← Chapters

အခန်း (၅၇၄-၅၇၆)

Vol. 39 Ch. 574-576

အခန်း (၅၇၄-၅၇၆)

Vol. 39 Ch. 574-576

အခန်း ၅၇၄ - ပြည့်စုံလုနီးပါးပါး ဓားဆန္ဒပိုင်ရှင်... ပုံရိပ်ယောင်နှင့် လက်တွေ့ဘဝ

“ဂရစ်...”

မြင့်မားလှသော ပုံရိပ်ကြီးနှင့် ကျိယွမ်ဟောင်၏ ပုံရိပ်တို့ ပျက်စီးသွားသည်နှင့်အမျှ လော့ချန်၏ စိတ်ထဲ၌ သေးငယ်လှသော အချုပ်အနှောင်တစ်ခု ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုနေ့က ဆွန်ယင်ယန်သည် ဝိညာဉ်မီးခိုးကို ထွန်းညှိကာ ကျိမိသားစုမှ အရှင်သခင်ကို ဖိတ်ခေါ်ခဲ့စဉ်က ထိုသူ၏ ပြိုင်ဘက်ကင်းလှသော နည်းလမ်းများနှင့် မိမိ၏ အသက်ရှင်သန်ခွင့်ကို ကိုယ်တိုင် မဆုံးဖြတ်နိုင်ခဲ့သော ထိတ်လန့်မှုကြီးမှာ လော့ချန်၏ စိတ်ထဲ၌ ကြီးမားသော အရိပ်မည်းကြီးတစ်ခုအဖြစ် ကျန်ရှိနေခဲ့ခြင်းပင် ဖြစ်သည်။

ယခုအခါတွင်မူ ထိုအရိပ်မည်းကြီးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။ လော့ချန်သည် တစ်ကိုယ်လုံး ယခင်ကထက် ပိုမို ပေါ့ပါးသွားကာ စိတ်ဝိညာဉ်မှာလည်း ကြည်လင်လာခဲ့သည်။

နောက်တစ်ခဏတွင်...

“ဘုန်း...”

ထိတ်လန့်ဖွယ်ကောင်းသော ဓားဆန္ဒတစ်ခုမှာ လော့ချန်၏ ခန္ဓာကိုယ်မှ ကောင်းကင်သို့ ထိုးတက်သွားပြီး ဧရာမ ဓားရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုဓားရိပ်မှာ စစ်မှန်သလိုလို၊ ပုံရိပ်ယောင်လိုလို ဖြစ်နေပြီး ပြင်းထန်လှသော ထက်မြက်မှုများမှာ အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားသဖြင့် ပတ်ဝန်းကျင်ရှိ မှောင်မိုက်သော အိုင်ရေများကိုပင် ပြင်းထန်စွာ တုန်ခါသွားစေသည်။

စိတ်နှလုံးအတွင်းရှိ အရိပ်မည်းကြီးကို ဖြိုခွဲလိုက်နိုင်သဖြင့် လော့ချန်၏ ဓားဆန္ဒမှာလည်း နောက်ထပ် အရေးကြီးသော ခြေလှမ်းတစ်လှမ်းကို တက်လှမ်းနိုင်ခဲ့ချေပြီ။ ဓားဆန္ဒမှာ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်အဖြစ်သို့ အောင်မြင်စွာ တက်လှမ်းသွားခဲ့သည်။

လော့ချန်သည် မူလက ဝေဝါးနေသော ဓားဆန္ဒမှာ ပုံဖော်၍ ရနိုင်သော အနေအထားသို့ ရောက်ရှိလာပြီး ပုံသဏ္ဌာန်မရှိသော အရာမှနေ၍ စစ်မှန်သော အရာတစ်ခုအဖြစ် ပြောင်းလဲနေသည့် အလားအလာကို ရှင်းလင်းစွာ ခံစားနေရသည်။ သေချာသည်မှာ ၎င်းမှာ အာရုံမှားခြင်းသာ ဖြစ်ပေလိမ့်မည်။ စစ်မှန်သော ဓားဆန္ဒဆိုသည်မှာပင် ပုံသဏ္ဌာန် မရှိသည့်အရာ ဖြစ်ရာ ဓားဆန္ဒမှာ ပိုမို မြင့်မားသော အဆင့်သို့ ရောက်ရှိမှသာ ပုံသဏ္ဌာန်ရှိသော အရာအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားမှာ ဖြစ်ပေသည်။ သို့သော်လည်း ဤမျှလောက်ဆိုလျှင် လုံလောက်လှပေပြီ။

၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကြောင့် ရရှိလာသော တိုးတက်မှုမှာ လော့ချန် မျှော်လင့်ထားသည်ထက် များစွာ သာလွန်လှသည်။ တိုက်ခိုက်ရေး စွမ်းရည်မှာ အဆပေါင်းများစွာ တိုးတက်လာရုံတင်မကဘဲ သူ၏ အတွေးအခေါ်များမှာလည်း ပိုမို ရှင်းလင်းလာခဲ့သည်။

ယခင်က ဓားလမ်းစဉ်တွင် သူ နားမလည်ခဲ့သော၊ ဝေဝါးနေသော အချက်များစွာမှာ ဓားဆန္ဒ အဆင့်တက်သွားသည့် ခဏမှာပင် ချက်ချင်း ရှင်းလင်းသွားခဲ့သည်။ ဥပမာအားဖြင့် ‘ကောင်းကင်ယံဓားစွမ်းရည်’ ၏ စတုတ္ထဓားကွက်ဖြစ်သော ‘မိုးကြိုးသံ’ ကို ပေါင်းစပ်ရန် ခဲယဉ်းနေခဲ့သော်လည်း ယခုအခါတွင်မူ သူသည် နားလည်မှု အချို့ ရရှိလာခဲ့ပြီဖြစ်ရာ မကြာမီမှာပင် အောင်မြင်စွာ ပေါင်းစပ်နိုင်တော့မည် ဖြစ်သည်။ ၎င်းအပြင် ‘ကောင်းကင်ယံဓားစွမ်းရည်’ ၏ ပဉ္စမဓားကွက်ဖြစ်သော ‘ကြယ်ကြွေခြင်း’ မှာလည်း ‘ကြီးကျယ်သော အောင်မြင်မှုအဆင့်’ မှနေ၍ ‘ပြည့်စုံမှုအဆင့်’ သို့ တက်လှမ်းသွားခဲ့ပြီဖြစ်ရာ အစွမ်းမှာလည်း ယခင်ကနှင့် နှိုင်းယှဉ်၍ ရတော့မည် မဟုတ်ပေ။

“ဟင်...”

မျက်လုံးများကို ဖွင့်လိုက်သည့်အခါ လော့ချန်မှာ အံ့သြသွားရသည်။ ပတ်ဝန်းကျင် ပေပေါင်းများစွာသော နေရာရှိ မှောင်မိုက်လှသော အိုင်ရေများမှာ မူလအတိုင်း ကြည်လင်သော အရောင်သို့ ပြောင်းလဲနေခြင်းပင် ဖြစ်၏။ အိုင်ရေအတွင်းရှိ ထူးဆန်းသော အရှိန်အဝါများမှာလည်း လုံးဝ အသတ်ခံလိုက်ရသကဲ့သို့ ပျောက်ကွယ်နေချေပြီ။

“ကောင်းပြီ။ ဓားဘုရင်ရဲ့ ဆန္ဒနဲ့ ဓားဆန္ဒကို သွေးယူထားတာကြောင့် ငါ့ရဲ့ ဓားဆန္ဒထဲမှာ သတ်ဖြတ်လိုတဲ့ စွမ်းအားတွေ ပါဝင်နေတာပဲ။ အခုတော့ အစပျိုးအဆင့်လေးပဲ ရှိသေးတယ်ဆိုပေမဲ့ တခြား အဆင့်တူ ဓားသမားတွေနဲ့တော့ နှိုင်းယှဉ်လို့ မရနိုင်တော့ဘူး...”

ဤနေရာမှာ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ သတ္တမအလွှာဖြစ်ပြီး ကောင်းကင်အဆင့် သန်မာသူများပင်လျှင် ဇွတ်မတိုးရဲသော နေရာ ဖြစ်သည်။ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်မျှဖြင့် ဤမျှလောက်အထိ လုပ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ ပတ်ဝန်းကျင်ရှိ များပြားလှသော ထူးဆန်းသည့် အရှိန်အဝါများကို သတ်ဖြတ်နိုင်ခြင်းမှာ သူ၏ အာရုံခံစားမှုနယ်ပယ်အတွင်းရှိ ဓားဘုရင်၏ ဆန္ဒနှင့် သေချာပေါက် သက်ဆိုင်နေမှာ ဖြစ်ပေသည်။

ယခုအချိန်တွင် လော့ချန်၏ အစွမ်းမှာ မည်မျှအထိ ရှိနေသနည်း ဆိုသည်ကို သူကိုယ်တိုင်ပင် ခန့်မှန်းရန် ခက်ခဲလှပေသည်။ သို့သော်လည်း သူသည် အချက်တစ်ခုကိုမူ အပြည့်အဝ ယုံကြည်ချက် ရှိသည်။ ယခုအခါတွင် သူသည် ‘ရွှမ်ဟော်စာရင်း’ ၏ ထိပ်သီးသုံးယောက်နေရာကို ယှဉ်ပြိုင်ရန် အရည်အချင်း ရှိနေပြီ ဖြစ်သည်။ အဋ္ဌမမင်းသား ကျင်းမင်နှင့် ရင်ပေါင်တန်းနိုင်ပြီ ဖြစ်ပေသည်။ ကျင်းမင်ကို အနိုင်ယူနိုင်ပါ့မလား ဆိုသည်မှာမူ တကယ် တိုက်ခိုက်ကြည့်မှသာ သိနိုင်မှာ ဖြစ်သည်။

မီတာ ရာနှင့်ချီ၍ ဝေးသော နေရာတွင်...

“ဟင်... ဒီဘက်မှာလား...”

လော့ချန်ကို အသည်းအသန် ရှာဖွေနေသော ယင်းလီသည် လော့ချန် ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

“ဒါက... ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒပဲ။ သူ့ရဲ့ ဓားဆန္ဒက ထပ်ပြီးတော့ အဆင့်တက်သွားပြန်ပြီလား။ ပြည့်စုံလုနီးပါးပါး ဓားဆန္ဒပိုင်ရှင် ဖြစ်သွားပြီပဲ...”

ထိုဧရာမ ဓားရိပ်ကြီးနှင့်အတူ တိုးဝင်လာသော ပြိုင်ဘက်ကင်းလှသည့် ထက်မြက်မှုများကို ခံစားလိုက်ရသည့်အခါ ယင်းလီမှာ ခေတ္တမျှ မှင်တက်မိသွားရပြီး သူမ၏ လှပသော မျက်ဝန်းအစုံမှာလည်း အလွန်ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရကာ အသက်ရှူပင် မြန်ဆန်လာခဲ့သည်။ နက်မှောင်မြူခိုးတောင် စစ်ဆေးမှုမှ ယခုအချိန်အထိ သူမသည် လော့ချန်၏ ဓားဆန္ဒအဆင့်မှာ ခုနစ်ဆယ်ရာခိုင်နှုန်းမှနေ၍ ယခု ၉၀ ရာခိုင်နှုန်းသော အဆင့်သို့ တဖြည်းဖြည်း တိုးတက်လာသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် ဆိုသည်မှာ ဓားလမ်းစဉ်တွင် အလွန် နက်နဲလှသော အခြေခံအုတ်မြစ် ရှိသည်ကို ကိုယ်စားပြုသည်ဖြစ်ရာ လူတိုင်း အလေးထားရသော ‘ပြည့်စုံလုနီးပါးပါး ဓားဆန္ဒပိုင်ရှင်’ တစ်ဦး ဖြစ်ပေသည်။ ဤမျှလောက်သော အချိန်တိုအတွင်းမှာတင် ဤမျှလောက်အထိ ကြီးမားသော တိုးတက်မှုကို ရရှိခြင်းမှာ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်သည် မည်မျှပင် ဆန်းကြယ်ပါစေ မဖြစ်နိုင်သည့် ကိစ္စပင် ဖြစ်၏။

“ကြည့်ရတာတော့ ငါက သူ့ရဲ့ ဓားလမ်းစဉ် ပါရမီကို လျှော့တွက်မိနေတုန်းပဲ...”

ယင်းလီသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်မိပြီး လော့ချန်အား နှစ်ပေါင်း တစ်ရာမှာ တစ်ယောက် ပေါ်ထွန်းခဲသည့် ပါရမီရှင်ဟု ဖော်ပြရန်ပင် မလုံလောက်တော့ဟု ယူဆလိုက်သည်။

“ဟင်... မကောင်းတော့ဘူး...”

ရုတ်တရက် ယင်းလီသည် မျက်မှောင် ပြင်းထန်စွာ ကြုတ်လိုက်မိသည်။ ပြဿနာတစ်ခု မပြီးသေးခင် နောက်ထပ် ပြဿနာတစ်ခု ထပ်မံ ပေါ်ပေါက်လာခြင်းပင်။ ဓားဆန္ဒ၏ ထက်မြက်မှုများ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် တစ်ခုလုံးသော မှောင်မိုက်လှသော ရေပြင်မှာ ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး တွန့်လိမ်နေသဖြင့် အလွန်ပင် မတည်မငြိမ် ဖြစ်နေတော့သည်။

ပတ်ဝန်းကျင်ရှိ ထူးဆန်းသော အရှိန်အဝါများမှာလည်း အုပ်စုလိုက် စုစည်းလာကြပြီး အိုင်ရေများမှာ ပိုမို မှောင်မိုက်လာကာ လော့ချန်ကို ဗဟိုပြု၍ မှောင်မိုက်လှသော ဝဲကတော့ကြီးတစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့ရာ ၎င်းမှာ ဟင်းလင်းပြင် အပေါက်ကြီးတစ်ခုအလား ထူးဆန်းလှသော စွမ်းအားများကို ထုတ်လွှတ်နေတော့သည်။

“ဒုက္ခပဲ။ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ရဲ့ သတ္တမအလွှာမှာ ရှိတဲ့ ရေတွေက ဆန္ဒတွေ ပါဝင်နေတာလေ။ အဲဒါက အမြဲတမ်း ပြောင်းလဲနေတာ။ ခုခံလေလေ ပိုပြီးတော့ ပြင်းထန်တဲ့ တုံ့ပြန်မှုကို ခံရလေလေပဲ။ ခုနက သူ့ရဲ့ ဓားဆန္ဒ အဆင့်တက်သွားတာက ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် ရဲ့ တုံ့ပြန်မှုကို ဖြစ်စေခဲ့တာပဲ...”

ယင်းလီမှာ ကောင်းကင်အဆင့် သန်မာသူ ဖြစ်သည်နှင့်အညီ မည်သည့်ကိစ္စမျိုးကိုမဆို တည်ငြိမ်စွာ ရင်ဆိုင်နိုင်သူဖြစ်သော်လည်း ယခုအခါတွင်မူ သူမ၏ မျက်နှာမှာ အလွန်ပင် ရုပ်ဆိုးသွားခဲ့ရပြီး ရင်ခုန်သံများမှာလည်း မထိန်းနိုင်အောင် မြန်ဆန်လာခဲ့ကာ သူမ၏ နဖူးပြင်လေးတွင် ချွေးစက်များစွာ ထွက်ပေါ်လာခဲ့သည်။ သူမသည် ရှေ့ရှိ မှောင်မိုက်လှသော ဝဲကတော့ကြီးမှာ ငရဲပြည်၏ ဝင်ပေါက်အလား ထိတ်လန့်စရာ ကောင်းလှသည်ဟု ခံစားလိုက်ရသဖြင့် သူမ၏ စိတ်ထဲရှိ မကောင်းသော ခံစားချက်များမှာလည်း တစ်ခဏချင်းမှာတင် အဆပေါင်းများစွာ ပိုမို ကြီးမားလာခဲ့သည်။

“မဖြစ်ဘူး။ ဒီနေရာက အရမ်းကို ထိတ်လန့်စရာ ကောင်းလွန်းတယ်။ ဒီမှာ ဆက်နေမယ်ဆိုရင် ငါလည်း ရုန်းမထွက်နိုင်ဘဲ အထဲကို ပါသွားလိမ့်မယ်...”

ယင်းလီသည် လော့ချန် ရှိရာဘက်သို့ ချဉ်းကပ်ရန် ကြိုးစားလိုက်သော်လည်း ဝေဝါးလှသော စွမ်းအားများက သူမအား ဖုံးလွှမ်းသွားခဲ့ပြီး အိုင်ရေမှာလည်း အေးခဲသွားသည့်အလား ရှိနေသဖြင့် သူမအား ရှေ့ဆက်ရန် ခက်ခဲစေသည်။ သူမသည် မည်မျှပင် စိတ်ကို စုစည်းပါစေ သူမ၏ ဦးနှောက်ထဲ၌ ပုံရိပ်ယောင်များစွာ ပေါ်ထွက်လာသဖြင့် တောင့်ခံရန် ခဲယဉ်းလာရာ ချက်ချင်းပင် နောက်သို့ ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ရသည်။

သို့သော်လည်း ထိုတုံ့ဆိုင်းနေသည့် ခဏအတွင်းမှာတင် များပြားလှသော မှောင်မိုက်သည့် ဝဲကတော့ကြီးမှာ အပြည့်အဝ ဖြစ်ပေါ်သွားခဲ့ချေပြီ။

“ဝုန်း...”

အဆုံးမရှိသော မှောင်မိုက်မှုများက ယင်းလီ၏ ပုံရိပ်ကို ဝါးမြိုပစ်လိုက်သည်။ တစ်ခဏချင်းမှာတင် ယင်းလီ၏ ခန္ဓာကိုယ်မှာ ထိုနေရာ၌ပင် ရပ်တန့်သွားခဲ့ပြီး သူမ၏ မျက်ဝန်းများမှာလည်း ဝေဝါးလာကာ သူမ၏ စိတ်ဓာတ်နှင့် ဇွဲလုံ့လမှာ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်က လူ၏ စိတ်နှလုံးရှိ အားနည်းချက်များဖြင့် ဖန်တီးထားသော ပုံရိပ်ယောင် စိတ်ဝိညာဉ်ကမ္ဘာအတွင်းသို့ ကျရောက်သွားခဲ့ချေပြီ။

“ဝုန်း...”

လော့ချန်သည်လည်း အတူတူပင် ဝါးမြိုခြင်း ခံလိုက်ရသည်။ မှောင်မိုက်သော ဝဲကတော့ကြီး ဖြစ်ပေါ်သွားသည့် ခဏမှာပင် ပုံရိပ်ယောင် ဓားရိပ်မှာ ချက်ချင်းပင် ပျက်စီးသွားခဲ့ပြီး လော့ချန်၏ ပတ်ဝန်းကျင်ရှိ ကြည်လင်သော အိုင်ရေများမှာလည်း ပြန်လည်၍ မည်းနက်သွားခဲ့ကာ အဆုံးမရှိသော မှောင်မိုက်မှုများက ပြင်းထန်လှသော လှိုင်းတံပိုးများအလား သူ့အား ရိုက်ခတ်လိုက်တော့သည်။

“ဝုန်း...”

တစ်ခဏချင်းမှာတင် လော့ချန်သည် လှပတောက်ပလှသောကမ္ဘာတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။ စိမ်းလန်းသော တောင်တန်းများနှင့် ကြည်လင်လှသော ရေပြင်၊ အရပ်မျက်နှာ အနှံ့အပြားတွင် ပွင့်နေသော ပန်းပွင့်များ၊ လေထုထဲတွင်လည်း နူးညံ့လှသော မွှေးရနံ့များ သင်းပျံ့နေကာ တည်ဆောက်ထားသော စင်္ကြံလေးမှာလည်း တိတ်ဆိတ်ပြီး သဘာဝကျလှသဖြင့် လူ၏ စိတ်ကို ကြည်လင်လန်းဆန်းသွားစေသည်။

လော့ချန်၏ အရှေ့တည့်တည့်ရှိ စင်္ကြံပေါ်တွင်မူ လှပကျော့ရှင်းသော ပုံရိပ်တစ်ခု ရပ်နေသည်။ လေညင်းတစ်ချက် တိုက်ခတ်လိုက်သည်နှင့် ဝတ်စုံစလေးများမှာ လွင့်ပျံသွားခဲ့ပြီး ဖြူဖွေးသော ဝတ်စုံမှာလည်း ဆွဲဆောင်မှုရှိလှသော ထိုကိုယ်ဟန်ကို ပေါ်လွင်စေသည်။ မျက်ခုံးလေးမှာ လခြမ်းကွေးအလား၊ နှုတ်ခမ်းနီနီလေးမှာလည်း လှပလှသဖြင့် ဘေးတိုက် မြင်ကွင်းတစ်ခုတည်းကပင် လူကို အံ့သြတုန်လှုပ်စေကာ မည်သည့် အညစ်အကြေးမျှ မရှိသော နတ်သမီးတစ်ပါးအလား ရှိနေတော့သည်။

ထိုအမျိုးသမီး လှည့်ကြည့်လိုက်သည့်အခါတွင်မူ ယွမ်မန်လီ ဖြစ်နေလေသည်။ သူမသည် လော့ချန်ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။ သူမ၏ ထူးချွန်လှပသော မျက်နှာလေးမှာ အမြဲတမ်း တမ်းတနေရသကဲ့သို့ မထိရက် မကိုင်ရက်သော အလှမျိုး ရှိနေသော်လည်း လော့ချန်ကို ကြည့်နေသော သူမ၏ မျက်ဝန်းများမှာမူ ပုံမှန်အချိန်ထက် ပိုမို တောက်ပနေပြီး လော့ချန်၏ လက်ဖဝါးကို ဆွဲကိုင်လိုက်ကာ ဆိုလိုက်သည်။

“လော့ချန်... မင်းရဲ့ ငါ့အပေါ်မှာ ထားတဲ့ စိတ်ကို ငါ သိပါတယ်။ ငါက ကျိတော့ဂိုဏ်းရဲ့ တပည့် ရီကျုံးရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရလို့ ဒဏ်ရာရသွားတယ်။ အခု ငါ့ရဲ့ ဒဏ်ရာကို ကုဖို့အတွက် မင်းရဲ့ ခန္ဓာကိုယ်ကို လိုအပ်နေတယ်။ ငါ့အတွက် မင်း အနစ်နာခံပေးနိုင်မလား...”

ယွမ်မန်လီ၏ အသက်ရှူသံမှာ မွှေးရနံ့များ သင်းပျံ့နေသလို၊ သူမ၏ စကားသံမှာလည်း ရေကဲ့သို့ နူးညံ့လှကာ သူမ၏ လက်ချောင်းလေးများမှာ လော့ချန်၏ လက်ဖဝါးအတွင်း ပြေးလွှားနေသဖြင့် နွေးထွေးနူးညံ့သော ခံစားချက်ကို ပေးစွမ်းနေသည်။

ဤအရာအားလုံးမှာ အလွန်ပင် စစ်မှန်လှသဖြင့် လော့ချန်မှာ ခေတ္တမျှ အသက်ရှူပင် မြန်ဆန်လာခဲ့ပြီး စိတ်လွင့်သွားခဲ့ကာ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ ဆန်းကြယ်မှုကို အံ့သြနေမိသည်။ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်သည် လူ၏ စိတ်လှုပ်ရှားမှုများနှင့် တောင့်တမှုများကို အသုံးပြုကာ စိတ်နှလုံးရှိ အားနည်းချက်များကို တိုက်ရိုက် ဦးတည်တိုက်ခိုက်ခြင်းပင်။ အကယ်၍ သူ၏ ဝိညာဉ်စွမ်းအားသာ မသန်မာခဲ့ပါက၊ အကြိမ်ကြိမ် လေ့ကျင့်ထားသော စိတ်ဓာတ်နှင့် ဇွဲလုံ့လသာ မခိုင်မာခဲ့ပါက ချက်ချင်းပင် ဤပုံရိပ်ယောင်အတွင်း နစ်မွန်းသွားမှာဖြစ်ပြီး မိမိကိုယ်မိမိ ပျောက်ကွယ်သွားမှာ သေချာလှပေသည်။

သို့သော်လည်း ပုံရိပ်ယောင်နှင့် လက်တွေ့ကို ခွဲခြားနိုင်ခြင်းမှာ ကိစ္စတစ်ခုဖြစ်ပြီး၊ နိုးထချင်စိတ် ရှိ၊ မရှိ ဆိုသည်မှာမူ နောက်ထပ် ကိစ္စတစ်ခု ဖြစ်ပေသည်။ ယွမ်မန်လီကို ကြည့်ရင်း ၎င်းမှာ ပုံရိပ်ယောင်မှန်း လော့ချန် သိရှိထားသော်လည်း သူ၏ စိတ်ထဲ၌မူ တုံ့ဆိုင်းမှုများ ဖြစ်ပေါ်နေဆဲပင်။

“ဟူး... နင်လည်း ဘေးကင်းပါစေလို့ပဲ ငါ ဆုတောင်းပေးပါတယ်...”

လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူ၏ အာရုံခံစားမှုနယ်ပယ်အတွင်း၌ ပြင်းထန်လှသော လှိုင်းတံပိုးများ ထွက်ပေါ်လာခဲ့ပြီး စိတ်ဝိညာဉ်ကို အမြင့်ဆုံးအဆင့်အထိ စုစည်းကာ မျက်စိရှေ့ရှိ ပုံရိပ်ယောင်အားလုံးကို ဖြိုခွဲပစ်ရန် ပြင်ဆင်လိုက်သည်။

သို့သော်လည်း ထိုစဉ်မှာပင် အလွန်ပင် ထူးကဲလှသော နူးညံ့သည့် ထိတွေ့မှုတစ်ခု လော့ချန်၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့ပြီး နှာခေါင်းဝတွင်လည်း လူကို ရူးသွပ်သွားစေနိုင်သော မွှေးရနံ့များ သင်းပျံ့လာခဲ့သည်။ ထိုထိတွေ့မှုနှင့် မွှေးရနံ့မှာ ပုံရိပ်ယောင်ကမ္ဘာမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။

၎င်းက လော့ချန်အား စိတ်လှုပ်ရှားသွားစေပြီး သူ၏ အာရုံမှာ ပုံရိပ်ယောင်နှင့် လက်တွေ့ကြားတွင် လူးလာတုံ့ပြန်နေကာ မယုံကြည်နိုင်လောက်သော မြင်ကွင်းတစ်ခုကို ချက်ချင်းပင် မြင်တွေ့လိုက်ရသည်။ မည်သည့်အချိန်က ရောက်ရှိလာသည် မသိသော်လည်း လော့ရှာဂိုဏ်း၏ ထိပ်သီးမျိုးဆက်တပည့် ယင်းလီမှာမူ သူ၏ ဘေးနားသို့ ရောက်ရှိနေခြင်းပင်။

ယခုအခါတွင်မူ ယင်းလီ၏ ပါးပြင်လေးများမှာ နီမြန်းနေသလို၊ သူမ၏ မျက်ဝန်းအစုံမှာလည်း ဝေဝါးနေကာ ဆွဲဆောင်မှုရှိလှသော သူမ၏ ခန္ဓာကိုယ်မှာ သူ၏ ကိုယ်ပေါ်သို့ မှီတွယ်ထားခြင်း ဖြစ်သည်။ သူမ၏ ကိုယ်ပေါ်တွင်မူ မည်သည့် အဝတ်အစားမျှ ရှိမနေဘဲ အပြစ်အနာအဆာကင်းလှသော အသားအရေမှာလည်း ဝင်းလက်နေကာ လှပလှသော လည်တိုင်၊ ပြည့်ဖြိုးလှသော ရင်သားအစုံနှင့် သေးသွယ်လှသော ခါးလေးအပါအဝင် လျှို့ဝှက်ချက် အားလုံးမှာမူ လော့ချန်၏ မျက်စိရှေ့တွင် အထင်းသား ပေါ်ထွက်နေတော့သည်။

အခန်း ၅၇၄ ပြီးပါပြီ။

အခန်း ၅၇၅ - လော့ချန်နှင့် ထိပ်သီးမျိုးဆက်တပည့်

အဆုံးမရှိသော မှောင်မိုက်လှသည့် ချောက်နက်ကြီးအတွင်း၌ ပုံရိပ်တစ်ခုမှာ မြွေတစ်ကောင်အလား လော့ချန်၏ ကိုယ်ပေါ်သို့ ရစ်ပတ်ထားသည်။

ပုံမှန်အချိန်တွင် မြင့်မြတ်လှသလို ဂုဏ်ရောင်များစွာ ဖုံးလွှမ်းထားသော ထိပ်သီးမျိုးဆက်တပည့်၊ လော့ရှာဂိုဏ်း၏ နောင်အနာဂတ် ဂိုဏ်းချုပ်လောင်းဖြစ်သူ၊ ဂိုဏ်းသုံးဂိုဏ်းရှိ အမျိုးသားတပည့်များစွာ အိပ်မက်ထဲတွင်ပင် မော်ဖူးနေရသော ပါရမီရှင်အမျိုးသမီးမှာ ယခုအခါ မည်သည့်အဝတ်အစားမျှ မရှိဘဲ လော့ချန်၏ ကိုယ်ပေါ်တွင် တွယ်ကပ်နေခြင်းပင်။

သူမ၏ နီလာကျောက်အလား မျက်ဝန်းအစုံမှာ ပုံမှန်အချိန်ကကဲ့သို့ အေးစက်မာနကြီးခြင်း မရှိတော့ဘဲ ဝေဝါးကာ ပူလောင်နေတော့သည်။ သူမသည် မည်သည့်ပုံရိပ်ယောင်အတွင်း နစ်မွန်းနေသည် မသိသော်လည်း ကျောက်စိမ်းအလား အသားအရေမှာ ပန်းရောင်သန်းနေကာ နူးညံ့လှသော လက်ကလေးများဖြင့် လော့ချန်၏ ကိုယ်ပေါ်သို့ အသာအယာ ပွတ်သပ်နေသည်။

မကြာမီမှာပင် လော့ချန်၏ အဝတ်အစားများမှာလည်း ဖယ်ရှားခြင်း ခံလိုက်ရပြီး အသားချင်း ထိတွေ့မိသည့်အခါ နူးညံ့နွေးထွေးလှသည့် ခံစားချက်ကို ပေးစွမ်းနေသလို နီရဲလှသော နှုတ်ခမ်းလွှာလေးမှာလည်း လော့ချန်၏ နားနားတွင်ကပ်လျက် ဆွဲဆောင်မှုရှိလှသော အပြုအမူများကို လုပ်ဆောင်နေတော့သည်။

ဤမြင်ကွင်းမှာ ပုံမှန်အချိန်က ယင်းလီနှင့်ဆိုလျှင် လုံးဝ တခြားစီပင် ဖြစ်ရာ စဉ်းစားကြည့်ရန်ပင် ခက်ခဲလှပေသည်။

အကယ်၍ ဤသတင်းသာ ပြန့်သွားမည်ဆိုပါက လော့ရှာဂိုဏ်းတစ်ခုလုံးကိုသာမက ဂိုဏ်းကြီး သုံးဂိုဏ်းစလုံးကိုပါ တုန်လှုပ်သွားစေမှာ သေချာလှပေသည်။ လူများစွာမှာလည်း အိပ်မပျော်နိုင်ဘဲ လက်ခံရန် ခက်ခဲနေကြမှာ ဖြစ်သည်။

လော့ချန်၏ စိတ်ဝိညာဉ်မှာလည်း အလွန်ပင် တုန်လှုပ်နေရသည်။

‘ဒါဟာ တကယ်ပဲ တည်ငြိမ်အေးစက်လှသလို အကြည့်တစ်ချက်တည်းနဲ့ လူကို သွေးခဲသွားစေနိုင်တဲ့ လော့ရှာဂိုဏ်းရဲ့ ထိပ်သီးမျိုးဆက်တပည့် ယင်းလီ ဟုတ်ရဲ့လား..’

‘တကယ့်ကို ဆွဲဆောင်မှုရှိတဲ့ နတ်ဆိုးမလေးတစ်ယောက်လိုပဲ...’

‘ဒီလိုကိစ္စမျိုးက မဖြစ်နိုင်ဘူး... ပုံရိပ်ယောင်ပဲ ဖြစ်ရမယ်...’

သို့သော်လည်း တစ်ကိုယ်လုံးရှိ ကျောက်စိမ်းအလား နူးညံ့လှသော ထိတွေ့မှုများနှင့် နားနားတွင် ကြားနေရသော အသက်ရှူသံများမှာမူ အလွန်ပင် စစ်မှန်နေတော့သည်။

ဤအရာအားလုံးကြောင့် လော့ချန်သည် မည်သည့်အရာက ပုံရိပ်ယောင်ဖြစ်ပြီး မည်သည့်အရာက လက်တွေ့ဖြစ်သည်ကို ခဏတာ ခွဲခြားရန် ခက်ခဲသွားခဲ့သည်။ သူ လုပ်နိုင်သည်မှာ စိတ်ကို အစွမ်းကုန် စုစည်းကာ မိမိကိုယ်မိမိ ပျောက်ကွယ်မသွားစေရန် စိတ်ထဲရှိ ကြည်လင်မှု အစအနလေးကိုသာ တင်းတင်းဆုပ်ကိုင်ထားရန် ဖြစ်ပေသည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ယင်းလီ၏ အပြုအမူများမှာ ရပ်တန့်မသွားဘဲ ပို၍ပင် ရဲတင်းလာခဲ့ချေပြီ။ နူးညံ့နွေးထွေးလှသော ထိတွေ့မှုများကြောင့် လော့ချန်၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တုန်ယင်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ပန်းရနံ့များ သင်းပျံ့နေသောကမ္ဘာအတွင်း၌လည်း စိတ်ဝိညာဉ် တိုက်ခိုက်မှုမှာ ပိုမို ပြင်းထန်လာခဲ့ပြီး ယွမ်မန်လီမှာ ရှေ့သို့ တိုးလာကာ လော့ချန်ကို လက်နှစ်ဖက်ဖြင့် ဖက်ထားသဖြင့် နှစ်ဦးသား၏ အသက်ရှူသံနှင့် ရင်ခုန်သံများကိုပင် ခံစားနေရသည်။

“ဝုန်း...”

လော့ချန်၏ အာရုံခံစားမှုနယ်ပယ်အတွင်းရှိ ရွှေရောင်လှိုင်းတံပိုးများမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး ဝိညာဉ်စွမ်းအားကို အစွမ်းကုန် နှိုးဆွလိုက်တော့သည်။ သို့သော်လည်း ယခုအခါတွင် သူသည် မည်သည့်ဘက်က ပုံရိပ်ယောင်ဖြစ်ပြီး မည်သည့်ဘက်က လက်တွေ့ဖြစ်သည်ကိုပင် ခွဲခြားနိုင်စွမ်း မရှိတော့ဘဲ ထိုနှစ်ထပ် တိုက်ခိုက်မှုအောက်တွင် သူ၏ အသိစိတ်မှာ ကျယ်ပြောလှသော သမုဒ္ဒရာထဲမှ လှေငယ်လေးတစ်စင်းအလား ပြင်းထန်စွာ လှုပ်ခတ်နေတော့သည်။

နောက်ဆုံးတွင်မူ ထိုလှေငယ်လေးမှာ ပြင်းထန်လှသော လှိုင်းတံပိုးများကြားတွင် လုံးဝ နစ်မြုပ်သွားခဲ့ရချေပြီ။

ဤခဏတွင် လော့ချန်မှာ လုံးဝ နစ်မွန်းသွားခဲ့ရသည်။ သူ၏ အသိစိတ်မှာ စိတ်ဝိညာဉ်၏ တိုက်ခိုက်မှုများကြားတွင် လိုက်ပါသွားခဲ့ပြီး တစ်ကိုယ်လုံးရှိ သွေးများမှာ ဆူဝေလာကာ ကိုယ်တွင်း၌ မီးတောက်ကြီးတစ်ခု တောက်လောင်နေသကဲ့သို့ ခံစားလိုက်ရသည်။

ပုံရိပ်ယောင်အတွင်းမှ ဖြစ်စေ၊ လက်တွေ့ဘဝမှ ဖြစ်စေ ထိုမိန်းမလှနှစ်ဦးမှာမူ ရပ်တန့်ခြင်း မရှိဘဲ ပို၍ပင် ရဲတင်းစွာ ပြုမူနေကြတော့သည်။

“ဘုန်း...”

နောက်ဆုံးတွင် လော့ချန်၏ နောက်ဆုံးကျန်ရှိနေသော ဆင်ခြင်တုံတရားမှာလည်း ထိုမီးတောက်ကြီးအတွင်း ဝါးမြိုခြင်း ခံလိုက်ရသည်။ ထိုပူလောင်လှသော မီးတောက်ကြီးမှာ မိမိကိုသာမက မိမိ၏ ဘေးနားရှိ မိန်းမလှများကိုပါ လောင်ကျွမ်းစေတော့မည်ဟု သူ ခံစားလိုက်ရသည်။

“ထားလိုက်တော့...”

လော့ချန်၏ တစ်ကိုယ်လုံး ပူလောင်နေပြီး မျက်စိရှေ့တွင် မြင်နေရသည်မှာ ပုံရိပ်ယောင်လား သို့မဟုတ် လက်တွေ့လား ဆိုသည်ကို ဂရုမစိုက်တော့ဘဲ သူ၏ လက်မောင်းအတွင်းရှိ နူးညံ့လှသော ခန္ဓာကိုယ်ကို တင်းတင်းဖက်လိုက်တော့သည်။

“ပလပ်... ပလပ်...”

အိုင်အတွင်း၌ ရေစီးကြောင်းများမှာ ပြင်းထန်စွာ လှုပ်ခတ်နေပြီး လှိုင်းတံပိုးများမှာလည်း တစ်လှိုင်းပြီးတစ်လှိုင်း တစ်ဟုန်ထိုး ထွက်ပေါ်နေတော့သည်။

ပုံရိပ်ယောင်နှင့် လက်တွေ့ကြားရှိ အကန့်အသတ်မှာ ပျောက်ကွယ်သွားခဲ့ချေပြီ။ မှောင်မိုက်သော ဝဲကတော့ကြီးအတွင်း၌ ပုံရိပ်နှစ်ခုမှာ တစ်ဦးနှင့်တစ်ဦး ရစ်ပတ်ထားကြပြီး ပိုမို နက်ရှိုင်းသော ဝဲဂယက်အတွင်းသို့ အဆက်မပြတ် နစ်မြုပ်သွားကြတော့သည်။

အချိန်အတန်ကြာပြီးနောက်...

လှိုင်းထန်နေသော ပင်လယ်ပြင်မှာ တဖြည်းဖြည်း တည်ငြိမ်လာသကဲ့သို့ အရာအားလုံးမှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

ပြင်းထန်လှသော လှိုင်းတံပိုးကြီးများ ပြီးဆုံးသွားသည်နှင့်အမျှ လော့ချန်၏ စိတ်ထဲရှိ မီးတောက်များမှာလည်း တဖြည်းဖြည်း အေးစက်သွားခဲ့ပြီး ကြည်လင်မှု အစအနလေးမှာ လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ကျန်ရှိနေသော ဆင်ခြင်တုံတရားလေးကြောင့် သူသည် များစွာ မတွေးတောတော့ဘဲ သူ၏ ရင်ခွင်အတွင်းရှိ မိန်းကလေးကို ဖက်လျက် ဆဋ္ဌမအလွှာရှိ ရေပြင်ဆီသို့ အလွန်ပင် မြန်ဆန်သော အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။

“ဝုန်း...”

ရေလွှာ အတားအဆီးကို ဖြတ်ကျော်လိုက်သည့် ခဏမှာပင် အရိုးထဲအထိ တိုးဝင်နေသော ပင်ပန်းနွမ်းနယ်မှုနှင့် ဟာလာဟင်းလင်း ဖြစ်မှုများက လော့ချန်ကို လုံးဝ ဝါးမြိုသွားခဲ့ပြီး သူ၏ အသိစိတ်မှာလည်း မှောင်မိုက်မှုအတွင်းသို့ ထပ်မံ ကျရောက်သွားခဲ့ရပြန်သည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိပေ။ လော့ချန်သည် ခန္ဓာကိုယ်ကို အသာအယာ လှုပ်ရှားလိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။

ဦးခေါင်းမှာ ကွဲအက်မတတ် နာကျင်နေသည်။ ၎င်းမှာ လော့ချန်၏ ယခုလက်ရှိ ခံစားချက်ပင် ဖြစ်၏။ သူ၏ ခန္ဓာကိုယ်မှာ သေရေးရှင်ရေး တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲထားရသကဲ့သို့ ချီစွမ်းအင်များမှာ ကုန်ဆုံးနေပြီး ကျန်ရှိနေသည်မှာ အလွန်ပင် ပင်ပန်းနွမ်းနယ်မှုနှင့် ဗလာကျင်းနေမှုများသာ ရှိတော့သည်။

တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် လော့ချန်သည် သူ၏ ကိုယ်ပေါ်သို့ အမြန်ကြည့်လိုက်ရာ အသက်ရှူပင် ရပ်တန့်သွားခဲ့ရသည်။

ယင်းလီမှာ သူ၏ ကိုယ်ပေါ်တွင် မှောက်လျက် ရှိနေခြင်းပင်။ စိုစွတ်နေသော ဆံပင်နက်များမှာ ပြန့်ကျဲနေပြီး သူမ၏ ကိုယ်ပေါ်တွင် မည်သည့် အဝတ်အစားမျှ ရှိမနေဘဲ ဆွဲဆောင်မှုရှိလှသော လှပသည့် ခန္ဓာကိုယ်မှာ သူ၏ မျက်စိရှေ့တွင် အထင်းသား ပေါ်ထွက်နေတော့သည်။ အပြစ်အနာအဆာကင်းလှသော နူးညံ့သည့် အသားအရေပေါ်တွင် ပန်းရောင်သန်းနေသလို ထိတ်လန့်စရာ ကောင်းလှသော အနီရောင် အမှတ်အသားများစွာလည်း ရှိနေတော့သည်။

“သူမက ဘာလို့ ဒီမှာ ရှိနေတာလဲ။ ခုနက အရာအားလုံးက ပုံရိပ်ယောင် မဟုတ်ဘူးလား။ ဒါမှမဟုတ် ငါက အခုထိ ပုံရိပ်ယောင်အတွင်းမှာ ရှိနေတုန်းလား...”

လော့ချန်သည် မျက်စိရှေ့ရှိ လှပသော မြင်ကွင်းကို ကြည့်ကာ တံတွေးကို အကြိမ်ကြိမ် မျိုချနေမိသည်။

ယင်းလီ၏ မျက်တောင်ရှည်လေးများမှာ စေ့ထားပြီး ကျောက်စိမ်းအလား ပါးပြင်လေးမှာလည်း သူ၏ ကိုယ်ပေါ်တွင်ကပ်လျက် ရှိနေကာ သူမ၏ အသက်ရှူသံမှာလည်း မွှေးရနံ့များ သင်းပျံ့နေသဖြင့် အိပ်ပျော်နေစဉ်မှာပင် အလွန်ပင် ဆွဲဆောင်မှု ရှိနေတော့သည်။

ဤသူမှာ ပုံမှန်အချိန်တွင် မြင့်မြတ်လှသော လော့ရှာဂိုဏ်း၏ ထိပ်သီးမျိုးဆက်တပည့် ဖြစ်လိမ့်မည်ဟု မည်သူမျှ စဉ်းစားမိမှာ မဟုတ်ပေ။

“ဒီမှာ အကြာကြီး နေလို့ မဖြစ်ဘူး...”

ကျန်ရှိနေသော ဆင်ခြင်တုံတရားကြောင့် လော့ချန်သည် မျက်စိရှေ့ရှိ လှပသော မြင်ကွင်းကို ခံစားနေရန် အချိန်မရှိတော့ပေ။

အကယ်၍ ဤလော့ရှာဂိုဏ်း၏ ထိပ်သီးမျိုးဆက်တပည့်သာ နိုးလာမည်ဆိုပါက သူသည် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားရုံမျှမက စစ်မှန်သော ဓားဆန္ဒကို နားလည်ထားလျှင်ပင် တစ်ခဏချင်းမှာတင် အသတ်ခံရမှာ သေချာလှပေသည်။

သူသည် အလွန်ပင် သတိထားလျက် နေရာမှ ထရပ်လိုက်ပြီး ဝတ်စုံတစ်ခုကို ထုတ်ယူကာ ဝတ်ဆင်လိုက်သည်။

ခေတ္တမျှ တုံ့ဆိုင်းလိုက်ပြီးနောက် သူသည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ နောက်ထပ် ဝတ်စုံတစ်ခုကို ထုတ်ယူကာ ယင်းလီအား ဝတ်ဆင်ပေးလိုက်သည်။

သို့သော်လည်း ယင်းလီမှာ သူ့ထက် ဦးခေါင်းတစ်ဝက်ခန့် ပိုမို မြင့်မားသလို၊ ခန္ဓာကိုယ်မှာလည်း ဆွဲဆောင်မှုရှိလှသဖြင့် သူ၏ ဝတ်စုံမှာ သူမအတွက် သိသိသာသာ သေးငယ်နေသည်။ သူမ၏ ကိုယ်ပေါ်တွင် ဝတ်ဆင်ပေးထားသော်လည်း လှပလှသော အသားအရေများကို အပြည့်အဝ ဖုံးကွယ်ထားနိုင်ခြင်း မရှိဘဲ သူမ၏ ခန္ဓာကိုယ် အချိုးအစားကို ပိုမို ပေါ်လွင်စေတော့သည်။

၎င်းက လော့ချန်၏ ခန္ဓာကိုယ်ကို ထပ်မံ၍ ပူလောင်လာစေပြီး မထိန်းချုပ်နိုင်သော တောင့်တမှုများ ပေါ်ထွက်လာရပြန်သည်။

“ဒါဟာ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် ရဲ့ သက်ရောက်မှုကြောင့် ဖြစ်ရမယ်... မကြည့်ရဘူး... မကြည့်ရဘူး...”

လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး အကြည့်ကို အတင်းအကျပ် လွှဲလိုက်သည့်အခါမှသာ စိတ်ကို အတိုင်းအတာတစ်ခုအထိ တည်ငြိမ်သွားစေခဲ့သည်။

သူသည် ဤအတိုင်း ထွက်ခွာသွားရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အိပ်ပျော်နေဆဲဖြစ်သော ယင်းလီကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူမကို ခေါ်ဆောင်လျက် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ အပေါ်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးတက်သွားတော့သည်။

“ဝုန်း...”

လော့ချန်သည် စတုတ္ထအလွှာနှင့် နီးကပ်သော နေရာအထိ တစ်ဟုန်ထိုး ပြေးတက်လာခဲ့ပြီးမှသာ ရပ်တန့်လိုက်သည်။

“ဒီလောက်ဆိုရင်တော့ ရလောက်ပါပြီ...”

ယင်းလီ၏ အစွမ်းနှင့်ဆိုလျှင် ဤနေရာတွင် ဘေးအန္တရာယ် မရှိနိုင်သည်မှာ သေချာလှပေသည်။

တစ်ဖက်လူကို စတုတ္ထအလွှာသို့ ခေါ်သွားရန် သို့မဟုတ် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှ ခေါ်ထုတ်သွားရန်မှာမူ လော့ချန် လုံးဝ မစဉ်းစားရဲပေ။

လော့ရှာဂိုဏ်း တပည့်များ၏ ယင်းလီအပေါ် ထားရှိသော သဘောထားအရ သူမသည် ဂိုဏ်းအတွင်း၌ အလွန်ပင် အဆင့်အတန်း မြင့်မားသူဖြစ်သလို အလေးထားခြင်းကို ခံရသူလည်း ဖြစ်ပေသည်။ ချီယွဲ့ အပါအဝင် အခြားသော အဓိကတပည့်များစွာမှာလည်း သူမကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြသည်မဟုတ်ပါလော။

အကယ်၍ အခြားသော လော့ရှာဂိုဏ်း တပည့်များသာ သူတို့ အလွန် လေးစားရသော စီနီယာအစ်မ ယင်းလီအား ဤကဲ့သို့သော ပုံစံဖြင့် မြင်တွေ့သွားမည်ဆိုပါက နောက်ဆက်တွဲ ရလဒ်မှာ မည်သို့ ဖြစ်မည်ကို စဉ်းစားကြည့်ရန်ပင် မလိုတော့ဘဲ လူတိုင်း၏ ဝိုင်းဝန်း သတ်ဖြတ်ခြင်းကို ခံရမှာ သေချာလှပေသည်။

“ဒီတစ်ခါတော့ တကယ့်ကို ပြဿနာကြီး တက်ပြီပဲ...”

“ဘာပဲဖြစ်ဖြစ် ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကိုတော့ ငါ့ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း မှတ်ထားမှာပါ...”

လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ယင်းလီကို စိုက်ကြည့်လျက် မိမိဘာသာ ခါးသီးစွာ ရေရွတ်လိုက်ပြီးနောက် ပုံရိပ်တစ်ခု လှုပ်ရှားသွားကာ စတုတ္ထအလွှာရှိ ရေပြင်အတွင်းသို့ တိုးဝင်သွားတော့သည်။

လော့ချန် ထွက်ခွာသွားသည်နှင့် အိပ်ပျော်နေဟန်ရှိသော ယင်းလီ၏ မျက်တောင်လေးများမှာ အသာအယာ လှုပ်ခတ်သွားပြီးနောက် မျက်လုံးများကို ဖွင့်လိုက်ရာ သူမ၏ အကြည့်မှာ ကြည်လင် တည်ငြိမ်နေတော့သည်။

အခန်း ၅၇၅ ပြီးပါပြီ။

အခန်း ၅၇၆ - ကျိလော့ဂိုဏ်း၏ ဖိုမစွမ်းအားကျင့်စဉ်... ထွက်လာခြင်း

“ဝှစ်...”

ယင်းလီသည် အေးစက်လှသော မျက်နှာထားဖြင့် နေရာမှ ထရပ်လိုက်ရာ သူမ၏ ဝတ်စုံမှာ ဆွဲဆောင်မှုရှိလှသော ကိုယ်ဟန်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိဘဲ အိုင်ရေများကြားတွင် အထင်းသား ပေါ်ထွက်နေတော့သည်။ ဖြူသွယ်လှသော ခြေတံအစုံပေါ်တွင်မူ နီရဲလှသော အမှတ်အသားတစ်ခုက ထင်ရှားစွာ ကျန်ရှိနေသည်။

သူမသည် မိမိ၏ ကိုယ်ပေါ်ရှိ အမျိုးသားဝတ်စုံကို ငုံ့ကြည့်လိုက်ပြီးနောက် လော့ချန် ထွက်ခွာသွားရာ လမ်းကြောင်းဆီသို့ မော့ကြည့်လိုက်ရာ သူမ၏ လှပကျော့ရှင်းသော မျက်နှာလေးမှာ တည်ငြိမ်နေပြီး မည်သည့်လှုပ်ရှားမှုမျှ ရှိမနေပေ။

သို့သော်လည်း ထိုတည်ငြိမ်မှုအောက်တွင်မူ အရိုးထဲအထိ ချမ်းစိမ့်သွားစေနိုင်သော အေးစက်လှသည့် အရှိန်အဝါများ ပြည့်နှက်နေတော့သည်။

“ဘုန်း...”

ရုတ်တရက်ဆိုသလို ထိတ်လန့်ဖွယ်ကောင်းသော အေးစက်မှုတစ်ခု ယင်းလီ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်ကျဲသွားသည်။

တစ်ခဏချင်းမှာပင် ပတ်ဝန်းကျင်ရှိ အိုင်ရေများမှာ ရေခဲပုံဆောင်ခဲများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရေခဲများ ခဲသွားသော အသံများနှင့်အတူ လေဟာနယ်အတွင်း၌ပင် နက်ရှိုင်းလှသော အက်ကြောင်းကြီး အချို့ ပေါ်ထွက်လာခဲ့ချေပြီ။

“ဟင်...”

ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ စတုတ္ထအလွှာတွင် မိုင်အနည်းငယ်မျှ ရောက်ရှိနေပြီဖြစ်သော လော့ချန်သည် ကျောပြင်တွင် အေးစက်သွားသကဲ့သို့ မရေမရာ ခံစားလိုက်ရသဖြင့် ချက်ချင်းပင် ရပ်တန့်လိုက်ပြီး အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

သို့သော်လည်း ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ အိုင်ရေများက အမြင်အာရုံကို ပိတ်ဆို့ထားသလို ဝိညာဉ်စွမ်းအားကိုလည်း ဟန့်တားထားသဖြင့် မည်သည့်အရာကိုမျှ သူမခံစားမိပေ။

“ငါ့ရဲ့ အာရုံမှားတာပဲ ဖြစ်ရမယ်...”

လော့ချန်သည် အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူ၏ ကျင့်ကြံဆင့် ပြောင်းလဲမှုများကို အာရုံခံကြည့်လိုက်သည့်အခါ သူ၏ မျက်ဝန်းများ ဝင်းလက်သွားသည်။

“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အလယ်အလတ်အဆင့်...”

လော့ချန်၏ အသံထဲတွင် ဝမ်းသာအားရ ဖြစ်နေမှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ ကိုယ်တွင်းရှိ ချီစွမ်းအင်များမှာ ဆူဝေနေပြီး အရည်အသွေးမှာလည်း ယခင်ကနှင့် နှိုင်းယှဉ်၍ ရတော့မည် မဟုတ်ပေ။

နိုးကြားလာသော သွေးကြောများမှာလည်း ၇၂ သွယ်အထိ ရှိနေချေပြီ။ ဤသည်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်သည် စိတ်ဝိညာဉ်ကို သန့်စင်ပေးပြီး အဓိကအားဖြင့် စိတ်ဓာတ်နှင့် ဝိညာဉ်စွမ်းအားပိုင်း ကျင့်ကြံမှုများအတွက်သာ ဖြစ်သည်။

လော့ချန်သည် မူလက ကျင့်ကြံဆင့် တိုးတက်လာရန် အလွန်အမင်း မျှော်လင့်မထားခဲ့ဘဲ အဆင့်ငယ် တစ်ဆင့် သို့မဟုတ် နှစ်ဆင့် တိုးတက်လာလျှင်ပင် မဆိုးလှဟု တွေးထားခြင်း ဖြစ်သည်။

သူသည် သတ္တမအလွှာသို့ စွန့်စားဝင်ရောက်ခဲ့ခြင်းကြောင့် ကျင့်ကြံဆင့်မှာ တစ်ခဏချင်းမှာတင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားခဲ့ရာ အဆင့်ကြီး တစ်ခုစာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

၎င်းက လပေါင်းများစွာ ကြိုးစားအားထုတ်ရမည့် ကျင့်ကြံမှုကို သက်သာသွားစေခဲ့ချေပြီ။

“ဓားဆန္ဒကရော ဘယ်လိုနေလဲ ကြည့်ရအောင်...”

လော့ချန်သည် စိတ်လှုပ်ရှားစွာဖြင့် ဓားဆန္ဒ၏ ပြောင်းလဲမှုများကို မြင်တွေ့လိုနေသည်။

“ဘုန်း...”

သူ၏ လက်ဝါးမှာ လျှပ်စီးဓားပေါ်သို့ တင်လိုက်ရုံရှိသေးသော်လည်း ထက်မြက်လှသော ဓားစွမ်းအင်တစ်ခု လော့ချန်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

အိုင်ရေများကြားတွင် ဧရာမ ကြည်လင်လှသော ဓားရိပ်ကြီး တစ်ခု ပေါ်ထွက်လာပြီး ထက်မြက်မှုများမှာ လူကို ဖိအားပေးနေတော့သည်။

လော့ချန်သည် သူ၏ ဓားဆန္ဒမှာ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်သို့ အခုမှ တက်လှမ်းထားခြင်း ဖြစ်သော်လည်း ယခင်ကထက် ပိုမို သိပ်သည်းလာသည်ကို ခံစားလိုက်ရသည်။

၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် နယ်ပယ်သို့ ရောက်ရှိသွားပါက ဓားဆန္ဒမှာ အသွင်ကူးပြောင်းမှု အဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ ၎င်းမှာ အဓိက ပိတ်ဆို့နေမှုတစ်ခုဖြစ်ပြီး ဓားဆန္ဒ၏ ထက်မြက်မှုကို သွေးယူရန်နှင့် စုစည်းရန် အချိန်များစွာ လိုအပ်ပေသည်။ သို့မှသာ ပိုးဖလံလေးဘဝမှ လိပ်ပြာလေးအဖြစ် ပြောင်းလဲသွားပြီး စစ်မှန်သော ဓားဆန္ဒအဖြစ်သို့ ရောက်ရှိသွားမှာ ဖြစ်ပေသည်။

ဤအတောအတွင်း အနည်းငယ်သော တိုးတက်မှုတိုင်းမှာ အလွန်ပင် ခက်ခဲလှပေသည်။

တစ်ချိန်တည်းမှာပင် အနည်းငယ်သော တိုးတက်မှုတိုင်းကိုလည်း ရှင်းလင်းစွာ ခံစားသိရှိနိုင်သည်။

အကယ်၍ လော့ချန်သည် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ သတ္တမအလွှာသို့ စတင် ဝင်ရောက်စဉ်က ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် အစောပိုင်းအဆင့်သာ ရှိခဲ့မည်ဆိုပါက...

ယခုအခါတွင်မူ သူ၏ ဓားဆန္ဒမှာ ခြေလှမ်းကြီး တစ်လှမ်း တိုးတက်လာခဲ့ပြီး ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ဆုံးအဆင့်နှင့်လည်း သိပ်မဝေးတော့ပေ။

“နောက်ထပ် အဆင့်ငယ် နှစ်ခုပဲ လိုတော့တယ်... ဒါဆိုရင် စစ်မှန်တဲ့ ဓားဆန္ဒကို တိုက်ခိုက်လို့ ရပြီ။ ငါသာ စစ်မှန်တဲ့ ဓားဆန္ဒကို နားလည်နိုင်မယ်ဆိုရင် နယ်ပယ်အဆင့်သတ်မှတ်ချက် စာရင်းထဲ ဝင်ဖို့က အဝေးကြီး မဟုတ်တော့ဘူး”

လော့ချန်၏ မျက်ဝန်းများမှာ ဝင်းလက်နေပြီး သူ၏ အကြည့်ထဲတွင်လည်း ပြိုင်ဘက်ကင်းလှသော ယုံကြည်ချက်များ ပြည့်နှက်နေသည်။

၎င်းမှာ လော့ချန် မောက်မာနေခြင်း မဟုတ်ဘဲ အမှန်တရားပင် ဖြစ်၏။

ကျိတော့ဂိုဏ်းမှ ပါရမီရှင်တပည့် ရီကျုံးမှာ ဓားဆန္ဒကို နားလည်ထားသဖြင့် နယ်ပယ်အဆင့်သတ်မှတ်ချက်စာရင်း၏ အဆင့် ၉၃ နေရာတွင် ရပ်တည်နေခြင်းဖြစ်သည်မဟုတ်ပါလော။

လော့ချန်၏ ဓားဆန္ဒမှာ သတ်ဖြတ်လိုသော စွမ်းအားများလည်း ပါဝင်နေသဖြင့် အစွမ်းမှာ အလွန်ပင် ကြီးမားလှပေသည်။ သူ စစ်မှန်သော ဓားဆန္ဒကို နားလည်သွားသည်နှင့် သူ၏ အစွမ်းမှာ ရီကျုံး၏ အောက်တွင် ရှိနေမှာ မဟုတ်ဘဲ သူ့အား သေချာပေါက် ကျော်ဖြတ်နိုင်မှာ ဖြစ်ပေသည်။

“ဟင်...”

ဝမ်းသာအားရ ဖြစ်နေစဉ်မှာပင် လော့ချန်သည် သူ၏ ခန္ဓာကိုယ်၌ နောက်ထပ် ပြောင်းလဲမှုတစ်ခုကို သတိပြုမိလိုက်သည်။

ခန္ဓာကိုယ် ခွန်အားမှာ ယခင်ကထက် သိသိသာသာ ပိုမို ခိုင်မာလာခဲ့ပြီး ခန္ဓာကိုယ် အရည်အသွေးမှာလည်း များစွာ တိုးတက်လာကာ... သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့် သန်မာသူများ၏ အဆင့်ကို ကျော်လွန်သွားခဲ့ချေပြီ။ အနည်းငယ်မျှ ကျော်လွန်ခြင်း မဟုတ်ဘဲ အနည်းဆုံးတော့ အဆပေါင်းများစွာ သာလွန်နေခြင်းပင် ဖြစ်၏။

လော့ချန် စိတ်ထဲမှ ထူးဆန်းနေမိသည်။

ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ခန္ဓာကိုယ် သန့်စင်ပေးသည့် အာနိသင် ရှိသည်ဟု သူ မကြားဖူးပေ။ သူသည် ချက်ချင်းပင် မျက်လုံးများကို မှိတ်လိုက်ပြီး သေသေချာချာ အာရုံခံကြည့်လိုက်သည်။

အလင်းတန်းများ ဝင်းလက်နေသော အသားစများနှင့် အရိုးများအတွင်း၌ သွေးစွမ်းအားများမှာ ဆူဝေနေပြီး သေသေချာချာ အာရုံခံကြည့်သည့်အခါ ဝေဝါးလှသော အလွန်အေးစက်သည့် အရှိန်အဝါ အစအနလေးများကို တွေ့ရှိလိုက်ရသည်။

“ဒါက...”

ထို အလွန်အေးစက်သော အရှိန်အဝါများ၏ သန့်စင်ပေးမှုကြောင့် သူ၏ အသားစများနှင့် အရိုးများမှာ ပိုမို သိပ်သည်းပြီး သန်မာလာခဲ့ခြင်း ဖြစ်မည်ဟု လော့ချန် ခန့်မှန်းလိုက်သည်။

ထို အလွန်အေးစက်သော အရှိန်အဝါကို လော့ချန် အနည်းငယ် ရင်းနှီးနေသည်။ ယင်းလီက သူမ၏ အေးခဲကျင့်စဉ် အရှိန်အဝါကို ထုတ်ဖော်စဉ်က သူ ခံစားခဲ့ဖူးခြင်းပင် ဖြစ်၏။

“ဒါဆိုရင်... အဲဒါတွေက အမှန်တရားပဲလား...”

လော့ချန်သည် နှုတ်ခမ်းကို အမှတ်မထင် မသိမသာ တစ်ချက် သပ်လိုက်မိပြီး လည်ချောင်းများပင် ခြောက်ကပ်လာခဲ့သည်။

စိတ်ဝိညာဉ် ပုံရိပ်ယောင်အတွင်းသို့ ကျရောက်သွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှမှာ စစ်မှန်သလိုလို၊ ပုံရိပ်ယောင်လိုလို ဖြစ်နေပြီး ဝေဝါးနေသဖြင့် အမှန်အမှား ခွဲခြားရန် ခက်ခဲသော်လည်း လော့ချန်၏ စိတ်ထဲ၌မူ အမှတ်အသား အချို့ ရှိနေဆဲပင်။

သူသည် တပ်မက်မှု ဝဲဂယက်အတွင်းသို့ ကျရောက်သွားပြီး ရူးသွပ်စွာ ဖောက်ပြန်နေစဉ်မှာပင် ဝေဝါးစွာဖြင့် တာ့ချီမင်းဆက် ကျိလော့ဂိုဏ်း၏ ‘ယွီလင်း’ ကျင့်စဉ်ဟု ခေါ်သော အဖိုအမ ဓာတ်ကူးပြောင်းသည့် ကျင့်စဉ်ကို လှုပ်ရှားခဲ့သကဲ့သို့ ခံစားခဲ့ရသည်။

လော့ချန်သည် မူလက ထိုအရာအားလုံးမှာ ပုံရိပ်ယောင်သာ ဖြစ်သည်ဟု ယူဆထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယခင်က ထို ‘ယွီလင်း’ ကျင့်စဉ် ကျမ်းစာကို စိတ်ဝင်စားသဖြင့် တစ်ချက် ကြည့်ဖူးရုံသာ ရှိသေးပြီး သေသေချာချာ ကျင့်ကြံထားခြင်း မရှိသောကြောင့်ပင် ဖြစ်၏။

ယခုကြည့်ရသည်မှာ ထိုသို့ မဟုတ်ပုံ ပေါ်နေချေပြီ။

“ငါ့ရဲ့ ကျင့်ကြံဆင့်က ဒီလောက်အထိ တစ်ဟုန်ထိုး တိုးတက်လာတာကလည်း ဒါနဲ့ သက်ဆိုင်နေတာလား...”

လော့ချန် အတည်မပြုနိုင်ဘဲ ဖြစ်နေရသည်။ ထိုစဉ်က ဖြစ်ပျက်ခဲ့သမျှမှာ အခုထိ အိပ်မက်တစ်ခု မက်နေသကဲ့သို့ပင် ခံစားနေရဆဲ ဖြစ်သည်။ ယင်းလီကို တွေးမိသည့်အခါ လော့ချန်၏ စိတ်မှာ လေးလံသွားရသည်။

ယင်းလီက ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ သတ္တမအလွှာတွင် ပေါ်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့သလို၊ ဤကဲ့သို့သော မတော်တဆမှုမျိုး ဖြစ်လာလိမ့်မည်ဟုလည်း မတွေးမိခဲ့ပေ။

ထိုလော့ရှာဂိုဏ်း၏ ထိပ်သီးမျိုးဆက်တပည့် နိုးလာသည့်အခါ မည်သို့သော မုန်တိုင်းမျိုး တိုက်ခတ်လာမည်နည်း ဆိုသည်ကို သူ စဉ်းစားကြည့်ရန်ပင် ခက်ခဲလှပေသည်။

လော့ချန်၏ စိတ်ထဲတွင် လော့ရှာဂိုဏ်းမှ ချက်ချင်း ထွက်ပြေးချင်သော စိတ်များပင် ပေါ်ထွက်လာရသည်။

သို့သော်လည်း တစ်ဖက်လူမှာ ကောင်းကင်အဆင့် သန်မာသူ ဖြစ်သလို၊ လော့ရှာဂိုဏ်း၏ ထိပ်သီးမျိုးဆက်တပည့်လည်း ဖြစ်ရာ သူ မည်သည့်နေရာသို့ ပြေးနိုင်ပါမည်နည်း။

တာယွဲ့မင်းဆက်မှ ထွက်ခွာသွားမှသာ ရပေလိမ့်မည်။

“ထားလိုက်ပါတော့။ ဒီအခြေအနေရောက်မှတော့ ဘယ်လိုဖြစ်ဖြစ် အခြေအနေ ကြည့်ပြီးတော့ပဲ လုပ်ရတော့မှာပေါ့။ ပြောရရင်တော့ ငါလည်း ဒဏ်ရာရခဲ့တာပဲလေ...”

လော့ချန်သည် မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုစဉ်က သူသည် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ စိတ်ဝိညာဉ် ပုံရိပ်ယောင် တိုက်ခိုက်မှုများကို ခံနေရခြင်းဖြစ်ရာ မူလက ဆင်ခြင်တုံတရား အနည်းငယ် ကျန်ရှိနေသေးသော်လည်း ယင်းလီက ရုတ်တရက် ပေါ်လာပြီး သူ့အား အမျိုးမျိုး ပြုမူခဲ့ခြင်းကြောင့်သာ သူသည် ပုံရိပ်ယောင်အတွင်းသို့ နစ်မွန်းသွားခဲ့ရခြင်း မဟုတ်ပါလော။

သေချာသည်မှာ ထိုအတွေးကို စိတ်ထဲ၌သာ တွေးရဲခြင်း ဖြစ်ပြီး ယင်းလီကို သွားပြောမည်ဆိုလျှင်မူ မိမိကိုယ်ကိုယ် သေကြောင်းကြံခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။ မည်သည့် ဖြေရှင်းနည်းမှ မရှိသဖြင့် လော့ချန်သည် ဆက်လက်၍ မတွေးတော့ဘဲ အပေါ်ဘက်သို့ ကူးခတ် တက်လာခဲ့သည်။

စတုတ္ထအလွှာရှိ ရေပြင်မှ ထွက်ခွာလာသည်အထိ လော့ချန်သည် မည်သည့် လော့ရှာဂိုဏ်း တပည့်ကိုမျှ မတွေ့ရှိခဲ့ပေ။

“ယန်ချင်းရှုံး တို့လည်း ထွက်သွားကြပြီ ထင်တယ်... အချိန်ဘယ်လောက်တောင် ကုန်သွားပြီလဲ မသိဘူး...”

ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်အတွင်း၌ အရှိန်အဝါများမှာ ရှုပ်ထွေးနေပြီး အချိန်၏ ကုန်ဆုံးမှုကိုလည်း လုံးဝ ခံစား၍ မရပေ။

လော့ချန် အရှိန်ကို မြှင့်တင်လိုက်သည်။

မကြာမီမှာပင် လော့ချန်သည် ပထမအလွှာရှိ ရေပြင်သို့ ရောက်ရှိလာခဲ့ပြီး ရေပြင်ထက်မှတစ်ဆင့် အိုင်ကမ်းစပ်ရှိ လူရိပ်များကို ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။

အရိုးစုများ ပြည့်နှက်နေသော ရေအောက်ကမ္ဘာအတွင်း၌...

လူ ၂၀၊ ၃၀ ခန့်မှာ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ ဘေးနားတွင် စောင့်ဆိုင်းနေကြသည်။

ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်အတွင်း ကျင့်ကြံနေသော လော့ရှာဂိုဏ်း တပည့် ၁၄ ဦးအပြင် လော့ရှာဂိုဏ်း အကြီးအကဲ ဆယ်ဂဏန်းခန့်လည်း ရှိနေကြသည်။

လူတိုင်းမှာ မြူခိုးများ ဖုံးလွှမ်းနေသော အိုင်ရေပြင်ကို ကြည့်ကာ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြပုံ ရသည်။

“၃ ရက်တောင် ရှိသွားပြီ... အဲဒီကောင်က ဘာလို့ အခုထိ ထွက်မလာသေးတာလဲ...”

“တစ်ခုခု ဖြစ်သွားတာများလား။ တကယ်လို့ သူ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ထဲမှာ တစ်ခုခု ဖြစ်သွားရင် ငါတို့ လော့ရှာဂိုဏ်း အတွက် မကောင်းဘူးလေ... ရွှမ်ယွမ်ဂိုဏ်း ကိုလည်း ဘယ်လို ရှင်းပြရမှန်း သိမှာ မဟုတ်ဘူး...”

“မဖြစ်နိုင်ပါဘူး။ ယင်းလီ ရှိနေတာပဲ... ဘာဖြစ်နိုင်မှာလဲ...”

“ဒါလည်း ဟုတ်တာပဲ။ ဒါပေမဲ့ အချိန်က တကယ်ကို ကြာလွန်းနေပြီ...”

လော့ရှာဂိုဏ်း အကြီးအကဲများမှာ အချင်းချင်း ဆွေးနွေးနေကြပြီး ငြိမ်သက်နေသော အိုင်ရေပြင်ကို ထူးဆန်းသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် ပွင့်သွားပြီး နာရီအနည်းငယ် အကြာမှာတင် ကျင့်ကြံနေသော လော့ရှာဂိုဏ်း တပည့်များမှာ တစ်ဦးပြီးတစ်ဦး ထွက်လာကြပြီ ဖြစ်သည်။

အတွင်းစည်း၏ စီနီယာအစ်မကြီး ယူလန်ရှင်းမှာ အကြာဆုံး တောင့်ခံနိုင်သူဖြစ်ပြီး ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ စတုတ္ထအလွှာတွင် ၁၁ နာရီခန့်အထိ ကျင့်ကြံနိုင်ခဲ့ခြင်းပင်။

လော့ချန်သည်လည်း မကြာမီ ပြန်ထွက်လာလိမ့်မည်ဟု လူတိုင်း ထင်မှတ်ထားခဲ့သော်လည်း ယခုမူ ၃ ရက်တိုင်အောင် စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။ ဤသည်က လူတိုင်းကို အံ့သြသွားစေခဲ့သည်။

သွေးကြောနိုးကြားမှုနယ်ပယ် တပည့်တစ်ဦးအနေဖြင့် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်အတွင်း၌ ဤမျှလောက်အထိ ကြာအောင် မည်သူမျှ မတောင့်ခံနိုင်ဖူးသေးပေ။ စိတ်ဝိညာဉ်နှင့် ဝိညာဉ်စွမ်းအားမှာ ဤမျှအထိ တောင့်ခံနိုင်စွမ်း မရှိသည်မဟုတ်ပါလော။

ယင်းလီ ရှိနေကြောင်း သိရှိထားကြသဖြင့်သာ လော့ရှာဂိုဏ်း အကြီးအကဲများမှာ တစ်ခုခု လွဲချော်နေသလား ဆိုသည်ကို သိရှိရန် လူလွှတ်၍ မစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထိုနေရာရှိ လော့ရှာဂိုဏ်း တပည့်မလေး ၁၄ ဦးမှာလည်း အချင်းချင်း ဆွေးနွေးနေကြသည်။

သူတို့ကိုယ်တိုင် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ ထိတ်လန့်ဖွယ် ဖိအားများကို ခံစားခဲ့ရသူများ ဖြစ်သဖြင့် လော့ချန် ဤမျှလောက်အထိ ကြာအောင် တောင့်ခံနိုင်သည်ဆိုခြင်းကို အလွန်ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြရသည်။

“ကြည့်ရတာတော့ သူ နက်မှောင်မြူခိုးတောင် စစ်ဆေးမှုမှာ စီနီယာအစ်မ ယင်းလီ ရဲ့ စံချိန်ကို ချိုးနိုင်ခဲ့တာက တိုက်ဆိုင်မှု မဟုတ်ဘူးပဲ။ သူ့ရဲ့ ဇွဲလုံ့လနဲ့ ဝိညာဉ်စွမ်းအားက သေချာပေါက် ငါတို့ထက် အများကြီး ပိုပြီးတော့ သန်မာနေမှာပဲ...”

ယူလန်ရှင်းသည် အိုင်ရေပြင်ကို စိုက်ကြည့်လျက် လေးနက်စွာ ဆိုလိုက်သည်။

ချီယွဲ့သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိပြီး အထင်မကြီးဟန်ဖြင့် ဆိုလိုက်သည်။

“စီနီယာအစ်မ... အစ်မက သူ့ကို အရမ်း အထင်ကြီးလွန်းနေတာပါ။ သူက ဒုတိယအလွှာ ဒါမှမဟုတ် တတိယအလွှာမှာပဲ နေနေလို့ ဒီလောက်အထိ ကြာတာလည်း ဖြစ်နိုင်တာပဲလေ။ တကယ်လို့ အစ်မသာ တတိယအလွှာမှာ နေမယ်ဆိုရင် ၃ ရက်မကဘဲ အဲဒီထက်တောင် ပိုပြီးတော့ ကြာအောင် တောင့်ခံနိုင်မှာပါ”

ဘေးနားတွင် တရားထိုင်နေသော ယန်ချင်းရှုံးက ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး ဆိုလိုက်သည်။

“လော့ချန်က အဲဒီလို လူမျိုး မဟုတ်ဘူး။ သူက ကိုယ့်ရဲ့ အကန့်အသတ်ကို အကြိမ်ကြိမ် ချိုးဖျက်တတ်တဲ့ လူမျိုးပဲ...”

ယူလန်ရှင်းကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“အလွယ်တကူ နောက်ဆုတ်တတ်တဲ့ လူမျိုးဆိုရင်တော့ နက်မှောင်မြူခိုးတောင် ထိပ်ကို ရောက်နိုင်မှာ မဟုတ်သလို၊ ဓားဆန္ဒကို နားလည်ထားတဲ့ ဓားသမားတစ်ယောက်လည်း ဖြစ်လာမှာ မဟုတ်ဘူး”

ထိုစကားကြောင့် ချီယွဲ့သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ နှုတ်ဆိတ်သွားသော်လည်း စိတ်ထဲတွင်မူ မကျေမနပ် ဖြစ်နေရသည်။

ယခင်က သူမသည် လော့ချန်၏ ဓားဆန္ဒဖြင့် ဖိနှိပ်ခြင်းကို ခံခဲ့ရရုံတင်မကဘဲ လူအများရှေ့တွင် တောင်းပန်ခိုင်းခြင်းကိုလည်း ခံခဲ့ရသဖြင့် လော့ချန်ကို အလွန်ပင် မုန်းတီးနေသည်မှာ သေချာလှပေသည်။ ယခု ထိုနှစ်ဦးက လော့ချန်ကို ချီးကျူးနေကြသဖြင့် သူမ စိတ်ထဲတွင် လုံးဝ မပျော်ရွှင်ပေ။

သို့သော်လည်း ဤတစ်ကြိမ် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်အတွင်း ကျင့်ကြံခြင်းမှ သူမ ရရှိလာခဲ့သော ကြီးမားလှသည့် တုံ့တက်မှုများကို တွေးမိသည့်အခါ ချီယွဲ့၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

နောက်တစ်ကြိမ်သာ ဖြစ်လာမည်ဆိုပါက လော့ချန်၏ ၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒမှာ သူမ၏ အရှိန်အဝါကို လုံးဝ ဖြိုခွဲနိုင်မှာ မဟုတ်တော့ပေ။ ၈၀ ရာခိုင်နှုန်းသော ပြည့်စုံသည့် ဓားဆန္ဒဆိုလျှင်ပင် မဖြစ်နိုင်တော့ပေ။

သူမသည် အခွင့်အရေး ရှာပြီး လော့ချန်နှင့် ထပ်မံ ယှဉ်ပြိုင်ကာ ယခင်က အရှက်ရခဲ့သည်များကို ပြန်လည် ဆေးကြောပစ်မည်ဟု ဆုံးဖြတ်ထားချေပြီ။

“ဝုန်း...”

ထိုစဉ် အိုင်ရေပြင်ထက်၌ ဧရာမ လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုမှာ ရေပြင်ထက်သို့ တိုးထွက်လာခဲ့လေသည်။

အခန်း ၅၇၆ ပြီးပါပြီ။

All Chapters