← Chapters

အခန်း (၁၃၆၃-၁၃၆၅)

Vol. 91 Ch. 1363-1365

အခန်း (၁၃၆၃-၁၃၆၅)

Vol. 91 Ch. 1363-1365

အခန်း( ၁၃၆၃ )

အထင်ကြီးချင်စရာ ချီမိသားစုဝင်များ

ဖန်ထန်းဖေး၏ အစီရင်ခံမှုကို ကြားလျှင် ချီဟုန်ကွမ်း မျက်မှောင်ကြုတ်သွား၏။ ရှနိုင်ငံက တကယ်ကို ရောက်ရှိလာခဲ့ပေပြီ။

အစကတော့ သူ မျှော်လင့်ချက်အနည်းငယ် ထားရှိခဲ့သေးသည်။ ရှနိုင်ငံသည် ချီယွဲ့နိုင်ငံကို သိမ်းပိုက်ပြီးနောက် ချင်းယွမ်နိုင်ငံကို ဆက်လက်တိုက်ခိုက်မည်မဟုတ်ဟု သူ တွေးတောခဲ့မိ၏။

စကြဝဠာကပ်ဘေးကြီး ကျရောက်ရန်မှာ နှစ်ပေါင်းတစ်သောင်းသာ ကျန်ရှိတော့သဖြင့် အင်အားစုဆောင်းကာ ကပ်ဘေးကို မည်သို့ခုခံမည်နည်းဟုသာ စဉ်းစားသင့်သည် မဟုတ်ပါလား။

ထို့ပြင် ချင်းယွမ်နိုင်ငံတွင် မင်းဆက်ကံစွမ်းအားကို ပိုင်ဆိုင်ထားသည့် ဧကရာဇ်အဆင့်တစ်ဦး ရှိနေဆဲဖြစ်သည်။ အကယ်၍ သူ သေဆုံးသွားခဲ့လျှင်ပင် ရန်သူအတွက် ကြီးမားသောဒုက္ခကို ဖြစ်စေပေလိမ့်မည်။

အကယ်၍ ဧကရာဇ်အဆင့်တစ်ဦးက ရွေးစရာမရှိတော့သဖြင့် မိမိကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးလိုက်လျှင် ရန်သူ မသေဆုံးလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိမည်ဖြစ်၏။ စကြဝဠာကပ်ဘေးကျရောက်ရန် နှစ်ပေါင်းတစ်သောင်းသာ လိုတော့ချိန်တွင် ထိုကဲ့သို့ပြင်းထန်သောဒဏ်ရာကို မကုသနိုင်ပါက ဧကန်မုချ သေဆုံးရမည်ပင် ဖြစ်သည်။

ဖန်ထန်းဖေးက တုံ့ဆိုင်းစွာဖြင့်

“မင်းကြီး... ကျွန်တော်တို့ အခု ဘာဆက်လုပ်သင့်ပါသလဲ။”

ရှနိုင်ငံ စစ်တပ်ချီတက်လာသည့် သတင်းကို ကြားပြီးနောက် ချင်းယွမ်နိုင်ငံ၏ နယ်ပယ်သခင်အမြောက်အမြားလည်း ထွက်ပြေးနေကြပြီဖြစ်၏။ ချင်းယွမ်နိုင်ငံ၏ တော်ဝင်အကြီးအကဲချုပ်ပင် ရှနိုင်ငံကို ရှုံးနိမ့်သွားခဲ့ရာ ဧကရာဇ်အဆင့် တစ်ဦးတည်းနှင့် ရှနိုင်ငံကို မည်သို့မှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ဟု လူအများစုက မြင်၏။ ချင်းယွမ်နိုင်ငံကို ကယ်တင်၍ မရတော့ပေ။

ဖန်ထန်းဖေး၏ မေးခွန်းကို ချီဟုန်ကွမ်း ချက်ချင်းမဖြေပေ။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်မှ ထူထပ်သော တိမ်မည်းများကို မော့ကြည့်နေလေသည်။

အချိန်အတော်ကြာပြီးနောက် ချီဟုန်ကွမ်း သက်ပြင်းတစ်ချက်ကို ချလိုက်ပြီးလျှင် “ကောင်းကင်ဘုံက ငါ့ကို ပျက်စီးစေချင်နေတာပဲ” ဟု ရေရွတ်လိုက်သည်။

ယခု ဆုံးဖြတ်ချက်တစ်ခုကို သူ ချပြီးပြီ ဖြစ်သည်။ စကြဝဠာကပ်ဘေး ကျရောက်ရန်မှာ နှစ်ပေါင်းတစ်သောင်းသာ လိုတော့သဖြင့် သူ၏ လက်ရှိအင်အားနှင့် ကပ်ဘေးကို ကျော်ဖြတ်နိုင်ရန်က မဖြစ်နိုင်သလောက်ပင် ဖြစ်၏။ သို့သော်လည်း ကပ်ဘေးမတိုင်ခင်အထိတော့ သူ အသက်ရှင်နေလိုသေးသည်။

သေခြင်းတရားကို ကြောက်ရွံ့စိတ်က လူတိုင်းတွင် ရှိစမြဲဖြစ်၏။ ဧကရာဇ်အဆင့် ရောက်နေလျှင်လည်း အတူတူပင်။ အကယ်၍ အသက်ရှင်နိုင်ခြေ ရှိပါက မည်သူက သေချင်ပါမည်နည်း။

ထီးနန်းကို သူ၏သားများထံ လွှဲအပ်ပြီးနောက် ချင်းယွမ်နိုင်ငံမှ တစ်ကိုယ်တည်း ထွက်ပြေးရန် ချီဟုန်ကွမ်း ဆုံးဖြတ်လိုက် တော့သည်။ ဤနည်းဖြင့် ကံစွမ်းအား၏ တုံ့ပြန်မှုကို သူ၏သားများသာ ခံစားရမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် နောက်ထပ်နှစ်ပေါင်းတစ်သောင်းအတွင်း သူ အဆင့်မတက်လှမ်းနိုင်လျှင်ပင် သက်တောင့်သက်သာ နေထိုင်သွားနိုင်မည် ဖြစ်၏။

ထိုအရာကို တွေးမိသဖြင့် ချီဟုန်ကွမ်းက

“ငါ့ကို မကျေနပ် မဖြစ်ကြပါနဲ့... မင်းတို့လည်း ဘယ်လိုပဲဖြစ်ဖြစ် ကပ်ဘေးကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ အစောကြီး လွတ်မြောက်သွားတာကမှ မင်းတို့အတွက် ပိုကောင်းလိမ့်မယ်”

ဟု သူ့ဘာသာ ရေရွတ်လိုက်ပြန်သည်။

ထို့နောက် ချီဟုန်ကွမ်းသည် ဖန်ထန်းဖေးအား

“နောက်သုံးရက်နေရင် ညီလာခံကြီးကျင်းပမယ်လို့ ကြေညာလိုက်ပါ။ ကျုပ် အရေးကြီးတဲ့ကိစ္စ ကြေညာဖို့ရှိတယ်။ နယ်ပယ်သခင်အားလုံး တက်ရောက်ရမယ်။”

ထိုစကားကို ကြားရလျှင် ဖန်ထန်းဖေးလည်း ချီဟုန်ကွမ်း၏ ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိသွားပြီး

“နားလည်ပါပြီ”

“ကျွန်တော့်ကို ခွင့်ပြုပါဦး”

………

သုံးရက်ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့၏။

ညီလာခံခန်းမအတွင်း၌ လုံးဝတိတ်ဆိတ်လျက် ရှိနေသည်။ ကြယ်နယ်မြေအသီးသီးမှ နယ်ပယ်သခင်များသည် သူတို့၏ ခေါင်းများကို ငုံ့ထားကြပြီး စကားပြောရန်ပင် မဝံ့ရဲကြပေ။

နယ်ပယ်သခင်အများစုသည် ချင်းယွမ်နိုင်ငံမှ ထွက်ပြေးရန် ရည်ရွယ်ချက်ရှိကြသော်လည်း ဤကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် တည်ငြိမ်နေပြရန် လိုအပ်သည်။ ဤအချိန်၌ ဧကရာဇ် ရူးသွပ်သွားနိုင်မလားဆိုတာကို မည်သူမှ မသိနိုင်ပေ။

နိုင်ငံကို ကယ်တင်၍မရတော့သဖြင့် လူတိုင်းကို သူနှင့်အတူ သေတွင်းထဲ ခေါ်သွားမည်ဟု ဆုံးဖြတ်လိုက်လျှင်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ စကြဝဠာအတွင်း၌ ထိုကဲ့သို့သော ဖြစ်ရပ်များက အထူးအဆန်းတော့ မဟုတ်လှပေ။

ထိုအခိုက်အတန့်တွင် ခန်းမအပြင်ဘက်၌ တိမ်မည်းများက မြို့ပေါ်သို့ ဖိနှိပ်ထားသဖြင့် ညီလာခံခန်းမသည် ထူးထူးခြားခြား မှောင်မိုက်ကာ လေးလံထိုင်းမှိုင်းနေတော့၏။

အချိန်အတော်ကြာပြီးနောက် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ချီဟုန်ကွမ်းက နောက်ဆုံးတွင်

“ကျုပ် ထီးနန်းစွန့်ဖို့ ရည်ရွယ်တယ်”

ထိုစကားကို ကြားလျှင် ခန်းမအတွင်းရှိ လူတိုင်း မှင်တက်သွားကြ၏။ ချီဟုန်ကွမ်း၏ သားများကတော့ ပို၍ပင် အံ့အားသင့်သွားကြ တော့သည်။

ချီဟုန်ကွမ်း ထီးနန်းစွန့်ခြင်းက ထီးနန်းသည် သူတို့ထဲမှ တစ်ဦးဦးထံ ရောက်ရှိမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ချင်းယွမ်နိုင်ငံ ပျက်စီးလုနီးပါး ဖြစ်နေချိန်မျိုးတွင် မည်သူက ဧကရာဇ်အဖြစ် တာဝန်ယူရဲပါမည်နည်း။

ထိုအချိန်တွင် အကြီးဆုံးမင်းသား ရှေ့သို့တက်လာပြီး

“ဖခင်... ညီတော်နှစ်က ကိုယ်ကျင့်တရားရော အရည်အချင်းပါ ပြည့်စုံသလို ဉာဏ်ပညာနဲ့ သတ္တိလည်း ရှိပါတယ်။ သူ့ကို ဧကရာဇ်အသစ်အဖြစ် ရွေးချယ်ဖို့ ကျွန်တော် အကြံပြုပါတယ်။”

ထိုစကားကို ကြားရလျှင် ဒုတိယမင်းသား ထိတ်လန့်သွားပြီး ရှေ့သို့ အလျင်အမြန်တက်လာကာ

“ဖခင်... နောင်တော်ကြီးက ကြင်နာတတ်ပြီး အရည်အချင်းရှိသလို စာပေနဲ့ စစ်ရေးမှာလည်း ကျွမ်းကျင်ပါတယ်။ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ချင်းယွမ်နိုင်ငံက ပိုတိုးတက်လာမှာပါ။”

မကြာမီပင် အခြားသော မင်းသားများသည်လည်း ရှေ့သို့တက်လာကြပြီးလျှင် အကြီးဆုံး သို့မဟုတ် ဒုတိယမင်းသားကို ဧကရာဇ်အဖြစ် တင်မြှောက်ရန် အသီးသီး ထောက်ခံကြကုန်၏။

ချီဟုန်ကွမ်းကတော့ ဘာမှမပြောပဲ နဂါးပလ္လင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေပြီး သူ၏သားများက တာဝန်ယူရန် ငြင်းဆိုနေသည်ကိုသာ ကြည့်နေလေသည်။

အချိန်မည်မျှ ကြာသွားသည်မသိ ကောင်းကင်ယံ၌ လျှပ်စီးတစ်ချက် လက်သွားပြီးနောက် ခန်းမအတွင်းသို့ မိုးခြိမ်းသံကြီး တစ်သံ ရောက်ရှိလာခဲ့၏။ ထို့အခါမှ မင်းသားများလည်း မိမိတို့၏ ဟန်ပန်ပျက်ယွင်းနေမှုကို သတိပြုမိသွားကြပြီး စကားပြောခြင်းကို ရပ်တန့်လိုက်ကြသည်။

ထိုအခါမှ ချီဟုန်ကွမ်းက

“ချင်းယွမ်နိုင်ငံရဲ့ မင်းသားတွေဖြစ်သလို ငါ့ရဲ့ရင်သွေးတွေလည်း ဖြစ်ကြတဲ့ မင်းတို့ဟာ နိုင်ငံကို ကာကွယ်ရမယ့် တာဝန်ကို ယူသင့်တယ်။ အကယ်၍ မင်းတို့မှာ ဒီအခြေခံသိစိတ်လေးတောင် မရှိဘူးဆိုရင် ငါ့ရဲ့ သားသမီးတွေအဖြစ် နေဖို့ မထိုက်တန်ဘူး”

“ငါ မင်းတို့ကို တကယ် စိတ်ပျက်မိတယ်”

ချီဟုန်ကွမ်း၏ စကားများက သူတို့ကို အရှက်ရစေခြင်း မရှိပေ။ ထိုအခိုက်အတန့်တွင် ချီဟုန်ကွမ်းက သူတို့ကို တော်ဝင်မိသားစုမှ နှင်ထုတ်လိုက်ရန်သာ မင်းသားများ တိတ်တဆိတ် မျှော်လင့်နေကြသည်။

ချီဟုန်ကွမ်းက မင်းသားများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အကြီးဆုံးမင်းသားထံတွင် အကြည့်က ရပ်တန့်သွား၏။ ထို့နောက် သူက

“အမိန့်စာထုတ်ပြန်လိုက်... အကြီးဆုံးမင်းသားက ကိုယ်ကျင့်တရားနဲ့ အရည်အချင်းရှိပြီး စာပေနဲ့ စစ်ရေးမှာလည်း ကျွမ်းကျင်တယ်။ ဒီနေ့ကစပြီး သူဟာ ချင်းယွမ်နိုင်ငံရဲ့ အိမ်ရှေ့မင်းသား ဖြစ်တယ်။ သုံးရက်အကြာမှာ ငါ ထီးနန်းကို တရားဝင်စွန့်ပြီး သူ့ကို လွှဲအပ်မယ်။”

ချီဟုန်ကွမ်း၏ စကားကို ကြားရလျှင် အကြီးဆုံးမင်းသား၏ မြင်ကွင်း အမှောင်အတိကျသွားပြီး ထိုနေရာ၌ပင် မူးလဲသွားတော့သည်။

အခြားမင်းသားများ ကတော့ မိမိတို့မဟုတ်သည့်အတွက် စိတ်ထဲကျိတ်၍ ဝမ်းသာနေကြ၏။ အကယ်၍ သူတို့သာ အကြီးဆုံးဖြစ်ပါက ထီးနန်းတာဝန်က သူတို့ထံ ကျရောက်မည် မဟုတ်ပါလား။

မင်းသားများ၏ အတွေးကို ချီဟုန်ကွမ်း ဂရုမစိုက်ပေ။ သူ၏ လက်ကို မြှောက်လိုက်ရာ စွမ်းအားများသည် အကြီးဆုံးမင်းသား၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး သူ့ကို ဖြည်းဖြည်းချင်း နိုးလာစေလိုက်သည်။

နိုးလာပြီး ခန်းမထဲတွင် ရှိနေသေးသည်ကို သိလိုက်ရလျှင် အကြီးဆုံးမင်းသား မျှော်လင့်ချက်မဲ့သွား၏။ သို့သော် ချက်ချင်းပင် အဖြေတစ်ခုကို သူ တွေးမိသွားသည်။ သူ၏ ဖခင်က သူ့အား ထီးနန်းလွှဲအပ်နိုင်လျှင် သူကလည်း ရှနိုင်ငံ မကျူးကျော်မီ သူ၏သားထံ ထီးနန်းလွှဲအပ်နိုင်သည် မဟုတ်ပါလား ဟူ၍ ဖြစ်သည်။

အသက်အရွယ် ထောင်ချီရှိနေသော အကြီးဆုံးမင်းသားတွင် သားသမီး အမြောက်အမြား ရှိသည်။ ထို့ကြောင့် ထီးနန်းကို လွှဲအပ်ရန်က မခက်ခဲပေ။

ထိုအတွေးနှင့်အတူ သူ၏ စိတ်ထဲ ပို၍ သက်သာရာရသွားလေတော့သည်။

သုံးရက်အကြာတွင် ချီဟုန်ကွမ်းသည် ထီးနန်းစွန့်ကာ အိမ်ရှေ့မင်းသားထံ လွှဲအပ်ပြီးလျှင် ချင်းယွမ်နိုင်ငံမှ ချက်ချင်း ထွက်ခွာသွားတော့သည်။

မင်းဆက်ကံစွမ်းအားကို ဆက်ခံပြီးနောက် ဧကရာဇ်အသစ်၏ အင်အားလည်း လျင်မြန်စွာ တိုးတက်လာပြီး ဧကရာဇ်လောင်းအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့၏။

သို့သော်လည်း အင်အားတိုးလာခြင်းက ဧကရာဇ်အသစ်ကို သူ၏ရာထူးအား တန်ဖိုးထားစေခြင်း မရှိပေ။ နောက်တစ်နေ့တွင်ပင် သူကလည်း ထီးနန်းစွန့်ကြောင်း ကြေညာခဲ့သည်။

ထို့သို့ဖြင့် ချင်းယွမ်နိုင်ငံ၏ ဧကရာဇ်ရာထူးသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေခဲ့တော့သည်။ ရှနိုင်ငံ၏ စစ်တပ် ဝင်ရောက်လာချိန်တွင် ချင်းယွမ်နိုင်ငံ၌ ဧကရာဇ် တစ်ဒါဇင်ကျော် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

……..

သုံးလအကြာ...

ချင်းယွမ်နိုင်ငံ၏ ဧကရာဇ်ကြယ်။

နန်းတော်တံခါးဝ၌ ရပ်နေသော လုချန်းသည် သူ၏ရှေ့မှ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကြည့်ကာ တိတ်ဆိတ်သွားမိ၏။

အချိန်အတော်ကြာပြီးနောက် လုချန်းက သူ၏ဘေးမှ ချင်းယွမ်နိုင်ငံ အမတ်အား

“ခင်ဗျားတို့ရဲ့ ဧကရာဇ်က မိခင်ဝမ်းဗိုက်ထဲမှာပဲ ရှိသေးတယ်လို့ ပြောချင်တာလား။”

အမတ်များသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုန်တုန်ရင်ရင်နှင့် မဖြေရဲကြပေ။

လုချန်းသည်လည်း ထိုကဲ့သို့ အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သဖြင့် ဇဝေဇဝါ ဖြစ်နေသည်။

သူက ကိုယ်ဝန်ကြီးနှင့် အမျိုးသမီးကို ထပ်ကြည့်ကာ

“ခင်ဗျား မွေးသာမွေးလိုက်ပါ”

ဟု သက်ပြင်းချကာ ပြောလိုက်တော့သည်။

အမျိုးသမီးက ချက်ချင်းပင် ဒူးထောက်ကာ “ကျေးဇူးတင်ပါတယ်... ကောင်းကင်ဧကရာဇ်”

ဟု အထပ်ထပ် ပြောရှာလေတော့သည်။

လုချန်းလည်း ဘာမှထပ်မပြောတော့ပဲ နန်းတော်ထဲသို့ တိုက်ရိုက် လမ်းလျှောက်ဝင်သွား၏။

လွန်ခဲ့သည့် သုံးလအတွင်း ချင်းယွမ်နိုင်ငံကို ကျူးကျော်ရာတွင် မည်သည့် ခုခံမှုမှ မကြုံတွေ့ခဲ့ရသဖြင့် ဧကရာဇ်ကြယ်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ချီဟုန်ကွမ်းသည် ချီရှီကဲ့သို့ပင် သူ၏ထံတွင် သစ္စာခံမည်ဟု လုချန်း အစက ထင်မှတ်ထားခဲ့မိ၏။

သို့သော် သူ နေပြည်တော်သို့ ရောက်ရှိချိန်တွင်‌တော့ ချီမိသားစုသည် တစ်ဦးတည်းသော ကိုယ်ဝန်ဆောင် အမျိုးသမီးကို ချန်ထားခဲ့ကာ အားလုံး ထွက်ပြေးသွားကြပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။

နန်းတော်ထဲသို့ လမ်းလျှောက်ဝင်ရင်း လုချန်းက သူ၏ဘေးမှ ချီရှီအား

“ခင်ဗျားတို့ ချီမိသားစုဝင်တွေက တကယ်ကို အထင်ကြီးစရာပဲ။”

……………

အခန်း( ၁၃၆၄)

ကျင့်စဉ်အတွက် အကူအညီ

လုချန်း၏ ချီးမွမ်းစကားကို ကြားရလျှင် ချီရှီ အရှက်ရသွားပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်သွား၏။

မိသားစုတစ်ခုလုံး အသက်ဘေးမှ လွတ်မြောက်စေရန် ဤကဲ့သို့ ရှုပ်ထွေးလှသော အစီအစဉ်မျိုး လုပ်ဆောင်လိမ့်မည်ဟု သူက မထင်မှတ်ထားခဲ့ပေ။ အစကတော့ ချီဟုန်ကွမ်းကို ရှနိုင်ငံထံ လက်နက်ချခိုင်းပြီးနောက် ချီမိသားစု၏ သွေးမျိုးဆက်ကို ဆက်လက်ထိန်းသိမ်းရန် လုချန်းထံ သစ္စာခံခိုင်းဖို့ သူက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ချီဟုန်ကွမ်းကတော့ ကြိုတင်၍ ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။

ထိုခဏတွင် လုချန်း သူ၏ ခြေလှမ်းများကို ရပ်လိုက်ကာ စိတ်အာရုံကို လွှတ်လိုက်ပြီး ချင်းယွမ်နိုင်ငံတစ်ခုလုံးကို စစ်ဆေးကြည့်ရာ နိုင်ငံ၏ မင်းဆက်ကံစွမ်းအား အများစုမှာ ခုနက ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ဝမ်းဗိုက်အတွင်းသို့ စုစည်းသွားသည်ကို တွေ့လိုက်ရသည်။

ချင်းယွမ်နိုင်ငံ၏ ကံစွမ်းအားကို အပြည့်အဝ ရရှိရန်အတွက်ဆိုလျှင် ထိုအမျိုးသမီး ကလေးမွေးဖွားပြီး ကလေးအရွယ်ရောက်လာကာ သူ့ထံ ကိုယ်တိုင်ကိုယ်ကျ လာရောက်သစ္စာခံမည့် အချိန်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။

ထိုကိုယ်ဝန်ဆောင် အမျိုးသမီးကို သတ်ပြီး ကံစွမ်းအားကို အတင်းအဓမ္မ သိမ်းယူရန်လည်း ဖြစ်နိုင်သည်။ ထိုသို့သာ လုပ်လိုက်လျှင် ချင်းယွမ်နိုင်ငံ၏ ကံစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း စီးဝင်လာပေလိမ့်မည်။

သို့သော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ရန် လုချန်း တကယ်ပင် ဆန္ဒမရှိပေ။

ထို့ပြင် ထိုသို့ ပြုလုပ်လိုက်လျှင် သူရရှိမည့် ကံစွမ်းအားများလည်း များစွာ လျှော့နည်းသွားနိုင်သည်။

နှစ်အနည်းငယ်တော့ သူ စောင့်ဆိုင်းနိုင်သည်။ အချိန် အနည်းငယ် ပေးလိုက်ရုံသာ ဖြစ်သည်။

နောက်တစ်နှစ်တာ ကာလအတွင်းတွင် လုချန်း၏ ဧကရာဇ်အဆင့် ကိုယ်ပွားသည် ချင်းယွမ်နိုင်ငံ၌သာ နေထိုင်ခဲ့သည်။ ထိုအတောအတွင်း ပြင်ပလောကမှ သတင်းအချက်အလက်များ၊ အထူးသဖြင့် ယန်ယန် နန်းတော်နှင့် ပတ်သက်သည့် သတင်းများကို ရယူရန် ထောက်လှမ်းရေးအမြောက်အမြား စေလွှတ်ခဲ့သည်။

သို့သော်လည်း စကြဝဠာကြီးက ကျယ်ပြောလှသဖြင့် ထောက်လှမ်းရေး ကွန်ယက် အမြောက်အမြား ရှိနေသော်လည်း သူတို့ ပြန်လည်ယူဆောင်လာသော သတင်းအချက်အလက် အများစုက ပြန့်ကျဲနေပြီး အသုံးမဝင်လှပေ။

သို့သော် ရှနိုင်ငံအတွက် အထူးအရေးကြီးသည့် သတင်းတစ်ပုဒ်တော့ ရှိနေသည်။ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက ကျရောက်တော့မည့် ကပ်ဘေးကြီးအကြောင်းကို လူသိရှင်ကြား ကြေညာလိုက်ပြီးနောက်တွင် တစ်စကြဝဠာလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ခြင်းဖြစ်သည်။

ဧကရာဇ်အဆင့် အမြောက်အမြားသည် ကပ်ဘေးကို ခုခံရန်အတွက် သူတို့၏ နိုင်ငံများကို ရူးသွပ်စွာ စတင်ချဲ့ထွင်လာကြသည်။ မင်းဆက်ကံစွမ်းအားကို အသုံးချပြီး ကပ်ဘေးမှ လွတ်မြောက်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

ရှနိုင်ငံသည် တိုးတက်လာနေသည့် နိုင်ငံသစ်တစ်ခု ဖြစ်သဖြင့် အကယ်၍သာ ထိုဧကရာဇ်များသာ ရှနိုင်ငံကို တွေ့ရှိသွားပါက ဧကန်မုချ တိုက်ခိုက်လာကြပေလိမ့်မည်။ ထို့ကြောင့် ဤသတင်းသည် ရှနိုင်ငံအတွက် အလွန်အရေးကြီးလှသည်။

ထို့ကြောင့် ရှနိုင်ငံ၏ လက်ရှိအခြေအနေက ပို၍ပင် စိုးရိမ်စရာ ကောင်းလာခဲ့သည်။

ထိုသတင်းကြောင့် လုချန်းလည်း ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် စနစ်ထံမှ ဆုလာဘ်များ ပိုရရှိရန်အတွက် တစ်နှစ်ပတ်လုံး အားသွန်ခွန်စိုက် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုတော့ မရရှိခဲ့ပေ။

သူ၏ ဇနီးများအနက် ထျန်းဟုန်ဧကရီနှင့် ချူးယုချင်တို့ နှစ်ဦးသာလျှင် ကိုယ်ဝန်ရှိနေကြသည်။

ထျန်းဟုန်ဧကရီနှင့် ချူးယုချင်တို့ ကိုယ်ဝန်ရှိလာသည်မှာ တစ်နှစ်ပင် ရှိနေပြီ ဖြစ်သည်။ သို့သော် သူတို့၏ ဝမ်းဗိုက်သည် ကြီးထွားလာခြင်း မရှိဘဲ ပုံမှန်အတိုင်းသာ ဖြစ်နေခြင်းက သူ့ကို ဇဝေဇဝါ ဖြစ်စေသည်။

အကယ်၍ သူသာ သူတို့၏ ခန္ဓာကိုယ်ကို ခဏခဏ မစစ်ဆေးခဲ့လျှင် ကလေးများ ပျက်ကျသွားပြီဟုပင် သံသယဝင်မိပေလိမ့်မည်။

ဧကရာဇ်အဆင့် တစ်ဦးအနေနှင့် သားသမီး ရရှိရန် တကယ်ပင် မလွယ်ကူကြောင်း လုချန်းက ပို၍ပင် နားလည်လာခဲ့တော့သည်။

……..

ချင်းယွမ်နိုင်ငံ။

နန်းတော်။

အနီရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် ထျန်းဟုန်ဧကရီသည် ခမ်းနားထည်ဝါလှသော နန်းတော်အမိုးပေါ်တွင် ရပ်ကာ စကြဝဠာ ဟင်းလင်းပြင်ကြီးကို စိုက်ကြည့်နေသည်။ သူမ၏ လှပသော မျက်လုံးများထဲတွင်တော့ မောပန်းနွမ်းနယ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်နေသည်။

လွန်ခဲ့သည့် တစ်နှစ်တာအတွင်း ဝမ်းဗိုက်ထဲရှိ ကလေးငယ်က သူမ၏ သတ်ဖြတ်ခြင်းစွမ်းအားများကို ရူးသွပ်စွာ စုပ်ယူနေခဲ့သည်။ ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်သည် ပို၍ အားနည်းလာပြီး အင်အားများလည်း ကျဆင်းလာခဲ့ရသည်။

အစကတော့ ချင်းယွမ်နိုင်ငံမှ လူများကို သတ်ဖြတ်ကာ သတ်ဖြတ်ခြင်းစွမ်းအားကို ဖြည့်တင်းရန် တွေးတောခဲ့ဖူးသည်။ သို့သော် လုချန်းက သူမကို တားမြစ်ခဲ့သည်။ လုချန်းက သူမအပေါ် ကန့်သတ်ချက်များစွာ ထားရှိသည်ကို သူမ မကျေနပ်သဖြင့် လွန်ခဲ့သည့် တစ်နှစ်အတွင်း သူမ၏ ခန္ဓာကိုယ်ကို ထိတွေ့ခွင့် မပေးခဲ့ပေ။

လုချန်းက ကလေး မည်သို့ ဖွံ့ဖြိုးနေသည်ကို စစ်ဆေးရန် အတင်းအကျပ် ပြောဆိုမှသာလျှင် သူမကို တွေ့မြင်ခွင့် ရရှိခဲ့သည်။

လုချန်းက သူမနှင့် အတူနေလိုကြောင်း အရိပ်အမြွက်များစွာ ပြောဆိုခဲ့သော်လည်း သူမကတော့ ထိုအရိပ်အမြွက်များကို နားမလည်ဟန် ဆောင်နေခဲ့သည်။

သူမသည် လုချန်းနှင့် စာချုပ်ချုပ်ဆိုထားသည့် ပစ္စည်းကပ်ဝိညာဉ် ဖြစ်သည့်အတွက် သူ၏ ယုတ်ညံ့သော အတွေးများကို အပြည့်အဝ နားလည်နေသည်။ သို့သော်လည်း ဤယောက်ျား သူမကို အမြဲတမ်း ထိန်းချုပ်နေခြင်းက သူမကို အလွန်စိတ်မသက်မသာ ဖြစ်စေသည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် သူမကတော့ လုချန်းအား ထိတွေ့ ခွင့်‌ပေးမည် မဟုတ်ပေ။

သို့သော်လည်း ရလဒ်အနေနှင့် သူမ၏ သတ်ဖြတ်ခြင်းစွမ်းအားကို ပြန်လည် မပြည့်တင်းနိုင်တော့ပေ။ သူမ၏ အင်အားလည်း ပို၍ပင် လျင်မြန်စွာ ကျဆင်းလာခဲ့ရလေသည်။

သူမ၏ ကျင့်စဉ်အခြေအနေ မတည်မငြိမ် ဖြစ်လာသည်ကို ခံစားမိသဖြင့် ဤသို့ ဆက်သွား၍ မရတော့ကြောင်း ထျန်းဟုန်ဧကရီ နောက်ဆုံး သဘောပေါက်လိုက်သည်။

ဤကလေး၏ ပါရမီက ကောင်းကင်ဘုံ၏ နိယာမကိုပင် ဆန့်ကျင်နေသည်။ တစ်နှစ်ကြာသည်အထိ သူမ၏ ဝမ်းဗိုက်ထဲတွင် ရှိနေသော်လည်း အပြည့်အဝ မဖွံ့ဖြိုးသေးပေ။

လုချန်း၏ ရင်သွေး သူမ၏ ဝမ်းဗိုက်ထဲ မည်မျှကြာအောင် ရှိနေမည်မှန်း မည်သူမှ မသိနိုင်ပေ။ အကယ်၍ နှစ်ပေါင်းထောင်ချီ ကြာမြင့်သွားပါက သူမ၏ ကျင့်စဉ်အဆင့်သည် သူတော်စင်အဆင့်အောက် သို့မဟုတ် ထို့ထက် ပို၍ပင် ကျဆင်းသွားပေလိမ့်မည် ဖြစ်သည်။

နောက်နှစ်ပေါင်းတစ်သောင်းကြာလျှင် ကပ်ဘေးကြီး ကျရောက်တော့မည် ဖြစ်ရာ ဤကဲ့သို့ အရေးကြီးသော အချိန်တွင် အင်အားကျဆင်းသွားပါက သူမအနေနှင့် ကပ်ဘေးမှ လွတ်မြောက်နိုင်ရန် မဖြစ်နိုင်ပေ။

သူမ အစီအစဉ်တစ်ခု ပြုလုပ်ရမည် ဖြစ်သည်။ လုချန်းက သူမကို စိတ်ကြိုက် သတ်ဖြတ်ခွင့် မပေးသဖြင့် သူမ၏ အင်အားပြန်လည်ရရှိရန်အတွက် လုချန်း၏ မမွေးဖွားရသေးသော အသက်ဓာတ်သွေးများကို သတ်ဖြတ်ရန်သာ သူမက ဆုံးဖြတ်လိုက်တော့သည်။

ယင်းက သူမ၏ အင်အားကို လျင်မြန်စွာ ပြန်လည်ရရှိရန်အတွက် လက်ရှိတွင် ရရှိနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။

လုချန်းကို သူမ မကျေနပ်ဖြစ်နေသော်လည်း သူမ၏ အင်အားပြန်လည် ရရှိရန်အတွက် ဤအရာကို သူမ လုပ်ဆောင်ရမည် ဖြစ်သည်။

ထိုအတွေးနှင့်အတူ ထျန်းဟုန်ဧကရီ ကိုယ်ယောင်ဖျောက်လိုက်ရာ နောက်တစ်ခဏတွင် လုချန်း၏ ကျင့်စဉ်ခန်းအတွင်း ပေါ်လာသည်။

ထျန်းဟုန်ဧကရီ၏ အရှိန်အဝါကို ခံစားမိသည်နှင့် လုချန်းက သူ၏ မျက်လုံးများကို ချက်ချင်းပင် ဖွင့်လိုက်သည်။

“ဘာကိစ္စရှိလို့လဲ ဟုန်ဟုန်”

ထျန်းဟုန်ဧကရီက ဘာစကားမှ မပြောပဲ လုချန်းကို အေးစက်စွာ တစ်ချက် ကြည့်လိုက်သည်။

လုချန်းကလည်း သူမကို ဇဝေဇဝါ ဖြစ်စွာဖြင့် ပြန်ကြည့်လိုက်သည်။ လွန်ခဲ့သည့် တစ်နှစ်အတွင်း သူမကို သူက ထိန်းချုပ်ထားသည့်အပေါ် မကျေမနပ် ဖြစ်နေကြောင်း လုချန်းကောင်းစွာ သိသည်။

ထိုအကြောင်းကြောင့်ပင် ထျန်းဟုန်ဧကရီ သူ့ထံသို့ လာခဲခြင်း ဖြစ်သည်။ ကလေး၏ ဖွံ့ဖြိုးမှုကို စစ်ဆေးရန် သူက ပြောတိုင်း သူမက အချိန်အတော်ကြာအောင် အချိန်ဆွဲပြီးမှ ပေါ်လာတတ်သည်။

ယနေ့တွင်တော့ ထျန်းဟုန်ဧကရီက ဘာကြောင့် သူ့ထံသို့ အရင်ဆုံး ရောက်လာခဲ့သနည်း။

အချစ်ရေးကိစ္စများကို လုချန်း မတွေးတောမိပေ။ ထျန်းဟုန်ဧကရီသည် ဧကရာဇ်အဆင့် တစ်ဦးဖြစ်သည့်အတွက် သူမ၏ ဆန္ဒများကို အလွယ်တကူ ထိန်းချုပ်ထားနိုင်သည် မဟုတ်ပါလား။

အချစ်ရေးကိစ္စများသည် အချိန်ဖြုန်းခြင်း သက်သက်ဟုပင် သူမက ထင်ကောင်းထင်ပေလိမ့်မည်။ လုချန်းလည်း သူမနှင့် ထိုကဲ့သို့ အချိန်မျိုး ရရှိရန် မျှော်လင့်ချက် မထားတော့သည်မှာလည်း ကြာလှပြီဖြစ်သည်။

သူ့တွင် အမျိုးသမီးများစွာ ရှိနေပြီး ထျန်းဟုန်ဧကရီကို မထိတွေ့ရလျှင်ပင် သူ၏ စိတ်အခြေအနေအပေါ် ထိခိုက်မှု မရှိလှပေ။

“အပြင်မှာ တစ်ခုခု ဖြစ်လို့လား”

ထျန်းဟုန်ဧကရီက နောက်ဆုံးတွင် စကားပြောလာသည်။

“ကျွန်မရဲ့ ကျင့်စဉ်အတွက် ရှင် ကူညီပေးစေချင်တယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ လုချန်း၏ မျက်နှာတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ချက်ချင်းပင် ပေါ်လာသည်။

ထျန်းဟုန်ဧကရီက သူမနှင့်အတူ ကျင့်စဉ်ကျင့်ရန် တောင်းဆိုလာလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။

လုချန်း သတိပြန်ဝင်လာပြီး တစ်ခုခု တုံ့ပြန်ရန် ပြင်လိုက်စဉ်မှာပင် ထျန်းဟုန်ဧကရီက အာကာသ ကူးပြောင်းခြင်း နည်းစနစ်ကို အသုံးပြုကာ သူတို့ နှစ်ဦးလုံးကို သူမ၏ အိပ်ဆောင်အတွင်းသို့ ချက်ချင်း ခေါ်ဆောင်သွားခဲ့သည်။

လုချန်းတွင် အမျိုးသမီး အမြောက်အမြား ရှိသဖြင့် ထျန်းဟုန်ဧကရီနှင့် အတူမရှိရလျှင်ပင် သူ့အပေါ် ထိခိုက်မှု ကြီးကြီးမားမား မရှိလှပေ။

သို့သော်လည်း ထျန်းဟုန်ဧကရီသည် ဧကရာဇ်အဆင့်တစ်ဦး ဖြစ်သည့်အတွက် သူမကို တစ်ဖန် ပြန်လည် သိမ်းပိုက်လိုသော ဆန္ဒက လုချန်းတွင် ရှိနေဆဲ ဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်အတွင်း သူမ၏ အေးစက်လှသော အမူအရာကြောင့်သာ ထိုဆန္ဒကို သူ ဖိနှိပ်ထားခဲ့ခြင်း ဖြစ်သည်။

ယခုတွင်တော့ ထျန်းဟုန်ဧကရီက စတင် တောင်းဆိုလာသဖြင့် သူ၏ ဆန္ဒများလည်း ချက်ချင်းပင် ပြန်လည် နိုးကြားလာခဲ့သည်။ သူမကို သိမ်းပိုက်လိုသော အတွေးများက သူ၏ စိတ်ကို မြင့်တက်လာစေလေတော့သည်။

“ကောင်းပြီ...ဒါပေမဲ့ ကိုယ်...”

သူ၏ စကားပင် မဆုံးသေးမီမှာပင် ထျန်းဟုန်ဧကရီက တစ်ဖန် လက်ဝှေ့ယမ်းလိုက်ရာ လုချန်း၏ အဝတ်အစားများ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ထို့အတူ ထျန်းဟုန်ဧကရီ၏ အနီရောင် ဝတ်စုံလည်း တဖြည်းဖြည်းချင်း လွင့်ပါးသွားသည်။

နောက်တစ်ခဏတွင်တော့ သူမ၏ ခန္ဓာကိုယ်က လုချန်း၏ ရှေ့သို့ရောက်ရှိလာပြီး သူတို့၏ နှာခေါင်းချင်း ထိလုနီးပါးအထိ နီးကပ်လာသည်။ ထို့နောက်တွင် သူမ၏ လက်များက လုချန်းကို ကုတင်ပေါ်သို့ တွန်းချလိုက်၏။

ထို့နောက်တွင်တော့ ထျန်းဟုန်ဧကရီလည်း ကုတင်ပေါ်သို့ တက်လိုက်လေတော့သည်။

………………

အခန်း (၁၃၆၅ )

ဧကရာဇ်အဆင့်အတွက် ရင်သွေးရရှိရန်မလွယ်ကူ

လုချန်းအတွက် ထျန်းဟုန်ဧကရီ၏ လုပ်ရပ်များက အံ့ဩစရာ မရှိပေ။ သူမ၏ ပြတ်သားသော စရိုက်နှင့်အညီ ဦးဆောင်မှုကို ရယူလိုခြင်းက သဘာဝကျလှသည်။ ထို့ကြောင့် လုချန်းဘက်ကလည်း မည်သည့် ခုခံမှုမှ မပြပေ။ သူ့အတွက် ဆုံးရှုံးစရာ ဘာမှမရှိပေ။ ထို့ပြင် ထျန်းဟုန်ဧကရီ၏ စွမ်းဆောင်ရည်သည်လည်း သူ၏ အခြားဇနီးအားလုံးထက် သာလွန်သည်။

ထျန်းဟုန်ဧကရီသည် လုချန်း၏ စုံတွဲကျင့်စဉ်ကို အသုံးပြုနေသရွေ့ သူ၏ သက်စောင့်အားကို သူမက ဆက်တိုက်စုပ်ယူနေမည် ဖြစ်သည်။ ထို့ပြင် သူတို့နှစ်ဦးသည် မည်သည့် လှုပ်ရှားမှုမှ လုပ်ဆောင်ရန် မလိုပဲ ကျင့်စဉ်က ဆက်လက်လည်ပတ်နေပေလိမ့်မည်။

မိမိအတွင်းရှိ သက်စောင့်အားများ ဆုံးရှုံးသွားသည်ကို ခံစားရင်း ထျန်းဟုန်ဧကရီ၏ အေးစက်သော်လည်း ရှက်သွေးဖြာနေသော မျက်နှာကို လုချန်း ကြည့်လိုက်သည်။ ထို့နောက် ခပ်ဖွဖွပြုံးလိုက်ပြီးနောက်

“ဘာဖြစ်လို့ ရုတ်တရက်ကြီး ကိုယ်နဲ့အတူ ကျင့်စဉ်ကျင့်ဖို့ စဉ်းစားလိုက်တာလဲ။”

“ဒီနှစ်ထဲမှာ ကိုယ် အနည်းဆုံး ငါးကြိမ်လောက် အရိပ်အမြွက် ပြောခဲ့တာတောင် မင်းက အမြဲတမ်း စိတ်မဝင်စားသလို လုပ်နေခဲ့တာပဲ။”

ထျန်းဟုန်ဧကရီသည် သူမ၏ သစ်ခွပန်းကဲ့သို့ နှုတ်ခမ်းကို အနည်းငယ်ဟကာ အသက်ကို ခပ်ဖွဖွ ရှူရှိုက်လိုက်၏။ ထို့နောက် မြင့်မြတ်သော ငန်းဖြူတစ်ကောင်ကဲ့သို့ သူမ၏ လှပသော ခေါင်းကို မော့ထားသည်။

လုချန်းက

“ကိုယ်တို့ ပုံစံလေး ပြောင်းကြည့်ရင်ရော ဘယ်လိုလဲ။ ဒီအတိုင်း ငြိမ်နေရတာက နည်းနည်းတော့ ပျင်းစရာကောင်းသလိုပဲ”

ဟု စမ်းသပ်သည့်အနေနှင့် ပြောလိုက်သည်။

ခံစားချက်က ကောင်းမွန်သော်လည်း လုံးဝငြိမ်သက်နေခြင်းက လုချန်းကို တစ်ခုခု လိုအပ်နေသလို ခံစားရစေသည်။ သူ၏ သိမ်းပိုက်လိုသော စိတ်ဆန္ဒကိုလည်း မပြည့်ဝစေပေ။

ထျန်းဟုန်ဧကရီကတော့ လုချန်း၏ စကားကို ဆက်လက် လျစ်လျူရှုကာ ငြိမ်သက်နေဆဲ ဖြစ်သည်။ သူမက သဘောတူမည် မဟုတ်ကြောင်း သိလိုက်သဖြင့် လုချန်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

ထားလိုက်ပါတော့။

ဘာပဲဖြစ်ဖြစ် သူ့မှာ ဆုံးရှုံးစရာ မရှိပေ။

ကျင့်စဉ်စတင်ပြီး နောက်တစ်လအတွင်း ထျန်းဟုန်ဧကရီသည် မည်သည့် လှုပ်ရှားမှုမှ မရှိပဲ လုချန်းနှင့်အတူ ကျင့်စဉ်ကျင့်ခဲ့သည်။ သူမသည် မျက်လုံးများကို မှိတ်ကာ ငြိမ်သက်နေခဲ့သည်။ ထို့ကြောင့် လုချန်းလည်း မျက်လုံးများကို မှိတ်လိုက်ပြီး ထိုထူးခြားသော ကျင့်စဉ်ကို တိတ်ဆိတ်စွာ ခံစားနေလိုက်သည်။

ကျင့်စဉ်ကျင့်ပြီး တစ်လအကြာတွင် ထျန်းဟုန်ဧကရီ သူမဘာသာ အရင် စလာခဲ့သည့် အကြောင်းရင်းကို လုချန်းက မှန်းဆမိလို ဖြစ်သွားသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် ထျန်းဟုန်ဧကရီ၏ စွမ်းအားနှင့် ဆက်သွယ်သွားလျှင် သူမ၏ ဝမ်းဗိုက်ထဲရှိ ကလေးသည် သူမ၏ သတ်ဖြတ်ခြင်းစွမ်းအားကို ဆက်တိုက်စုပ်ယူနေကြောင်း သူ တွေ့ရှိလိုက်သည်။

မမွေးဖွားသေးသော အသက်များကို သတ်ဖြတ်ခြင်းဖြင့် ထျန်းဟုန်ဧကရီက သတ်ဖြတ်ခြင်းစွမ်းအားအဖြစ် လျင်မြန်စွာ ပြောင်းလဲလိုက်သည်။ လုချန်းလည်း အနည်းငယ် အံ့ဩသွားပြီး ထိုသို့ ဖြစ်နိုင်ပါသလားဟုလည်း တွေးတောလိုက်မိသည်။ ခဏခန့်အတွင်း လုချန်းလည်း ထိုအသက်များကို အားနာမိသဖြင့် အပြစ်ရှိသလို ခံစားလိုက်ရသည်။

သို့သော် အခြားနည်းလမ်း မရှိပေ။

ထျန်းဟုန်ဧကရီကို ကျင့်စဉ်ကျင့်ဖို့ ကူညီရန်အတွက် ထိုအသက်ဓာတ်များကို စတေးရမည်သာ ဖြစ်သည်။ ထို့သို့ဖြင့် လုချန်း၏ ဧကရာဇ်ကိုယ်ပွားသည် ထျန်းဟုန်ဧကရီနှင့်အတူ ဆက်လက် ကျင့်စဉ်ကျင့်နေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ယခု လုချန်းတွင် ခန္ဓာကိုယ်များ လုံလောက်စွာ ရှိနေပြီ ဖြစ်သည်။ သူ၏ ပင်မခန္ဓာ သာမက ဧကရာဇ်လောင်းကိုယ်ပွား နှစ်ခုလည်း ရှိသေးသည်။ အကယ်၍ ထျန်းဟုန်ဧကရီက ဧကရာဇ်ကိုယ်ပွား တစ်ခုကို အသုံးပြုနေလျှင်ပင် အခြားဇနီးများက သူ၏ အာရုံစိုက်မှုကို ရရှိနိုင်ဆဲ ဖြစ်သည်။

လုချန်း၏ ဧကရာဇ်ကိုယ်ပွားသည် ထျန်းဟုန်ဧကရီနှင့်အတူ ဆယ်စုနှစ်ချီ၍ ကျင့်စဉ်ကျင့်လျှင်ပင် မည်သည့်ပြဿနာမှ ရှိမည် မဟုတ်ပေ။ အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ငါးနှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့သည်။

………

ထျန်းချန်ကမ္ဘာ။

ရန်မြို့တော် နန်းတော်။

ချူးယုချင်၏ အိပ်ဆောင်အတွင်း။

ချူးယုချင်၏ ဖြူဖွေးသော ကျောပြင်ကို လုချန်းက သူ၏ ရင်အုပ်ဖြင့် ဖိကပ်လိုက်သည်။ ထို့နောက် သူမ၏ နားနားကပ်၍

“ထူးဆန်းတယ်... ကျင့်စဉ်အဆင့်က ဧကရာဇ်အဆင့်ဖြစ်နေပေမဲ့ သန္ဓေသားတစ်ခု ဖြစ်တည်ဖို့ ဘာလို့ ဒီလောက်တောင် အချိန်ယူနေရတာလဲ။ ငါးနှစ်တောင် ရှိပြီ။ အခုထိ ဘာအရိပ်အယောင်မှ မရှိသေးဘူး”

ချူးယုချင်နှင့် ထျန်းဟုန်ဧကရီတို့ နှစ်ဦးလုံး အမြန်ဆုံး ကလေးရလာရန် လုချန်း မျှော်လင့်နေခဲ့သည်။ ထိုအခါမှသာ ဤအဆင့်တွင် စနစ်က သူ့ကို မည်သည့်ဆုလာဘ်များ ပေးမည်ကို သူက သိနိုင်မည် ဖြစ်သည်။

သို့သော်လည်း သူတို့အတွင်းရှိ ကလေးများမှာ ဖွံ့ဖြိုးဆဲအဆင့်တွင်သာ ရှိနေသေးသည်။ နှစ်အနည်းငယ် ကြာသွားသော်လည်း သူတို့၏ ဝမ်းဗိုက်များက အနည်းငယ်မျှပင် ထွက်မလာခဲ့ပေ။ လုချန်းက အကြိမ်ကြိမ် စစ်ဆေးခဲ့သော်လည်း ကလေးများသည် မည်သည့်ပြဿနာမှ မရှိပဲ ကောင်းမွန်စွာ ဖွံ့ဖြိုးနေကြောင်း တွေ့ရသည်။

ပြဿနာက သူတို့ ကြီးမလာခြင်း ဖြစ်သည်။ ဤအချက်က လုချန်းကို စိတ်အနှောင့်အယှက် ဖြစ်စေ၏။ အကယ်၍ ဤကလေးနှစ်ယောက်သည် မိခင်ဝမ်းဗိုက်အတွင်း နှစ်ပေါင်းတစ်ထောင် သို့မဟုတ် တစ်သောင်းအထိ ရှိနေပြီးမှ မွေးဖွားလာမည်ဆိုပါက သူ မည်သို့ ပိုအစွမ်းထက်လာနိုင် တော့မည်နည်း။

စကြဝဠာကပ်ဘေးကို ခုခံရန်အတွက် စနစ်ထံ ဆုလာဘ်များ ရရှိရန် လုချန်း မျှော်လင့်နေခြင်း ဖြစ်သည်။ အကယ်၍ ထျန်းဟုန်ဧကရီတစ်ဦးတည်းသာ ရင်သွေးရရှိရန် နှစ်ပေါင်းများစွာ ကြာမြင့်မည်ဆိုပါက သူမသည်လည်း ဧကရာဇ်အဆင့် တစ်ဦးဖြစ်သဖြင့် လုချန်း အနေနှင့် မတတ်သာစွာ လက်ခံနိုင်သေးသည်။

သို့သော် ချူးယုချင်ကတော့ ဧကရာဇ်အဆင့် မဟုတ်ပေ။ သူမ၏ ရင်သွေးကြီးထွားမှုကပါ ဘာကြောင့် ဤမျှကြာနေရသလဲဆိုတာကို လုချန်း နားမလည်နိုင်ပေ။ လုချန်း နားမလည်နိုင် ဖြစ်နေကြောင်း ခံစားမိသဖြင့် ချူးယုချင်က

“ဒေါ်‌လေးရဲ့ ခန္ဓာကိုယ်မှာတော့ ဘာမှားယွင်းနေတာကိုမှ မခံစားရဘူး။”

လုချန်းက

“ကျွန်တော် အကြိမ်ကြိမ် စစ်ဆေးပြီးပြီ။ အားလုံး ကောင်းပါတယ်။ အဓိက ပြဿနာက သူတို့က ကြီးမလာတာပဲ။”

ချူးယုချင်က

“ ဒေါ်လေးက ကိုယ်ပွား တစ်ခုသာ ဖြစ်နေလို့ ကလေးရဲ့ ကြီးထွားမှုကို မထောက်ပံ့နိုင်တာကြောင့် ကြီးမလာတာ ဖြစ်နိုင်မလား”

ဟု မှန်းဆလိုက်သည်။

သူမသည် အရင်က လုချန်း၏ ကလေးကို မွေးဖွားဖူးသော်လည်း ထိုစဉ်က သာမန်ကလေးတစ်ဦးသာ မွေးခြင်းဖြစ်သည်။ လုချန်း ဧကရာဇ်အဆင့် ဖြစ်လာပြီးနောက် ဧကရာဇ်ရင်သွေးတစ်ဦး ကြီးထွားရန် လိုအပ်သော စွမ်းအင်သည် သာမန်ကလေးတစ်ဦးနှင့် ဧကန်မုချ ကွဲပြားပေလိမ့်မည်။

လုချန်းက

“ကျွန်တော်လည်း အဲ့ဒီအကြောင်းကို တွေးမိပါတယ်။ ဒါပေမဲ့ ဒေါ်လေးတစ်ယောက်တည်း မဟုတ်ဘူး။ ဟုန်ဟုန်ရဲ့ ကလေးကလည်း အတူတူပဲ။”

“သူက ဧကရာဇ်အဆင့်ပဲလေ။ ဧကရာဇ်အဆင့်ရဲ့ အင်အားက ကလေးတစ်ယောက် ကြီးထွားဖို့အတွက် လုံလောက်သင့်ပါတယ်။ ဒါပေမဲ့ အဲဒီကလေးကလည်း လုံးဝ ကြီးမလာဘူး။”

ထျန်းဟုန်ဧကရီနှင့် အတူရှိနေဆဲဖြစ်သော လုချန်း၏ အခြားကိုယ်ပွားသည် သူမအတွင်းရှိ ကလေး၏ အခြေအနေကို အလွယ်တကူ သိနိုင်သည်။ ချူးယုချင်နှင့် ထျန်းဟုန်ဧကရီတို့၏ ဝမ်းဗိုက်အတွင်းရှိ ကလေးများသည် အတူတူပင် ဖြစ်၏။ သူတို့သည် အရွယ်အစားတစ်ခုသို့ ရောက်ရှိပြီးနောက် ဖွံ့ဖြိုးမှု ရပ်တန့်နေသလို ဖြစ်နေသည်။

ကလေးနှစ်ယောက်၏ ကြီးထွားမှုကို မြန်ဆန်စေရန် သက်စောင့်အားကို အသုံးပြုဖို့ပင် လုချန်းက စဉ်းစားခဲ့သည်။ သို့သော် ထိုနည်းလမ်း အလုပ်ဖြစ်မည်ဟု ဧကန်မုချ မပြောနိုင်‌ပေ။

အတင်းအဓမ္မ ကြီးထွားစေသော ကလေးများတွင် မွေးရာပါ ချို့ယွင်းချက်များ ရှိလာနိုင်မလား ဆိုတာ မည်သူ သိနိုင်မည်နည်း။ သူ၏ ကလေးများကို စနစ်၏ ဆုလာဘ်ရယူရန် နည်းလမ်းတစ်ခုအဖြစ် သူက မဆက်ဆံပေ။ သို့သော် ကလေးများသည် မိခင်ဝမ်းဗိုက်အတွင်း အကန့်အသတ်မရှိ ရှိနေခြင်းကလည်း အဆင်မပြေပေ။

လုချန်းက သူ၏ စိတ်ထဲမှ စနစ်ကို

“စနစ်... ဒီကလေးနှစ်ယောက်က မိခင်ဝမ်းထဲမှာ ရှိနေတာ နှစ်တွေအတော်ကြာနေပြီ။ ဘာကြောင့် ဘာတိုးတက်မှုမှ မရှိတာလဲ။ ဒါက ပုံမှန်ပဲလား။”

စနစ်က

“ပုံမှန် ဖြစ်ပါသည်။ ဧကရာဇ်အဆင့်ရဲ့ ရင်သွေးတစ်ဦးဟာ မိခင်ဝမ်းထဲမှာ နှစ်ပေါင်းတစ်ထောင်လောက် ရှိနေတာ အဆန်းမဟုတ်ပါ။ အချို့ ဧကရာဇ်အဆင့်များသည် သူတို့၏ ကလေးများ ပိုကောင်းသော အခြေခံရရှိဖို့အတွက် လျှို့ဝှက်ကျင့်စဉ်တွေကို အသုံးပြုပြီး ကလေးရဲ့ ကြီးထွားမှုကို ချိပ်ပိတ်ကာ မိခင်ဝမ်းထဲမှာ နှစ်ပေါင်းတစ်သောင်းအထိ ထားတတ်ကြပါသည်။”

လုချန်း ဆွံ့အသွားသည်။ အကယ်၍ ဤကလေးများ မိခင်ဝမ်းဗိုက်အတွင်း၌ နှစ်ပေါင်းတစ်သောင်းကြာအောင် ရှိနေမည်ဆိုလျှင် စကြဝဠာကပ်ဘေးမှ သူ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထို့ပြင် သူ၏ ဇနီးများနှင့် ကလေးများကိုလည်း စကြဝဠာကပ်ဘေးမှ ကာကွယ်ရန် သူ ကူညီရဦးမည် ဖြစ်သည်။ ထို့ပြင် ဧကရာဇ်အဆင့်သုံး၌ ရှိနေသော သူ၏ လက်ရှိအင်အားက ကပ်ဘေးအတွက် လုံးဝ လုံခြုံမှုမရှိနိုင်ဟု သူ ခံစားနေရသည်။

လုချန်းက ချူးယုချင်၏ ကျောပေါ်မှ ထလိုက်ပြီး သူမကို လှည့်လိုက်သည်။ ထို့နောက် ချူးယုချင်က သူမ၏ သွယ်လျသော လက်မောင်းများဖြင့် လုချန်းကို ပွေ့ဖက်လိုက်ပြီး သူတို့နှစ်ဦး၏ မျက်လုံးများ ဆုံသွားကြသည်။

ချူးယုချင်က

“ ဒေါ်လေးနဲ့ အစ်မဟုန်အပြင် တခြားဘယ်သူမှ ကိုယ်ဝန်မရှိသေးဘူးလား။”

လုချန်းက

“လက်ရှိမှာတော့ ဒေါ်လေး တို့နှစ်ယောက်ပဲ ရှိသေးတယ်။”

လုချန်းက သက်ပြင်းချလိုက်ပြီး

“ဧကရာဇ်အဆင့်အတွက် ရင်သွေးရဖို့က တကယ်ကို မလွယ်ဘူးပဲ”

ဟု ညည်းတွားလိုက်သည်။

ချူးယုချင်၏ ရှက်သွေးဖြာနေသော ပါးပြင်လေးကို အသာအယာ ပွတ်သပ်ရင်း လုချန်းက ပြုံးလိုက်ကာ

“သူတို့လည်း ဒေါ်လေးလိုပဲ ကိုယ်ဝန်ရချင်တဲ့အချိန်တိုင်း ရနိုင်ရင် သိပ်ကောင်းမှာပဲ။”

ထိုစကားကို ကြားသောလျှင် မိန်းမလှ၏ မျက်နှာ ပို၍ နီမြန်းသွားသည်။ ကိုယ်ဝန်ရချင်သည့် အချိန်တိုင်း ရနိုင်သည်ဟု ဆိုခြင်းက ဘာကို ဆိုလိုသနည်း။ လုချန်းက ဆက်လက်၍

“ကဲပါ... ဒီအကြောင်းတွေကို ထပ်မပြောတော့ဘူး။ ဒေါ်လေး ဧကရာဇ်အဆင့် ရောက်နိုင်ဖို့ ဆက်လုပ်ကြရအောင်။ ဒေါ်လေး ပိုပြီး အစွမ်းထက်လာရင် ကလေးကလည်း ပိုမြန်မြန် ကြီးထွားလာနိုင်တာပေါ့။”

ချူးယုချင်က “အင်း” ဟု တိုးတိုးလေး အသံပြုလိုက်ပြီး သူတို့နှစ်ဦး ကျင့်စဉ်ကို ပြန်လည် စတင်လိုက်ကြသည်။

All Chapters