တစ်ရပ်တစ်ကျေးတွင် မိတ်ဆွေဟောင်းနှင့် တွေ့ဆုံခြင်း
Vol. 10 Ch. 100
မိုးမခမြစ်ကမ်းပါးဘေးတွင်...
မူလက ခမ်းနားထည်ဝါပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်နေသော သံချပ်ကာမြင်းစီးသူရဲများသည် ယခုအချိန်၌ လုံးလုံးလျားလျား ကြက်သေသေသွားကြသည်။
လူများ အရိုက်ခံရသည်ကို သူတို့ မြင်ဖူးကြသည်။
သို့သော် ကောင်းကင်ယံသို့ လွင့်ထွက်သွားသည့်အထိ အရိုက်ခံရခြင်းမျိုးကိုတော့ အမှန်တကယ်ကို သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
"သခင်လေး...."
အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် မြင်းစီးသူရဲတစ်ယောက်က တုံ့ပြန်လိုက်ပြီး ထိတ်လန့်တကြားအော်ဟစ်ကာ ဆွန်းယွီ၏ပုံရိပ်နောက်သို့ လေထဲမှနေ၍ ပျံသန်းလိုက်ပါသွားကြသည်။
ဤမြင်းစီးသူရဲတစ်ရာသည် အလွန်အစွမ်းထက်ကြပြီး သူတို့၏စွမ်းအားများသည် ချန်ရွှမ်နယ်ပယ်မှ ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ်အထိ ရှိကြ၏။
သူတို့သည် ဟောက်ဟန်ဂိုဏ်းမှ ပြုစုပျိုးထောင်ထားသော လက်ရွေးစင်များ ဖြစ်ကြသည်။
သူတို့သည် ဖုန်မြို့၏ လက်ရွေးစင်သံချပ်ကာမြင်းစီးသူရဲများဖြစ်သည်။
သိသာထင်ရှားသည်မှာ ဆွန်းယွီသည် ကျုံးချင်ကို လာမရှာခင်ကတည်းက လုံလောက်သော ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့ခြင်းပင်။
ထိုကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့သည် သူ့အတွက် ဖုန်မြို့ကို ဖြတ်ကျော်ပြီးလျှင်ပင် တစ်ဖက်လူကို ပြိုင်ဘက်ကင်းစွာ ချေမှုန်းရန် လုံလောက်သည်။
သို့သော် ယခုကြည့်ရသည်မှာ ဤပြင်ဆင်မှုများသည် မလုံလောက်သေးပုံပင်။
မြင်းစီးသူရဲတစ်ရာအနက် တချို့သည် ပျံသန်းထွက်ခွာသွားကြသော်လည်း အများစုကမူ နေရာတွင် ကျန်ရစ်ခဲ့ကြသည်။
သူတို့တစ်ယောက်ချင်းစီသည် မဖော်ရွေသော မျက်နှာထားများဖြင့် ကျုံးချင်ကို ကြည့်နေကြ၏။
သူတို့အနက် သံချပ်ကာမြင်းစီးသူရဲ ခေါင်းဆောင်က ရှေ့သို့ထွက်လာသည်။
သူက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"သခင်လေးဆွန်းက ငါတို့ ဟောက်ဟန်ဂိုဏ်းချုပ်ရဲ့ တစ်ဦးတည်းသော သားပဲ... အရှင်က အခုလိုလုပ်ရပ်မျိုးကို လုပ်တာက ငါတို့ ဟောက်ဟန်ဂိုဏ်းရဲ့အမျက်ဒေါသကို မကြောက်ဘူးလား"
ကျုံးချင် ပြသခဲ့သော လှုပ်ရှားမှုက သူ့ကို အတော်လေး သတိထားသွားစေမှာ သိသာထင်ရှားသည်။
သူသည် တိုက်ရိုက်မလှုပ်ရှားရဲဘဲ ဟောက်ဟန်ဂိုဏ်းအကြောင်းကိုသာ ထုတ်ဖော်ပြောဆိုလိုက်၏။
တခြားသူများကို ဖိနှိပ်ရန် ဩဇာအာဏာကို အသုံးပြုခြင်းသည် ရိုင်းစိုင်းပြီး အသုံးများသော နည်းလမ်းဖြစ်သော်လည်း ထိုအရာ၏ အလွန်အမင်း လက်တွေ့ကျမှုကြောင့် ကာလကြာရှည်သည်အထိ ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြသည်။
ကျုံးချင်က သူတို့ကို အမူအယာကင်းမဲ့စွာဖြင့် ကြည့်လိုက်သည်။
ဤှသည်မှာ နောက်ထပ် ဦးနှောက်မဲ့သော စကားတစ်ခွန်းသာ ဖြစ်နေသည်။
အကယ်၍ သူသာ ဟောက်ဟန်ဂိုဏ်း၏ လက်တုံ့ပြန်မှုကို အမှန်တကယ် ကြောက်ရွံ့ခဲ့လျှင် လှုပ်ရှားရန် ရွေးချယ်ခဲ့မည် မဟုတ်ပေ။
သူသည် စကားတစ်ခွန်းမျှ ထပ်မပြောဘဲ သူ၏လက်ဝါးဖြင့် တိုက်ရိုက်ဖိနှိပ်လိုက်သည်။
လောကကြီးတခွင်လုံး...
လုံးလုံးလျားလျား တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
နေဝင်ချိန်နေရောင်ခြည် ဖြာကျလာပြီး တိမ်တိုက်နီများက မိုးကောင်းကင်ယံတွင် ပြည့်နှက်နေသည်။
ဝေးကွာသော ကောင်းကင်ယံတွင် ဖရိုဖရဲနှင့် ရှုပ်ပွနေသော သူတောင်းစားအဘိုးအိုတစ်ဦး ရှိနေကာ နေဝင်ချိန်၏အလင်းရောင်အောက်တွင် မိုးကုပ်စက်ဝိုင်းမှ ပျံသန်းလာသည်။
ဤသူသည် ဖူယွင်မြင့်မြတ်နယ်မြေ၏ဘိုးဘေး သူတောင်းစားအဘိုးအို ယင်ထျန်းချန်မှလွဲ၍ တခြားလူ မဟုတ်ချေ။
ဖူယွင်မြင့်မြတ်နယ်မြေ၏ နတ်ဆိုးသားရဲပြဿနာပြေလည်သွားပြီးနောက် သူသည် ကျုံးချင်ကို သူကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကားပြောဆိုရန် အခွင့်အရေးကို အစဥ်အမြဲ ရှာဖွေနေခဲ့သည်။
ကျုံးချင် ဖုန်မြို့သို့ ရောက်ရှိနေကြောင်း သတင်းကို တစ်နည်းနည်းဖြင့် သိရှိလိုက်ရသဖြင့် သူ အလျင်အမြန် လာခဲ့ခြင်း ဖြစ်သည်။
ဖုန်မြို့သည် ဟောက်ဟန်ဂိုဏ်း၏ ဩဇာလွှမ်းမိုးမှုအောက်တွင် ရှိသော်လည်း တိတိကျကျပြောရလျှင် ဖူယွင်မြင့်မြတ်နယ်မြေသည် ပတ်ဝန်းကျင် မိုင်တစ်သောင်းပတ်လည်၏ စစ်မှန်သော အကြီးအကဲပင်။
သူ၏အသက်သခင်ကျေးဇူးရှင်က သူ၏ပိုင်နက်ထဲသို့ ရောက်လာသဖြင့် သူတောင်းစားအဘိုးအိုသည် အိမ်ရှင်တစ်ယောက်အနေဖြင့် တာဝန်မကျေဘဲ မည်သို့ နေနိုင်မည်နည်း...
သူ ဖုန်မြို့၏အထက်သို့ ရောက်ရှိလာပြီး သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။
သူသည် ကျုံးချင်၏ပုံရိပ်ကို ချက်ချင်းရှာတွေ့လိုက်၏။
သူ ရောက်မလာခင် သူ၏အသံက အရင် ရောက်လာသည်။
"ညီလေး ကျုံးချင်..."
အေးအေးလူလူ လမ်းလျှောက်နေသော ကျုံးချင်သည် လူတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်တွေ့ချိန်၌ သူ၏မျက်နှာတွင် ပျော်ရွှင်မှုများဖြင့် တောက်ပသွားသည်။
"သူတောင်းစားအိုကြီး..."
"ဒီနေရာမှာ တွေ့ရမယ်လို့ ကျွန်တော် ထင်မထားမိဘူး"
တစ်ရပ်တစ်ကျေးတွင် မိတ်ဆွေဟောင်းနှင့် တွေ့ဆုံရခြင်းသည် ပျော်ရွှင်စရာ ကိစ္စတစ်ရပ်ပင်။
ယင်ထျန်းချန်က ကျုံးချင်၏အနီးသို့ ရောက်လာသည်။
ကျုံးချင်၏ နုပျိုသောမျက်နှာကို ကြည့်ပြီး သူ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားသည်။
ကျုံးချင်၏ အရိုးသက်တမ်းအရ သူသည် ၁၈ နှစ်သာ ရှိသေးသည်။
သို့သော် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားကို ထုတ်လွှတ်နိုင်သော သစ်သားပန်းပုရုပ်ကို ပေါ့ပေါ့ပါးပါး ပေးခဲ့သူမှာ ထိုကဲ့သို့ လူငယ်တစ်ယောက် ဖြစ်နေသည်။
ဖူယွင်မြင့်မြတ်နယ်မြေကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သော ပြိုင်ဘက်ကင်း မဟာနတ်ဆိုးကြီးကို ထိုသစ်သားပန်းပုရုပ်က ချက်ချင်းသတ်ဖြတ်လိုက်၏။
ကျုံးချင်၏ကိုယ်ပိုင်စွမ်းအားသည် မည်သည့်အဆင့်၌ ရှိနေသနည်း....
သူတောင်းစားအဘိုးအိုသည် သူ၏အတွေးများကို ထိန်းချုပ်ကာ လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ကျုံးချင်ကို ဦးညွှတ်လိုက်သည်။
"မောင်ရင်... ဒီသူတောင်းစားအိုကြီးက ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား လာပြောတာပါ"
"အဲ့ဒီတုန်းက မောင်ရင်ပေးလိုက်တဲ့ သစ်သားပန်းပုရုပ်သာ မရှိရင် ဒီသူတောင်းစားအိုကြီး မောင်ရင်ကို ပြန်တွေ့ခွင့်တောင် ရချင်မှ ရလိမ့်မယ်...."
ကျုံးချင်က လက်ဝှေ့ယမ်းလိုက်သည်။
"ဘာမှမဖြစ်တာ ကောင်းပါတယ်....ကျွန်တော်တို့ရဲ့ ဆက်ဆံရေးနဲ့ ဘာလို့ ဒီလိုစကားတွေ ပြောနေတာလဲ"
"သွားကြစို့ သောက်ကြမယ်"
"ကျွန်တော် ကျွေးမယ်"
"မင်းကို ဘယ်လိုလုပ်ပြီး ပိုက်ဆံရှင်းခိုင်းလို့ ရမှာလဲ.... ဒီနေရာမှာ ဒီသူတောင်းစားအိုကြီးက အိမ်ရှင်တစ်ဝက်လောက် ဖြစ်နေပြီ....ဒါကြောင့် ငါကျွေးမှ ဖြစ်မယ်"
သူတို့နှစ်ယောက်သား စကားစမြည်ပြောဆိုကာ ရယ်မောရင်း....
သူတောင်းစားအဘိုးအို၏ ဦးဆောင်မှုဖြင့် မိုင်အနည်းငယ် လမ်းလျှောက်ပြီးနောက် ဝိုင်အရက်ဆိုင်ငယ်လေးတစ်ခုသို့ ရောက်ရှိလာကြ၏။
"ညီလေး... ဒီဆိုင်လေးကို အထင်မသေးနဲ့နော်... သူတို့ရဲ့ ပန်းမွှေးဝိုင်က အရမ်းကောင်းတယ်..."
"တခြားဘယ်နေရာမှာမှ ဒီအရသာမျိုး မရနိုင်ဘူး....ဒါက ဖုန်မြို့ရဲ့ ထူးခြားတဲ့ ဒေသထွက်ပဲ"
သူတို့နှစ်ယောက်သား ဝိုင်အရက်သုံးအိုးနှင့် အမြည်းနှစ်ပွဲ မှာလိုက်ကြသည်။
မကြာမီမှာပင် အစားအစာနှင့်ဝိုင်အရက်များ ရောက်လာသည်။
အမှန်တကယ်ကို ဤဒေသထွက်ဝိုင်သည် ကြွားဝါစရာ ကောင်းလောက်အောင် အထူးအရသာရှိသည်။
သူတို့နှစ်ယောက်သား ဝိုင်အရက်သောက်ပြီး စကားပြောဆိုလိုက်ကြ၏။
ဤသည်မှာ သူတို့ ပထမဆုံးတွေ့ဆုံခဲ့စဉ်က အချိန်ကို ပြန်ရောက်သွားသည့်အလားပင်။
သူတောင်းစားအဘိုးအိုက သက်ပြင်းချလိုက်သည်။
"ညီလေး....ငါ့ကိုယ်ငါ လုံလောက်အောင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားနိုင်ပြီလို့ အစက ထင်ခဲ့တာ....ဒါပေမဲ့ မင်းက ပိုပြီး နက်ရှိုင်းလိမ့်မယ်လို့ ငါ ထင်မထားမိဘူး"
"ဒီသူတောင်းစားအိုကြီးက အတင့်ရဲပြီး မေးပါရစေ....အခု မင်းရဲ့ ကျင့်ကြံဆင့်က ဘယ်အဆင့်မှာလဲ"
သူတောင်းစားအဘိုးအို၏ စိတ်အားထက်သန်နေသော မျက်နှာထားကို မြင်တွေ့ချိန်၌ ကျုံးချင်က ပြုံးလိုက်သည်။
ဤကိစ္စနှင့် ပတ်သက်ပြီး သူ မပြောနိုင်စရာ အကြောင်းမရှိချေ။
"ကျွန်တော် ခင်ဗျားကို ပေးလိုက်တဲ့ သစ်သားပန်းပုရုပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ထက် နည်းနည်းလေး ပိုမြင့်ရုံပါပဲ"
"ဟူး..."
ကျုံးချင် ထူးခြားကြောင်း သူတောင်းစားအဘိုးအိုသည် ယခင်ကတည်းက သိထားသော်လည်းသူ နားနှင့်ဆက်ဆက် ကြားလိုက်ရသည်မှာ တခြားကိစ္စတစ်ခုပင်။
ထို့ပြင် ကျုံးချင် သူ့ကို ပေးခဲ့သော သစ်သားပန်းပုရုပ်သည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် မှော်လက်နက်တစ်ခုပင်။
ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်ထက် အနည်းငယ် အဆင့်ပိုမြင့်သည်ဟု ဆိုသဖြင့် တစ်ဖက်လူ၏ကျင့်ကြံဆင့်သည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်၏အထက်တွင် ရှိနေသည်ဟု ဆိုလိုခြင်း မဟုတ်လော...
'အိုး ဘုရားရေ...အသက် ၁၈ နှစ်နဲ့ ဒီလောက်ထိ ကြောက်ဖို့ကောင်းအောင် မြင့်မားတဲ့ ကျင့်ကြံဆင့် ရှိတယ်တဲ့လား...'
'မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်မှာ နှစ်ထောင်ချီ ကြာနေခဲ့တဲ့ ဒီသူတောင်းစားအိုကြီးက ဘယ်လိုလုပ်ပြီး ခံနိုင်ရည် ရှိတော့မှာလဲ....'
သူတို့ ပထမဆုံးတွေ့ဆုံစဉ်က ကျုံးချင်ကို အခွင့်အလမ်းကောင်းတစ်ခု ပေးနေသည်ဟု ထင်မှတ်ပြီး ထိပ်တန်းကျင့်ကြံခြင်းနည်းစနစ် အပုံလိုက် ကမ်းလှမ်းခဲ့သည်အား ပြန်တွေးမိချိန်၌ သူတောင်းစားအဘိုးအို၏မျက်နှာ နီမြန်းသွားသည်။
ဤသည်မှာ သူ့အတွက် အလွန်အရှက်ရဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။
"လာ လာ သောက်ကြစို့...."
ကျုံးချင်က အလွန်ပျော်ရွှင်စွာဖြင့် ရယ်ပြုံးလိုက်သည်။
မိန်းမပျိုတစ်ဦး ရှက်သွေးဖြာသည်ကို မြင်ရခြင်းက ထူးခြားသော ဆွဲဆောင်မှုရှိသည်ဟု သူ ယခင်က ထင်မှတ်ခဲ့ဖူးသည်။
ယခု၌မူ သူတောင်းစားအိုကြီးတစ်ယောက် ရှက်သွေးဖြာသည်ကို မြင်ရခြင်းကလည်း အမှန်တကယ့်ကို ပျော်စရာကောင်းမှန်း သူ နားလည်သဘောပေါက်သွားလေပြီ။
သူတို့နှစ်ယောက်သား သောက်စားကာ စကားပြောဆိုရင်း နောက်ပြောင်နေကြစဉ်တွင်....
မိုးကောင်းကင်ယံ၌ တခြားပုံရိပ်တစ်ခု ပျံသန်းလာသည်။
ဤလူသည် ဝူကျီဂိုဏ်း၏ဘိုးဘေး ယွီဝမ်ကျွင်း မှလွဲ၍ တခြားသူ မဟုတ်ပေ။
ယွီဝမ်ကျွင်း သတိရလာပြီးနောက် သူ သတိလစ်နေစဉ်အတွင်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရင်းနှင့်အကျိုးဆက်များကို ချက်ချင်း နားလည်လိုက်သည်။
ဂိုဏ်းသားများအားလုံးကို ချီးကျူးပြီးနောက် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့ကို သူ ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကားပြောရန် ရှန်ကျန်းဂိုဏ်းသို့ အလျင်အမြန်သွားခဲ့သည်။
သို့သော် နှစ်ဖက်တွေ့ဆုံပြီးနောက် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့သည် ထိုဂုဏ်ပြုမှုကို လက်မခံရဲကြချေ။
သူတို့၏ လက်ရှိအောင်မြင်မှုများသည် မူဖူတောင်သခင်၏ပြုစုပျိုးထောင်မှုကြောင့်သာ ဖြစ်ကြောင်း သူတို့ ပြောဆိုခဲ့ကြ၏။
ကျုံးချင်သာ မရှိလျှင် သူတို့နှစ်ယောက်သည် ထိုကဲ့သို့ အောင်မြင်မှုများကို မည်သို့မျှ ရရှိလိမ့်မည် မဟုတ်ပေ။
ထို့ပြင် နတ်ဘုရားမီးတောက်ဆေးလုံး ဖော်စပ်သည့် ဆေးညွှန်းကို ကျုံးချင်က ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
ကျေးဇူးတင်ရမည်ဆိုလျှင် ပထမဆုံး ကျေးဇူးတင်ရမည့်သူမှာ သဘာဝကျကျပင် သူတို့၏တောင်သခင်သာ ဖြစ်ပေ၏။
ယွီဝမ်ကျွင်း စုံစမ်းမေးမြန်းလိုက်ချိန်၌ ကျုံးချင်သည် မူဖူတောင်မှ ထွက်ခွာသွားပြီး ဖုန်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
ထို့နောက် သူက ထိုလူနှစ်ယောက်အား ကျုံးချင်၏ရုပ်ရည်သွင်ပြင်ကို မေးမြန်းပြီး ရှန်ကျန်းဂိုဏ်းမှ ဖုန်မြို့သို့ မနားတမ်း ပြေးလာခဲ့ခြင်း ဖြစ်သည်။
သူ ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ပြောဆိုရန်အတွက် သူသည် အကွေ့အကောက်များစွာကို ဖြတ်သန်းခဲ့ရသည်။
သူ မိုင်ပေါင်းသောင်းနှင့်ချီ၍ ခရီးနှင်ခဲ့ရသည်။
နောက်ဆုံးတွင် သူသည် နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ပြီး ကျုံးချင်၏တည်နေရာကို အတည်ပြုပြီးနောက်...
သူ ဝိုင်အရက်ဆိုင်ငယ်လေးဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။
သူ ကျေးဇူးတင်စကားပင် မပြောရသေးခင် ကျုံးချင်၏နံဘေးရှိ သူတောင်းစားအဘိုးအိုကို သူ မြင်တွေ့လိုက်ရသည်။
သူ မအံ့သြဘဲ မနေနိုင်တော့ချေ။
"သူတောင်းစားအိုကြီး...မင်းက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ"
Thank For Reading.