← Chapters

လီတာ့နျို၏ကံကြမ္မာ

Vol. 47 Ch. 688

လီတာ့နျို၏ကံကြမ္မာ

Vol. 47 Ch. 688

စူးချင်းက ကြီးကြပ်စစ်ဆေးရေးမှူးရန်၏သမီးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ ကြီးကြပ်စစ်ဆေးရေးမှူးရန်၏ဇနီးသည်က ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အပြေးအလွှား ရောက်ရှိလာပြီး အသနားခံတောင်းပန်လိုက်သည်။

“မယ်မယ်၊ ကျွန်တော်မျိုးမရဲ့ သမီးလေးက ငယ်ရွယ်သေးတဲ့အတွက် မစဉ်းစားဘဲ ပြောဆိုမိတာပါ၊ ခွင့်လွှတ်ပေးပါမယ်မယ်၊ လန်အာ၊ ဧကရီမယ်မယ့်ကို မြန်မြန် တောင်းပန်လိုက်လေ”

"မယ်မယ်၊ ကျွန်တော်မျိုးမ အမှားကို သိပါပြီ"

ရန်ယွိလန်က တောင်းပန်ရန် မလိုလားသော်လည်း စူးချင်း၏ဒေါသကြောင့် ကြောက်ရွံ့ထိတ်လန့်သွားသည်။ သူမလည်း ဧကရီ၏ တန်ခိုးအာဏာကို ကြားဖူးခဲ့သောကြောင့် စိုးရိမ်ကြောက်ရွံ့စွာဖြင့် အဆောတလျင် ခေါင်းငုံ့ကာ သူမ၏အမှားကို ဝန်ခံလိုက်သည်။

“ပြောစမ်းပါဦး၊ ဒီမိန်းခလေး ရေထဲကျသွားတုန်းက မင်း ဘယ်မှာရှိနေခဲ့တာလဲ? မင်း သူ့(မ)ကို ရေထဲ တွန်းချလိုက်တာလား?"

ရန်ယွိလန်က တောင်းပန်လိုက်ရုံမျှဖြင့် စူးချင်းက သူမကို ပြန်လွှတ်ပေးမည်ကို မဟုတ်ပေ။

ဝူဝမ်ရုံ ရေထဲ ပြုတ်ကျသွားတာက ထူးဆန်းလွန်းတယ်၊ အဲ့မိန်းခလေးက သူမ ရှေ့မှာ လိပ်ပြာ လိုက်ဖမ်းနေရင်းနဲ့ ဘယ်လိုလုပ်ပြီး ရုတ်တရက် ရေထဲ ပြုတ်ကျသွားရတာတုန်း?

ပြီးတော့ အခု ရန်ယွိလန်က ဝူဝမ်ရုံကို သေစေချင်သလိုပဲ။ သူမက သံသယ ဖြစ်စရာလူတစ်ယောက်ပဲ။

"ကျွန်...ကျွန်တော်မျိူးမ ပန်းတွေ ကြည့်နေခဲ့တာပါ"

စူးချင်း သူမကို မလွှတ်ပေးဘဲ စတင်မေးမြန်းလာသောကြောင့် ရန်ယွိလန်တစ်ယောက် ပိုမိုထိတ်လန့်သွားရသည်။

"နင်ပဲ... နင် ငါ့ကို ရေထဲ တွန်းချလိုက်တာ"

ထိုအချိန်တွင် ဝူဝမ်ရုံကလည်း သူမ၏ စိတ်ပျက်အားငယ်မှုများထဲမှ ပြန်ရုန်းထွက်လာနိုင်ခဲ့သည်။ သူမက ရန်ယွိလန်ကို ဝမ်းနည်းဒေါသထွက်နေသည့် အမူအရာဖြင့် စိုက်ကြည့်ရင်း အော်ပြောလိုက်သည်။

သူမ ခုနက သူမဘာသာ လိပ်ပြာနောက်ကို လိုက်နေမိပြီး ဘာကိုမှ ဂရုမစိုက်ခဲ့မိဘူး။ တစ်ယောက်ယောက်က သူမကို တွန်းလိုက်လို့ သူမ ရေထဲကျသွားခဲ့တာ။ သူမ ရေထဲကနေ ကမ်းစပ်ကို လှမ်းကြည့်လိုက်တုန်းရဲ့ ရန်ယွိလန်ရဲ့ ကြောက်စရာကောင်းတဲ့ မျက်လုံးတွေကို တွေ့လိုက်ရတယ်။ အဲ့မိန်းမက သူမကို သတ်ပစ်ချင်နေတာ။

"မဟုတ်ဘူး... နင် လိမ်နေတာ၊ နင် လိမ်ပြောနေတာ”

ရန်ယွိလန်က ဝူဝမ်ရုံက ငြင်းဆန်နေပြီး လက်ညှိုးထိုးကာ စွပ်စွဲလာပြန်သည်။

“နင်က ငါ့အစ်ကို သတ်ပစ်ခဲ့တာ၊ အခုလည်း ငါ့ကို သတ်ချင်နေပြန်ပြီ၊ ဝူဝမ်ရုံ.... နင်က ရက်စက်လှချဉ်လား?"

စူးချင်းက ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်ပြီး ဘေးမှ မိန်းမများကို တောင်းဆိုလိုက်သည်။

“ခု အဖြစ်အပျက်ကို မြင်လိုက်ရတဲ့သူရှိရင် ဘဏ္ဍာတော်ထိန်းလင်းဆီကို သတင်းပို့နိုင်တယ်၊ ပန်ကုန်းက ဘယ်သူ သတင်းပေးတယ်ဆိုတာကို ထုတ်ပြောမှာ မဟုတ်ဘူး”

ရန်ယွိလန်က ပို၍ပင် ထိတ်လန့်သွားပုံရပြီး သူမ၏ပတ်ဝန်းကျင်ရှိ မိန်းမပျိုများနှင့် အမျိုးသမီးများကို သနားခံနေသောမျက်လုံးများဖြင့် ကူကယ်ရာမဲ့ လှမ်းကြည့်နေလေသည်။

အိမ်တော်သခင်မများနှင့် မိန်းမပျိုလေးများက သူမ၏သနားခံသောအကြည့်ကို ရှောင်လွှဲသွားကြသည်။ ဧကရီမယ်မယ်က ရန်ယွိလန်အား ဘယ်သူမှ မကူညီနိုင်အောင် အောက်ခြေအထိ စုံစမ်းရန် ဆုံးဖြတ်ထားမှန်း သူမတို့အားလုံး နားလည်နိုင်ကြသည်။

တော်ဝင်ကြီးကြပ်စစ်ဆေးရေးမှူးရန်၏ဇနီးသည်ကလည်း အလွန်ထိတ်လန့်နေပြီး သူမနှင့် ခင်မင်ရင်းနှီးသည့် သခင်မ အနည်းငယ်ကို လှမ်းကြည့်ကာ သူမ၏သမီးအတွက် သက်သေခံပေးမည့်သူ ရှာဖွေရန် ကြိုးစားနေသည်။

ဧကရီရဲ့မျက်လုံးအောက်မှာ တစ်ယောက်ယောက်ကို ထိခိုက်စေခဲ့တယ်တဲ့လား? အဲ့လို သတ္တိကောင်းတဲ့သူကတော့ သေဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဖြစ်သွားလိမ့်မယ်။

အမှန်တကယ်တွင် တော်ဝင်ကြီးကြပ်စစ်ဆေးရေးမှူးရန်၏ ဇနီးသည်ကလည်း သမီးဖြစ်သူကို သံသယဖြစ်နေခဲ့သည်။ သမီးဖြစ်သူ၏ စိတ်လိုက်မာန်ပါ လုပ်တတ်သည့် စရိုက်နှင့် ဝူဝမ်ရုံအပေါ် မုန်းတီးမှုနေမှုများကို သူမ အသိဆုံးဖြစ်ပြီး သူမ၏သမီး ထိုသို့ လုပ်နိုင်မှန်း သူမ ရိပ်မိနေခဲ့သည်။

"ဧကရီမယ်မယ်၊ အရိပ်သက်တော်စောင့်တွေက သခင်မလေးရန် သခင်မလေးဝူကို ရေကန်ထဲ တွန်းချလိုက်တာကို တွေ့ခဲ့ကြောင်း သတင်းပို့လာပါတယ်"

ဘဏ္ဍာတော်ထိန်းလင်းက သတင်းပို့ရင် ရောက်လာခဲ့သည်။ ဤပန်းတစ်ရာပွဲတော်သို့ လူအမျိုးမျိုး ရောက်လာမည် ဖြစ်သောကြောင့် တော်ဝင်သက်တော်စောင့်များစွာက နန်းတော်ဝင်းအတွင်း ဖြန့်ကျက်နေရာယူ စောင့်ကြပ်ပေးနေကြသည်။ သူတို့က အခြားသူများ မမြင်နိုင်သည့် ထောင့်တိုင်းတွင် ပုန်းအောင်းရင်း လူတိုင်းကို စောင့်ကြည့်နေခဲ့ကြသည်။

ထိုအမျိုးသမီးများက သူတို့ကို မမြင်နိုင်သော်လည်း သူတို့က အမျိုးသမီးများ၏ လှုပ်ရှားမှုတိုင်းကို မြင်နိုင်ကြသည်။

လျှို့ဝှက်သက်တော်စောင့်နှစ်ယောက်က ရန်ယွိလန် လူတစ်ယောက်အား ရေထဲ တွန်းချလိုက်သည်ကို မြင်ခဲ့ကြပြီး ဧကရာဇ်နှင့် ဧကရီထံအား လျှောက်တင်နိုင်ရန် ဘဏ္ဍာတော်ထိန်းဆီသို့ သတင်းပို့လိုက်ကြသည်။

"လာကြစမ်း၊ ရန်ယွိလန်ကို ဆွဲခေါ်သွားပြီး သေတဲ့အထိ ရိုက်နှက်ကြစမ်း"

ရှောင်းကျဲယွိက မည်းမှောင်နေသောမျက်နှာဖြင့် ဒေါသတကြီး အမိန့်ပေးလိုက်သည်။

တော်ဝင်နန်းတော်ထဲမှာတောင် တပါးသူကို အန္တရာယ်ပြုရဲတယ်တဲ့လား? အဲ့လို ရက်စက်ကြမ်းကြုတ်တဲ့သူကို အသက်ဆက်ရှင်ခွင့်ပေးလို့ မဖြစ်ဘူး။

ရန်ယွိလန်က သူမ ရိုက်နှက်သတ်ဖြတ်ခံရမည်ကို နားလည်သွားပြီး သူမကိုယဉ်သူမ မထိန်းနိုင်တော့ဘဲ ခွေကျသွားသည်။ သူမက အသဲအသန် အော်ဟစ်ကာ သနားငဲ့ညှာရန် တောင်းပန်နေလေသည်။

"ကျွန်တော်မျိုးမကို ချမ်းသာပေးတော်မူပါ၊ ဧကရာဇ်မင်းမြတ်... ကျွန်‌တော်မျိုးမရဲ့ အသက်ကို ချမ်းသာပေးတော်မူပါ၊ ခွင့်လွှတ်တော်မူပါ"

ရန်ယွိလန်က သူမ ဝူဝမ်ရုံကို ရေထဲတွန်းချမိသည့်အတွက် အလွန်နောင်တရနေမိသည်။ သူမက ဝူဝမ်ရုံ ရုပ်ဆိုးအကျဥ်းတန်သွာစေရုံသာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တစ်ဖက်လူကို သတ်ရန် မရယ်ရွယ်ထားခဲ့ပေ။ သို့သော် ယခု သူမကိုယ်တိုင် အန္တရာယ်ကျရောက်သွားခဲ့ပြီ ဖြစ်သည်။

"ဧကရာဇ်မင်းမြတ်၊ ကျေးဇူးပြုပြီး ကျွန်တော်မျိူးမရဲ့သမီးလေးကို ခွင့်လွှတ်‌ပေးတော်မူပါ"

တော်ဝင်ကြီးကြပ်စစ်ဆေးရေးမှူးရန်၏ ဇနီးသည်ကလည်း ဖြူဖျော့နေသော မျက်နှာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ရင်း သမီးဖြစ်သူအတွက် အသနားခံတောင်းပန်နေသည်။ သို့ရာတွင် သူမ၏တောင်းပန်မှုက အသုံးမဝင်နိုင်မှန်း သူမလည်း သိထားပြီး ဖြစ်သည်။

စောစောကသာ ကြိုသိခဲ့ရင် သူမ သူမရဲ့သမီးကို ခေါ်လာခဲ့မှာ မဟုတ်ဘူး။

နန်းတော်ထဲကို ‌ရောက်ရင် သူမရဲ့သမီးလေးလည်း တော်ဝင်မိသားစုနဲ့ တွေ့ဆုံခွင့်ရမယ်လို့ သူမ တွေးခဲ့မိတာ။ အခုလို သူမရဲ့သမီး အသက်ဆုံးရှုံးရမယ်လို့တော့ မမျှော်လင့်ထားမိဘူး။

“ကြီးကြပ်စစ်ဆေးရေးမှူးရန်က သူ့သမီးကိုတောင် ကောင်းကောင်း မသွန်သင်ပေးနိုင်ခဲ့ဘူး၊ အဲ့တာကြောင့် ကြီးကြပ်စစ်ဆေးရေးမှူးရာထူးနဲ့ မထိုက်တန်ဘူး၊ သူ့ကို ရာထူးကနေ ဖယ်ရှားပြီး သာမန်လူတစ်ဦးအဖြစ် အဆင့်ချစေ”

ရှောင်းကျဲယွိ၏ မျက်နှာက ရေသေကန်ကဲ့သို့ မည်းမှောင်နေသည်။ သူက ကြီးကြပ်စစ်ဆေးရေးမှူးရန်ကို သူ့၏တရားဝင်ရာထူးမှ ထုတ်ပယ်ရန် အမိန့်ထုတ်လိုက်ပြီး မြို့တော်မှ နှင်ထုတ်ခိုင်းလိုက်သည်။ ကြီးကြပ်စစ်ဆေးရေးမှူး၏ဇနီးသည်လည်း ရုတ်တရက် မြေပြင်ပေါ်သို့ ဖင်ထိုင်ကျသွားသည်။ ရန်ယွိလန်ကတော့ ငိုယိုပြီး အသနားခံနေဆဲ ဖြစ်သည်။ တော်ဝင်သက်တော်စောင့်များက သူမကို ဆွဲခေါ်နေကြပြီး သူမက မြေပြင်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ရုန်းကန်နေခဲ့သည်။ နောက်ဆုံးတွင် သူမ တောင့်မခံနိုင်တော့ဘဲ သက်တော်စောင့်များ ဆွဲခေါ်ရာသို့ လိုက်ပါသွားရသည်။ ထိုအချိန်တွင် သူမက ဝူဝမ်ရုံကို သတိရသွားပုံဖြင့် ကြောက်လန့်တကြား အကူအညီတောင်းလိုက်သည်။

"အစ်မဝူရုံ၊ ကျွန်မကို ကယ်ပါဦး"

ဝူဝမ်ရုံက အအေးဒဏ်ကြောင့် တုန်ယင်နေသည်။ ရန်ယွိလန်၏အကူအညီတောင်းသံကို ကြားလိုက်ချိန်တွင် သူမ ခေါင်းမော့ကြည့်ပြီး ချက်ချင်း မျက်နှာပြန်လွှဲသွားသည်။ ထိုအမူအရာက စူးချင်းကို ကျေနပ်သွားစေခဲ့သည်။

ဒီမိန်းကလေးက ဟန်မဆောင်တတ်ဘူးပဲ။

တကယ်လို့ ဝူဝမ်ရုံက ရန်ယွိလန်အတွက် တောင်းပန်ပေးခဲ့ရင် သူမက အဲ့မိန်းခလေးကို ကြင်နာတတ်တယ်လို့ သတ်မှတ်မှာ မဟုတ်ဘူး။ ကြောင်သူတော်လို့ပဲ ယူဆလိုက်မှာ။

ရန်ယွိလန်က ပန်းတရာပွဲတော်ကို နှောင့်ယှက်ခဲ့ပြီး အိမ်တော်သခင်မနှင့် ကြောက်လန့်ကာ ဖြူဖျော့နေကြသည်။ မည်သူကမှလည်း ပန်းကြည့်ရန် စိတ်မဝင်စားနိုင်တော့ပေ။

“ပန်းရှုစားပွဲ ပြီးပြီ၊ ပြန်ကြတော့"

စူးချင်းက ပန်းတစ်ရာပွဲ ဆက်ကျင်းပရန် မလိုအပ်တော့ဘူးဟု တွေးကာ အေးစက်စက်အသံဖြင့် ကြေညာလိုက်သည်။

ဝူဝမ်ရုံ၏မိခင်က စူးချင်းနှင့် ရှောင်းကျဲယွိတို့အား ကျေးဇူးတင်စကားပြောပြီးနောက် လီတာ့နျိုအား ကျေးဇူးတင်စကားပြောရန် သူ့ဆီသို့ သွားလိုက်သေးသည်။

“ကျွန်တော် လက်ထပ်ခွင့်တောင်းဖို့ အောင်သွယ်တော်ကို လွှတ်လိုက်ပါ့မယ်”

လီတာ့နျိုက သခင်မဝူကို ထပ်ကတိပေးလိုက်သည်။ ဤနေရာမှ အဖြစ်အပျက်များ ပြီးနောက်တွင် သူက ဝူဝမ်ရုံအ‌ပေါ် ပို၍ စာနာသနားမိသွားခဲ့သည်။

သူ သူမကို လက်မထပ်ရင် သူမမှာ သွားစရာလမ်းတစ်ခုပဲ ရှိလိမ့်မယ်။ အဲဒါကတော့ သေခြင်းတရားပဲ။

“အောင်သွယ်တော် ငှားစရာမလိုဘူး။ ကျန်း အောင်သွယ်တော် လုပ်ပေးမယ်"

ရှောင်းကျဲယွိက ဘေးမှ ဝင်ပြောလိုက်သည်။

ဒါက ပုံဖျက်ပြီး ရောက်လာတဲ့ အကျိုးကျေးဇူးလေ။ သူနဲ့ ချင်းအာတို့က ဝူဝမ်ရုံနဲ့ လီတာ့နျိုကို လက်ဆက်ပေးဖို့ တိုင်ပင်ထားကြတာဆိုတော့ အခု လှေကို ရေစီးနဲ့အတူ တွန်းပို့လိုက်တာ အကောင်းဆုံးပဲ။

ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ချီးမြှင့်ပေးမည့် လက်ထပ်ထိမ်းမြားခွင့်က အလွန့်အလွန် ကြီးကျယ်မြင့်မြတ်သော ဂုဏ်ယူစရာ ဖြစ်သည်။ ဝူဝမ်ရုံနှင့် သူမ၏မိခင်က ဒူးထောက်လိုက်ကြပြီး ရှောင်းကျဲယွိကို တရိုတသေ ဦးညွှတ်ကာ ကျေးဇူးတင်ကြောင်း ပြသနေကြသည်။ ယင်းကို ရုပ်ဖျက်၍ ရောက်လာသည့် ကောင်းချီးတစ်ခုဟု ယူဆနိုင်ပေသည်။ သခင်မဝူက အရပ်ရှည်ပြီး သန်မာသော လီတာ့နျိုကို လှမ်းကြည့်ကာ သခင်ဖြစ်သူ၏ အနာဂတ်ခင်ပွန်းအတွက် ကျေနပ်နေလေသည်။

ရှောင်းကျဲယွိက လီတာ့နျို၏အိမ်ထောင်ရေးကို သူကိုယ်တိုင်စီစဉ်ပေးခဲ့ပြီး အပြည့်အဝ တာဝန်ယူပေးခဲ့သည်။ မင်္ဂလာပွဲက ခမ်းနားကြီးကျယ်မှုအပြည့်ဖြင့် ပြီးဆုံးသွားကာ အသစ်စက်စက် ဇနီးမောင်နှံက စူးချင်းနှင့် ရှောင်းကျဲယွိတို့အား ကျေးဇူးတင်စကားပြောရန် နန်းတော်သို့ ဝင်ရောက်ခဲ့ကြသည်။

သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အမှန်တကယ် ချစ်မြတ်နိုင်ခဲ့ကြပြီး ပျော်ရွှင်စရာကောင်းသည့် ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ခြောက်နှစ်တာကာလ ကုန်ဆုံးသွားပြန်သည်။ ရှောင်းကျဲယွိက နေ့စဥ်နေ့တိုင်း တိုင်းရေးပြည်‌ရေးများနှင့် အလုပ်ရှုပ်နေပြီး စူးချင်း၏နောက်သို့ တစ်ဖဝါးမကွာ မလိုက်နိုင်တော့ပေ။ စူးချင်းက နှစ်စဉ်နှစ်တိုင်း တောင်တန်းများနှင့် မြစ်များဆီသို့ ခရီးထွက်လေ့ရှိပြီး တကြိမ်လျှင် လနှင့်ချီကြအောင် လည်ပတ်နေလေ့ရှိသည်။ ရှောင်းကျဲယွိအတွက်တော့ မနာလို ဖြစ်ရုံသာ တက်နိုင်တော့သည်။

ကျစ်ချီနှင့် ယွင်အာတို့က အသက်ဆယ့်လေးနှစ် ပြည့်တော့မည် ဖြစ်သည်။ ယောက်ျားလေးတစ်ယောက် အသက်ဆယ့်လေးနှစ်သို့ ရောက်လာလျှင် မိသားစုတစ်ခု စတင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်နိုင်ပြီ ဖြစ်သည်။ ရှောင်းကျဲယွိက ယခုနှစ်အစပိုင်းကတည်းက ကျစ်ချီကို ညီလာခံသို့ ခေါ်ဆောင်သွားနေပြီ ဖြစ်သည်။ ညီလာခံအပြီး သူ လျှောက်တင်လွှာများ ဖတ်ကာ ပြန်လည်အတည်ပြုပေးနေချိန်တွင်လည်း သားဖြစ်သူ၏ထင်မြင်ယူဆချက်များကို တမင်တကာ မေးမြန်းခဲ့သည်။ ကျစ်ချီက တိုင်းပြည်၏ အရေးကိစ္စများနှင့် နန်းတွင်းရေးအပေါ် ထူးထူးခြားခြား နားလည်နိုင်သူ ဖြစ်သည်။ ထို့အပြင် သူက သူ့ပခုံးပေါ်မှ တာဝန်ကိုလည်း သိနေပြီး အမြဲတမ်း ကြိုးစားအားထုတ် သင်ယူနေခဲ့သည်။

ကျန်သည့် သားသုံးယောက်ကတော့ နန်းတွင်းနှင့်တော်ဝင်ရုံးတော်၏ အရေးကိစ္စများကို လုံးဝ စိတ်မဝင်စားကြပေ။ သုံးမြွှာပူးထဲမှ အကြီးဆုံးက သိုင်းပညာကို စွဲလမ်းနေပြီး ဒုတိယသား လက်ရေးလှနှင့် ပန်းချီကိုသာ စွဲလမ်းနေခဲ့သည်။ သူ့၏ လက်ရေးလက်သားနှင့် ပန်းချီများက ကြော့ရှင်းလှပပြီး သူ့ထံတွင် တုနှိုင်းမမီနိုင်သည့် ရေးဟန်တစ်ခု ရှိနေသည်ဟု ဆိုရပေမည်။ တတိယတစ်ယောက်ကတော့ ပို၍ပင် အစွန်းရောက်ပြီး သူက ယန္တရားအတတ်ပညာကို ခုံမင်လွန်းလှသည်။ သူက ချင်ထျဲကို သူ၏ဆရာသခင်အဖြစ် အသိအမှတ်ပြုရန် အတင်းအကျပ် တောင်းဆိုခဲ့သည်။ ထို့အပြင် သူက သူ၏ဆရာသခင်ထက် သာလွန်နေပြီး သူ ဖန်တီးထားသည့် ယန္တရားများက အလွန်လက်ရာမြောက်လှသည်။ သူ အလွန်ရှုပ်ထွေးသည့် ယန္တရားများကို ဖန်တီးနိုင်ခဲ့သောကြောင့် ချင်ထျဲပင်လျှင် သူ့၏အရည်အချင်းအတွက် တအံ့တဩ ချီးကျူးခဲ့ရသည်။

သူတို့၏မိသားစုတွင် ထီးနန်းအတွက် တိုက်ပွဲဝင်ချင်သည့် မင်းသားဟူ၍ မရှိကြပေ။ လက်တွေ့တွင် သူတို့က ထိုထီးနန်းကို ရွံရှာဖွယ်ဟု သတ်မှတ်ထားသလို ရှောင်ချင်နေသူများ ဖြစ်လာကြသည်။ နောက်ဆုံးတွင် အနစ်နာခံရသူက ကျစ်ချီ ဖြစ်လာခဲ့ရပြီး သူက အစ်ကိုတော်ကြီး ပီသစွာ အရာအားလုံးကို တိတ်တဆိတ် တာဝန်ယူနေရရှာသည်။

ယွင်အာက လှပသည့် မိန်းမပျိုလေးအဖြစ် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာခဲ့သည်။ သူမ ကြီးပြင်းလာချိန်တွင် သူမ၏ မျက်နှာသွင်ပြင်က စူးချင်းနှင့် တူလွန်းလှသည်။ သို့သော် စူးချင်းက အလွန်အေးစက်ပြီး သီးသန့်နေတတ်သောကြောင့် လူတိုင်းအား အလှမ်းဝေးသလို ခံစားရစေသည်။ ယွင်အာကတော့ နေရောက်ခြည်လေးကဲ့သို့ တောက်ပနေပြီး သူမ သွားလေရာနေရာတိုင်းအတွက် ရယ်မောမှုများနှင့် ပျော်ရွှင်မှုများ သယ်ဆောင်ပေးနိုင်သူ ဖြစ်သည်။

ယွင်အာက မြင်းစီးခြင်းနှင့် မြှားပစ်ခြင်းကို အထူးနှစ်သက်ပြီး သူမ၏မြှားနှစ်ချောင်းပစ် စွမ်းရည်က ယခင် ရှောင်းကျဲယွိ၏စွမ်းရည်အတိုင်း ထပ်တူကျနေပြန်သည်။ သူမက အနီရောင်ဝတ်စုံကို ၀တ်ဆင်ကာ သူမ၏ သစ်ကြားသီးရောင် မြင်းကြီးကို စီးနင်းလေ့ရှိပြီး ထိန်းမနိုင်သိမ်မရ တောက်ပ‌နေသည့် မီးလျှံလေးကဲ့သို့ တက်တက်ကြွကြွ ပြုမူနေလေ့ရှိသည်။

ယွင်အာက စာလေ့လာရသည်ကို လုံးဝ မကြိုက်သလို စူးချင်းကလည်း သူမကို ဘယ်တော့မှ အတင်းအကြပ် ဖိအားမပေးခဲ့ပေ။ သူမ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာရုံမျှဖြင့် မိဘများက ကျေနပ်နေကြသည်။

ဤရာသီက လက်ဖက်ရာသီ ဖြစ်သည်။ စူးချင်းက တော်ဝင်လက်ဖက်ခြောက်ဝယ်ယူမှုအား စစ်ဆေးရန် အန်းဟွေ့သို့ အမြန်ခရီးနှင်နေခဲ့သည်။ သူမ နန်းတော်၌ မရှိချိန်တိုင်း ယွင်အာက ပို၍ အထိမ်းအကွပ်မဲ့နေတတ်သည်။

ယနေ့တွင်လည်း သူမက လောင်းကစားအိမ်သို့ သွားရန် ယောကျာ်းလေးအဖြစ် ဝတ်ဆင်ထားပြီး အငယ်တစ်ယောက်ကိုပါ ဆွဲခေါ်သွားခဲ့သည်။ မောင်နှမနှစ်ယောက်က နိုင်ပွဲများ ဆက်နေခဲ့ပြီး သူတို့ အနိုင်ရလာသည့် လောင်းကြေးကလည်း အလွန်များနေခဲ့သည်။ လောင်ကစားအိမ်၏ သူဌေးက ကလေးနှစ်ယောက် သူ့ပိုက်ဆံများအား ရသွားသည်ကို မြင်သွားပြီး ကလေးများအား စောင့်ကြည့်ရန် သူ့လူများကို အမိန့်ပေးလိုက်ကြသည်။ ထိုကလေးနှစ်ယောက်တည်း ရှိနေချိန်၌ ပိုက်ဆံများကို ပြန်လုယူရန်လည်း အမိန့်ပေးလိုက်သေးသည်။

All Chapters