← Chapters

အခန်း (၁၇၂၄)

Vol. 124 Ch. 1724

အခန်း (၁၇၂၄)

Vol. 124 Ch. 1724

အနှစ်တစ်ထောင်ဟူသော အချိန်သည် ဖန်ဆင်းရှင်တစ်ပါးအတွက် မျက်တောင်တစ်ခတ်စာ ကြာချိန်သာ ရှိ၏။

ဟန်မူယဲ့က ထိုအနှစ်တစ်ထောင်အတွင်းမှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားကို အခြေခိုင်မာအောင် သိပ်သည်းခဲ့ပြီး သူ၏ ဓားတာအိုစွမ်းအားကို အာရုံစူးစိုက်ခဲ့သည်။

သူ့အတွက်တော့ အချိန်ကာလကို အသုံးပြု၍ သူ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် တိုက်ပွဲစွမ်းအားကို နောက်ထပ် တိုးမြှင့်ရန် မလိုအပ်တော့ပေ။

သို့သော် ညီမမူဝမ်၊ ဟွမ်ခြောက်အစရှိသော သူနှင့်ရင်းနှီးကျွမ်းဝင်သည့် မိတ်ဆွေများကို သူတို့၏ ကျင့်ကြံခြင်းစွမ်းအား နောက်ထပ် တိုးတတ်နိုင်ရန် သူကူညီပေးနိုင်သည်။

ကျင့်ကြံခြင်းနှင့် တိုက်ခိုက်ခြင်းကို မနှစ်သက်သော ညီမမူဝမ်သည်ပင် ဟန်မူယဲ့၏ ဖန်ဆင်းရှင်အသက်ဓာတ်စွမ်းအားကြောင့် ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ယခု သူက နတ်ဘုရားအဆင့်သို့ ဝင်ရောက်ရန် ခြေလှမ်းဝက်မျှသာ လိုတော့သည်။

ယင်းက ဖန်ဆင်းရှင်တစ်ပါး၏ စွမ်းအားအကန့်အသတ် ဖြစ်သည်။

ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်မှ နတ်ဘုရားအဆင့်သို့ တတ်လှမ်းချင်သည်ဆိုလျှင် တစ်စုံတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အားကိုးရမည်။ တခြားလူများ၏ အကူအညီဖြင့် မတတ်လှမ်းနိုင်ပေ။

ယင်းက ဟန်မူယဲ့၏ လမ်းစဉ်ကို တခြားလူများ ဝင်မကူညီပေးနိုင်ခြင်းနှင့် သဘောတရားတူညီသည်။

အမှန်မှာ ဟန်မူယဲ့ ရှေးဦးအပျက်အစီးကုန်းမြေနှင့် သူ့ကြားမှ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ကတည်းက ကမ္ဘာဦးဘုံမှ လူတိုင်းက ဟန်မူယဲ့၏ ရည်ရွယ်ချက်ကို နားလည်သွားကြသည်။

ဖန်ဆင်းရှင်တစ်ပါးဖြစ်သွားပြီးနောက် ဟန်မူယဲ့သည် တစ်ချိန်က သူတို့သိခဲ့သော စီနီယာအကိုဟန်အဖြစ် မည်သည့်အခါမှ ပြန်လာနိုင်တော့မည် မဟုတ်ပေ။

ဟန်မူယဲ့က အသင်္ချေအသူရာချောက်နက်ဆီသို့ သူသွားတော့မည်ဟု ကြေညာသည့်အခါ ဟွမ်ကျစ်ဟူက ပထမဆုံးအကြိမ် သူ့အနောက်သို့ လိုက်ရန် မပြောတော့ပေ။

ရှန့်လင်းရွှမ်းနှင့် ဓားကျင့်ကြံသူအုပ်စုက နှုတ်ဆိတ်နေကြသည်။

“ အကို… ဂရုစိုက်ပါ ”

ညီမမူဝမ်က နူးညံ့စွာ ပြောသည်။ သူ၏ အမူအရာက တည်ငြိမ်သည်။

ကျင့်ကြံခြင်းအခြေခံက ဤလောက၏ မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားသည့်အခါ သူတို့၏ အန္တိမပန်းတိုင်က ထာဝရကောင်းကင်ဘုံ ဖြစ်သည်။

အကယ်၍ သူတို့မသေဆုံးသွားလျှင် တစ်နေ့နေ့မှာ ထာဝရကောင်းကင်ဘုံကို ရှာဖွေနိုင်ကြလိမ့်မည်။

အကယ်၍ သူတို့သေဆုံးသွားမည်ဆိုလျှင် သို့မဟုတ် သူတို့၏ ကျင့်ကြံခြင်းက နောက်ထပ် မတိုးတတ်နိုင်တော့လျှင် သူတို့က ဟန်မူယဲ့နောက်သို့ လိုက်ရန် အရည်အချင်းပြည့်မီလိမ့်မည် မဟုတ်ချေ။

“ စီနီယာအကိုဟန်… ဂရုစိုက်ပါ ”

“ မွေးစားအဖေ… ဂရုစိုက်ပါ ”

…..

အသင်္ချေအသူရာချောက်နက်… ။

ထိုနေရာက နတ်ဘုရားများသည်ပင် အလွယ်တကူ သေဆုံးနိုင်သောနေရာ ဖြစ်သည်။

ဟင်းလင်းပြင်ထဲသို့ ဆက်တိုက် ထိုးဆင်းသွားမည်ဆိုလျှင် တစ်စုံတစ်ယောက်က အဆုံးမဲ့သော အသူရာချောက်နက်ထဲမှာ နစ်မြုပ်သွားလိမ့်မည်။ အသူရာချောက်နက်၏ အောက်ခြေတွင် အနက်ရောင်အက်ကွဲကြောင်းတစ်ခု ရှိသည်။

ထိုအက်ကွဲကြောင်း၏ အပေါ်တွင် မူလစွမ်းအင်အားလုံးက အကျဉ်းချခံထားရသည်။ ဤသည်မှာ စွမ်းအင်အားလုံးက အက်ကွဲကြောင်း၏ ဝါးမျိုခံနေရသည့်အလားပင်။

အက်ကွဲကြောင်းက မိုင်သန်းပေါင်းများစွာ ရှည်လျားပြီး ထိုနေရာမှာ မည်သည့်သက်ရှိမှ မရှိပေ။ အမှန်မှာ ထိုနေရာတွင် ကျောက်တုံးတစ်တုံးကိုပင် မြင်တွေ့ရန် မဖြစ်နိုင်ပေ။

မည်သည့်သက်ရှိ၊ မည်သည့်အင်အားကမှ အသင်္ချေအသူရာချောက်နက်၏ အပေါ်မှာ မတည်ရှိနိုင်ပေ။

အစိမ်းရောင်သစ်သားလှေတစ်စင်းက အသင်္ချေအသူရာချောက်နက်၏ အစွန်းအဖျားမှာ တည်ရှိနေသည်။

ပုံရိပ်ဆယ်ရှစ်ခုက လှေပေါ်မှ ခုန်ထွက်လာကြသည်။

“ အသင်္ချေအသူရာချောက်နက်ကို ကျုပ် နှစ်ခေါက်ရောက်ဖူးတယ်… ပထမတစ်ခေါက်မှာ ကျုပ်က နတ်ဘုရားအဆင့်ရဲ့ အထွတ်အထိပ်မှာပဲ ရှိသေးတယ်… အဲ့ဒီအချိန်တုန်းက ကျုပ်က အသင်္ချေမိစ္ဆာကျားရဲတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရပြီး အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တယ် ”

အနက်ရောင်သံချပ်ကာဝတ် အကြီးအကဲတစ်ယောက်က ပြောသည်။

“ ဒုတိယတစ်ခေါက်မှာတော့ ကျုပ်က ဖန်ဆင်းရှင်တစ်ပါးဖြစ်နေပြီ… ထာဝရကောင်းကင်ဘုံဆီ ဝင်ရောက်ဖို့ ကျုပ်ကြိုးစားခဲ့ပေမဲ့ ဘုံဝါးမျိုသားရဲတစ်ကောင်ရဲ့ လိုက်ဖမ်းခံခဲ့ရပြီး လက်ဗလာနဲ့ ပြန်လာခဲ့ရတယ် ”

ထိုအကြီးအကဲက ခါးသီးစွာ ပြုံးလိုက်ပြီး သူ၏ လက်ကို မြှောက်တင်လိုက်သည်။ မီးခိုးရောင်အရှိန်အဝါက သူ၏ လက်မောင်းတစ်ဝိုက်မှာ ရစ်ပတ်နေသည်။

ယင်းက အချိန်အတော်ကြာ စွဲကပ်နေသော သေခြင်းစွမ်းအား ဖြစ်သည်။

ဖန်ဆင်းရှင်တစ်ပါးအတွက်တော့ ယင်းက ကြီးမားသော ဒဏ်ရာမဟုတ်ပေ။ သို့သော်လည်း ထိုအကြီးအကဲက အတိတ်ကို အမြဲတမ်း ပြန်အမှတ်ရနေရန် ထိုဒဏ်ရာကို မကုသခဲ့ပေ။

“ အသင်္ချေဝိညာဉ်သားရဲတွေ၊ ဘုံဝါးမျိုသားရဲတွေ၊ နတ်သူတော်ကောင်းကင်သားရဲတွေနဲ့ အသင်္ချေအသူရာချောက်နက်ဟာ ထာဝရကောင်းကင်ဘုံကနေ ပျံ့လွင့်လာတဲ့ စွမ်းအားအကြွင်းအကျန်တွေကနေ ဖြစ်တည်လာတာ… မဟုတ်ရင် အဲ့ဒီနတ်သားရဲတွေက ဒီလောက် ကြောက်စရာကောင်းမှာမဟုတ်ဘူး ”

အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော တာအိုပညာရှင်တစ်ယောက်က ပြောသည်။

ထိုပုံရိပ်ဆယ်ရှစ်ခုစလုံးက ဖန်ဆင်းရှင်များ ဖြစ်ကြသည်။ သူတို့အားလုံးက ကိုယ်ပိုင်လမ်းစဉ်၏ အထွတ်အထိပ်မှာ တည်ရှိနေသူများ ဖြစ်ကြသည်။

သူတို့က ဖန်ဆင်းရှင်များဖြစ်သည့်တိုင် အသင်္ချေအသူရာချောက်နက်ထဲမှာ လွတ်လပ်စွာ ရွေ့လျားနိုင်သည်ဟု မပြောဝံ့ကြချေ။

အသင်္ချေအသူရာချောက်နက်ထဲမှ သက်ရှိများက တခြားနေရာများမှ သက်ရှိများနှင့် ခြားနားကြသည်။ မည်သို့ဖြစ်ပါစေ ၎င်းတို့က သေခြင်းရှင်ခြင်းစွမ်းအား တည်ရှိသော ပတ်ဝန်းကျင်မှာ မွေးဖွားလာခဲ့ကြခြင်း မဟုတ်ပါလော။

ထို့ပြင် အသင်္ချေအသူရာချောက်နက်က မူလစွမ်းအားကို ဖိနှိပ်နိုင်သလို သေခြင်းရှင်ခြင်းစွမ်းအားကိုလည်း ဖိနှိပ်နိုင်သည်။

သို့ဖြစ်၍ ဤနေရာတွင် ဖန်ဆင်းရှင်များသည် နတ်ဘုရားအဆင့်ထက် အနည်းငယ် သာလွန်သော တိုက်ပွဲစွမ်းအားကိုသာ ထုတ်လွှတ်နိုင်ကြသည်။

ထိုအကြောင်းကြောင့် ဖန်ဆင်းရှင်များသည် မဖြစ်မနေလိုအပ်သော အခြေအနေမဟုတ်လျှင် အသင်္ချေအသူရာချောက်နက်ဆီသို့ ခြေချကြလိမ့်မည် မဟုတ်ချေ။

သူတို့က ဤနေရာသို့ ကိုယ်တိုင်ဆင်းလာမည့်အစား နတ်ဘုရားများကိုသာ စေလွှတ်လိမ့်မည်။

“ အားလုံးပဲ… ထာဝရဂိတ်တံခါးက အသင်္ချေအသူရာချောက်နက်ရဲ့ အောက်ခြေမှာ တည်ရှိတယ်… ဘယ်သူပဲ အဲ့ဒီကို အရင်ရောက်ပါစေ လူတိုင်းကို ဆက်သွယ်ပြီး တည်နေရာကို ဖော်ပြပေးရမယ် ”

နတ်ဘုရားအလင်းတန်းများက သူ၏ လက်ဖဝါးပေါ်မှတဆင့် ပြန့်ကျဲသွားသည်နှင့် ဟန်မူယဲ့က တခြားလူများကို ကြည့်လိုက်သည်။

“ လောကဖန်ဆင်းရှင်က နတ်ဘုရားနိဂုံးရဲ့ ကျူးကျော်မှုကို မဖိနှိပ်နိုင်တော့ဘူး… ဖြစ်နိုင်ရင် ခင်ဗျားတို့ သူနဲ့ မတွေ့ဆုံတာ အကောင်းဆုံးပဲ ”

“ ဘိုးဘေးကောင်းကင်နဂါးကိုးကောင်ကို သူ့ရဲ့ စီးတော်ယာဉ်အဖြစ် ထားနိုင်တယ်ဆိုကတည်းက သူ့ရဲ့ အဆင့်အတန်းက ဘယ်လိုမှ သာမန်မဖြစ်နိုင်ဘူး ”

ဖန်ဆင်းရှင်များက တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့က အောက်ဘက်မှ အသင်္ချေအသူရာချောက်နက်ဆီသို့ ထိုးဆင်းသွားကြသည်။

ဟန်မူယဲ့က နောက်ဆုံးအနေဖြင့် သူ၏ အပေါ်မှ ထွန်းလင်းတောက်ပသော လောကကို ကြည့်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် နောက်ထပ် တုံ့ဆိုင်းမနေဘဲ အသင်္ချေအသူရာချောက်နက်ထဲသို့ ထိုးဆင်းသွားသည်။

ယခု သူက ထာဝရကောင်းကင်ဘုံကို ရှာဖွေရန် ဆောင်ရွက်တော့မည်။

…..

ဟန်မူယဲ့က အောက်သို့ ထိုးဆင်းသွားနေစဉ် မိုးမြေအလွှာသန်းပေါင်းများစွာက သူ့အပေါ်သို့ ဖိကျလာနေကြောင်း ခံစားမိသွားသည်။

အကယ်၍ သူ့နေရာမှာ နတ်ဘုရားတစ်ပါးဆိုလျှင် ထိုသူက မိုးမြေအလွှာသန်းပေါင်းများစွာ၏ ဖိအားအောက်မှာ ချက်ချင်း အက်ကွဲသွားလိမ့်မည်။

သူက ပိုပြီးနက်ရှိုင်းသော အောက်ခြေသို့ ဝင်ရောက်သွားသည်နှင့် သူ၏ ဘေးမှ မူလစွမ်းအားက စတင်လွင့်ပြယ်လာသည်။

ယင်း၏ အဓိပ္ပာယ်မှာ အသင်္ချေအသူရာချောက်နက်၏ အောက်ခြေတွင် တစ်စုံတစ်ယောက်က မူလစွမ်းအားကို အသုံးပြု၍ တိုက်ခိုက်မည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းစွမ်းအားက ကုန်ခမ်းသွားလိမ့်မည်။

မည်သည့်နတ်ဘုရား သို့မဟုတ် မည်သည့်ဖန်ဆင်းရှင်မှ သူတို့၏ ကျင့်ကြံခြင်းစွမ်းအား ကုန်ခမ်းသွားမည်ကို လိုလားကြလိမ့်မည် မဟုတ်ချေ။

“ လေဟာနယ်လား ”

ဟန်မူယဲ့က အောက်သို့ ဆင်းသက်သွားနေရင်း သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

မူလစွမ်းအား လွင့်ပြယ်သွားနေစဉ် သူ၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်စွမ်းအားက တစ်မျိုးတစ်ဖုံ ပြောင်းလဲနေကြောင်း ဟန်မူယဲ့ အာရုံခံမိသွားသည်။

“ မဟုတ်ဘူး… အဲ့ဒါက ဒိုင်မန်းရှင်း ”

ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသောအလင်း ထွက်ပေါ်လာသည်။

ဤနေရာမှ ဒိုင်မန်းရှင်းများက အပြင်လောကမှ လေဟာနယ်နှင့် အနည်းငယ် ခြားနားသည်။

အသင်္ချေအသူရာချောက်နက်က အဆင့်မြင့်ဒိုင်မန်းရှင်းတစ်ခုကို ထပ်ဆင့်လွှမ်းခြုံထားသော အက်ကွဲကြောင်းတစ်ခု ဖြစ်သည်ဟု ရှေးခေတ်ပုဂ္ဂိုလ်များ ပြောကြသည်မှာ အမှန်ဖြစ်ဟန် ရ၏။

ထိုအက်ကွဲကြောင်းက ထာဝရကောင်းကင်ဘုံ၏ ပြိုကွဲမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်၏။

“ အဆင့်မြင့်ဒိုင်မန်းရှင်း… အစစ်အမှန်လောက… ထာဝရကုန်းမြေ… ”

တောက်ပသော နတ်ဘုရားအလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ မဖုံးဖိနိုင်အောင် ထွက်ပေါ်လာသည်။

…..

အမည်မသိ အချိန်ကာလတစ်ခုကြာပြီးနောက် သူ၏ ခြေထောက်က မာကျောသော ကုန်းမြေကို ထိတွေ့သွားသည်။

ဟန်မူယဲ့က ဘေးဘီကို လှည့်ပတ်ကြည့်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဓားတစ်လက်ကို ဆုပ်ကိုင်လိုက်သည်။ သူက အရှေ့သို့ ဖြည်းညင်းစွာ ရွေ့လျားသွားသည်။

အကန့်အသတ်မဲ့ ကျယ်ပြောသော အသင်္ချေအသူရာချောက်နက်က ကောလဟာလများထက် ပိုပြီးကြောက်စရာကောင်းကြောင်း သူသိသည်။

မူလစွမ်းအား လွင့်ပြယ်မှုနှင့် သေခြင်းရှင်ခြင်းစွမ်းအား ဖိနှိပ်ခံထားရမှုကြောင့် သက်ရှိအားလုံးသည် အရှေ့သို့ ရွေ့လျားရန် သူတို့၏ ပင်ကိုယ်တုံ့ပြန်မှုကိုသာ အားကိုးကြရလိမ့်မည်။

ဤအခိုက်အတန့်မှာ ဟန်မူယဲ့က ရှေးဟောင်းဓားတစ်လက်ကို ဆုပ်ကိုင်ထားသည်။ ဓားကိုယ်ထည်က အနီးနားဝန်းကျင်ကို ထွန်းလင်းသွားစေမည့် မှိန်ဖျော့ဖျော့ အလင်းရောင်ကို ထုတ်လွှတ်နေသည်။

ဟန်မူယဲ့က ပင်လယ်တမျှ နက်ရှိုင်းသော အကြည့်ဖြင့် သူ့အရှေ့မှ အမည်မသိ ချောက်နက်တစ်ခုကို စူးစိုက်ကြည့်လိုက်သည်။

“ ဂရား ”

ထိုဟိန်းသံက သူ့ကို တုန်ယင်သွားစေသည်။ ထို့နောက် သူ၏ မျက်နှာပေါ်မှာ ဝမ်းသာသော အမူအရာ ထွက်ပေါ်လာသည်။

သူက ထူးဆန်းစွာ ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

ယခုကဲ့သို့ သားရဲတစ်ကောင်က သူ့ကို ဟိန်းဟောက်ပြီး တိုက်ခိုက်ရန် ကြံစည်ဝံ့သည်မှာ ကြုံတောင့်ကြုံခဲကိစ္စ ဖြစ်သည်။

ဟန်မူယဲ့သည် ဓားကိုင်ထားလျက် မြန်ဆန်စွာ ရွေ့လျားလိုက်ပြီး ပေတစ်ထောင်အဝေးမှ ချောက်နက်ဆီသို့ ချဉ်းကပ်သွားသည်။

သူ့အရှေ့တွင် မာကျောသော အကြေးခွံများရှိသည့် ဧရာမသားရဲတစ်ကောင် ထွက်ပေါ်လာသည်။ ရက်စက်ကြမ်းကြုတ်သော အကြည့်က ၎င်း၏ မျက်လုံးထဲမှာ ထင်ရှားပေါ်လွင်နေသည်။

“ ယင်အမှောင်သားရဲလား ”

ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။

ယင်အမှောင်သားရဲသည် အသင်္ချေအသူရာချောက်နက်ထဲမှာ အမြဲလိုလို မြင်တွေ့ရလေ့ရှိသော သားရဲမျိုးစိတ် ဖြစ်သည်။ ၎င်းတို့က အလွန်မသန်မာသော်လည်း အပြင်ဘက်မှ ကျူးကျော်လာသူများအပေါ် ရန်လိုစိတ်ကြီးမားကြသည်။

ဟန်မူယဲ့ကို မြင်သောအခါ ယင်အမှောင်သားရဲက ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး စေးပျစ်သော အရည်ကို ထွေးထုတ်လိုက်သည်။

ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်သည်။ ယင်အမှောင်သားရဲကို အထင်မသေးသင့်ကြောင်း သူသိသည်။ သို့သော်လည်း သူက ကြောက်ရွံ့မှုကို မခံစားရပေ။

မည်သို့ဖြစ်ပါစေ ၎င်းက သန္ဓေပြောင်းသားရဲတစ်ကောင်သာ ဖြစ်သည်။ ထိုထက် မပိုပေ။

သူက ခပ်ရေးရေး ပြုံးလိုက်သည်။ သူ၏ လက်ထဲမှ ဓားက တောက်ပသော အလင်းကို ထုတ်လွှတ်လိုက်သည်။

ဓားအလင်းစီးကြောင်းက အရှေ့သို့ ပျံသန်းသွားပြီး ယင်အမှောင်သားရဲကို ပိုင်းဖြတ်လိုက်သည်။

ဓားချီက အလွန်အားကောင်းပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်သည်။ ယင်အမှောင်သားရဲ၏ မာကျောသော အကြေးခွံများက ထက်ရှသော ဓားချီအောက်မှာ အလွယ်တကူ ပိုင်းဖြတ်ခံလိုက်ရသည်။ သွေးက နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။

အသင်္ချေအသူရာချောက်နက်၏ အပြင်ဘက်တွင် ထိုဓားချက်က ဘုံတစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားစေရန် လုံလောက်သည်။

သို့သော် ဤအခိုက်အတန့်မှာ ထိုဓားချက်က ယင်အမှောင်သားရဲ၏ အပေါ်ယံအကြေးခွံကိုသာ ပိုင်းဖြတ်နိုင်ခဲ့သည်။ ယင်းက သားရဲကို တစ်ချက်တည်းဖြင့် သေဆုံးသွားစေရန် မလုပ်ဆောင်နိုင်ခဲ့ပေ။

ဓားချက်ကြောင့် အကြေးခွံအက်ကွဲသွားသော ယင်အမှောင်သားရဲက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အကြေးခွံများက ရုတ်တရက် ပေါက်ကွဲသွားပြီး ချွန်ထက်သော အပိုင်းအစများအဖြစ် ပြောင်းလဲသွားကာ ဟန်မူယဲ့ထံသို့ ပျံသန်းသွားကြသည်။

ဟန်မူယဲ့က မြန်ဆန်စွာ ရွေ့လျားလိုက်ပြီး သူ၏ ဓားကို မိုးရေစက်သဖွယ် လွှဲယမ်းလိုက်သည်။ ဓားအလင်း ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည့်အခါ အကြေးခွံများက တစ်ခုပြီးတစ်ခု အက်ကွဲသွားကြသည်။

ဤအခိုက်အတန့်မှာ သူက ငယ်ရွယ်စဉ်အချိန်က ဓားသမားဘဝကို ပြန်ရောက်သွားဟန် ရသည်။ သူ၏ ဓားချက်တိုင်းမှာ စိတ်အားထက်သန်မှုဖြင့် ပြည့်နှက်နေသည်။

“ ဘန်း ”

ရွှေရောင်အမြှီးတံက ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။

ဟန်မူယဲ့က အနောက်သို့ အမြန်ဆုတ်သွားသည်။ သို့သော်လည်း ယင်အမှောင်သားရဲက ဟန်မူယဲ့ကဲ့သို့ မမြန်လေရာ ၎င်းက ရွှေရောင်အမြှီးအောက်တွင် အသားပြားဖြစ်သွားသည်။

“ နတ်သားရဲ… ”

ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး သူ၏ ဓားကို အရှေ့သို့ ချိန်ရွယ်လိုက်သည်။

All Chapters