← Chapters

အခန်း (၁၃၆၀-၁၃၆၂)

Vol. 91 Ch. 1360-1362

အခန်း (၁၃၆၀-၁၃၆၂)

Vol. 91 Ch. 1360-1362

အခန်း (၁၃၆၀ )

လျှိုချင်းယွမ်လား လျှိုချင်းချိုလား

လျှိုချင်းချို၏ စကားများကို ကြားလျှင် လုချန်းက သူမ၏ လှပသော မျက်နှာကို အသာအယာ ပြုံးလျက် ထိတွေ့လိုက်သည်။ ထို့နောက် သူက

“ကိုယ်လည်း ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုရဲ့ အသံကို ကြားခဲ့တယ်။”

“ကျရောက်တော့မယ့် ကပ်ဘေးအတွက် အချိန်က နှစ်ပေါင်း တစ်သောင်းလောက် ကျန်သေးတယ်။ အဲဒါကို ရင်ဆိုင်ဖို့ နည်းလမ်းတစ်ခုခု ရှာတွေ့နိုင်မှာပါ။ မင်း သိပ်ပြီး စိတ်မပူပါနဲ့။”

ကပ်ဘေးမှ သူတို့ လွတ်မြောက်နိုင်မည်ဟု လုချန်းသည်လည်း အပြည့်အဝ မသေချာပေ။ သို့သော် သူသည် ယောက်ျားတစ်ယောက် ဖြစ်သဖြင့် မိမိ၏ အမျိုးသမီးရှေ့တွင် စိုးရိမ်ပူပန်မှုများကို မပြသလိုပေ။

ကျရောက်တော့မည့် ကပ်ဘေးအကြောင်းကို လုချန်း သိနေကြောင်း တွေ့ရသဖြင့် လျှိုချင်းယွမ်၏ စိတ်ထဲ သက်ပြင်းချလိုက်သည်။ ငြိမ်သက်သော မျှော်စင်၏ အကြီးအကဲ ပြောတာ မှန်ပုံရ၏။ ဧကရာဇ်အဆင့်သို့ ရောက်ရှိထားသူ ဖြစ်ပါက ဗဟိုကြယ်နယ်မြေနှင့် မည်မျှပင် ဝေးကွာပါစေ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ သတိပေးချက်ကို ကြားနိုင်တာ အမှန်ပင် ဖြစ်သည်။

ကပ်ဘေးအကြောင်းကို လုချန်း သိထားပြီး ဖြစ်သောကြောင့် သူမအနေနှင့် များစွာ စိုးရိမ်ရန် မလိုတော့ပေ။ ဘာလုပ်ရမယ်ဆိုတာ လုချန်း သိလိမ့်မည်ဟု သူမက ယုံကြည်သည်။

လုချန်းနှင့် ပတ်သက်နေသော ပန်းနီရထားသည် မြင့်မြတ်သောအဆင့် လက်နက်တစ်ခုနှင့် နှိုင်းယှဉ်နိုင်၏။ မြင့်မြတ်သော လက်နက်တစ်ခုနှင့် ဆက်စပ်မှု ရှိသူတိုင်းတွင် ထူးခြားသော နောက်ခံသမိုင်း ရှိရမည်သာ ဖြစ်သည်။

ထို့နောက် လျှိုချင်းချိုက

“ရှင်လည်း သိနေပြီဆိုတော့ ကျွန်မ ရှင့်ရဲ့ လေ့ကျင့်မှုကို မနှောင့်ယှက်တော့ဘူး။”

ထိုစကားများနှင့်အတူ လုချန်း၏ ဆုပ်ကိုင်ထားမှုမှ ရုန်းထွက်ကာ အိပ်ဆောင်အတွင်းမှ ထွက်သွားရန် လျှိုချင်းချို ရည်ရွယ်လိုက်သည်။

သို့သော် နောက်တစ်ခဏတွင် လုချန်း၏ လက်များက သူမ၏ ခါးကို တင်းကျပ်စွာ ပတ်ထားသဖြင့် လှုပ်ရှား၍ မရကြောင်း သူမ သိလိုက်ရ၏။

လျှိုချင်းချိုက လုချန်းကို ခေါင်းလှည့်၍ ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ယှက်သန်းနေသည်။ လုချန်းက

“ဒါနဲ့ ပြောရဦးမယ်။ ကိုယ့်ရဲ့ ပင်မခန္ဓာက မကြာသေးခင်ကမှ ကျင့်စဉ်စခန်းက ထွက်လာတာဆိုတော့ အစာမစားရတာ ကြာပြီ။”

ထိုအရာကို ကြားလျှင် လုချန်း၏ ဆိုလိုရင်းကို လျှိုချင်းချို ချက်ချင်း နားလည်သွားသည်။ သို့သော် သူမက ဘာမှမသိသလို ဟန်ဆောင်ကာ

“နန်းတွင်း စားဖိုဆောင်ကို ရှင့်အတွက် စားစရာတွေ ပြင်ခိုင်းလိုက်ပါ့မယ်။”

လုချန်းက ရယ်မောလိုက်ကာ

“မလိုပါဘူး။ နန်းတွင်း မီးဖိုဆောင်က အစားအစာတွေက မင်းလောက် မမြိန်ဘူး။”

စကားအဆုံးတွင် လုချန်းက အလင်းအရိပ်ကို အသုံးပြုကာ လျှိုချင်းချိုကို ဆွဲဖက်လိုက်သည်။ ထို့နောက် အိပ်ဆောင်အတွင်းရှိ ကုတင်ကြီးပေါ်သို့ သူတို့ ချက်ချင်း ရောက်ရှိသွား၏။

အိပ်ဆောင်ထဲသို့ ရောက်သည်နှင့် လုချန်းက လျှိုချင်းချိုကို စူးရှသော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။

ထို့နောက် လျှိုချင်းချို၏ ပါးပြင်မှတစ်ဆင့် သူ၏ လက်များသည် သူမ၏ ညှပ်ရိုးဆီသို့ ဖြည်းညှင်းစွာ လျှောဆင်းသွား၏။ ထို့နောက်တွင်မူ မွှေးပျံ့သော ပခုံးသားများဆီသို့ ရောက်ရှိသွားသည်။

ဖြစ်ပျက်တော့မည့် အရာကို လျှိုချင်းချို သိထားသဖြင့် လုံးဝ ရုန်းကန်ခြင်း မပြုပေ။ သူမက

“မင်းကြီးမှာ ကပ်ဘေးကို တားဆီးဖို့ နည်းလမ်း ရှိလား။”

တကယ်တော့ လျှိုချင်းချိုသည် လျှိုချင်းယွမ်ကိုယ်စား မေးနေခြင်း ဖြစ်သည်။ လျှိုချင်းယွမ်သည် သူတော်စင် အဆင့်သာ ရှိသေးသော်လည်း ကပ်ဘေးကို တားဆီးနိုင်မည့် နည်းလမ်းကို သိထားသူ ဖြစ်၏။ သို့သော် ထိုနည်းလမ်းကို သူမ တစ်ဦးတည်းသာ အသုံးပြုနိုင်သည်။

သူမအနေနှင့် ကပ်ဘေးမှ လွတ်မြောက်ပြီး ခေတ်သစ်တစ်ခုသို့ ရောက်ရှိသွားလျှင်တောင် ကာမဂုဏ်မက်သော လုချန်းမှာ ရှိမနေတော့မှာကို စိုးရိမ်နေမိသည်။ သူ မရှိပဲ ရှင်သန်နေရခြင်းက ကျိန်စာတစ်ခုကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

လုချန်းနှင့် အတူရှိနေသည့် အချိန် ကြာလာလေလေ သူတို့နှစ်ဦး အတိတ်ဘဝက ပတ်သက်မှု ရှိခဲ့သည်ဟု လျှိုချင်းယွမ် ပို၍ ခံစားလာရလေလေ ဖြစ်သည်။

ပန်းနီရထားအတွင်း သူမ မြင်တွေ့ခဲ့ရသည့် မှတ်ဉာဏ်များကလည်း တစ်နေ့ထက်တစ်နေ့ ပို၍ ရှင်းလင်းလာခဲ့၏။ အစပိုင်းတွင် ထိုမှတ်ဉာဏ်များက အခြားတစ်ယောက်၏ မှတ်ဉာဏ်များဟု သူမ ထင်မှတ်ခဲ့သော်လည်း ယခုတော့ သူမ ကိုယ်တိုင်၏ မှတ်ဉာဏ်များ ဖြစ်ကြောင်း ပို၍ ခံစားလာရသည်။

သူမ၏ အတိတ်ဘဝ မှတ်ဉာဏ်များ အပြည့်အဝ နိုးထလာခြင်း မရှိသေးပေ။ အရေးကြီးသော မှတ်ဉာဏ် အစိတ်အပိုင်းတစ်ခု လိုအပ်နေသေး၏။ မည်သည့်အရာ လိုအပ်နေမှန်း အစက သူမ မသိခဲ့သော်လည်း ပန်းနီရထားနှင့် ပတ်သက်သည့် အဖြစ်အပျက် နောက်ပိုင်းတွင် ပျောက်ဆုံးနေသော အစိတ်အပိုင်း ပြန်လည် ရရှိသွားပြီဟု သူမ ခံစားရ၏။

လျှိုချင်းချိုက ကပ်ဘေးအကြောင်း မေးမြန်းသည့်အခါ လုချန်းက အလုပ်များနေရင်း တုံ့ပြန်လိုက်သည်။

“ကိုယ်လည်း ဘာမှ မစဉ်းစားရသေးဘူး။”

လုချန်း၏ စကားအဆုံးတွင် လျှိုချင်းချို၏ အစိမ်းရောင် ဝတ်ရုံ ပျောက်ကွယ်သွားပြီး သူမ၏ လှပသော ပခုံးသားများမှာ ပေါ်ထွက်လာသည်။

လုချန်း၏ လှုပ်ရှားမှုများကို လျှိုချင်းချို လျစ်လျူရှုထား၏။ ထို့နောက် သူမက

“အဲဒီ ပန်းနီရထားက မင်းကြီးရဲ့ မှော်ရတနာ မဟုတ်လား။ အဲဒီ မြင့်မြတ်တဲ့ လက်နက်ရှိရင် မင်းကြီးအနေနှင့် ကပ်ဘေးကို လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်မှာပါ။”

ဤစကြဝဠာအတွင်း အခြားသော မြင့်မြတ်သည့် လက်နက်များ ရှိကြောင်း လျှိုချင်းယွမ် တစ်ခါမှ မကြားဖူးပေ။ သို့သော် စကြဝဠာတစ်ခုလုံးတွင် မြင့်မြတ်သော လက်နက်များ လုံးဝမရှိဟု မဆိုနိုင်ပေ။

၎င်းတို့သည် အလွန် အစွမ်းထက်လှသဖြင့် အင်အားစုတစ်ခုခုတွင် ရှိနေလျှင်တောင် အခြားသူများကို သိစေမည် မဟုတ်ပေ။

လျှိုချင်းချိုက ပန်းနီရထားအကြောင်း ပြောသည်ကို ကြားလျှင် လုချန်း ခေတ္တခန့် ရပ်တန့်သွား၏။ ထို့နောက် ရယ်မောလျက်

“အမှန်အတိုင်း ပြောရရင် အဲဒီ ပန်းနီရထားက ကိုယ့်နဲ့ ပတ်သက်မှု ရှိနိုင်တယ်လို့ ကိုယ်လည်း ခံစားရတယ်။ ဒါပေမဲ့ အဲ့ဒါက အမြဲတမ်း အရိပ်အယောင်မပြပဲ လာလိုက် သွားလိုက် ဖြစ်နေတာ။ ကပ်ဘေး ကျရောက်တဲ့နေ့မှာ အဲ့ဒါက ကိုယ့်နားမှာ ရှိမနေမှာ စိုးရတယ်။”

ထိုသို့ပြောရင်း လုချန်း၏ လက်များ လှုပ်ရှားသွားကာ လျှိုချင်းချို၏ စိတ်ဆန္ဒကို နှိုးဆွပေးလိုက်၏။

ထိုအခိုက်အတန့်တွင် လျှိုချင်းယွမ်၏ စိတ်အာရုံသည် လျှိုချင်းချို၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာကာ ကိုယ်တိုင် ထိန်းချုပ်လိုက်သည်။

“မင်းကြီးက အခု ဧကရာဇ်အဆင့်ကို ရောက်နေပြီဆိုပေမဲ့ အတိတ်ဘဝ မှတ်ဉာဏ်တွေ အကုန်လုံး... ပြန်မရသေးဘူးလား။”

လျှိုချင်းချို၏ စိတ်ဝိညာဉ်စွမ်းအားများ ကမောက်ကမ ဖြစ်လာကာ အသက်ရှူသံများ ပိုမြန်လာသည်ကို လျှိုချင်းယွမ် ခံစားလိုက်ရသည်။ လုချန်း၏ လက်ဆော့မှုကို ခံစားနေရသော်လည်း လျှိုချင်းယွမ်က တားဆီးခြင်း မပြုပေ။ အကယ်၍ သူမ တားဆီးလိုပါက ဤအချိန်တွင် လျှိုချင်းချို၏ နေရာကို ဝင်ယူခဲ့မည် မဟုတ်ချေ။

လုချန်း တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် လျှိုချင်းယွမ်ထံမှ ညည်းသံသဲ့သဲ့ ထွက်ပေါ်လာသည်။

နောက်တစ်ခဏတွင် အဝတ်စုတ်ပြဲသံနှင့်အတူ

“ကိုယ် အပြည့်အဝ ပြန်မရသေးဘူး။ ကိုယ့်ရဲ့ မှတ်ဉာဏ်တွေကို တစ်နေရာမှာ ချိပ်ပိတ်ထားတာဆိုတော့ အချိန်ယူပြီးမှ အားလုံး ပြန်ရမှာ”

ဟူသော လုချန်း၏ အသံ ထွက်ပေါ်လာ၏။

ဘဝသံသရာ ကျောက်တုံးပေါ်ရှိ ချိပ်ပိတ်မှုအားလုံးကို တစ်ပြိုင်နက်တည်း ဖျက်ဆီးရန်အတွက် ချင်းယွမ်နိုင်ငံ၏ ကံစွမ်းအားကို ဦးစွာ ရယူရန် လုချန်းသည် စဉ်စားထားသည်။ ဘဝသံသရာ ကျောက်တုံးမှ ချိပ်ပိတ်မှုများကို ဖြုတ်နိုင်သည်နှင့် သူ၏ စနစ်အကြောင်းကို နားလည်လာလိမ့်မည်ဟု လုချန်း ခံစားမိနေ၏။

အဆုံးတွင် သူသည် မြေကမ္ဘာမှ လူတစ်ယောက်ဖြစ်ပြီး ဝတ္ထုများစွာ ဖတ်ဖူးသူ ဖြစ်သောကြောင့် ထိုသို့သော အခြေအနေများကို ကောင်းစွာ သိထားသည်။ သူသည် တစ်စုံတစ်ယောက်၏ နယ်ရုပ်တစ်ရုပ်ဖြစ်‌နေနိုင်ပြီး စနစ်၏ နောက်ကွယ်မှ တစ်စုံတစ်ယောက်က အရာအားလုံးကို ထိန်းချုပ်နေသလားဟု သူ အစက တွေးတောခဲ့ဖူး၏။

သို့သော် နှစ်များကြာလာသည်နှင့်အမျှ သူ၏ ဘဝသည် ပို၍ အဆင်ပြေလာပြီး အတိတ်ဘဝ မှတ်ဉာဏ်များ နိုးထလာသည့်အခါတွင်မူ ဤစနစ်မှာ သူ၏ အတိတ်ဘဝက အထူးစွမ်းအားတစ်ခုဖြင့် ဖန်တီးထားခြင်း ဖြစ်နိုင်သည်ဟု လုချန်းသည် ပို၍ ယုံကြည်လာသည်။ သူ၏ အတိတ်ဘဝမှ သူ၏ ရည်ရွယ်ချက်အရ ပြန်လည်မွေးဖွားလာသော သူ့ကိုယ်သူ အင်အား ကြီးထွားလာစေရန် လမ်းညွှန်ပြသဖြင်း ဖြစ်နိုင်သည်။

ထိုအရာများမှာ လုချန်း၏ ခန့်မှန်းချက်များသာ ဖြစ်သည်။ စနစ်သည် သူ၏ အတိတ်ဘဝက အစီအစဉ် ဖြစ်ကြောင်း ခိုင်မာသော သက်သေ မရှိသေးသဖြင့် သူ ဆက်လက်၍ သတိထားနေဆဲ ဖြစ်၏။

ထိုအခိုက်တွင် လျှိုချင်းယွမ်နှင့် ချစ်တင်းနှောရန် လုချန်း ကိုင်းညွတ်လိုက်တော့သည်။

လျှိုချင်းယွမ်က လုချန်း၏ လည်ပင်းကို ဖက်တွယ်ထားရင်း ဆက်မေးလိုက်၏။

“ဟင်း... ရှင့်ရဲ့ အတိတ်ဘဝ မှတ်ဉာဏ်တွေထဲမှာ..... ကျွန်မရော ပါသလား”

လုချန်း၏ လှုပ်ရှားမှုများ ပြင်းထန်လာသဖြင့် လျှိုချင်းယွမ် စကားပြောရန် ခက်ခဲလာခဲ့သည်။

လုချန်းက

“လောလောဆယ်တော့ မပါသေးဘူး။ ဒါပေမဲ့ ကိုယ့်မှတ်ဉာဏ်တွေ အကုန်ပြန်ရရင်တော့ မင်းကို အတိတ်ဘဝ မှတ်ဉာဏ်တွေထဲမှာ တွေ့နိုင်ပါတယ်။”

ထိုသို့ပြောပြီးနောက် လုချန်းက ပြုံးလျက်

“ဘာလို့ ဒီမေးခွန်းကို ရုတ်တရက် မေးတာလဲ။”

လျှိုချင်းယွမ်က လုချန်း၏ ခန္ဓာကိုယ်ကို ဖက်တွယ်ထားရင်း

“ဒီအတိုင်း... မေးကြည့်တာပါ”

လျှိုချင်းယွမ် ဘာကြောင့် ထိုသို့မေးသည်ကို လုချန်း ရိပ်မိ၏။ သူတို့၏ အတိတ်ဘဝ၌ ပတ်သက်မှု အချို့ကို သူမက ခံစားမိနေသည်ဟု သူ ယုံကြည်သည်။

ထိုစဉ် လုချန်း ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး

“ဒါနဲ့ ကိုယ်လည်း မင်းကို မေးစရာ ရှိတယ်”

ဟု လျှိုချင်းယွမ်၏ နားနားတွင်ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

လျှိုချင်းယွမ်က စိတ်လွင့်နေလျက်

“ဘာမေးခွန်းလဲ”

လုချန်းက သူမ၏ နားထဲသို့ လေအသာအယာ မှုတ်လိုက်ကာ သူ၏ လှုပ်ရှားမှုများကို မြှင့်တင်လိုက်ရင်း

“မင်းက လျှိုချင်းယွမ်လား ဒါမှမဟုတ် လျှိုချင်းချိုလား။”

ထိုမေးခွန်းကို ကြားလျှင် လျှိုချင်းယွမ်၏ ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းသွားသည်။ ထိုသိမ်မွေ့သော ပြောင်းလဲမှုကို သတိပြုမိလိုက်သည်နှင့် အဖြေကို လုချန်း ချက်ချင်း သိသွား၏။

ထို့နောက် သူက

“ဒါဆို ချင်းယွမ်ပေါ့”

……………

အခန်း( ၁၃၆၁ )

လုချန်း၏ ဆန္ဒ

လုချန်းက သူမကို တိုက်ရိုက် ဖော်ထုတ်လိုက်သည်ကို တွေ့လျှင် လျှိုချင်းယွမ်က

“ရှင် ဘာတွေပြောနေတာလဲဆိုတာ ကျွန်မ မသိဘူး”

ဟု ချက်ချင်းပင် ငြင်းဆိုလိုက်သည်။

လုချန်းနှင့် ပတ်သက်ခဲ့သည့် အချိန်ကြာလာသည်နှင့်အမျှ လျှိုချင်းယွမ် အရှက်အကြောက် နည်းပါးလာခဲ့သည်မှာလည်း ကြာပြီဖြစ်၏။ အစောပိုင်းက ခဏခန့် ရှက်ရွံ့သွားသော်လည်း သူမ၏ စိတ်ကို အမြန်ပြန်လည် ထိန်းချုပ်လိုက်နိုင်သည်။

သူမသည် လျှိုချင်းချို၏ ခန္ဓာကိုယ်ကို အသုံးပြုကာ လုချန်းကို အကြိမ်ကြိမ် လှည့်စားခဲ့ဖူးသဖြင့် သူ၏ စနောက်မှုများကို အလွယ်တကူပင် လက်ခံလာနိုင်သည်။ လုချန်းက ဆက်လက်၍

“ယွမ်... မင်းက ကိုယ့်ကို ဒီလောက်တောင် ချစ်နေမှတော့ ကိုယ့်အနားကိုပဲ လာခဲ့ပါလား။”

“ဒီကပ်ဘေးကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာ အတူတူ စဉ်းစားပြီး အတူတူ ရင်ဆိုင်ကြရအောင်။”

ထိုသို့ ပြောရင်း လုချန်းက ပြင်းပြင်းထန်ထန် လှုပ်ရှားလိုက်သည်။

“အင်း... အင်း... ကျွန်မက ပင်မခန္ဓာ မဟုတ်ဘူး။ ဒါတွေကို ကျွန်မကို ပြောနေလို့လည်း... အပိုပဲ။”

လျှိုချင်းယွမ်က ဟန်ဆောင်နေဆဲ ဖြစ်‌ကြောင်း တွေ့လျှင် လုချန်းက သူ၏ လှုပ်ရှားမှုအားလုံးကို ရုတ်တရက် ရပ်တန့်လိုက်သည်။ လုချန်း ရပ်သွားသည်ကို သတိထားမိလိုက်ပြီး လျှိုချင်းယွမ် ခဏခန့် ကြောင်အသွား၏။ ထို့နောက်

“ဘာဖြစ်လို့လဲ...”

လုချန်းက သူ၏ ဖြည်းညှင်းစွာ ထလိုက်ပြီး လျှိုချင်းယွမ်၏ မျက်လုံးများကို စိုက်ကြည့်ကာ

“မင်းက တကယ်ပဲ ချင်းယွမ် မဟုတ်ဘူးလား”

လျှိုချင်းယွမ်က ဇွတ်ငြင်းနေသေး၏။

“မဟုတ်ပါဘူး”

သူမသည် လျှိုချင်းချို၏ ခန္ဓာကိုယ်ကို အသုံးပြုထားသည့်အတွက် လုချန်းအနေနှင့် ခွဲခြားနိုင်လိမ့်မည် မဟုတ်ဟု လျှိုချင်းယွမ်ယုံကြည်နေသည်။ ထို့ပြင် သူမသည် လုချန်းနှင့် အချိန်အတော်ကြာ အတူရှိခဲ့သဖြင့် လျှိုချင်းချို၏ အမူအရာများကိုလည်း တုပတတ်နေပြီ ဖြစ်၏။ ထို့ကြောင့် လုချန်းအနေနှင့် သူတို့နှစ်ဦးကို ခွဲခြားရန်က မလွယ်ကူလှပေ။

လုချန်းက

“ဟုတ်လို့လား”

လုချန်း စကားပြောပြီးသည်နှင့် လူရိပ်တစ်ခု အခန်းအတွင်းသို့ ရုတ်တရက် ရောက်ရှိလာ၏။ ထိုသူမှာ လုချန်း၏ ဧကရာဇ်လောင်း ကိုယ်ပွားပင် ဖြစ်သည်။ လုချန်းက သူ၏ ကိုယ်ပွားကို ခေါ်ထုတ်လိုက်သည်ကို မြင်လျှင် လျှိုချင်းယွမ် စိတ်လှုပ်ရှားသွားပြီး

“ရှင်... ရှင် ဘာလုပ်မလို့လဲ”

လုချန်းက နောက်ပြောင်သော အပြုံးဖြင့်

“ဘာမှ မဟုတ်ပါဘူး။ ကိုယ် အစောကတည်းက ပြောထားတာတွေကို မေ့သွားပြီလား”

လျှိုချင်းယွမ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

သူ ဘာကို ပြောနေတာပါလိမ့်။

လျှိုချင်းချို၏ မှတ်ဉာဏ်များကို သူမ ဖတ်ကြည့်ခဲ့သော်လည်း အရေးမကြီးသော အသေးစိတ် အချက်အလက်အချို့ကိုတော့ လျစ်လျူရှုခဲ့သည်။ လုချန်း ရည်ညွှန်းနေသည့် အရာက အရေးမပါဟု သူမ မှတ်ယူထားခဲ့ခြင်းဖြစ်မည်။ လုချန်းက ဆက်လက်၍

“မေ့သွားပြီလား။ အဲဒီတုန်းက မင်း တကယ်ကို စိတ်လှုပ်ရှားနေခဲ့တာပဲလေ။”

လုချန်း၏ စကားကို ကြားလျှင် လျှိုချင်းယွမ်တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး

“မဖြစ်နိုင်တာ”

ဧကရာဇ်အဆင့်ရှိသော လုချန်း၏ ပင်မခန္ဓာကို ရင်ဆိုင်ရတာတောင် မလွယ်ကူလှပေ။ အကယ်၍ နောက်ထပ် ဧကရာဇ်လောင်း ကိုယ်ပွားတစ်ခုသာ ထပ်ရောက်လာလျှင် သူမ၏ စိတ်ဝိညာဉ် ဒုက္ခရောက်ပေလိမ့်မည်။ အခု အသုံးပြုနေတာက လျှိုချင်းချို၏ ခန္ဓာကိုယ် ဖြစ်သော်လည်း သူမကိုယ်တိုင် ထိန်းချုပ်ထားသဖြင့် ခံစားချက်အားလုံးမှာ သူမ၏ စိတ်ဝိညာဉ်ဆီသို့ တိုက်ရိုက် ရောက်ရှိလာမည် ဖြစ်သည်။

လုချန်းက

“ဘာလို့ မရမှာလဲ။ မင်း အရင်က သဘောတူထားတာပဲလေ”

လုချန်းသည် သူမကို ဝန်ခံစေရန် အတင်းအကျပ် ဖိအားပေးနေခြင်း ဖြစ်ကြောင်း လျှိုချင်းယွမ် သိလိုက်၏။ ယခု ဆက်၍ ဟန်ဆောင်နေလျှင် လုချန်းက တကယ်ပင် တစ်ခုခု ဆက်လုပ်တော့မည် ဖြစ်သည်။ ထို့ကြောင့် လျှိုချင်းယွမ်က

“ကျွန်မက လျှိုချင်းချို မဟုတ်ဘူး။ အဲဒါကို သဘောတူခဲ့တာက လျှိုချင်းချိုပဲ။ ကျွန်မ မဟုတ်ဘူး။”

လျှိုချင်းယွမ်က နောက်ဆုံးတွင် ဝန်ခံလိုက်သဖြင့် လုချန်းက ရယ်မောလိုက်ကာ

“အခုမှ ဝန်ခံတော့တယ်ပေါ့။ ယွမ်က ကိုယ့်ကို တကယ် ချစ်တာပဲ။”

ထို့နောက် လုချန်းက သူ၏ ကိုယ်ပွားကိုအခန်းထဲမှ ထွက်ခွာသွားစေလိုက်သည်။ ဤသို့သော ကိစ္စမျိုးကို အဆင့်ဆင့်သာ လုပ်ဆောင်သင့်သည်ဟု သူက ယူဆထားသဖြင့် အတင်းအကျပ် မလုပ်လိုပေ။ သူ၏ ဇနီးများက သဘောတူကြောင်း ရှင်းရှင်းလင်းလင်း ပြောမှသာ သူ လုပ်မည် ဖြစ်သည်။

ဆိုးသွမ်းလှသော လုချန်းကို ကြည့်ကာ လျှိုချင်းယွမ်သည် ဒေါသလည်း ထွက်သလို ဘာမှလည်း မတတ်နိုင် ဖြစ်နေသည်။ ကံကောင်းသည်က လုချန်းက သူမကို အတင်းအကျပ် မလုပ်ခဲ့ခြင်းပင်။

အကယ်၍ လုချန်းကသာ ဇွတ်လုပ်မည်ဆိုလျှင် သူမအနေနှင့် လျှိုချင်းချို၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီး လျှိုချင်းချိုကိုသာ ကိုယ်တိုင် ဖြေရှင်းခိုင်းရပေလိမ့်မည်။ သို့သော် သူတို့နှစ်ဦးကြားက ဆက်နွှယ်မှုကြောင့် ခံစားချက်များကို သူမ သိနေရမည်ဖြစ်သည်။ လျှိုချင်းချိုနှင့် သူမ၏ စိတ်ဝိညာဉ် ဆက်သွယ်မှုကို ပိတ်ဆို့ထားသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပျောက်ကွယ်သွားပြီ ဖြစ်သဖြင့် သူတို့၏ ဆက်သွယ်မှုက အလွန် တည်ငြိမ်နေသည်။

ယခု လျှိုချင်းချို ဘာတွေလုပ်သည် ဘာတွေခံစားရသည်ကို လျှိုချင်းယွမ် အလိုလို သိနေရသည်။ ထို့နောက် လျှိုချင်းယွမ်လည်း လုချန်းကို ဘာမှပြန်မပြောပဲ သူမ၏ ခန္ဓာကိုယ်ကိုသာ လှုပ်ရှားလိုက်တော့သည်။

သူမ လျိုချင်းယွမ် ဖြစ်ကြောင်းကိုလည်း သူ သိသွားပြီ ဖြစ်သဖြင့် ဖုံးကွယ်ထားရန် မလိုတော့ပေ။ လျှိုချင်းယွမ်က သူ့ကို ပြန်မတုံ့ပြန်တော့တာ မြင်လျှင် လုချန်းက

“ကိုယ် တကယ် သိချင်တာက မင်းက ဧကရာဇ်အဆင့်လည်း မဟုတ်ပဲနဲ့ ဒီကပ်ဘေးကြီး ရောက်လာတော့မယ်ဆိုတာ ဘယ်လိုသိတာလဲ။”

“ဧကရာဇ်အဆင့် ရောက်နေသူတွေပဲ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုရဲ့ အသံကို ကြားနိုင်တာ မဟုတ်လား။”

လျှိုချင်းယွမ်က တုန်ရီသော အသံဖြင့်

“ဒါက ယန်ယန်နန်းတော်က အကြီးအကဲ တစ်ယောက် ပြောပြလို့ သိရတာပါ...”

ဟု တုံ့ပြန်လိုက်သည်။

လုချန်းက

“အော်... အဲဒီလိုလား”

“ကပ်ဘေး ရောက်ဖို့ နှစ်ပေါင်း တစ်သောင်းလောက်တောင် လိုသေးတာပဲ။ မင်းရဲ့ ပင်မခန္ဓာကိုလည်း ဒီကို ခေါ်လာခဲ့ပါလား။ တို့တွေ အတူတူ ရင်ဆိုင်ကြရအောင်။”

လျှိုချင်းယွမ်က ချက်ချင်း ပြန်မပြောပဲ ခဏခန့် ညည်းတွားနေပြီးမှ

“ကျွန်မက အခု ယန်ယန်နန်းတော်ရဲ့ ငြိမ်သက်သော မျှော်စင်မှာ အကျဉ်းချခံထားရတာဆိုတော့ ထွက်လာလို့ မရဘူး။”

လုချန်းက

“မင်းက ယန်ယန် နန်းတော်ရဲ့ သူတော်စင်မ မဟုတ်လား။ ဘာဖြစ်လို့ အကျဉ်းချခံထားရတာလဲ။”

လျှိုချင်းယွမ်သည် ယန်ယန်နန်းတော်၏ သူတော်စင်မဖြစ်ပြီး နန်းတော်သခင်၏ ဆက်ခံသူဖြစ်ကြောင်း လုချန်း မှတ်မိနေ၏။ ထိုသို့ဆိုလျှင် သူမက ဘာကြောင့် အကျဉ်းချခံရသနည်း။ လျှိုချင်းယွမ်က

“ကျွန်မရဲ့ အပျိုစင်ဘဝကို ရှင့်ကို ပေးလိုက်ရလို့ သူတော်စင်မ ဖြစ်ခွင့် ဆုံးရှုံးသွားတာလေ။”

လျှိုချင်းယွမ်၏ အသံထဲတွင် မကျေနပ်မှု အရိပ်အယောင်များ ပါဝင်နေသည်။

ဤယောကျာ်းသာ မရှိလျှင် သူမသည် ယန်ယန်နန်းတော်၏ သူတော်စင်မ ဖြစ်နေဦးမည် ဖြစ်ပြီး ဆရာဖြစ်သူကလည်း သူမ၏ ကျင့်စဉ်အဆင့် တိုးတက်လာစေရန် အရင်းအမြစ်များကို အမြောက်အမြား ပံ့ပိုးပေးပေလိမ့်မည်။ သို့သော် အခုတော့ ထိုအရာအားလုံးမှာ အိပ်မက်တစ်ခုလို ပျောက်ကွယ်သွားပြီ ဖြစ်သည်။

တကယ်တော့ ဖြစ်ပြီးတာတွေက ပြန်ပြင်လို့ မရတော့ပေ။ အစကတည်းက ပန်းနီရထား၏ အတင်းအကျပ် ခိုင်းစေမှုကြောင့် ဖြစ်ခဲ့ရသဖြင့် နောင်တရနေလို့လည်း မထူးတော့ပေ။ သို့သော်ငြားလည်း သူမ၏ စိတ်ထဲတွင် လုချန်းအပေါ် မကျေနပ်မှုအချို့ ရှိနေဆဲ ဖြစ်သည်။

လုချန်းက ခပ်တိုးတိုး ရယ်လိုက်ပြီး

“ကိုယ်က မင်းကို ဒုက္ခပင်လယ်ထဲကနေ ကယ်ထုတ်လိုက်သလို ဖြစ်နေတာပဲ။”

လျှိုချင်းယွမ် ပြောလိုသည့် အဓိပ္ပာယ်ကို လုချန်း ရိပ်မိလိုက်သည်။ ယန်ယန် နန်းတော် သခင်သည် သူမ၏ အပျိုစင်ဘဝ ဆုံးရှုံးသွားကြောင်း သိသွားပြီး သူမကို အကျဉ်းချလိုက်တာ ဖြစ်လိမ့်မည်။ ဤသို့သော အခြေအနေမျိုးက ဝတ္ထုများနှင့် ပြဇာတ်များတွင် တွေ့နေကျ ဖြစ်သည်။

လုချန်းက

“မင်းမှာ ငြိမ်သက်သော မျှော်စင်ကနေ ထွက်ဖို့ နည်းလမ်းရှိလား။ မရှိရင် ကိုယ်တိုင် လာကယ်မယ်။”

လျှိုချင်းယွမ်က

“မလိုပါဘူး”

ဟု အလန့်တကြား တားလိုက်သည်။

သူမ၏ အသံက ရုတ်တရက် ပြတ်သားသွား၏။ လုချန်း ထိုသို့ လုပ်မှာကို သူမ အလွန် စိုးရိမ်နေပုံရသည်။

ယန်ယန် နန်းတော်ဆိုသည်မှာ မည်သို့သော အင်အားစုမျိုးနည်း။

၎င်းသာ် ဗဟိုကြယ်နယ်မြေတွင် ရှိပြီး ရှန်ယွဲ့နိုင်ငံပြီးလျှင် ဒုတိယမြောက် အင်အားအကြီးဆုံး အဖွဲ့အစည်းကြီး တစ်ခု ဖြစ်သည်။

လုချန်း၏ လက်ရှိ အင်အားနှင့် ယန်ယန်နန်းတော်ကို သွားခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့်သာ တူပေလိမ့်မည်။ ထို့ပြင် သူမ၏ ဆရာဖြစ်သူက လုချန်းကို အလွတ်ပေးလိမ့်မည်ဟု သူမ မထင်ပေ။

လုချန်း၏ အကြောင်းကို သူမအား အတင်းအကျပ် မမေးသော်လည်း သူမ၏ ဆရာက လုချန်းကို ဒီအတိုင်းတော့ လွှတ်ထားလိမ့်မည် မဟုတ်ပေ။ သူမ၏ ဆရာက လုချန်း၏ တည်နေရာကို ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုထံတွင် မေးမြန်းနေလောက်ပြီ ဖြစ်၏။ လုချန်း လာနေတာကိုသာ သူမ၏ ဆရာ သိလျှင် သူ ဧကန်မုချ သေဆုံးရပေလိမ့်မည်။

လျှိုချင်းယွမ်က အပြင်းအထန် ကန့်ကွက်နေသည်ကို တွေ့လျှင် လုချန်းက သူမ၏ ပါးပြင်ကို အသာအယာ ပွတ်သပ်လိုက်ကာ မျက်လုံးများကို စိုက်ကြည့်ပြီး

“မင်း ကိုယ့်ကို စိတ်ပူနေတာလား။”

လျှိုချင်းယွမ်က သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ကာ

“ရှင့်လို လူယုတ်မာကို မြင်ရတိုင်း ကျွန်မ သတ်ချင်စိတ် ပေါက်နေလို့ စိတ်ပူနေတာ။”

လုချန်းက ခပ်တိုးတိုး ရယ်လိုက်ပြီး

“မစိုးရိမ်ပါနဲ့။ ကိုယ် မင်းကို တွေ့တဲ့အခါ မင်းရဲ့ စွမ်းအားတွေကို ချိပ်ပိတ်ပစ်မယ်။ မင်းက ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေး ဖြစ်သွားမှာဆိုတော့ ကိုယ့်ကို သတ်နိုင်မှာ မဟုတ်တော့ဘူး။”

ထိုသို့ ပြောပြီးနောက် လုချန်းက စနောက်နေသည့် အမူအရာကို ဖျောက်ပစ်လိုက်ကာ တည်တည်တံ့တံ့ဖြင့်

“တကယ်ပြောတာပါ။ ကပ်ဘေး ကျရောက်ဖို့ နှစ်ပေါင်း တစ်သောင်းပဲ ကျန်တော့တာလေ။ ကျန်ရှိနေတဲ့ အချိန်တွေကို ကိုယ့်နဲ့အတူ ကုန်ဆုံးချင်စိတ် မရှိဘူးလား။”

……………….

အခန်း (၁၃၆၂ )

ယန်ယန်နန်းတော်၏ အင်အား

လုချန်း၏ တည်ကြည်နေသော အမူအရာကို မြင်လျှင် လျှိုချင်းယွမ် တိတ်ဆိတ်သွား၏။ သူမ၏ လှပသော မျက်နှာပေါ်တွင်လည်း စိုးရိမ်ရိပ်များ ဖြတ်ပြေးသွားခဲ့သည်။

ထိုလူယုတ်မာ လုချန်း၏ လှည့်ကွက်တစ်ခုခုကြောင့်လားဟု သူမ မသေချာသော်လည်း လုချန်းနှင့်အတူ နေထိုင်ရန် သူမ၏ စိတ်ထဲမှ အသံတစ်ခုက တိုက်တွန်းနေသည်။ ယခု သူမ လုချန်းကို တကယ် မခွဲခွာနိုင်တော့ပေ။ စကြဝဠာကပ်ဘေးကြီး ဆိုက်ရောက်ရန် နှစ်ပေါင်းတစ်သောင်းသာ လိုတော့သည်။ အကယ်၍ လုချန်း ကပ်ဘေးမှ မလွတ်မြောက်နိုင်ခဲ့လျှင်တောင် ဤနှစ်ပေါင်းတစ်သောင်းသည် သူမအတွက် လှပသော အမှတ်တရများစွာ ကျန်ရစ်စေလိမ့်မည်။

သို့သော် အခြားပြဿနာတစ်ခုကို လျှိုချင်းယွမ် တွေးမိပြန်၏။ အကယ်၍ ဤနောက်ဆုံး နှစ်ပေါင်းတစ်သောင်းအတွင်း သူမနှင့် လုချန်းတို့ လှပသော အမှတ်တရများစွာ ဖန်တီးခဲ့သော်လည်း လုချန်းက ကပ်ဘေးကို မကျော်လွှားနိုင်ခဲ့လျှင် ခေတ်သစ်တစ်ခုတွင် သူမတစ်ယောက်တည်း ရှင်သန်ရတာ မည်မျှနာကျင်စရာ ကောင်းလိုက်မလဲဟု စဉ်းစားမိသွားခြင်းဖြစ်သည်။

ယခုအချိန်တွင် အရာအားလုံးက ပိုလှပလေလေ ခေတ်သစ်တွင် ရှင်သန်ရတာ ပိုနာကျင်ရလေလေ ဖြစ်ပေလိမ့်မည်။ အတိတ်က လှပခဲ့သမျှ အရာအားလုံးသည် လွင့်မျောနေသော တိမ်တိုက်များကဲ့သို့ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။

ထိုအချက်ကို ထည့်သွင်းစဉ်းစားရင်း လုချန်းနှင့် ဆက်လက်ပတ်သက်ရန် လျှိုချင်းယွမ် အနည်းငယ် ချီတုံချတုံ ဖြစ်လာသည်။ သူမဤလူယုတ်မာကို အလွန်အကျွံ ချစ်မိသွားကာ ရုန်းမထွက်နိုင်တော့မှာကို တကယ် ကြောက်ရွံ့နေမိ၏။

အမှန်တကယ်‌တော့ အခြား အရေးကြီးဆုံးအချက်တစ်ခု လည်းရှိနေသည်။ သူမ၏ လက်ရှိ စွမ်းရည်နှင့် လုချန်း၏ အနားတွင် မနေနိုင်ခြင်းပင် ဖြစ်သည်။ လုချန်း၏ စွမ်းရည်နှင့်လည်း သူမကို ယန်ယန်နန်းတော်မှ ကယ်ထုတ်နိုင်မည် မဟုတ်ပေ။ လုချန်းက သူမကို ကယ်ထုတ်ရန် ယန်ယန် နန်းတော်သို့ လာခဲ့လျှင် သူ၏ အသက်ပင် ဆုံးရှုံးသွားနိုင်သည် မဟုတ်ပါလား။

ထို့ကြောင့် မည်သည့်ရှုထောင့်မှ ကြည့်ကြည့် သူမနှင့် လုချန်းတို့ အတူရှိရန် မသင့်တော်ပေ။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်

“ရှင် ယန်ယန် နန်းတော်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။”

လုချန်းက ပြုံးလျက်

“ဒါဆို မင်းက ကိုယ့်အတွက် တကယ် စိတ်ပူနေတာပဲ။”

လျှိုချင်းယွမ်က

“ယန်ယန် နန်းတော်ဆိုတာ စကြဝဠာထဲက မဟာ အင်အားကြီးတစ်ခုပဲ။ ရှန်ယွဲ့နိုင်ငံထက် မနိမ့်ကျဘူး။ ရှင့်ရဲ့ လက်ရှိအင်အားနဲ့ ကျွန်မကို လာရှာတာက ကျောက်ခဲကို ကြက်ဥနဲ့ ထုသလိုပဲ ဖြစ်လိမ့်မယ်။”

လုချန်းက ခပ်အေးအေး ပြန်ပြောလိုက်၏။

“ကိုယ် အခုတော့ ယန်ယန် နန်းတော်ကို မယှဉ်နိုင်သေးဘူးဆိုပေမဲ့ အနာဂတ်မှာတော့ ပြောလို့မရဘူးလေ။”

လျှိုချင်းယွမ်က

“ရှင့်ရဲ့ ပါရမီက ကောင်းတယ်ဆိုတာ ကျွန်မ ဝန်ခံပါတယ်။ ဒါပေမဲ့ ရှင့်ရဲ့ ပါရမီက ဘယ်လောက်ပဲ ထူးချွန်နေပါစေ နှစ်ပေါင်းတစ်သောင်းအတွင်း ယန်ယန် နန်းတော်ကို ယှဉ်နိုင်တဲ့အထိ ကြီးထွားလာမှာ မဟုတ်ဘူး။”

လုချန်း၏ ပါရမီကို သူမကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသဖြင့် တကယ်ပင် အထင်ကြီးစရာကောင်းလှမှန်း သူမသိ၏။ လျှိုချင်းချို၏ မှတ်ဉာဏ်များအရ လုချန်းသည် မွေးဖွားလာချိန်မှစ၍ နှစ်ပေါင်းငါးရာမပြည့်ခင်မှာပင် ဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့‌ကြောင်း သူမ သိထားသည်။

သို့သော် လုချန်း လျင်မြန်စွာ အင်အားကြီးလာနိုင်ခြင်းက သူသည် ပြန်လည်ဝင်စားလာသော ဧကရာဇ်တစ်ပါး ဖြစ်သောကြောင့် ဖြစ်လိမ့်မည်။ ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးနောက်တွင်မူ သူ၏ အင်အား ထပ်မံ ကြီးထွားရန် ခက်ခဲသွားနိုင်သည်။

အချိန်ပိုရခဲ့လျှင် သို့မဟုတ် နှစ်ပေါင်းတစ်သောင်းလောက် ဆိုလျှင်တောင် ယန်ယန်နန်းတော်ကို ယှဉ်နိုင်သည့်အထိ လုချန်း ကြီးထွားလာနိုင်သည်။ သို့သော် ယခုတော့ အချိန်မှာ အရှားပါးဆုံး အရင်းအမြစ် ဖြစ်နေလေပြီ။

စကြဝဠာကပ်ဘေးကြီး ဆိုက်ရောက်ရန် နှစ်ပေါင်းတစ်သောင်းသာ ကျန်ရှိတော့ရာ နှစ်ပေါင်းတစ်သောင်းအတွင်း ယန်ယန် နန်းတော်ကို ယှဉ်နိုင်လောက်အောင် လုချန်း အင်အားကြီးလာရန် မဖြစ်နိုင်သလောက်ပင်။

ယန်ယန် နန်းတော်၏ အင်အားဟု ဆိုရာတွင် ၎င်း၏ ပင်မ အင်အားတစ်ခုတည်း မဟုတ်သေးပေ။ လက်အောက်ခံ အင်အားစုများနှင့် မရေမတွက်နိုင်သော မဟာမိတ်များလည်းရှိနေသည်။ လုချန်း၏ ရှနိုင်ငံတော်က ယန်ယန်နန်းတော်ကို မည်သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။

လုချန်းက

“ကိုယ် မလုပ်နိုင်ဘူးလို့ မင်း ဘာလို့ ဒီလောက်တောင် သေချာနေတာလဲ။ မင်းက ကိုယ့်ကို သိပ်အထင်သေးတာပဲ။”

လျှိုချင်းယွမ် ထပ်မံ၍ စကားမပြောတော့ပေ။ သူမသည် လုချန်းကို အထင်သေးနေခြင်း မဟုတ်ပေ။ လက်တွေ့ကျကျ တွေးတောနေခြင်းသာ ဖြစ်၏။ ယောကျာ်းများသည် တစ်ခါတစ်ရံတွင် သိက္ခာကို အလေးထားတတ်ကြောင်း သူမ နားလည်ထားသည်။ ထိုအရာများကို သူမက တိုက်ရိုက်ပြောလိုက်လျှင် လုချန်းအတွက် လက်ခံရန် ခက်ခဲသွားပေလိမ့်မည်။ သို့သော် ထိုသို့ပြောခြင်းက ဘာကို ပြောင်းလဲနိုင်ပါမည်နည်း။

လျှိုချင်းယွမ် စကားမပြောတော့သည်ကို လုချန်း မြင်လျှင် သူမ၏ စိတ်ထဲတွင် သူ့ကို မယုံကြည်ကြောင်း ရိပ်မိလိုက်သည်။ အမှန်အတိုင်း ပြောရလျှင် သူကိုယ်တိုင်လည်း သိပ်ပြီး ယုံကြည်ချက် ရှိနေသည်တော့ မဟုတ်ပေ။

သို့သော် ယောကျာ်းတစ်ယောက်သည် မလုပ်နိုင်ဟု မပြောသင့်ပေ။ အထူးသဖြင့် မိမိ၏ အမျိုးသမီးရှေ့တွင် ပို၍ပင် မပြောသင့်ပေ။ အဆုံးတွင် မအောင်မြင်ခဲ့လျှင်တောင် သူ ကြိုးတော့ကြိုးစားကြည့်ရပေလိမ့်မည်။

ထို့ပြင် သူ့တွင် စနစ်တစ်ခု ရှိနေသည်။ စနစ်ရှိနေပါလျက်နှင့် မဖြစ်နိုင်သောအရာများကို မစိန်ခေါ်ရဲလျှင် ဤစနစ်က ဘာအတွက် ရှိနေရသနည်း။

ထို့နောက် လုချန်းက

“ဒီလိုလုပ်ရအောင်။ ကိုယ်တို့ အလောင်းအစား လုပ်ကြမလား။ အကယ်၍ ကိုယ် မလုပ်နိုင်ခဲ့ရင် ကိုယ်တို့ကိစ္စက ပြီးသွားပြီလို့ သတ်မှတ်လိုက်။ ဒါပေမဲ့ တစ်နေ့နေ့မှာ ကိုယ် မင်းကို ယန်ယန် နန်းတော်ကနေ တကယ် ကယ်ထုတ်နိုင်ခဲ့ရင် မင်း ဘာလုပ်ပေးမလဲ။”

ယခုအချိန်တွင် ထိုအရာများကို လုချန်းနှင့် ဆွေးနွေးနေခြင်းက အကျိုးမရှိဟု လျှိုချင်းယွမ် တွေးမိသည်။ လုချန်းသည် စကြဝဠာ၏ အစွန်အဖျားတွင် ရှိနေသဖြင့် သူ၏ ကိုယ်ပိုင်အင်အားကို မသိမြင်နိုင်သလို ရှနိုင်ငံတော်နှင့် ယန်ယန် နန်းတော်ကြားရှိ ကွာဟချက်ကိုလည်း မသိနိုင်ပေ။

ထားလိုက်ပါတော့။

တစ်နေ့နေ့ သူ ဗဟိုကြယ်နယ်မြေသို့ ရောက်ရှိသွားပြီး ရှနိုင်ငံတော်နှင့် ယန်

ယန် နန်းတော်ကြားရှိ ကွာခြားချက်ကို မြင်လိုက်ရသည့်အခါမှ သူမကို ကယ်ထုတ်ရန်မှာ လုံးဝ မဖြစ်နိုင်ကြောင်း သူ သိသွားလိမ့်မည်။ ထိုအချိန်ကျလျှင် လုချန်းလည်း သူ့အလိုလို လက်လျှော့သွားလိမ့်မည်။ ယခုအချိန်တွင် သူ့ကို ထပ်မံ နားချနေရန် မလိုတော့ပေ။ လုချန်းအား အခက်အခဲနှင့် ကိုယ်တိုင် ရင်ဆိုင်ခိုင်းလိုက်ရုံသာ ရှိတော့သည်။

ထို့နောက် လျှိုချင်းယွမ်က

“တကယ်လို့ တစ်နေ့နေ့မှာ ရှင် ကျွန်မကို ယန်ယန်နန်းတော်ကနေ တကယ် ကယ်ထုတ်နိုင်ခဲ့ရင် ရှင် ခိုင်းသမျှအားလုံးကို ကျွန်မ လုပ်ပေးပါ့မယ်။”

လုချန်းက

“ကောင်းပြီ......ကတိနော်”

“တော်ပြီ။ ဒီအကြောင်းတွေ ဆက်မပြော တော့ဘူး။ အရင်က လုပ်လက်စလေးပဲ ဆက်လုပ်ကြရအောင်။”

ထို့နောက် လုချန်း အလုပ်ရှုပ်သွားပြန်သည်။

……….

တစ်ချိန်တည်းမှာပင်။

ချင်းယွမ်နိုင်ငံ။

ဧကရာဇ်ကြယ်။

ရွှေရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော ချီဟုန်ကွမ်းသည် သူ၏ လက်များကို နောက်ပစ်လျက် စာကြည့်ခန်းအဝင်ဝတွင် ရပ်ကာ သည်းထန်စွာ ရွာသွန်းနေသော မိုးကို ကြည့်နေ၏။

မကြာသေးမီက မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေရောင်မမြင်ရသည်မှာ တစ်လကျော် ရှိနေပြီ ဖြစ်သည်။ ကောင်းကင်ကြီးမှာလည်း ညအချိန်ကဲ့သို့ မှောင်မည်းအုံ့မှိုင်းနေ၏။

ထိုအခိုက်အတန့်တွင် ခရမ်းရောင် လျှပ်စီးကြောင်းတစ်ခုက မှောင်မည်းနေသော တိမ်တိုက်များကြားတွင် ဖြတ်ပြေးသွားကာ ချီဟုန်ကွမ်း၏ တင်းမာနေသော မျက်နှာကို လင်းလက်သွားစေသဖြင့် သူ၏မျက်နှာကို ပို၍ပင် ကြောက်မက်ဖွယ်ကောင်းအောင် ပြုလုပ်လိုက်သလို ဖြစ်သွားသည်။

ထိုအချိန်တွင် အစောင့်တစ်ဦး စာကြည့်ခန်းအဝင်ဝတွင် ပေါ်လာပြီး

“မင်းကြီး။ တော်ဝင်အကြီးအကဲချုပ်ဆီကနေ ဘာသတင်းမှ မရသေးပါဘူး။”

ထိုအရာကို ကြားလျှင် ချီဟုန်ကွမ်းက စကားမပြောပဲ လက်ကိုသာ ဝေ့ယမ်းလိုက်သည်။ ထို့နောက် အစောင့်က

“ပြန်လည် ထွက်ခွာခွင့်ပြုပါ”

ချီဇွန်း တစ်ခုခု ဖြစ်သွားပြီဟု ချီဟုန်ကွမ်း ခန့်မှန်းထားပြီးဖြစ်၏။ ထို့ကြောင့် သူ၏ စိတ်အခြေအနေ ဆိုးရွားနေတာ ထင်ရှားသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ချီယွဲ့နိုင်ငံသည် ရှနိုင်ငံတော်၏ အုပ်ချုပ်မှုအောက်သို့ တရားဝင် ရောက်ရှိသွားပြီဟူသော သတင်း ရောက်ရှိလာခဲ့၏။ အရေးကြီးဆုံးအချက်မှာ ပေထျန်းလုသည် သေဆုံးသွားခြင်း မရှိရုံသာမက သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သေမင်းအငွေ့အသက်များပါ ပျောက်ကွယ်သွားကာ ရှနိုင်ငံတော် ဧကရာဇ်ထံ သစ္စာခံလိုက်ခြင်းပင် ဖြစ်သည်။

ထိုသတင်းအချက်အလက်များကြောင့် ချင်းယွမ်နိုင်ငံအနေနှင့် အခက်အခဲကြီးနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ချီဟုန်ကွမ်း သိလိုက်သည်။ သေလုမျောပါး ဖြစ်နေသော ပေထျန်းလုကို ရှနိုင်ငံတော်က ကုသပေးနိုင်ခဲ့သည့် အချက်တစ်ချက်တည်းနှင့်ပင် ရှနိုင်ငံတော်၏ အင်အား သာမန်မဟုတ်ကြောင်း ပြသနေ၏။ ရှနိုင်ငံတော် ဧကရာဇ်သည်လည်း သာမန် ဧကရာဇ်တစ်ပါး မဖြစ်နိုင်ပေ။

ယခုအခါ ပေထျန်းလုသည် သူ၏ အင်အားများ ပြန်လည်ရရှိသွားပြီ ဖြစ်သည်။ သူ အထွတ်အထိပ်အချိန်တွင် ချင်းယွမ်နိုင်ငံ၏ ဧကရာဇ်သုံးပါး ပေါင်းစည်းထားသော အင်အားသည် ပေထျန်းလု၏ အင်အားနှင့်သာ ညီမျှ၏။ ယခုမူ ချင်းယွမ်နိုင်ငံ၏ ဧကရာဇ်နှစ်ပါး ဆုံးရှုံးသွားပြီဖြစ်ရာ ပေထျန်းလုကို ယှဉ်နိုင်ရန် မဖြစ်နိုင်တော့ပေ။

သူတို့၏ နယ်မြေဖြစ်သဖြင့် မင်းဆက် ကံစွမ်းအား၏ အားကိုး ရှိသော်လည်း လျှို့ဝှက်ဆန်းကြယ်သော ရှနိုင်ငံတော် ဧကရာဇ်အကြောင်း တွေးမိပြီး ချီဟုန်ကွမ်း သူ့ကိုယ်သူ ယုံကြည်မှု မရှိနိုင်ပေ။ ရှနိုင်ငံတော် ဧကရာဇ်တွင် မည်မျှအထိ စွမ်းအားကြီး ကြောင်း မည်သူမှ မသိကြပေ။

အကယ်၍ ရန်သူသည် ဧကရာဇ်အဆင့်ငါး တွင် ရှိနေပါက မင်းဆက် ကံစွမ်းအား ရှိနေလျှင်လည်း သူတို့ ခုခံနိုင်မည် မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် ချင်းယွမ်နိုင်ငံကို စွန့်လွှတ်ကာ ထွက်ပြေးရန် ချီဟုန်ကွမ်း တွေးတောမိလာသည်။

သို့သော် မင်းဆက် ကံစွမ်းအားသည် သူနှင့် ဆက်နွှယ်နေသည်။ အကယ်၍ သူ ထွက်ပြေးသွားပါက ကံစွမ်းအားများ ရုတ်တရက် ဆုံးရှုံးသွားကာ သူ့အတွက် ပြဿနာကြီးများ ဖြစ်ပေါ်စေလိမ့်မည်။ မင်းဆက် ကံစွမ်းအားသည် အလိုရှိတိုင်း စွန့်လွှတ်နိုင်သော အရာမဟုတ်ပေ။

ဧကရာဇ်တစ်ဦးက နိုင်ငံကို စွန့်ခွာသွားပြီး နိုင်ငံ ပျက်စီးသွားပါက မင်းဆက် ကံစွမ်းအား၏ တုံ့ပြန်မှုကို ထိုဧကရာဇ် ဧကန်မုချ ခံရမည် ဖြစ်သည်။ ထိုအရာသည် ထိုသူနောက်သို့ တစ်သက်လုံး လိုက်ပါနေမည်ဖြစ်ပြီး နောင်တွင် အဆင့်တက်ရန် ခက်ခဲသွားပေလိမ့်မည်။

ချီဟုန်ကွမ်း စိတ်ပူနေစဉ်မှာပင် လူရိပ်တစ်ခု သူ၏ ဘေးတွင် ပေါ်လာကာ

“မင်းကြီးကို ဂါရဝပြုပါတယ်”

ဖန်ထန်းဖေးအား မျက်လုံးထောင့်မှ ချီဟုန်ကွမ်းက တစ်ချက်ကြည့်လိုက်ကာ

“ဘာကိစ္စလဲ”

ဖန်ထန်းဖေးက

“ထောက်လှမ်းရေးဆီက သတင်းအရ ရှနိုင်ငံတော်က စစ်တပ်တွေကို စုစည်းနေပြီး ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေပါပြီ။ သူတို့ရဲ့ အာကာသယာဉ်အချို့ဟာ လမ်းမှာ ရောက်နေပါပြီ။”

All Chapters