← Chapters

ပန်းတစ်ရာဥယျာဉ်

Vol. 47 Ch. 686

ပန်းတစ်ရာဥယျာဉ်

Vol. 47 Ch. 686

စူးချင်းက သူမထံတွင် သူမတစ်သက်လုံး သုံးမကုန်နိုင်သည့် ငွေကြေးများ ရှိနေပြီ သူမ သေသွားလျှင် ထိုငွေများကို ယူသွားလိုမရမှန်း သိနေသောကြောင့် ကုသိုလ်ကောင်းမှုများ အမြဲပြုလုပ်လေ့ ရှိသည်။

သူမက ကိုယ်ဝန်ဆောင်အမျိုးသမီးကြောင့် မိဘမဲ့ဂေဟာ တည်ထောင်ခဲ့သည်။ ကျန့်စုန်က ကောလဟလများဖြန့်ပြီး သူမကို စွပ်စွဲရန် ထိုကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ခဲ့ခြင်း ဖြစ်သည်ဟု စူးချင်း ယူဆထားခဲ့သည်။ ထိုသို့မဟုတ်လျှင် ထိုကလေးက သူ့၏မိခင်ကို ဆုံးရှုံးရမည် မဟုတ်ပေ။

ထိုအပြင် ယခင်မင်းဆက်များမှ အယူအဆဟောင်းများကြောင့် ဘိုးဘွားရိပ်သာများလည်း ဆောက်လုပ်ပေးခဲ့သည်။ အကယ်၍ ယခင်မင်းဆက်များ၏ ညွှန်ကြားချက်ကို လိုက်နာပါက လူတစ်ဦး အသက် ၆၀ တွင် မသေဆုံးပါက ထိုလူကို တွင်းတူးပြီး အရှင်လတ်လတ် မြှုပ်နှံရမည် သို့မဟုတ် သူ့ကို တောင်ပေါ်သို့ သွားပစ်ရမည်ဖြစ်သည်။ အဓိကအကြောင်းအရင်းက စားစရာ လုံလောက်မှု မရှိသောကြောင့်ပင်။ သက်ကြီးရွယ်အိုများက သူတို့ကိုယ်သူတို့ ထောက်ပံ့ရန် အလုပ်မလုပ်နိုင်တော့သည်နှင့် အညှာတာမဲ့ စွန့်ပစ်ခံခဲ့ကြရသည်။

စူးချင်းက ဘိုးဘွားရိပ်သာများ ထူထောင်ခဲ့ပြီး အလုပ်မလုပ်နိုင်တော့ဘဲ သေခြင်းတရားကို စောင့်ဆိုင်းရန် တောင်တန်းများဆီသို့ ပို့ဆောင်ခံရတော့မည့် ထိုလူအိုကြီးများကို ပြုစုစောင့်ရှောက်စေခဲ့သည်။

ဆင်းရဲနွမ်းပါးလွန်းသောကြောင့် ဆေးဆရာထံသို့ သွားရန် မတတ်နိုင်သည့် ဆင်းရဲသားများအတွက်လည်း အခမဲ့ဆေးခန်းများ ဖွင့်လှစ်ပေးခဲ့သည်။ စူးချင်းက အမျိုးသမီးသမားတော်အဖွဲ့တစ်ဖွဲ့ကို လေ့ကျင့်သင်ကြားခဲ့ပြီး အမျိုးသမီးများ ရုံးတော်သို့ မ၀င်ရဟူသော တားမြစ်ချက်ကို ပယ်ဖျက်ပေးရန် ရှောင်းကျဲယွိနှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။ သူမ၏အတွေးအရာ အရည်အချင်းရှိပြီး စွမ်းဆောင်မှုရှိလျှင် အမျိုးသမီးများလည်း အရာရှိများ ဖြစ်လာနိုင်ပေသည်။ တစ်နှစ်အကြာတွင် စူးချင်းက လူ့အဖွဲ့အစည်းအတွင်းမှ အမျိုးသမီးများ၏ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ခဲ့သည်။

ယောက်ျားများက မိန်းမများထက် သာလွန်သည့်ဟူ တရားသေ မှတ်ယူနေသည့် ရှေးရိုးစွဲအယူအဆများ အတော်အတန် လျော့ပါးလာခဲ့သည်။

ထို့အပြင် ရှောင်းကျဲယွိကိုယ်တိုင် ဥပမာတစ်ခု ဖြစ်နေသောကြောင့် တော်ဝင်ရုံးတော်မှ အရာရှိများထံတွင်လည်း ဇနီး၊ ကိုယ်လုပ်တော်သုံးယောက်နှင့် မောင်းမလေးယောက်ဟူ၍ မရှိကြတော့ပေ။ သူတို့အားလုံးက သူတို့၏ဇနီးမယားများကိုသာ သစ္စာရှိရှိ ပေါင်းသင်းကြရသည်။ သူတို့ဇနီးသည်များ ကိုယ်ဝန်မဆောင်နိုင်ပါက မောင်းမမိဿံထပ်ယူရန် ရုံးတော်သို့ အရင်သတင်းပို့ ရသည်။ ရုံးတော်၏ ခွင့်ပြုချက်ရမှာသာ မောင်းမယူခွင့် ရနိုင်ပေလိမ့်မည်။

စူးချင်းကတော့ သူတို့ကို ထိုအခွင့်အရေးမျိုးပင် မပေးခဲ့ပေ။ သူမက သားသမီး မရသေးသည့် အမျိုးသမီးများအတွက် ဆေးအနည်းငယ် ညွှန်းပေးခဲ့ပြီး ဆေးသောက်ပြီးနောက် နောက်နှစ်တွင် ကလေးမွေးဖွားနိုင်လာကြသည်။ ဇနီးသည်က ကလေးမွေးနိုင်သွားလျှင် ကိုယ်လုပ်တော် ယူခွင့် မရှိတော့ပေ။

သူ၏ချစ်လှစွာသော ကိုယ်လုပ်တော်ကို လက်ထပ်နိုင်ရန် ဇနီးဖြစ်သူကို သတ်ပစ်ချင်နေသော အရာရှိတစ်ဦးလည်း ရှိခဲ့ဖူးသည်။ သို့သော်လည်း ကျန်းကျင့်လင်းက စုံစမ်းနိုင်ခဲ့ပြီး ထိုအရာရှိကို ဈေးလယ်ခေါင်၌ ခေါင်းဖြတ်ကွပ်မျက်လိုက်သည်။

ဤနမူနာကြောင့် အခြားမည်သူ့မျှ ထိုသို့လုပ်ရန် တွေးတောရဲခြင်းပင် မရှိကြတော့ပေ။

"တာအိုဆရာကြီး၊ နှစ်သစ်မှာ ပျော်ရွှင်ပါစေ"

လွမ်ဟုန်က အဖြူရောင်မြေခွေးသားမွေးဖြင့် လည်ပင်းအနားကွပ်ထားသော ခရမ်းနီရောင် ချည်ထည်ကို ၀တ်ဆင်ထားသည်။ သူမက လက်မထပ်ရသေးသော မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ လှပနေသည်။ သူမက သူမ၏အိပ်ပျော်နေသော သမီးဖြစ်သူကို ပွေ့ချီထားရင်း ကျိုးပေါ်အား နှုတ်ဆက်ဆုမွန်ကောင်း တောင်းပေးနေသည်။

"ဒီကလေးက.....?"

လွမ်ဟုန်၏ ရင်ခွင်ထဲမှ ကလေးမလေးကို တွေ့လိုက်သည်နှင့် ကျိုးပေါ်၏ မျက်လုံးများက ချက်ချင်း တောက်ပလာသည်။ လွမ်ဟုန်က သူ့ကို ထိတ်လန့်စွာ ကြည့်ရင်း ပြန်မေးလိုက်သည်။

"တာအိုဆရာကြီး၊ ဘာဖြစ်လို့လဲ?"

“ဒီကလေးကို ကောင်းကောင်း စောင့်‌ရှောက်ပေး၊ ကလေးက မင်းတို့မိသားစုအတွက် ဘုန်းကျက်သရေကို ယူဆောင်လာလိမ့်မယ်”

ကျိုးပေါ်က ထိုမျှသာ ပြောခဲ့ပြီး ကလေးမလေး၏ ကံကြမ္မာကို အတိအကျ မပြောခဲ့ပေ။ သူက အဆောင်စာရွက်တစ်ရွက် ထပ်ထုတ်လိုက်ပြီး လွမ်ဟုန်ကို လှမ်းပေးလိုက်သည်။

“ဒါကို ကလေးအတွက် ဆောင်ထားပေး၊ အခု ကလေးက အရမ်းအားနည်းနေသေးတယ်"

"ကျေးဇူးတင်ပါတယ် တာအိုဆရာကြီး"

ကျိုးပေါ်၏ အဆောင်စာရွက်များက အလွန် အစွမ်းထက်ပြီး ထိရောက်ကြောင်း သိနေသည့် လွမ်ဟုန်က ၎င်းကို လှမ်းယူလိုက်ပြီး စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကျေးဇူးတင်စကားပြောလိုက်သည်။

ယွင်အာက သူမ၏ခေါင်းလေးကို စောင်းငဲ့ပြီး ကျိုးပေါ်ကို လှမ်းကြည့်နေသည်။ ကလေးမလေးက သူစိမ်းများကိုပင် ကြောက်လန့်မှု မရှိပေ။ သူမက ကလေးသံလေးဖြင့် ကျိုးပေါ်ကို နှုတ်ဆက်နေပြီး သူမ၏ မျက်လုံးလေးများက အလွန်အမင်း တောက်ပနေသည်။

"အဘိုးကို နှုတ်ခွန်းဆက်သပါတယ်"

"အင်း"

ကျိုးပေါ်က ယွင်အာကို အလွန်သဘောကျနေပြီး အောက်သို့ ငုံ့ကာ သူမကို ပွေ့ချီလိုက်သည်။

"ဒီကလေးကလည်း အံ့သြစရာပဲ!"

ကျိုးပေါ်က ယွင်အာကို ကြည့်ပြီး စူးချင်းကို ပြုံးပြလိုက်ပြန်သည်။

“ဒီကလေးမလေးက အဝေးမှာ လက်ထပ်ရမယ်၊ မင်း လွှတ်ပေးဖို့ ကြိုတွေးထားရမယ်"

သူမ၏သမီးလေး အဝေးတွင် လက်ထပ်ရမည်ဟု ကြားလိုက်ရချိန်တွင် စူးချင်းက အဝေး၌ အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရသည့် ရှောင်းလန်ရှင်းအကြောင်း တွေးလိုက်မိသည်။ ထို့ကြောင့် စူးချင်းက သူမ၏သမီးလေးကို အဝေး၌ လက်ထပ်ခွင့် မပြုနိုင်ပေ။

သူမက တာ့ထန်အင်ပါယာအတွင်းက မိသားစုကောင်းကောင်းတစ်ခုကို ရှာဖွေပြီး သူမရဲ့ သမီးလေးကို လက်ထပ်ပေးမယ်။ သူမရဲ့ စောင့်ကြည့်မှုအောက်မှာ ဘယ်သူက ယွင်အာကို အနိုင်ကျင့်ရဲမှာလဲ? ယွင်အာက ပေါ့ပေါ့ပါးပါးနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်လိမ့်မယ်။

ကျိုးပေါ်က စူးချင်း၏ အတွေးများကို မြင်နေရပုံဖြင့် ရယ်မောနေပြန်သည်။

"ကလေးတစ်ယောက် ကြီးပြင်းလာတာနဲ့ အမေ့ရဲ့အုပ်ထိန်းမှုအောက်မှာ မရှိနိုင်တော့ဘူး” မင်း သူတို့ကို တားဆီးနိုင်မှာ မဟုတ်ဘူး"

စူးချင်းက ထိုကိစ္စကို မစဉ်းစားချင်သေးပေ။ ထိုအပြင် သူမက သူမ မတားနိုင်ဖြစ်မည်ဟုလည်း လုံးဝ မယုံကြည့်ပေ။ သူမ ထိုအကြောင်းကို ဆက်မပြောချင်တော့သည့်အတွက် စူးချင်းက ကျိုးပေါ်အကြိုက်ဆုံးအရက်ဆီသို့ စကားလွှဲလိုက်သည်။

“ဆရာဦးလေး၊ ကျွန်မ သေရည်အသစ်အမျိုး ချက်ထားသေးတယ်၊ လာမြည်းကြည့် ပါဦး"

“ကောင်းပြီ၊ ကောင်းပြီ၊ ငါကလည်း ချင်းကောင်မလေး ချက်ထားတဲ့ သေရည်ကို သောက်ဖို့ ပြန်လာခဲ့တာ!”

ကျိုးပေါ်ကလည်း သေရည်အကြောင်းကြားသည်နှင့် သောက်ရန် မစောင့်နိုင်တော့ပေ။ သူက ယွင်အာကို အောက်သို့ ပြန်ချပေးလိုက်ပြီး စူးချင်းနောက်မှ ပျော်ပျော်ရွှင်ရွှင် လိုက်ပါသွားသည်။

အချိန်ကိုက် နှင်းကျခြင်းက ကြွယ်ဝသည့် နှစ်တစ်နှစ်ကို ကြိုဆိုခြင်းဟု ပြောလေ့ရှိကြပြီး ကောင်းသောနှင်းများက အောင်အောင်မြင်မြင် ရိတ်သိမ်းနိုင်ရန် ရှေ့ပြေးလက္ခဏာတစ်ရပ် ဖြစ်သည်။ နောက်တစ်နှစ်တွင်လည်း ရာသီဥတု ကောင်းမွန်ခဲ့ပြီး မြို့တိုင်းနီးပါးတွင် စူးချင်း ဖြန့်ဝေပေးသော မျိုးစေ့များကို စိုက်ပျိုးထားနိုင် ပြီဖြစ်သည်။ သူမ၏ အိမ်တော်တွင်တော့ ယခုနှစ်အတွက် ထွက်နှုန်းမြင့်စပါးတစ်မျိုးနှင့် ဂျုံကောင်းတစ်မျိုး စိုက်ပျိုးထားခဲ့သည်။ ကောက်နှံကြမ်းများက အဓိက အစားအစာကို လုံလောက်စေသလို အစေ့အဆန်ကောင်းများကလည်း အခြေခံစားစရာ ဖြစ်လာနိုင်သည်။

သူမ စိုက်ပျိုးထားသော စပါးများကို ကြည်လင်လာသည်အထိ ဆန်ဖွတ်မောင်းဆုံဖြင့် ဖွတ်ကာ ရောင်းချပါက တခြားတိုင်းပြည်များ၌ ရွှေနှင့်ပင် လဲလှယ်နိုင်သည်။ ဆန်က အလွန်အဖိုးတန်သည်ဟု ဆိုရပေမည်။

တာ့ထန်အင်ပါယာမှ သာမန်လူများက လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကာ သက်သောင့်သက်သာ နေထိုင်ခဲ့ကြပြီး ကြိုးကြိုးစားစား အလုပ်လုပ်သည်နှင့် ချမ်းသာ ကြွယ်ဝလာနိုင်ပေသည်။ သူတို့က ဧကရီကို အလွန်ကျေးဇူးတင်နေကြပြီး အချို့သော မိသားစုများက စူးချင်းအတွက် နေ့တိုင်း အမွှေးတိုင်များ ပူဇော်ပေးကြပြီး ဧကရီမယ်မယ် သက်တော်ရှည်ပါစေကြောင်း ကောင်းကင်ဘုံသို့ ဆုတောင်းကြသည်။

ထိုနှစ်တွင် စူးချင်းက သူမ၏ဒုတိယကိုယ်ဝန်မှ ယောက်ျားလေးသုံးယောက်ကို မွေးဖွားခဲ့သည်။ ကလေးငါးယောက် ဖြစ်လာပြီး ယောက်ျားလေး လေးယောက်နှင့် မိန်းကလေးတစ်ယောက် ဖြစ်လာသောကြောင့် ယွင်အာက ပို၍ပင် အလိုလိုက်ခံလေး ဖြစ်လာရသည်။

ယန်ရုပင်းက သားတစ်ယောက် မွေးဖွားခဲ့ပြီး လွမ်ချင်းရှန်၏ ဆန္ဒပြည့်ဝသွားကာ သူက ဘိုးဘေးများအား၏ ကောင်းချီးပေးမှုအတွက် ဘိုးဘေးများအား ကျေးဇူးတင်စကားပြောကြားရန် ဘိုးဘေးခန်းမသို့ သွားခဲ့သည်။

ယန်ရုရွှယ်က သမီးလေးတစ်ယောက် မွေးဖွားခဲ့ပြီး စူးချင်းအပေါ် အကြွေးတင်ခဲ့သည့် ချစ်ခြင်းမေတ္တာအားလုံးကို သမီးငယ်လေးအတွက် ပုံအောခဲ့သည်။ ယခုအချိန်တွင် ရှောင်ချန်ကလည်း သူ့ညီမလေးကို အလွန်အမင်း ချစ်ခင်သော အကိုကြီးတစ်ယောက် ဖြစ်လာခဲ့သည်။ သူက ရှောင်ချီနှင့် ရှောင်လင်းလင်းတို့၏နောက်သို့ မလိုက်တော့ဘဲ သူ့၏ အားလပ်ချိန်များကို သူ့ညီမလေးအား စောင့်‌ရှောက်ပေးရင်း ကုန်ဆုံးစေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးနှစ်ကြာသွားပြီး ယခုနှစ်၏ စတုတ္ထမြောက်လတွင် နန်းတော်၌ စူးချင်း စိုက်ပျိုးထားသော ပန်းများ ဖူးပွင့်လာခဲ့သည်။ သူမက မှူးမတ်ဝန်ကြီးများ၏မိသားစုများမှ အမျိုးသမီးများအားလုံးကို နန်းတော်သို့ ဖိတ်ခေါ်ခဲ့ပြီး ပန်းများ ကြည့်ရှုခံစားနိုင်ရန် စီစဉ်ပေးခဲ့သည်။

ဧကရီမယ်မယ်၏ ပန်းဥယျာဉ်ကို မကြည့်ချင်သူဟူ၍ မရှိဘဲ မြို့တော်မှ မိန်းမပျိုလေးများ အားလုံးနီးပါး ရောက်ရှိလာကြသည်။ စူးချင်းက သူမတို့ ကြောင်အမ်းအမ်း ဖြစ်နေမည်ကို စိုးရိမ်သည့်အတွက် သရေစာတချို့လည်း ပြင်ဆင်ပေးထားခဲ့သည်။ စူးချင်းက သူမ၏ဖန်လုံအိမ်များတွင် စိုက်ပျိုးထားသော ခရမ်းချဉ်သီး၊ ဖရဲသီး၊ သခွားသီးနှင့် မုန်လာဥနီများကိုပါ ခူးဆွတ်စေခဲ့ပြီး လူတိုင်း စားနိုင်စေရန် စားပွဲငယ်လေးများပေါ်၌ တင်ထားပေးသည်။

ကလေးငါးယောက် မွေးထားပြီးသည့်တိုင် စူးချင်းက နုပျိုလှပပြီး ကြော့ရှင်းနေသေးသည်။ သူမက လှပလွန်းသည့် အပြင် သူမ၏အပြုအမူများကလည်း တော်ဝင်ဆန်ဆန် သိမ်မွေ့လွန်းသောကြောင့် ပန်းချီကားချပ်ထဲမှ ထွက်လာသည့် နတ်မိမယ်လေးဟုပင် ထင်ရစေသည်။ သူမက ပင်မထိုင်ခုံတွင် ထိုင်နေပြီး ပန်းလာကြည့်သည့် မိန်းမပျိုများကို လိုက်ကြည့်နေသည်။

အချိန်သုံးနှစ် ကြာခဲ့ပြီးတဲ့နောက်မှာ တာ့နျိုရဲ့ ဝမ်းနည်းပူဆွေးခြင်းကာလက ပြီးဆုံးသွားခဲ့ပြီ။ သူမနဲ့ ရွှေ့ရှန့်တို့က တာ့နျိုအတွက် သင့်တော်တဲ့ ဇနီးကောင်းတစ်ယောက် ရှာဖွေပေးမယ်လို့ ကတိပေးခဲ့ကြတယ်၊ အခုတော့ မိန်းခလေးတစ်ယောက် ရွေးချယ်ဖို့ အချိန်ကျရောက်လာပြီ။

ရိုးရိုးသားသားပြောရလျှင် စူးချင်းက သူမ၏သားများအတွက်ပင် ဤမျှလောက် စိတ်ပူနေမည်မဟုတ်ပေ။ ယခုအချိန်တွင်တော့ သူမ ကြည့်ရလွန်းသောကြောင့် မျက်လုံးများ နာကျင်နေသလို ခံစားနေရသည်။

"ချင်းအာ၊ မင်းမှာ သင့်တော်တဲ့သူ ရှာတွေ့ပြီလား?"

ရှောင်းကျဲယွိက ညီလာခံမှ ပြန်လာပြီးနောက် စူးချင်းကို ရှာဖွေရန် ပန်းတစ်ရာဥယျာဉ်သို့ တန်းတန်းမတ်မတ် ရောက်လာခဲ့သည်။ သူ ပထမဆုံးမေးလိုက်သည့်မေးခွန်းက သင့်တော်သည့်လူကို ရှာတွေ့ခြင်း ရှိ၊ မရှိသာ ဖြစ်သည်။

“လာ လက်ဖက်ရည်သောက်ဦး၊ အဲ့လောက် အလျင်လိုဖို့ မရှိပါဘူး၊ ကျွန်မတို့ ဂရုတစိုက် ရွေးချယ်သင့်တယ်”

စူးချင်းက ရှောင်းကျဲယွိအတွက် လက်ဖက်ရည်တစ်ခွက် လှမ်းပေးလိုက်သည်။ အလယ်ပိုင်းလွင်ပြင်၏ လက်ဖက်ခြောက် ယဉ်ကျေးမှုက ကျယ်ပြောနက်ရှိုင်းလွန်းလှသည်။ စူးချင်းကလည်း လွန်ခဲ့သည့်နှစ်များအတွင်း လက်ဖက်ရွက်များကို သုတေသနပြုလုပ်နေခဲ့သည်။ သူမက တောင်တန်းများဆီသို့ သွားရောက်လည်ပတ်ခဲ့ပြီး အန်းဟွေ့ပြည်နယ်၏ ရာသီဥတုက အကောင်းဆုံးဖြစ်ကြောင်း ခံစားခဲ့ရသည်။ ထိုဒေသမှ ထွက်ရှိသော လက်ဖက်ရွက်ကလည်း အကောင်းဆုံးဖြစ်သည်ဟု သူမ ဆုံးဖြတ်ခဲ့ပြီး အန်းဟွေ့ဒေသမှ လက်ဖက်ခြောက်ကို တော်ဝင်လက်ဖက်ရည်ပွဲအတွက် အသုံးပြုစေခဲ့သည်။

လက်ဖက်ရွက်များ ခူးဆွတ်ပြီး လက်ဖက်ခြောက်ရလာချိန်တွင် နန်းတွင်းက ထိုဒေသမှ လက်ဖက်ခြောက်များ အားလုံးကို ဝယ်ယူပြီး သေသေချာချာ ပြန်ထုပ်ပိုးကာ တိုင်းတပါးသို့ တင်ပို့ရောင်းပြီး ဝင်ငွေအများကြီး ရှာနိုင်ခဲ့သည်။ စူးချင်း၏လက်ဖက်ခြောက်ဆိုင်များက တိုင်းပြည်အတွက် အမြတ်အစွန်းအများဆုံး ရှာပေးနိုင်ခဲ့ပြီး စူးဟန်ရွှမ်ပင် သူ့သမီး၏ စီးပွားရေးကျွမ်းကျင်မှုကို အားကျနေခဲ့ရသည်။

ချင်းအာရဲ့ ဧကရီရာထူးက ချင်းအာရဲ့ အရည်အချင်းတွေကို နှောင့်နှေးစေတယ်၊ သူမက တကယ်ကို စီးပွားရေးပါရမီရှင်တစ်ဦးပဲ။

"ကောင်းတယ်၊ ချင်းအာက အားလုံးကို သေချာ စဉ်းစားတတ်တယ်"

ရှောင်းကျဲယွိက လက်ဖက်ရည်ကို ယူကာ သောက်နေရင်း စားပွဲပေါ်မှ ခရမ်းချဉ်သီးနှင့် ဖရဲသီးများကို တွေ့သွားပြီး သူ့မျက်လုံးများ တောက်ပလာသည်။

“ဒါကို အရင် မြည်းကြည့်”

စူးချင်းက ရှောင်းကျဲယွိအတွက် နို့လက်ဖက်ရည်တစ်ခွက် ထပ်ပေးလိုက်သည်။ ၎င်းက သူမ အပျင်းပြေ လုပ်ထားသည့် သောက်စရာတစ်မျိုး ဖြစ်သည်။ သူမတို့ တာ့ထန်ပြည်ထောင်တွင် သောက်ခဲ့ရသည့် နို့လက်ဖက်ရည်ထက် အများကြီး ပိုကောင်းပြီး သူမက ခေတ်မီ Bubble Tea နှင့်တူစေရန် ပုလဲသီးများလည်း ထည့်ထားသေးသည်။

“အရသာ ရှိတယ်၊ ချင်းအာ ဒါက ဘာလဲ?"

ရှောင်းကျဲယွိက တစ်ငုံသောက်လိုက်ပြီး စူးချင်းကို ချီးမွမ်းလိုက်သည်။

သူ့ပါးစပ်က ချင်းအာရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေပြီ။ သူမက သူ အရင်က တစ်ခါမှ မမြည်းစမ်းဖူးတဲ့ အရသာရှိတဲ့ အစားအစာတွေကို အမြဲပြုလုပ်ပေးခဲ့တယ်။ အဲ့ဒါကြောင့် သူ့ပါးစပ်က အကျင့်ပျက်ပြီး အကောင်းကြိုက်နေပြီ။

"နို့လက်ဖက်ရည်"

စူးချင်း အပြုံးဖြင့် သူမ၏ခွက်ကို လှမ်းယူလိုက်သည်။ သူမအတွက် ပဲနီနို့လက်ဖက်ရည် ဖျော်ထားပြီး အလှအပနှင့် အသားအရေအတွက် အထူးကောင်းမွန်သည်။ သူမကိုယ်တိုင် သောက်နေရုံမျှမက ယ‌နေ့ ရောက်လာသည့် မိန်းကလေးများအတွက်လည်း တည်ခင်းပေးမည် ဖြစ်သည်။

သူမက နို့လက်ဖက်ရည်၊ ရေခဲမုန့်နှင့် ကြက်ဥမုန့်ကဲ့သို့သော စားစရာများလည်း ပြင်ဆင်ထားသေးသည်။ ဤရှေးခေတ်တွင် ထိုမုန့်မျိုး မရှိသော်လည်း ၎င်းမုန့်များက ခေတ်သစ်တွင် မိန်းကလေးများ အကြိုက်ဆုံး သရေစာများ ဖြစ်သည်။

စူးချင်း နန်းတွင်းအစေခံများအား မိန်းမပျိုလေးများထံ နို့လက်ဖက်ရည် ပို့ပေးရန် အမိန့်ပေးခါနီးတွင် လိပ်ပြာလေးများကို ယပ်တောင်ဖြင့် လိုက်ဖမ်းနေသော မိန်းမပျိုလေးတစ်ဦးကို တွေ့သွားခဲ့သည်။ စူးချင်းက ထိုမိန်းမပျိုလေးကို လက်ညှိုးညွှန်ရင်း ရှောင်းကျဲယွိကို လှမ်းမေးလိုက်သည်။

"အရှင်မင်းမြတ်၊ အဲဒီမိန်းကလေးကို ဘယ်လို ထင်လဲ?"

All Chapters