← Chapters

အခန်း (၁၇၂၅)

Vol. 124 Ch. 1725

အခန်း (၁၇၂၅)

Vol. 124 Ch. 1725

ဟန်မူယဲ့၏ အရှေ့တွင် အရွယ်အစား အလွန်ကြီးမားသော ဧရာမနတ်သားရဲတစ်ကောင်က မြန်ဆန်စွာ ထွက်ပေါ်လာသည်။

၎င်း ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဘေးပတ်ဝန်းကျင်မှ တောင်တန်းများနှင့် ကျောက်ဆောင်များက တုန်ယင်သွားကြသည်။

၎င်း၏ ခန္ဓာကိုယ်က တောင်ကြီးတစ်တောင်သဖွယ် ကြီးမားပြီး ရွှေရောင်အကြေးခွံများက ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်ဖုံးလွှမ်းထားသည်။

၎င်း၏ မျက်လုံးများက ထွန်းလင်းတောက်ပသော ကြယ်နှစ်လုံးသဖွယ် ခွန်အားဖြင့် ပြည့်လျှံနေသည်။

၎င်း၏ အမြှီးရိုက်ချက်က အမှောင်ထဲ၌ ကြမ်းတမ်းသော လေပြင်းမုန်တိုင်းကို ဖြစ်ပေါ်စေသည်။

“ ပီရှူးလား ”

ပီရှူးသည် လောဘကြီးပြီး ရက်စက်ကြမ်းကြုတ်သော နတ်သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းက အသင်္ချေအသူရာချောက်နက်ထဲမှာ နေထိုင်သော အသင်္ချေဝိညာဉ်သားရဲများအနက် တစ်ကောင်ဖြစ်သည်။

အသင်္ချေအသူရာချောက်နက်ထဲတွင် မည်သည့်နတ်သားရဲမဆို သို့မဟုတ် မည်သည့်မိစ္ဆာသားရဲမဆို အလွန်သန်မာသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ဟန်မူယဲ့က သူ့လက်ထဲမှ ဓားကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး သူ့အရှေ့မှ နတ်သားရဲကို စူးစိုက်ကြည့်လိုက်သည်။

ထိုပီရှူးထံမှ ထုတ်လွှတ်နေသော စွမ်းအားက အလွန်ရှေးကျပြီး ရှိန်လောက်ဖွယ်ကောင်းကြောင်း သူအာရုံခံနိုင်သည်။

“ မဟုတ်ဘူး… အဲ့ဒါ တခြားဒိုင်မန်းရှင်း ”

ထိုပီရှူး၏ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေသော စွမ်းအားက ဤဒိုင်မန်းရှင်းထဲမှ စွမ်းအားမဟုတ်ပေ။

တောက်ပသော အလင်းရောင်က ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

အသင်္ချေအသူရာချောက်နက်ဆီသို့ ရောက်လာပြီးနောက် မည်သို့ကြောင့် လူတိုင်းက တမူကွဲပြားသော အရာကို အာရုံခံမိရကြောင်း နောက်ဆုံးမှာ ဟန်မူယဲ့ သိသွားသည်။ အကြောင်းမှာ ဤနေရာတွင် မူလစွမ်းအားမရှိသလို သေခြင်းရှင်ခြင်းစွမ်းအားလည်း မရှိပေ။ သို့ဖြစ်၍ ဤနေရာမှ အရာအားလုံးက ပိုပြီးစစ်မှန်သည်။

ဖြစ်နိုင်သည်မှာ ဖန်ဆင်းရှင်စွမ်းအားက အစစ်အမှန်မဟုတ်ခြင်းလော။

“ ဂရောင်း ”

ဟန်မူယဲ့ နောက်ထပ် မတွေးတောနိုင်မီ ပီရှူးက ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး ရွှေရောင်စွမ်းအင်ဘောလုံးတစ်လုံးကို ထွေးထုတ်လိုက်သည်။

“ သေစမ်း ”

ဟန်မူယဲ့က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏ ဓားကို လေထဲမှာ ဝှေ့ယမ်းလိုက်သည်။ ကြက်ခြေခတ်ဓားအလင်းက လေထဲမှာ တိုက်ရိုက် ထွက်ပေါ်လာပြီး ပီရှူး၏ ရွှေရောင်စွမ်းအင်ဘောလုံးနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

မတူညီသော စွမ်းအားနှစ်မျိုး၏ ထိပ်တိုက် တွေ့ဆုံမှုကြောင့် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။

ရွှေရောင်စွမ်းအင်ဘောလုံးက အလွန်အားကောင်းသည်။

ဟန်မူယဲ့၏ ဓားအလင်းထဲမှာ မိုးကြိုးစွမ်းအား ကိန်းအောင်းနေသည်။ သို့ဖြစ်၍ သူ၏ ဓားချက်တိုင်းက သူ့အရှေ့မှ လေဟာနယ်ကို ဆုတ်ပြဲစေသည်။

သို့တိုင် မိုးကြိုးတာအိုစွမ်းအား ကိန်းအောင်းနေသော ဓားချက်များသည်ပင် ပီရှူး၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အကာအကွယ်အလွှာကို မချိုးဖြတ်နိုင်ပေ။

အစစ်အမှန်… ပုံရိပ်ယောင်…

မတူညီသော နိယာမနှစ်ခုကြား၌ ဟန်မူယဲ့၏ ဓားက တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲသွားဟန် ရ၏။

ဓားအလင်းတန်းများနှင့် ရွှေရောင်အလင်းတန်းများ အပြန်အလှန် ယှက်ထွေသွားသည့်အခါ ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဓားဟိန်းသံများနှင့် မိုးခြိမ်းသံများက အသင်္ချေအသူရာချောက်နက်ထဲမှာ ဆက်တိုက် ပဲ့တင်ထပ်သွားသည်။

ဤသည်မှာ ရှေးဟောင်းတိုက်ပွဲခေါ်သံက အသင်္ချေအသူရာချောက်နက်ထဲမှာ ထွက်ပေါ်လာသည့်အလားပင်။

ဓားချက်ထုတ်ဖော်သည့်အခါတိုင်း ဓားတာအိုအပေါ် ဟန်မူယဲ့၏ ဆင်ခြင်နားလည်မှုက ပိုပြီးနက်ရှိုင်းလာသည်။

သံသယအရိပ်အယောင်က ပီရှူး၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အစောနက ၎င်းက မတ်တတ်ရပ်ရုံသာ ခုခံခဲ့သော်လည်း ဤအခိုက်အတန့်မှာ ၎င်းက ဟန်မူယဲ့၏ ဓားချက်များကို စတင်ရှောင်တိမ်းနေရသည်။

“ ဟား ဟား… အစစ်အမှန် ဓားတာအို… ဒီတော့ ဓားတာအိုဆိုတာ အဲ့ဒီလိုကို ”

ဟန်မူယဲ့က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူ၏ လက်ထဲမှ ဓားက ပိုပြီးထက်ရှတောက်ပလာသည်။

နောက်အခိုက်အတန့်မှာ ထွန်းလင်းတောက်ပသော ဓားအလင်းတန်းက ဥက္ကာပျံတစ်စင်းအဖြစ် ပြောင်းလဲသွားကာ ပီရှူးထံသို့ ပျံသန်းသွားသည်။

မခုခံနိုင်သော ဓားချီ၏ ပြိုင်ဘက်ကင်း ထက်ရှမှုအောက်မှာ အသွေးအသားဆုတ်ပြဲသံက လေထဲမှာ ပျံ့လွင့်သွားသည်။ ဓားအလင်းက ပီရှူး၏ နှလုံးသားတည့်တည့်ဆီသို့ ဦးတည်သွားသည်။

ထိုဓားအလင်းကို မြင်သောအခါ ပီရှူး၏ မျက်လုံးထဲ၌ အကြောက်တရားဖြင့် ပြည့်နှက်သွားသည်။ ၎င်းက အမြန်အနောက်လှည့်၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော်လည်း စိတ်မကောင်းစရာမှာ အလွန်နောက်ကျသွားပြီ ဖြစ်၏။

“ ဘန်း ”

ဓားအလင်းက ပီရှူး၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်သွားသည်။ ဓားအလင်း၏ သိပ်သည်းမှုက မည်းမှောင်နေသော မိုးမြေကို ရုတ်တရက် လျှပ်စီးလက်သွားသကဲ့သို့ လင်းထိန်သွားစေသည်။

ကမ္ဘာမြေတုန်ဟီးစေမည့် ဓားချက်အောက်မှာ ပီရှူး၏ ဧရာမခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားသည်။ ၎င်း၏ ရွှေရောင်အကြေးခွံများပေါ်မှာ အရွယ်အစားကြီးမားသော အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။

သွေးက ဓားဒဏ်ရာထဲမှ ပန်းထွက်လာပြီး အနီးနားဝန်းကျင်ကို အနီရောင်ဖြင့် စွန်းထင်သွားစေသည်။

“ ဂရောင်း ”

ပီရှူးက နာကျင်စွာ အော်ဟစ်ညည်းညူလိုက်သည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်က ဓားအလင်းအောက်မှာ ပြင်းထန်စွာ တုန်ယင်သွားသည်။ နောက်တစ်ကြိမ် အော်ဟစ်ညည်းညူလိုက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းက မှိန်ဖျော့သွားပြီး ၎င်းက မြေကြီးပေါ်သို့ လဲကျသွားသည်။

အရာအားလုံး ပြန်ငြိမ်သက်သွားသည့်အခါ ဟန်မူယဲ့က ချောက်နက်၏ အရှေ့မှာ မတ်တတ်ရပ်လိုက်သည်။

သူ၏ ဓားသွားပေါ်မှာ ပီရှူး၏ သွေးက စီးဆင်းနေဆဲပင်။ သူက ဓားထိပ်ဖျားကို အမှောင်ထု၏ အနက်ပိုင်းထဲသို့ ညွှန်လိုက်သည်။

သူ၏ ပုံရိပ်က အရှေ့သို့ မြန်ဆန်စွာ ရွေ့လျားသွားပြီး ချောက်နက်၏ အတွင်းပိုင်းထဲမှာ ထာဝရအလင်းတန်းတစ်ခုပမာ ထွက်ပေါ်လာသည်။

“ အစစ်အမှန်… ”

ဟန်မူယဲ့က ခေါင်းမော့လိုက်လေရာ သူ၏ အကြည့်က ပီရှူး၏ ဧရာမခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ပီရှူးက သေဆုံးသွားသော်လည်း ၎င်း၏ ခန္ဓာကိုယ်က သွေးချီကျောက်တုံးအဖြစ် မပြောင်းလဲသွားသလို ၎င်း၏ ဝိညာဉ်စွမ်းအားသည်လည်း မလွင့်ပြယ်သွားပေ။ ၎င်းက နေရာမှာ အသွေးအသားခန္ဓာကိုယ်ဖြင့် ဆက်ပြီး တည်ရှိနေဆဲပင်။

ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ၏ ဓားဖြင့် ပီရှူး၏ အသွေးအသားတစ်စိတ်တစ်ပိုင်းကို လှီးဖြတ်လိုက်သည်။

ထို့နောက် သူက အသားအပိုင်းအစကို သူ၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ပီရှူး၏ အသားက အနည်းငယ် လေးပြီး ကိုက်ဝါးရန် မာကျောသည်။

“ ဒီအသားက ကင်စားမှ အဆင်ပြေမှာ ”

ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အဆုံးမဲ့သော နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။

အဆင့်မြင့်ဘုံသို့ တတ်လှမ်းပြီးကတည်းက ခန္ဓာကိုယ်အကောင်းတိုင်း ကျန်ရှိနေသော မိစ္ဆာသားရဲများကို သူမတွေ့ခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာသွားပြီ ဖြစ်သည်။

အဆင့်မြင့်ဘုံများတွင် အစွမ်းထက်မိစ္ဆာသားရဲများ သေဆုံးသွားသည့်အခါ သူတို့၏ ခန္ဓာကိုယ်က သွေးချီကျောက်တုံးများ သို့မဟုတ် မူလစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။

ထိုသို့ဖြစ်ရသည့်အကြောင်းမှာ ထိုမိစ္ဆာသားရဲများက အလွန်သန်မာသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ မူလစွမ်းအားက အလွန်သန်မာလေရာ ၎င်းတို့သေဆုံးသွားသည်နှင့်ချက်ချင်း ၎င်းတို့၏ ခန္ဓာကိုယ်က မူလစွမ်းအားအဖြစ် ပြန်ပြောင်းလဲသွားသည်။

ယခု အသင်္ချေအသူရာချောက်နက်၏ အောက်ခြေတွင် မူလစွမ်းအားက ဖိနှိပ်ခံထားရလေရာ ဟန်မူယဲ့က အစွမ်းထက် နတ်သားရဲတစ်ကောင်၏ အသွေးအသားကို နှစ်ပေါင်းများစွာကြာပြီးနောက် ပြန်မြည်းစမ်းနိုင်သွားသည်။

ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်လေရာ မီးတောက်တစ်ခုက ပေါ်လျှိုးလာသည်။

သို့သော် သူ့အရှေ့မှ မီးတောက်ကို ကြည့်လိုက်သည်နှင့် ဟန်မူယဲ့၏ မျက်နှာပေါ်မှာ အံ့ဩသော အမူအရာ ထွက်ပေါ်လာသည်။

ပီရှူး၏ ခန္ဓာကိုယ်ထဲသို့ မီးတောက်ထည့်သွင်းလိုက်သော်လည်း ပီရှူး၏ ခန္ဓာကိုယ်ပေါ်မှာ မီးလောင်ကျွမ်းသော မည်သည့်လက္ခဏာမှ မထွက်ပေါ်လာပေ။

ကြည့်ရသည်မှာ ပုံရိပ်ယောင်မီးတောက်က အစစ်အမှန် မိုးမြေကို မလောင်ကျွမ်းပစ်နိုင်ဟန် ရ၏။

ဤနေရာတွင် မူလစွမ်းအားက ယင်း၏ အစွမ်းအာနိသင်ကို မထုတ်ဖော်နိုင်ပေ။

ဟန်မူယဲ့က သူ၏ ဓားကို အနီးနားမှ ကျောက်ဆောင်တစ်ခုအား ထိုးစိုက်လိုက်သည်။ ဓားနှင့် ကျောက်ဆောင်၏ ပွတ်တိုက်မှုအားကြောင့် အနီရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ကျောက်ဆောင်က မီးလောင်ကျွမ်းသွားသည်။

ဟန်မူယဲ့က ပီရှူး၏ အသွေးအသားများကို ပိုင်းဖြတ်၍ ကျောက်ဆောင်ပေါ်သို့ ပစ်တင်လိုက်သည်။

“ ရှဲ ရှဲ ”

အသွေးအသား လောင်ကျွမ်းသော အနံ့က လေထဲမှာ ပျံ့လွင့်သွားသည်။ ထိုအနံ့က ရင်းနှီးသော မူလစွမ်းအားကိုသော်လည်း၊ မရင်းနှီးသော မူလစွမ်းအားကိုသော်လည်းကောင်း တစ်ပြိုင်နက် ပေးစွမ်းနေသည်။

ဟန်မူယဲ့က နောက်ထပ် မစောင့်ဆိုင်းနိုင်တော့ပေ။ သူက မီးကင်ထားသော အသားတုံးတစ်တုံးကို သူ၏ ပါးစပ်ထဲသို့ ထည့်သွင်းလိုက်သည်။ အချိန်တစ်ခဏကြာပြီးနောက် သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

အသားက ပူနွေးပြီး အရသာက လေးပင်သည်။

ယင်းက အသားစားရသော ခံစားချက်အမှန် ဖြစ်သည်။

ယခုမှသာ သူက အသင်္ချေအသူရာချောက်နက်က မည်သို့ကြောင့် တခြားနေရာများနှင့် ကွဲပြားခြားနားကြောင်း နားလည်သွားသည်။

နတ်ဘုရားများသည်ပင် ဤနေရာမှာ ရှင်သန်ရန် အခက်တွေ့နေခြင်းက မထူးဆန်းတော့ပေ။

တစ်စုံတစ်ယောက်က ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်ကို ဖြတ်ကျော်သွားပြီးလျှင် သူတို့က မူလစွမ်းအား၏ အားဖြည့်ပေးမှုကို နောက်ထပ် ခံစားနိုင်တော့မည် မဟုတ်ချေ။ သူတို့က လစ်ဟမှုကို ခံစားမိကြလိမ့်မည်။

အသင်္ချေအသူရာချောက်နက်ထဲမှ နတ်ဘုရားအသွေးအသားက ထိုလစ်ဟမှုကို ဖြည့်ဆည်းပေးနိုင်သည်။

သူ့ခန္ဓာကိုယ်ထဲသို့ အသားဝင်သွားသည့်အခါ ဟန်မူယဲ့က အဆင့်မြင့်ဒိုင်မန်းရှင်းနှင့် ပိုပြီးသဟဇာတဖြစ်သွားသည်ဟု ခံစားမိသွားသည်။

“ ဟား ဟား… တစ်ယောက်ယောက်က ဒီနေရာမှာ ပီရှူးနတ်သားရဲကို သတ်နိုင်တယ်တဲ့လား ”

စိတ်လှုပ်ရှားသော အသံက အဝေးမှ ပဲ့တင်ထပ်လာသည်။

“ ဘယ်လိုဆရာသခင်က ပီရှူးလို နတ်သားရဲကို သတ်နိုင်တာလဲ ”

အခြားတစ်ဖက်တွင် တစ်စုံတစ်ယောက်က ရယ်မောလျက် မြန်ဆန်စွာ ချဉ်းကပ်လာသည်။ သူက ဟန်မူယဲ့၏ အရှေ့မှာ ရပ်လိုက်သည်။

ဟန်မူယဲ့၏ လက်ထဲမှ ဓားကို မြင်သောအခါ ထိုလူက ပြုံးလိုက်သည်။

“ ဓားတာအိုနဲ့ နတ်ဘုရားဖြစ်လာတဲ့လူလား ”

“ နောက်ဆုံးတစ်ခေါက်တုန်းက ဓားနတ်ဘုရားတစ်ပါးက အသင်္ချေအသူရာချောက်နက်ထဲမှာ ဘုံဝါးမျိုသားရဲနှစ်ကောင်ရဲ့ လိုက်ဖမ်းမှုကြောင့် မိုင်သုံးရာအဝေးကို ထွက်ပြေးခဲ့ရတယ် ”

အသစ်ရောက်လာသော ထိုသူက အစိမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အသက်လေးဆယ်ခန့် ရှိပုံပေါ်သည်။ သူက အရပ်ရှည်ပြီး ခန္ဓာကိုယ်ထွားကြိုင်းသည်။

သူက ကျောပေါ်တွင် ဓားမော့တစ်လက်ကို သယ်ဆောင်ထားသည်။ သူက ရောက်လာသည်နှင့်ချက်ချင်း တုံ့ဆိုင်းမနေဘဲ ဓားမော့ကို ဆွဲထုတ်လိုက်ပြီး ပီရှူး၏ အသွေးအသားကို သေးငယ်သော အစိတ်အပိုင်းအဖြစ် လှီးထုတ်လိုက်သည်။

သူက အသားတုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး စိတ်ကျေနပ်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

“ ဟုတ်တယ်… ဒီအရသာပဲ ”

သူက ဓားမော့ကို တင်းကျပ်စွာ ဆုပ်လိုက်လေရာ မီးခိုးရောင်အရှိန်အဝါက ဓားမော့၏ ကိုယ်ထည်တစ်လျှောက်မှာ စီးဆင်းသွားသည်။

လျှပ်တစ်ပြက်အတွင်းမှာ ဓားမော့က ရဲရဲတောက် ပူပြင်းလာသည်။ ဓားမော့၏ အပူပေးမှုအောက်မှာ အသွေးအသားက အကင်နံ့ကို ထုတ်လွှတ်လိုက်သည်။

ဟန်မူယဲ့က ထိုလူကို အရေးမစိုက်ပေ။ သူက နောက်ထပ် အသားတုံးတစ်တုံးကို လှီးဖြတ်လိုက်ပြီး မီးကင်ရန် ကျောက်ဆောင်ပေါ်သို့ တင်လိုက်သည်။

သို့သော်လည်း ထိုစဉ် ဝတ်စုံနက် ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က ပီရှူး၏ အလောင်းနားသို့ ချဉ်းကပ်လာသည်။ သူက အရပ်ရှည်ပြီး ခန္ဓာကိုယ်ပိန်ပါးသည်။ သူ၏ မျက်နှာပေါ်မှာ လောဘအရိပ်အယောင် ထွက်ပေါ်နေသည်။

သို့သော်လည်း ထိုလူက အစိတ်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသော အမျိုးသားကို မြင်သောအခါ မျက်နှာပျက်ယွင်းသွားသည်။ သူက ချက်ချင်း အနောက်လှည့်၍ ထွက်ပြေးသည်။

“ မင်းက ငါ့ကို သိတယ်လား ”

အစိမ်းရောင်ချပ်ဝတ်နှင့် အမျိုးသားက တည်ငြိမ်စွာ မေးသည်။

“ ကျုပ်မသိဘူး ”

ဝတ်စုံနက် ဝတ်ဆင်ထားသော အမျိုးသားက ပြန်ပြောသည်။ တစ်ချိန်တည်းမှာ သူက အဝေးသို့ ပြေးသွားသည်။

သို့သော်လည်း ထိုလူ ပေတစ်ရာအဝေးသို့ မရောက်သွားမီ အစိမ်းရောင်ချပ်ဝတ် ဝတ်ဆင်ထားသော အမျိုးသားက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူက ဓားမော့ကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး အရှေ့သို့ ပြေးသွားသည်။

သူ၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်လေနှင့်အတူ ပျောက်ကွယ်သွားပြီး ဝတ်စုံနက်အမျိုးသား၏ အနောက်မှာ တိုက်ရိုက် ပြန်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သူက ဓားမော့ကို မြှောက်လိုက်ပြီး အောက်သို့ ခုတ်ပိုင်းလိုက်သည်။

ဝတ်စုံနက်အမျိုးသားက နာကျင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ရွှေရောင်မှော်သင်္ကေတများအဖြစ် ပြောင်းလဲသွားပြီး လွင့်ပြယ်သွားသည်။

“ အံ့ဖွယ်ဝိညာဉ်လောကရဲ့ နောက်ထပ် ကျူးကျော်သူလား ”

အစိမ်းရောင်ချပ်ဝတ် ဝတ်ဆင်ထားသော အမျိုးသားက တီးတိုးရေရွတ်လိုက်သည်။ သူက ရွှေရောင်တုံကင်တစ်ခုကို သာမန်ကာလျှံကာ ဆုပ်လိုက်ပြီး လေထဲမှာ လွင့်ပြယ်သွားနေသော မှော်သင်္ကေတများကို စုဝေးလိုက်သည်။

ထို့နောက် သူက အနောက်လှည့်လိုက်လေရာ အံ့ဩသွားသည်။

ဟန်မူယဲ့နှင့် ပီရှူး၏ ရွှေရောင်ခန္ဓာကိုယ်က မည်သည့်သဲလွန်စမှ မကျန်ဘဲ ပျောက်ကွယ်သွားသည်။

ဤသည်မှာ သူတို့က ထိုနေရာမှာ မည်သည့်အခါကမှ မရှိခဲ့သည့်အလားပင်။

“ စိတ်ဝင်စားစရာပဲ… ဟင်းလင်းပြင်သက်ရှိတွေထဲမှာ အခုလို ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ တွေဆုံမယ်လို့ ငါမမျှော်လင့်ထားဘူး ”

“ မင်းမြန်မြန် မသေဖို့ ငါဆုတောင်းတယ် ”

အစိမ်းရောင်ချပ်ဝတ် ဝတ်ဆင်ထားသော အမျိုးသားက ပေါ့ပါးစွာ ရယ်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး နေရာမှ ပျောက်ကွယ်သွားသည်။

All Chapters