အခန်း (၁၅၁၆-၁၅၂၀)
Vol. 91 Ch. 1516-1520
1516 01
အခန်း_၁၅၁၆
ဝမ်ချောင်၏မျက်ခုံးကလည်း ကြုတ်နေရင်း သူဟာ ဆက်လက်ပြီး တွေးတောနေသည်။ ထိုအခိုက်အတန့်တွင်သူသည် နတ်ဓါး၏နိယာမများကိုနောက်ဆုံးတွင် ဖမ်းဆုတ်နိုင်သွားပုံ ပေါ်သည်။ ထိုအတွေးက ဝမ်ချောင်၏စိတ်တစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။
သူသည်လည်း ကြောင်တစ်ကောင်ကဲ့သို့ အရှေ့ဘက်သို့ သွက်လက်စွာ ခုန်ပျံကျော်လွှားနေလိုက်သည်။
ချွင် ချွင် ချွင်
ဓါးပျံများက တစ်ကြိမ်ထပ်ပြီးချိန်းကြိုးပေါ် ခုတ်ဖြတ်မိလိုက်ကြပြီး မီးပွားများ ထွက်လာစေသေးသည်။ သို့သော် ဝမ်ချောင်က ရှောင်လိုက်နိုင်ပြန်၏။
"အံ့ဩစရာပဲ။ နတ်ဓါး၏တိုက်ကွက်တွေ ကဆက်ခံသူရဲ့မူလအမရဓါးဝင်္ကမ္ဘာကို လွှမ်းမိုးနိုင်တယ်"
ဝမ်ချောင်က အရှေ့ဘက်သို့ ခုန်လိုက်သည်နှင့် သူသည် နတ်ဓါး၏တိုက်ကွက်ကို အောင်မြင်စွာ နှင့်လက်ခံရရှိလိုက်ပြီးနောက်တွင် အချို့သောအကြောင်းပြချက်များကြောင့်လာမသိ ဓါးပျံစွမ်းအားက သိသိသာသာ အားနည်းသွားကြောင်း သိလိုက်သည်။ သူကသာ ပထမမျိုးဆက် ဆက်ခံသူ၏တိုက်ကွက်ကို စိုးစိမ်ရသမျှ သူ၏ကိုယ်ပိုင်နည်းပါးသော အင်အားက ချိန်းကြိုးကို ဖြတ်သန်းသွားရန်လုံလောက်သည်ထက် ပိုနေသည်။
"ဒါက....ဘယ်လိုဖြစ်ပြီးတော့လဲ"
ပါးကုရှီတုသည် ချိန်းကြိုးများပေါ်သို့ တက်ရန်အသင့်ပြင်ထားပြီဖြစ်သည်။ သို့သော် ထိုအဖြစ်အပျက်ကို မြင်လိုက်သောအခါ သူ၏ခန္ဓာကိုယ်က အံ့ဩမှုဖြင့် တုန်လှုပ်သွားသည်။
အခုလေးတင် ဖြစ်ပျက်သွားသောအရာအားလုံးက သူ၏လောကတွင် နားလည်နိုင်စွမ်းအားကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ ဝမ်ချောင်သည် နက်နဲနယ်မြေအဆင့်သိုင်းပညာရှင်တစ်ယောက်ကိုပင် တိုက်ခိုက်ရန် အင်အားမရှိတော့ချေ။ သူဟာ ပါးကုရှီတုကဲ့သို့သော လူမျိုး၏အရှေ့တွင် သိမ်နုပ်သေးငယ်သောသူတစ်ယောက် ဖြစ်သည်။
သို့သော် အစ်ရှီနီရှီတုကပင် မဖြစ်နိုင်ခဲ့သော ချိန်းကြိုးကို ဝမ်ချောင်က လွယ်ကူစွာ ကျော်ဖြတ်နေသည်။
"မဖြစ်နိုင်ဘူး....လုံးဝမဖြစ်နိုင်ဘူး"
ပါးကုရှီတု၏မျက်လုံးက ပြူးကျယ်လာသည်။ သူသည်လည်း ထိုအဖြစ်အပျက်များကို ရှင်းပြရန် နည်းလမ်း မရှိတော့ပေ။
ဝုန်း
ပါးကုရှီတုက၏ခြေထောက်က အလိုလျောက်ပင် ချိန်းကြိုးတစ်ခုပေါ် တင်လိုက်သည်။
"ဖြစ်နိုင်တာက အစ်ရှီနီရှီတုရဲ့ မှတ်ညဏ်တွေကမှားများနေတာလား. ဒါမှမဟုတ် အဆုံးသတ်မှာ ငါမသိတဲ့တစ်ခုခု ဖြစ်သွားတာလား"
ပါးကုရှီတုက စိတ်ရှုပ်ထွေးကာ သံသယဝင်လာသည်။ သူသည်ပင် သူနှင့်ဝမ်ချောင်တို့က မတူညီသောနေရာများမှ စတင်ခဲ့ပြီဟုတွေးတောမိကာ မတူညီသည့်ချိန်းကြိုးတစ်ခုပေါ်သို့ တက်လိုက်သည်။
ဝုန်း
ပါးကုရှီတု၏ညာခြေထောက်ကချိန်းကြိုးပေါ်သို့ တက်နင်းလိုက်သည့် အခိုက်အတန့်တွင် ဓါးချီက ဟိန်းဟောက်သည်။ လေထဲမှဝိုင်းနေသော ထိုဓါးများအားလုံးက ချက်ချင်းဆိုသလို ပါးကုရှီတုထံသို့ ကျိုင်းကောင်များကဲ့သို့ အပြေးလာနေကြသည်။ ထိုစွမ်းအားနှင့် အရှိန်အဟုန်က သူ့အား ချိန်းကြိုးပေါ်သို့ စတင်တက်ရောက်ခဲ့ချိန်ကထက် ပို၍ကြောက်လန့်စေသေးသည်။
ပါးကုရှီတု၏မျက်နှာက တင်းမာသွားပြီး ခြေထောက်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။ သူ၏မျက်နှာက ပြာနှမ်းနေသည်။
"ဝမ်ချောင်...ဒီကလေးက ဘယ်လိုများလုပ်လိုက်တာလဲ"
ပထမဦးဆုံးအကြိမ် ပါးကုရှီတုက ဝမ်ချောင့်ကိုပို၍ပင် မသက်မသာဖြစ်စေသော အကြည့်မျိုးဖြင့်ကြည့်သည်။
ထိုထဲတွင် မနာလိုမှုလည်း ပါသည်။ ထိုအချိန်တွင် ဝမ်ချောင်ကမူ ချိန်းကြိုးတောက်လျှောက် ဆက်လက်ပြီးသွားလာနေသည်။
1516 02
ဗုန်း
မူလအမရဓါးက နောက်ထပ်တိုက်ကွက်တစ်ကွက်ကို ထုတ်ကာ ဝမ်ချောင်ထဲ ချိန်ရွယ်လိုက်ပြန်သည်။ ဒီတစ်ကြိမ်တွင်မူ ထောင်လွှားမှုဓါး ဖြစ်နေသည်။
ထိုဓါးသည် ဆိုးသွမ်းကာမာနကြီးလွန်းသူကို ညွှန်ထားသည်။ သို့သော် ဝမ်ချောင်ကမူ ကြွယ်ဝကာ အဆင့်မြင်မားသည့်ကလန်တစ်ခုမှ ဖြစ်နေသည့်တိုင်အောင် သူသည် ထောင်လွှားသောသူ မဟုတ်ပြန်ပေ။
ဝမ်ချောင်သည် တတိယဓါးကိုလည်း ကျော်လွှားနိုင်လိုက်ပြန်သည်။
ပေ၁၀၀... ပေ၁၅၀...ပေ၁၇၀...
ဝမ်ချောင်သည် မင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် အရှေ့ဘက်သို့သွားနေရင်း ဓါးဝင်္ကမ္ဘာရဲ့အားနည်းမှုများကို အခွင့်ကောင်းယူထားသည်။
၄လက်မြောက်ဓါးက သတ်မှတ်မှု ဖြစ်သည်။ ၅လက်မြောက်ဓါးက မနာလိုမှုဖြစ်သည်။ ဝမ်ချောင်သည်လည်း ထိုဓါးနှစ်လက်လုံးကို ကျော်လွှားနိုင်ခဲ့ပြန်သည်။
ဝမ်ချောင်၏စိတ်ထဲမှအကြံကလည်း သိသိသာသာပင် တိုးတက်ထင်ရှားလာသည်။
လောကမှာ ဒီလိုဓါးမျိုးရှိမယ်လို့ တွေးကြည့်လိုက်!... ဒါကအသွေးအသားတွေ မူလစွမ်းအင်တွေကို တိုက်ခိုက်တာမဟုတ်ဘူး။ နှလုံးသားထဲက မိုက်ရူးရဲအဆန်ဆုံး စိတ်ဆန္ဒကို တိုက်ခိုက်တာ။
အစ်ရှီနီရှီတုက တူရကီပါရမီရှင်တစ်ယောက်။ နောက်ပြီး သူက အဲဒီခေတ်က အင်အားအကြီးဆုံး ကျွမ်းကျင်ပညာရှင်တစ်ယောက်လည်း ဖြစ်နေသေးတယ်။ ဒါပေမဲ့ ပထမဦးဆုံးဟန့်တားခြင်း စိတ်ဆန္ဒဆိုတဲ့ စမ်းသပ်မှုမှာတင် သူ မကျော်ဖြတ်နိုင်တော့ဘူး။
သူဟာ မဟာထန်မှမျိုးဆက်၆ဆက်မြောက် ဆက်ခံသူနဲ့ ပက်ပင်းတိုးတဲ့အချိန်မှာ ဆက်ခံသူရဲ့ငယ်ရွယ်မှုကို မနာလိုကြီးတယ်။ တစ်ဖက်သူရဲ့ မူလအမရသိုင်းကို လိုချင်တယ်။ သူ့ရဲ့အကန့်အသတ်မဲ့တဲ့အတိုင်းကို သတ်မှတ်သွားတယ်။ ဒါကြောင့်ပဲ မနာလိုမှုဆိုတဲ့ ပြစ်မှုကို ကျူးလွန်ပြီးသား ဖြစ်သွားတယ်။ အဲဒီနောက် သူကမူလအမရနန်းတော်ထဲက လျှို့ ဝှက်ချက်တွေ အားလုံးကို အရယူချင်ပြန်တယ်။
ဒါ့ကြောင့် သူက လောဘဆိုတဲ့ပြစ်မှုကို ကျူးလွန်မိပြန်တယ်။ အစ်ရှီနီရှီတုလို ထူးခြားတဲ့အင်အားကို ပိုင်ဆိုင်ထားတဲ့သူက ဒီဓါး၃လက်ရဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရာရအောင် လုပ်တာကို ခံရမှာပဲ။
ပါးကုရှီတုအတွက်ကတော့ သူက အစ်ရှီနီရှီတုရဲ့ မြေသားမြေကမ္ဘာ သွေးဒယ်စောက်အိုးကို ပိုင်ဆိုင်ထားတယ်။ သူ့ရဲ့မှတ်ညဏ်တွေအားလုံးကိုလည်း အမွေဆက်ခံထားတယ်။ ဒါပေမဲ့ သူ့မှာလည်း စိတ်ဆန္ဒတွေကို ဆက်ခံထားပြီးသားဖြစ်နေမှာပဲ အချို့ ရှုထောင့်ဘက်က ကြည့်မယ်ဆို သူ့ရဲ့စိတ်ဆန္ဒတွေက အစ်ရှီနီရှီတုထက်တောင် သာလွန်သေးတယ်။ ဒါကြောင့် ပါးကုရှီတုကလည်း ထင်ရသလောက် မသိမသာ မခံစားရတာမျိုးမဟုတ်ဘူး။ သူက မစမ်းသပ်ကြည့်ချင်တာမဟုတ်ဘဲ မလုပ်ရဲတာ။
ဝမ်ချောင်သည် ယခုအခြေအနေကို နားလည်သွားပြီးနောက် သူ၏စိတ်အစဥ်က ပို၍ပင်တောက်ပကာ ပို၍ပင်မှန်ကဲ့သို့ ကြည်လင်လာခဲ့သည်။
ဝုန်း
မြူထုက ပျက်ပြယ်သွားပြီးနောက်တွင် လေထုက ဟိန်းဟောက်လာပြီး ၆လက်မြောက်ဓါး ပေါ်လာသည်။
ဂျိမ်း
ဝမ်ချောင်၏မျက်လုံးအရှေ့မှလောက,ကဆုတ်ဖြဲခံရတော့မတတ် ဖြစ်လာသည်။ အခြားသော သူများမသိသည်မှာ ထို၆လက်မြောက်ဓါးက အနီရောင်မီးတောက်များ တောက်လာလေသည်။ ထိုမီးတောက်များကို မြင်လိုက်ရသည့်ဝမ်ချောင့်၏မျက်နှာက ဖျော့တော့လာပြီး ချက်ချင်းဆိုသလို ရပ်လိုက်သည်။ သူသည်လည်း ထိုဓါးထံမှ ရင်းနှီးသောခံစားချက်ကို ရလိုက်သည်။
"ဒေါသ"
ထိုဓါးက လူတစ်ယောက်၏ နှလုံးသားထဲက ဒေါသကို ချိန်ရွယ်သည်။
"အိုး! မကောင်းတော့ဘူး "
ဝမ်ချောင်၏နှလုံးသားက တင်းကြပ်သွားပြီး ဟန်ချက်ညီမှုကိုပင် မထိန်းနိုင်တော့ပေ။
1516 03
သူဟာလည်း မာနမကြီးတတ်သလို သူများကိုလည်း မနာလိုမဖြစ်တတ်ပေ။ ထို့ပြင် လောဘမကြီးဘူး။ မဆာလောင်တတ်ပေ။ သို့သော်လည်း ဒေါသကမူ...
သူ့ယခင်ဘဝတွင်ဖြစ်စေ၊ လက်ရှိဘဝတွင်ဖြစ်စေ ဝမ်ချောင်သည်လည်း သူ၏ခံစားချက်ကို ထိန်းချုပ်ရန်မဖြစ်နိုင်ကြောင်း သိထားသည်။ သူ၏ဒေါသက သာမန်လူတစ်ယောက်ထက်ပင် ပို၍ပြင်းထန်သေးသည်။ ဒေါသမရှိပါက သူသည်လည်း ပြန်လည်မွေးဖွားရန်အခွင့်အရေး မရှိနိုင်ပေ။ ယခုပင် လိုရပ်နေနိုင်သည့် အခွင့်အရေးပင်ရှိလိမ့်မည် မဟုတ်ပေ။
"ဒါက ဒုက္ခပဲ"
ဂျိမ်း
လူတိုင်းကလဲ ဝမ်ချောင်က ဒီစမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်တော့မည်၊ အခြားတစ်ဖက်ခြမ်းသို့ ရောက်တော့မည်ဟုထင်နေသော အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်က တုန်ခါသွားပြီး အရေပြားပေါ်မှ သွေးများ ပန်းထွက်လာကာ သူ၏ခွန်အားက ထိုးကျသွားသည်။
ချွင် ချွင်
ဝမ်ချောင်၏ကိုယ်နှင့်အတူ ချိန်းကြိုးကလည်း ရမ်းခါနေသည်။ သူသည် ပြုတ်ကျလုနီးပါး ဖြစ်သွားသေးသည်။
ဝမ်ချောင်က ကပ်သီလေး ရှင်သန်နိုင်ခဲ့ချိန်တွင် သူ၏ခန္ဓာကိုယ်က ယခုအခါချိန်းကြိုးပေါ်တွင် ရှေ့ပြန်နောက်ပြန် ရမ်းနေသည်။ သူဟာလည်း လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားသေးပြီး အချိန်မရွေး လဲကျတော့မည်ပုံပေါ်နေသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ! ဘာတွေဖြစ်သွားတာလဲ?"
ပုးကုရှီတု၏မျက်နှာက တင်းကြပ်သွားသည်။ ဝမ်ချောင်သည် ချိန်းကြိုးများကို ဖြတ်သန်းရန် အခွင့်အရေးအမြင့်ဆုံးသူဖြစ်သည်။ သို့သော် သူကပင် လုံခြုံစွာဖြတ်သန်းနိုင်ခဲ့လျှင် ထွက်သွားသောအခါပို၍ခက်ခဲပေလိမ့်မည်။
ဝမ်ချောင်သည် ယခုအခါထင်ထားသည်ထက်ပို၍အန္တရာယ်များနေပုံရသည်။ ၇လက်မြောက်ဓါးကလည်း ၆လက်မြောက်ဓါးထက်ပို၍ပင် ပြင်းထန်စွာ ပေါ်ထွက်လာသည်။ ၆လက်မြောက်ဓါးကပင် ဝမ်ချောင့်ကို သေလုနီးပါး ဖြစ်သွားစေနိုင်သည်။ ၇လက်မြောက်ဓါးက သူ၏ သွေးများအားလုံးကို အေးခဲသွားပြီး တမလွန်သို့ ပို့လွှတ်နိုင်သည်။
သတ်ဖြတ်ခြင်းပြစ်မှု
ဝမ်ချောင်သည် အရှေ့မှဓါး၏နာမည်ကို မစတင်ခင်ကတည်းကတင် သိလိုက်သည်။
လောကမှာအကြီးမားဆုံးဆိုးယုတ်မှုက သတ်ဖြတ်ခြင်းဖြစ်ပြီး မိစ္ဆာလမ်းကြောင်းနှင့် ဆိုးယုတ်သောလမ်းကြောင်းကဲ့သို့ ထင်ရှားသိသာသည်။ ၇လက်မြောက်ဓါးသည် အင်အားအကြီးဆုံးနှင့်သေစေနိုင်ဆုံး ဖြစ်သည်။ ထို့အပြင် စွမ်းအားများကို တည်ဆောက်ရန် ကြာချိန်ကလည်း ပို၍ပင်ကြာလွန်လှသေးသည်။
ဝမ်ချောင်သည် မဟာဗိုလ်ချုပ်ကြီးဖြစ်သည်။ မျိုးနွယ်ခြားနယ်မြေများရဲ့ဘုရင် ဖြစ်သည်။ ယခင်ဘဝမှလည်း မဟာမာရှယ်ကြီးဖြ စ်သည်။ သူသည် မရေမတွက်နိုင်သော လူပေါင်းများစွာကို သတ်ဖြတ်ပြီးနောက် ဦးတက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အနောက်တောင်ပိုင်းက စစ်ပွဲတစ်ခုထဲတွင်ပင် သူဟာ မန့်ရွှေကျောင်းနယ်မြေမှ ရူယွင်စန်းစစ်တပ်မှ စစ်သည်၄သိန်းနီးပါး သတ်ဖြတ်ခဲ့သည်။ ခိုရာစန်း နှင့်တာလာ့၏တိုက်ပွဲတွင် သူဟာ ၁သန်းနီးပါး သတ်ဖြတ်ခဲ့သေးသည်။ သူဟာ အသက်၁၈နှစ်ပင် မရောက်သေးပေ။ သို့တိုင်အောင် သူသည်စစ်သည်*၁.၅သန်း*ခန့်အထိ သတ်ဖြတ်ခဲ့ပြီးလေပြီ။ ထိုပမာဏကပင် မည်သူကမှ ဝမ်ချောင့်ကို မကျော်နိုင်လောက်ပေ။
လွန်ခဲ့သောနှစ်၂၀၀ခန့်ကလည်း အစ်ရှီနီရှီတုသည် မနာလိုကြီးစိတ်ကြောင့် အသတ်ခံလိုက်ရသည်။ ယခုအခါဝမ်ချောင်သည်လည်း သူသတ်ခဲ့သောလူများအတွက် အသတ်ခံရလောက်သည်။
ဝုန်း
၇လက်မြောက်ဓါးက ဆင်းသက်လာတော့ပေမည်။ စွမ်းအားများက ဆက်လက်ပြီး ထိုးတက်လာ၏။ ယခင်၆ကွက်မြောက်တိုက်ကွက်တိုင်းကို ပေါင်းစည်းထားသည်ဟု ထင်ရပြီး ရပ်တန့်သည့်လက္ခဏာကိုပင် မပြသပေ။ ပို၍ဆိုးသည်မှာ ထိုဓါးသည် ဝမ်ချောင့်ကို ပိတ်လှောင်ထားသည်။ သူ့အား ရပ်ရန်ပင်ခက်စေ၏။
လေထဲမှဓါးသံများကလည်း ညည်းညူနေပြီး ဆင်းသက်လာတော့မည့်အရာကို ခံစားမိသလိုမျိုး လာသည်။ မူလအမရဓါးဝင်္ကမမ္ဘာထဲမှဓါးများကလည်း ဝမ်ချောင့်၏ ခေါင်းအထက်တွင် အနက်ရောင်တိမ်ဆိုင်ကဲ့သို့ ဝိုင်းနေသည်။ ယခင်တစ်ခေါက်ကထက်ပင် ပို၍များပြားလာသေးသည်။
ထိုဖိအားက ဝမ်ချောင့်၏ ခန္ဓာကိုယ်ကို ရမ်းခါနေစေသည်။
1516 04
"ချောင်အာ! "
မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့နှစ်ဦးစလုံးကလဲ အလွန်အမင်း စိုးရိမ်နေကြ၏။
သို့သော် သူတို့သည်လည်း ဘာမှမတတ်နိုင်ကြပေ။
သူတို့ကသာ ချိန်းကြိုးပေါ်သို့ တက်လိုက်ခဲ့လျှင် ဝမ်ချောင့်ကို ရည်ရွယ်ထားသော တိုက်ကွက်များက ပို၍ပင်အင်အားကြီးမားသွားမည်ဖြစ်ပြီး သူ့ကိုကူညီသည့်အစား ဒုက္ခပေးသလို ဖြစ်သွားလိမ့်မည်။
ပို၍ဆိုးသည်မှာ ဒီနယ်မြေမှမူလစွမ်းအင်၏၈၀%ခန့်က ပထမမျိုးဆက်ဆက်ခံသူ၏ ထိန်းချုပ်မှုအောက်တွင် ဖြစ်သည်။ အပြင်လူများကလည်း မူလအမရဓါးဝင်္ကမ္ဘာ၏နယ်နိမိတ်များအတွင်း ဝင်ရောင်စွက်ဖက် နိုင်စွမ်းရည် မရှိကြပေ။ ဝမ်ချောင်၏အသက်က အန္တရာယ်ကျရောက်နေသည်။
" သွေးတွေက စီးဆင်းမှုပြင်းထန်လွန်းလို့ ဒိုင်းတွေကိုတောင်မြောလွင့်စေနိုင်တယ်၊ အဲ့သလိုနဲ့ အလောင်း၁သန်းကို အုပ်သွားတော့တာပဲ "
ဝမ်ချောင်သည် တစ်စုံတစ်ရာဖြင့် မွေးဖွားလာသည်။ သူသည် နှစ်ဘဝလုံးတွင် အမိန့်ပေးသူဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်ခဲ့သည်။ ဝမ်ချောင်သည် မရေမတွက်နိုင်သော လူပေါင်းများစွာကို သတ်ခဲ့သည်။ ထိုဓါးက တက်လာသည်နှင့် သူသည် မရှင်သန်နိုင်လောက်ပေ။
ဝုန်း
ထိုဓါးကအလင်းများဖြင့်ပေါ က်ကွဲနေပြီး သွေးနီရောင်တောက်ပသောအလင်းက ပို၍ပင်ထင်ရှားလာသည်။ ထိုဓါးသည် ဖော်ပြရန်ခက်ခဲလောက်အောင် ပြင်းထန်လွန်းသည့် အရှိန်နှုန်းဖြင့် ဝမ်ချောင်၏ဝိညာည်ကို ချိန်ရွယ်ထားလေပြီး ခန္ဓာကိုယ်ပေါ်မှ မွှေးညှင်းပေါက်တိုင်းကို ပြင်းထန်သောဖိအား ခံစားရစေသည်။ သူ၏ဝိညာည်ကပင် တုန်လာ၏။ တစ်ခဏခန့်ကြာပြီးနောက် ကောင်းကင်တစ်ခုလုံးကမည်းမှောင်သွားပြီး ထိုဓါးကမြေပြင်သို့ ရောက်လာသည်။ နောက်ဆုံးအခိုက်အတန့်က ရောက်ရှိလာလေပြီ။
"မဟုတ်သေးဘူး"
ဝမ်ချောင်၏စိတ်စစွမ်းအင်နှင့် ကြယ်တာယာစွမ်းအင်တို့က လျော့နည်းလာသည်။ သေဆုံးမှု၏ပြင်းထန်သော ဖိအားအောက်တွင် ဝမ်ချောင်သည် သူ၏အလားအလာအားလုံးကိုလှုံ့ဆော် လိုက်နိုင်သည်။ သူသည်လည်း တစ်စုံတစ်ရာက မူမမှန်ကြောင်းခံစားမိလိုက်သည်။
မူလအမရအရှင်က ဒီလိုသေစေနိုင်လောက်တဲ့ထောင်ချောက်ကိုတော့ မချခဲ့လောက်ပါဘူး သူသာ အဲဒီလိုလုပ်ခဲ့မယ်ဆိုရင်သူက ဘယ်သူမှ ဖြတ်မသန်းနိုင်အောင် ချိန်းကြိုးအားတွေကို ဖြတ်ထားခဲ့လိုက်မှာ ဘာပဲဖြစ်ဖြစ် ပြီးပြည့်စုံတဲ့ ရွှေဆိုတာမျိုးကမှ မရှိတာ ပြီးပြည့်စုံတဲ့လူသားဆိုတာလည်း မရှိနိုင်ဘူး။ ဒီဓါးရဲ့ဝိသေသလက္ခဏာအရဆိုရင် ဘယ်သူကမှ ဒီမူလအမရသိုင်းကို အမွေဆက်ခံနိုင်တော့မှာ မဟုတ်ဘူး။ ဒါမှမဟုတ် အနီးကပ်နိုင်မှာတောင် မဟုတ်ဘူး။ မူလအမရအရှင်ကလည်း ဒီနတ်ဓါးကို သုံးပိုင်ခွင့်ရခဲ့မှာ မဟုတ်ဘူး။ ဒါကမူလအမရအရှင်ရဲ့ မူလရည်ရွယ်ချက် မဟုတ်လောက်ဘူး။
ဝမ်ချောင်က ရုတ်တရက် ညာဏ်အလင်းပွင့်သွားသည်။ သူ၏စိတ်ကလည်း လေဝဲတစ်ခုကဲ့သို့ လည်ထွက်သွားသည်။ အချိန်ကပင် လိပ်တစ်ကောင်ကဲ့သို့ နှေးသွားသည်။
လူတိုင်းမှာ ပြစ်ချက်ရှိတယ်၊သူတို့မှာ စိတ်ဆန္ဒ၊လောဘ၊မနာလိုကြီးစိတ်၊ဂုဏ်ယူမှု၊ ဒေါသနှင့်သတ်ဖြတ်မှုတွေရှိတယ်။ ဒါကအခြေခံအားဖြင့် လူတစ်ယောက်မှာ ပိုင်ဆိုင်ထားသင့်တဲ့ အားနည်းချက်တွေပဲ။ ဘယ်သူကမှဒါတွေထံကနေ မလွတ်မြောက်နိုင်ဘူး။ ဓါးကို သွန်းလုပ်သူကတောင် မလွတ်မြောက်ခဲ့လောက်ဘူး၊အခြေအနေတွေက တင်းကြပ်လာလေလေ ဝမ်ချောင်က တည်ငြိမ်လေလေ ဖြစ်လာသည်။
ဓါးကလက်နက်တွေရဲ့ဘုရင်၊ သတ်ဖြတ်မှုလက်နက်၊ဓါးတစ်လက်ကိုသုံးပြီး သတ်ဖြတ်ခံရသူတွေအတွက် သတ်ဖြတ်မှုရဲ့ စီရင်ချက်ချတယ်ဆိုတာက အရမ်းကိုထူးဆန်းတယ်၊ ငါမတွေးမိတာ တစ်ခုခုရှိနေလောက်တယ်၊ ဖြစ်နိုင်တာက။ ဒီဓါးကပြ စ်မှုတွေကို စီရင်ချက်ချတာ မဟုတ်ဘူးလား။
******
1517 01
အခန်း _ ၁၅၁၇
ဝမ်ချောင်သည် သူ၏စိတ်ထဲတွင် လျှပ်စီးတစ်ချက်လက်သလိုမျိုး ခံစားလိုက်ရပြီးနောက် မိုးချုန်းသံက ထွက်ပေါ်လာပြီး အရာအားလုံးက အုပ်အော်သောင်းနင်းဖြစ်ကာ ကျန်ရစ်ခဲ့သည်။ ဝမ်ချောင်သည်လည်း သူဟာ အလွန်အမင်း သေးငယ်သော်လည်း သေစေနိုင်လောက်သည့် နားလည်လွဲမှားမှုတစ်မျိုး ရှိနေခဲ့ကြောင်း သိလိုက်သည်။
ဒီဓါးရဲ့အဓိပ္ပါယ်က၊သူ့ရဲ့ အဓိကအချက်က ဆိုးယုတ်သူတွေကို အကဲဖြတ်တာမဟုတ်ဘူးဘဲ...ဒါပေမဲ့ ဒီလိုမဟုတ်ဘူးဆိုရင် ဘာလဲ။
ဝမ်ချောင်အတွက် တွေးတောရန် အချိန်အလွန်နည်းပါးစွာ ကျန်ရစ်တော့သည်။ သူသည် နောက်ဆုံးသောမျှော်လင့်ချက် ငွေရောင်အမျှင်တန်းလေးကို ဖမ်းဆုပ်ရန် ရုန်းကန်နေရပြီး ချောက်ကမ်းပါးအပေါ်ဘက်တွင် လူးလွန့်နေသလိုမျိုး ဖြစ်နေသည်။
စိတ်ဆန္ဒက ဆုတ်ယုတ်တဲ့လူသားတွေရဲ့ အုတ်မြစ် ၊မိုက်မဲတာ အငြိုးတရားကြီးတာ မုန်းတီးမှုတွေက စိတ်ဆ္ဒတွေကနေ ဦးမော့လာတယ်၊ စိတ်ဆန္ဒရဲ့ ဆန့်ကျင်ဘက်က စိတ်ဆန္ဒမရှိတာ၊စိတ်ဆန္ဒမရှိတဲ့သူက ဖြောင့်မတ်တယ်၊ဖြောင့်မတ်တဲ့သူတွေက ကောင်းသူတွေ အားလုံးရဲ့ အရင်းအမြစ်ပဲ။
ထိုအတွေးက ဝမ်ချောင်၏စိတ်ထဲ ဝင်လာသည်နှင့် ခန္ဓာကိုယ်က နားလည်သဘောပေါက်မှုအပြည့်ဖြင့် တုန်ယင်သွားသည်။ သူသည်လည်း ပြသနာ၏ အလွန်ပင်ဇစ်မြစ်ကျသော အဓိကအချက်ကို မူတည်သည့်စာကြောင်းတစ်ကြောင်းကို ဖမ်းမိလိုက်သည်။
သတ်ဖြတ်မှုကပြစ်မှုဆိုရင် သတ်ဖြတ်မှုရဲ့ ဆန့်ကျင်ဘက်က မသတ်ဖြတ်တာ၊ မသတ်ဖြတ်ဘူးဆိုတာက သဘောထားကြီးတာ။
ဝုန်း
ဝမ်ချောင်သည် မိုးကြိုးအပစ်ခံရသလိုမျိုး ရုတ်တရက် တုန်ယင်သွားပြီး သူ၏မျက်လုံးက ဖျက်ခနဲပွင့်သွားသည်။
သဘောထားကြီးပြီး ဖြောင့်မတ်မှန်ကန်တာ?
မူလအမရအရှင်က ဆိုးယုတ်တဲ့လမ်းကြောင်းက မဟုတ်သလို မိစ္ဆာတွေဘက်ကလည်း မဟုတ်ဘူး။
နွေဦးနဲ့ဆောင်းဦးခေတ်က အကြွင်းအကျန်တွေကို တရားဝင် ထုတ်ပြန်ကြေညာခဲ့တဲ့အချိန်မှာ ဆိုးယုတ်မှုကို အပြစ်ပေးဖို့မဟုတ်ဘဲ ကောင်းတာတွေ လုပ်ဖို့ပဲ။
ဝမ်ချောင်၏မျက်လုံးက နားလည်သဘောပေါက်မှု အလင်းတန်းက တောက်ပသွားသည်။
မာနကြီးတာရဲ့ဆန့်ကျင်ဘက်က ရိုကျိုးတာ။
မနာလိုကြီးတာရဲ့ဆန့်ကျင်ဘက်က ပညာကြီးတာ။
ပညာကြီးမြတ်တဲ့သူကပဲ မနာလိုကြီးစိတ်ကို ချုပ်ထိန်းနိုင်မယ်။
ဒေါသရဲ့ဆန့်ကျင်ဘက်က ကြင်နာတာ၊နိမ့်ချစွာ နေတတ်တာ။
သတ်မှတ်မှုရဲ့စိတ်ဆန္ဒကဖြောင့်မတ်မှန်ကန်တာ။
လူတစ်ယောက်ရဲ့ နှလုံးသားထဲမှာ ဖြောင့်မတ်မှန်ကန်မှုတွေ၊ အကျိုးအကြောင်း သိစိတ်တွေရှိနေခဲ့ရင် ဒီတက်မက်မှုဆိုတာကို ရှောင်နိုင်တယ်။
ထိုနတ်ဓါးသည် အကြမ်းဖက်မှုကိုချုပ်ထိန်းရန် ထိုအကြမ်းဖက်မှုကို မလုပ်ရန်ဆိုပြီး အတင်းတိုက်တွန်းနေခြင်း မဟုတ်လေဘဲ ဆိုးယုတ်သည့်လူများကို အပြစ်ပေးရန်လည်း မဟုတ်ပေ။ ထို့အစား ကောင်းမှုများလုပ်ရန် တိုက်တွန်းနေခြင်း ဖြစ်သည်။
သူ့၏အဓိကအနှစ်သာရက မသတ်ဖြတ်ရန် မဟုတ်ဘဲ သဘောထားကြီးမြတ်ရန် ဖြောင့်မတ်မှန်ကန်ရန်၊ညဏ်ပညာကြီးရန်၊ ကြင်နာတတ်ရန်၊ နှိမ့်ချစွာနေတတ်ရန် ဖြစ်သည်။
ဝမ်ချောင်သည်လည်း သူ၏ စိတ်ကပေါက်ကွဲတော့မည်ဟု ခံစားလိုက်ရသည်။ သူသည် ရုတ်တရက် ထိုဓါးဟာ မည်ကဲ့သို့သော ဓါးဖြစ်ကြောင်း သိလိုက်သည်။ ထိုဓါးသည် ဆိုးယုတ်သူများကို အပြစ်ပေးသည့်ဓါးမဟုတ်ဘဲ အစစ်အမှန်ဘုရင်များ၏ဓါး ဖြစ်သည်။
ထိုအစစ်အမှန်ဘုရင်များ၏ဓါးအရှေ့တွင် မည်သည့် တက်မက်မှုရှိသူ၊စိတ်ဆန္ဒရှိသူများ အားလုံးက ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။
1517 02
အစ်ရှီနီရှီတုသည် ထိုဓါးကို မှားယွင်းကာ စီရင်ချက်ချမိခဲ့သည်။ ပြင်းထန်သောအရှိန်အဟုန်များကို ပိုင်ဆိုင်ထားသည့် ရှားပါးသောဓါးတစ်လက်ဟု သတ်မှတ်လိုက်ခြင်းအားဖြင့် သေစေခဲ့ခြင်းဖြစ်သည်။ ပါးကုရှီတုကမူ ဓါး၏သဘောတရားကိုပင် နားမလည်ခဲ့ပေ။ ထို့ကြောင့် သူသည်လည်း သူ၏အရှိန်အဟုန်ကိုပင် မစမ်းသပ်ရဲလျှင် သူ၏ဘိုးဘေးကဲ့သို့ သေရမည်ဟုယုံ ကြည်နေသေးသည်။
ပြီးပြည့်စုံသောလူသားဟူ၍မရှိဘဲ လူတိုင်းသည်လည်း ကိုယ်ပိုင်ပြစ်ချက်များ အားနည်းချက်များရှိသည်။ အရေးအကြီးဆုံးက ထိုဓါးက လူတစ်ယောက်၏ သဘောထားကြီးစိတ်၊ဖြောင့်မတ်မှန်ကန်စိတ်များကို အာရုံခံနိုင်ခြင်းဖြစ်သည်။
မူလအမရအရှင်သည် ထိုဓါးကို နောက်တွင်ချန်ထားရစ်ခဲ့သည်မှာ အလင်းမဲ့လောကကို စောင့်ကြပ်ရန်မဟုတ်ချေ။ သူ၏ပန်းတိုင်ကလည်း ထိုဓါးက အစစ်အမှန် သဘောထားကြီးသူ၊ဖြောင့်မတ်မှန်ကန်သူ၊သာလွန်လွန်းသော လူကောင်းတစ်ယောက်ကို ရွေးချယ်ရန်သာ ရည်ရွယ်ခဲ့သည်။
ထိုအတွက်ကြောင့်ပဲ ချိန်းကြိုးနှစ်ချောင်းက ခုတ်ဖြတ်ခံရမည့်အစား တည်ရှိနေခဲ့ခြင်းဖြစ်သည်။ သူသည် ထိုဓါးအား နောက်သခင် ရွေးချယ်ရန် ကူညီပေးခဲ့ခြင်း ဖြစ်သည်။
ဗုန်း
ဝမ်ချောင်၏အတွေးများက ပြောင်းပြန်လန်သွားပြီးနောက် သူ၏စိတ်လောက,ကလည်း ကောင်းကင်ဘုံကြီးတစ်ခုက လှုပ်ခါကာ အသွင်ပြောင်းသလိုမျိုး ကြီးကြီးမားမား ပြောင်းလဲသွားသည်။ မိုးချုန်းသံများက မြည်ဟည်းသည်။ မြူကလည်း တဖြည်းဖြည်း ပျက်ပြယ်လာသည်။ ရုတ်တရက် အရှိန်အဝါကြီးမြတ်သော ခုတ်ချက်တစ်ခုနှင့်အတူ ဝမ်ချောင်၏ကိုယ်ပေါ်သို့ ကျရောက်နေသော တောင်တန်းတမျှ လေးလံလွန်းသောဖိအားက ရုတ်ချည်းပျောက်သွားသည်။
ရွှေရောင်ဓါး၏အပေါ်ယံ မျက်နှာပြင်ပေါ်တွင် စကားလုံးများက စတင်ကာပေါ်လာသည်။ ရေးသားထားမှုကလည်း ထောင်လွှားမှုအပြည့်နှင့်ဖြစ်ပြီး အလွန်အမင်းခမ်းနားကာ လှပကျော့ရှင်းသည်။
"သဘောထားကြီးမြတ်မှု၊ဖြောင့်မတ်မှန်ကန်မှု၊ရိုကျိုးမှု၊ညာဏ်ပညာကြီးမှု၊နှိမ့်ချစွာနေတတ်မှု"
ထိုစကားလုံးများက သူ၏စိတ်အတွင်းသို့ တဖြောင့်ထဲ တိုးဝင်သွားသည်။
ဝုန်း
ဝမ်ချောင်သည် ရုတ်တရက် ထရပ်လိုက်သည်။ သူ၏မျက်ဝန်းက ကြယ်စင်အလား တောက်ပနေသည်။ သူသည်လည်း သူယခုလုပ်ရမည့်အရာကို သိလိုက်သည်။ သူသည် သူ၏နှလုံးသားကို ဖွင့်ပေးလိုက်ပြီး သူ၏မျှော်လင့်ချက်နှင့်စိတ်ဆန္ဒများကို လွတ်လပ်စွာ ပျံသန်းစေသည်။
သူသည် သေခြင်းနှင့်ကပ်ဘေးကို ကြုံတွေ့ခဲ့ပြီးနောက်တွင် ဒီလောကအတွက် ပြည်သူတွေအတွက် ပြန်လည်ရှင်သန်လာသည်။ ထို့သို့ဖြင့် လူသားမျိုးနွယ်ကလည်း ဆက်လက်ပြီး အဓွန့်ရှည် တည်တံ့နေမည် ဖြစ်သည်။
သူသည် သူ၏အတွေးများအားလုံးကို လောကထဲသို့ ထုတ်ပြလိုက်သည်။ မည်သည့်စိတ်ဆန္ဒ၊ မည်သည့်ကိုယ်ကျိုးဆန်သည့်တောင်းဆိုမှုမှ မပါဝင်နေခဲ့ဘဲ လွတ်လပ်သည့်အတွေးအကြံတိုင်းကို ထုတ်ပြထားသည်။
ဝမ်ချောင်သည် မျက်စိကို တဖြည်းဖြည်းမှိတ်လိုက်ပြီး စိတ်ကိုဖွင့်ပေးလိုက်သည်။ သူ၏ယခင်ဘဝမှ မြင်ကွင်းများ၊ တောင်တန်းများ ပြိုလဲကျခြင်း၊မြစ်ကြမ်းပြင်များ ကွဲအက်ခြင်း၊မီးများ တောက်လောင်ခြင်း၊ လူအလောင်းများ....အမျိုးမျိုးသော ငရဲဆန်သည့် မြင်ကွင်းများအားလုံးက စိတ်ထဲမှထုတ်ပြပြီး ထိုနတ်ဓါးထံသို့ ပို့လွှတ်လိုက်သည်။
ထိုလောကကြီးတစ်ခုလုံးနှင့် နှိုင်းယှဥ်လျှင် သူ၏အသက်က ပုရွက်ဆိတ်တစ်ကောင်လောက်ပင် တန်ကြေးမရှိခဲ့ပေ။ ထိုနတ်ဓါးတွင်သာ ဝိဉာဉ်ရှိလျှင် သူ၏အကူအညီကို တောင်းဆိုလိုက်လေသည်။
ဝုန်း
တစ်ခဏခန့်ကြာပြီးနောက် ဝမ်ချောင့်ထံ တိုးဝင်လာနေသည့် မရေမတွက်နိုင်သော ရွှေဓါးထောင်ပေါင်းများစွာက လေထဲတွင် တောင့်ခဲသွားသည်။
ချွင်
1517 03
ကွေးနေသောချိန်းကြိုးကလေထဲတွင် ခပ်ကြမ်းကြမ်း ရမ်းခါသွားပြီးနောက်တွင် လျှို့ဝှက်နက်နဲသော အင်အားတစ်ရပ်ဖြင့် ဖြောင့်တန်းသွားအောင် ဆွဲလိုက်ခြင်း ခံရသည်။
မြူထုကပင် ပျက်ပြယ်နေရာမှ ဝရုန်းသုန်းကား ပြန်ဖြစ်လာလေပြီး လေထုကလည်း ငြိမ်သက်သွားသည်။ မြူထုက ကွဲထွက်သွားသည်နှင့် ရွှေရောင်အလင်းတန်းက ပေါက်ထွက်လာကာ အတွင်းဘက်တွင် ပုန်းကွယ်လျက် ကျန်ရစ်သော မူလအမရဓါးက ယခုအခါ ခမ်းနားထည်ဝါစွာ ၊အရှိန်အဝါကြီးမြတ်သော စွမ်းအင်များနှင့်အတူ ပေါ်ထွက်လာသည်။
ပါးကုရှီတု၏မျက်နှာက ချက်ချင်း တင်းမာသွားသည်။ သူသည်လည်း ရုတ်တရက် မကောင်းသောခံစားချက်ကို ရလိုက်သည်။
ဆွစ်
ပါးကုရှီတုက အံအားသင့်ပြီး စိတ်ရှုပ်နေသေးချိန်တွင် ယခုလေးတင် အုတ်ဂူထဲသို့ ရောက်မတတ်ဖြစ်ခဲ့သော ဝမ်ချောင်က လျှပ်စီးလက်သလိုကဲ့သို့ ခုန်ထွက်လိုက်ပြီး ချိန်းကြိုးတစ်ဖက်ခြမ်းသို့ အပြေးသွားသည်။
"ဝမ်ချောင် ရပ်စမ်း !!! "
ပါးကုရှီတု၏ဟိန်းသံက အာကာသပြင်တစ်ခုလုံးအနှံ့ ကျော်ဖြတ်သွားသည်။
မူလအမရအရှင်က ချန်ထားရစ်ခဲ့သော နောက်ဆုံးသော စမ်းသပ်မှုက အန္တရာယ်အပြည့်နှင့်ဖြစ်သည်။ ပါးကုရှီတုတွင်ပင် ကျော်နိုင်ရန် ခက်ခဲသည်။ ထိုအခြေအနေကြောင့် ဝမ်ချောင်ကို စတေးခံအဖြစ် အသုံးပြခဲ့သည်။ ဒီနေရာတွင်ပင် ဝမ်ချောင်က သူ့အတွက် နတ်ဓါးကိုယူပေးရန် မျှော်လင့်ထားသော်လည်း ပါးကုရှီတုကမူ ထိုသို့ဖြစ်နိုင်မည်ဟု မယုံကြည်ခဲ့ဖူးပေ။
အဝေးမှဝမ်ချောင်ကမူ ကြားပုံမရချေ။ သူသည်လည်း ရှေ့သို့ပင် ဆက်လက်တိုးဝင်သွားသည်။ ချိန်းကြိုး၏အဆုံးနားက ယခုမူဝေးကွာခြင်း မရှိတော့ပေ။
"ရပ်စမ်း"
ပါးကုရှီတုက တစ်ဖန် ထပ်ပြီးအော်သည်။ သူ၏အသံက ဒေါသနှင့်စိုးရိမ်စိတ် များပြည့်လာသည်။ သို့သော် ဝမ်ချောင်က ဂရုမစိုက်ပေ။
ဒီအကွက်ပဲ။
ဝမ်ချောင်က ခေါင်းကို မော့လိုက်ပြီး သူ၏မျက်ဝန်းက တောက်ပနေသည်။ ပါးကုရှီတုက သူ့ကို ဘယ်သောအခါမှ လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ ဝမ်ချောင်သည်လည်း အစပိုင်းကတည်းက သိနေသည်။
အော့စမစ်ခါကန်းနှင့် သဘောတူညီချက်ယူထားသော ကိစ္စကို ပြီးမြောက်ရန်အတွက် ၊အရှေ့ပိုင်းတူရကီများအတွက် မဟာကပ်ဘေးကြီးကို ဖယ်ရှားရန်အတွက် ဖြစ်စေ၊ နတ်ဓါးကို ရရှိရန်အတွက်ဖြစ်စေ ပါးကုရှီတုဟာ သူ့ကိုအသက်ရှင်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။
ထိုအတို င်းရှေ့ဆက်သွားနေခဲ့သော် သူသည် ရှင်သန်ရန် အခွင့်အရေးရှိလောက်သည်။ သို့သော် သူဟာ ပါးကုရှီတုကို နာခံခဲ့သော် ရန်သူ၏လက်ထဲတွင် တင်းတင်းကြပ်ကြပ် ချည်နှောင်ခံလိုက်ရသည်နှင့် အဆုံးသတ်သွားပေလိမ့်မည်။ သူသည်လည်း အသူရာချောက်ကမ်းပါးေအာက်ဘက်မှ ရေထဲသို့ထိုးချခံရပြီး ရေနစ်သွားသူတစ်ယောက် ဖြစ်သွားနိုင်သည်။
ပို၍အရေးကြီးမှာ... ယခုအခါသူသည် နတ်ဓါး၏အသိအမှတ်ပြုမှုကို ရရှိလိုက်ပြီဖြစ်ပြီး ဝမ်ချောင်သည်လည်း ဆက်သွယ်မှုတစ်ခု ပိုင်ဆိုင်လာသည်ဟု ခံစားလိုက်ရသည်။
ပို၍ဆိုးသည်မှာယခုလေးတင် ဝမ်ချောင်သည် မူလအမရဝင်္ကမ္ဘာ၏စွမ်းအင်များက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ နဂိုက အင်အားကုန်ခမ်းနေသော အခြေအနေကို ပြန်လည်ဖြည့်တင်းပေးနေကြောင်း ခံစားမိလိုက်သည်။
ဝမ်ချောင်၏ချောက်ကပ်နေသော ဒန်တျန်က လျှင်မြန်စွာ ပြန်လည်သက်သာ လာသည်။ ဝမ်ချောင်၏စိတ်စွမ်းအင်ကိုလည်း ပြန်ရလာ၏။ သို့သော် ဝမ်ချောင့်ကို အံ့ဩစေဆုံးက နတ်ဓါးသည် ပါးကုရှီတု၏ခွန်အားကို ဖိနှိပ်နိုင်ခြင်း ဖြစ်သည်။
ပါးကုရှီတုက သူ၏ခန္ဓာကိုယ်ထဲသို့ ထည့်ထားသော အမှောင်ကြယ်တာယာစွမ်းအင်များက ဆိုးယုတ်ကာ အေးစက်သည်။ တူရကီမြက်ခင်းပြင် လွင်ပြင်ဒေသမှ ဝံပုလွေတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းတမ်းမှုများနှင့် တောက်ပနေသေးသည်။ သို့သော် ထိုကဲ့သို့သော မကောင်းမှုဆန်သည့်စွမ်းအင်မျိုးကလည်း ဘုရင်များ၏ဓါးက ဖျက်ဆီးအုပ်စိုးတတ်သော စွမ်းအားများ ဖြစ်နေသည်။ ထိုကြောင့် ဝမ်ချောင်သည်လည်း သူဟာ ဓါးနားသို့ ကပ်သွားလေလေ ပါးကုရှီတုက သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ထည့်သွင်းထားသော အနက်ရောင်ကြယ်တာယာစွမ်းအင်များက အားနည်းနေလေဖြစ်ကြောင်း ခံစားမိလာသည်။
1517 04
ဝမ်ချောင်သည်လည်း ချိန်းကြိုးများ၏ အဆုံးနားမှ နတ်ဓါးက သူ၏ ပါးကုရှီတုထံမှ လွတ်မြောက်နိုင်သည့် မျှော်လင့်ချက်အသ စ်ဖြစ်လေသည်။
နောက်ဆုံးအပိုင်း
ဝမ်ချောင်က အခြား တစ်ဖက်ခြမ်းကို ကြည့်သည်။ ဓါးပျံများက ယခုအခါ ရပ်တန့်သွားပြီးဖြစ်ပြီး သူသည်လည်း နတ်ဓါး၏ အသိအမှတ်ပြုခြင်းကို ရရှိလိုက်ပြီးသဖြင့် ထိုဓါးများက ဝမ်ချောင်ကို လစ်လျူရှုသွားပြီဖြစ်သည်။ မူလအမရရတနာသိုက်၏သမိုင်းတွင် မဖြစ်ပျက်ခဲ့ဖူးသော အနေအထားမျိုးဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်က နတ်ဓါးကို မြင်နိုင်သွားပြီ ဖြစ်သည်။
ဝှစ်
ဝမ်ချောင်က တစ်ချက်ခုန်လိုက်ပြီး လေထဲသို့ နဂါးတစ်ကောင်က ချိန်ကြိုးထဲမှ လွတ်မြောက်ကာ ခုန်ထွက်လိုက်သလိုမျိုးတက်လိုက်ရင်း မြူထုများအုံ့ဆိုင်းနေပြီး ယဇ်ပလ္လင်ထံသို့ သွားသည်။ ယဇ်ပလ္လင်၏အရှေ့ဘက်တွင် အရှိန်အဝါကြီးမြတ်သည့် ပထမမျိုးဆက်၏ဆက်ခံသူက မားမတ်စွာရပ်နေသည်မှာ နတ်ဘုရားတစ်ပါးအလား ထင်ရသည်။ သို့သော် ပို၍ပင်တောက်ပသည်မှာ သူ၏ အရှေ့ဘက်မြေပြင်ထဲတွင် ထိုးစိုက်နေသည့် မူလအမရနတ်ဓါး ဖြစ်သည်။
ဝမ်ချောင်က လက်ကို ဆန့်ထုတ်လိုက်ပြီးနောက် မူလအမရနတ်ဓါး၏လက်ကိုင်ကို ကိုင်လိုက်သည်။
အနောက်ဘက်မှ အလွန်အမင်းအံ့ဩနေသော ပါးကုရှီတုကမူ အလန့်တကြား အော်ဟစ်လိုက်သည်။
အစောပိုင်းက ပါးကုရှီတုသည် ဝမ်ချောင်က သူ ရင်ဆိုင်နေရသော ဖိအားများအောက်တွင် ရောက်နေခဲ့သောကြောင့် သူ၏စကားကို မကြားဟု သူ့ကိုယ်သူ ယုံကြည်ရန် နှစ်သိမ်ခဲ့သေးသည်။ သို့သော် ဝမ်ချောင်က ယဇ်ပလ္လင်ပေါ်သို့တက်ပြီး ဓါးကို လှမ်းကိုင်လိုက်သည့်အချိန်တွင်မူ အရာအားလုံးက ရည်ရွယ်ချက်ရှိရှိ လုပ်ကြောင်း နားလည်လိုက်သည်။
ဝမ်ချောင်က သူ့ကိုသစ္စာဖောက်ခဲ့သည်မှာ သံသယဝင်စရာမရှိပေ။ သူသည်လည်း ပါးကုရှီတု၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။
" အရူးလား! မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းသေချင်နေတာပဲ !"
ပါးကုရှီတု၏မျက်လုံးက မှေးကျဥ်းသွားပြီး သူ၏မျက်နှာက ဆောင်းတွင်းအလား အေးစက်လာသည်။ သူက ဉာဏ်ဘယ်လောက်ကောင်းကောင်း ဘာအရေးကြီးလဲ။
သူက ချိန်းကြိုးကို ဖြတ်သန်းသွားရုံနဲ့ သူရဲ့လက်အောက်က တကယ်လွတ်မယ်ထင်နေတာလား။ မိုက်မဲလိုက်တာ။
ခရက်
ပါးကုရှီတု၏လက်ချောင်းများက အတူဆုပ်လိုက်သည်။ သူ၏အရိုးအဆစ်များက ကွဲအက်သံများ ထွက်လာပြီး ထိုချောက်ကမ်းပါးအနှံ့ ဟိန်းထွက်သွားသည်။
လက်ချောင်းများက ဆုပ်လိုက်သည့် အခိုက်အတန့်တွင်ပင် ဝမ်ချောင်က မူလအမရဓါးကို ဖမ်းကိုင်လိုက်သည့် အခိုက်အတန့်ဖြစ်နေသည်။
ပါးကုရှီတုသည်လည်း သူ၏မြေကမ္ဘာဂိုဏ်းမှ အဆင့်လွန်ချိတ်ပိတ်ခြင်းသိုင်းကို အသက်သွင်းလိုက်သည်။ ထိုသိုင်းက အမှောင်လမင်း၏ မီးတောက်ဖြစ်သည်။
ဘမ်း
ဝမ်ချောင်၏ခန္ဓာကိုယ်ထဲတွင် နစ်မြုပ်နေသော အနက်ရောင် စည်းတံဆိပ်က ရုတ်တရက် တောမီးလောင်သလို ထတောက်လာသည်။
"ငါ့ရဲ့လမ်းကဖယ်!"
သူ၏ကိုယ်အတွင်းမှ အနက်ရောင်မီးတောက်ကို အာရုံခံမိသည့်ဝမ်ချောင်ကလည်း မူလအမရနတ်ဓါး၏ လက်ကိုင်ကို ကိုင်ထားပြီး အင်အားအပြည့်ဖြင့် ဆွဲထုတ်လိုက်သည်။ ဒီနေရာတွင်သူသည်လည်း တောင်တန်းတမျှလေးလံလွန်းသော နတ်ဓါးကို ဆွဲထုတ်ရန် ကြံစည်ထားသည်။
******
1518 01
အခန်း_၁၅၁၈
ဂျိမ်း
ဝမ်ချောင်က မူလအမရနတ်ဓါးကို ဆွဲထုတ်လိုက်သည်နှင့် မြေကမ္ဘာ၏ဟိုးအနက်ရှိုင်းဆုံးပိုင်းကနေပြီး လှုပ်ခါမှုများ စကာပေါ်ထွက်လာသည်။ အပေါ်ဘက်ပိုင်းမှ ဂူများ၏အမိုးဘက်မှ ကျောက်စွယ်ကဲ့သို့ အချွန်အတက်များနှင့် ကျောက်သားများ၊ဖုန်မှုန့်များက အောက်ဘက်သို့ ပြုတ်ကျလာသည်။ သတ္ထုကျောက်ရိုင်းသွေးကြောမှ တစ်ပိုင်းတစ်စချင်းစီ ပြုတ်ကျလာလေ၏။ ကြီးမားသောကျောက်တုံးကြီးတစ်တုံးက ချိန်းကြိုးပေါ်သို့ ပြုတ်ကျသော်လည်း ချက်ချင်းဆိုသလိုပင် ခပ်ကြမ်းကြမ်းလွှင့်ပစ်ခံရသလိုမျိုး ရမ်းခါကာ ထွက်သွားလေသည်။
ထိုအခိုက်အတန့်တွင်မြေအောက်လောကကြီးတစ်ခုလုံးက ပြိုကျမည့်လက္ခဏာကို ပြသလာသည်။
“ဘာတွေ ဖြစ်နေတာလဲ”
“ဘာဖြစ်တာလဲ”
ခရက်
ဟစ်..
ဂူများ၏အခြားသောနေရာတွင်.... ဖုန်မှုန့်များနှင့် ကျောက်သားများက အထက်မှပြုတ်ကျလာသောအခါ အာရုံစူးစိုက်ကာစိတ်နှစ်နေကြသည့် သိုင်းပညာရှင်များက ခေါင်းမော့လာကြသည်။ သူတို့က တစ်ယောက်ပြီးတစ်ယောက်လိုလိုကြည့်ရင်း အံ့အားသင့်လာကြသည်။
“ဘာလို့ဒီလောက်ထိ ကြီးကြီးမားမားလှုပ်ခါနေတာပဲ ဘာတွေဖြစ်နေတာလဲ?”
တစ်ချိန်တည်းတွင်ပင် ဂူများ၏နောက်တစ်နေရာတွင်.....ရှိနေသော လမ်းကြောင်းလျှောက်သူများကလည်း တအံ့တဩဖြစ်ကာ အလန့်တကြား ဖြစ်နေကြသည်။ ထိုတုန်ခါမှုက အရမ်းကြီးမားလွန်းလေရာ ဂူများအားလုံးက ချက်ချင်းဆိုသလိုပြိုကျပြီး မြေမြုပ်တော့မည်ကဲ့သို့ ဖြစ်လာသည်။ မည်သည့်သိုင်းပညာကမှ ထိုသို့မလုပ်နိုင်ပေ။
“ဟား ဟား မဟာမူလအမရသိုင်း မူလအမရသိုင်းပဲဖြစ်ရမယ် တစ်ယောက်ယောက်က ရှာတွေ့သွားပြီ သွားရအောင်”
ဂူများ၏ တစ်နေရာမှသိုင်းပညာရှင်တစ်ယောက်က နားလည်သွားပုံပေါ်သည်။ သူ၏အပေါင်းအပါများက မတုံ့ပြန်နိုင်သေးခင် သူသည်လား တုန်ခါမှုအရင်းအမြစ်နေရာသို့ အပြေးလာလေသည်။
ဝုန်း
မြေအောက်နန်တော်အတွင်းမှ လောက ကလည်း ရမ်းခါနေပြီး ဖုန်များက မျက်နှာကျက်မှ ပြုတ်ကျသည်။
ဗုန်း
ခရက်
သိပ်သည်းသောသတ္ထုတိုင်ကြီးတစ်တိုင်က ပြိုလဲကျပြီး မြေပြင်ပေါ်သို့ ကြေမွကာရောက်သည်။ ဖုန်များက တိမ်စိုင်အလား မြောက်တက်လာသည်။ ဖြောင့်မတ်မှန်ကန်ခြင်းအဖွဲ့ ဝင်များကလည်း ချက်ချင်းဆိုသလို ရပ်လိုက်ရသည်။
“ မဟာမိတ်အရှင် “
လူတိုင်းကလည်း အရှေ့ဆုံးမှလူကိုကြည့်သည်။ ထိုလူကဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်စုန့်ယွမ်ယွီဖြစ်သည်။ စုန့်ယွမ်ယွီက ဘာစကားမှမပြောပေ။ သူသည် လှုပ်ခါနေသော အရင်းအမြစ်ရှိရာဘက်သို့ကြည့်သည်။
ရှားပါးသောအခိုက်အတန့်တွင်ပင် ဘယ်သောအခါမှမယိမ်းယိုင်သည့် ဖြောင့်မတ်မှန်ကန်သော လမ်းကြောင်းလျှောက်သူ ခေါင်းဆောင်ကြီးက မျက်မှောင် အနည်းငယ်ကြုတ်သည်။
“ကြည့်ရတာ တစ်ယောက်ယောက်က အဲဒီကို ရောက်နှင့်နေပြီပဲ”
သူ့မဟာမိတ် အရှင်ရှန့်ကွမ်းထင်၏ရင်းနှီကျွမ်းဝင်သောသူက အအနောက်ဘက်မှ ထွက်လာသည်။ ထိုသူကိုယ်တိုင်ကပင် ဘေးဘက်မှ ထွက်လာပြီး စုန်ယွမ်ယွီနံဘေးတွင် လာရပ်သည်။
1518 02
“မြေအောက်နန်းတော်က မူလအမရအရှင်ရဲ့တပည့်၆ယောက်လုံးက စောင့်ကြပ်နေတာ ဒီခရီးလမ်းတစ်ခုလုံး စိန်ခေါ်မှုတွေအပြည့်ပဲ ဘယ်လိုလူမျိုးကများ အဲဒီလောက် အရှိန်နှုန်းနဲ့ သွားနိုင်တာလဲ “
ရှန့်ကွမ်းထင် မျက်မှောင် တင်းတင်းကြပ်ကြပ် ကြုတ်ထားကာ အမူအရာကတင်းမာနေသည်။ အနောက်မြောက်ပိုင်းတွင် စုစည်းနေသောကျွမ်းကျင်ပညာရှင်များနှင့် ဖြောင့်မတ်မှန်ကန်သော မဟာမိတ်ကအင်အားအပြည့် လှုပ်ရှားကာ ရွေ့လျားသွားနေခြင်းဖြစ်သည်။ သို့သော် သူတို့ကပင် မူလအမရသိုင်းကို မရနိုင်သေးပေ။ ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်အတွက် ကြီးမားသောနောက်ပြန်ဆွဲသည့် ကိစ္စကြီးက ရှိနေသည်။
“သူ မဟုတ်ဖို့ ငါမျှော်လင့်တယ်”
စုန့်ယွမ်ယွီက ထိုမျှပင်ပြောနိုင်သည်။ ထိုစကားလုံးများကပင် ရှန့်ကွမ်းထင်၏မျက်နှာကို ဖြူဖျော့သွားစေ၏။ တခြားမည်သူကမှ ဘာမှမပြောနိုင်သေခင် စုန့်ယွမ်ယွီက အရှေ့ဘက်သို့ အပြေးသွားပြီး ပျောက်ကွယ်သွားသည်။
“သွားရအောင် ငါတို့ ဘယ်လိုတန်ကြေးကို ပေးရပေးရ ရောက်အောင်သွားရမယ်”
“တစ်ယောက်ယောက်က မူလအမရသိုင်းကို ရှာတွေ့သွားပြီ ။သွားရအောင်”
နန်းတော်အတွင်း စိုးရိမ်တကြီးအော်ဟစ်သံများက ပြည့်နှက်သွားသည်။ တစ်ချိန်တည်းတွင် စုန့်ယွမ်ယွီက သူ၏ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များကို ဦးဆောင်ခေါ်ကာ အတွင်းဘက်နေရာသို့ သွားနေခဲ့ချိန်တွင် ရေနတ်ဘိုးဘေးကလည်း နဂါးနက်ကြီးအဖြစ် ပြောင်းလဲပြီး အော်ဟစ်ကာသွားနေသည်။
သူ့၏အနောက်ဘက်တွင် ကြီးမားသော အရိုးနတ်ဆိုးနှင့်မြောက်များလှစွာသော ဘိုးဘေး၅၀၀မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက လိုက်ပါလာသည်။
ဘိုးဘေး၅၀၀မဟာမိတ်သည် မြေအောက်နန်းတော်၏အန္တရာယ်များအကြားတွင် ကျွမ်းကျင်ပညာရှင်ပေါင်းများစွာကို ဆုံးရှုံးထားရသည်။ သို့သော် သူတို့သည် ထိုကိစ္စများကို စိုးရိမ်နေခြင်း မရှိတော့ပေ။ အဆင့်လွန်အဆုံးအစမဲ့မူလအမရသိုင်းကို မရရှိပါက ဒီနေရာသို့ အလဟဿလာပြီး ကျွမ်းကျင်ပညာရှင်များအားလုံးကို အဆုံးရှုံးခံသလို ဖြစ်သွားပေလိမ့်မည်။
ပို၍အရေးကြီးသည်မှာ မိစ္ဆာလမ်းကြောင်းလျှောက်သော သိုင်းပညာလောကမှ လူအိုကြီးများအနေနှင့် တစ်ယောက်ယောက်က သူ၏မျက်စိအောက်တွင် ရတနာကို ရယူသွားသည်ကို လက်မခံနိုင်ပေ။
ဂျိမ်း
ထိုအဖွဲ့က လျှောက်လမ်းများအတွင်းဝင် ရောက်ပျောက်ကွယ်သွားပြီး ဝမ်ချောင်တို့အဖွဲ့ ရှိရာသို့ ဦးတည်လာကြသည်။ ထိုအခိုက်အတန့်တွင် မြေအောက်လောကမှ မည်သူကမဆို တုန်ခါမှုကို ခံစားမိသည်နှင့် အရာအားလုံးကို ဘေးဖယ်ပစ်ပြီး အပြေးလာနေကြသည်။
ဝမ်ချောင်က ထိုအပြောင်းအလဲများကို အာရုံမခံမိသေးပေ။ သူသည်လည်း ဓါးကိုဆွဲထုတ်ခြင်းက လူတိုင်းကို ရူးသွပ်သွားစေမှန်းမသိသေးပါပေ။
“ငါ့ဆီ အညံ့ခံစမ်း”
ထိုအချိန်တွင် ဝမ်ချောင်သည်အရှေ့မှ ဓါးအပေါ်သာ လုံးဝအာရုံစိုက်ထားသည်။ သူသည် သူ၏အင်အားများခွန်အားများအားလုံးကို ထုတ်သုံးလိုက်ပြီးနောက် တစ်လောကလုံးကို လှုပ်ခါစေသည်။
ဝမ်ချောင်သည် ဓါးကိုဆွဲထုတ်နေခြင်း မဟုတ်ဘဲ လောကကို ဆွဲထုတ်နေသကဲ့သို့ ခံစားလိုက်ရသည်။
ဘန်း
သိသိသာသာ ကြာညောင်းလွန်းသောတစ်စက္ကန့်ခန့် ကုန်လွန်သွားပြီးနောက်တွင် ဝမ်ချောင်သည် သူ၏အင်အားများကိုပို၍ပင် အားစိုက်ထည့်လိုက်သည်။ သူ၏တစ်ကိုယ်လုံးမှ သွေးကြောများက ဖောင်းတက်လာသည်။ နောက်ဆုံးတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထွက်လာပြီးနောက် မြေပြင်ကပင်ကွဲအက်ကာ ထိုဓါးကလည်း အလင်းတန်းများနှင့်အတူ ပေါက်ထွက်ရန် ပေါ်လာသည်။
ဓါးကို ဆွဲထုတ်လိုက်နိုင်သည့် အခိုက်အတန့်တွင်ပင် ထိုနတ်ဓါးအတွင်းမှ သိပ်သည်းသောစွမ်းအင်လှိုင်းများက ဝမ်ချောင်၏ကိုယ်ထဲသို့ တိုးဝင်လာနေသည်။
ဖုက်
1518 03
ဘန်း ဘန်း
ထိုဖြောင့်မတ်မှန်ကန်မှု တည်ငြိမ်မှုနှင့်ထည်ဝါမြင့်မြတ်သောရှေးခတ်ကာလမှ စွမ်းအင်များက ဝမ်ချောင်၏သွေးကြောများအတွင်းသို့ ဝင်ရောက်ပြီး ဒန်တျန်းထဲသို့အပြေးဝင်ကာ ပါးကုရှီတုက ဝှက်ထားခဲ့သည့်စွမ်းအင်များကို တစ်သုတ်ထဲနှင့် ဖယ်ရှားပစ်လိုက်သည်။
အထွတ်အထိပ်မှ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ကပင် ထိုကဲ့သို့သော ပါးကုရှီတု၏အမှောင်လမင်းမီးတောက်ဒဏ်ကို တောင့်မခံနိုင်ခဲ့ပေ။ မြေကမ္ဘာဂိုဏ်း၏သမိုင်းတွင်ပ င်မြောက်များလှစွာသော သိုင်းပညာရှင်များကလည်း ထိုအဆင့်လွန်စည်းတံဆိပ်ကြောင့် သေဆုံးခဲ့ရသည်။ သို့သော်မူလအမရနတ်ဓါး၏ ခမ်းနားထည်ဝါကာ ဖြောင့်မတ်မှန်ကန်သည့် စွမ်းအင်ကို ရင်ဆိုင်ရချိန်တွင် ထိုစွမ်းအင်များကလည်း ပူလောင်စူးရှသော နေရောင်အောက်သို့ ရောက်သွားသည့် နှင်းများအလား အရည်ပျော်သွားရသည်။
ပို၍ဆိုးသည်မှာ ထိုသိပ်သည်းလွန်းသော စွမ်းအင်များက ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖြတ်သန်းသွားချိန်တွင် သူ၏ဆဲလ်များတိုင်းသွေးကြောတိုင်းကို အားဖြည့်ပေးနေခဲ့ပြီး ယခင်ကပုံမှန်စွမ်းအားများကို ပြန်ဖြည့်ပေးလိုက်သည်။
ထိုစွမ်းအင်သည် ဝမ်ချောင်ယခင်က ကြုံတွေ့ ဖူးသော စွမ်းအင်များနှင့် လုံးဝခြားနားသည်။ မူလအမရကြယ်တာယာစွမ်းအင်နှင့် တူညီနေချိန်တွင် ပို၍သိပ်သည်းသောအမျိုးအစား ဖြစ်သည်။
မူလအမရကြယ်တာယာစွမ်းအင်များက လုံးဝရွှေရောင်ဆိုလျှင် ထိုနတ်ဓါး၏စွမ်းအင်ကမူ ကြွေရောင်ကို ခရမ်းရောင် စွန်းထင်းနေခြင်းဖြစ်သည်။ ထို့ကြောင့် နတ်ဆန်သောအရှိန်အဝါမျိုး ဖြစ်လေသည်။
ဝမ်ချောင့်ကို အံ့ဩစေဆုံးကိစ္စက....ထိုစွမ်းအင်က ဝမ်ချောင်၏ကိုယ်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းက စုပ်ယူထားခဲ့သည်။ မတူညီသော အမျိုးအစားထောင်ပေါင်းများစွာကြောင့် ပျက်စီးနေခဲ့သော အရာများအားလုံးက တမဟုတ်ချင်း ကောင်းမွန်သွားခြင်းဖြစ်သည်။
သိထားရမည်မှာ ဝမ်ချောင်၏ ကျင့်ကြံခြင်းသွေဖယ်မှုကို သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသော မတူညီသော အမျိုးအစားထောင်ကျော်က အချင်းချင်းရင်ဆိုင်ရင်းမှ ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုနတ်ဓါး၏စွမ်းအင်က ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ဝမ်ချောင့်ကိုကြာရှည်စွာ ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့သော လွဲမှားလွန်းနေသည့် စွမ်းအင်ပြဿနာများက ချက်ချင်းဖြေရှင်း၍ပြီးသွားသည်။ ဆိုလိုသည်မှာ ဝမ်ချောင်၏ကျင့်ကြံခြ င်းသွေဖယ်မှုကို လုံးဝကုသပြီးဖြစ်သည်။
“ဝမ်သာစရာပဲ”
ဝမ်ချောင်က ထိုအခြေအနေကြောင့် လုံးဝပျော်ရွှင်သွားလေသည်။ သူသည် သူ၏ပြန်လည်အသိမဝင်နိုင်သည်အထိပင် အပျော်လွန်သွားလေသည်။
အတွင်းပိုင်းပြဿနာ မရှိတော့သောအခါ သူသည်လည်း အင်အားအပြည့်ကို ထုတ်သုံးနိုင်ပြီဖြစ်ပြီး ယခင်ကထက်ပင် အင်အားကြီးမားသွားသေးသည်။ ဝမ်ချောင်သည် ယခုအခါ ပြီးပြည့်စုံသော အနေအထားမျိုးတွင်ဖြစ်သည်။
သို့သော် ဝမ်ချောင့်ကို ပို၍အံ့အားသင့်စေသည်မှာ နောက်ပိုင်း ဖြစ်လာသည့်ကိစ္စ ဖြစ်သည်။
“မင်းနောက်ဆုံးတော့ ရောက်လာပြီပဲ”
ထိုအချိန်တွင် ဝမ်ချောင့်၏နားအတွင်းသို့ လေးလံသော အသံတစ်သံက ပတ်လည်ထွက်၍ ဝင်ရောက်လာသည်။ ထိုအသံကထည်ဝါမှု လေးစားမှု ပြင်းထန်သောစိတ်အေးမှုများ ပြည့်နှက်နေသည်။
ဘန်း
ထို့နောက် သူ၏နားထဲတွင် ဒူးကကြမ်းပြင်ကို ထိသောအသံက ဟိန်းထွက်လာသည်။ ဝမ်ချောင်က တအံ့တဩနှင့် အသိပြန်ဝင်လာသောအခါ ပထမမျိုးဆက်ဆက်ခံသူ၏ မင်းမူကာ ထောင်လွှားလွန်းသောပုံရိပ်ကြီးက ရုတ်တရက် ဒူးထောက်ထားပြီး ဂုဏ်ယူရသောခေါင်းကို ညွှတ်ထားကြောင်း မြင်ရသည်။
ဝမ်ချောင်ကို ပို၍ပင်မှင်သက်စေသည်မှာ လွန်ခဲ့သော သေဆုံးသွားခဲ့သည်မှာ နှစ်၁ထောင်နီပါးကြာသော ထိုပထမမျိုးဆက် ဆက်ခံသူက သူ့ကို ဦးညွှတ်ကာ အညံ့ခံလာသည်။
ချွင် ချွင် ချွင်
1518 04
တစ်ချိန်ထဲလိုလိုပင် ဓါးပျံသောင်းကျော်က တစ်သားတည်းဖြစ်သွားပြီး သူတို့၏ဓါးထိပ်များက ဝမ်ချောင်ကို အသိအမှတ်ပြုသလို ဦးညွှတ်လိုက်ခြင်းဖြစ်သည်။
“ဘာတွေဖြစ်နေတာလဲ”
အဝေးမှလူများသည်လည်း ထုံထိုင်းနေကြသည်။ မြူထဲမှ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှ င့်ဝူရှန်းရွာသူကြီးတို့က ဘေးချင်းယှဥ်လျက် ရပ်နေကြပြီး ထူးဆန်းသောအဖြစ်အပျက်များအား ကြောက်ရွံ့ရိုသေ မှုဖြင့်ကြည့်နေကြသည်။
“မဖြစ်နိုင်တာ ဘာဖြစ်နေတာလဲ”
ပါးကုရှီတုထက် မည်သူကမှ ပို၍မအံ့ဩလောက်ပေ။
သူသည်လည်း ဝမ်ချောင့်၏ကိုယ်ထဲမှ အမှောင်လမင်းမီးတောက်ကို ချက်ချင်းအသက်သွင်းထားသည်။ သို့သော် မြေကမ္ဘာဂိုဏ်းမှ ဒဏ္ဍာရီလာချိပ်ပိတ်သည့်သိုင်းက ယခုအခါ လုံးဝအသုံးမဝင်တော့ပေ။
ပါးကုရှီတုသည်လည်း အမှားအယွင်းတစ်ခုခုရှိနေရမည်ဟု ဆုံးဖြတ်ချက်ချလိုက်ပြီး ၃ကြိမ်ဆက်တိုက် ကြိုးစားကြည့်သည်။ သို့သော် ဝမ်ချောင်၏ကမူ တုံ့ပြန်မှုကို မပြသချေ။ သူ၏ကိုယ်အတွင်းတွင် ထိုစည်းတံဆိပ်က မရှိသကဲ့သို့ ဖြစ်နေသည်။
အရှိန်အဝါကြီးမြတ်သော မူလအမရဓါးဝင်္ကမ္ဘာက မျိုးဆက်၃ဆက်မြောက် ဆက်ခံသူကိုပင် ချောက်ကမ်းပါးထဲသို့ ပစ်ချခဲ့သေးသည်။ ယခုအခါတွင်မူအပြင်လူ ဝမ်ချောင်ကို လစ်လျူရှုထားသည်။ ထိုအရာပင်မကသေးပေ။ ထိုဓါးပျံနှင့်ပထမမျိုးဆက် ဆက်ခံသူတို့က ဝမ်ချောင်ကို ဦးညွှတ်ထားသည်။
ပါးကုရှီတုသည်လည်း သူ၏အဆိုးရွားဆုံးသောအိမ်မက်ဆိုးများထဲတွင် ထိုကဲ့သို့သော ဖြစ်နိုင်ချေမျိုးကို မတွေးထည့်မက်ဖူးခဲ့ချေ။
နောက်ဆုံးစမ်းသပ်မှုက သူနှင့် အစ်ရှီနီရှီတုကိုပင် ကျော်လွှားရန်မဖြစ်နိုင်ခဲ့ချေ။ ထို့ကြောင့် ဝမ်ချောင့်ကိုပင် ထည့်မတွက်ထားခဲ့ပေ။
“မဖြစ်နိုင်တာ။ ဒါလုံးဝမဖြစ်နိုင်ဘူး”
ပါးကုရှီတုကဲ့သို့ မဖြစ်နိုင်သော ဖွံ့ဖြိုးပြောင်းလဲမှုပေါင်းများစွာကြုံတွေ့ခဲ့ပြီးနောက် တည်ငြိမ်ခဲ့သော သူမျိုးကပင် ဟန်ချက်ပျက်သွားသည်။ သူ၏မျက်လုံးက အေးစက်သွားသည်။ သူသည် အခြားတစ်ဖက်ခြမ်းမှ လူငယ်ကို ကြည့်နေရင်းမှ သတ်ဖြတ်လိုစိတ်များက ပြင်းထန်လာသည်။ သို့သော် ဝမ်ချောင်ကမူ ထိုအချိန်တွင် နတ်ဓါးကိုသာ အာရုံရိုက်ထားသည်။
“ဂုဏ်ယူပါတယ် အသုံးပြုသူ။ ကမ္ဘာကို ပြောင်းလဲစေတဲ့ဖြစ်ရပ်ကြီးကို ရှာဖွေတွေ့ ရှိသွားတယ် မူလအမရဓါး(အခြေခံ)၊အသုံးပြုသူက အသုံးပြုသူကို ကံကြမ္မာစွမ်းအင်အမှတ်၁သိန်းနဲ့ ဆုလာဒ်ကြီး ချီးမြှင့်ခံရပါမယ်၊ ထပ်ပေါင်းအနေနဲ့အသုံးပြုသူက “မီးခဲကိုအသက်ဝင်စေခြင်း”စွမ်းရည်ကိုလည်း ရရှိသွားပါတယ် “
“ “မီးခဲကို အသက်ဝင်စေခြင်း”...လောကကို စွဲလမ်းမှုတွေကနေတစ်ဆင့် ပြန်လည်ရှင်သန်လာတာကို သိရှိခဲ့တဲ့ အသိစိတ်အပိုင်းအစတွေအတွက်....ပြိုလဲကျလုနီးပါးဖြစ်နေတဲ့ အနေအထားမှာ အသုံးပြုသူက သူတို့ရဲ့ခန္ဓာကိုယ်အတွင်းကို အချိန်တိုအတွင်း ရွေ့လျားနိုင်သော စွမ်းအင်တစ်မျိုးကို ရရှိသွားပါမယ် “
“ဒီစွမ်းရည်က အသုံးပြုသူပစ်မှုတ်က ပစ်မှတ်ရဲ့ တကွဲတပြားစီဖြစ်နေတဲ့ အသိစိတ်တွေကို စုပ်ယူနိုင်စွမ်းရည် ရှိလာစေမယ်။ ဒါကြောင့် ပစ်မှတ်တစ်ခုကို တစ်ကြိမ်ပဲ အသုံးပြုနိုင်ပါမယ်”
“ဒီစွမ်းရည်က ပစ်မှတ်ရဲ့အပိုင်းအစဖြစ်နေတဲ့ အသိစိတ်တွေကို စုပ်ယူဖို့လိုအပ်တာကြောင့် ပြင်ဆင်ချိန်ကိုလည်း အတိုင်းအတာတစ်ခုထိ လိုအပ်ပါမယ်
မှတ်ချက်...ဒီစွမ်းရည်က တိုက်ခိုက်ဖို့စွမ်းရည် မဟုတ်ပါဘူး”
******
1519 01
အခန်း _ ၁၅၁၉
"ငါ့ရဲ့တာဝန်က ပြီးမြောက်သွားပြီ"
ထိုအချိန်တွင် ဝမ်ချောင်၏အရှေ့မှ ပုံရိပ်က ထပ်ပြီးစကားပြောလာသည်။ သူ၏အသံက အားနည်းသည်ထက် အားနည်းလာ၏။
ချွင် ချွင် ချွင်
လေထဲမှဓါးသောင်းကျော်ကလည်း ရွှေရောင်အလင်းများ လျင်မြန်စွာ ပျောက်ဆုံးလာပြီးနောက်တွင် သာမန်သံမဏိတုံးများအဖြစ် ပြောင်းလဲကာ ချောက်ကမ်းပါးအတွင်းသို့ ပြုတ်ကျသည်။
ပထမမျိုးဆက် ဆက်ခံသူ၏ပခုံးများကလည်း ကုပ်ကျလာပြီး ခေါင်းကလည်း ညွှတ်ကျသွားသည်။ ယခုအခါ သူသည် တာဝန်က လုံးဝပြီးမြောက်သွားပြီဖြစ်သည်။ သူဟာ ချက်ချင်းဆိုသလို လှုပ်ရှားမှုကင်းမဲ့သွားသည်။ နောက်ဆုံးသောစွမ်းအင်များကလည်း ဓါးအလား ကွဲကြေသွားသည်။
ဝုန်း
ပထမမျိုးဆက်ဆက်ခံသူ၏စိတ်က နှစ်၁ထောင်ခန့်နီးပါး တည်ရှိနေခဲ့ပြီးနောက်ဆုံးတွင် ပျောက်ကွယ်တော့မည့် အခြေအနေကို မြင်ရသောအခါ ဝမ်ချောင်သည် ချက်ချင်းဆိုသလို အရှေ့ဘက်သို့တစ်လှမ်းလှမ်းလိုက်ပြီး ပထမမျိုးဆက်ဆက်ခံသူ၏ပခုံးကို လက်တင်လိုက်သည်။
သူသည် ချက်ချင်းဆိုသလိုပင် သူ၏လက်ချောင်းထံမှ အေးစက်ကာအေးမြသည့် ခံစားချက်မျိုးကို ရလိုက်သည်။ သူသည် သူ တိတ်တဆိတ် ရထားသောစွမ်းအင်အသစ်ကို အသုံးပြုလိုက်သည်။
"မီးခဲအသက်ဝင်လာခြင်းကို အသက်သွင်းမယ်"
ဝမ်ချောင်၏စိတ်ထဲ ထိုအတွေးက ဖြတ်ပြေးသွားပြီးနောက်တွင် သူ၏လက်ချောင်းထိပ်မှ သေးငယ်သော ခရမ်းရောင်မီးတောက်လေးက ပေါ်ထွက်လာကာ ပထမမျိုးဆက်ဆက်ခံသူ၏ကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ပထမမျိုးဆက် ဆက်ခံသူ၏အလောင်းက လှုပ်ရှားမှုကင်းမဲ့သော ရုပ်ထုကြီးအတိုင်း ရှိနေသေးသည်။ သို့သော် မီးခဲအသက်ဝင်စေခြင်းကဝင်ရောက်သွားသည်နှင့် သူ၏အေရပြားပေါ်မှ ဖျော့တော့သောအနီရောင်အလင်းတန်းများက ပေါ်ထွက်လာသည်။ ထိုအချိန်တွင် ထိုအလင်းတန်းက သူ၏သွေးကြောများအားလုံးကို ကျော်ဖြတ်ပြီး စိတ်ထဲသို့ ဝင်ရောက်သွားသည်။
သူ၏စိတ်ထဲတွင်လည်း မီးခဲတစ်ခုက မြောလွင့်နေသည်။ ဆက်ခံသူ၏တကွဲတပြားစီဖြစ်နေသော အသိစိတ်များကလည်း တဖြည်းဖြည်းစတင်ကာ ရွေ့လာပြီး ထိုမီးခဲ၏ပတ်ဝန်းကျင်တွင် ဝိုင်းလာသည်။
ထိုမီးခဲအသက်ဝင်စေခြင်းသည် လုပ်ဆောင်ရန် အချိန်လိုသည်။ သို့သော် ဝမ်ချောင်ကလည်း သူ၏ကျင့်ကြံခြင်းသွေဖယ်မှုက ကုသပြီးစီးသွားသည်နှင့် လုံလောက်သည့် ခုခံနိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။
ထိုမြေအောက်လောက ကအန္တရာယ်များ ပြည့်နှက်နေသည်။ ဝမ်ချောင်သည် ပထမမျိုးဆက် ဆက်ခံသူကဲ့သို့သော အမှန်တကယ် ကျွမ်းကျင်ပညာရှင်မျိုးက ရှိနေသည်ဟု ခံစားရသည်။
ဝုန်း
ထိုသို့လှုံ့ဆော်ပြီးသည်နှင့် ဝမ်ချောင်သည် ဆက်ခံသူကိုကျော်ဖြတ်ကာ ယဇ်ပလ္လင်ထံသို့ ဆက်သွားလိုက်သည်။
ကျောက်တံတား၏အဆုံးသတ်နားတွင် သူသည် ယဇ်ပလ္လင်ပေါ်တွင် တင်ထားသောပစ္စည်းများကို သတိထားမိလိုက်သည်။ ယခုအခါ ထိုပစ္စည်းများကို မမြင်ရလျင်ပင် အတည်ပြုနိုင်ပြီးသားဖြစ်သည်။ ထိုပစ္စည်းများထဲမှ တစ်ခုက အလွန်ရှေးကျသော သစ်သားသတ္တောကြီးဖြစ်သည်။ တခြားတစ်ခုက ၆လက်မခန့်မြင့်သော ရွှေေရာင်ဘူးသီးခြောက်ကြီး ဖြစ်သည်။ ထိုထဲတွင် ဆေးလုံးများကို ထည့်ထားပုံရသည်။
ဘူးသီးခြောက်က အလွန်အမင်းအနုစိပ်ကကျကျ ထွင်းထုထားခြင်းဖြစ်ပြီး သတ္ထုစွမ်းအင်များကလည်း စိမ့်ဝင်နေသေးလေရာ ဝမ်ချောင့်ကိုပင် ခပ်အုပ်အုပ်ရနံ့မျိုကိုရစေသည်။
"မူလအမရနတ်ဆေး"
1519 02
ဝမ်ချောင်သည် ဘေးဘက်သို့ ကြည့်လိုက်ပြီးနောက် ဘူးသီးခြောက်ပေါ်မှ ရှေးဟောင်းကျမ်းစာကို ကြည့်ရင်းမှတ်မိသွားသည်။
ဝမ်ချောင်သည် လက်ကို တစ်ချက်ရမ်းလိုက်သည်။ ဘူးသီးခြောက်နှင့်ေသတ္တာကို လှမ်းယူလိုက်၏။ မူလအမရနတ်ဆေးရှိနေသော ဘူးသီးခြောကိုမူ လစ်လျူရှုပြီးနောက် သစ်သားေသတ္တာကို အရင်ဖွင့်သည်။
အတွင်းတွင် စာအုပ်လေးတစ်အုပ်ရှိသည်
"နတ်ဝင်္ကမ္ဘာကျမ်းစာ"
ဝမ်ချောင်သည်လည်း အဖုံးပေါ်မှစကားလုံးများကို မြင်ရသည့်တိုင်ပျော်ရွှင်သွားသည်။ သူလည်း ထိုပစ္စည်းက ဝင်္ကမ္ဘာအကြီးအကဲက သူ့ကို ရှာခိုင်းနေတဲ့အရာဖြစ်မှန်း သိလိုက်သည်။ ဝမ်ချောင်က နတ်ဝင်္ကမ္ဘာကျမ်းစာကိုယူ ပြီးနောက် အတွင်းထဲမှ အရာကိုဆက်ကြည့်လိုက်သည်။
သိုင်းပညာလောကတစ်ခုလုံးက တောင့်တသည့် နတ်သိုင်းဖြစ်သည့်မူလအမရသိုင်းက နတ်ဝင်္ကမ္ဘာကျမ်းစာအောက်ဘက်တွင်ရှိလိမ့်မည်ဟု ယုံကြည်ထားသည်။ သို့သော် ထိုစာအုပ်ကို ဖတ်လိုက်ပြီးနောက် ဝမ်ချောင်က ကြောင်သွားသည်။ အကြောင်းမူ အတွင်းတွင် မည်သည့်အရာမှမရှိတော့ပေ။ ထိုစာအုပ်တစ်အုပ်တည်းသာ ရှိနေသည်။
"ဘာဖြစ်တာလဲ"
ဝမ်ချောင်က ကြောင်သွားသည်။
"မူလအမရသိုင်းက ဒီမှာမဟုတ်ဘူးလား"
သူသည်လည်း မူလအမရသိုင်းက ပလ္လင်ပေါ်တွင်ရှိနေမည်ဟု ထင်ထားသည်။ မည်သို့ပင်ဆိုစေ ယေဘုယျကျကျပြောရသော် ပထမျိုးဆက် ဆက်ခံသူက နောက်ဆုံးသော အစောင့်အရှောက်ဖြစ်သည်။ ထို့ကြောင့် မူလအမရသိုင်းက ဒီနေရာတွင် ရှိနေသင့်သည်။
အခြေအနေက သူထင်ထားသလို မဟုတ်ဘူးလား....ဒါကနောက်ဆုံးစမ်းသပ်မှု မဟုတ်ဘူးလား။
ဝမ်ချောင်၏စိတ်အတွင်းတွင် မရေမတွက်နိုင်သော အတွေးများကပါ်ထွက်လာသည်။ ထိုအခိုက်အတန့်တွင် သု၏အနောက်မှ အလွန်အမင်းအေးစက်သော အသံက လှမ်းအော်သည်။
"မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်မူလအမရဓါးနဲ့သစ်သားေသတ္တာကိုငါ့ကိုပေးစမ်း!!"
ထိုအော်သံက တစ်ဖက်လူ၏ လိုအင်ဆန္ဒများနှင့်ပြည့်နှက်နေသည်။ ထိုနေရာအမှ အပူချိန်ကလည်း ရုတ်တရက် ထိုးကျလာ၏။ တစ်ချိန်တည်းတွင်ပင် ချွင် ခနဲအသံက ထွက်လာသည်။
အေးစက်သောမျက်နှာနှင့်ပါးကုရှီတုက ချိန်းကြိုးပေါ်သို့ တက်လှမ်းလာသည်။ သူ၏ကျောမှအနက်ရောင်ဝတ်ရုံကလည်း အနောက်ဘက်သို့ လွင့်နေသည်။ သူသည်လည်း လျှပ်စီးလက်သကဲ့သို့ ရှေ့သို့တိုးဝင်လာသည်။
သု၏မျက်လုံးက မူလအမရဓါးနှင့် သစ်သားသေတ္တာထံတွင်သာဖြစ်သည်။
ပထမမျိုးဆက် ဆက်ခံသူ၏စွမ်းအားများက လေထဲတွင် ပျောက်ကွယ်သွားသည်။ မူလအမရဓါးဝင်္ကမ္ဘာကလည်း ပြိုလဲကျ သွားလေသည်။ မူလအမရဓါးနှင့်မူလအမရသိုင်းတို့က သစ်သားသေတ္တာထဲတွင်ရှိသည်ဟု ယုံကြည်သောကြောင့် ထိုအရာများကို အရယူချင်သည်။ မည်သို့ပင်ဆိုစေသူသည် နေတော်ဝင်တောင်သို့ အရယူသွားရပေမည်။ သူ၏ လမ်းတွင်ပိတ်ရဲသော မည်သူကမဆို သေရပေလိမ့်မည်။
ဝုန်း
ပါးကုရှီတုသည်အရှေ့သို့ ပျံသန်းလာသည်။ သူ၏မျက်နှာကအေးစက်လာပြီးနောက် ပြင်းထန်သောစွမ်းအားများကိုလွှတ်ထုတ်ကာ ဝမ်ချောင့်ကို ပိတ်လှောင်လိုက်သည်။
"ဟွန့် ပါးကုရှီတု မင်းက လှည့်စားနေတာပဲ"
ဝမ်ချောင်သည်လည်း ပါးကုရှီတု၏ လှုပ်ရှားမှုကိုသတိထားမိသည်။ ချက်ချင်းဆိုသလိုမျက်နှာလှည့်ကာ ရင်ဆိုင်လိုက်သည်။
အမျိုးကောင်းသားတစ်ယောက်က ကလဲ့စားချေရန်အလို့ငှာ ၁၀နှစ်စောင့်နိုင်သည်။ သို့သော် ပါးကုရှီတုက ထိုမျှထိစောင့်ရန်မလိုအပ်ပေ။
ပါးကုရှီတုက သူ၏ကိုယ်ထဲတွင်ထားခဲ့သော စည်းတံဆိပ်ကဖြစ်စေ သူ၏အရှက်မဲ့သောလုပ်ဆောင်မှုများအတွက်ဖြစ်စေ သို့မဟုတ်လျှင်လည်း မဟာထန်အတွက် သူ၏အကြံအစည်များကြောင့်ဖြစ်စေ ဝမ်ချောင်သည်လည်း အရှေ့ပိုင်းတူရကီများ၏ အနာဂတ်ပြည်နယ်ဆရာကို ဖယ်ရှားရပေမည်။
1519 03
ဘမ်း
ဝမ်ချောင်သည် အနည်းငယ်သော်မျှ မတုန်လှုပ်ပေ။
မူလအမရဓါးကို ကောက်ကိုင်ပြီး ပလ္လင်ပေါ်မှခုန်ဆင်းသည်။ သူသည်လည်း ချိန်းကြိုးပေါ်သို့ ပေါ့ပါးစွာဆင်းသက်ပြီးနောက် ပါးကုရှီတုထံသို့ ခုန်ဝင်သွားလိုက်သည်။ ယခုအခါ သူ၏အားနည်းချက်များက မရှိတော့ပေ။ ယခုအခါ သူသည်လည်း ပါးကုရှီတုကို ကြောက်ရွံ့နေစရာ မလိုအပ်တော့ပေ။
ဂျိမ်း
နေနှင့်လမဟာယင်ယန်ကောင်းကင်သိုင်းကို ကိုယ်စားပြုသောနေနှင့်လ သင်္ကေတက သူ၏ပခုံးတစ်ဖက်တစ်ချက်စီတွင် ပေါ်ထွက်လာပြီး လေပြင်းများကလည်း ဟိန်းဟောက်ကာ မိုးကြိုးသံများက မြည်ဟည်းလာသည်။ ထိုအချိန်တွင် ထိုနေနှင့်လသည် အသေးစားပုံသဏ္ဍာန် ပြောင်းထားသည့်အစစ်အမှန် နေနှင့်လကဲ့သို့ ပီသလွန်းနေသည်။
မြောက်များလှစွာသော စွမ်းအင်များက မူလအမရရတနာသိုက်၏ နှလုံးနေရာတွင် စုစည်းနေခဲ့သည်။ ယခုအခါ ထိုစွမ်းအင်က လှိမ့်ထွက်လာပြီးနောက်တွင် မူလအမရဓါးနှင့်ပေါင်းစည်း၍ ကြမ်းတမ်းသော တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။
"မဟာယင်ယန်သိုင်း"
ဝမ်ချောင်ကလည်း ဒေါသတကြီးအော်ဟစ်သည်။ ထိုတိုက်ကွက်က ဝမ်ချောင်၏ အင်အားတင်မဟုတ်ဘဲ မဟာယင်ယန်သိုင်းဖြင့် ချောက်ကမ်းပါးထဲမှ အရယူကာ ဆွဲထုတ်ထားသော စွမ်းအားများလည်းပါသည်။ ထို့ကြောင့် အင်အားက တိုင်းတာရန်ပင် ခက်သည်။
"ကောင်းကင်ကို ဟိန်းဟောက်ခြင်း"
ပါးကုရှီတုမျက်လုံးကလည်း အေးစက်သွားသည်။
သူ၏ညာဘက်လက်မှ လက်ချောင်း၃ချောင်းကို မြှောက်လိုက်ပြီး ချက်ချင်းဆိုသလိုပဲ လက်သည်းအဖြစ် ပြောင်းလဲကာ လှမ်းကုတ်ဆွဲသည်။
ဗုန်း ဗုန် ဗုန်း
သူ၏ပတ်ပတ်လည်မှ မြေကမ္ဘာသွေးဒယ်စောက်အိုး၃ခုက ပေါ်ထွက်လာပြီးနောက်တွင် အချိန်နှင့်အာကာသပြင်အနက်ရှိုင်းဆုံးအပိုင်းသို့သွားသည့် လမ်းကြီးကိုဖွင့်လိုက်သည်။ တိုင်းတာရန်ခက်ခဲသော ခြောက်ခြားမှုစွမ်းအားများကို သယ်ဆောင်ထားသည်။ မည်းမှောင်ကာ မသန့်စင်သောစွမ်းအင်များက ဝမ်ချောင်ထံသို့ တိုးဝင်လာသည်။
ကောင်းကင်ကို ခြိမ်းခြောက်ခြင်း
ထိုမြေကမ္ဘာဂိုဏ်း၏အမွေအနှစ်များထဲမှ အင်အားအကြီးဆုံးသိုင်းတစ်မျိုးလဲဖြစ်ပြီး ရှုပ်ထွေးမှုများအားလုံးကို ရိုးရှင်းမှုအဖြစ် ပြောင်းလဲကာ သဘာဝသို့ ပြန်ရောက်ခြင်းဖြစ်သည်။ ရိုးရှင်းမှုအား ယှဥ်ရသော် အလွန်အမင်း အင်အားကြီးမားလေသည်။
ဝုန်း
အင်အားကြီးမားသော စွမ်းအင်နှစ်ခုက ထိပ်တိုက်ရင်ဆိုင်သောအခါ ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲသံက ထွက်ပေါ်လာပြီး အရပ်မျက်နှာသို့အား လှိုင်းများ လွင့်ထွက်စေသည်။ သိပ်သည်းသောမြူထုကိုလဲ လွင့်ဖယ်သွားစေသည်။
ချွင်
ခရမ်းရောင်မိုးကြိုးလျှပ်စီးတန်းတစ်ခုက မြေကမ္ဘာသွေးဒယ်စောက်အိုးများထဲမှ တစ်ခုကို ရိုက်ချလိုက်သည်။
ဝုန်း
ပါးကုရှီတုသည် ချိန်းကြိုးပေါ်တွင်ရမ်းခါသွားပြီး မယုံကြည်နိုင်အောင် ထိတ်လန့်သွားလေသည်။ သူ၏မျက်နှာချင်းဆိုင်မှ ဝမ်ချောင်ကလည်း ပြင်းထန်သောထိုးနှက်ချက်ကို ရရှိလိုက်ပုံပေါ်သည်။ သူသည် ခြေလှမ်း၆လှမ်း၇လှမ်းခန့် ယိုင်ကျသွားပြီးလဲကျလုနီးပါး ဖြစ်သွားသည်။
"ဟားဟား မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းက ငါ့ကို မယှဥ်နိုင်ပါဘူး"
ပါးကုရှီတုက ကျယ်လောင်စွာ ရယ်သည်။ သူ၏မျက်နှာတွင် ယုံကြည်မှုရှိကာ အေးဆေးသော အပြုံးမျိုးကပေါ်လာသည်။
"မူလအမရဓါးရှိနေတော့ရော ဘာဖြစ်လဲ မင်းက အဲဒီဓါးကို သုံးနိုင်တဲ့အင်အားမျိုးမှမရှိတာ အဲဒါကို ပိုင်ဆိုင်ထားရင်တောင်မှ ငါ့ကို မယှဥ်နိုင်ဘူး။ မူလအမရ ဓါးနဲ့အဲဒီယဇ်ပလ္လင်ပေါ်ကပစ္စည်းတွေအားလုံး ငါ့ကိုပေးဖို့ အကြံပေးချင်တယ်။ ဖြစ်နိုင်တာက ငါမင်းနဲ့ မင်းဆရာအသက်ကို ချန်ထားပေးဖို့ စဥ်းစားနိုင်ရင် စဥ်းစားမှာပေါ့"
1519 04
ပါးကုရှီတုက ခေါင်းကိုပင်လှည့်မကြည့်လေပဲ ဝူရှန်းရွာသူကြီးနှင့်မိစ္ဆာဧကရာဇ်လူအိုကြီးမာန်တို့ကလည်းနောက်မှ ဝိုင်းလာပြီးဖြစ်ကြောင်း သိထားသည်။ ပါးကုရှီတုက မကြောက်ပေ။ မြေကမ္ဘာဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေနှင့် သူသည်လည်း မှင်သက်ဖွယ်ကောင်းသော ပါရမီကို ပိုင်ဆိုင်ထားပြီး ခိုင်မာသောအုတ်မြစ်လည်းရှိသည်။ ထို့ပြင်မှင်သက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းရည်လည်း ရှိထားသည်။ ထို့ကြောင့် သူသည် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်ကဲ့သို ဗဟိုပြင်ကျယ်မှ အာဏာရှင်ကြီးတစ်ယောက်ထက် အားနည်းခြင်းပင် မရှိပါပေ။
ပို၍ဆိုးသည်မှာသူ့တွင် မြေကမ္ဘာသွေးဒယ်စောက်အိုး ၃ခုရှိနေသေးသည်။ ဒါဟာ အစ်ရှီနီတု၏အင်အားတစ်ဝက်ကျော်ကျော်ခန့်ကို ထိန်းသိန်းထားနိုင်သည့် အင်အားကြီးမားသော စတေးခံပစ္စည်းများဖြစ်သည်။
သူသည် အရှေ့ပိုင်းတူရကီ၏များထဲမှဒဏ္ဍာရီများထဲမှာ အမှောင်အလင်းတန်း ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်သည်။ ထိုအခြေအနေကသူ့အား ဝမ်ချောင်တို့၏အဖွဲ့ ထက်ပင်ရပ်တည်နိုင်စွမ်းရည် ရှိနေစေသည်။
"ပါးကုရှီတုမင်းရဲ့ ပေါက်ကရတွေကို သိမ်းထားလိုက်။ မင်း ဓါးကိုလိုချင်ရင် ငါ့ကို အရင်အနိုင်ယူနိုင်မှရမယ်"
ဝမ်ချောင်ကရယ်သည်။ သူဟာ ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီးနောက် ပါးကုရှီတုကို အကြောင့်အလန့်မဲ့သောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"သေချင်နေတာပဲ"
ပါးကုရှီတု၏မျက်လုံးက ဒေါသများဖြင့် လင်းလက်နေသည်။
"မင်းက သေချင်မှတော့ ငါကဆန္ဒကိုဖြည့်ဆည်းပေးမယ်"
ဗုန်း
ပါးကုရှီတုက အရှေ့ဘက်သို့ခုန်တက်လိုက်ပြီး သူ၏ဝတ်ရုံက ဘေးဘက်ဝန်းကျင်တွင်လွ င့်နေသည်။ သူ၏အင်အားက တစ်ဖန်ထပ်ပြီး တိုးတက်လာပြန်သည်။ သူသည်လည်း နောက်ထပ်တိုက်ကွက်သစ်များကို ထပ်ထုတ်လိုက်သည်။
ခရက်
သူဟာ အရှေ့ဘက်သို့ ဖနောင့်ပေါက်လိုက်သည့်အချိန်တွင်ကြွေပန်းအိုးကကွဲအက်သွားသလိုအသံတိုးတိုးကိုကြားလိုက်ရသည်။ သိတမထားမိလောက်အောင် တိုးလျသည်။ သို့သော် ပါးကုရှီတုအတွက်မူ မိုးချုန်းသံကဲ့သို့ ကျယ်လောင်လွန်းနေကာ သူက ချက်ချင်းဆိုသလို တောင့်ခဲသွားပြီး လှုပ်ရှားမှုများအားလုံးကလည်း ရပ်တန့်သွားလေသည်။
******
1520 01
အခန်း_၁၅၂၀
မြေကမ္ဘာသွေးဒယ်စောက်အိုးများ
ပါးကုရှီတုက ရုတ်တရက် အော်ဟစ်လိုက်သောအခါ သူ၏မျက်နှာက တစ္ဆေတစ်ကောင်အလား ဖြူစုပ်သွားသည်။ သူ၏စွမ်းအင်က မြေကမ္ဘာသွေးဒယ်စောက်အိုးများနှင့်အတူတကွ ပေါင်းစပ်လိုက်ပြီးနောက်တွင် သူသည်လည်း နှစ်ရာကျော်ကာလကို ဖြတ်သန်းခဲ့သည့်မြေကမ္ဘာသိုင်း၏ စတေးခြင်းလက်နက်များထဲမှ တစ်ခုက၆လက်မခန့်ရှည်သော ကွဲအက်ဒဏ်ရာတစ်ခု ရရှိသွားကြောင်း သိလိုက်သည်။ ထိုကွဲအက်ကြောင်းဒဏ်ရာက ဆက်လက်ပြီး ရှည်နေသေးသည်။
"မဟုတ်ဘူး မဖြစ်နိုင်တာ"
ပါးကုရှီတု၏မျက်လုံးက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်လာသည်။
မြေကမ္ဘာဂိုဏ်း၏စတေးခြင်းလက်နက်၃ခုက ဖော်ပြရန် ခက်ခဲလောက်အောင် ခိုင်မာပြီးအင်အားကြီးမားသည်။ အကောင်းဆုံးလက်နက်ဟု သတ်မှတ်ထားသောအရာများကပင် အပေါ်ယံမျက်နှာပြင်တွင် ခြစ်ရာပင်ထင်အောင် မလုပ်နိုင်ခဲ့ပေ။ ထိုသို့ဖြစ်နေသည်မှာ မြေကမ္ဘာသွေးဒယ်စောက်အိုးက ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူကာ သွန်းလုပ်ထားခြင်းဖြစ်ပြီး တူရကီမျိုးနွယ်တစ်ခုလုံး၏ အင်အားကိုပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လောကတစ်ခွင်လုံးတွင်ပင် အရှားပါးဆုံးနှင့် အကောင်းဆုံးပစ္စည်းများကိုလည်း စုဆောင်းထားခဲ့ပြီး မြေကမ္ဘာဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်ပေါင်းများစွာက အမျိုးမျိုးသော လျှို့ဝှက်သိုင်းများ စည်းတံဆိပ်များကို ထည့်ပေါင်းအသုံးပြုကာ ဖန်တီးထားခြင်းဖြစ်သည်။
ပါးကုရှီတုနှင့်အတူ ပူးပေါင်းထားသောအရာ ထိုစတေးခြင်းလက်နက်များသည် ဖျက်ဆီး၍ မရနိုင်ပေ။ သို့သော် ဝမ်ချောင်၏ဓါးတစ်ချက်တည်းက ကွဲအက်ရာ ဖြစ်ပေါ်စေသည်။ သေးငယ်သည့်အက်ကြောင်းရာ ဖြစ်နေသည့်တိုင်အောင် ပါးကုရှီတု၏နှလုံးသားကမှု ဆုတ်ဖြဲတော့မလို ခံစားလိုက်ရ၏။
"ဟား ဟား ပါးကုရှီတု မင်း ကိုယ့်အရှေ့ ကိုယ်ပြန်ကြည့်စမ်း"
ရုတ်တရက် လေဟာနယ်ပြင်ကို ဖြတ်သန်းလာသည့်အသံတစ်တစ်သံက ထွက်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
"မင်းက မြေကမ္ဘာသွေးဒယ်စောက်အိုးတွေကိုမှီခိုတယ် ငါက ဒီစတေးခြင်းလက်နက်တွေကို ဖျက်ဆီးလိုက်တာနဲ့ မင်း ဘယ်လိုလှည့်ကွက်တွေ သုံးဦးမလဲ ငါကြည့်မယ်"
ဝမ်ချောင်သည်လည်း မြေကမ္ဘာသွေးဒယ်စောက်အိုးပေါ်မှ ဒဏ်ရာကို သတိထားမိသွားပြီး သူ၏မျက်ဝန်းက တောက်ပမှုဖြင့် လင်းထိန်လာသည်။ မူလအမရဓါးသည် ပါးကုရှီတု၏မြေကမ္ဘာသွေးဒယ်စောက်အိုးကို ရင်ဆိုင်နိုင်သည်။
ဒါဟာ ဝမ်ချောင့်အတွက် အံ့အားသင့်စရာကောင်းသော ရှာဖွေတွေ့ရှိမှု ဖြစ်လေသည်။
ဝမ်ချောင်သည်လည်း ပါးကုရှီတုကို ရင်ဆိုင်ရမည်မှာ မကြောက်ရွံ့သည်မှာ သူ၏ဒဏ်ရာများက သက်သာသွားခဲ့ပြီး မူလအမရဓါးအတွင်းမှ ပြင်းထန်သောစွမ်းအင်များကြောင့်ဖြစ်သည်။ ယခုအခါရှာဖွေတွေ့ ရှိမှုက သူ့ကိုပို၍ပင် ပျော်ရွှင်သွားစေသေသည်။
"ပါးကုရှီတု ထပ်လာရအောင်"
ဝမ်ချောင်၏မျက်ဝန်းထဲတွင် အဓိပ္ပါယ်ဖော်ပြရန်ခက်ခဲသော အလင်းမျိုးက ပေါ်ထွက်လာပြီးနောက် သူသည် လေထုထဲသို့ တစ်ဖန်ပြန်လည်ခုန်တက်လိုက်ကာ လောက၏သိပ်သည်းသော မူလစွမ်းအင်များက သူ၏ပတ်ဝန်းကျင်တွင် စုစည်းလာစေလိုက်သည်။
ဘမ်း
သူတို့နှစ်ယောက်၏အကြားတွင် အဖြူရောင်မိုးကြိုးတန်းတစ်တန်းက ဖြတ်သန်းသွားသလိုမျိုး ကျယ်လောင်သည့်ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ ဒီအချိန်တွင် ဝမ်ချောင်သည်လည်း ရွေ့လျားမှုကင်းမဲ့သွားသည်။ သို့သော် ပါးကုရှီတုသည် အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်ရရင်း ယိုင်နဲ့သွားသည်။
ခရက် ခရက်
ပါးကုရှီတု၏ မြေကမ္ဘာသွေးဒယ်စောက်အိုးပေါ်တွင် ဆံချည်တစ်မျှင်မျှပါးလျသော ကွဲအက်ကြောင်းရာက ထွက်ပေါ်လာပြီး ပို၍ပင်သိသာထင်ရှားလာကာ ကြီးမားလာသည်။ ဒါဟာ ဒုတိယမြောက်တိုက်ကွက်သာလျှင် ရှိသေးသည်။ သို့သော် နောက်ထပ်တိုက်ကွက်အနည်းငယ်ထဲနှင့်ပင် လုံးဝကွဲကျေသွားလောက်သည်။
1520 02
"မဖြစ်နိုင်တာ ဒါမဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး ငါ မယုံဘူး"
ပါးကုရှီတု၏စိတ်က တုန်လှုပ်သွားသည်။ ထိုဓါးချက်တစ်ချက်က သူ့ကိုဆွံ့အစေပြီး သူ၏လောကအပေါ်၌ နားလည်သဘောပေါက်မှုကို ပြိုကျသွားစေသည်။ ဝမ်ချောင်၏ဓါးကမူ မြေကမ္ဘာဂိုဏ်း၏ မြေကမ္ဘာသွေးဒယ်စောက်အိုးကို ကွဲအက်စေနိုင်ရုံသာမကသေးပေ။ လောကမှသူ၏ နားလည်သဘောပေါက်မှုများကိုပင် ခုတ်ထွင် ရှင်းလင်းပစ်နိုင်သေးသည်။
ပို၍ဆိုးဝါးသည်မှာ မြေကမ္ဘာသွေးဒယ်စောက်အိုး၃ခုက သူ၏စတေးခြင်းလက်နက် ဖြစ်သည်။ ပါးကုရှီတု၏ဝိဉာဉ်ကလည်း ထိုလက်နက်များနှင့်ပေါင်းစပ်ထားသည်။ သို့သော် ယခုအခါ ကွဲအက်လာသည်နှင့် ပါးကုရှီတုကလည်း စွမ်းအင်များက ယိုဖိတ်လာသလို ခံစားရပြီး သူ၏လေးစားဖွယ်ကောင်းသော မင်းမူလွန်းသည့်စွမ်းအားများက လျော့ကျလာသည်။
"ပါးကုရှီတုမင်းရဲ့အသက်ကို ပေးတော့ အခုက မင်းအနေနဲ့ တန်ကြေးပေးရမယ့်အချိန်ပဲ"
သူ၏အနောက်ဘက်မြူများထဲမှ စွမ်းအင်မုန်တိုင်းနှစ်ခုက ဒေါသတကြီးတိုက်ခတ်သော လေပြင်းအလား ရောက်ရှိလာကာ ပါးကုရှီတုကို တိုက်ခိုက်လိုက်သည်။
"ဒဏ္ဍာရီစွမ်းအင်က တစ်သားထဲအဖြစ် ပေါင်းစည်းမယ်"
"ယန်ရမ်နတ်ဓါးသိုင်း"
မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့် ဝူရှန်ရွာသူကြီးတို့ကလည်း အနောက်ဘက်မှနေ၍ ဒေါသတကြီး တိုက်ခိုက်သည်။ အရှေ့ဘက်မှ ဝမ်ချောင်သည် မူလအမရဓါးကို ဆွဲကိုင်နေပြီးနောက်တွင် ပါးကုရှီတုထံသို့ ထပ်ပြီးရမ်းလိုက်ပြန်သည်။
ထိုနေရာ၏ကျဥ်းမြောင်းမှု ကချိန်းကြိုးနှစ်ခုစာသာ အကန့်အသတ်နှင့် ဦးတည်ရပ်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် ပါးကုရှီတုအနေဖြင့် ထိုတိုက်ကွက်များကို ဘယ်ညာယိမ်းကာ ရှောင်၍ပင် မရနိုင်ချေ။
"မျိုးမစစ်တွေ"
ပါးကုရှီတုသည် အံအားသင့်သွားပြီးနောက် ဒေါထွက်လာသည်။ ထို့နောက်သူ၏ ကျော့ရှင်းကြည့်ကောင်းမှုနှင့်ယုံကြည်မှုများအားလုံက ပျောက်ကွယ်သွားသည်။
"မင်းမှာ မူလအမရဓါး ရှိတော့ရော ဘာဖြစ်လဲ။ ငါက တန်ကြေးကြီးကြီး ပေးဆပ်ရမယ်ဆိုရင်တောင်မှ မင်းတို့ဆရာတပည့်နှစ်ယောက်လုံးကို မြုပ်နိုင်တယ်"
အကျဥ်းထဲအကျပ်ထဲ ရောက်လာရန် တွန်းအားပေးခံခဲ့သော ပါးကုရှီတုကလည်း သတ်ဖြတ်လိုစိတ်များနှင့် ပေါက်ကွဲထွက်လာသည်။
"မြေကမ္ဘာကို ခုတ်ထွင်ခြင်း"
ပါးကုရှီတုက မျက်ဝန်းက အေးစက်စွာ လင်းလက်လာပြီးနောက်တွင် မြေကမ္ဘာဂိုဏ်းမှ အင်အားအကြီးမားဆုံးသိုင်းများထဲမှ တစ်ခုကို ထုတ်သုံးလိုက်သည်။
ချိန်း
ဂူကြီးတစ်ခုလုံးကြီးများစွာ လှုပ်ခါလာပြီးမမြင်ရသော စွမ်းအားတစ်ခု၏အောက်တွင် ကြမ်းတမ်းစွာ လှုပ်ခါလာကာ ပြိုကျလုနီးပါးဖြစ်လာသည်။ ဒယ်စောက်အိုး၃ခုကလည်း တြိဂံပုံသဏ္ဍာန်မျိုးနှင့် လေထဲသို့ မြောက်တက်လာပြီးနောက် ပါးကုရှီတု၏ ပတ်ဝန်းကျင်တွင်စတင်ကာ လည်ပတ်လာသည်။
တစ်ချိန်ထဲလိုလိုတွင် ပါးကုရှီတုက ကြယ်တာယာစွမ်းအင်များကို လောင်းထည့်နိုင်ခြင်းအားဖြင့် မြေကမ္ဘာသွေးဒယ်စောက်အိုး၃ခုအား လေးလံလွန်းသော စွမ်းအင်များကို လွှတ်ထုတ်စေသည်။ ထို့ကြောင့် တောင်ကြီး၃လုံးက သူ့ကို ကာထားသလိုမျိုး ဖြစ်သွားစေလေသည်။
ဗုန်း ဗုန်း ဗုန်း
၃ယောက်၏တိုက်ကွက်များက ပါးကုရှီတုကို ဝိုင်းထားသည်။ သို့သော် သူတို့ကို မြေကမ္ဘာသွေးဒယ်စောက်အိုး၃ခုက ဖန်တီးထားသော ခံတပ်က ပိတ်ဆို့လိုက်လေသည်။
"ဟွန့် အရေးမပါတဲ့လှည့်ကွက်တွေ ငါ မင်းတို့နှစ်ကောင်ကို အရင်သတ်မယ် နောက်ပြီးရင်တော့ ဒီကောင်ပဲ"
ပါးကုရှီတုက သူ၏အခြေအနေအတိုင်း ဒေါသထွက်နေသည်။ သူ၏မြေကမ္ဘာသွေးဒယ်စောက်အိုးက ရန်သူများ၏ တိုက်ကွက်များကို ထိန်းထားနေချိန်တွင် သူဟာ အေးစက်ကာဆိုးယုတ်သည့် အကြည့်မျိုးဖြင့် ဝူရှန်းရွာသူကြီးနှင့်လူအိုကြီးမာန်တို့ကို လှည့်ကြည့်လိုက်သည်။ သူ၏လက်ကို လက်သည်းတစ်ခုအဖြစ် ပြောင်းလဲကာ ဆန့်ထုတ်သည်။
1520 03
ဟစ်
လေထုကပင် ဟိန်းဟောက်သံ ထွက်လာသည့်အချိန်တွင် အနက်ရောင်ကြယ်တာယာစွမ်းအင်များက သူ၏ ပတ်ပတ်လည်တွင် ဝိုင်းပတ်ရင်း အေးစက်သော သွေးနီရောင်မြွေများအသွင် ပြောင်းလဲသွားကာ ထိုနှစ်ယောက်ထံ တိုးဝင်သွားသည်။
"မြေကမ္ဘာသွေးမြွေ"
ဒါဟာမြေကမ္ဘာဂိုဏ်းရဲ့ နောက်ထပ်သိုင်းတစ်မျိုး ဖြစ်သည်။ ကြယ်တာယာစွမ်းအင်ကို သံမဏိအလားမာကြောအောင်လုပ်ပြီး အကောင်းဆုံး လက်နက်အလား ထက်ရှနေသည်။ ထိုသို့ဖြင့် ထိပ်တန်းအဆင့်ပညာရှင်များအကြားမှ နပန်းလုံးနေရသော လွန်ဆွဲပွဲလိုမျိုးပင် ထိုအင်အားက ပြန်ပိတ်ကာ ကြယ်တာယာစွမ်းအင်ကို ဖောက်ထွက် လေသည်။
ပါးကုရှီသည်လည်း ထိုသိုင်းကိုသုံး၍ နေတော်ဝင်တောင်မှ ပြိုင်ဘက်ပေါင်းများစွာကို အလဲထိုးခဲ့ခြင်းအားဖြင့် သူဟာ ဂိုဏ်းခေါင်းဆောင်နေရာတွင် ဝင်ထိုင်နိုင်စေသည်။ ထို့ကြောင့် ထိုသိုင်းက မည်မျှသန်မာကြောင်း တွေးကြည့်၍ပင် ရသည်။
ဝမ်ချောင်သည် ယခုအခါ အင်အား၏ အထွတ်အထိပ်အခြေအနေမျိုးတွင်ဖြစ်သည်။ သို့သော် ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်တို့ကမူ ထိုသို့မဟုတ်ပေ။ ပို၍ဆိုးသည်မှာ ထိုနှစ်ယောက်ထံတွင် နတ်ဓါးများမရှိပေ။ ထို့ကြောင့် ပါးကုရှီတုနှင့် မြေကမ္ဘာသွေးဒယ်စောက်အိုးများကို ယှဥ်ရန် လိုအပ်ချက်ရှိလေသည်။ ပါးကုရှီတုအတွက်ကမူ သူကသာ ထို၄ယောက်ကို နိုင်သမျှ ဝမ်ချောင်ကို ခြိမ်းခြောက်၍ရလေပြီ။ ထိုအခိုက်အတန့်တွင် မူလအမရဓါးနှင့် ပလ္လင်ပေါ်မှရတနာတိုင်းက သူ့အပိုင်ဖြ စ်လာပေလိမ့်မည်။
ချိန်းကြိုးပေါ်တွင် ရမ်းခါနေသော မိစ္ဆာဧကရာဇ်လူအိုကြီးမာန်ကလည်း ပါးကုရှီတု၏ရည်ရွယ်ချက်ကို ချက်ချင်းဆိုသလိုသိလိုက်သည်။ သို့ရာတွင် ဝမ်ချောင်၏ဆရာဖြစ်သော လူအိုကြီးမာန်တွင်လည်း ကိုယ်ပိုင်မာနရှိသည်။ ထို့ကြောင့် သူသည်လည်း ပါးကုရှီတု၏ အရှေ့တွင် နောက်တွန့်လိုစိတ်ပင် မရှိပေ။
"ရွာသူကြီး ငါတို့အဲဒီအကွက်ကို သုံးရတော့မယ်"
"အွန်း ဟုတ်လောက်တယ်"
အခြားသော ချိန်းကြိုးပေါ်မှ ဝူရှန်းရွာသူကြီးကလည်း မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၏ရည်ရွယ်ချက်ကို တန်းသိလိုက်သည်။
ဒီခရီးတွင် သူတို့နှစ်ယောက်က အမျိုးမျိုးသောအချက်အလက်များ လေ့လာသင်ယူမှုများကို သင်ယူနိုင်ခဲ့သလို ပို၍မြင့်သောအဆင့်သို့ ရောက်နိုင်ခဲ့သေးသည်။ သူတို့နှစ်ယောက်ထဲက မည်သူကမှ သိမ်မွေ့နယ်မြေသို့ မတက်နိုင်သေးသော်လဲ ပူးပေါင်းသိုင်းတစ်မျိုးကိုဖန်တီးနိုင်ခဲ့သည်။
သူတို့သည် ချွီတီပါးက အသုံးပြုခဲ့ဖူးသော သိမ်မွေ့နယ်မြေမှစွမ်းအင်များကို လေ့လာခြင်းဖြင့် ထိုသိုင်းကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထိုသိုင်းဟာ သူတို့၏ စွမ်းအားကိုပူးပေါင်း၍ သိမ်မွေ့နယ်မြေသို့ တက်လှမ်းသော လမ်းကြောင်းတစ်ခုကို ဖွင့်ခြင်းဖြစ်သည်။ လိုအပ်ချက်ကမူ အလွန်အမင်း တင်းကြပ်သည်။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် ပြောင်မြောက်သည့် နားလည်သဘောပေါက်နိုင်စွမ်းရည်ကို ဝေမျှနိုင်ရမည်ဖြစ်ပြီး သိမ်မွေ့နယ်မြေသို့ ခြေလှမ်းတစ်ဝက်ခန့် ဝင်ရောက်ထားရပေလိမ့်မည်။ ပို၍ဆိုးသည်မှာ ထိုသိုင်းသည် အပြည့်အဝ အကောင်အထည် မဖော်ရသေးပေ။
ထိုသိုင်းသည် ဒီအတိုင်း သိမ်မွေ့နယ်မြေသို့ ရောက်သွားနိုင်သည့်အစစ်အမှန်တစ်ခုမဟုတ်ဘဲ လှည့်ကွက်တစ်ခုမျှသာ ဖြစ်သည်။ ရှုံးနိမ့်နိုင်ချေကလည်း အလွန်မြင့်သည်။ တန်ပြန်သင်ရောက်မှုကို ခံရနိုင်ချေကလည်း သေချာနေသေးပြန်၏။
ဝူရှန်းရွားသူကြီးနှင့်လူအိုကြီးမာန်တို့သည်လည်း သူတို့ ထိုသိုင်းကို ပြီးမြောက်ရန် ၃လ၄လ အချိန်ယူရမည်ဟု ခန့်မှန်းထားသည်။ သို့သော် ထိုသို့စိုးရိမ်နေရန် မလိုအပ်တော့ပေ။
"ကောင်းကင်နှင့်မြေပြင်က ပြောင်းပြန်ဖြစ် သွားတယ်။ အဆုံးအစမဲ့တဲ့ လေဟာပြင်နယ်ထဲက သိမ်မွေ့ နယ်မြေရဲ့စွမ်းအင်တွေ ပေါ်ထွက်လာတယ်"
ဝူရှန်းရွာသူကြီးနှငိ့မိစ္ဆဧကရာဇ်လူအိုကြီးမာန်တို့ နှစ်ယောက်စလုံး၏မျက်နှာက တင်းမာသွားပြီးနောက်တွင် လက်တစ်ဖက်ဆီကို ထပ်လိုက်ပြီး ကျန်လက်တစ်ဖက်ဆီကမူ ပါးကုရှီတုထံသို့ လှမ်းတွန်းထုတ်သည့်ဟန်မျိုးဖြင့် တွန်းလိုက်သည်။
ဘမ်း
မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့်ဝူရှန့်ရွာသူကြီးတို့က ပေါင်းထားသည့်နေရာတွင် တောက်ပလွန်းသော နေရောင်စွမ်းအင်များက ပေါက်ထွက်လာပြီးနောက်တွင် စွမ်းရည်များ၏ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားတစ်ရပ်က ဖြာထွက်လာသည်။ ထိုအခိုက်အတန့်တွင် အခြားသောအချိန်နှင့်အားကာသပြင်သို့ သွားသောလမ်းကြောင်းက ရုတ်ချည်း ပွင့်သွားသည်။
1520 04
သူတို့၏ခွန်အားကို အတူပေါင်းစည်းကာ ယူဆောင်လိုက်ပြီး မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့်ဝူရှန်းရွာသူကြီးတို့သည်လည်း သိမ်မွေ့နယ်မြေသို့ တက်လှမ်းနိုင်သည့် အာကာသပြင်၏အထည်လိုမျိုး အကာအရန်တစ်ခုကို ကျော်ဖြတ်ကာ လမ်းကြောင်းတစ်ခုကို ဖွင့်လိုက်နိုင်ပြီး ထိုစွမ်းအင်က သူတို့၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာစေသည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ"
ထိုနှစ်ယောက်လုံးသည်လည်း သိမ်မွေ့နယ်မြေသို့ အသီးသီးဝင်ရောက်သွားပြီးနောက် စွမ်းအင်များက ဖောင်းကားနေစေကြောင်း ခံစားမိသည်။ ပါးကုရှီတုသည်လည်း အံ့အားသင့်မှုဖြင့် တုန်လှုပ်ကာ မယုံကြည်နိုင်မှုများဖြင့် လှုပ်ခါသွားသည်။
သိုင်းပညာလမ်းကြောင်းသည် ခိုင်မာကြမ်းကာ တမ်းသောခရီးမျိုးဖြစ်သည်။ တစ်ယောက်က အင်အားကြီးမားလေလေ ပြင်ပအကူအညီများကို ယူဆောင်ပြီး အကာအရံကို ကျော်ဖြတ်တက်လှမ်းနိုင်ရန် ခက်ခဲလေလေဖြစ်သည်။ ပါးကုရှီတုသည်လည်း နှစ်ပေါင်းများစွာ အချိန်ယူပြီးမှသာ မြေကမ္ဘာသွေးဒယ်စောက်အိုးများကို သန့်စင်နိုင်ခဲ့သည်။ ထို့နောက် ပြင်းထန်သော တန်ကြေးကို ပေးဆပ်ခဲ့ရသေးသည်။
သူသည်လည်း ပြင်ပ ပစ္စည်းတစ်ခုကို အလင်းအမှောင်ကောင်းကင်ဘုံကိုချိုးဖြတ် ခဲ့သည်။ သူ၏အစစ်အမှန် ကျင့်ကြံခြင်းအဆင့်ကမူ သိမ်မွေ့နယ်မြေသို့ ခြေလှမ်းတစ်ဝက်ခန့် ဝင်ရောက်သော အနေအထားမျိုးတွင်သာ ရှိနေသေးပြီး နောက်ဆုံးတံစက်မြိတ်ကို မကျော်နိုင်သေးပေ။
ထို့ကြောင့် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က သူတို့၏ခွန်အားများကို ပေါင်းပြီး ထိုအာကာသကောင်းကင် ယင်ယန်တံခါးကို ကျော်ဖြတ်နိုင်၍ သိမ်မွေ့နယ်မြေသို့ တက်လှမ်းသွားသောအချက်က သူ့အား မယုံကြည်နိုင်စရာ ဖြစ်စေသည်။
ဗုန်း
ပါးကုရှီတုကပင် စတင်ပြီးတွေးတောရန် အချိန်မရှိသေးပေ။ ထိုနှစ်ယောက်၏ပူးပေါင်းတိုက်ကွက်က သူ၏မြေကမ္ဘာသွေးမြွေများထံ ရောက်လာသည်။
ရွှီ....
ကြီးမားသော သွေးရောင်မြွေ၉ကောင်က သိမ်မွေ့နယ်မြေ၏ရွှေရောင်အားလှိုင်းထဲသို့ ဝင်တိုးမိသွားသည်။ သူတို့သည်နာကျင်စွာအော်ဟစ်ပြီးနောက် နှင်းများအလား စတင်ကာအရည်ပျော်လာသည်။ ကြမ်းတမ်းသောပေါက်ကွဲမှုက ချိန်းကြိုးများကိုပင် တင်းသွားကာ လှုပ်ခါသွားစေသည်။ သို့သော် ထိုနည်းလမ်းကမူ ပါးကုရှီတု၏တိုက်ကွက်ကို အောင်မြင်စွာဖြင့် တားလိုက်နိုင်သည်။