက်သွားသောကြောင့် နဂိုအလင်းစက်များကလည်း အဆုံးသတ်လေပြီး စတင်ကာလူစုခွဲလိုက်သည်။

သူတို့သည်လည်း မြူထဲသို့ ဝင်ရောက်ကာတဖန်ပြန်လည်ပြီး ပျောက်ကွယ်သွားပြန်သည်။

ချွင်

ဝှစ်

ချိန်းကြိုးရမ်းခါသံက ပြန်ထွက်လာသည်။ သို့သော် ကျောက်တံတားကမူ ခြောက်ခြားလောက်အောင် တိတ်ဆိတ်နေသည်။ ဝမ်ချောင်နှင့် ပါးကုရှီတုဘေးချင်းယှဥ်ရပ်နေပြီး ဘာစကားမှမပြောကြပေ။

တတိယမျိုးဆက် ဆက်ခံသူသည် ဖျက်ဆီးခံလိုက်ရသည်။ ဝမ်ချောင်က အတတ်နိုင်ဆုံးကြိုးစားပြီး အတတ်နိုင်ဆုံး ရှောင်ရှားခိုင်းသည့်တိုင်အောင် ကျရှုံးသွားလေသည်။

"နှမြောစရာပဲ။ ဒီလောက်အင်အားကြီးတဲ့ မဟာမိတ် ဒီလောက်အင်အားကြီးတဲ့ တိုက်ခိုက်နိုင်စွမ်းအားက အလကားဖြစ်သွားပြီ"

ပါးကုရှီတုက အသိပြန်ဝင်လာပြီး ဝမ်ချောင့်ကို ကြည့်ကာပြုံးသည်။

သို့သော် ပါးကုရှီတုက ရုတ်တရက်စကားရပ်လိုက်သည်။ သူ၏ဘေးဘက်မှ ဝမ်ချောင်က မြေပြင်တွင် ဆောင့်ကြောင့်ထိုင်နေပြီး မြေပြင်တွင် ပုံများကို တက်တက်ကြွကြွ ဆွဲနေသည်။ ထူးဆန်းသော သင်္ကေတ များနှင့်ပုံရိပ်များကလည်း ပါးကုရှီတု နားမလည်နိုင်သော အရာများဖြစ်နေသည်။

"ဒါက..."

သူ၏မျက်မှောင်က ကြုတ်လာသည်။ ပါးကုရှီတုက ပါးစပ်ကိုပိတ်လိုက်ပြီး ဘေးဘက်တွင် တိတ်တဆိတ်ရပ်ကာ ကြည့်သည်။ ဝမ်ချောင်သည် အလွန်အမင်း အာရုံစူးစိုက်နေ၍ ဘေးဘက်မှ ပါးကုရှီတု၏ တည်ရှိမှုကိုပင် မေ့နေ၏။ သူ၏မျက်လုံးက တစ်ဝက်ခန့်သာ ဖွင့်ထားပြီး တတိယမျိုးဆက်နှင်ပထမမျိုးဆက်တို့၏ တိုက်ပွဲအကြားမှ အခြေအနေကိုပြန်လည်ကာ ပုံဖော်နေသည်။

အသေးစိတ် အချက်အလက်အတိုင်း အကြီးအသေးကိစ္စများအားလုံးကို ပြန်ပြီးမွေးထုတ်လိုက်သည်။

တတိယမျိုးဆက်ဆက်ခံသူကို ဓါးဝင်္ကမ္ဘာက သတ်ဖြတ်သွားသော်လည်း ဝမ်ချောင့်အတွက်ကမူ ထိုစတေးမှုက အဓိပ္ပါယ်မမဲ့ချေ။

ဝမ်ချောင်သည် ယခုအခါ သူယခင်ကလုပ်ဆောင်ခဲ့ဖူးသည်ထက် အများကြီးတိုးတက်လာပြီဖြစ်သည်။

ပို၍အရေးကြီးသည်မှာ တတိယမျိုးဆက် ဆက်ခံသူ ထိန်းချုပ်နေသည့်အချိန် ဝမ်ချောင်ကလည်း အလားတူညီသည့် အတွေအကြုံနှင့် လှုံ့ဆော်မှုတစ်မျိုးကို ရရှိလိုက်သည်။ ထိုလှုံ့ဆော်မှုက ပါးကုရှီတုမရနိုင်သော အရာမျိုးဖြစ်လေသည်။

*ငါတို့ရဲ့လမ်းတစ်ခုလုံးကို အင်အားသုံးပြီး ဖောက်ထွက်ဖို့က လုံးဝမဖြစ်နိုင်ဘူး။ ပထမမျိုးဆက်ဆက်ခံသူက တတိယမျိုးဆက်ဆက်ခံသူနဲ့ တိုက်ခိုက်တဲ့အချိန်မှာ သူ့ရဲ့ အား၆၀%ကိုပဲ သုံးသွားတာ၊ဘာလို့လဲဆိုတော့သူ့ရဲ့ မူလအမရသိုင်းရဲ့ ဆက်ခံသူထဲက တစစ်ယောက်ဆိုတဲ့ အဆင့်အတန်းကြောင့် ဖြစ်လောက်တယ်၊ အခြားသူဆိုရင်တော့ ပထမမျိုးဆက် ဆက်ခံသူက အင်အားအကုန်သုံးမှာပဲ။ အဲဒီအင်အားကို ငါတို့ထဲက ဘယ်သူကမှ မတောင့်ခံနိုင်ဘူး *

1512 04

ဝမ်ချောင်က မျက်လုံးကို လုံးဝ မှိတ်လိုက်ပြီး ခေါင်းကိုပြန်မော့ပြီး သူ၏စိတ်ထဲတွင် တွက်ချက်မှုများက လည်ထွက်နေသည်။

မူလအမရသိုင်းသည် ညဏ်ပညာကိုသာ သုံးပြီးကျော်ဖြတ်နိုင်မည် ဖြစ်သည်။ အင်အားကိုသုံး၍ မရချေ။ အရေးကြီးဆုံးဘက်ပိုင်းကမူ ပထမမျိုးဆက် ဆက်ခံသူက တိုက်ခိုက်သည့်အနေအထားအရ စည်းမျဥ်းများကို ဆုံးဖြတ်ခြင်းဖြစ်သည်။

ပထမမျိုးဆက်ဆက်ခံသူက မည်မျှအင်အားကြီးပြီး မည်မျှညဏ်ကောင်းစေကာမူ သူသည်လည်း သေသွားခဲ့ပြီးသည်မှာ လွန်ခဲ့သော နှစ်ထောင်ကျော်ခန့် ကတည်းကဖြစ်သည်။ သူ၏စိတ်က ပြင်းထန်စွာ အားနည်းနေပေလိမ့်မည်။ ဒါဟာ အဓိကသော့ချက်ရှိရာ နေရာဖြစ်သည်။ ဒါဟာ သူ၏တိုက်ကွက်များကို အုပ်စိုးသည့် စည်းမျဥ်းလဲဖြစ်လေသည်။

ဝမ်ချောင်သည်လည်း တတိယမျိုးဆက် ဆက်ခံသူ၏မျက်လုံးကတစ်ဆင့် တိုက်ပွဲထဲမှ အကြီးမြတ်ဆုံး အကျိုးအမြတ်ကို ရရှိလိုက်သည်။

"တကယ်ပဲ ဘာလဲ"

ဝမ်ချောင်က ရေရွတ်နေရင်း သူ၏စိတ်က မုန်တိုင်းထန်လာသည်။ တတိယမျိုးဆက် ဆက်ခံသူသည် သိမ်မွေ့ နယ်မြေထဲသို့ ခြေလှမ်းတစ်ဝက် ဝင်ရောက်ခဲ့ပြီးသားဖြစ်သည်။ သူ၏မူလအမရသိုင်းကြောင့် သူ၏ တိုက်ခိုက်နိုင်စွမ်းအားက သိမ်မွေ့ နယ်မြေထဲသို့ ခြေတစ်လှမ်းဝင်ရောက်ရှိနေသည့် ချွီတီပါး သို့မဟုတ် ထို့ထက်တောင် သန်မာနိုင်သေးသည်။

သို့သော် တတိယမျိုးဆက်ဆက်ခံသူသည် ပထမမျိုးဆက်ဆက်ခံသူ၏ အင်အား၆၀%ကိုသာ သုံးထားသော တိုက်ကွက်ကိုပင် တောင့်မခံနိုင်ခဲ့ပေ။ ထို့ကြောင့်ဝမ်ချောင်လည်း သေချာပေါက် မလုပ်နိုင်လောက်ပေ။

သူကသာ ပထမမျိုးဆက်ဆက်ခံသူ၏ တိုက်ကွက်အပေါ် အုပ်စိုးနေသော စည်းမျဥ်းကိုမရှာနိုင်ခဲ့ဘဲ ချိန်းကြိုးပေါ်သို့ တက်ရောက်ပါက သေချာပေါက် သေရပေလိမ့်မည်။

လေပြင်းက ဖြတ်တိုက်လာသည်။ တစ်ကိုယ်လုံးက စိမ့်တက်သွား၏။ ကျောက်တုံးတွေအနှံ့ ထိုသို့စိမ့်နေသော လေများကတိုက်ခတ်လာပြီး ပြးကုရှီတုသည်လည်း ကျောဘက်သို့ လက်များကိုပို့ထားပြီး ထူးမခြားနားအမူအရာမျိုးဖြင့် အလျင်မလိုဟန် နေ၏။

တတိယမျိုးဆက်ဆက်ခံသူက တည်ရှိနေသောအခါ သူသည်လည်း သတိကပ်ရသည်။ သို့သော် ယခုမူ တစ်ဖက်လူက မရှိတော့ချေ။ ထို့ကြောင့် ဝမ်ချောင်၏ အသက်တစ်ခုလုံးက သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

"အလျင်မလိုဘူး။ ဖြည်းဖြည်းတွေး အနည်းဆုံးတော့ တစ်စုံတစ်ယောက် မဝင်လာသေးသမျှ မင်းမှာအချိန်အများကြီး ရှိသေးတယ်"

ပါးကုရှီတုက ပြုံးလိုက်သည်။ သူ၏အသံထဲတွင် ကျော့ရှင်းကြည့်ကောင်းမှုနှင့် အသရေများကို မြင်နိုင်သည်။ သို့တိုင်အောင် သူဟာ ထိုသို့ခမ်းနားကြီးကျယ်စွာ ပြုံးနေသည်ဟု ထင်ရသော်လည်း သူဟာ ဝမ်ချောင်ကို ပို၍ ဖိနှိပ်နေခြင်းဖြစ်သည်။

ဝမ်ချောင်ကမူ ဂရုမစိုက်နိုင်တော့ချေ။ သူ၏စိုးရိမ်ပူပန်မှုများက တခြားတစ်နေရာတွင် ဖြစ်သည်။

"ဘာလဲ။ အဲဒါဘာလဲ"

ထိုအချိန်တွင် ဝမ်ချောင်၏စိတ်က မတူညီခြားနားသည့်လောကကြီးတစ်ခုလုံးထဲသို့ ဝင်ရောက်နေလေပြီ။

******

1513 01

အခန်း _ ၁၅၁၃

တိုက်ပွဲ၏မြင်ကွင်းများက ဝမ်ချောင်၏စိတ်ထဲ ပြန်ပေါ် ထွက်လာပြီးနောက် ပြန်လည်ပြီးပေါင်းစပ်သွားသည်။

ပထမျိုးဆက်ဆက်ခံသူက အသုံးပြုသွားခဲ့သော သိမ်မွေ့နယ်မြေမှ ဓါးများစွမ်းအင်များအားလုံးက ပြန်ပေါ် လာပြီးနောက်တွင် ဝမ်ချောင်သည်လည်း သိုင်းပညာလောကမှာ မည်သူကမှ နားမလည်နိုင်သော နည်းလမ်းမျိုးကိုသုံး၍ ခွဲခြမ်းစိတ်ဖြာကြည့်သည်။

ပါးကုရှီတုနှင့်အခြားသော ပွဲကြည့်သူတစ်ယောက်ယောက် ရှိနေခဲ့ပြီး တိုက်ပွဲကိုယ်တိုင်ကိုသာ မြင်တွေ့သွားခဲ့မည်ဆိုလျှင် ဝမ်ချောင်ကိုယ်တိုင်ကမူ ထိုမြင်ကွင်းများထဲမှ မရေမတွက်နိုင်သော အချက်အလက်ပေါင်းများစွာကို ခွဲခြမ်းစိတ်ဖြာနိုင်သူ ဖြစ်လေသည်။

ထိုနည်းလမ်းက ဝမ်ချောင်ဟာ သူ၏ပို၍များပြားသော စိတ်စွမ်းအင်များကို မူလအမရဝင်္ကမ္ဘာ အတွင်းသို့ထည့်သွင်း၍ ကြည့်ရှုခြင်းအားဖြင့် ပိုမြင်သောအဆင့်သို့ ရောက်ရှိသွားနိုင်ခဲ့သလိုမျိုး ဖြစ်သည်။

အချိန်က ဆက်တိုက်ဆိုသလို လည်ပတ်နေသည်။ ဝမ်ချောင့်အတွက်မူ အချိန်အများကြီး မကျန်ပေ။ ဝမ်ချောင်က အားနည်းလွန်းနေခြင်းဖြစ်သည်။

သူသည်လည်း တတိယမျိုးဆက်ဆက်ခံသူက ပထမမျိုးဆက်ဆက်ခံသူနှင့် တိုက်ခိုက်ခဲ့သည့်မြင်ကွင်းကို ပြန်လည်တွေးတောနေသည်။

* ဘယ်လောက်တောင် အင်အားကြီးလိုက်တဲ့ ဓါးဝင်္ကမ္ဘာလဲ။ လုံးဝကိုရိုးရိုးရှင်းရှင်းကိုပဲ အဆုံးအစမဲ့နေတဲ့တိုက်ပွဲတွေက အင်အားကြီးသည်ထက် ကြီးတယ်.....*

ဝမ်ချောင်က စိတ်ထဲတွင် သက်ပြင်းချသည်။ တစ်ခဏခန့်ကြာပြီးနောက်တွင်သူဟာ မြူထဲတွင်အုပ်နေသောဓါးတောင်ပို့ကြီးကို စိုက်ကြည့်နေကာ ခန္ဓာကိုယ်က အံအားသင့်မှုဖြင့် တုန်ယင်သွားသည်။

နေဦး....မူလအမရ ဓါးဝင်္ကမ္ဘာ၊မူလအမရသိုင်း ...

သူ၏မျက်လုံးကရုတ်တရက် တောက်ပသွားသည်။ သူဟာ ခေါင်းကိုငုံ့ပြီး သူ၏လက်ညှိုးတစ်ချောင်းဖြင့် ငွေရောင်ဓါးချီတစ်မျှင်ကို ထုတ်လွှတ်လိုက်ကာ ကျောက်တံတားပေါ်တွင် ပုံစဆွဲသည်။ မီးအိမ်၏ အလင်းရောင်အောက်တွင်ပင် ဝမ်ချောင်ဆွဲနေသည့် အရာကပို၍ပင် အသေးစိတ်ကျလာကြောင်း မြင်နိုင်မြင်နိုင်သည်။ သူ၏လက်ညှိုးကို ဟိုနေရာ ဒီနေရာ ကြောင်ခြစ်ပုံသဏ္ဍာန်မျိုးဖြင့် ရေးခြစ်နေသော်လည်း ကြာလာသောအခါ သူ ဆွဲနေသောအရာကပိုပြီးသိသာထင်ရှားလာပြီဖြစ်သည်။

ထိုဟာကမူလအမရသင်္ကေတကို အကြမ်းဆွဲထားခြင်းဖြစ်ပြီး လမ်းလျှောက်အလောင်းကောင် ၆ကောင်ကလည်း အနည်းငယ်ခြားနားမှုတစ်မျိုးဖြင့် ဖြစ်နေသည့် ပုံသဏ္ဍာန်ကို မြင်ရသည်။

ဝုန်း

သူ၏လက်ညှိုး၏စုတ်ချက်ကို ဆွဲချလိုက်ပြီးနောက်တွင် ဝမ်ချောင်က သူ၏မျက်လုံးတွင် နားလည်သဘောပေါက်မှုက ပေါ်လာ၏။ သူဟာ ခေါင်းကိုငုံ့ပြီး အခြားတစ်ဖက်ခြမ်းက သိပ်သည်းသောမြူအောက် မြုပ်နေသေးသည်။ ဝမ်ချောင်ကမူ အရာအားလုံးကို မြင်နိုင်သည့်ပုံပေါ်သည်။

ပထမမျိုးဆက်၏ မူလအမရဓါးဝင်္ကမ္ဘာအပေါ် အစစ်အမှန်အုပ်စိုးနေသော စည်းမျဥ်းများ....

မူလ.....

ထိုဓါးဝင်္ကမ္ဘာ၏ပုံစံဖြစ်စေ ပုံသဏ္ဍာန်ဖြစ်စေ ဝမ်ချောင်ယခင်ကမြင်ဖူးသမျှ အခြားသောသိုင်းတိုင်းနှင့်လုံးဝခြားနားသည်။ သို့သော် ဟိုးအတွင်းပိုင်းတွင်ရှိနေသော အမြုတေကမူ ဝမ်ချောင်တွေ့ကြုံခဲ့ပြီးသား မူလအမရဝင်္ကမ္ဘာနှင့် အနှစ်သာရချင်း တူနေသည်။

*ပထမမျိုးဆက်ရဲ့ ကျင့်ကြံခြင်းအဆင့်က အခြားဆက်ခံသူတိုင်းကို ကျော်လွန်နေခဲ့ပြီးသား။ ဒါကြောင့် မူလအမရသိုင်းနဲ့မူလအမရဝင်္ကမ္ဘာကို ပေါင်းစပ်ပြီး လမ်းကြောင်းသစ်တစ်ခု ဖွင့်လို့ မူလအမရဓါး ဝင်္ကမ္ဘာကြီးကို ဖန်တီးလိုက်တယ်။ ဒါပေမဲ့ ဒီ၃ခုလုံးရဲ့အရင်းအမြစ်ကတော့ တူတယ်*

ဝမ်ချောင်သည် နားလည်သဘောပေါက်မှုဖြင့် လင်းလက်သွားသည်။ အခြားလူတစ်ယောက်ကသာ မူလအမရဝင်္ကမ္ဘာထဲမှ သဲလွန်စအနည်းငယ်ကို ရှာတွေ့ နိုင်မည်ဆိုလျှင်ပင် ထိုဗဟုသုတများကိုသုံးပြီး ဝင်္ကမ္ဘာကိုတိုတောင်းသည့် ကာလတောအတွင်း ဖြေရှင်းနိုင်မည် မဟုတ်ပေ။

1513 02

သို့သော် ဝမ်ချောင်ကမူခြားနားသည်။ အကြောင်းမူကား သူသည် မူလအမရသိုင်း၏ မက်ထရာ တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားလေသည်။

ဒါဟာ ပထမတစ်လွှာသာ ဖြစ်နေသေးသည့်တိုင်အောင် ဝမ်ချောင့်အတွက်မူ ဖော်ပြရန်ခက်ခဲသည့် ဉာဏ်အလင်းပွင့်ခြင်းတစ်မျိုး ဖြစ်လေသည်။ ပိုဆိုးသည်မှာ တတိယမျိုးဆက်ဆက်ခံသူကို ထိန်းချုပ်နေချိန်တွင်လည်း ဝမ်ချောင်က မူလအမရကြ ယ်တာယာစွမ်းအင်ကတစ်ဖက်သူ၏ခန္ဓာကိုယ်အတွင်း မည်သို့စီးဆင်းနေခြင်းကြောင်း အသေးစိပ်ကျကျ နားလည်ထားလေသည်။

တစ်ခဏခန့်ကြာပြီးနောက် ဝမ်ချောင်က မျက်မှောင် ထပ်ကြုတ်သည်။ သူ၏မျက်နှာပေါ်တွင် အရိပ်တစ်ခုက အုပ်စိုးလာသည်။

ဒါက မလုံလောက်သေးဘူး။

သူသည် အထူးအခြေအနေတွက် သို့မဟုတ် ကြီးမားနေခဲ့မည်ဆိုလျှင် ဝမ်ချောင်က သူ၏အင်အား အားလုံးကိုသုံးကာ စမ်းသပ်ကြည့်၍ ရသည်။ သို့သော်သူဟာ ယခုအားနည်းနေလေသည်။ ထိုးအားနည်းနေသော ခွန်အား၏၃ပုံ၂ပုံကလည်း ချိတ်ပိတ်ခံထားရသည်။ ထိုကြောင့် သူသည်မူလအမရဓါးဝင်္ကမ္ဘာ၏ အနှစ်သာရကို ဖမ်းဆုတ်မိသည့်တိုင်အောင် ထိုချိန်းကြိုးများအတွင်းသို့ ဝင်ရောက်စူးစမ်းပါက သေရပေလိမ့်မည်။

ဝမ်ချောင်သည်လည်း ချိန်ကြိုးနှစ်ခုကို သေချာအကဲခတ် ကြည့်လိုက်ပြီးနောက် ပထမမျိုးဆက် ဆက်ခံသူနဲ့သူ၏ နတ်ဓါးရှိရာဘက်သို့ပင် စိုက်ကြည့်လိုက်လေသည်။

*ငါ့ရဲ့ သေဆုံးနိုင်ချေ အခွင်းအရေးက အရမ်းမြင့်တယ်။ အနည်းဆုံး၇၀%ပဲ ငါ ဘယ်လိုများ ကျော်ဖြတ်ရမှာလဲ..*

ဝမ်ချောင်က ခပ်တိုးတိုးရေရွတ်နေကာ သူ၏မျက်ခုံးကလည်း ကြုတ်နေသေးသည်။

သို့သော် သူသည်လည်း အချက်အလက်အများကြီးကို မရရှိထားပေ။ သူ၏စိတ်က လျှင်မြန်စွာ လည်ပတ်နေရင်း အတတ်နိုင်ဆုံး လုံခြုံစွာကျော်ဖြတ်နိုင်သည့် နည်းလမ်းကိုသာ စဥ်းစားနေသည်။ သို့သော် သူ အကောင်းဆုံလုပ်နိုင်သည်မှာ....

ဝမ်ချောင်၏ မျက်ခုံးက ကြုတ်သည်ထက် ကြုတ်လာသည်။ လက်ရှိအခြေအနေတွင် သူ့တွင် ကြီးမားသောအားသာချက်က မူလအမရကြယ်တာယာစွမ်းအင် ရှိနေသေးခြင်းဖြစ်သည်။ တတိယမျိုးဆက်၏ဆက်ခံသူနှင့်လည်း တူသည်။ ထိုဆက်ခံသူကပင် ချိန်းကြိုးပေါ်မှ ပြုတ်ကျခြင်းဖြစ်လေရာ ဝမ်ချောင့်အတွက် မလွယ်ကူနိုင်ပေ။

အချိန်က တဖြည်းဖြည်း ကုန်လာသည်။ ဝမ်ချောင်၏မျက်လုံးကလည်း တင်းတင်းကြပ်ကြပ် ပိတ်ထားသည်။

ဝှစ်

ဝမ်ချောင်သည် လေအေးက ဖြတ်တိုက်လာချိန်တွင် ဘာကိုမှမရခဲ့သလိုမျိုး တည်ငြိမ်နေသည်။

ထိုလေအေးက မြူထုထဲတွင် တဖြည်းဖြည်း ဝင်ရောက်ကာ ကပြောင်းကပြန် ဖြစ်သွားစေ၏။ ဝမ်ချောင်က ရုတ်တရက် တချွင်ချွင်လို အသံမျိုးကိုကြားလိုက်ရသည်။

ထိုအသံက ချိန်းကြိုးလှုပ်ခါသံမျိုး ဖြစ်လေသည်။

ဝုန်း

ဝမ်ချောင်က ရုတ်တရက် မျက်လုံးအတွင်း လင်းလက်သွားလေပြီးမျက်ခုံးကလည်း ပြေလျော့သွားသည်။ သူဟာ မျက်လုံးကိုဖွင့်လိုက်ပြီး သိပ်သည်းသော မြူထုနှင့်ချောက်ကမ်းပါးကို အချိန်အတန်ကြာအောင် စစ်ဆေးကြည့်သည်။ ထို့နောက် မျက်လုံးကိုပြန်မှိတ်လိုက်ပြီးအချိန်အတန်ကြာအော်တွေးတောပြီး နောက်ဆုံးတွင် ပြန်ထလိုက်သည်။

"အသင့်ပဲလား"

ပါးကုရှီတုက မေးလာသည်။ သူသည်လည်းတစ်ချိန်လုံးလိုလို ဝမ်ချောင့်ကို စောင့်ကြည့်စစ်ဆေးနေခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူ၏လှုပ်ရှားမှုတိုင်း၊အမူအရာတိုင်းကို မြင်နေရသည်။

"ငါ အဆင်သင့်ဖြစ်တာ မဖြစ်တာက အရေးမကြီးဘူး။ ဒီမှာနေ နေရုံနဲ့ ဘာမှပြောင်းလဲနိုင်မှာတော့ မဟုတ်ဘူး။ နောက်ပြီး ငါ ဒီမှာအကြာကြီးဆက်နေရင်လည်း မင်းက ငါ့ကိုခွင့်ပြုမှာမှ မဟုတ်တာ"

ဝမ်ချောင်က ခေါင်းပင်လှည့်မကြည့်ဘဲ ထူးမခြားနားသလို မေးလိုက်သည်။ ပါးကုရှီတုကမူ ထိုမေးခွန်းကို ပြုံးရုံသာပြုံးလိုက်၏။

1513 03

ဝမ်ချောင်သည် ပါးကုရှီတုကို လစ်လျူရှုလိုက်ပြီးနောက် အသက်ကို ပြင်းပြင်းရူလိုက်သည်။ ထို့နောက် အရှေ့ဘက်သို့ တစ်လှမ်းလှမ်းလိုက်သည်။

သူ၏လေသံက မထူးခြားနားသလို ဖြစ်နေသော်လည်း သူ၏ အဝတ်အောက်မှ တောင့်တင်းနေသော ခန္ဓာကိုယ်ကအစစ်အမှန်ခံစားချက်ကို ဖော်ပြသည်။

ထိုနေရာကအန္တရာယ်များလွန်းပြီး ခြေတစ်လှမ်းကတင် အသက်ကို သေစေနိုင်သည်။ သို့သော် ဝမ်ချောင်ကဲ့သို့ သူ့၏အခွင့်အရေများကို ယုံကြည်ချက် မရှိသေးသည့်တိုင်အောင် သေဆုံးမှုကမူ သူနေသည်ဖြစ်စေ မနေသည်ဖြစ်စေ သိသာနိုင်သေးသည်။ ထို့ကြောင့် ရွေးချယ်စရာ မရှိတော့ပေ။

ဝုန်း

ဝမ်ချောင်ကနောက်ထပ် တစ်လှမ်းထပ်လှမ်းသည်။ ထိုသို့ဖြင့် သူဟာ ချိန်းကြိုးတစ်ခုပေါ်သို့ တက်လိုက်နိုင်၏။

ပါးကုရှီတုက ထိုမြင်ကွင်းကြောင့် မှင်သက်သွားသည်။ သူသည်လည်း မြေပြင်တွင် ဝမ်ချောင်က ပုံဆွဲနေမှန်းမြင်သည်။ သူဟာ စောင့်ကြည့်သည်။ ထို့နောက် တွေးတောသည်။ ထို့နောက် ပြုံးသည်။ ပါးကုရှီတုသည်လည်း ဝမ်ချောင်က ဖြေရှင်းချက်ကို တွေ့သွားလိမ့်မည်ဟု ထင်ထားသည်။ သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်၏ နည်းလမ်းက ရိုးရှင်းပြီး ကြမ်းတမ်းလွန်းနေသည်။

သူ့ကိုယ်သူ သတ်သေသည်နှင့် အနည်းငယ်သာခြားနားသည်။

"မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်း!.. "

ပါးကုရှီတု၏ မျက်နှာထားက တင်းမာသွားပြီးဝမ်ချောင့်ကို လှမ်းဆွဲခေါ်ရန် ပြင်လိုက်သည်။ အကယ်၍ ဝမ်ချောင်ကသာ ထိုအတိုင်း ဖြတ်လျှောက်သွားခဲ့သော် ပါးကုရှီတုသည်လည်း ဒီခရီးမှာ မည်သည့်အချက်အလက်မှ မရရှိနိုင်ပေ။

သို့သော် ဝမ်ချောင်သည် ပါးကုရှီတုကိုလစ်လျူရှုထားပြီးသားဖြစ်သည်။ မည်သူကမှ မတုံ့ပြန်နိုင်သေးခင် သူကလည်း သူ၏နောက်ခြေထောက်ကို ချိန်းကြိုးပေါ်သို့ တင်လိုက်ပြီးသားဖြစ်နေသည်။

"သွားပြီ"

ပါးကုရှီတု၏ နှလုံးသားက အေးစက်သွားသည်။ ထိုကျောက်တံတားပေါ်က ထွက်သွားသူ မည်သူမဆို ဝင်္ကမ္ဘာကိုအသက်သွင်းပြီးသား ဖြစ်သွားစေလိမ့်မည်ဖြစ်၍ ပထမမျိုးဆက်ဆက်ခံသူကလည်း တိုက်ခိုက်ဦးမည်ဖြစ်သည်။ ဝမ်ချောင်၏အားနည်းလွန်းသောပုံစံအရ သူသည် တစ်စက္ကန့်မပြည့်ခင် သေလောက်သည်။

ဘမ်း

ဝမ်ချောင်၏ အခြားသောခြေထောက်တစ်ဖက်က ချိန်းကြိုးပေါ်သို့ ချလိုက်သည့်အခိုက်အတန့်တွင်ပင် မြူထုအတွင်းမှ မရေမတွက်နိုင်သော အားလှိုင်းများက ထိုးထွက်လာသည်။ ဓါးချီက ဟိန်းဟောက်ပြီးနောက် ရွှေရောင်အလင်းက ပေါက်ကွဲထွက်လာသည့်အချိန် ဓါးသောင်းကျော်ကလည်း ဝမ်ချောင် ရှိရာနေရာသို့ တတိယမျိုးဆက်ဆက်ခံသူကို တိုက်ခိုက်ခဲ့ချိန်ကလိုမျိုး တူညီသောစွမ်းအင်များကိုသုံးကာ ရောက်ရှိလာသည်။

ဆစ် ဆစ်!

ဝမ်ချောင်က ဓါးတစ်သောင်း အထိုးခံရချိန်အခိုက်အတန့်လေးတွင် အလင်းက လက်သွားသည်။

ထိုေရွှရောင်အလင်းက တတိယမျိုးဆက်ဆက်ခံသူနှင့် တူညီသောမူလအမရကြယ်တာယာစွမ်းအင် ဖြစ်ပြီး ဝမ်ချောင့်၏ခန္ဓာကိုယ်ကိုထဲမှ ထွက်ကာ သူ့၏ကိုယ်ကို အုပ်ပေးလိုက်သည်။ တစ်ချိန်တည်းတွင်ပင် ခန္ဓာကိုယ်ကို နှိမ့်လိုက်ပြီးနောက် အရှိန်အဝါကို ချိန်ညှိလိုက်ကာ အင်အားကြီးရာမှ အင်အားနည်းခြင်း၊ထို့နောက် လုံးဝပျောက်ကွယ်သွားသည်အထိ ဖြစ်သွားစေလိုက်သည်။

ပါးကုရှီတု၏ တအံ့တဩစောင့်ကြည့်နေမှုအောက်တွင်ဝမ်ချောင်သည် အောက်ဘက်မှ ချိန်းကြိုးနှင့်တစ်သားတည်းဖြစ်သွားသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ဟာ သူ၏ပြင်းထန်သိပ်သည်းသော စိတ်စွမ်းအင်ကိုအသုံးပြု၍ ချိန်းကြိုးအဖြစ် အသွင်ပြောင်းလိုက်ခြင်း ဖြစ်သည်။

" !!! "

ပါးကုရှီတုသည် အမျိုးမျိုးသော ဖြစ်နိုင်ချေတိုင်းကို တွက်ချက်ထားသည်။ ဝမ်ချောင်သည်လည်း ဓါးများ၏ထိုးဖောက်ခံရမှုကို တွေးထားပြီးသားဖြစ်သည်။ သို့သော် သူမျှော်လင့်ထားသောအရာမျိုးက ဖြစ်လာသည်။

1513 04

ပါးကုရှီတုက ပထမဦးဆုံးအကြိမ်အဖြစ် အံ့အားသင့်သွားသည်။ သူ၏မျက်ဝန်းတွင် နက်ရှိုင်းသော အံ့အားသင့်မှုများကို မြင်နိုင်၏။ ထို့ပြင် ထို့ထက်ပင်ပို၍ ပြင်းထန်လောက်သေးသည်။ ဝမ်ချောင်က လုံးဝပြီးပြည့်စုံစွာအသွင်ပြောင်းပြီးနောက် လေထဲရှိဓါးပျံများက ရုတ်တရက် ပစ်မှတ်ပျောက်သွားကာ ရုတ်ချည်းရပ်သွားသည်။

ဓါးများ၏၉၀%ခန့်က ခဲသွားသည်။ ကျန်သောဓါးများကလည်းဝမ်ချောင်၏ တည်ရှိမှုကို အာရုံခံနေသေးပုံရပြီး အရှိန်နှုန်းကလည်း ထိုးတက်လာသည်။ ထိုအခြေအနေက ဝမ်ချောင်ရင်ဆိုင်ရသည့် အန္တရာယ်အား မယုံနိုင်စရာကောင်းသည့် အဆင့်သို့ ရောက်ရှိသွားစေသည်။ ထိုဓါးများကသာ သူ့ဆီ အမှန်တကယ် ပျံသန်းလာခဲ့သော် သူသည်လည်း'စီးဖက်'ကြောင်တစ်ကောင်ကဲ့သို့ ရွေ့လျားပြီးချိန်းကြိုးတောက်လျှောက် ကုန်းကာ တွားသွားရပေလိမ့်မည်။

ဓါးပျံများက သူ့ကို ကျော်ဖြတ်သွားသည်။ သူသည်လည်း မည်သည့်ထိခိုက်မှုမှ မရှိစေခဲ့ပေ။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

ပါးကုရှီတုက ဇဝေဇဝါဖြစ်သွားသည်။

သူသည်လည်း ဝမ်ချောင်က သေသွားလောက်မည့် နည်းလမ်းပေါင်းများစွာကိုပင် စဥ်းစားထားပြီးသား ဖြစ်သည်။

ဒါပေမဲ့ ဒါက.....

မဖြစ်နိုင်ဘူး...

ထိုအခြေအနေက သူ့၏ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားပြီ ဖြစ်သည်။ ပါးကုရှီတုကပင် နောက်ဖြစ်မည့်အရာကို မမျှော်လင့်နိုင်တော့ပေ။

ပါးကုရှီတုက ချိန်းကြိုးဖြင့် တစ်သားတည်းဖြစ်သွားသော ဝမ်ချောင့်ကိုကြည့်နေရင်း စိတ်ထဲတွင် သက်ပြင်းချသည်။

"ဟူး..."

မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်... အော့စမစ်နဲ့ အခြားနယ်စပ်တိုင်းပြည်က သူတွေအားလုံးက ကောင်းကောင်း မအိပ်နိုင်ကြတာ မအံ့ဩတော့ပါဘူး...

ပထမမျိုးဆက်ဆက်ခံသူ၏ ကြယ်တာယာစွမ်းအင်က လေထဲရှိ အရေမတွက်နိုင်သော ဓါးများအားလုံးနှင့် ပေါင်းစပ်ထားသည်။ ထို့ကြောင့် ထိုနယ်မြေထဲသို့ခြေချသော မည်သူကမဆို ဆက်ခံသူ၏စိတ်စွမ်းအင်ကို လှုံ့ဆော်လိုက်သလို ဖြစ်သွားမည်ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်မှုတွေမှကို ခံရမည်ဖြစ်သည်။

ပါးကုရှီတု၏ အမှောင်ကောင်းကင်ဘုံသိုင်းက ဖြစ်တည်မှုများအားလုံးကို ကျော်လွှားနိုင်သည့်တိုင်အောင် ဆက်ခံသူ၏စိတ်ကို အရူးမလုပ်နိုင်သေးပေ။

တတိယမျိုးဆက်ဆက်ခံသူသည် ပထမမျိုးဆက် ဆက်ခံသူနှင့် တူညီသောမူလအမရသိုင်းကို ကျင့်ကြံထားသည်။ သို့သော် သူကိုယ်တိုင်ကပင် ပထမမျိုးဆက်ဆက်ခံသူကို ရန်စသလို ဖြစ်သွားစေပြီး ချောက်ကမ်းပါးထဲသို့ ကျသွားစေသည်။

သူ၏စိတ်ထဲမှ ထိုဥပမာနှစ်ခုကြောင့် မည်သူကမှ ပထမမျိုးဆက် ဆက်ခံသူ၏စိတ်ဖြင့် အုပ်စိုးကာ ကာကွယ်ထားသော နေရာကို မကျူးကျော်နိုင်ခဲ့ပေ။ သို့သော် ပါးကုရှီတုက ထိုကိစ္စကို ထပ်ခါတလဲလဲ တွေးတောခဲ့သည့်တိုင်အောင် ထိုချိန်းကြိုးနှစ်ခုအကြောင်းကို မေ့လျော့နေခဲ့သေးသည်။

******

1514 01

အခန်း _ ၁၅၁၄

ပထမမျိုးဆက်၏မူလအမရဓါးဝင်္ကမ္ဘာက ပတ်ဝန်းကျင်နယ်မြေထဲသို့ ဝင်ရောက်လာသမျှ သိုင်းပညာရှင်တိုင်းကို တိုက်ခိုက်ခဲ့သည်။ သို့သော် ချိန်းကြိုး နှစ်ချောင်းကို မတိုက်ခိုက်ပေ။

ချိန်းကြိုး၏ ဘယ်ဘက်ခြမ်းမှ ဓါးခုတ်ရာများကလည်း အတွင်းသို့ဝင်ရောက်ရန် ကြိုးစားရင်း ချိန်းကြိုးကို ခုတ်ခဲ့ခြင်းဖြစ်သည်။ ပါးကုရှီတုသည်လည်း ဝမ်ချောင်ဟာထိုချိန်းကြိုးများကို အာရုံစိုက်နေခဲ့မည်ဟု မတွေးထားခဲ့ဖူးပေ။ ဒါဟာ သူတို့၏အရှေ့မှ သူတို့နှစ်ယောက်လုံး လွဲချော်နိုင်သည့် ကြီးမားသော ပြစ်ချက်ကြီး ဖြစ်သည်။

ရန်သူတစ်ယောက်အနေဖြင့် ဝမ်ချောင့်ဟာ အမှန်တကယ်ပင် ထူးချွန်ပြီး ချီးကျုးရန်ထိုက်တန်လွန်းသော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားကြောင်း ဝန်ခံရပေလိမ့်မည်။

တစ်ဖက်သူ၏စွမ်းအင်ကို တုပရန်ကြိုးစားခြင်းပင်ဖြစ်စေ ကျောက်တုံး သို့မဟုတ် ချိန်းကြိုးကဲ့သို့ အသက်မဲ့သောအရာဝတ္ထုအဖြစ် ပြောင်းလဲခြင်းကပင်ဖြစ်စေ၊ အင်အားကြီးမားလွန်းသော စိတ်စွမ်းအင်ကတစ်ဆင့် လုပ်နိုင်သောအရာမျိုး မဟုတ်ပါပေ။

ဝမ်ချောင်သည်လည်း သူ၏စိတ်စွမ်းအင်က ဖော်ပြရန်ခက်ခဲလောက်အောင် ပြောင်းလဲနိုင်စွမ်းရည်ရှိကာ တည်ငြိမ်လွန်းနေမှသာ ထိုသို့လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပါးကုရှီတုသည်လည်း ထိုသို့လုပ်နိုင်သည့်သူမျိုးက ဒီလောကတွင်ရှိနိုင်သည်ဟု မသိထားပေ။

ပါးကုရှီတုက မည်သို့ပင်တွေးတောနေစေကာမူ ဝမ်ချောင်ကမူ ချိန်းကြိုးတောက်လျှောက် မျောက်ဝံတစ်ကောင်ကဲ့သို့ ကုန်းကာသွားလိုက်သည်။ ဝမ်ချောင်သည် မူလအမရဓါးဝင်္ကမ္ဘာ၏ ပထမတိုက်ကွက်ကိုချိန်းကြိုးတစ်ခုအဖြစ် ဟန်ဆောင်ရင်း ကျော်ဖြတ်နိုင်ခဲ့သည့်တိုင်အောင် သူဟာ အလွန်ပင်သတိကြီးနေကာ ပို၍ပင်သတိကပ်ထားသေးသည်

‘မူလအမရဓါးဝင်္ကမ္ဘာရဲ့ ထူးခြားသော ဝိသေသလက္ခဏာတွေက ချိန်းကြိုးတောက်လျှောက်တွေ့ရသမျှ မမြင်ကွယ်ရာ နေရာ၅၃နေရာမှာရှိတယ်။ မူလအမရဓါးဝင်္ကမ္ဘာက မတိုက်ခိုက်တဲ့နေရာက ၁၃နေရာလို့ပြောရမှာပဲ။ ငါကသာ အဲ့ဒီမမြင်ကွယ်ရာနေရာကို တောက်လျှောက်သွားနိုင်ခဲ့မယ်ဆိုရင် တိုက်ကွက် အရေအတွက်အများစုကို ခံရရင်တောင်မှ မမြင်ကွယ်ရာနေရာတွေကို ခုန်လိုက်ခြင်းအားဖြင့် ရှောင်နိုင်လိမ့်မယ်။ ဒီအခြေအနေက ငါ့ကို အန္တရာယ်အများစုကို ရှောင်ရှားနိုင်စေမှာပဲ။ ဒါပေမဲ့ မမြင်ကွယ်ရာနေရာတွေအကြားမှာ ဓါးပျံတွေရဲ့ တိုက်ခိုက်မှုကို ခံရနိုင်သေးတယ်။ ဒီတော့ အန္တရာယ်အများဆုံး အခိုက်အတန့်ဖြစ်ဦးမှာပဲ....’

ဝမ်ချောင်က ခန္ဓာကိုယ်ကို ကုန်းကာ ခေါင်းကို အရှေ့ဘက်သို့ကြည့်ရင်း သူ၏ စိတ်က တဝီဝီမြည်နေသည်။

ယခင်က အေရိုးပစ်(အားကစား)လှုပ်ရှားမှုကို အလွန်အမင်းချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့ပြီး သဘောတကျပင်လုပ် နိုင်ခဲ့သေးသည်။ သို့သော် ဝမ်ချောင်ကိုယ်တိုင်ပင် ဒါဟာ ထူးခြားသည်ကို သေချာနားလည်နေသည်။ ဓါးပျံများက လေထဲတွင်ဆက်ရှိနေသေးပြီး ချိန်းကြိုးကလည်း ရမ်းခါနေသေး၏။

ချိန်းကြိုးကို ကိုင်ထားသောဝမ်ချောင်သည်လည်း ဒလဟောလှုပ်ခါနေသော ပင်လယ်ပြင်လှိုင်းလုံးများအကြားမှ သစ်ရွက်တစ်ရွက်ကဲ့သို့ခံ စားနေရသည်။

အနည်းငယ်ကဲ့သို့သော အားနည်းမှုက သူ၏ခန္ဓာကိုယ်ကို ကွဲကြေပြီး ဖျက်ဆီးပစ်လိုက်နိုင်သည်။ သူသည် ယခုအချိန်တွင် သူ့၏အင်အား၃၀%ကိုသာ ပိုင်ဆိုင်ထားသောကြောင့် ပတ်ဝန်းကျင်မှ အရာအားလုံးကို ကိုင်တွယ်ရန် အင်အားနည်းလွန်းသည်။ ပို၍အရေးကြီးသည်မှာ ဝမ်ချောင်ကိုယ်တိုင်ကပင် ဒီအခြေအနေက မကြာရှည်နိုင်တာ သိနိုင်နေခြင်းဖြစ်သည်။

ပထမမျိုုးဆက်ဆက်ခံသူသည် တခြားသော သူများထက် စိတ်စွမ်းအင်အပိုင်းအစအများကြီးကို ပိုင်ဆိုင်ထားသေးသည်။ ထို့ကြောင့် သူသည် ဒီတစ်ကြိမ်တွင် စိတ်ရှုပ်ထွေးသွားကာ ဝမ်ချောင့်၏စစ်မှန်သောပုံသဏ္ဍာန်ကို မခွဲခြားနိုင်ခဲ့ပေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ၏စိတ်က ပိုပိုပြီးနိုးထလာမည် ဖြစ်သည်။ ထို့အပြင် ချိန်းကြိုးပမာဝမ်ချောင့်ကိုလည်း သတ်ဖြတ်လာနိုင်သေး၏။

*ဆက်ခံသူက ငါ့ရဲ့ရုပ်ဖျက်ထားတဲ့အခြေအနေကို မသိသေးဘူး။ အများဆုံးက မိနစ်၁၀လောက်ပဲရှိလောက်တယ်..ဒါကြောင့်အဲ့ဒီမတိုင်ခင်...ငါ..တစ်ဖက်ခြမ်းကို ရောက်ဖို့လိုအပ်တယ် *

ဝမ်ချောင်ကစိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်။

ချွင် ချွင် ချွင်

ဓါးပျံများ၏တုန်ခါသံများက အဆုံးအစမဲ့ကာပေါ်ထွက်နေသည်။ သူတို့သည်လည်း ဝမ်ချောင်၏တည်နေရာ မသိနိုင်သည့်တိုင်အောင် သူတို့ဟာ မည်သည့်နေရာတွင်ရှိကြောင်း အကြမ်းဖျင်းအားဖြင့် သိနိုင်သောကြောင့် သူရှိရာနေရာသို့ ဟိန်းဟောက်ကာ လာနေကြသည်။ ထိုသို့ဖြင့် ဝမ်ချောင်၏စိတ်ထဲတွင် ဝမ်ချောင်၏ နားထင်သွေးကြောများကို တောင့်တင်းနေစေလိမ့်မည်။

1514 02

မည်သို့ပင်ဆိုစေကာမူ ပထမမျိုးဆက် ဆက်ခံသူသည် သေဆုံးသွားခဲ့သည်မှာ နှစ်ထောင်ကျော်ကြာခဲ့ပြီဖြစ်ပြီး သူ့၏အသိစိတ်အပေါ်ပျက်စီးမှုက ပို၍သာပြင်းထန်လာသည်။ သူသည်လည်း ဝမ်ချောင်ဟာ သူ့ကိုတစ်ချိန်လုံး ရုပ်ဖျက်နေမည်ဟု မမျှော်လင့်ထားလောက်ပေ။ မည်သည့်သိုင်းပညာရှင်ကမှ ထိုသို့အလုပ်ခဲ့ဘူးပေ။

ဝမ်ချောင်က မျောက်ဝံတစ်ကောင်ကဲ့သို့ ခုန်ပျံကျော်လွှားလိုက်ပြီး တတိယမျိုးဆက် ဆက်ခံသူရောက်ခဲ့သောနေရာသို့ ရောက်ရှိရန် ပေအနည်းငယ်ခန့်အကွာကို ကျော်ဖြတ်လိုက်နိုင်သည်။

ချွင် ချွင် ချွင်!

သူ၏အနောက်ဘက်တွင် မှန်ကန်သောဓါးပျံများက ချိန်းကြိုးပေါ်သို့ မီးပွားများ ဖြာထွက်လာသည်အထိ ခုတ်ဖြတ်လိုက်သံကိုကြားရသည်။

ဝမ်ချောင်၏ယခင်က တွက်ချက်မှုများက အမှန်ပင်သက်ရောက်မှုရှိသည်။ သူ၏အထက်တွင် ဓါးပျံများက ပျံသန်းနေပြီး ရွှေရောင်များ တောက်ပနေကာ အလွန်ပင် မင်းမူနိုင်စွမ်းအားပြင်းထန်လွန်းသော စွမ်းအင်အလုံးကြီးအလား အုပ်စိုးထားသည်။ သို့သော် ထိုဓါးပျံများသည်လည်း အရေအတွက်နည်းလာသည်။ တတိယမျိုးဆက် ဆက်ခံသူကို တိုက်ခိုက်ခဲ့ချိန်ကလောက် အခြေအနေမျိုးကို ရင်မဆိုင်ရတော့ပေ။

အနောက်ဘက်မှ ပါးကုရှီတုသည်လည်း ထိုမြင်ကွင်းကြောင့် ဆွံအနေခဲ့သည်မှာကြာပြီ ဖြစ်သည်။

ဓါပျံများ တစ်ဖက်ပြီးတစ်ဖက် ခုတ်ပိုင်းသည်မှာ စက္ကန့်အနည်းငယ်သာကြာသည်။ ဝမ်ချောင်ကမူ ရှေ့သို့သွားနေပြီး တိုက်ကွက်တိုင်းကို ကျော်လွားနိုင်နေခဲ့သည်။ ထိုသို့ဖြင့် ပါးကုရှီတုသည်လည်း ဝမ်ချောင်က ရှေ့သို့သွားနေသည့် မြင်ကွင်းကို ကြည့်ရှုနေရင်းစတင်ကာ မျက်မှောင်ကြုတ်လာသည်။ သူသည်လည်း နားလည်ရန်ခက်သော ပြဿနာတစ်ခုကို သိလိုက်သည်။

"ထူးဆန်းတယ်"

ပါးကုရှီတုသည်အခြားတစ်ဖက်ခြမ်းကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်သည်။ မြူ၏သိပ်သည်းမှုက မှင်သက်ဖွယ်ကောင်း အဆင့်သို့ ရောက်ရှိနေသည်။ ထို့ကြောင့် ဘာကိုမှမမြင်ရတော့ပေ။

သို့သော် ပါးကုရှီတုကမူ နားမလည်နိုင်သော အကြည့်ကရှိနေသေးသည်။ သူသည်လည်း ဒီနောက်ဆုံးစမ်းသပ်မှုသည် သူ၏ကိုယ်ပိုင်ကြိုးစားမှုကို ထည့်သွင်းထားသေးသည်။ အကယ်၍ ပထမမျိုးဆက်ဆက်ခံသူကိုသာ ရင်ဆိုင်နေသည်ဆိုပါက သူသည်လည်း လှုပ်ရှားခဲ့ပြီးလောက်သည်။ ထိုဆက်ခံသူက မည်မျှကြောက်စရာကောင်းနေစေကာမူ သူလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီးနောက် တစ်ဖက်ခြမ်းသို့ ရောက်သွားနိုင်သည်။

သို့သော် အမှန်တရား ကခြားနားသည်။

လွန်ခဲ့သောနှစ် ၂၀၀ခန့်က အစ်ရှီနီရှီတုကို တားခဲ့သည်မှာ ဓါးပျံများပင်မဟုတ်ဘဲ အစ်ရှီနီရှီတုကို ကြောက်ရွံ့ကာ တုံ့ဆိုင်းစေပြီး ထိတ်လန့်စေသောအရာက ပထမမျိုးဆက်ဆက်ခံသူမဟုတ်ခဲ့ဘဲ အချို့သော အကြောင်းပြချက်များကြောင့် ဝမ်ချောင်၏ခရီးကမူ ထိုအရာ၏တိုက်ခိုက်မှုကို မခံရသေးပေ။

ဝုန်း

ပါးကုရှီတုက ဆက်လက်ပြီး သံသယဝင်နေချိန်တွင် ရုတ်တရက်မြူထု၏ အနက်ပိုင်းမှ အားလှိုင်းကဲ့သို့သော လှုပ်ခါမှုမျိုးကို ခံစားရသည်။ ရင်းနှီးကျွမ်းဝင်သော စွမ်းအင်နှင်းအလင်းများက လက်လာသည်

စလာပြီ....

ပါးကုရှီတု၏နှလုံးသားက ခုန်လှုပ်သွားသည်။ သူ၏မျက်လုံးများက ဝမ်ချောင့်ဆီကို ရောက်ပြီး သူ၏အမူအရာက တင်းမာသွားပြီးနောက် ယခင်ကထက်ပင် ပို၍အာရုံစိုက်လိုက်သည်။

အန္တရာယ်က...

အခုပဲ စပြီ!...

ဝှစ်..!

ချိန်းကြိုးက ခပ်ကြမ်းကြမ်း ရမ်းခါနေသည်။ သို့သော် ယခုအနေအထားမျိုးနှင့် ခြားနားသော တစ်စုံတစ်ရာက ဖြစ်လာ၏။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်က ခံစားရသည့် ပြင်းထန်မှုနှင့်အာရုံစိုက်မှုကလည်း အခြားသော သိမ်မွေ့သည့်အပြောင်းအလဲတစ်ခုက သတိထားမိသွားပြီ ဖြစ်သည်။

ဝုန်း!

ရုတ်တရက်သတိပေးချက် အလျင်းမရှိလေဘဲ မြူထဲမှစွမ်းအင်များ ထိုးထွက်လာကာ ဝမ်ချောင့်ကို ပိတ်လှောင်လိုက်သည်။ ဝမ်ချောင်၏ ကိုယ်ကပင်ရုတ်တရက် တုန်ရင်ကာ လေးလံသွားသည်။ ကျင်း၁ထောင်ကျော်ခန့် လေးလံလွန်းသော ဒယ်စောက်အိုးကြီးတစ်လုံးက သူ၏ကျောပြင်ပေါ်သို့ လာရောက်ဖိချထားသလိုမျိုး သူ၏မျက်နှာကို တင်းမာသွားစေသည်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ"

1514 03

ဝမ်ချောင်သည် ရပ်တန့်လိုက်ပြီးနောက် မော့ကြည့်လိုက်သည်။ ဝမ်ချောင်သည်လည်း ပထမမျိုးဆက်ဆက်ခံသူ၏ ဓါးဝင်္ကမ္ဘာက လုပ်ဆောင်နေခြင်းဟု အလိုလို ယုံကြည်လိုက်လေသည်။ သို့သော်တစ်ခဏခန့်ကြာပြီးမှသာ သူ၏အထင်က မှားသွားပြီမှန်း သိလိုက်သည်။ ထိုစွမ်းအင်က ဆက်ခံသူပင်ဖြစ်စေ၊ ဓါးပင် ဖြစ်စေ ခြားနားနေသည်။ ဝမ်ချောင်၏ ချိန်းကြိုးအဖြစ် ရုပ်ဖျက်မှုက လုံးဝအသုံးမဝင်ပေ။

သို့ရာတွင် ဒါဟာအစသာ ဖြစ်နေသေးသည်။ ဝမ်ချောင်က ရပ်တန့်လိုက်သည့်တိုင်အောင် ထိုစွမ်းအင်က ဆက်လက်ပြီး စတင်လာပြန်သည်။ စွမ်းအားက တဖြည်းဖြည်း မြင့်မားလာပြီးနောက်တွင် ကျင်း၁ထောင်ခန့်လေးသော ဒယ်စောက်အိုးမှ ကျင်း၁သောင်းခန့်လေးသော သံမဏိပုံကြီးတစ်ခုအဖြစ် ပြောင်းလဲပြီး တောင်ပို့တစ်ခုပမာ လေးလံလာသည်။

ထိုအလေးချိန်ကပို၍သာတိုးလာ၏။

ထိုခွန်အားက ဝမ်ချောင်၏ ဆဲလ်(cells)တစ်ခုချင်းစီကိုပင် ကြေမွသွားအောင် ခြေမွနိုင်ပြီး သေဆုံးသွားစေနိုင်သည်။

ဝှစ်

ရမ်းခါနေသောချိန်းကြိုးက ပို၍သာတင်းကြပ်သွားသည်။ ထိုသို့ဖြင့် လေထဲတွင် မြူပုံသဏ္ဍာန်ကြီးက ပေါ်ထွက်လာပြီးနောက်တွင်ဝမ်ချောင်ကို ဗဟိုပြုကာဖြစ်လာသည်။ ဝမ်ချောင်၏အရိုးများကပင် ခပ်အုပ်အုပ်အသံ ထွက်လာကာ လက်မောင်းမှ သွေးကြောများကလည်း ဖောင်းထွက်လာပြီး ကြယ်တာယာစွမ်းအင်များ လှိမ့်ထွက်လာသည်။

ထိုအလေးချိန်က လျှင်မြန်လွန်းစွာ မြင့်မားလာလေပြီး ဝမ်ချောင်၏မျက်နှာက နီရဲနေသည်။

ချွင် ချွင် ချွင်

ဝမ်ချောင်ကပင် မတွန်းလှန်နိုင်သေးခင် သူသည် တချွင်ချွင် အသံကိုကြားလိုက်ရသည်။ ရုတ်တရက်များလာသော ဖိအား ကဝမ်ချောင်၏ပြစ်ချက်ကင်းဖုံးကွယ်မှုကို ပေါ်ထွက်သွားစေသည်။ ထိုသို့ဖြင့် ပစ်မှတ်ပျောက်နေခဲ့သော ဓါးများကလည်း ရုတ်တရက် သူ၏အနံ့ရသော ယင်ကောင်များအလား ရုတ်ချည်းလိုလို ပျံသန်းလာကြသည်။

"ချောင်အာ"

လူအိုကြီးမာန်နှင့်ဝူရှန်းရွာသူကြီးတို့က အဝေးမှ အလန့်တကြား ထအော်သည်။ သူတို့နှစ်ယောက်က ချက်ချင်းဆိုသလို တံတားအစွန်းနားသို့လာကြပြီး အတွင်းသို့ ဝင်ရောက်ရန်ကြံစည်သည်။

"နောက်ဆုတ် !!!"

ပါးကုရှီတုက ရုတ်တရက် အရိုးကွဲမတတ် အေးစိမ့်နေသောနေသောအသံမျိုးနှင့် အော်သည်။

"ဘယ်သူမှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိဘူး။ မင်းတို့စမ်းကြည့်ရင် ငါ သူ့ကို ချက်ချင်းသေခိုင်းလိုက်မယ်!."

ပါးကုရှီတု၏မျက်ဝန်းက ရုတ်တရက်စူးရှသွားကာ အမူအရာကလည်း တင်းမာ၏။ သူ၏ကျော့ရှင်းကြည့်ကောင်းသော ပုံစံကပင် ချက်ချင်းပျောက်သွားသည်။

ဒီအခိုက်အတန့်က သူ့အတွက် အလွန်အရေးကြီးသည်။ သူသည်လည်း ဝမ်ချောင်၏ အတွေ့အကြုံကတစ်ဆင့် အချက်အလက်အများကြီးကို စုစည်းရမိနေပြီး မည်သူ့ကိုမှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မပြုနိုင်ပေ။

တံတားပေါ်မှ ခြေလှမ်းသံများက ရုတ်ချည်းရပ်သွားသည်။ ထိုအချိန်တွင် အရှေ့ဘက်မှဝမ်ချောင်ကလည်း အလွန်အမင်း အန္တရာယ်များသောအခြေအနေသို့ ရောက်ရှိနေသည်။

မူလအမရဓါး...

ပါးကုရှီတုနှင့်မြေကမ္ဘာဂိုဏ်းက စုစည်းထားခဲ့သော အချက်အလက်များအရ ထိုပထမမျိုးဆက်ဆက်ခံသူအရှေ့မှ နတ်ဓါးကလည်း မူလအမရအရှင်၏ဂိုဏ်းမှ တစ်ခုတည်းချန်ထားရစ်ခဲ့သည့် ရတနာဖြစ်သည်။ ဒီဂူအတွင်းမှာ အကြွင်းမဲ့တန်ဖိုးအကြီးဆုံး ရတနာလည်း ဖြစ်လေပြီး မူလအမရသိုင်းထက်ပင် သာလွန်နေသေးသည်။

ထိုရတနားက ပါးကုရှီတု ရအောင်လိုချင်သော ရတနာလည်းဖြစ်သည်။ သူသည် မြေကမ္ဘာဂိုဏ်းသို့ ရောက်အောင်ယူသွားပြီးနောက် ဂိုဏ်းကို အုတ်မြစ်ခိုင်မာစေသော ရတနာတစ်ခု အဖြစ်ထားရမည်ဖြစ်ပြီး မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းရမည်ဖြ စ်သည်။

သို့သော် သူသည် ဝမ်ချောင့်အား ပြောမပြထားပေ။

မူလအမရဓါးသည် အလွန်အမင်း အင်အားကြီးမားလွန်းသည်။ ထို့ကြောင့် မူလအမရအရှင်ကဲ့သို့ အတွေ့အကြုံရှိသိုင်းပညာရှင်မျိုးတစ်ယောက်ကပင် ပိုင်ဆိုင်နိုင်လောက်သည်။ ထိုအရာက သူ၏မြေကမ္ဘာသွေးဒယ်စောက်အိုး သို့မဟုတ် ထို့ထက်ပင် အဆင့်မြင့်လောက် သေးသည်။ သို့သော် ထိုအရာကို ရရှိရန် မလွယ်ကူပေ။ ထိုအရာနှင့် နီးစပ်သွားသော မည်သူကမဆို ခြောက်ခြားဖွယ်ကောင်းလွန်းသော ဖိအားဒဏ်ကို ခံစားရဦးမည်ဖြစ်သည်။

ဝမ်ချောင်၏စိတ်စွမ်းအင် ရုပ်ဖျက်ထားမှုက သေလွန်သွားပြီးသား ပထမမျိုးဆက်ဆက်ခံသူ၏ အကြည့်အလျင်က မပြတ်မသားဖြစ်နေသည်။ စိတ်ဝိဉာဉ်အပိုင်းအစထံမှ ဖုံးကွယ်နိုင်သည်။ သို့သော် မူလအမရဓါးကို ရင်ဆိုင်ရန် မလုံလောက်ပေ။

သေတာဖြစ်ဖြစ် ရှင်တာဖြစ်ဖြစ် ယခုပဲ ဆုံးဖြတ်ရလိမ့်မယ်

ပါးကုရှီတု၏စိတ်ထဲတွင် ရေရွတ်ရင်း တောင့်တင်းနေသော ချိန်းကြိုးကြီးကို ဆကြည့်သည်။

ဝမ်ချောင်သည် ထိုချိန်းကြိုးပေါ်တွင် အလေးချိန် တန်ထောင်ပေါင်းများစွာ လေးလံသော အရာဝတ္ထုတစ်ခုဖြင့် ဖိချထားခြင်းကို ခံရသည်။ သူ၏စွမ်းအင်ကလည်း ယိုဖိတ်ထွက်ကျလာ၏။ ထိုသို့ဖြင့် ဓါးသောင်းကျော်ကလည်း စတင်ကာ တိုးဝင်လာသည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဝမ်ချောင်ဟာ သေချာပေါက် သေသွားရမည် ဖြစ်သည်။

******

1515 01

အခန်း _ ၁၅၁၅

ပါးကုရှီတုက လေများကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်း ကြယ်တာယာစွမ်းအင်များက စတင်ကာလည်ပတ်ရင်း သူသည်လည်း လှုပ်ရှားရန် ပြင်ဆင်ထားသည်။ ဝမ်ချောင်က ကျရှုံးသွားသည့်အချိန်တွင် သူသည် လှုပ်ရှားရန်လိုအပ်သည်။ သို့သော် မည်သို့ပင်ဆိုစေ သူသည်လည်း အော့စမစ်နှင့်တည်ထားသောကကတိကို ဖြည့်ဆည်းပြီးသား ဖြစ်သွားပေလိမ့်မည်။

အမှန်ပဲ...နှမြောစရာပေါ့..

ပါးကုရှီတုက ဝမ်ချောင့်ကိုကြည့်ပြီး စိတ်ထဲတွင် သက်ပြင်းချသည်။ ပါးကုရှီတု၏ဆုံးဖြတ်ချက်က မှန်ကန်သည်။ ဝမ်ချောင်က အလွန်အမင်း အန္တရာယ်များသော အခြေအနေမျိုးတွင်ဖြစ်စေ အမျိုးမျိုးသော(0:30 to 0:32) မပြင်ဆင်ရသေးသည့် ဓါးများက အေးစက်သောရွှေရောင်အလင်းလတ်၍ ဟိန်းဟောက်ကာ ဝင်ရောက်လာသည်။

ဘမ်း

ဝမ်ချောင်က အင်အားကိုသုံးပြီး အရှေ့ဘက်သို့ ခုန်ပစ်လိုက်သည်။ တစ်ခဏခန့်ကြာပြီးနောက် သူသည် ကျယ်လောင်လွန်းသောအသံကိုကြားရသည်။

ဓါးထောင်ကျော်က သူ၏ အနောက်ဘက်ရှိချိန်ကြိုးကို ခုတ်ပိုင်းမိပြီး မီးပွားများကို ပေါက်ကွဲထွက်လာစေသည်။

နှစ်၁သောင်းသက်တမ်းရှိသော အေးခဲသံမဏိဓါးဖြင့်လုပ်ထားသော ထိုချိန်းကြိုးက အမျိုးမျိုးသော ရှေးဟောင်းသေင်္ကတများဖြင့် မွမ်းမံထားခဲ့သည်။ သို့သော်ယခုမူ သိပ်သည်းသော အမှတ်အသားအရာများက ကျန်ရစ်ပြီး လက်မပေါင်းများစွာနက်သည့် မြောင်းကြီးများပင် ပေါ်လာသည်။

ဝမ်ချောင်က ထွက်ပြေးနိုင်ခဲ့ချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးက ချွေးစေးများ စိုရွှဲသွားသည်။ သူ့အတွက် အသုံးပြုနိုင်သော ကြယ်တာယာစွမ်းအင်များက လျင်မြန်စွာကုန်ဆုံးလာလေသည်။

သူ့နေဖြင့် တုံ့ဆိုင်းရန် အချိန်မရှိတော့ချေ။ ထို့နောက် ဝမ်ချောင်သည်လည်း စိတ်ကို ခပ်မြန်မြန် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ပြစ်ချက်ကို ဖာထေးလိုက်ကာ ကြီးမားသောချိန်းကြိုးအဖြစ် ဆက်လက်ပြီး ရုပ်ဖျက်သည်။ သို့သော်သူသည် ကပ်ဘေးတစ်ခုကို လွတ်မြောက်သွားခဲ့သည်။ သို့သော် ဒုတိယကပ်ဘေးက လာနေပြီဖြစ်သည်။

ဝမ်ချောင့်၏ခန္ဓာကိုယ်က ပို၍လေးလံသည်ထက် လေးလံလာသည်။ မမြင်ရသောဖိအားကလည်း ၂ဆ သို့မဟုတ် ၃ဆခန့်အထိ များပြားလာသေးပြီး ရပ်တန့်ရန် မရှိပေ။

သို့သော် ဝမ်ချောင်၏စိတ်စွမ်းအင်ကလည်း မင်သက်ဖွယ်ကောင်းသောအရှိန်နှုန်းဖြင့် လျင်မြန်စွာ ကုန်ဆုံးလာနေသည်။ အဆင့်မြင့်စိတ်စွမ်းအင်အချို့နှင့် ရင်ဆိုင်နေရသလိုမျိုး ဖြစ်နေသည်။

သိပ်သည်းသော မြူထုထဲမှဓါးပျံများက ဆက်လက်ပြီးဝိုင်းပတ်နေကာ သူတို့သည် ဝမ်ချောင့်၏စွမ်းအင်ကို ပျောက်သွားပြန်သည်။ သို့သော် ပထမမျိုးဆက်ဆက်ခံသူက ဝမ်ချောင်၏တည်နေရာကို အကြမ်းဖျင်းသိလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူသည်လည်း အနည်းငယ်သော သတင်းအချက်အလက်နှင့်အတူ သူ၏တည်နေရာကို သိနိုင်ပြီး သတ်ဖြတ်နိုင်သည်။

ဝမ်၏ချောင်ကလည်း ပို၍ကြီးမားသောကပ်ဘေးကို အရင်ဖြေရှင်းရဦးမည် ဖြစ်သည်။

ဝုန်း

လေလထဲတွင် ခပ်အုပ်အုပ်ညည်းညူသံလို အသံမျိုးက ထွက်လာသည်။ ဝမ်ချောင်သည်လည်း ဖော်ပြရန်ခက်ခဲလောက်အောင် မြန်ဆန်သောအရှိန်နှုန်းနှင့်အတူ ပို၍ သိပ်သည်းလွန်းသောစွမ်းအင်တစ်မျိုးက သူ့ထံ တိုးဝင်လာနေကြောင်းကို ခံစားမိသည်။

ဝမ်ချောင်နှင့် သူ့၏ထိတွေ့ကိုင်တွယ်၍ရသော စိတ်စွမ်းအင်များကပင် ထိုအရာက မည်သည့်နေရာတွင်ရှိကြောင်း မသိနိုင်ပေ။

အင်အားမရှိသော သာမန်လူတစ်ယောက်သာဆိုပါက လက်တစ်ချက်ရမ်းရုံဖြင့် တောင်တန်းတစ်ခုလုံးကို ကွဲကျေသွားစေနိုင်သော ကျွမ်းကျင်ပညာရှင်ကို ရင်ဆိုင်နေရသည့် ကလေးတစ်ယောက်နှင့် တူပေလိမ့်မည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ.."

ဝမ်ချောင်၏မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။ ထိုအခိုက်အတန့်တွင် သူသည် လောကကြီးက လည်ထွက်သွားသည်ဟု ခံစားလိုက်ရသည်။ မြူထုများကပင် ကွဲကြေသွားသည်။ ထို့ကြောင့် ဝမ်ချောင်သည်လည်း စင်၏အရှေ့မှဓါးဟာ တိုးဝင်လာနေကြောင်း မြင်လိုက်ရသည်။

1515 02

အခြားသောဓါးပျံများနှင့်မတူညီသည်မှာ ထိုနတ်ဓါးက အလွန်အမင်းခမ်း နားထည်ဝါကာ တည်ငြိမ်ပြီး မြင့်မြတ်သည်။ ဝမ်ချောင်၏မျက်လုံးထဲတွင်မူ သူဟာ အလွန်အမင်း ခမ်းနားထည်ဝါပြီး သက်တမ်းတစ်ခုလုံး တောင်တန်းတစ်ခုအလား သိပ်သည်း လွန်းနေသည်။

အဲဒီဓါးပဲ....

ဝမ်ချောင်၏စိတ်က ရုတ်တရက် တုန်ယင်သွားသည်။

ဝုန်း

ဝမ်ချောင်၏မျက်လုံးက ဓါးဆီရောက်သွားသည်။ ဓါးသည် ရုတ်တရက် အသွင်ပြောင်းလဲသွား၏။ ထို့နောက် ထက်ရှကာ ကြမ်းတမ်းသောအရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်လိုက်သည်။ ထို့ကြောင့် သိပ်မကြာခင်အချိန်တွင်.....

ဗုန်း

ထိုကြီးမားသောဓါးကြီးက ဝမ်ချောင်ပေါ် ခုတ်ချလိုက်ချိန်တွင် တလောကလုံး ပေါက်ကွဲသွားလေသည်

ဇွပ်

ဓါးက သူ၏ခန္ဓာကိုယ်ကို ထိုးဖြတ်သွားပြီးနောက် ဝမ်ချောင်က တုန်ယင်ကာ သွေးအန်လိုက်သည်။

ဝမ်ချောင်၏စိတ်စွမ်းအင်က ထိတွေ့ကိုင်တွယ်၍ရသောအဆင့်တွင် ရောက်ရှိနေပြီးသားဖြစ်ပြီး လောကတွင် ပြိုင်ဘက်ကင်းသည်။ သို့သော် ထိုဓါးကမူ အလွန်အမင်း ပြင်းထန်သည့်ထိုးနှက်ချက်ကြီးကို ထုတ်ဖော်လာနိုင်သေးသည်။ သူ၏မျက်နှာက ချက်ချင်းဆိုသလို ဖြူဆုတ်သွားပြီးနောက် ခန္ဓာကိုယ်ကလည်း သွေးများ ရွှဲသွားသည်။ သူဟာ ရေကန်ထဲမှ ထွက်လာသော လူကဲ့သို့ စိုရွှဲနေခြင်းဖြစ်သည်။

ထိုတင်သာမကသေးဘဲ ရွှေရောင်အလင်းများက ထွက်လာပြီးနောက် မရေမတွက်နိုင်သော ဓါးပျံပေါင်းမြောက်များစွာက သူ့ထံတိုးဝင်လာသေးသည်။ ဝမ်ချောင်ဟာ အရှေ့ဘက်သို့ ခုန်ထွက်လိုက်သည်။ သို့သော် သူဟာ အားနည်းနေသောကြောင့် ကိုးရို့ကားယား လှမ်းမိသလိုဖြစ်သွားပြီး ယခင်ကကဲ့သို့ တည်ငြိမ်မှုများမရှိတော့ပေ။

မြောက်များလှစွာသောဓါးများက ချိန်းကြိုးကိုသာ ခုတ်ဖြတ်လိုက်နိုင်သည်။ ဝမ်ချောင်က အင်အားကုန် သုံးလိုက်သည့်တိုင်အောင် ဓါးတစ်ချောင်းက သူ၏ညာလက်ကို ခုတ်လိုက်လေပြီး သွေးများ ပန်းထွက်လာသည်။

"ဘာလို့ဒီလိုဖြစ်လာတာလဲ"

ဝမ်ချောင်က ရုတ်တရက်ခေါင်းကို ခပ်ကြမ်းကြမ်းမော့ပြီး သူ၏မျက်ဝန်းများထဲမှ အံ့အားသင့်မှုများကိုမြင်နိုင်၏။ ထိုဓါးတစ်ချောင်းတည်းက သူ၏စိတ်စွမ်းအင် ၃ပုံ၁ပုံခန့်ကို ဖြတ်တောက်လိုက်နိုင်ပြီး ကြယ်တာယာစွမ်းအင်တစ်ဝက်ကျော်ကျော်ခန့် ကုန်သွားစေသောကြောင့် ဝမ်ချောင့်အားပို၍အန္တရာယ်များ အခြေအနေသို့ ပို့လိုက်သည်။

ဒါပေမယ့် ဒီဓါးက ......

ဝမ်ချောင်ကလည်း ဝရုန်းသုန်းကားဖြစ်နေသော မြူထုထဲသို့ စိုက်ကြည့်နေသောအခါ မည်သည့်အရာကိုမှ မခံစားမိပေ။ ကျောထဲစိမ့်တက်နေသည့် ခံစားချက်ကိုသာ ရသည်။ ဝမ်ချောင်သည်လည်း ထိုပါးကုရှီတုကပြောသည့်နတ်ဓါးက အဆုံးတစ်ဖက်နားတွင် စိုက်လျက်ရှိနေသေးကြောင်း ခံစားမိနေသည်။

နတ်ဓါးသည် တစ်ချိန်မှမလှုပ်ခဲ့ပေ။ သို့သော် ထိုဓါးသည် ဝမ်ချောင်က ရင်ဆိုင်ရသည့် ဓါးပျံများထက်အများကြီး အင်အားကြီးမားလွန်းနေသည်။

ဓါးပျံများက သူ၏ အသွေးအသားကိုသာ တိုက်ခိုက်နိုင်သည်။ သို့သော်ထို နတ်ဓါးကမူ သူ၏ဝိညာည်ကိုပင် ခုတ်ပိုင်းနိုင်ပြီး ထက်သန်သောစွမ်းရည် ရှိနေသည်။

ဝမိချောင်သည် ရုတ်တရက်ဆိုသလိုပင် ပါးကုရှီတုက မည်သည့်အတွက်ကြောင့် ထိုနတ်ဓါးကို အလွန်ကြောက်နေမှန်း သိလိုက်သည်။ သူသည်လည်းတူရကီများ၏ ပြည်နယ်ဆရာအစ်ရှီနီရှီတုက နဂါးသိုက်များကိုကျော်ဖြတ်နိုင်ကာ နဂါးသားရဲ၊ အိမ်မက်နတ်ဆိုးသားရဲ ထောင်ခြောက် သို့မဟုတ် လမ်းလျှောက်အလောင်းကောင်များ၊လှည့်ကွက်များအားလုံးကို ကျော်ဖြတ်နိုင်ခဲ့သည့်တိုင်အောင် ထိုနတ်ဓါးထံတွင် သေသွားခဲ့ရသည့် အချက်အလက်ကို နားလည်လိုက်သည်။

စိတ်နှင့်ဝိညာည်များ၏တိုက်ကွက်ကို ဖျောက်ထား၍ မရနိုင်ပေ။

1515 03

ဝုန်း

ထိုအတွေးက ဝမ်ချောင်၏စိတ်ထဲသို့ တိုးဝင်လာပြီးနောက် သူ၏မျက်ဝန်းက မဲမှောင်သွားသည်။ သူ၏ဝိညာည်ကလဲ သေမျိုးလောကထဲမှ ဆွဲထုတ်ခံရသလိုမျိုး ဖြစ်လာသည်။

လောကက မဲမှောင်သည်။ ဝမ်ချောင်၏ပတ်ဝန်းကျင်တွင် ဝရုန်းသုန်းကားဖြစ်နေသော မြူထုများက ပြည့်နှက်နေ၏။ သိပ်သည်းကာ နတ်စွမ်းအင်များ ပြည့်နှက်လွန်းသော ထိုနတ်ဓါးက ကောင်းကင်ဘုံ၏ထောက်တိုင်ကဲ့သို့ ရပ်နေကာ အချိန်မရွေး သူ့ကို ခုတ်ချရန် အသင့်ပြင်လာသည်။

ဝမ်ချောင်၏စိတ်က အလွန်အမင်း ပြင်းထန်နေပြီး မျက်နှာက ဖြူဖျော့နေသည်။ သို့သော် ထိုအခိုက်အတန့်တွင် အရှေ့မှ အာကာသပြင်က ပြောင်းလဲသွားသည်။ မြူထုကက ပျောက်ကွယ်သွားပြီးနောက် စကားလုံးများပေါ်လာသည်။

"စိတ်ဆန္ဒ"

"တားဆီးလိုစိတ်ဆန္ဒ"

ဝမိချောင်သည် စကားလုံးများကြောင့် အံ့ဩသွားရသည်။ သို့သော် သူသည် ရုတ်တရက်ဆိုသလို စကားလုံးများကို နားလည်လိုက်ပြီး နက်နဲသောအကြည့်မျိုးက ပေါ်လာသည်။

" အသုံးမဝင်ဘူး"

ကျောက်တံတားပေါ်မှ ပါးကုရှီတု၏ဝတ်ရုံက လေထဲတွင်လွင့်နေသည်။ သူသည်လည်း ဝမ်ချောင်၏မျက်နှာပေါ်မှ မပြောင်းအလဲအရ သူဟာ ပြန်လည်ကိုင်တွယ်ရန် တွေးတောနေခြင်းဖြစ်ကြောင်း သိနိုင်သည်။ ထိုအခြေအနေအတွက်မူ ပါးကုရှီတုကမူ ခေါင်းကိုသာခါ နိုင်သည်။ သူဟာ ဝမ်ချောင်ကို သေလူကဲ့သို့ စိုက်ကြည့်နေလိုက်သည်။

"မူလအမရဓါးက တစ်ချိန်မဟုတ်တစ်ချိန် တိုက်ခိုက်မှာပဲ အစပိုင်းကတည်းက ချိန်းကြိုးဆီကနေ မဆုတ်ထားသမျှ ရပ်တန့်သွားမှာ မဟုတ်ဘူး ။နောက်ပြီး အစ်ရှီနီရှီတုလိုမျိုး မှင်သက်ဖွယ်ကောင်းလွန်းတဲ့စွမ်းရည်ရှိတဲ့ လူမျိုးကတောင်မှ အဲ့ဒီနတ်ဓါးကို မခံနိုင်ခဲ့ဘူး။ မင်းဆိုရင်ပိုတောင် ဆိုးသေးတယ်။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းကမဟာထန်ရဲ့ တောက်ပတဲ့ပါရမီရှင်ပဲ။ ဒါပေမဲ့...အာ...ဒီလိုနေရောမျိုးမှာ လာပြီးသေရတော့မယ်"

"ဒီစစ်ဆေးမှုက တကယ်ကို ကျော်ဖြတ်ဖို့ခက်ခဲတယ်"

ပါးကုရှီတုက ခပ်တိုးတိုး ရေရွတ်ရင်း သက်ပြင်းချသည်။

ဝမ်ချောင်၏သိသာထင်ရှားသော သေဘေးအတွက်ကြောင့် နှမြောတသဖြစ်နေခြင်း မဟုတ်လေဘဲ သူသည်လည်း မဟာထန်၏မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်ထံမှ သတင်းအချက်အလက်များမရရှိ နိုင်တော့သောကြောင့် ဖြစ်သည်။ ဝမ်ချောင်၏လက်ရှိအခြေအနေအရလည်း မလွတ်မြောက်နိုင်ပေ။

အဝေးမှဝမ်ချောင်ကမူ အလွန်သေစေနိုင်သည့် အန္တရာယ်မျိုးကို ရင်ဆိုင်နေရသည်။ သူ၏စိတ်လောကအတွင်းတွင် ထိုနတ်ဓါးက အလင်းများဖြင့် ပေါက်ကွဲနေကာ စတင်တုန်ခါပြီး ညည်းညူသံကိုထု တ်နေသည်။ ထို့နောက် တစ်ကြိမ် ထပ်ပြီးတိုက်ခိုက်တော့မည်ဖြစ်သည်။

ဘမ်း !

တစ်ခဏခန့်ကြာပြီးနောက် ထိုဓါးက ဝမ်ချောင့်ကို စတင်ခုတ်ချရန် လွှဲရမ်းလိုက်ပြန်သည်။

တစ်လောကလုံးက တိတ်သွားသည်။ ထိုဓါးကလည်း ယခင်ကထက်ပို၍ကြီးမားသော စွမ်းအားများကို သယ်ဆောင်ထားပုံပေါ်သည်။

ဝုန်း!

လောက,ကပင် လှုပ်ခါကာ အစိတ်စိတ်အမွှာမွှာဖြစ်သည်အထိ ကြေမွသွားသည်။ ထိုဓါး ကိုယ်တိုင်ကပင် ရှောင်ရှား၍ မရနိုင်တော့ပေ။ ပြင်းထန်သောအန္တရာယ်က ဝမ်ချောင်၏နှလုံးသားအတွင်းတွင် တိုးဝင်လာသည်။ သို့သော် ယခု လုပ်နိုင်သမျှက သူ၏စိတ်စွမ်းအင်ကို သေချာအာရုံစူးစိုက်ပြီး ထိုရိုက်ချက်ကို တွန်းကန်ရန်ဖြစ်သည်။

အလင်းက အရှေ့ဘက်သို့ စောင်းလာကာ အေးစိမ့်ဓါတ်က ဝမ်ချောင်၏ခန္ဓာကိုယ်မှ မွှေးညှင်းပေါက်တိုင်းထံ ချည်းကပ်လာသည်။ သို့သော် ဝမ်ချောင်ကလည်း ထိုရိုက်ချက်ကို ရင်ဆိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဖို့ ခန္ဓာကိုယ်ကို ကွေးနေသည့်အချိန်တွင်...

ဝှစ်

1515 04

ဓါးချီက ခပ်အေးအေးတိုက်ခတ်သွားသော လေပြင်းကဲ့သို့ သူ၏နံဘေးမှ ဖြတ်သွားသည်။ သူ့၏စိတ်စွမ်းအင်နှင့်ကြယ်တာယာစွမ်းအင်ကလည်း အရင်ကကဲ့သို့ အဖြတ်တောက်မခံခဲ့ရပေ။

"၁၀မိနစ်ရှိသွားပြီ"

ဝမ်ချောင်က တအံ့တဩ ဖြစ်သွားသည်။

"ဘာတွေဖြစ်နေတာလဲ"

ထိုးဓါး၏ရိုက်ချက်က ယခင်တစ်ခေါက်ကထက်ပင် ပို၍အင်အားကြီးမားသေးသည်။ သူ၏ပြင်ဆင်နိုင်သော ခြိမ်းေခြာက်နိုင်စွမ်းအားက ပထမတစ်ခုထက်မလျော့ပေ။ ထို့ကြောင့် ဝမ်ချောင်သည်လည်း သူ၏ခန္ဓာကိုယ်ကို စိတ်စွမ်းအင်များဖြင့် အကဲခတ်ကြည့်လိုက်သောအခါ သူ၏ဆုံးဖြတ်ချက် မှန်ကန်ကြောင်း သိလိုက်သည်။

သူ၏စိတ်စွမ်းအင်နှင့်ကြယ်တာယာစွမ်းအင်က လျော့သွားသည်။ သို့သော် လျော့သွားသည့်ပမာဏက လစ်လျူရှု၍ပင် ရသေးသည်။ ဝမ်ချောင်သည်လည်း စိတ်ထဲတွင် တော်တော်လေး အံ့ဩကာ စိတ်ရှုပ်သွားသည်။ တိုက်ကွက်တစ်ကွက်က သူ့အား သေရတော့မည်ဟုခံစားရစေသည်။ နောက်ထပ်တိုက်ကွက်ကမူ လေပြေများ ဖြတ်တိုက်သွားသလိုမျိုးသာ ခံစားရသည်။ ထိုနှစ်ခုလုံးက နတ်ဓါးထံမှဖြစ်သည်။

တူညီသောတိုက်ကွက်က မတူညီသောသက်ရောက်မှုမျိုးကို ရစေသည်။

ဝုန်း

ဝမ်ချောင်က စိတ်ရှုပ်ထွေးနေချိန်တွင် သူဟာ စိတ်စွမ်းအင်လောကသို့ တစ်ဖန်ပြန်လည်ပြီး ဆွဲသွင်းခံရပြန်ကာ ထိုနတ်ဓါးကို ရင်ဆိုင်ရပြန်သည်။

"လောဘ"

မြူထုက ကြီးမားသောစကားလုံးကြီး တစ်လုံးအသွင် ဖော်ပြသည်။ ဝမ်ချောင်က ထိုချိန်းကြိုးပေါ်တွင် လှုပ်ရှားမှုကင်းမဲ့စွာနှင့် ကုတ်တွယ်နေရင်းမှ သူ၏စိတ်ကမူ အရေမတွက်နိုင်သော အတွေးများဖြင့် လည်ထွက်နေသည်။

ဟန့်တားလိုစိတ်ဆန္ဓ၊လောဘ....ဝမ်ချောင်၏စိတ်ထဲတွင်ရေရွတ်နေသည်။

လူသားများပင် စိတ်ဆန္ဒများရှိသည်။ ထို့ကြောင့် ချွင်းချက် မရှိနိုင်ပေ။ ဝမ်ချောင်အနေနှင့်ပင် စိတ်ဆန္ဒရှိသည်။ ထို့ကြောင့် သူသည်လည်း ပထမတိုက်ကွက်တွင် ပြင်းပြင်ထန်ထန် ဒဏ်ရာရသွားခဲသည်။

လောဘ.....သူက လောဘကြီးတာလား။ ဒါပေါ့ လောဘကြီးတာပေါ့။ သူက ကိစ္စတွေအများစုကို ကိုယ်တိုင် ကိုင်တွယ်ချင်တာလေ။

သူသည် ဝုစ်သံမဏိကို ရရှိရန် ငွေ၁သန်း၊၁၀သန်း၊ရွှေထည်သန်းရာကျော်ကိုပင် အသုံးပြုရခဲ့သည့်တိုင်အောင် သူဟာ အလွန်ပျော်ရွှင်ခဲ့သည်။

ပိုက်ဆံများများ ရှာနိုင်ရန်အလို့ငှာ သူသည်လည်း 'ဆင်းတူ'၏အဆင့်မြင့်ဘုန်းတော်ကြီးနှင့်ပင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းအထိပင်။ သို့သော် တစ်ချိန်တည်းတွင်ပင် သူဟာ လောဘမကြီးပေ။

သူသည် ဝုစ်သံမဏီဓါးနှင့်ကံကြမ္မာကောင်းတစ်ခု ရှာနိုင်ခဲ့သည်။ သို့သော် သူဟာ ထိုပိုက်ဆံများ အားလုံးကို အနည်းငယ်ပင် တုံ့ဆိုင်းမနေဘဲ အကုန်သုံးပစ်လိုက်သည်။ သူ၏ကြွယ်ဝမှုများ အားလုံးကလည်း အနောက်တောင်ပိုင်းမှ စစ်ပွဲကို အနိုင်ရရှိရန်ဖြစ်ခဲ့ပြီး ထိုနေရာတွင်နေထိုင်သော ပြည်သူတစ်သန်းနီးပါးကို ကယ်တင်ရန်အတွက် ဖြစ်လေသည်။

သူသည်လည်း ထိုသို့ အများကြီးအင်အားစိုက်ထုတ်ကာ ကြိုးစားရင်းနှီးခြင်းဖြင့် ပို၍ကောင်းမွန်သော ဂုဏ်သတင်းတစ်ခုကိုရရှိရန် မျှော်လင့်ခဲ့သည်။ ထို့ကြောင့် အနောက်တောင်ပိုင်းပြီးနောက် အနောက်မြောက်က်ပိုင်းတို့ဆီ သွားပြီး မဟာထန်၏နယ်စပ်များကို ချဲ့ထွင်ကာ 'ခိုရာစန်း'အထိ တောက်လျှောက် ဦးတည်ခဲ့သည်။ ထိုအခြေအနေက သူ့အတွက် မလုံလောက်သေးသည့်တိုင်အောင် သူသည်လည်း'ပါးတ'အထိ သွားရောက်ကာ တိုက်ခိုက်ချင်ခဲ့သည်။ အဆုံးသတ်တွင် သူသည် အာရေးဗီးယားအင်ပါယာတစ်ခုလုံး အုပ်စိုးရန် မျက်စိကျခဲ့သည်။

သို့ရာတွင်.....

သူ လုပ်ခဲ့သမျှအရာအားလုံးက သူတစ်ယောက်တည်းအတွက် မဟုတ်ချေ။ သူသည် 'ခိုရာစန်း'ကို တော်ဝင်ထံ အနည်းငယ်သော်မျှ မတုံ့ဆိုင်းဘဲ အပ်ခဲ့သည်။ ထို့နောက် တစ်ဖန်ထပ်ပြီး အနောက်ဘက်သို့ ဦးတည်သွားသည်။ သူဟာ စစ်အရိပ်အယောင်များ အားလုံးကို ဖယ်ရှားခံရ၍ တော်ဝင်ခုံရုံးပေါ်သို့ ဆွဲခေါ် ခံရသည်။ သူသည်သူ၏ လူငယ်အမှတ် သို့မဟုတ် မျိုးနွယ်ခြားနယ်မြေများရဲ့ဘုရင် ဆိုသော ဘွဲ့နာမည်ကိုပင် အနည်းငယ်မျှ ဂရုမစိုက်ပေ။ သူ ဂရုအစိုက်ဆုံးက ဒီလောက၏အနာဂတ်ဖြစ်သည်။

အခြားအရာများကမူ ထိုပန်းတိုင်ကို ပြည့်မြောက်အောင် လုပ်ပေးနိုင်သည့် ကိစ္စများလောက်ထက် မပိုပေ။

ထို့ကြောင့် သူသည် အမှန်တကယ်အားဖြင့် လောဘမကြီးပါပေ။

All Chapters