သခင်လေး၏ သတ်ဖြတ်လိုသော အငွေ့အသက်များ
Vol. 22 Ch. 329
နန်းတွင်း အပြင်ဘက်တွင် ညချမ်းလေထုသည် တည်ငြိမ်အေးမြနေသည်။
ပိုင်ကျီဟန်သည် နန်းတော်၏ စကျင်ကျောက် လှေကားထစ်များအတိုင်း ဆင်းလာခဲ့သည်။
မှေးမှိန်သော လရောင်သည် သူ၏ အေးစက်တည်ငြိမ်သော ပုံရိပ်ကို ထင်ဟပ်နေစေသည်။
သူသည် ဧကရာဇ်နှင့် လုပ်ဆောင်စရာရှိသော ကိစ္စကို အဆုံးသတ်ခဲ့ပြီဖြစ်သည်။
ရည်ရွယ်ချက် ပြီးမြောက်သွားပြီဖြစ်ရာ ဆက်လက်နေထိုင်ရန် အကြောင်းမရှိတော့ပေ။
ထို့အပြင် ဧကရာဇ်သည် စွန်းယောင်ချင်းနှင့် အလုပ်ရှုပ်နေချိန်တွင် ဒုတိယမင်းသားအား စုံစမ်းစစ်ဆေးရန် အခွင့်ကောင်းတစ်ခု ဖြစ်ကြောင်း ပိုင်ကျီဟန် တွေးတောမိသည်။
သူ၏ခြေလှမ်းများသည် ပိုင်မျိုးနွယ်စုဝင်များ စောင့်ဆိုင်းနေသည့် နန်းတွင်းဝင်းအတွင်းရှိ ဧည့်ခန်းမဆောင်ဆီသို့ ဦးတည်သွားသည်။
သို့သော် ခန်းမထဲသို့ ဝင်လိုက်သည်နှင့် သူ၏မျက်မှောင်များ တွန့်ချိုးသွားသည်။
တစ်ခုခုတော့ မှားနေချေပြီ။
ပုံမှန်ဆိုလျှင် သူရောက်လာသည်နှင့် နူးညံ့ပြီး ရင်းနှီးသော အသံလေးတစ်ခုက သူ့ကို ချက်ချင်း လာရောက် ကြိုဆိုရမည်ဖြစ်သည်။
သို့သော် ယခုမူ... တိတ်ဆိတ်နေသည်။
လောင်ချင်း မရှိပေ။
သူ့ထံသို့ အပြေးအလွှားလာကြိုမည့် ခြေသံများလည်း မကြားရပေ။
သူ၏အကြည့်သည် ဝင်းတစ်ခုလုံးကို ဓားတစ်လက်ကဲ့သို့ ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။ သူရောက်လာသည်ကို သတိထားမိသော ပိုင်မျိုးနွယ်စုဝင်များသည် ချက်ချင်းပင် ကိုယ်ကိုမတ်ကာ အရိုအသေပေးကြသည်။
"သခင်လေး”
ပိုင်ကျီဟန်၏ အကြည့်က သူတို့အပေါ် ဖြတ်ပြေးသွားသည်။
"လောင်ချင်း ဘယ်မှာလဲ?"
သူ့အနီးဆုံးတွင်ရှိသော သူတစ်ယောက်သည် အံ့အားသင့်သွားပြီး ဇဝေဇဝါဖြစ်သွားပုံရသည်။
"လောင်ချင်းလား? သခင်လေးကပဲ သူ့ကိုလာဖို့ ခေါ်ခိုင်းလိုက်တာ မဟုတ်ဘူးလား?"
သူက နားမလည်နိုင်စွာ ပြန်မေးလိုက်သည်။
ပိုင်ကျီဟန်၏ သူငယ်အိမ်များ ကျုံ့သွားသည်။
ခဏတာ တည်ငြိမ်နေသော သူ၏မျက်နှာထားမှာ ချက်ချင်းဆိုသလို မှောင်ကျသွားသည်။ သူ၏ ကိုယ်ထဲမှ သတ်ဖြတ်လိုသော အငွေ့အသက်များသည် မသိစိတ်မှ ထွက်ပေါ်လာသဖြင့် ပတ်ဝန်းကျင်လေထုမှာလည်း အေးစက်တုန်လှုပ်သွားရသည်။
"အဲဒါကို ဘယ်သူပြောတာလဲ?"
သူက ခပ်တိုးတိုးမေးလိုက်သော်လည်း သူ၏ လေသံထဲရှိ ထက်မြက်မှုကြောင့် ပိုင်မျိုးနွယ်စုဝင်၏ သွေးများ ခဲမတတ် အေးစက်သွားစေသည်။
ပိုင်ကျီဟန် ဤတစ်ကြိမ်တွင် အမှန်တကယ် ဒေါသထွက်နေပြီဖြစ်ကြောင်း ထိုလူ သိလိုက်သည်။
ထိုလူသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရသည်။ စောစောက ဇဝေဇဝါဖြစ်နေမှုများ ပျောက်ကွယ်သွားပြီး ပျာပျာသလဲ စိုးရိမ်တကြီး ဖြစ်သွားသည်။
"နန်းတွင်းအစေခံမလေး တစ်ယောက်ပါ သခင်လေး" သူက ပြောသည်။ "အဲဒီအမျိုးသမီးက သခင်လေးရဲ့ အမိန့်ဖြစ်ပြီး လောင်ချင်းကို သူ့နောက် ချက်ချင်းလိုက်ခဲ့ဖို့ ပြောသွားတာပါ"
ခဏတာ တိတ်ဆိတ်သွားသည်။
ထို့နောက် ပိုင်ကျီဟန်၏ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
စွမ်းအင်များ မြင့်တက်လာမှုကြောင့် သူ၏ခြေဖဝါးအောက်ရှိ မြေပြင်မှာ အက်ကွဲသွားသည်။ သူ၏နိမ့်ရှိုင်းပြီး စူးရှသောအသံမှာ ဓားတစ်လက်ကဲ့သို့ ဝင်းအတွင်း ပဲ့တင်ထပ်သွားသည်။
"သူ ဘယ်ကိုသွားတာလဲ?"
ထိုလူသည် နောက်တွန့်မနေရဲဘဲ နန်းတော်၏ အရှေ့ဘက်အရပ်ဆီသို့ အမြန်ညွှန်ပြလိုက်သည်။
"ဟိုဘက်ပါ သခင်လေး... အစေခံက သူ့ကို အရှေ့ဘက်စင်္ကြံလမ်းအတိုင်း ခေါ်သွားတာပါ"
ထိုလူ စကားတစ်ခွန်း ဆုံးအောင် မပြောနိုင်ခင်မှာပင် ပိုင်ကျီဟန်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ၏မျက်လုံးများသည် သိသာထင်ရှားသော သတ်ဖြတ်လိုစိတ်များနှင့်အတူ ဓားသွားကဲ့သို့ ထက်မြက်နေသည်။
အလင်းတန်းတစ်ခုသည် ခန်းမကို ဖြတ်သန်းသွားသကဲ့သို့ ဖြစ်သွားပြီး သူဖြတ်သန်းသွားသော လမ်းကြောင်းတွင် လေထုပင် တုန်ခါကျန်ရစ်ခဲ့သည်။
ကျန်ရှိနေသော ပိုင်မျိုးနွယ်စုဝင်များသည် ထိတ်လန့်တကြား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"ဘာဖြစ်တာလဲ? သခင်လေးက ပြန်ရောက်ခါစရှိသေးတယ်၊ ဘာလို့ ရုတ်တရက်ကြီး ပြေးထွက်သွားတာလဲ?"
အမေးခံရသော ပိုင်မျိုးနွယ်စုဝင်မှာ လက်သီးကို တင်းတင်းဆုပ်ကာ မျက်နှာပျက်သွားသည်။
"တစ်ခုခုတော့ မှားနေပြီ" သူက ပိုင်ကျီဟန်နောက်သို့ အပြေးလိုက်ရင်း ပြောလိုက်သည်။ "လောင်ချင်း ပြန်ပေးဆွဲခံရတာ ဖြစ်နိုင်တယ်”
ထိုစကားတစ်ခွန်းတည်းနှင့်ပင် အခြေအနေ မည်မျှ ပြင်းထန်ကြောင်း ဖော်ပြရန် လုံလောက်နေပြီဖြစ်သည်။ ထို့အပြင် ပိုင်ကျီဟန် အဘယ်ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားသည်ကိုလည်း ရှင်းပြပြီးသား ဖြစ်သွားသည်။
ပိုင်မျိုးနွယ်စုဝင် အားလုံးသည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး မုန်တိုင်းတစ်ခုကဲ့သို့ သူ့နောက်သို့ လိုက်ပါသွားကြသည်။ သူတို့ ပိုင်ကျီဟန်အကြောင်းကို သိသည်။
အကယ်၍ သူအမြတ်တနိုး တန်ဖိုးထားရသော လောင်ချင်းသာ တစ်စုံတစ်ရာ ထိခိုက်နစ်နာခဲ့လျှင်...
ဒီညမှာတော့ နန်းတော်ကြီးတစ်ခုလုံးတောင် ပြိုလဲပျက်စီးနိုင်သည်
ဒါဟာ ရိုးရှင်းသော ကိစ္စတစ်ခုမဟုတ်ကြောင်းကိုလည်း သူတို့ နားလည်ထားကြသည်။
နန်းတွင်းထဲသို့ အထက်တန်းလွှာများသာ ဝင်ထွက်ခွင့် ရှိတာကြောင့် လောင်ချင်းကို ထိရဲသောသူသည် ရာထူးဂုဏ်ရှိန် ကြီးမားသူတစ်ယောက်ပဲ ဖြစ်ရပေမည်။
အချို့ကလည်း ဒါဟာ ကြယ်ကြွေအင်ပါယာမှ တစ်စုံတစ်ယောက် ခင်းထားသော ထောင်ချောက် ဖြစ်နေမည်ကို စိုးရိမ်နေကြသည်။
သို့သော် အခြားသူများကမူ ပိုင်ကျီဟန်ကို လာရောက်ဆွပေးလိုက်သည့်သူကို သနားနေကြမိသည်။
ပိုင်ကျီဟန် ပိုင်ဆိုင်သည့်အရာကို လာရောက် ထိပါးလိုက်ကတည်းက ထိုသူ၏နိဂုံးမှာ သတ်မှတ်ပြီးသား ဖြစ်သွားချေပြီ။
မည်သို့ပင်ဖြစ်စေ ပိုင်ကျီဟန်အတွက်တော့ သူ့မိဘများပြီးလျှင် လောင်ချင်းသည် သူနဲ့အတူ အချိန်အပေးရဆုံးသူ ဖြစ်သည်။
သူ့လက်အောက်တွင် အစေခံများစွာ ရောက်လာလိုက်၊ ထွက်သွားလိုက် ရှိခဲ့ကြသည်။ အချို့မှာ အထုတ်ခံရပြီး အချို့မှာ အပြစ်ပေးခံခဲ့ရသော်လည်း လောင်ချင်းကတော့ သူ့အနားမှာ ဆက်ရှိနေခဲ့သည်။
သူမကို ပေါ်ပေါ်တင်တင် မျက်နှာသာပေးတာမျိုး မဟုတ်ရင်တောင် တစ်ခုကတော့ ရှင်းလင်းနေသည်— ပိုင်ကျီဟန်သည် သူမကို ဂရုစိုက်သည်။
တစ်ကြိမ်က လောင်ချင်းကို အနိုင်ကျင့်ပြီး သူမအလုပ်မဟုတ်တာတွေကို ခိုင်းစေခဲ့သည့် အစေခံအတော်များများကို အလုပ်ထုတ်ပစ်ခဲ့ဖူးသည်။
ထိုအဖြစ်အပျက်တစ်ခုတည်းနှင့်တင် ပိုင်မျိုးနွယ်စုမှ တပည့်များပင် လောင်ချင်းကို အစေခံတစ်ယောက်ဖြစ်သော်လည်း ရိုရိုသေသေ ဆက်ဆံကြရန် လုံလောက်ခဲ့သည်။
အထူးသဖြင့် ပိုင်ကျီဟန်သည် တစ်စုံတစ်ယောက်ကို ဂရုစိုက်ခဲလှသောကြောင့် ဖြစ်သည်။
လောင်ချင်းသည် ပိုင်ကျီဟန်အတွက် ပိုင်မျိုးနွယ်စုက တပည့်တွေထက်တောင် ပိုပြီး အရေးပါနေနိုင်သည်ဟု သူတို့ တွေးမိကြသည်။
ပိုင်မျိုးနွယ်စုဝင်များအားလုံးကလည်း ထိုအချက်ကို ကောင်းကောင်းကြီး သိထားကြသည်။
မည်သို့ပင်ဆိုစေ ယခုကိစ္စသည် အရေးပေါ်အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်သည်။ သူတို့အားလုံး စစ်ပွဲတစ်ခုအတွက် ပြင်ဆင်သကဲ့သို့ ပြင်ဆင်လိုက်ကြသည်— အမှန်တကယ်လည်း စစ်ပွဲတစ်ခုလို ဖြစ်လာတော့မှာ မဟုတ်ပါလော
အခြားတစ်ဖက်တွင်မူ ပိုင်ရမ်ကတော့ ထိုင်ခုံမှာပင် ဆက်လက်ထိုင်နေရင်း လက်ဖက်ရည်ကို အေးအေးလူလူ သောက်နေဆဲဖြစ်သည်။
ပိုင်ကျီဟန်၏ ဘေးကင်းလုံခြုံရေးနှင့် တိုက်ရိုက်မသက်ဆိုင်သရွေ့ ပိုင်ရမ်ကတော့ ဝင်ရောက်စွက်ဖက်ရန် အစီအစဉ်မရှိပေ။
ပြဿနာတိုင်းကို သူကပဲ ဖြေရှင်းပေးနေမည်ဆိုလျှင် ပိုင်ကျီဟန်ကို အဝေးသို့ စေလွှတ်လိုက်ရခြင်း၏ ရည်ရွယ်ချက်မှာ အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ။
နန်းတွင်းအစောင့်များနှင့် အစေခံများကတော့ ထိုရုတ်ရုတ်သဲသဲ အခြေအနေများကို ငြိမ်သက်စွာသာ ရပ်ကြည့်နေကြလေသည်။
သူတို့သည် မိမိတို့၏ အဆင့်အတန်းနှင့် ပိုင်မျိုးနွယ်စု၏ အရှိန်အဝါကို ကောင်းစွာ နားလည်ထားကြသည်။ သူတို့အနေဖြင့် ပိုင်မျိုးနွယ်စုကို တားဆီးချင်လျှင်ပင် တားဆီးနိုင်စွမ်း မရှိကြချေ။
ရှူး...
ပိုင်ကျီဟန်သည် အရှိန်အကုန်တင်ကာ ပြေးထွက်သွားပြီး သူ၏ပုံရိပ်မှာ စင်္ကြံလမ်းများကြားတွင် လျှပ်စီးသဖွယ် ဝေ့ဝဲသွားသည်။
၎င်းသည် သူ့ကို အပြင်ထွက်လာအောင် ဆွဲထုတ်တာ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့ ကြိုးစားသည့် အကြံအစည်တစ်ခု ဖြစ်နိုင်
ကြောင်း သူသိသည်။
(ဒါ ဒုတိယမင်းသား လက်ချက်လား? ဒါမှမဟုတ် အကြီးအကဲ ရှုဟိုင်လား?)
သူ အမျိုးမျိုး ခန့်မှန်းကြည့်သော်လည်း ချက်ချင်းပင် ထိုအတွေးကို ဖျောက်လိုက်
သည်။
မှန်းဆနေရင်း အချိန်ဖြုန်းနေမည့်အစား သူ၏ စိတ်အာရုံစွမ်းအားကို ဖြန့်ကျက်ကာ လောင်
ချင်း၏ အငွေ့အသက်ကို ရှာဖွေလိုက်သည်။
သူသည် ခြေရာခံခြင်းအတတ်တွင် ထူးထူးခြားခြား ကျွမ်းကျင်သူမဟုတ်ရာ အစပိုင်းတွင် အချည်းနှီးဖြစ်တော့မည်ဟု ထင်မှတ်ခဲ့သော်လည်း
"ကပ် မလာနဲ့”
(ဒါ လောင်ချင်း အသံပဲ)
ရှေ့နားဆီမှ သူမ၏အသံကို ခပ်တိုးတိုး ကြားလိုက်ရသည်။
အခန်းတံခါးရှေ့တွင်တော့ နန်းတွင်းအစေခံမလေးတစ်ယောက် ရပ်နေသည်— သူမသည် လောင်ချင်းကို လှည့်ဖြားခေါ်ဆောင်သွားသည့်သူ ဖြစ်ရပေမည်။
ပိုင်ကျီဟန်၏ ပုံရိပ်မှာ ဝေဝါးသွားပြီး တစ်စက္ကန့်ပင်မပြည့်မီ သူမ၏ရှေ့သို့ ရောက်ရှိသွားသည်။
အစေခံမလေးမှာ ထိတ်လန့်တကြား မျက်လုံးအပြူးသားနှင့် ကြောင်အသွားကာ
"ဒါ... ဒါက ပဉ္စမမင်းသားရဲ့—"
သူမ စကားပင် မဆုံးလိုက်ပေ
"ဖယ်စမ်း”
ပိုင်ကျီဟန်က အမိန့်ပေးသံဖြင့် ဟောက်လိုက်သည်။
သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များသည် ရုပ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုတစ်ခုကဲ့သို့ သူမကို ထိမှန်သွားရာ နန်းတွင်းအစေခံမလေးသည် နောက်ထပ် စကားတစ်လုံးပင် မပြောနိုင်တော့ဘဲ သတိလစ်ကာ လဲကျသွားတော့သည်။
သူ သူမကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ပေ။သူမကဲ့သို့ အရေးမပါသောသူကို ဂရုစိုက်ရန် အချိန်မရှိပေ။
ဒုန်း
ပိုင်ကျီဟန် တံခါးကို ကန်ဖွင့်လိုက်သည့်အခါ သူ၏မျက်လုံးများမှာ စိမ့်ခနဲ အေးစက်သွားသည်။
အခန်းထဲတွင် ပဉ္စမမင်းသားဖြစ်ဟန်တူသော ဝက်တစ်ကောင်ကဲ့သို့ ဖောင်းကားနေသည့် ကောင်စုတ်သည် လောင်ချင်း၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ထားပြီး သူ၏ ပြောင်ချောနေသော မျက်နှာတွင် ရမ္မက်ဇောများ ထင်ဟပ်နေသည်။
"မင်း သေချင်နေတာပဲ”