← Chapters

နှစ်သစ်ကူးညစာ

Vol. 47 Ch. 685

နှစ်သစ်ကူးညစာ

Vol. 47 Ch. 685

ကျန်းပိုင်ရှန့်က အလွန်ကြောက်လန့်တုန်လှုပ်နေပုံဖြင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေပြီး ‌ ရှောင်းကျဲယွိအား ဦးညွှတ်တောင်းပန်နေသည်။

“အရှင်မင်းမြတ်၊ ကျွန်တော်မျိုးကို သနားငဲ့ညှာပေးပြီး ကျွန်တော်မျိုးရဲ့အသက်ကို ချမ်းသားပေးတော်မူပါ၊ ကျွန်တော်မျိုးက အ‌‌ရှေ့ကျွန်းသား မဟုတ်ဘူး၊ သူက ကျွန်တော်မျိုးကို လိမ်လည်လှည့်ဖြားခဲ့တာပါ"

ယခုအချိန်တွင် ကျန်းပိုင်ရှန့်လည်း သေလုမတတ် နောင်တရနေပြီ ဖြစ်သည်။ သူက ဘုရားကျောင်းမှ ပွဲတော်တစ်ခုတွင် လီရှန်းရှန်းကို တွေ့ခွင့်ရခဲ့ပြီး မြင်မြင်ချင်း ချစ်မိသွားခဲ့သည်။ သူ အိမ်သို့ ပြန်ရောက်ပြီး လက်ဆောင်တစ်ခု ပြင်ဆင်ကာ အောင်သွယ်ဆီသို့ သွားခဲ့သေးသည်။ သို့သော်လည်း လီဝေ့က လီရှန်းရှန်းကို နန်းတော်သို့ စေလွှတ်လိုက်ကြောင်း သူ သတင်းကြားလိုက်ရသည်။

ထိုအချိန်တွင် ကျန်းပိုင်ရှန့်ထံ၌ မျှော်လင့်ချက် အလင်းတန်းလေးများ ရှိနေသေးသည်။ ဧကရာဇ်မင်းမြတ်က ဧကရီမှတပါး မည်သည့်အမျိုးသမီးကိုမှ နီးနီးကပ်ကပ် နေလေ့မရှိပေ။ လီရှန်းရှန်းက နတ်သမီးတမျှ လှပနေလျှင်ပင် ဧကရာဇ်မင်းမြတ်က သူမကို ကိုယ်လုပ်တော်အဖြစ် လက်ခံမည် မဟုတ်ကြောင်း သူ နားလည်ထားသည်။ သူမ နန်းတော်၌ သုံးနှစ်တာ အလုပ်လုပ်ပြီး နန်းတော်၏အပြင်သို့ ပြန်ထွက်လာလျှင် အိမ်ထောင်ပြုနိုင်မည် ဖြစ်သည်။ သူက လီရှန်းရှန်းကို သုံးနှစ်ကြာအောင် စောင့်‌မည်ဟု ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း ဧကရာဇ်မင်းမြတ်က လီရှန်းရှန်းအား သေသည်အထိ ရိုက်နှက်ရန် အမိန့်ပေးခဲ့သည့် သတင်းအား ကြားရမည်ဟုတော့ သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ကျန်းပိုင်ရှန့် သုံးရက်လုံးလုံး ငိုကြွေးခဲ့ရပြီး ဖျားနာခဲ့ရကာ ဧကရာဇ်အပေါ် နက်ရှိုင်းသော မုန်းတီးမှုကို ဖြစ်ပေါ်လာခဲ့သည်။ ကျန့်စုန်က ဧကရာဇ်အပေါ်ထးသည့် သူ့၏မကျေနပ်မှုကို သိသွားပြီး သူ့၏လာဘ်စားမှုများအပေါ် ခြိမ်းခြောက်၍တမျိုး၊ စည်းရုံး၍တဖုံ သိမ်းသွင်းကာ သူ့ဘက်ပါအောင် ဆွဲဆောင်ခဲ့သည်။

တော်ဝင်ဆေးပညာဌာနမှ တော်ဝင်သမားတော်ကျန်းက ကျန်းပိုင်ရှန့်၏ဖခင် ဖြစ်သည်။ ကျန်းပိုင်ရှန့်က သူ့အဖေကို နန်းတော်နှင့် ပတ်သတ်သည့်အကြောင်းများ မကြာခဏ မေးလေ့ရှိပြီး တော်ဝင်သမားတော်ကျန်းကလည်း သူ့သားအပေါ် သံသယမရှိဘဲ အရာအားလုံး ပြောပြခဲ့သည်။

ထို့အပြင် လက်နက်တိုက်ရှိ အစောင့်တစ်ယောက်ကလည်း ကျန်းပိုင်ရှန့်၏ သူငယ်ချင်း ဖြစ်သည်။ ကျန်းပိုင်ရှန့်က ထိုအစောင့်ထံတွင် လောင်းကစားကြွေးများ ရှိနေမှန်း သိထားပြီး ကျန့်စုန်ကို ပြောပြခဲ့သည်။

ကျန့်စုန်က ထိုအစောင့်ကို လာဘ်ထိုးပြီး သူ တာဝန်ကျချိန်အတွင်း ဖောက်ခွဲရေးပစ္စည်းများနှင့် လက်ပစ်ဗုံးများ ခိုးယူနိုင်ခဲ့သည်။ သူတို့၏အစီအစဥ် အောင်မြင်သွားလျှင် ထိုအစောင့်အား တရားဝင်ရာထူးပေးအပ်မည်ဟုလည်း ကတိပေးထားသေးသည်။ လောဘကြောင့် မျက်စိကွယ်နေသည့် အစောင့်က ကျေကျေနပ်နပ် ပူးပေါင်းလာခဲ့သည်။

ကျန်းပိုင်ရှန့်၏အကူအညီများကြောင့် ကျန့်စုန်က ဤကဲ့သို့ အချိန်နှင့်တပြေးညီ သတင်းများ ရယူနိုင်နေသည်ဟု ဆိုနိုင်ပေသည်။ သူက ကျန့်စုန်ထက်ပင် မုန်းတီးစရာပိုကောင်းနေသောကြောင့် ရှောင်းကျဲယွိက သူ့ကို ဘယ်နည်းနှင့်မျှ လွှတ်ပေးမည် မဟုတ်ပေ။

"မင်းက တာ့ထန်က ထွက်တဲ့ ကောက်နှံကို စားနေပေမယ့် မင်းရဲ့ ထမင်းအိုးကို မင်းဘာသာ ဖျက်ဆီးချင်နေတယ်ပေါ့၊ ဝူးခို့တွေရဲ့ လက်ပါးစေခွေး ဖြစ်လာပြီဆိုကတည်းက ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိတော့ဘူး”

ရှောင်းကျဲယွိက ကျန်းပိုင်ရှန့်ကိုလည်း အချက်တစ်ထောင် မွှန်းကာ ကွပ်မျက်ရန် အမိန့်တော် ချမှတ်ခဲ့သည်။ ကျန်းမိသားစု၏ ပိုင်ဆိုင်မှုများ အားလုံးကို သိမ်းယူလိုက်သည့်အပြင် ကျန်းမိသားစုမှ အမျိုးသားများကို ဖမ်းပြီး ကျင့်ရှီလျိုမြောင်သို့ ပို့ဆောင်ခဲ့သည်။ အမျိုးသမီးအားလုံးလည်း ကျွန်အဖြစ် ရောင်းစားခံခဲ့ရသည်။ သားဖြစ်သူ၏ လုပ်ရပ်များကို သိရှိသွားသည့် တော်ဝင်သမားတော်ကျန်းက ဘိုးဘွားများ၏ကမ္ဗည်းပြားများရှေ့တွင် သူ၏ဦးခေါင်းကို ကြမ်းပြင်နှင့် စောင့်ကာ သူ့ကိုယ်သူ သတ်သေသွားခဲ့သည်။

မြို့တော်အတွင်းရှိ ဝူးခို့သူလျှိုများကို ရှင်းထုတ်ပြီးနောက် ရှောင်းကျဲယွိက ရေတပ်အား ပင်လယ်ပြင်သို့ သွားစေကာ ကျန်ဝူးခို့အားလုံးကို သုတ်သင်ရှင်းလင်းရန် အမိန့်တော် ထုတ်ပြန်လိုက်သည်။ တာ့ထန်အင်ပါယာ၏ ရွှေခေတ်သို့ ရောက်ရှိလာခဲ့ပြီး အိမ်နီးချင်းတိုင်းပြည်များက ချစ်ကြည်ရေးဖွဲ့ရန် စတင် ကမ်းလှမ်းလာကြသည်။ ရှောင်းကျဲယွိက ထိုတိုင်းပြည်ငယ်လေးများကို အနိုင်မကျင့်ဘဲ ကုန်သွယ်လမ်းကြောင်းများ ဖွင့်လှစ်ပေးခဲ့သည်။ လူတိုင်းတွင် ဝင်ငွေနှင့် စားစရာ၊ ဝတ်စရာ ရှိနေသ၍ မည်သူကမျှမှ စစ်တိုက်ချင်မည် မဟုတ်ပေ။

လဝက်ခန့်ကြာပြီးနောက်တွင် စူးချင်း၏ကုသမှုအောက်မှ ဟယ်ယိလင်း၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာခဲ့သည်။

မှူးမတ်များ အားလုံးရှေ့၌ သူ ပြန်ထွက်ပေါ်လာချိန်တွင် လူတိုင်း အံ့သြသွားကြရသည်။

“ဒီလက်အောက်ငယ်သားရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် အရှင်မင်းမြတ်ကို အထူးကျေးဇူးတင်ရှိပါတယ်”

ဟယ်ယိလင်းက ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေပြီး မျက်ရည်များ ဝဲလျက် ကျေးဇူးတင်စကား ပြောနေလေသည်။ ထိုစဥ်က သူ ကျန့်စုန်၏ လှုံ့ဆော်ပေးမှုကို နားယောင်သွားခဲ့ပြီး ဧကရာဇ်မင်းမြတ်နှင့် ဧကရီအပေါ် မကျေမနပ်ဖြစ်ခဲ့သည်။

ဧကရီကတော့ ထိုအရာကို မှတ်သားထားခြင်းမရှိဘဲ သူ့ကို ကယ်တင်ပေးခဲ့သည်။ ယခု သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ဤကိစ္စကြောင့် ကျန်းကျင့်လင်း၏ စွမ်းရည်က ငြင်းမရအောင် ထင်ရှားပေါ်လွင်လာပြီး အိမ်ရှေ့စံမင်းသား၏ မဟာမင်းဆရာဖြစ်ရန် အသင့်တော်ဆုံးလူ ဖြစ်သည်။

.......။.......။....

ရာသီဥတု ကောင်းမွန်သော တစ်နှစ်တာ ကုန်ဆုံးသွားခဲ့ပြန်သည်။ နှစ်သစ်ကူးအကြိုညတွင် စူးချင်းက မိသားစုတွေ့ဆုံပွဲ ညစာကို သူမ ကိုယ်တိုင်ချက်ပြုတ်ခဲ့သည်။ သို့သော် ညစာစားပွဲတွင် အမဲသားကို မြင်လိုက်သည်နှင့် သူမ ပျို့အန်ချင်လာပြန်သည်။ ရှောင်းကျဲယွိက ချက်ချင်း သတိထားမိသွားပြီး သူမ၏ သွေးခုန်နှုန်းကို စစ်ဆေးရန် သူမ၏လက်ကို အမြန် ဆွဲယူလိုက်သည်။

စူးချင်းက သူ့ကို အပြုံးဖြင့် စောင့်ကြည့်နေပြီး ရှောင်းကျဲယွိ၏ မျက်လုံးများ တောက်ပလာသည်ကို မြင်နေရချိန်တွင် သူမ၏အပြုံးက ပို၍ ပို၍ တောက်ပလာသည်။ ယခုအခါ နန်းတော်၌ လျှပ်စစ်မီးများ တပ်ဆင်ထားပြီး ဖြစ်သည်။ စူးချင်းက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် လေရဟတ်များ တီထွင်ရန် အကြံပေးခဲ့ပြီး အမှန်တကယ် ဖန်တီးပေးခဲ့သူက ချင်ထျဲ ဖြစ်သည်။ လျှပ်စစ်ဓာတ်အား ရလာသောကြောင့် အစစအရာရာ ပိုအဆင်ပြေလာသည်။

ဖယောင်းတိုင် မည်မျှထွန်းညှိနေပါစေ လျှပ်စစ်မီး၏ အကျိုးသက်ရောက်မှုကိုတော့ မယှဉ်နိုင်ပေ။ လက်ရှိတွင် နန်းတော်က နေ့ခင်းကဲ့သို့ တောက်ပနေသည်။ ရှောင်းကျဲယွိက စူးချင်းကို ဝမ်းသာအားရ မေးမြန်းလိုက်သည်။

"ချင်းအာ.... မင်း.... ကိုယ်ဝန်ရှိနေတာလား?"

“အင်း”

စူးချင်းက အပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ပုံမှန်အားဖြင့် နန်းတော်ရှိ တော်ဝင်သမားတော်များက ဧကရာဇ်မင်းမြတ်နှင့် ဧကရီ၏သွေးခုန်နှုန်းကို နေ့စဉ် စစ်ဆေးပေးရလေ့ရှိသည်။ သို့သော် စူးချင်းကိုယ်တိုင်က နတ်ဆေးဆရာအဖြစ် သတ်မှတ်ခံထားရသောကြောင့် သူမက ထိုသို့ မလုပ်ရန် ညွှန်ကြားထားခဲ့သည်။

သူမ၏ ဓမ္မာတာသွေးပျောက်နေသည်ကို သတိမထားမိခင်ကပင် စူးချင်းက သူမ၏သွေးခုန်နှုန်းကို စစ်ဆေးထားပြီး ဖြစ်သည်။ ဤကိစ္စက ပျော်ရွှင်စရာတစ်ခု ဖြစ်‌ကြောင်း အတည်ပြုပြီးနောက်တွင် ရှောင်းကျဲယွိအတွက် နှစ်သစ်ကူးလက်ဆောင်ပေးရန် ချက်ချင်း မပြောပြဘဲ စောင့်ဆိုင်းနေခဲ့ခြင်းပင်။

"အဲဒါ အရမ်းကောင်းတယ်"

ရှောင်းကျဲယွိက အလွန်ပျော်ရွှင်နေသည်။

သူ့မှာ သားသမီးတွေ များလေလေ ပိုကောင်းလေလေပဲ။

ယန်ရုရွှယ်နှင့် ယန်ရုပင်းတို့ကလည်း ဖောင်းကားနေသည့် ဝမ်းဗိုက်ကြီးများဖြင့် အကြည့်ချင်း ဖလှယ်နေကြသည်။ စူးချင်း၏ဗိုက်ထဲမှ ကလေးက သူမတို့၏ကလေးများနှင့် လေးလသာ ကွာခြားပြီး သူမတို့ မီးဖွားပြီးနောက်တွင် ဦးလေး၊ အဒေါ်နှင့် တူလေးတို့က ကစားဖော်အဖြစ် ကြီးပြင်းရတော့မည် ဖြစ်သည်။

နှစ်သစ်ကူးအကြိုညတွင် နှင်းများ ကျဆင်းနေပြီး မြို့တော်၌ နှင်းများကို မြင်ရသည်က ရှားပါးလွန်းလှသည်။ ကလေးများက နှင်းများပေါ်တွင် ပြေးလွှားဆော့ကစားနေကြသည်။ ယခုအချိန်တွင် ကျန်းချီလွေ့က ကျစ်ချီ၏ စာသင်ဖော် ဖြစ်နေပြီ ဖြစ်သည်။ ကောင်လေးနှစ်ယောက်က ယွင်အာလောက် မဆိုးသွမ်းကြပေ။

ယွင်အာက နန်းတော်ဝင်းတစ်ခုလုံးနှံ့နေအောင် ပြေးလွှားခုန်ပေါက် ဆော့ကစားနေပြီးမှ ဖွေးဖွေးလှုပ်ဖြူနေသော နှင်းများဖြင့် အိမ်ငယ်လေးတစ်လုံး ဆောက်ရန် ကြိုးစားနေပြန်သည်။

စူးချင်းက ကလေးများနှင့် ကစားရန် ယမ်းမှုန့်များကို သုံးပြုံး မီးရှူးမီးပန်းများနှင့် ဗြောက်အိုးများ ပြုလုပ်ပေးခဲ့သည်။ ယွင်အာက ဝှေ့ယမ်းရသည့်မီးရှူးမီးပန်းများကို ကိုင်ထားပြီး ပျော်ပျော်ရွှင်ရွှင် လှုပ်ခါနေသည်။ သူမ၏ရယ်မောသံလေးများက ငွေခေါင်းလောင်းသံလေးကဲ့သို့ဖြစ်နေပြီး သာယာနာပျော်ဖွယ်ကောင်းလှသည်။

ကောင်လေးနှစ်ယောက်က မီးရှူးမီးပန်းများ မီးညှိလိုက်ကြပြီး နားရွက်လေးများကို အုပ်ကာ ကောင်းကင်သို့ မော့ကြည့်နေကြသည်။ ဦးလေးတစ်ယောက်ဖြစ်သည့် ရှောင်ချန်ကတော့ အလွန်ပျာယာခတ်နေလေသည်။ သူက ယွင်အာနှင့် ကျစ်ချီကို ဂရုစိုက်ပေးရန် ဆန္ဒရှိနေသလို တစ်ချိန်တည်းမှာပင် မီးရှူးမီးပန်းများနှင့်လည်း ‌ဆော့ကစားချင်နေသေးသည်။ အဆုံးတွင် သူက ဦးလေးဖြစ်နေသည့် သူ့ဂုဏ်ပုဒ်ကို မေ့သွားပြီး ကျစ်ချီတို့နှင့် မီးရှူးမီးပန်းများ ပစ်လွှတ်နေတော့သည်။

မီးရှူးမီးပန်းငယ်လေးများက တဖောက်ဖောက် ပေါက်ကွဲနေပြီး ကောင်းကင်တွင် အနီရောင်ပန်းပွင့်များ ပြည့်နှက်နေလေသည်။

စူးချင်းက ကလေးများနှင့်အတူ မီးရှူးမီးပန်းကြီးများ ပစ်တင်ရန် ရှောင်းကျဲယွိအား ဆွဲခေါ်လာခဲ့သည်။

ယန်ရုရွှယ်နှင့် ယန်ရုပင်းတို့ကတော့ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းကို ကြည့်ရှုရန် သူမတို့၏ ဖောင်းကားနေသော ဝမ်းဗိုက်များကို မထားရင်း ချန်ချင်းနန်းဆောင်၏ အဝင်ဝ၌ ရပ်နေကြသည်။ လှပသော မီးရှူးမီးပန်းများက ကောင်းကင်ယံ၌ အနီရောင်ပန်းများ ပွင့်လန်းစေပြီး ကလေးငယ်များက ပျော်ရွှင်စွာ ခုန်ပေါက်နေကြသည်။ သူတို့က စူးချင်းက အော်ဟစ် ချီးကျူးနေကြသေးသည်။

"မယ်တော်က အရမ်းတော်တာပဲ!"

"အရီးတော်ဧကရီက အရမ်းတော်တာပဲ!"

"အစ်မ၊ အစ်မက အရမ်းတော်တယ်"

ရှောင်ချီနှင့် ရှောင်လင်းလင်းတို့ကလလည်း သူတို့၏ပခုံးပေါ်တွင် အနီရောင်ဝတ်ရုံလေးများ လွှမ်းခြုံထားပြီး လေထဲ၌ လှည့်ပတ်ဝဲပျံ ကခုန်နေကြသည်။ ပျော်စရာကောင်းသော နှစ်သစ်ကူး၏ ကြည်နှုးဖွယ်အချိန်သမယ ဖြစ်နေလေသည်။

ယခုနှစ်၏ နှစ်သစ်ကူးက အမှန်တကယ် သက်ဝင်လှုပ်ရှားနေသောကြောင့် ချင်ဖုန်းက သူ၏မြေးနှင့် မြေးချွေးမကို ကြည့်ကာ ကျေနပ်နေလေသည်။ သို့သော် ကံမကောင်းစွာဖြင့် ဤနွေးထွေးသောမြင်ကွင်းကို မြင်တွေ့ခွင့် မရလိုက်ရှာသည့် သမီးနှင့် သားမက်ကိုလည်း လွမ်းဆွတ်နေမိသည်။

စူးဟန်ရွှမ်နှင့် လွမ်ချင်းရှန်တို့ကလည်း မုတ်ဆိတ်မွေးတသပ်သပ်ဖြင့် နန်းဆောင်ဝင်းထဲ၌ ကစားနေသည့် ကလေးများကို လှမ်းကြည့်နေကြသည်။ ထိုအခိုက်အတန့်တွင် စူးဟန်ရွှမ်က လွမ်ချင်းရှန်ကို လှမ်းပြောလိုက်သည်။

"ကျိုးပေါ်သာ ဒီမှာရှိနေရင် သူ ချင်းအာ ချက်ထားတဲ့ သေရည်အသစ်ကို သောက်ဖို့ တောင်းဆိုနေမှာ သေချာတယ်"

“ဟုတ်ပ၊ သူ ထွက်သွားတာ လအနည်းငယ် ရှိနေပြီ၊ ငါလည်း ငါ့ကလေးကို နာမည်ပေးဖို့ သူ ရောက်လာမယ့်အချိန်ကို မျှော်နေတာ”

လွမ်ချင်းရှန်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

သူက ရူပင်းရဲ့ဗိုက်ထဲက ကလေးကို နာမည်ပေးခိုင်းဖို့ ကျိုးပေါ်ကို မျှော်နေခဲ့တာ။ အခု အဲ့ဒီတာအိုဆရာကြီးမှာ အကန့်အသတ်မရှိတဲ့ စွမ်းအားတွေ ရှိတာကို သူ သိထားပြီးပြီ၊ တာအိုဆရာကြီးဆီကနေ ကောင်းချီးပေးခံရရင် ကလေးက ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာမှာ သေချာတယ်။

ပြီးတော့ ရုပင်းရဲ့ ဗိုက်ထဲက ကလေးက သားတစ်ယောက်ဖြစ်ဖို့လည်း သူ မျှော်လင့်နေသေးတယ်။ သမီးက ကောင်းတယ်ဆိုပေမယ့် သားလေးဖြစ်ရင်တော့ ပိုကောင်းတာပေါ့။

“ဟား ဟား၊ ငါတို့က ဂန္တဝင်ကျမ်းတွေကို လှန်ကြည့်ပြီး နာမည်အနည်းငယ် အရင်ရွေးထားကြမယ်၊ သူ့ကို စောင့်နေတာထက် ပိုစိတ်ချရပါတယ်ကွာ”

စူးဟန်ရွှမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီးမှ အကြံပေးလိုက်သည်။ သို့သော် သူ့စကား ဆုံးသွားသည်နှင့်တပြိုင်နက် ကျိုးပေါ်၏အသံကို ကြားလိုက်ရကြသည်။

"ဘာလို့ ငါ မပါဘဲ သောက်နေရတာတုန်းကွ"

"ဆရာကြီးကျိုး"

စူးဟန်ရွှမ်နှင့် လွမ်ချင်းရှန်တို့က ကျိုးပေါ်ကို တအံ့တသြ လှမ်းကြည့်နေကြသည်။

သူက ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ? သူက နန်းတော်အတွင်းကိုတောင် လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်တယ်ပေါ့။

“ဆရာဦးလေး”

ရှောင်းကျဲယွိက ကျိုးပေါ်ကို မြင်သွားပြီး မီးရှူးမီးပန်း ပစ်လွှတ်ခြင်းကို ရပ်တန့်ကာ သူ့ဆရာဆီသို့ ရောက်လာပြီး ဦးညွှတ်နှုတ်ဆက်လိုက်သည်။

“ဆရာဦးလေး၊ နှစ်သစ်မှာ ပျော်ရွှင်ပါစေ”

“ကောင်းပြီ၊ ကောင်းပြီ။ ဒီမှာ မင်းအတွက် အနီထုပ်စာအိတ် ပါတယ်"

ကျိုးပေါ်က မကောင်းဆိုးဝါးများအား နှင်ထုတ်နိုင်သည့် အဆောင်စာရွက်ကို ထုတ်ယူပြီး ရှောင်းကျဲယွိအား လှမ်းပေးလိုက်သည်။ ရှောင်းကျဲယွိတစ်ယောက် ကူကယ်ရာမဲ့ ဖြစ်သွားပြီး ဘာပြောရမှန်း မသိဖြစ်နေလေသည်။

ဆရာဦးလေးက သူ့နန်းတော်တွေ မကောင်းဆိုးဝါး နှင်ချင်နေတာလား?

“ဆရာဦးလေး၊ နှစ်သစ်မှာ ပျော်ရွှင်ပါစေ”

စူးချင်းကလည်း သူတို့ နားသို့ ရောက်လာပြီး ကျိုးပေါ်ကို နှုတ်ဆက်လိုက်သည်။ ကျိုးပေါ်က သူမကို ကြည့်ကာ အပြုံးဖြင့် လှမ်းပြောလိုက်သည်။

“ချင်း ကောင်မလေး၊ မင်း မိဘမဲ့ကလေးတွေအတွက် အိမ်တွေ၊ သက်ကြီးရွယ်အိုတွေအတွက် အိမ်တွေနဲ့ မသန်စွမ်းတွေအတွက် အိမ်တွေ ဆောက်လုပ်ပေးခဲ့တယ်၊ အဲ့ဒါအပြင် ဆင်းရဲသားတွေအတွက် ဆေးခန်းတွေတောင် ဆောက်ထားပေးခဲ့တယ်။ ပြီးတော့ ဆင်းရဲသားတွေအတွက် မျိုးစေ့တွေ အလကားပေးခဲ့ပြီး လယ်လုပ်စေခဲ့တယ်၊ ပိုးမွေးမြူနည်း သင်ပေးပြီး ရက်ကန်း ရက်လုပ်တတ်အောင်လည်း သင်ပေးခဲ့တယ်။ မင်း ကောင်းတာတွေ အများကြီး လုပ်ခဲ့ပြီးပြီ"

“ကျွန်မ ဒီထက်မက ကုသိုလ်ကောင်းမှုတွေ လုပ်ရမယ်လို့ ဆရာဦးလေးပဲ ပြောခဲ့တာလေ”

စူးချင်းက အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

အရင်တုန်းကတော့ သူမက သေခြင်း၊ ရှင်ခြင်းကို ဂရုမစိုက်ခဲ့ဘူး။ သူမအတွက် စိတ်ပူစရာလည်း ဘာမှ မရှိခဲ့ဘူး။ အခုတော့ သူမမှာ မိဘ၊ သားသမီးတွေနဲ့ ခင်ပွန်း ရှိတယ်။ သူမ သူတို့ကို မစွန့်လွှတ်နိုင်သေးဘူး။ သူမ လူအသက်ပေါင်းများစွာကို သတ်ခဲ့ပြီးပြီဆိုတော့ ကုသိုလ်ကောင်းမှုတွေ လုပ်ဖို့ အချိန်တန်ပြီ......

All Chapters