← Chapters

လင်ကျိုးရဲ့သတင်း

Vol. 28 Ch. 387

လင်ကျိုးရဲ့သတင်း

Vol. 28 Ch. 387

အခန်း (၃၈၇) လင်ကျိုးရဲ့သတင်း

စစ်မြေပြင်က ပင်လယ်ဒေသအပြင်ပိုင်းတွင်တည်ရှိသဖြင့် တိုက်ပွဲတွင်ပါဝင်ကြသော လူငယ်မျိုးဆက်များမှာ အများအားဖြင့် ကျောက်စိမ်းပင်လယ်မြို့တော် ၊ ကောင်းကင်မိုးကြိုးခန်းမနှင့် လှိုင်းနက်ဂေဟာတို့မှ ဖြစ်ကြသည်။

ပြည်မမှဖြစ်သော ဝါဒတောင် ၊ နေသူတော်စင်ဂိုဏ်းနှင့် အဆုံးမဲ့တောင်တန်းတို့မှ လူငယ်မျိုးဆက်များကတော့ ပင်လယ်ဒေသရောက်နေကြသည့် ရန်ကျောက်ကဲနှင့် စစ်ခုန်ချင်းတို့ကဲ့သို့သော လူငယ်များသာ ပါဝင်ကြ၏။

သူတို့အားလုံးက အဓိကစစ်မြေပြင်ဖြစ်သော အရှေ့ပင်လယ်အပြင်ဘက်သို့ မသွားကြပဲ အရှေ့ပင်လယ်အတွင်းပိုင်းတွင် ကျန်ရှိနသေည့်မီးတောက်မိစ္ဆာများကိုသာ တက်ကြွစွာ သုတ်သင်ရှင်းလင်းပစ်ကြသည်။

သို့သော် ခြွင်းချက်တော့ ရှိသည်ပင်။

အရှေ့ပင်လယ်အပြင်ပိုင်းဒေသ။

လျှပ်စီးတစ်ချက်လင်းလက်သွားပြီး မီးတောက်မိစ္ဆာတစ်ယောက်၏ဦးခေါင်း ပြတ်ထွက်သွားသည်။

မီးတောက်မိစ္ဆာ၏ ခန္ဓာကိုယ်ပေါက်ကွဲထွက်သွားပြီး လေထဲတွင် မီးတောက်များက မိုးစက်များပမာ ပျံ့နှံ့သွားသည်။

မီးတောက်မိုးစက်များကြားတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုသူက မျက်လုံးတစ်ဖက်သာရှိသည့် လူငယ်တစ်ယောက်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်မှ ရေခဲပမာအေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။

ထိုလူငယ်သည်ကား ကောင်းကင်မိုးကြိုးခန်းမ၏ ပင်မတိုက်ရိုက်တပည့် မိုးကြိုးသခင်လေး ‘လင်ကျိုး’ ပင် ဖြစ်၏။

သူ့ဘေးနားတွင် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားအချို့ရှိနေပြီး သူတို့မျက်နှာများက အုံ့မှိုင်းလျှက်ရှိကြသည်။

လင်ကျိုးက သူ၏ဦးခေါင်းကို အဝတ်ဖြူတစ်စဖြင့် ရစ်ပတ်ထားပြီး ထိုအဝတ်ဖြူစက သူ၏မျက်နှာထက် ဘယ်ဘက်မျက်လုံးတည်ရှိရာနေရာကို ဖုံးအုပ်စည်းနှောင်ထားသည်။

သူက အကောင်းပကတိရှိနေသော ညာဘက်မျက်လုံးဖြင့် ပင်လယ်ပြင်ကို အာရုံစိုက်လေ့လာနေသည်။

အတန်ကြာမှ လင်ကျိုးက အကြည့်ပြန်လည်ရုတ်သိမ်းလိုက်ပြီး သူ့ဘေးနားမှ ကောင်းကင်မိုးကြိုးခန်းမသိုင်းသမားများကို လှည့်ကြည့်လိုက်၏။

သူက သိမ်မွေ့သည့်လေသံဖြင့်....

“အဖေ့မျက်နှာထောက်ပြီး ငါနဲ့အတူ အန္တရယ်တွေကို ရင်ဆိုင်ပေးကြတဲ့အတွက် မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်ကွာ”

“ဒီလိုမပြောပါနဲ့ ဂိုဏ်းတူညီလေး’လင်ကျိုး’ ၊ ဆရာ့အတွက် လက်စားချေဖို့ဆိုတာ ငါတို့လိုတပည့်တွေရဲ့ တာဝန်ပါပဲ ၊ ဒါပေမဲ့ စောစောက မင်းပြောတာ... ဝါဒတောင်ကလူတွေကို ရှင်းပစ်ဖို့ နည်းလမ်းတွေ့ပြီဆို...”

လင်ကျိုးဘေးနားရှိ သက်လတ်ပိုင်းလူရွယ်က လေးနက်စွာဖြင့် ဆိုသည်။

“မင်းက ရန်ကျောက်ကဲကို အဓိကပစ်မှတ်ထားဖို့ ရွေးချယ်တာကို ငါတို့လည်းသဘောတူပါတယ် ၊ ဒါပေမဲ့ အခုချိန်ထိ သူ့ကို ခြေရာခံလို့မရ‌သေးဘူး”

လင်ကျိုးက သိမ်မွေ့စွာဖြင့်...

“သူ့ကို တမင်သက်သက်လိုက်ရှာနေစရာမလိုပါဘူး ၊ သူ့ကိုလိုက်ရှာမယ်ဆိုရင် သူ့ကို သတိပေးသလို ဖြစ်သွားလိမ့်မယ် ၊ အကြောင်းရင်းက သိပ်တော့မရှင်းလင်းပေမယ့် သူ့ကိုရှာဖို့ တစ်ယောက်ယောက်က ငါတို့ကို ကူညီပေးနိုင်တယ်”

သက်လတ်ပိုင်းလူရွယ်က...

“ဘယ်သူများလဲ”

လင်ကျိုး၏ ညာဘက်မျက်ဝန်းက တောက်ပသွားပြီး...

“မီးတောက်မိစ္ဆာတွေ...”

ထိုစကားကိုကြားတော့ သူ့ဘေးနားမှလူများအားလုံး အတွေးနက်သွားကြသည်။

“ရန်ကျောက်ကဲ...”

လင်ကျိုး မကျေမခြမ်းဖြင့် ထိုနာမည်ကို ရေရွတ်လိုက်၏။

မရေမတွက်နိုင်သောအတွေးများ သူ့စိတ်အာရုံထဲတွင်ပေါ်လာပြီး အတိတ်အမှတ်တရများက လက်ရှိပစ္စုပ္ပန်နှင့် ချိတ်ဆက်သွားကာ သူ့စိတ်များကို တည်ငြိမ်ရန် ခက်ခဲစေသည်။

သူ၏မှတ်ဉာဏ်များအရဆိုလျှင် မီးတောက်မိစ္ဆာများ ကျူးကျော်ဝင်ရောက်လာသည်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်သခင် ‘စုန့်ဝူလျန်’က အရှေ့ပင်လယ်အပြင်ပိုင်းသို့ ချက်ချင်းသွားရောက်ရမည် ဖြစ်သည်။ သို့သော် ယခုတော့ စုန့်ဝူလျန်က အရှေ့ပင်လယ်အပြင်ပိုင်းသို့ သွားရောက်ခြင်းမရှိဘဲ တံခါးပိတ်ကျင့်ကြံနေသည်ဟု သတင်းကြားသည့်အခါ တစ်ခုခုမှားယွင်းနေပြီဟု လင်ကျိုးခံစားရသည်။

ထို့နောက် သူမျှော်လင့်ထားသည့်အတိုင်း မီးတောက်မိစ္ဆာဘုရင် (၂)ယောက်က ကျောက်စိမ်းပင်လယ်မြို့တော်တည်ရှိရာ အရှေ့နဂါးကျွန်းကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

စုန့်ဝူလျန်က ကျောက်စိမ်းပင်လယ်မြို့တော်တွင်ရှိနေသည့်တိုင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာသဖြင့် မီးတောက်မိစ္ဆာဘုရင် (၂)ယောက်က မြို့တော်ကို သူတို့စိတ်ကြိုက်ဖျက်ဆီးလေရာ ကျောက်စိမ်းပင်လယ်မြို့တော် လုံးဝပျက်ဆီးတော့မည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။

ထိုသတင်းကိုကြားတော့မှ လင်ကျိုးအနည်းငယ် စိတ်သက်သာရာရသွားသည်။ သူ့မှတ်ဉာဏ်ထဲတွင် သိရှိထားသည့်အတိုင်း အကြောင်းအရာများက ဖြစ်ပျက်လာခဲ့ပြီ မဟုတ်လား။

သို့သော် နောက်ပိုင်းဖြစ်ပေါ်လာသည့် အပြောင်းအလဲများကတော့ လုံးဝမျှော်လင့်မထားသည့်အရာများဖြစ်ပြီး သူ၏ခန့်မှန်းနိုင်စွမ်းကိုပင် ကျော်လွန်သွားခဲ့သည်။

သူ့မျက်လုံးဖြင့် ကိုယ်တိုင်ကိုယ်ကျ မတွေ့မြင်ရသည့်တိုင် အရှေ့ပင်လယ်တစ်ခွင် သတင်းများ ပျံ့နှံ့လာခဲ့သည်။ ဝါဒတောင်မှ ရန်ကျောက်ကဲက မြို့တော်မှ တစ်ယောက်တည်းထွက်ခွာသွားပြီး မီးတောက်မိစ္ဆဘုရင်တစ်ယောက်ကို မျှားခေါ်သွားကာ ကျောက်စိမ်းပင်လယ်မြိုတော်၏အန္တရယ်ကို  ယာယီအားဖြင့် လျော့ပါးစေခဲ့သည်။

လူတိုင်းကို အံ့အားသင့်စေသည့်အချက်မှာ ရန်ကျောက်ကဲက သူ့ကိုယ်သူစတေးခံ ၊ အနစ်နာခံသည့်လုပ်ရပ်မျိုး ပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။ သူက သိုင်းသူတော်စင်အဆင့်နှင်ညီမျှသော မီးတော်ကမိစ္ဆာဘုရင်၏ အာရုံစိုက်မှုကို အချိန်အတော်ကြာအောင် ထိန်းထားခဲ့ပြီး အဆုံးသတ်တွင် အန္တရယ်ကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်။

ရန်ကျောက်ကဲ၏ စွမ်းဆောင်မှုမှာ လူတိုင်းကို ရင်သပ်ရှုမော အံ့သြစေခဲ့သည်ပင်။

သိုင်းသူတော်စင် ဒုတိယအဆင့်နှင့်ညီမျှသော မီးတောက်မိစ္ဆာဘုရင် ‘ကျင်းကျုန်း’ ရောက်ရှိလာသဖြင့် ရန်ကျောက်ကဲ မျှားခေါ်သွားသည့် မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ ကျောက်စိမ်းပင်လယ်မြို့တော်သို့ ပြန်ရောက်လာခဲ့သည်။

ထိုအချိန်တွင် လင်ကျိုး၏ ကြိုတင်ခန့်မှန်းမှုများအားလုံး အလွဲကြီးလွဲတော့၏။

“ကျောက်စိမ်းပင်လယ်နတ်ဆေးဓား” မွေးဖွားလာသည်ဆိုသောသတင်း ထွက်ပေါ်လာသည့်အခါ လင်ကျိုးမှာ အနည်းငယ်ပင် ထုံပေပေဖြစ်သွားရသည်။

“ကျောက်စိမ်းပင်လယ်မြို့တော်ရဲ့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအောင်မြင်ဖို့ ပစ္စည်းတွေအများကြီး လိုအပ်နေသေးတာပဲ ၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လင်ကျိုး တွေးလိုက်သည်။

“သူတို့ ဘာပစ္စည်းတွေလိုအပ်နေလဲဆိုတာ မသိပေမယ့်... မတော်တဆမှုတစ်ခုခုကြောင့် ပစ္စည်းတွေ အပြည့်အစုံရသွားခဲ့တာလား ၊ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ကုန်တာလဲ”

လင်ကျိုး ခေါင်းခါယမ်းလိုက်သည်။ လက်ရှိတွင် ကျောက်စိမ်းပင်လယ်မြို့တော်၏ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအကြောင်း တွေးတောနေခြင်းက အဓိပ္ပါယ်မရှိပေ။

ယခု လင်ကျိုး ပိုပြီးစိတ်ဝင်စားသည်မှာ ရန်ကျောက်ကဲက မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ ကို မည်သို့မျှားခေါ်ခဲ့သနည်းဆိုသောအချက်ပင်။

“သေသွားတဲ့ ‘ရီကျင်း’ ဆိုတဲ့လူ ၊ ငါ့မှတ်ဉာဏ်တွေအရ သူသာအသက်ရှင်နေမယ်ဆိုရင် အရှေ့ပင်လယ်တိုက်ပွဲမှာ အတော်လေး နာမည်ကျော်ခဲ့တာ ၊ သူက မီးတောက်မိစ္ဆာတွေရဲ့ အာရုံစိုက်ခံရမှုကိုလည်း ရရှိခဲ့တယ်”

လင်ကျိုးမျက်ဝန်းများ ဖျတ်ခနဲ တောက်ပသွားသည်။

“ငါသိသလောက် ရန်ကျောက်ကဲက ရီကျင်းကို သတ်လိုက်တယ် ၊ ဒီတော့ ရီကျင်းဆီက အဖိုးတန်ပစ္စည်းတစ်ခုခုကို ရန်ကျောက်ကဲ ရသွားတာဖြစ်ရမယ်”

ထို့နောက် လင်ကျိုးက ပင်လယ်ရေအောက်သို့ ခုန်ဝင်သွားသည်။ ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး သူ့နောက်မှ လိုက်ပါသွားသည်။

သူတို့အားလုံး ပင်လယ်ရေနက်အောက်ခြေဆီသို့ ဆင်းသက်သွားကြသည်။

လင်ကျိုးက တစ်စုံတစ်ခုကို ရှာဖွေနေဟန် အရှေ့ဆီသို့ အဆက်မပြတ် သွားနေသည်။

အတန်ကြာပြီးနောက် ပင်လယ်ရေအောက် ကျောက်တောင်တန်းကြီးတစ်ခု သူတို့အားလုံးရှေ့တွင် ပေါ်လာသည်။

လင်ကျိုးက ထိုကျောက်တောင်တန်းကြီးထက်သို့ ဆင်းသက်လိုက်ပြီး ဓားရောင်တစ်ချက်လင်းလက်သွားကာ ဓားသွားဖြင့် ကျောက်သားများကို ထိုးဖောက်လိုက်သည်။

ချက်ချင်းပင် အောက်ဘက်မှ အလွန်အမင်းပူပြင်းသော အခိုးအငွေ့တစ်ခု ထွက်ပေါ်လာသည်။

လင်ကျိုး‌ဘေးနားတွင်ရှိနေသည့် သက်လတ်ပိုင်းလူရွယ်က မျက်မှောင်တစ်ချက်ကြုံ့ရင်း...

“ရေအောက်မီးတောင်လား”

“ဒါက ရေအောက်မီးတောင် မဟုတ်ဘူး ဂိုဏ်းတူအစ်ကို’လော့’”

လင်ကျိုးကဆိုသည်။

“အတိအကျပြောရရင်... ဒါက သူ့ကို နည်းနည်းလောက် လှုံ့ဆော်ပေးလိုက်တာနဲ့ ပေါက်ကွဲထွက်တော့မယ့်  ‘ပကတိမီးသွေးကြော’ ပဲ ၊ အခု ကျွန်တော်တို့ရောက်နေတဲ့နေရာက ပကတိမီးသွေးကြော ဆုံချက်တွေထဲက တစ်ခုပဲ”

‘လော့’ မျိုးနွယ် သက်လတ်ပိုင်းလူရွယ်က အနည်းငယ်ထိတ်လန့်သွားဟန်ဖြင့်...

“ဒီနေရာက ပကတိမီးသွေးကြောကို ဘယ်သူက နှောက်ယှက်ရဲတာလဲ ၊ ကြည့်ရတာ... မီးတောက်မိစ္ဆာတွေလား”

လင်ကျိုးက...

“သူတို့ကလွဲလို့ ဘယ်သူရှိမလဲ”

သူ့ဘေးနားမှ ပိန်ပါးသော်လည်း စွမ်းအားမြင့်မားဟန်ရှိသော လူရွယ်တစ်ယောက်က...

“ဂိုဏ်းတူညီလေး’လင်’ ၊ ဒါကို မင်းဘယ်လိုလုပ်သိတာလဲ ၊ ဒီကိစ္စကို ဂိုဏ်းကအကြီးအကဲတွေဆီ အကြောင်းကြားရမလား”

လင်ကျိုးက...

“အရင်က အဖြစ်အပျက်တစ်ခုနဲ့ ခပ်ဆင်ဆင်တူလို့ ငါလည်းသိသွားတာ ၊ အစက ပေါက်ကွဲတော့မယ့် သာမန် ရေအောက်မီးတောင်တစ်ခုလို့ပဲထင်တာ ၊ နောက်တော့ သဲလွန်စတွေကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတဲ့ စွမ်းအားတစ်ခု တွေ့ရတော့မှ သံသယဝင်သွားတာ”

သူက ဆက်ပြောသည်။

“ဂိုဏ်းက အကြီးအကဲတွေကို အကြောင်းကြားဖို့ အချိန်မမီတော့ဘူး ၊ ဂိုဏ်းတူအစ်ကို’ကျန်’ နဲ့ ဂိုဏ်းတူအစ်ကို’လော့’ ၊ မင်းတို့က ဒီကိစ္စကို ဆရာဘိုးဘိုးဆီကို အမြန်သတင်းပို့ပါ”

ဂိုဏ်းတူအစ်ကို’ကျန်’ ဆိုသူ၏မျက်နှာ အနည်းငယ်တောက်ပသွားပြီး...

“ငါတို့က သတင်းပို့ရမှာလား”

ဤသည်က သူတို့ ဆုလာဘ်များရရှိစေရန် လင်ကျိုးက ပြုလုပ်ပေးလိုက်ခြင်းဖြစ်သည်မှာ ထင်ရှားသည်။

လင်ကျိုးက တိုးတိတ်စွာဖြင့်...

“အခု ငါ့စိတ်ထဲမှာ ဝါဒတောင်က ရန်ကျောက်ကဲကိုသတ်ဖို့ပဲ စဉ်းစားနေတာ”

ထိုစကားကြားတော့ ဂိုဏ်းတူအစ်ကို’လော့’ နှင့် ဂိုဏ်းတူအစ်ကို’ကျန်’ တို့၏ မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားပြီး...

“မင်းက အခု ဘာလုပ်ချင်တာလဲ”

လင်ကျိုးက...

“မီးတောက်မိစ္ဆာတွေက ရေအောက်ပကတိမီးသွေးကြော ပေါက်ကွဲထွက်တဲ့စွမ်းအားကို တန်ပြန်တိုက်ခိုက်ဖို့အတွက် အသုံးချလိမ့်မယ်”

အမှန်တော့ ဤသည်က ကြိုတင်ပြင်ဆင်ထားသည့် လှုပ်ရှားမှုတစ်ခုဟု ဆိုနိုင်သည်။

လင်ကျိုး၏မှတ်ဉာဏ်များအရဆိုလျှင် မီးတောက်မိစ္ဆာဘုရင် (၂)ယောက်၏ ကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုကြောင့် ကျောက်စိမ်းပင်လယ်မြို့တော် ပျက်ဆီးသွားခဲ့ရသည်။ အရှေ့ပင်လယ်အပြင်ပိုင်းတွင် တိုက်ပွဲဝင်နေကြသည့် စုန့်ဝူလျန်အပါအဝင် သိုင်းသူတော်စင်များအားလုံး ကျဆုံးသွားခဲ့ပြီး ကျောက်စိမ်းပင်လယ်မြို့တော်မှာ ပြန်လည်တည်ထောင်ရန် မတတ်နိုင်နိုင်တော့ဘဲ အနက်ရောင်အိပ်မက်ဆိုးတောင်နှင့် တူညီသည့်ကံကြမ္မာကို ရင်ဆိုင်ခဲ့ရသည်။

ယခု ယွမ်ကျန်းဖုန်းသည်လည်း သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိခဲ့ပြီး စုန့်ဝူလျန်သည်လည်း ‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ ကို ပြုလုပ်နိုင်ခဲ့ပြီဖြစ်ရာ တိုက်ပွဲတွင် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အင်အားက ပိုမိုကြီးမားလာသည်ဟု ဆိုနိုင်သည်။

မီးတောက်မိစ္ဆာများဘက်မှ မီးတောက်မိစ္ဆာဘုရင် ’ချန်ဟွမ်’ ကို ဆုံးရှုံးခဲ့ရသဖြင့် ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက တိုက်ပွဲတွင် မီးတောက်မိစ္ဆာများ ရှုံးနိမ့်မည်ဖြစ်လေရာ လင်ကျိုးသိခဲ့သော မှတ်ဉာဏ်များအတိုင်း ထပ်တူညီစွာ ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ဆုံးရှုံးသွားသောနယ်မြေများကို အဆက်မပြတ် ပြန်လည်သိမ်းပိုက်နေသော လူသားမျိုးနွယ်သိုင်းသမားများအနေဖြင့် မီးတောက်မိစ္ဆာများ၏ ရုတ်တရက် တန်ပြန်တိုက်စစ်ဆင်ခြင်း ခံရသည့်အခါ အခြေအနေက ပိုမိုရှုပ်ထွေးလာမည်မှာ မလွဲဧကန်ပင်။

လင်ကျိုးက တည်ငြိမ်စွာဖြင့်...

“ငါတို့ဂိုဏ်းက အကြီးအကဲတွေ သတိရှိနေရင်တော့ ဒီတိုက်ပွဲက ငါတို့ဂိုဏ်းအတွက် ကံကောင်းတဲ့အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ်”

“ငါတို့ကတော့ ထိုင်စောင့်နေတာ အကောင်းဆုံးပဲ ၊ မီးတောက်မိစ္ဆာတွေက အခု ပြန်ဆုတ်နေတယ် ၊ ဒါပေမဲ့ တကယ်တမ်းက သူတို့ တန်ပြန်တိုက်စစ်ဆင်နိုင်မယ့် အခွင့်အရေးကို စောင့်နေတာ ၊ ဒီနေရာက ရေအောက်ပကတိမီးသွေးကြော စီးဆင်းမှုကို ဂရုတစိုက် ကိုင်တွယ်နိုင်ဖို့ပဲလိုတယ် ၊ အဲဒါဆိုရင် ပကတိမီးသွေးကြောပေါက်ကွဲထွက်ရင်တောင်မှ ငါတို့တွေ အန္တရယ်ကင်းတယ်”

“နောက်တစ်ချက်က ငါတို့တွေ မီးတောက်မိစ္ဆာတွေ စုဝေးနေတဲ့နေရာတွေကို ရှာဖွေရမယ် ၊ ရန်ကျောက်ကဲ အဲဒီလိုနေရာမျိုးတွေမှာ ရှိနေလောက်တယ်”

***

“သခင်လေး...”

ရန်ကျောက်ကဲထံ သတင်းပို့ရန်ရောက်လာသော အားဟူမှာ သူ့ရှေ့မှ မြင်ကွင်းကြောင့် မျက်လုံးကြီးပြူးကာ စကားမပြောနိုင်ဖြစ်သွားသည်။

ရန်ကျောက်ကဲတော့ တည်ငြိမ်စွာပင် သူ့ရှေ့ရောက်လာပြီး...

“ဘာလဲ ၊ ဘာသတင်းထူးလို့လဲ”

အားဟူက...

“ကောင်းကင်မိုးကြိုးခန်းမက လင်ကျိုး ပင်လယ်ရှည်မြို့တော်ကနေ အရှေ့ပင်လယ်ဘက်ကို ထွက်သွားတာ မြင်လိုက်တဲ့သူ ရှိတယ်တဲ့...”

သူ့စကားမဆုံးခင်မှာပင် ရန်ကျောက်ကဲက အားဟူလက်ကို ရုတ်တရက်ဆွဲလိုက်ပြီး ပင်လယ်နက်ရှိုင်းရာနေရာသို့ ရေငုပ်ဆင်းသက်သွားသည်။

သူတို့နှစ်ယောက် ရေအောက်ရောက်သွားသည်နှင့် ပင်လယ်တစ်ခုလုံး အငွေ့ပျံစေလောက်သည့် မီးတောက်များမြင့်တက်လာပြီး သူတို့ဦးခေါင်းထက်မှ ဖြတ်ကျော်သွားလေ၏။

All Chapters