← Chapters

လည်ပတ်ခြင်း

Vol. 47 Ch. 692

လည်ပတ်ခြင်း

Vol. 47 Ch. 692

"ခမည်းတော်၊ သူတို့အားလုံးက အရမ်း သန်မာတယ်လေ"

ဟုန်ရိ ပြန်မဖြေရသေးခင် ယွင်အာက စိုးရိမ်တကြီး ဝင်ပြောလိုက်သည်။ ယခုန လဲကျသွားသည့် သူရဲကောင်းက အလွန်သန်မာပြီး ကျွမ်းကျင်သူ ဖြစ်သည်။ ထိုလူကြီးကပင် ဟုန်ရိကို အလွယ်တကူ ကိုင်ပေါက်နိုင်ပေလိမ့်မည်။ သူတို့အားလုံးက သန်မာလွန်းသောကြောင့် သူမ၏ဝမ်းကွဲတော် ထိခိုက်သွားမည်ကို သူမ စိုးရိမ်နေမိသည်။

“ဝမ်းကွဲတော်၊ စိတ်မပူပါနဲ့”

သူ့ဝမ်းကွဲအစ်မတော်က သူ့အတွက် စိတ်ပူနေသည်ကို မြင်လိုက်သောကြောင့် ယဲ့လွီဟုန်ရိက သူမကို အပြုံးဖြင့် နှစ်သိမ့်လိုက်သည်။ လူငယ်လေးက ယှဉ်ပြိုင်လိုစိတ် ပြင်းထန်လာပြီး ယုံကြည်မှုရှိရှိ မတ်မတ်ရပ်ကာ ရှောင်းကျဲယွိကို လက်သီးအုပ် ဂါရဝပြုလိုက်သည်။

“ဦးရီးတော် ဟုန်ရိက ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် လုပ်မိပါပြီ"

“ဟား ဟား၊ ကောင်းတယ်၊ သူရဲကောင်းဆိုတာ လူငယ်တွေထဲကပဲ ထွက်ပေါ်နိုင်တာ”

ရှောင်းကျဲယွိက ယဲ့လွီဟုန်ရိကို သဘောကျဟန်ဖြင့် လှမ်းကြည့်လိုက်သည်။ သူက လူငယ်လေး၏သတ္တိကို ချီးကျူးနေပြီး သူ့၏ရဲစွမ်းသတ္တိအား အလွန်သဘောကျနေလေသည်။

သူ့ရဲ့ခိုင်မာတဲ့ မျက်လုံးတွေနဲ့ ယုံကြည်မှုရှိတဲ့ အမူအရာတွေကို ကြည့်လိုက်ရင် စိတ်ချနိုင်ပုံရတယ်။ မျှော်လင့်ထားတဲ့အတိုင်း အဖေ တူသားပဲ။

ယဲ့လွီဟုန်ရိက စင်မြင့်ဆီသို့ ကျောမတ်မတ်ဖြင့် တည့်တည့် လျှောက်လှမ်းနေသည်။ သူက စင်ပေါ်မှ နပန်းသမားကို ရဲရင့်စွာ ကြည့်နေပြီး လေတိုက်ခတ်မှုကြောင့် သူ့အဝတ်အစားများ လွင့်ပျံလာချိန်တွင် လူငယ်လေးက ခမ်းနားထည်ဝါသော အရှိန်အဝါကို ထုတ်ဖော်ပြသနေလေသည်။

နပန်းသမားက သူ့ကို လှမ်းကြည့်လိုက်ပြီး ဆယ်ကျော်သက်အရွယ်လူငယ်လေး ဖြစ်နေသောကြောင့် သူ့ကို လျှော့တွက်လိုက်ပုံရသည်။

“လာခဲ့”

ယဲ့လွီဟုန်ရိက လက်ခုပ်အုပ်ကာ စတင်မိတ်ဆက်လိုက်သည်။

"ဟုန်ရိပါ၊ ခွင့်ပြုပေးပါဦး"

ရှောင်းကျဲယွိက ယဲ့လွီဟုန်ရိကို အပြုံးဖြင့် လှမ်ကြည့်နေသည်။

ဒီကလေးရဲ့ အမူအကျင့် သူ့လှုပ်ရှားမှုတိုင်းက အလယ်ပိုင်းလွင်ပြင်ကလူတွေနဲ့ အရမ်းတူသည်။ ကျင့်ဝတ်ကင်းမဲ့နေတာမျိုး မရှိဘူး။ သူ့ညီမလေးက သားဖြစ်သူကို သွန်သင်ပေးဖို့ အများကြီး အားထုတ်ခဲ့ပုံရတယ်။

သူ့ညီမလေးကို တွေးလိုက်မိချိန်တွင်တော့ ရှောင်းကျဲယွိ၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ့ညီမလေးက နှလုံးရောဂါ ခံစားနေရဆဲ ဖြစ်သောကြောင့် ရှောင်းကျဲယွိတစ်ယောက် ရင်ကွဲမတတ် စိတ်ပူနေရသည်။

ချင်းအာက ဘယ်အချိန် အိမ်ပြန်နိုင်မယ်ဆိုတာ သူ မသိသေးဘူး။ သူ သူ့ညီမလေးကို အရင် သွားကြည့်သင့်တယ်။ ပြီးတော့ သူနဲ့အတူ အသားလင်ဇီး ယူသွားလိုက်ရင် သူ့ညီမလေးရဲ့ နှလုံးရောဂါကို သက်သာသွားနိုင်မလား?

ထိုအတွေးကြောင့် ရှောင်းကျဲယွိတစ်ယောက် ထိုင်မစောင့်ချင်တော့ပေ။ သူက ကျစ်ချီကို လက်ယပ် လှမ်းခေါ်လိုက်သည်။

"ကျစ်ချီ၊ ခမည်းတော် မင်းရဲ့‌‌ဒွေးတော်ဆီ သွားလည်ချင်တယ်၊ မင်း ရုံးတော်ကို အေးအေးဆေး‌ဆေး စီမံနိုင်မယ်လို့ ယုံကြည်မှုရှိလား”

“သားတော်အနေနဲ့ ရုံးတော်ကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်မယ်လို့ ယုံကြည်မှု အပြည့်ရှိပါတယ်”

ကျစ်ချီက လက်သီးအုပ်ကာ ပြန်ဖြေလိုက်သည်။

"ကောင်းတယ်၊ ကောင်းတယ်၊ ခမည်းတော် မင်းကို အကြည့်မမှားခဲ့ဘူး"

ရှောင်းကျဲယွိက အလွန် ကျေနပ်သွားပြီး ပျော်ရွှင်နေလေသည်။

ဒီတခေါက် ကျစ်ချီသာ ရုံးတော်ကိစ္စတွေကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်ခဲ့ရင် ကျစ်ချီကို ထီးနန်းလွှဲပေးဖို့ ကိစ္စ ရှေ့တိုးလို့ ရပြီ။ သူက ချင်းအာနဲ့အတူ လယ်လုပ်ဖို့ ကတိပေးထားသေးတယ်လေ။ သူ့ကတိကို ဖြည့်ဆည်းပေးရမယ့် အချိန်တန်ပြီ။

ထိုအချိန်တွင် စင်မြင့်ပေါ်မှ ယဲ့လွီဟုန်ရိက နပန်းသမားနှင့် တိုက်ခိုက်နေပြီ ဖြစ်သည်။ အစပိုင်းတွင် ယဲ့လွီဟုန်ရိက ပြိုင်ဖက်နပန်းသမား၏ အစွမ်းကို စမ်းသပ်နေရုံသာဖြစ်ပြီး ခုခံကာကွယ်သည့် အနေအထား၌ ရှိနေခဲ့သည်။ သို့သော် သူ၏ လျင်မြန်ဖျတ်လတ်မှုကြောင့် နပန်းသမားအနေဖြင့် သူ့ကို မြှောက်တင်ကာ ကိုင်ပေါက်ရန် အခွင့်အရေးရှာဖို့ ခက်ခဲနေလေသည်။

နပန်းသမားက ယဲ့လွီဟုန်ရိကို ဖမ်းရန် ကြိုးပမ်းနေခဲ့သော်လည်း သူက ချော်နေသည့်မြွေတစ်ကောင်ကဲ့သို့ ဖြစ်နေကာ လက်မောင်းချင်းသာ ထိတွေ့နိုင်ခဲ့သည်။ နပန်းသမား၏ အင်အားကို နားလည်သွားပြီးနောက်တွင် ယဲ့လွီဟုန်ရိက ရုတ်တရက် သူ၏ အင်အားကို အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။ သူက ပြိုင်ဖက်နပန်းသမားအား တုံ့ပြန်ရန် အချိန်မပေးဘဲ တစ်ဖက်လူ၏ခါးပတ်ကြိုးပြားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ချလိုက်သည်။ နပန်းသမားကတော့ သူ ကြမ်းပြင်ပေါ်သို့ ကျသွားသည်အထိ မှင်သက်နေဆဲဖြစ်ကာ သူ မည်သို့မည်ပုံ ပစ်ချခံလိုက်ရသည်ကို တွေးနေမိသည်။

"အရမ်း ‌ကောင်းတယ်! ဟုန်ရိ၊ နင်က အံ့သြစရာပဲ!"

ယွင်အာက ပွဲကို စိတ်လှုပ်ရှားစွာ ကြည့်နေပြီး သူ့မ၏ဝမ်းကွဲ အောင်ပွဲခံနိုင်သွားသည်ကို မြင်လိုက်ရချိန်တွင် ရွှင်ရွှင်မြူးမြူး ထခုန်လိုက်သည်။ ယဲ့လွီဟုန်ရိကို လေးစားမှုအပြည့်ဖြင့် ကြာ့်နေသော သူမ၏ မျက်လုံးလေးများက ပိုတောက်ပလာပြီး လက်ခုပ်တီးကာ အားရပါးရ ဂုဏ်ပြုနေသည်။

“ဝမ်းကွဲတော်က မယုံနိုင်လောက်အောင် အင်အားကြီးလွန်းတယ်”

ကျစ်စုန့်က လေးစားမှုနှင့် မနာလိုမှုတို့ ပြည့်နှက်နေသော အကြည့်များဖြင့် မှတ်ချက်ချလိုက်သည်။ သူက ယဲ့လွီဟုန်ရိကဲ့သို့ အရည်အချင်းမျိုး ပိုင်ဆိုင်ချင်နေသူ ဖြစ်သည်။

ထိုအချိန်တွင် ကျစ်ချီနှင့် စကားပြောနေသော ရှောင်းကျဲယွိက ပြိုင်ပွဲ၏ စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်ကို လွဲချော်သွားခဲ့သည်။ သို့သော်လည်း သူက တူဖြစ်သူအတွက် လက်ခုပ်ဩဘာချီးမြှင်ပေးခဲ့သည်။

"ကောင်းတယ် ဟုန်ရိ! မင်းက တကယ်ကို ထူးချွန်တာပဲကွ”

သူ့ညီမ၏ ကလေးက ထိုမျှထူးချွန်နေသောကြောင့် ရှောင်းကျဲယွိ အလွန်ပျော်ရွှင်သွားပြီး ယဲ့လွီဟုန်ရိ၏အောင်မြင်မှုကို သူ့၏ကိုယ်ပိုင်အောင်မြင်မှုသဖွယ် နှလုံးသွင်းကာ ဂုဏ်ယူဝင့်ကြွားမှုအပြည့်ဖြင့် အော်ဟစ်လိုက်သည်။

"ဟုန်ရိ၊ မင်း ဦးရီးတော်ဆီကနေ ဘာဆုရချင်လဲ? မင်း အလိုရှိသမျှကို တောင်းဆိုနိုင်တယ်၊ အဲ့ဒါက မင်းအပိုင် ဖြစ်လာလိမ့်မယ်!"

ဤရက်ရောသောကမ်းလှမ်းချက်ကို တုံ့ပြန်သည့်အနေဖြင့် ယဲ့လွီဟုန်ရိက ရှောင်းကျဲယွိအား လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

“ဦးရီးတော်၊ ဟုန်ရိက တခြား ဘာဆုမှ မလိုချင်ပါဘူး၊ မယ့်တော်ကို ဆေးကုသပေးဖို့၌ြ တောင်းဆိုပါရစေ”

“ဘယ်လောက်တောင် သိတတ်လိမ္မာတဲ့ သားလဲ…. မင်းမယ်တော်ရဲ့ရောဂါကို ကုသပေးမယ်လို့ ကျန်း ကတိပေးတယ်"

သူ့တူလေး မည်မျှ ဉာဏ်ရည်ထက်မြက်သည်ကို မြင်လိုက်ရသောကြောင့် ရှောင်းကျဲယွိက ဝမ်းသာအားရ ကတိပေးလိုက်သည်။

သူ့ညီမမှာ ဒီလိုမျိုး သားကောင်းတစ်ယောက် ရှိနေလို့ သူ ဝမ်းသာတယ်။

ထိုညနေခင်း နန်းတော်အတွင်း ညစာစားနေချိန်တွင် ရှောင်းကျဲယွိက သူ့တူတော်ကို လှမ်းပြောလိုက်သည်။

"ဟုန်ရိ အဆင်သင့်ပြင်ထားတော့၊ ဦးရီတော် မနက်ဖြန် မင်းနဲ့အတူ တာ့ထန်ပြည်ထောင်ကို ပြန်လိုက်မယ်”

"ဦးရီးတော်က ဟုန်ရိနဲ့အတူ ပြန်လိုက်မှာလား?"

ဟုန်ရိက သူ့ဦးရီးတော် ဝမ်းသာအားရ လှမ်းကြည့်လိုက်သည်။

ဦးရီးတော်ကို တွေ့ရရင် သူ့မယ်တော် ဝမ်းသာသွားမှ သေချာတယ်။ မယ်တော် ပျော်သွားရင် မယ်တော်ရဲ့ရောဂါလည်း တစ်ဝက်လောက်သက်သာသွားမှာ သေချာတယ်။

“ခမည်းတော်၊ ယွင်အာ ဒွေးတော်ကို တခါမှ မတွေ့ဖူးသေးဘူး၊ ခမည်းတော် ယွင်အာ့ကို ခေါ်သွားပေးလို့ရမလား”

သူမ၏ခမည်းတော် တာ့ထန်ပြည်ထောင်သို့ သွားတော့မည်ဟု သိလိုက်ရချိန်တွင် ယွင်အာ၏ မျက်လုံးလေးများက တောက်ပလာပြန်သည်။

ဟိုမှာ မြက်ခင်းပြင်အကျယ်ကြီးတွေ ရှိတယ်လို့ သူမ ကြားဖူးတယ်။ သူမ သွားကြည့်ချင်တယ်။

"ခမည်းတော်၊ ဒီသားတော်လည်း သွားချင်ပါတယ်"

ကျစ်စုန့်က သူ့အစ်မတော်နှင့်အတူ တောင်းပန်နေပြီး သူ့၏မျက်လုံးများထဲတွင်လည်း တော့တမှုများ ပြည့်နှက်နေသည်။

“မင်းတို့တွေ…”

ရှောင်းကျဲယွိက သူတို့ သွားစရာ မလိုဘူးလို့ ပြောရန် ပြင်လိုက်သော်လည်း ကလေးနှစ်ယောက်၏ မျက်ဝန်းများ၊ အထူးသဖြင့် ယွင်အာ၏မျက်ဝန်းများထဲမှ တောင့်တမှုကို မြင်လိုက်ရချိန်တွင် သူ မငြင်းရက်တော့ပေ။ သူက ယွင်အာ ငယ်ငယ်လေးကတည်းက သူမ တစ်ခုခု လိုချင်တိုင်း သမီးဖြစ်သူ စိတ်ကျေနပ်အောင် အစွမ်းကုန် လုပ်ပေးခဲ့သူ ဖြစ်သည်။

သူ့ညီမလေးမှာ သားသုံးယောက်ပဲ ရှိပြီး သမီး မရှိဘူး။ ယွင်အာကို တွေ့ရရင် ရှောင်ယင် ပျော်ရွှင်သွားလိမ့်မယ်။ ပြီးတော့ ယွင်အာရဲ့စရိုက်က ရှောင်ယင် လက်မထပ်ခင်ကနဲ့ တစ်ပုံစံတည်းပဲ။

"ကောင်းပြီ၊ မင်းတို့လည်း အဆင်သင့် ပြင်ထားလိုက်ကြ၊ မနက်ဖြန် ခမည်းတော်နဲ့အတူ တာ့ထန်ပြည်ထောင်ကို သွားကြမယ်"

"အဲဒါ အရမ်းကောင်းတယ်။ ကျေးဇူးတင်ပါတယ် ခမည်းတော်ဧကရာဇ်”

ထိုစကားက ယွင်အာကို အလွန်ပျော်ရွှင်သွားစေပြီး သူမက ရှောင်းကျဲယွိ၏ လက်မောင်းကို ပွေ့ဖက်ကာ ခုန်ပေါက်နေပြန်သည်။

"ဟား ဟား၊ ဟိုရောက်ရင် ဒုက္ခမပေးနဲ့နော်"

ရှောင်းကျဲယွိက သူ့သမီးကို စူးရှသောအကြည့်ဖြင့် ကြည့်ကာ သူမ၏အပြုအမှုနှင့် ဒေါသကို ထိန်းချုပ်ရန် သတိပေးလိုက်သည်။

"ယွင်အာ သိပါပြီ"

ယွင်အာက နာနာခံခံ သဘောတူလိုက်သည်။

တကယ်တော့ သူမလည်း သိပြီးသားပါ၊ ကိုယ့်အိမ်ကိုယ်ယာ မဟုတ်ရင် သူမ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး ဆင်ဆင်ခြင်ခြင် နေရမယ်။

နောက်တစ်နေ့တွင် ရှောင်းကျဲယွိက ပေါ့ပေါ့ပါးပါး ၀တ်စားကာ ရွှေဓားကိုင် သက်တော်စောင့်တစ်ရာမျှဖြင့် မြို့တော်အပြင်သို့ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။

ယွင်အာနှင့် ကျစ်စုန့်တို့က ရထားလုံးပေါ်တွင် ထိုင်နေပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်နေကြသည်။ ယဲ့လွီဟုန်ရိက ရှောင်းကျဲယွိနဲ့အတူ မြင်းစီးနေသည်။ ယဲ့လွီဟုန်ရိက မြင်းများပေါ်တွင် ကြီးပြင်းလာရသည့် ကလေးတစ်ဦး ဖြစ်ပြီး သူ၏မြင်းစီးပုံက အလွန်သဘာဝကျကာ အထိန်းအကွပ်မရှိပေ။ ရှောင်းကျဲယွိ၏ မျက်လုံးများထဲတွင် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေပြီး ယွင်အာ၏ မျက်လုံးများထဲတွင်တော့ ကြယ်များ ပြည့်နှက်နေလေသည်။ ကျစ်စုန့်ကလည်း ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။

"ခမည်းတော်ဧကရာဇ်၊ သားတော်လည်း မြင်းစီးချင်တယ်"

ကျစ်စုန့်က ငယ်စဉ်ကတည်းက မြင်းစီးတတ်နေပြီ ဖြစ်သည်။ အထူးသဖြင့် လူငယ်လေးများက မြင်းစီးရသည်ကို နှစ်သက်ကြပြီး မြင်းပေါ်၌ ရှိနေချိန်တွင် သူတို့ကိုယ်သူတို့ ယောက်ျားရင့်မာကြီးများသဖွယ် မှတ်ယူကြသည်။

“ကောင်းပြီ”

ရှောင်းကျဲယွိက ကျေကျေနပ်နပ် သဘောတူလိုက်သည်။

ကျစ်စုန့်က သူ့ရဲ့အချစ်ဆုံးသားလေ။ ကျစ်ချီက တည်ငြိမ်လွန်းတယ်၊ ကျစ်ကျန့်က တိတ်ဆိတ်လွန်းတယ်။ ကျစ်စုန့်တစ်ယောက်ပဲ စွမ်းအင်တွေ အပြည့်နဲ့ လန်းဆန်းတက်ကြွလွန်းတာ။ ကျစ်စုန့်က နေ့တိုင်းနေတိုင်း အဆုံးမဲ့ အင်အားတွေနဲ့ တက်တက်ကြွကြွ ပြေးလွှားနေတဲ့ လူငယ်လေးပဲ။

သူတို့အဖွဲ့က မြောက်ဘက်သို့ ဦးတည် ခရီးနှင်နေခဲ့ကြပြီး သူတို့ ထွက်သွားပြီး သုံးရက်အကြာတွင် စူးချင်းက အန်းဟွေ့မှ ပြန်ရောက်လာခဲ့သည်။

သူမ၏ ဤတောင်ဘက်ခရီးစဉ်တွင် ထိုနေရာ၌ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပွားနေခဲ့သည်။ ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့သွားတော့မည် အရိပ်အယောင်များ ရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် စူးချင်း ရောက်သွားခဲ့ပြီး လူတိုင်းကို သူတို့၏နေအိမ်မှ အပြင်ထွက်ခွင့် ပိတ်ပင်လိုက်သည်။ သူမက လူတချို့ခေါ်ကာ သူတို့အတွက် နေ့စဉ် ဆေးဝါးနှင့် အစားအသောက်များ ပေးပို့စေခဲ့သည်။ ထိုကူးစက်ရောဂါ ပျောက်ကင်းသွားရန် ဆယ်ရက်ကျော် အချိန်ယူခဲ့ရသည်။

ထိုကူးစက်ရောဂါကြောင့် သူမ မြို့တော်သို့ ပြန်လာရန် နှောင့်နှေးနေခဲ့ခြင်းပင်။ နောက်ဆုံးတွင် သူမ မြို့တော်သို့ ပြန်ရောက်လာခဲ့ပြီး ရှောင်းလန်ရှင်း၏ရောဂါအကြောင်းနှင့် ရှောင်းကျဲယွိက ကလေးများနှင့်အတူ မြို့တော်မှ ထွက်ခွာသွားကြောင်း သူမ သိလိုက်ရသည်။

ရှောင်းလန်ရှင်း နာမကျန်းဖြစ်နေကြောင်း ကြားလိုက်ရချိန်တွင် စူးချင်းလည်း အလွန် စိတ်ပူသွားပြီး အနားမယူတော့ဘဲ တာ့ထန်ပြည်ထောင်သို့ ချက်ချင်း ပြန်ထွက်ခွာသွားတော့သည်။

ကျစ်ချီက သူ့မယ်တော်ကို မြို့ပြင်သို့ လိုက်ပို့ပေးခဲ့ပြီး လူအုပ်ကြီး ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်ခဲ့သည်။ လူငယ်လေး၏ မြို့ရိုး၏ခြေရင်းတွင် မတ်မတ် ရပ်နေသော်လည်း သူ့အကြည့်များထဲတွင် တွန့်ဆုတ်မှုများ ရှိနေသေးသည်။ သို့သော် ခဏအကြာတွင် ထိုအရာက ဆုံးဖြတ်ချက်အဖြစ် ပြောင်းလဲသွားပုံရကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

“မယ်တော်၊ ခမည်းတော်၊ ဘာမှ စိတ်မပူပါနဲ့၊ ဒီသားတော်က တိုင်းပြည်ကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲပြီး ခမည်းတော်ရဲ့စိုးရိမ်မှုတွေကို မျှဝေခံစားပေးပါ့မယ်”

ချင်ဖုန်းနှင့် စူးဟန်ရွှမ်တို့က ကျစ်ချီကို သနားကြင်နာမှုအပြည့်ဖြင့် လှမ်းကြည့်နေကြသည်။

သူတို့ရဲ့မြေးလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်ရဲ့ တာဝန်ကို ထမ်းပိုးနေရပြီ။ ကလေးက ဘာများ လုပ်ခဲ့မိလို့ အားမကိုးရတဲ့ မိဘတွေကို ပိုင်ဆိုင်ခဲ့ရတာတုန်း?

ရှောင်းကျဲယွိက စူးချင်းထက် သုံးရက်စောပြီး တာ့ထန်ပြည်ထောင်သို့ ရောက်ရှိလာခဲ့သည်။ သူ ရောက်လာသည်နှင့် သူ့ညီမလေးကို အပြေးအလွှား သွားကြည့်လိုက်သည်။ ရှောင်းလန်ရှင်းကလည်း သူမ၏အစ်ကိုကြီးကို တွေ့လိုက်ရသောကြောင့် အံ့သြနေပြီးမှ အစ်ကိုဖြစ်သူကို ပွေ့ဖက်ကာ ကလေးလေးလို ငိုကြွေးနေပြန်သည်။

သူမ အစ်ကိုကြီးကို အရမ်း လွမ်းနေခဲ့ရတာ.... သူမ အစ်ကိုကြီးကို အရမ်း အရမ်း လွမ်းနေခဲ့ရတာပါ...

"ရှောင်ယင်.... မင်းရဲ့ရောဂါကိုလည်း သတိထားပါဦး"

ယဲ့လွီချွမ်းက မုတ်ဆိတ်မွေးအပြည့်ရှိသော လူလတ်ပိုင်းတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ ရှောင်းလန်ရှင်း ငိုနေသည်ကို မြင်လိုက်ရချိန်တွင် သူ အလွန် စိုးရိမ်နေပုံရပြီး ချက်ခြင်း သတိပေးလိုက်သည်။ သူမ၏နှလုံးရောဂါကြောင့် သူမ တုန်လှုပ်ခြင်း၊ ဒေါသဖြစ်ခြင်း၊ ပျော်ရွှင်လွန်းခြင်း သို့မဟုတ် ဝမ်းနည်းလွန်းခြင်းတို့ကို မကြုံစေချင်ကြောင်း သမားတော်က သတိပေးထားခဲ့သည်။

ယဲ့လွီချွမ်း၏ စကားဆုံးသွားချိန်တွင် ရှောင်းလန်ရှင်းက သူမ၏ ရင်ဘတ်ကို ဆုပ်ကိုင်ကာ ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်သည်။

All Chapters