← Chapters

ခင်ဗျားတို့နှစ်ယောက်တည်းနဲ့လား

Vol. 10 Ch. 94

ခင်ဗျားတို့နှစ်ယောက်တည်းနဲ့လား

Vol. 10 Ch. 94

မူဖူတောင်....

တပည့်များ ပြန်ရောက်လာခြင်းနှင့်အတူ ဤနေရာသည် လူသားဆန်သော နွေးထွေးမှုအထိအတွေ့ကို နောက်တစ်ကြိမ် ရရှိလာသည်။

ကျုံးချင်သည် နတ်ဘုရားမီးတောက်ဆေးလုံးကို အမြဲတစေ ခေါင်းမာစွာ ဖော်စပ်နေသည်။

သို့သော် ရလဒ်များမှာမူ စိတ်ကျေနပ်ဖွယ် မကောင်းလှချေ။

ဆေးမီးဖို မည်မျှထိများများ ပေါက်ကွဲသွားသည်ကို မသိရသည့်နောက်....

သူသည် အနီးအနားတွင် စောင့်ဆိုင်းနေကြသော အပြင်စည်းတပည့်နှစ်ယောက်ကို ကြည့်လိုက်၏။

"မင်းတို့နှစ်ယောက်....ငါ့ကို လာပြီးကူညီပေးပါဦး"

နောက်ဆုံးတွင် သူသည် ဝူယွဲ့နှင့် ရှီရှောင်ထျန်းကို အကူအညီတောင်းရန် ရွေးချယ်လိုက်သည်။

"ကောင်းပါပြီ"

ထိုစကားကို ကြားချိန်၌ သူတို့နှစ်ယောက်သား စိတ်လှုပ်ရှားသွားကြသည်။

တောင်သခင်၏ ဆေးဖော်စပ်ခြင်းပါရမီသည် စိတ်ပျက်စရာကောင်းလောက်အောင် ညံ့ဖျင်းနေဆဲ ဖြစ်သော်လည်း....

သူတို့သည် ကူညီရသည့်တာဝန်ကို နှစ်သက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ တောင်သခင်၏လက်ထဲရှိ ဆေးညွှန်းကို သူတို့ မြင်တွေ့ခွင့်ရမည့် တရားဝင်အခွင့်အရေး အနည်းငယ်အနက်မှ တစ်ခုဖြစ်သည်။

သူတို့နှစ်ယောက်သား ခေါက်တုံ့ခေါက်ပြန် ပြေးလွှားရင်း အလုပ်ရှုပ်နေကြ၏။

ဆေးညွှန်းကို သူတို့၏စိတ်ထဲတွင် တိတိကျကျ မှတ်သားထားရန် ဆုံးဖြတ်ထားသဖြင့် အားလပ်ချိန်တိုင်းကို အမိအရ ဆုပ်ကိုင်ထားကြသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ တကယ့်ကို ရှေးဟောင်းအစွမ်းထက်ဆေးလုံးပါလား"

"ဒီဆေးလုံးက အရိုးရှင်းဆုံး ပါဝင်ပစ္စည်းတွေကို အသုံးပြုပြီးတော့ ထူးကဲတဲ့ အာနိသင်နဲ့ သာလွန်တဲ့ အရည်အသွေးရှိတဲ့ အထူးအဆင့် နတ်ဘုရားဆေးလုံးကို ဖော်စပ်နိုင်တယ်"

"တကယ်လို့ ဒီဆေးညွှန်းသာ ပျံ့နှံ့သွားရင် တန်းထင်းခန်းမဆောင်တစ်ခုလုံး ရူးသွပ်သွားလောက်တယ်"

ဝူယွဲ့သည် ဆေးညွှန်းကိုကြည့်ကာ မှတ်ချက်ပေးရင်း သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

ရှီရှောင်ထျန်းက သက်ပြင်းချလိုက်သည်။

"အမှန်ပဲ"

"ဒီလောက်ထိ အံ့အားသင့်ဖို့ ကောင်းတဲ့ဆေးညွှန်းမျိုး.... ဒီလောက်ထိ ကြီးမားတဲ့ဉာဏ်ပညာနဲ့ စိတ်ကူးထားပြီးတော့ ထူးခြားတဲ့ လုပ်ဆောင်ချက် ပါဝင်တာက ဈေးကွက်ထဲမှာ ပျံ့နှံ့နေတဲ့ ဆေးညွှန်းတွေထက် အဆတစ်ရာမက ပိုပြီးနက်ရှိုင်းတယ်"

သေချာသည်မှာ သူတို့နှစ်ယောက်သား ချီးကျူးနေကြစဉ်တွင် သူတို့၏အဓိကတာဝန်ကို မမေ့လျော့ကြပေ။

သူတို့၏ ထပ်ခါတလဲလဲ အကြံပြုချက်များနှင့် ကူညီမှုများကြောင့် ဤတစ်ကြိမ် ကျုံးချင်၏ ဆေးဖော်စပ်ခြင်းသည် ပို၍ချောမွေ့လာပေ၏။

သေချာသည်မှာ အဆင့်များသာ ချောမွေ့လာခြင်းဖြစ်ပြီး ဆေးလုံးဖြစ်ပေါ်ရန်မှာမူ အတော်အသင့် လိုအပ်နေဆဲပင်။

မွန်းတည့်ချိန် နီးကပ်လာချိန်၌...

ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့၏ မျက်နှာအမူအယာများ ရုတ်တရက် တောင့်တင်းသွားသည်။

သူတို့၏အာရုံခံစားမှုထဲတွင် ရင်းနှီးသော အရှိန်အဝါတစ်ခုသည် မူဖူတောင်အပြင်ဘက် မနီးမဝေးအကွာတွင် ထွက်ပေါ်လာသည်။

"သူက ဘာလို့ ဒီကိုရောက်လာတာလဲ"

သူတို့နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ဤရင်းနှီးသော အရှိန်အဝါမှတဆင့် ရောက်ရှိလာသူ၏အထောက်အထားကို သူတို့နှစ်ယောက်လုံး နားလည်လိုက်ကြ၏။

ဤသည်မှာ ဝူကျီဂိုဏ်းချုပ် ဂိုဏ်းချုပ်အိုးယန်ဟောက်မှလွဲ၍ တခြားသူ မဟုတ်ပေ။

"ငါတို့နှစ်ယောက်အတွက် လာတာများလား"

ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ အကြည့်များဖြင့် ဆက်သွယ်လိုက်ကြသည်။

ဂိုဏ်းချုပ်အိုးယန်ဟောက် လာရောက်လည်ပတ်ခြင်း၏ ရည်ရွယ်ချက်ကို သူတို့နှစ်ယောက်လုံး ခန့်မှန်းနေကြသည်။

သို့သော် မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် ကျုံးချင်အား အနှောင့်အယှက် မဖြစ်စေရချေ။

အကယ်၍ သူတို့သာ ထိုပုဂ္ဂိုလ်ကို မနှစ်မြို့အောင် ပြုလုပ်မိလျှင် အမှန်တကယ်ကို ပြဿနာကြီးတစ်ရပ် ဖြစ်လာပေလိမ့်မည်။

ဤသို့ တွေးတောပြီးနောက်....

ဝူယွဲ့က ကျုံးချင်နားသို့ အလျင်အမြန် ချဥ်းကပ်ပြီး တီးတိုးပြောဆိုလိုက်သည်။

"တောင်သခင်.... မိတ်ဆွေဟောင်းတစ်ယောက် အလည်အပတ် ရောက်လာတာကြောင့် တပည့်တို့ကို သွားပြီးကြိုဆိုခွင့် ပြုပါ"

"သွားလေ"

ကျုံးချင်က ဂရုမစိုက်သည့်လေသံဖြင့် ပြောဆိုသည်။

ကျုံးချင်၏ခွင့်ပြုချက်ကို ရရှိပြီးနောက် သူတို့နှစ်ယောက်သား မတ်တတ်ထရပ်လိုက်ပြီး မူဖူတောင်မှ ထွက်ခွာလာခဲ့ကြသည်။

တောင်မှ ထွက်ခွာပြီး မကြာမီမှာပင် ဂိုဏ်းချုပ်အိုးယန်ဟောက် လေထဲမှ ပျံသန်းလာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

နှစ်ဖက် တွေ့ဆုံကြချိန်၌ အခြေအနေသည် အနည်းငယ် နေရခက်နေပေ၏။

ဂိုဏ်းချုပ်အိုးယန်ဟောက်သည် မိုးကောင်းကင်မှ ဆင်းသက်လာပြီး ထိုလူနှစ်ယောက်အပေါ် ထားရှိသော သူ၏အကြည့်မှာ ရှုပ်ထွေးနေသည်။

မူလက လမ်းတလျှောက်လုံးတွင် ဘိုးဘေးကို ကယ်တင်ရန်မှာ အဓိကဖြစ်ပြီး တခြားသော အသေးအဖွဲကိစ္စများကို ဘေးဖယ်ထားနိုင်သည်ဟု သူ့ကိုယ်သူ ထပ်ခါတလဲလဲ သတိပေးခဲ့သည်။

သို့သော် ယခုချိန်အခိုက်အတန့်တွင်မူ....

သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။

နောက်ဆုံးတွင် သူ ပြောလိုသည့် ထောင်ချီသော စကားလုံးများသည် စကားတစ်ခွန်းအဖြစ် စုစည်းသွားသည်။

"ဘာကြောင့်လဲ"

စိတ်ဝိညာဉ်ကို ရှာဖွေနေသည်နှင့် တူညီသော ဤမေးခွန်းသည် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ကို အနည်းငယ် နေရခက်သွားစေသည်။

မည်သို့ပင်ဆိုစေကာမူ ဤကိစ္စတွင် သူတို့သည် အမှန်တကယ်ကို မလျော်ကန်စွာ ပြုမူခဲ့ကြသည် မဟုတ်လော....

သို့သော် အခွင့်အရေး နောက်တစ်ကြိမ် ရလျှင်လည်း သူတို့သည် ဝူကျီဂိုဏ်းမှ ထွက်ခွာပြီး ရှန်ကျန်းဂိုဏ်းသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြမည်သာ ဖြစ်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဝူယွဲ့က ရှေ့သို့တိုးလာပြီး ဖြည်းညှင်းစွာ ပြောဆိုသည်။

"ဂိုဏ်းချုပ်... ဒီကိစ္စက ပြောရရင် ယုန်ထောင်ကြောင်မိ ဇာတ်လမ်းရှည်ကြီးပါ"

"လောလောဆယ် ဒီအကြောင်းကို မပြောဘဲ နေကြရအောင်"

"ဂိုဏ်းချုပ် ကျွန်တော်တို့ကို လာရှာတာက အပြစ်တင်ဖို့တော့ မဟုတ်ဘူးမလား"

ထိုစကားများသည် ထိုလူနှစ်ယောက်ကို ဆူပူတော့မည့် ဂိုဏ်းချုပ်အိုးယန်ဟောက်ကို ချက်ချင်းတောင့်တင်းသွားစေသည်။

အမှန်တကယ်ကိုပင်....

ဤတစ်ကြိမ်တွင် သူသည် သူတို့ကို အပြစ်တင်၍ မရရုံသာမက သူတို့၏အကူအညီကိုလည်း လိုအပ်နေသည်။

ဤအရာသည် အတော်လေး စိတ်ပျက်ဖွယ် ကောင်းပေ၏။

သို့သော် ဘိုးဘေးသည် အရေးပေါ်အခြေအနေနှင့် ကြုံတွေ့နေရသည်ကို တွေးတောမိသဖြင့် သူ တခြားအရာများကို လျစ်လျူရှုလိုက်သည်။

စိတ်ဝိညာဉ်ကို ကုသပေးနိုင်မည့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ရန် ယုံကြည်မှုရှိရန်အတွက် ဆေးသန့်စင်ခြင်းတောင်မှ လူများအားလုံး၏ ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်း ပြောဆိုရင်း ဘိုးဘေး၏လက်ရှိအခြေအနေကို သူ အလျင်အမြန် ရှင်းပြလိုက်သည်။

သူတို့နှစ်ယောက်သား ဤကိစ္စကို မငြင်းဆန်ကြပေ။

"ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ ဂိုဏ်းချုပ်.... ဒီခရီးစဉ်အတွက် ကျွန်ုပ်တို့ တောင်သခင့်ဆီကနေ ညွှန်ကြားချက် တောင်းခံဖို့ လိုပါတယ်"

ဝူယွဲ့၏သဘောထားက ဂိုဏ်းချုပ်အိုးယန်ဟောက်ကို ဝမ်းနည်းမှုတစ်ချို့ ခံစားရစေသည်။

ပြောရလျှင် သူတို့နှစ်ယောက်သည် ဝူကျီဂိုဏ်းတွင် ရှိနေစဉ်ကပင် သူ့အပေါ် ဤမျှထိ လေးစားမှု မရှိခဲ့ကြပေ။

ဤအရာက သူ့ကို အနည်းငယ် မယုံကြည်နိုင် ဖြစ်စေသည်။

သူတို့နှစ်ယောက်လုံးသည် အကြီးအကဲများ ဖြစ်ကြသည်။

သူသည် မြင့်မြတ်နယ်မြေဂိုဏ်းချုပ်ဖြစ်ကာ လူပေါင်းသောင်းချီ၏ အထက်တွင် ရပ်တည်နေသူပင်။

ကျုံးချင်သည် ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်း၏ တောင်သခင်လေးတစ်ယောက်သာ ဖြစ်သည်။

မညသည်ကြောင့် သူသည် ဤလူနှစ်ယောက်ကို ဤမျှထိ သစ္စာရှိရှိ အမိန့်နာခံအောင် ပြုလုပ်နိုင်သနည်း။

ထို့ပြင် ဤလူနှစ်ယောက်ကို သတင်းပို့ပြီးမှ ထွက်ခွာရသည်အထိ အကြွင်းမဲ့ ရိုသေလေးစားမှုမျိုးရှိအောင် ပြုလုပ်နိုင်ရန် သူသည် မည်သည့် ဆွဲဆောင်မှုမျိုးကို ပိုင်ဆိုင်ထားသနည်း...

ဝူယွဲ့က အခြေအနေကို ကျုံးချင်အား ရှင်းပြရန် ဝင်သွားချိန်တွင်....

ရှီရှောင်ထျန်းသည် ဂိုဏ်းချုပ်အိုးယန်ဟောက်၏စိတ်ရှုပ်ထွေးမှုကို သတိထားမိပုံရသည်။

သူ ချက်ချင်းပြောဆိုလိုက်၏။

"ဂိုဏ်းချုပ် ဒီကိစ္စက နည်းနည်းရှုပ်ထွေးတယ်"

"ကျွန်တော်တို့နှစ်ယောက်က ဘာလို့ ဒီနေရာမှာ အပြင်စည်းတပည့် လာလုပ်ချင်နေကြတာလဲ ဆိုတာကို ဂိုဏ်းချုပ်နဲ့အတူ ပြန်လိုက်လာတဲ့အချိန်ကျရင် ဂိုဏ်းချုပ် သိလာပါလိမ့်မယ်"

မကြာမီ ဝူယွဲ့သည် ခြံဝင်းငယ်လေးထဲမှ ထွက်လာပေ၏။

လူကယ်ရန်အတွက် ဆေးဖော်စပ်ရန် ဝူကျီဂိုဏ်းသို့ ပြန်သွားမည့် သူ့နှင့်ရှီရှောင်ထျန်းတို့၏ အစီအစဉ်ကို ကျုံးချင်က လွယ်ကူစွာ သဘောတူလိုက်သည်။

"ဂိုဏ်းချုပ် လူကယ်တယ်ဆိုတာ မီးငြှိမ်းသတ်သလိုပဲ....မြန်မြန် သွားကြစို့"

သူတို့နှစ်ယောက်အကြောင်း ပြောရလျှင် ဝူကျီဂိုဏ်းအပေါ် ထားရှိသော သူတို့၏ခံစားချက်များသည် နက်ရှိုင်းနေဆဲပင်။

ဝူကျီဂိုဏ်းဘိုးဘေး၏ စိုးရိမ်ရသော အခြေအနေကိုလည်း သူတို့ နားလည်ကြသည်။

သူတို့အဖွဲ့သည် လုံးဝနှောင့်နှေးမနေဘဲ မူဖူတောင်မှ ထွက်ခွာလာခဲ့ကြသည်။

တစ်ရက်ကြာ အလျင်အမြန် ခရီးနှင်ပြီးနောက် နောက်ဆုံးတွင် ဝူကျီဂိုဏ်းသို့ ရောက်ရှိလာကြသည်။

ဝူကျီခန်းမ....

ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့ ရောက်ရှိလာခြင်းနှင့်အတူ ပင်မခန်းမဆောင်ထဲတွင် စောင့်ဆိုင်းနေကြသော အဆင့်မြင့်အဖွဲ့ဝင်များသည် မပျော်ရွှင်ဘဲ မနေနိုင်ကြတော့ပေ။

သူတို့ ရောက်လာခြင်းက ဘိုးဘေးအတွက် အခွင့်အလမ်းတစ်ခု ရှိလာပြီဟု ဆိုလိုခြင်းပင်။

ထိုအချိန်တွင် ဆဋ္ဌမအကြီးအကဲက ရှေ့သို့တိုးလာပြီး သူတို့နှစ်ယောက်ကို ပြောဆိုလေ၏။

"လူအိုကြီးဝူ လူအိုကြီးရှီ.... အခြေအနေကို ဂိုဏ်းချုပ်က မင်းတို့ကို ပြောပြပြီးပြီလို့ ငါ ယုံကြည်တယ်"

"အချိန်က ကျပ်တည်းပြီး တာဝန်က လေးလံတယ်... မင်းတို့နှစ်ယောက် အစွမ်းကုန် ကြိုးစားပေးဖို့ မျှော်လင့်တယ်"

"ဒါပေမဲ့ မင်းတို့ ဖိအားအရမ်းများစရာ မလိုဘူး .....ဒီတစ်ခေါက် ဆေးဖော်စပ်တာက ဆေးသန့်စင်ခြင်းတောင်ရဲ့ စုပေါင်းအားထုတ်မှု ဖြစ်လာမှာပါ....မင်းတို့နှစ်ယောက်က ပုံမှန်အတိုင်း ကူညီပေးရုံပါပဲ"

ဝူယွဲ့သည် အချိနိအနည်းငယ်ကြာ စဉ်းစားလိုက်ပြီးနောက် မည်သည့်စ​ကားမျှ ထပ်မပြောတော့ချေ။

ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့ နေရာတကျ ရှိနေပြီဖြစ်သဖြင့်....

ဂိုဏ်းချုပ်အိုးယန်ဟောက်က လက်ဝှေ့ယမ်းကာ ဆေးသန့်စင်ခြင်းတောင်မှ လူများအားလုံးကို ဝူကျီခန်းမသို့ ဆင့်ခေါ်လိုက်သည်။

တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်ဆေးပင်များ အဖိုးတန်ပစ္စည်းများနှင့် ပါဝင်ပစ္စည်း အမျိုးမျိုးကို ပြင်ဆင်ထားပြီး တောင်များပမာ ပုံထားသည်။

ထိုအရာများအနက် စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ချင်းစီသည် အလွန်တန်ဖိုးရှိပေ၏။

အဆင့်မြင့်စိတ်ဝိညာဉ်ဆေးပင်များနှင့် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ဆေးပင်များလည်း မရှားပါးချေ။

ထို့ပြင် ဘုရင်အဆင့် ဆေးပင်အနည်းငယ်ပင် ရောနှောပါဝင်နေသည်။

ဤအချိန်တွင် မြင့်မြတ်နယ်မြေတစ်ခု၏ ထူးခြားသော အမွေအနှစ်ကို အပြည့်အဝ ပြသလိုက်ခြင်းပင်။

စည်ကားနေသော ပင်မခန်းမကြီးထဲတွင်...

ဝူကျီဂိုဏ်း၏ ဆေးပညာရှင်များသည် အဆုံးမရှိ ငြင်းခုံနေကြသည်။

ဤသို့ဖြစ်ရခြင်းမှာ အုပ်စုလိုက် ဆေးဖော်စပ်ခြင်း ဖြစ်သောကြောင့်ပင်။

လူတချို့က မီးထိန်းချုပ်မှုနည်းစနစ် ပိုကောင်းသူများ ဦးဆောင်သင့်သည်ဟု ယုံကြည်ကြသည်။

တခြားလူများကမူ စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝသူများ ဦးဆောင်ခြင်းက ပိုကောင်းလိမ့်မည်ဟု ယုံကြည်ကြ၏။

သို့သော် အချိန်ကြာမြင့်စွာ ငြင်းခုံပြီးနောက် သူတို့သည် နိဂုံးချုပ်၍ မရနိုင်သေးချေ။

မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် အလွန်အရေးကြီးသည်။ ဤသည်က သူတို့ဘိုးဘေး၏ အသက် သေရေးရှင်ရေးနှင့် သက်ဆိုင်နေသည်။

အကယ်၍ ဘိုးဘေးသာ ကွယ်လွန်သွားခဲ့လျှင် သူတို့၏ ဝူကျီဂိုဏ်းသည် မြင့်မြတ်နယ်မြေ အဆင့်အတန်းမှ ကျဆင်းသွားဖွယ် ရှိသည်။

မည်သူမျှ ထိုကဲ့သို့တာဝန်ကို ခံယူနိုင်ခြင်းမရှိချေ။

အဆုံးမရှိသော ငြင်းခုံမှုများကို မြင်လိုက်ရသဖြင့်.....

ရှီရှောင်ထျန်းနှင့် ဝူယွဲ့တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရသည်။

ထို့နောက် ရှီရှောင်ထျန်းက ပြောဆိုသည်။

"အားလုံးပဲ ဒီဆေးဖော်စပ်မှုအတွက် ကျွန်တော်တို့နှစ်ယောက် လုပ်ဆောင်မယ်ဆိုရင် ဘယ်လိုသဘောရလဲ"

ထိုစကားများ ထွက်လာသည်နှင့် ခန်းမတစ်ခုလုံးမှလူများ အံ့အားသင့်တုန်လှုပ်သွားသည်။

"ခင်ဗျားတို့နှစ်ယောက်... ဟုတ်လား"

ဂိုဏ်းချုပ်အိုးယန်ဟောက်က ရှီရှောင်ထျန်းကို ကြည့်လိုက်သည်။

သူ၏မျက်နှာပေါ်တွင် သံသယများဖြင့် ပြည့်နှက်နေပေ၏။

ဤသည်မှာ သူတို့သည် ဝူကျီဂိုဏ်းမှ ထွက်ခွာသွားသောကြောင့် တမင်သက်သက် ဖိနှိပ်လို၍ မဟုတ်ပေ။

ရှီရှောင်ထျန်းနှင့်ဝူယွဲ့တို့သည် ဤဆေးဖော်စပ်မှုကို ဦးဆောင်နိုင်မည်ဟု သူ အမှန်တကယ် မယုံကြည်သောကြောင့်ပင်။ ရှီရှောင်ထျန်းနှင့်ဝူယွဲ့တို့၏ ဆေးပညာစွမ်းရည်သည် အလွန်အားကောင်းသည်မှာ အမှန်ဖြစ်သော်လည်း ဆေးသန့်စင်ခြင်းတောင်တစ်တောင်လုံးတွင်မူ အဆင့်မြင့်မားခြင်း မရှိချေ။

All Chapters