← Chapters

သူတို့ရဲ့ကိုယ်ပိုင် ကစားကွက်ကနေ အမြတ်ထုတ်ပြီး အနိုင်ယူလိုက်ကြတာပေါ့ ( အပိုင်း ၁)

Vol. 47 Ch. 683

သူတို့ရဲ့ကိုယ်ပိုင် ကစားကွက်ကနေ အမြတ်ထုတ်ပြီး အနိုင်ယူလိုက်ကြတာပေါ့ ( အပိုင်း ၁)

Vol. 47 Ch. 683

"လူသတ်သမားတွေကို ဖမ်းမိပါပြီ မယ်မယ်"

ကျန်းအိမ်တော်၏ အပြင်ဘက်တွင် စောင့်နေသည့် သက်တော်စောင့်တစ်ယောက်က သတင်းပို့လာပြန်သည်။

သူတို့က စူးချင်း ကျန်းအိမ်တော်သို့ လာသည့်လမ်း၌ ချောင်းမြောင်းလုပ်ကြံသည့် လူသတ်သမားများအားလုံးကို ဖမ်းဆီးနိုင်ခဲ့ကြသည်။ မည်သူမျှ မလွတ်သွားသော‌ကြောင်း စူးချင်းက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။

“အင်း၊ သူတို့ကို အခု ချက်ခြင်း စစ်ဆေးမေးမြန်းမှု လုပ်ကြတော့”

စူးချင်းက မြို့တော်တွင် ပုန်းအောင်းနေသော ရန်သူကို ချက်ချင်းရှာရမည်ဟု ခံစားနေမိပြီ နောက်ကျသွားရင် ကြီးကြီးမားမား ဖြစ်သွားတော့မည်ဟု သူမ၏ပင်ကိုယ်အသိက ပြောပြနေသည်။ သူမက နောက်သို့ လှည့်ကာ ကျန်းအိမ်တော်ထဲသို့ ပြန်ဝင်လိုက်သည်။ ကျန်းသခင်မကြီးက သူမ ပြန်လာသည်ကို မြင်သွားပြီး အံ့အားသင့်သွားပုံရသည်။

စူးချင်းက လူသတ်သမားများအား စစ်ဆေးမေးမြန်းရန် အခန်းငှားချင်နေကြောင်း သိလိုက်ရချိန်တွင် အဘွားအိုက သူမ၏အစေခံများကို အခန်းများ ရှင်းလင်းပေးရန် အလျင်အမြန် အမိန့်ပေးလိုက်သည်။ ထို့နောက် အစေခံများနှင့် ကျေးကျွန်များအားလုံးကို ထိုနေရာနှင့် ဝေးဝေးနေရန်လည်း ထပ်အမိန့်ပေးလိုက်သည်။ သူမ၏ အစီအစဥ်က သူမ အလွန် စဉ်းစားပေးထားမှန်း သိသာနေသည်။

သက်တော်စောင့်များက လူသတ်သမားများကို အခန်းများဆီသို့ ခေါ်ဆောင်သွားကြသည်။ စူးချင်းက သူတို့ကို စစ်ဆေးမေးမြန်းရန် “အရိုးကျေအရွတ်ဖြတ်” နည်းလမ်းကို အသုံးပြုခဲ့သည်။ လူသတ်သမားများက အစပိုင်းလောက်သာ တင်းခံနိုင်ကြပြီး ရှီးချန်တစ်ဝက် မပြည့်ခင် ဖွင့်ဟဝန်ခံလာကြသည်။

သူတို့က တုန်လိုင်ရွှမ်း၏ သူဌေးဆီမှ အမိန့်ကို လက်ခံခဲ့သူများ ဖြစ်သည်။ သို့သော် သူတို့ကိုယ်တိုင် သူဌေး၏မျက်နှာကို တစ်ခါမှ မမြင်ဖူးဘဲ ဆိုင်ရှင်မှတဆင့် အမိန့်များကို လက်ခံရရှိခဲ့ကြသည်။

သူတို့၏လူသတ်သမားအဖွဲ့တွင် လူမည်မျှရှိသည်ကိုသာ သိထားကြပြီး တခြားဘာမှ မသိကြတော့ပေ။ မြို့တော်တွင် သူတို့၏လူ မည်မျှ ရှိကြောင်းပင် မသိကြပေ။

သူတို့အဖွဲ့၏ လုပ်အားခွဲဝေမှုက ပြတ်သားလွန်းသောကြောင့် ထိုလူသတ်သမားအား အခြားအကြောင်းအရာများ မေးရန် မဖြစ်နိုင်တော့ပေ။ သူတို့က လူသတ်ရန် အမိန့်ကိုသာ လက်ခံပြီး တသွေမသိမ်း နားခံသူများသာ ဖြစ်သည်။

စူးချင်းကတော့ ထိုစစ်ဆေးမေးမြန်းမှု၏ရလဒ်ကို မကျေမချမ်း ဖြစ်နေခဲ့သည်။ အခြေခံအားဖြင့် အသုံးဝင်နိုင်မည့်သတင်းမျိုး မရခဲ့ပေ။ တုန်လိုင်ရွှမ်း၏နောက်ကွယ်မှ သူဌေးက အလွန်ထက်မြက်သည်ဟု ယူဆရပေတော့မည်။

သူက နောက်ကွယ်က ကြိုးကိုင်သူ ဆိုတာ သေချာသွားပြီ၊ ပြီးတော့ သူ့မှာ အဆင့်အတန်း တစ်ခု ရှိ‌နေသေးတယ်။ နန်းတော်နဲ့ တော်ဝင်ဆွေတော်မျိုးတော်တွေရဲ့ အိမ်တော်တွေမှာတောင် သူလျှိုတွေ ထားနိုင်တယ်။ ပြီး‌တော့ လုပ်ကြံသတ်ဖြတ်သူအဖွဲ့နဲ့ ကောလဟာလတွေဖြန့်တဲ့ အဖွဲ့တွေကိုလည်း ပိုင်ဆိုင်သေးတယ်။

အဲ့လို အင်အားခွဲဝေပုံနဲ့ဆိုရင် ဘယ်သူ့ကိုပဲ ဖမ်းမိပါစေ၊ တခြားသဲလွန်စတွေ ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ စေ့စပ်သေချာပြီး အန္တရာယ်များတဲ့ ရန်သူလို့ သတ်မှတ်နိုင်တယ်။

စူးချင်းက ကျန်းအိမ်တော်မှ ပြန်ထွက်ခွာလာချိန်တွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ထိုအသံက မြို့၏အရှေ့ဘက်မှ ထွက်ပေါ်လာခြင်းဖြစ်ပြီး မီးခိုးများ ထူထပ်စွာ လွင့်ပျံလာသည်။ စူးချင်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူမက သူမ၏မိဘအိမ်ကို တွေးမိသွားပြီး မြင်းပေါ်သို့ ခုန်တက်ကာ ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။

“မဟာပညာရှိရဲ့အိမ်တော်ကို သွားမယ်”

စူးချင်း မဟာပညာရှိ အိမ်တော်သို့ ရောက်သွားချိန်တွင် ဝင်ပေါက်၌ လူများ ပိတ်ဆို့နေပြီ ဖြစ်သည်။ မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာက မဟာပညာရှိ၏ အတွင်းခန်း ဖြစ်သည်။ အနက်ရောင်မီးခိုးများက နတ်ဆိုးမီးလျှံများသဖွယ် တရှိန်ထိုး မြင့်တက်နေသည်။ စူးချင်းက သူမ၏ ကြာပွတ်ကို ပစ်ချလိုက်ပြီး မြေပြင်ပေါ်မှ ခုန်တက်ကာ လူအုပ်ကို ကျော်ပြီး မဟာပညာရှိ၏ အိမ်တော်၏အဝင်ဝသို့ ဆင်းသက်လိုက်သည်။

“ဆရာ”

ကျုံးယုံက စူးချင်းဆီသို့ အပြေးအလွှားရောက်လာသည်။

"ငါ့မိဘတွေ ဘယ်မှာလဲ?"

စူးချင်းက သူ့ကို အလောတကြီး လှမ်းမေးလိုက်သည်။

“ဆရာ... စိတ်အေးအေးထားပါ”

ကျုံးယုံက စူးချင်းကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ ထိုလူထွားကြီး၏ အမူအရာက အလွန် ရယ်စရာကောင်းနေသော်လည်း စူးချင်းကို ချက်ချင်း စိတ်သက်သာရာရသွားစေခဲ့သည်။

"ကျွန်တော် ရောက်လာပြီးတာနဲ့ ဆရာဦးငယ်လေး အပါအဝင် ဆရာအဘိုးနဲ့ ဆရာအဘွားကို ဧည့်ခန်းထဲမှာ ပြောင်းနေခိုင်းခဲ့တာပါ"

ကျုံးယုံက ကြမ်းတမ်းပုံပေါက်နေသော်လည်း အလွန်စေ့စပ်သေချာသူ ဖြစ်သည်။ စူးချင်းက မဟာပညာရှိအိမ်တော်ကို ကာကွယ်ရန် သူ့တပ်ဖွဲ့များ စေလွှတ်ခိုင်းရုံဖြင့် သူက စူးဟန်ရွှမ်နှင့် ယန်ရုရွှယ်တို့ကို အိမ်ရှေ့ခြံဝင်းဆီသို့ ချက်ချင်း ရွှေ့ခိုင်းလိုက်သည်။ ထိုမှသာ သူ အားလုံးကို အလွယ်တကူ ကာကွယ်ပေးနိုင်မည်ဟု တွက်ဆလိုက်ခြင်းပင်။ မည်သို့ပင်ဖြစ်စေ သူ့စစ်သည်များအနေဖြင့် အတွင်းဆောင်သို့ ဝင်ရန်လည်း မသင့်တော်လှပေ။ သူ့ဆုံးဖြတ်ချက်က စူးမိသားစုတစ်ခုလုံးကို ကယ်တင်ပေးနိုင်မည်ဟုတော့ သူလည်း မမျှော်လင့်ထားခဲ့ပေ။

"ကောင်းကောင်း လုပ်ခဲ့တာပဲ"

စူးချင်းက ကျုံးယုံကို ချီးကျူးလိုက်ပြီး ခြံဝင်းထဲသို့ အမြန် ဝင်သွားလိုက်သည်။ မဟာပညာရှိအိမ်တော်ကို မည်သို့သော ဖောက်ခွဲရေးပစ္စည်းများဖြင့် ဖောက်ခွဲခဲ့မှန်း သူမ သိချင်နေသည်။

ယမ်းမှုန့်က သူမလက်ထဲတွင် ရှိနေပြီး သူမတို့အတွက် အောင်နိုင်ရန် လက်နက်တစ်ခု ဖြစ်သော်လည်း ရန်သူ့လက်ထဲသို့ ရောက်သွားလျှင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

စူးဟန်ရွှမ်က ခြံဝင်းထဲတွင် ရပ်နေပြီး အိမ်နောက်ဘက်ရှိ မီးတောက်များကို လှမ်းကြည့်နေသည်။ သူက အစေခံများကို မီးငြိမ်းရန် အမိန့်ပေးနေခဲ့ပြီး သူ့နှလုံးသားထဲတွင်လည်း ကြောက်ရွံ့မှုလှိုင်းလုံးများ ထိုးတက်လာသလို ခံစားနေရသည်။

သူ ကျုံးယုံရဲ့ အကြံပြုချက်ကို နားမထောင်ဘဲ အရှေ့ခြံကို မရွှေ့ဘူးလို့ တင်းခံနေရင် သူတို့မိသားစုတစ်ခုလုံး မီးပင်လယ်ထဲမှာ မြှုပ်နှံခံလိုက်ရမှာ သေချာတယ်။

“အဖေ”

"ချင်းအာ!"

စူးချင်းက သူမ၏အဖေကို တွေ့သွားပြီး လှမ်းခေါ်လိုက်သည်။ စူးဟန်ရွှမ်ကလည်း သမီးဖြစ်သူ၏အသံကို ကြားသွားပြီး စိတ်လှုပ်ရှားစွာ လှည့်ကြည့်လိုက်သည်။

"ချင်းအာ၊ အဖေ သမီးကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလို့ ထင်ထားခဲ့တာ"

“အခု အဆင်ပြေသွားပါပြီ၊ အဖေ.... အခုလောလောဆယ်တော့ အဖေ အမေနဲ့ မောင်လေးကို ခေါ်ပြီး နန်းတော်ထဲကို အရင် ပြောင်းနေသင့်တယ်”

စူးချင်းက သူ့အဖေကို နန်းတော်က မြို့တော်၌ အလုံခြုံဆုံးနေရာဖြစ်ကြောင်း အသိပေးလိုက်သည်။

ရန်သူကို မဖမ်းမိခင်မှာ သူမရဲ့မိဘတွေကို အပြင်မှာ နေခွင့်မပေးနိုင်တော့ဘူး။ အဲ့လိုမှ မဟုတ်ရင် သူမ စိတ်အေးရမှာ မဟုတ်ဘူး။

“ကောင်းပါပြီ”

စူးဟန်ရွှမ်က လုံးဝ မကန့်ကွက်တော့ပေ။ သူက သူ့သမီးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘဲ သူတို့ နန်းတော်ထဲတွင် ရှိနေမှသာ သူ့သမီးလေး စိတ်အေးလက်အေး တိုက်ခိုက်နိုင်မည်ဖြစ်ကြောင်း သူ နားလည်နေသည်။

စူးချင်းက မီးလျှံများ လောင်ကျွမ်းနေသည့် အတွင်းဆောင်ကို အလေးအနက် စိုက်ကြည့်နေခဲ့သည်။ သူမတို့ ကူးပြောင်းလာပြီးသည့်အချိန်မှ စ၍ တာ့ထန်အင်ပါယာကို တည်ထောင်ပြီးသည်အထိ ဤမျှ ကြီးမားသော စိန်ခေါ်မှုကြီးတစ်ခုကို ကြုံတွေရသည်က ပထမဆုံးအကြိမ်ဖြစ်ပြီး သူမကိုယ်တိုင် အကျပ်အတည်းကို ရင်ဆိုင်ရသလို ခံစားနေရသည်။

နန်းတော်အတွင်းတွင် ရှိနေသည့် ရှောင်းကျဲယွိကလည်း ပေါက်ကွဲသံကို ကြားခဲ့ရပြီး အဖြစ်အပျက်ကို စုံစမ်းရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ မဟာပညာရှိအိမ်တော် ဖောက်ခွဲခံသည်ဟု ကြားလိုက်ရချိန်တွင်တော့ သူ၏နဂါး၀တ်ရုံကိုပင် မဖယ်ရှားနိုင်တော့ပဲ တော်ဝင်ရထားလုံးပေါ်သို့ ပြေးတက်သွားတော့သည်။

လမ်းတွင် အနက်ရောင်ဝတ်ထားသည့် လူတစ်စုကို သူ တွေ့လိုက်ရပြီး ထိုလူများအားလုံးက ဆာမူရိုင်းဓားရှည်များကို ကိုင်ဆောင်ထားကြသည်။ ဝူးခို့ပြည်ထောင်တွင် သူ တိုက်ခိုက်သတ်ဖြတ်သော လူများကဲ့သို့ ၀တ်ဆင်ထားရုံသာမက လက်နက်၊ သွားပုံလာပုံနှင့် အပြုအမူများပါ တူညီနေကြသည်။

သက်တော်စောင့်များက ထိုလုပ်ကြံသူများနှင့် စတင်တိုက်ခိုက်နေကြသည်။ ထိုလုပ်ကြံသူများက အရိပ်များသဖွယ် ပျောက်ကွယ်သွားတတ်သောကြောင့် သက်တော်စောင့်များအနေဖြင့် သူတို့ကို မမြင်နိုင်ဘဲ ရှာဖွေရန် ခက်ခဲနေသည်။

ယခင်က သူတို့နှင့် ရင်ဆိုင်ဖူးသည့် ရှောင်းကျဲယွိကတော့ ဤလူများအား မည်ကဲ့သို့ တုံ့ပြန်ရမည်ကို သိထားပြီး ဖြစ်သည်။ သူက စူးချင်း ပေးထားသည့် ပစ္စတိုသေနတ်ကို ထုတ်ယူပြီး အနက်ရောင်ဝတ်လူတစ်ယောက်ကို ပစ်သတ်လိုက်သည်။ ထိုအနက်ရောင်၀တ်များ ပျောက်ကွယ်သွားရန် ကြိုးစားလိုက်တိုင်း ကျည်ဆန် ထိမှန်ခံရပြီး သူတို့၏ခြေရာများကို ထုတ်ဖော်ပြသမိနေကြသည်။ ထို့ကြောင့် သက်တော်စောင့်များက သူတို့ကို အလျင်အမြန် နှိမ်နင်းနိုင်ခဲ့ကြသည်။

လုပ်ကြံသတ်ဖြတ်မှု မအောင်မြင်သည်ကို မြင်လိုက်ရသဖြင့် ထိုလူများက အဆိပ်ကို ကိုက်ကာ သတ်သေသွားကြပြန်သည်။ သတိလစ်မေ့မြောနေသော အနက်ရောင်ဝတ်လူတစ်ယောက်ကိုသာ ဖမ်းမိခဲ့ပြီး ထိုလူက သူ့ကိုယ်သူ သတ်သေရန် အချိန်မရသေးခင် မေ့မြောသွားသောကြောင့် အသက်ရှင်ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။

ရှောင်းကျဲယွိ မဟာပညာရှိအိမ်တော်သို့ အမြန်အလွှား သွားနေချိန်တွင် စူးချင်းက သူမ၏ မိဘများနှင့် မောင်ငယ်ကို နန်းတော်သို့ ပြန်ခေါ်ဆောင်လာခဲ့သည်။ နှစ်ယောက်သား လမ်းပေါ်၌ တွေ့ဆုံခဲ့ကြသည်။

"ချင်းအာ"

ရှောင်းကျဲယွိက စူးချင်းကို အရင်မြင်သွားပြီး ရထားလုံးထဲမှ အမြန် ပြေးထွက်လာသည်။ သူ ပေါက်ကွဲမှုအကြောင်း ပြောတော့မည့်အချိန်မှ သူ့ယောက္ခမကို တွေ့လိုက်ရပြီး သူ၏ စိုးရိမ်သောကရောက်နေသည့် နှလုံးသားလည်း ချက်ချင်း ငြိမ်သက်သွားရသည်။

"ယောက္ခမကြီး၊ ယောက္ခမ၊ ခင်ဗျားတို့ အဆင်ပြေတယ်၊ တော်သေးတာပေါ့”

"နန်းတော်ကို အရင်ပြန်ကြမယ်"

စူးချင်းက ရှောင်းကျဲယွိကို ဤကဲ့သို့ ထွက်လာခြင်းအပေါ် အလွန်အန္တရာယ်များသည်ဟု ခံစားနေရသည်။

“ရှင် လမ်းပေါ်မှာ ရှိမနေသင့်ဘူး”

သူမတို့ ရထားလုံးများဆီသို့ ပြန်သွားနေချိန်တွင် စူးချင်းက ရုတ်တရက် မကောင်းသည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ အန္တရာယ်အပေါ် ခံစားလွယ်သည့် သူမ၏ ပင်ကိုယ်အသိက သူမကို အကြိမ်ပေါင်းများစွာ ကယ်တင်နိုင်ပေးနိုင်ခဲ့သည့်အတွက် စူးချင်းက သူမ၏ ပင်ကိုယ်သိစိတ်ကို အလွန်ယုံကြည်ထားခဲ့သည်။

[အန္တရာယ် သတိပေးချက်၊ အန္တရာယ် သတိပေးချက်]

တချိန်တည်းမှာပင် စနစ်၏ အသံစူးစူးက စူးချင်း၏နားထဲသို့ ရုတ်တရက် တိုးဝင်လာသည်။

"ဘာဖြစ်တာလဲ?"

စူးချင်းက စနစ်ကို ပြန်မေးလိုက်ပြီး စနစ်က ဗုံးတစ်လုံး တွေ့ရှိထားကြောင်း ပြန်ဖြေလာသည်။

"ရွှေ့ရှန့်၊ ကျွန်မရဲ့ မိဘတွေကို ခေါ်ပြီး နောက်ပြန်ဆုတ်လိုက်ပါ"

စူးချင်းက ယာဉ်တန်းကို ရပ်တန့်စေပြီး နောက်ပြန်ဆုတ်ရန် အမိန့်ပေးလိုက်သည်။

"ဘာဖြစ်လို့လဲ?"

ရှောင်းကျဲယွိက စူးချင်းကို လှမ်းမေးလိုက်သည်။ စူးချင်းက ဗုံးရှိနေကြောင်း မပြောချင်သည့်အတွက် ခပ်ပေါ့ပေါ့သာ ပြန်ဖြေလိုက်သည်။

“ကျွန်မ စစ်ဆေးစရာ တစ်ခုရှိလို့”

ထိုစကားကို ကြားလိုက်သည်နှင့် ရှောင်းကျဲယွိက စူးဟန်ရွှမ်တို့မိသားစုကို ကာကွယ်ပေးရန် သူ့လူများကို အမိန့်ပေးလိုက်သည်။ သူကတော့ စူးချင်း၏အနားတွင်သာ ရပ်နေဆဲ ဖြစ်သည်။

“ကိုယ်တို့က အကြင်လင်မယားတွေလေ၊ ဘယ်ဝန်ထုပ်ဝန်ပိုးကိုမဆို အတူတူ မျှဝေကြမယ်”

“အင်း”

စူးချင်းက ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက် စကားမြည်ပြောနေကြစဉ်မှာပင် ဘယ်ဘက်ရှိ ခေါင်မိုးတစ်ခုပေါ်တွင် အနက်ရောင်ဝတ် လူနှစ်ယောက် ရုတ်တရက် ပေါ်လာသည်။ သူတို့က စူးချင်းနှင့် ရှောင်းကျဲယွိတို့၏ရှေ့သို့ လက်ပစ်ဗုံးနှစ်လုံး ပစ်ချလိုက်သည်။

စူးချင်းနှင့် ရှောင်းကျဲယွိတို့က တပြိုင်နက်တည်း ပျံတက်လိုက်ကြပြီး ထို လက်ပစ်ဗုံးနှစ်လုံးကို တစ်လုံးစီ ပြန်ကန်ထုတ်လိုက်ကြသည်။ လက်ပစ်ဗုံးများက လေထုထဲတွင် ပေါက်ကွဲသွားပြီး သက်တော်စောင့်များကလည်း လူသတ်သမားများနှင့် ရင်ဆိုင်ရန် ခေါင်မိုးပေါ်သို့ ချက်ချင်း ပျံတက်သွားကြသည်။

စူးချင်းက မြေပြင်ကို ဂရုတစိုက် လှမ်းကြည့်လိုက်သည်။ လမ်းကို လမ်းခင်းကျောက်များ ခင်ကျင်းထားသော်လည်း အပြာရောင်ကျောက်များ၏အက်ကွဲကြောင်းများထဲမှ မြေကြီးများက သိပ်မကြာခင်ကမှ ထည့်ထားသလို ဖြစ်နေလေသည်။ တစ်စုံတစ်ယောက်က တစ်ခုခု လုပ်ထားမှန်း သိသာ လွန်းလှသည်။

စူးချင်းက သက်တော်စောင့်များကို အချည်းနှီး မသေစေချင်သည့်အတွက် အားလုံးကို နောက်ပြန်ဆုတ်ခိုင်းလိုက်သည်။ ထို့နောက် စနစ်ထဲမှ လက်ပစ်ဗုံးတစ်လုံး ထုတ်ယူလိုက်ပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ပြင်းထန်သော ပေါက်ကွဲသံများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာကာ လမ်းတစ်လျှောက်တွင် မြှုပ်နှံထားသော ဗုံးများအားလုံး ပေါက်ကွဲသွားခဲ့သည်။

စူးချင်းနှင့် ရှောင်းကျဲယွိတို့က သူတို့ရှေ့မှ မီးခိုးများကို မည်းမှောင်သောအမူအရာဖြင့် လှမ်းကြည့်နေကြသည်။ ရန်သူက ကွင်းဆက်တိုက်ခိုက်မှုကို စီစဉ်ထားခဲ့ပုံရသည်။

တစ်ဖက်ရန်သူ၏ ဤရှုပ်ထွေးလှသော အစီအစဉ်က အလွန်ကောင်းမွန်သည်ဟု ဆိုနိုင်ပေသည်။ လွမ်ဟုန် အချိန်မတန်မီ မီးဖွားပါက စူးချင်းက သူမကို ကူညီရန် အပြေးအလွှား သွားမည်မှာ လုံးဝ သေချာနေသည်။

ရှောင်းကျဲယွိကလည်း သစ္စာတရားနှင့် ဖြောင့်မတ်မှုကို အလေးပေးပြီး မိသားစုအပေါ် သံယောဇဉ်ကြီးသူ ဖြစ်သောကြောင့် မဟာပညာရှိအိမ်တော်သို့ သွားမည်ကို အလွယ်တကူ ခန့်မှန်းနိုင်သည်။ ဤလူသတ်သမားများက အဓိက လုပ်ကြံမှုအတွက် ဖုံးကွယ်ထားရုံမျှသာ ဖြစ်သည်။ သူတို့၏ လုပ်ကြံမှု အောင်မြင်လျှင် ကောင်းသည်ဟု ဆိုနိုင်သော်လည်း မအောင်မြင်လျှင်လည်း အရေးမကြီးပေ။ လမ်းတလျှောက်တွင် ဖုံးကွယ်ထားသော ဗုံးများကသာ သူတို့၏ အဓိကနှင့် နောက်ဆုံး ဝှက်ဖဲဖြစ်သည်။

ရှောင်းကျဲယွိက သူ့ရှေ့မှ မီးခိုးလုံးကြီးများကို စိုက်ကြည့်နေပြီး သူ့မျက်လုံးများက ဓားသွားကဲ့သို့ စူးရှတောက်ပနေသည်။ သူက စူးချင်းကို စကားတစ်လုံးချင်း အလေးအနက် ပြောလာခဲ့သည်။

"ချင်းအာ၊ ကိုယ်တို့ သူတို့ကို သူတို့ရဲ့ကိုယ်ပိုင်ကစားကွက်နဲ့ပဲ ပြန်အနိုင်ယူလိုက်ကြတာပေါ့"

All Chapters