← Chapters

အခန်း (၁၇၂၆)

Vol. 124 Ch. 1726

အခန်း (၁၇၂၆)

Vol. 124 Ch. 1726

ဟန်မူယဲ့သည် ပီရှူး၏ ဧရာမခန္ဓာကိုယ်ကို သယ်ဆောင်လျက် မိုင်တစ်ထောင်အကွာအဝေးသို့ ခရီးဆက်သွားသည်။ မကြာမီ သူက ရပ်လိုက်သည်။

သူက အနောက်သို့ လှည့်ကြည့်လိုက်လေရာ နက်နဲသိမ်မွေ့သော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

အစောနက သူ့အရှေ့မှာ ထွက်ပေါ်လာခဲ့သော ပုံရိပ်နှစ်ခုသည် အစစ်အမှန်မဟုတ်ဟန် ရသည်။

သို့တိုင် ထိုအစစ်အမှန်မဟုတ်သည့် ခံစားချက်က တမူထူးခြားသည်။ ယင်းက နတ်ဘုရားများ သို့မဟုတ် ဖန်ဆင်းရှင်များ သူတို့၏ မူလစွမ်းအား ဖိနှိပ်ခံထားရသောကြောင့် မဟုတ်ပေ။ ယင်းအစား သူတို့၏ ခန္ဓာကိုယ်က မွေးရာပါ အစစ်အမှန်မဟုတ်ဟန် ရ၏။

ထို့ကြောင့် ထိုလူနှစ်ယောက် တိုက်ခိုက်နေသည့်အချိန်မှာ သူက တုံ့ဆိုင်းမနေဘဲ ပီရှူး၏ ခန္ဓာကိုယ်ကို သယ်ဆောင်လျက် အဝေးသို့ ထွက်သွားခဲ့ခြင်း ဖြစ်သည်။

သူတို့နှစ်ယောက်၏ အလျင်နှင့် စွမ်းအားက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ဘာမှမဟုတ်ပေ။ သို့သော်လည်း သူတို့ထုတ်ဖော်ထားသော အစစ်အမှန်စွမ်းအားက အတော်လေး ထူးဆန်းသည်။

သူတို့က ပုံရိပ်ယောင်များဖြစ်ကြောင်း အလွန်ထင်ရှားသော်လည်း အစစ်အမှန်နှင့် လုံးဝတူညီကြသည်။

ထို့ကြောင့် ဟန်မူယဲ့က နေရာမှ ထွက်သွားရန် သေချာဂရုတစိုက် ဆုံးဖြတ်ခဲ့ခြင်းပင်။

ဤနေရာက အသင်္ချေအသူရာချောက်နက် ဖြစ်သည်။ ဤနေရာမှာ မည်သည့်အရာမဆို ဖြစ်ပျက်နိုင်သည်။ ဤနေရာသို့ ခြေချနိုင်သူများသည် မည်သို့မှ သာမန်မဖြစ်နိုင်ပေ။

ပီရှူး၏ ခန္ဓာကိုယ်ကို အောက်သို့ ပစ်ချလိုက်သည်။ တောက်ပသော အလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

အသင်္ချေအသူရာချောက်နက်က သူမျှော်လင့်ထားသည်ထက် အများကြီး ပိုထူးဆန်းရှုပ်ထွေးသည်။

ဖန်ဆင်းရှင်တစ်ပါးဖြစ်သည့် သူသည်ပင် ဤနေရာမှာ လွယ်ကူမှုကို မခံစားရပေ။

ထို့ကြောင့် သူက လောကဖန်ဆင်းရှင်အကြောင်း ပိုပြီးစိတ်ဝင်စားလာသည်။ ထိုပုဂ္ဂိုလ်သည် အသင်္ချေအသူရာချောက်နက်ထဲသို့ ဝင်လာပြီး ဘိုးဘေးကောင်းကင်နဂါးကိုးကောင်ကို ခေါင်းတလားအား ဆွဲခိုင်းစေသည်။

ဖြစ်နိုင်သည်မှာ ထိုလောကဖန်ဆင်းရှင်က ဤလောကမှ မဟုတ်ခြင်းလော။

ဟန်မူယဲ့က သူ၏ လက်ဖဝါးကို ပီရှူး၏ ဧရာမခန္ဓာကိုယ်ပေါ်သို့ ဖိချလိုက်သည်။ သူက ပီရှူးကို သူ၏ စကြာဝဠာနယ်မြေထဲသို့ ထည့်သွင်းရန် ကြိုးစားကြည့်ချင်သည်။ သို့သော် သူက ရုတ်တရက် တုံ့ဆိုင်းသွားသည်။

သူက စကြာဝဠာနယ်မြေကို ဖွင့်လှစ်နိုင်သည်။ သို့သော် အစစ်အမှန်ပီရှူးက သူ၏ စကြာဝဠာနယ်မြေထဲမှာလည်း အစစ်အမှန်အဖြစ် ဆက်ပြီး တည်ရှိနိုင်မည်လော။

ယင်းကို သူသေချာမသိပေ။

ထို့ကြောင့် ဟန်မူယဲ့က ပီရှူး၏ အသားတုံးတစ်တုံးကို လှီးဖြတ်၍ သူ၏ စကြာဝဠာနယ်မြေထဲသို့ ပစ်ထည့်လိုက်သည်။

အသားတုံးက စကြာဝဠာနယ်မြေထဲသို့ ပြုတ်ကျသွားသည့်အခါ သွေးချီကျောက်တုံးတစ်သောင်းအဖြစ် ပြိုကွဲသွားပြီး စကြာဝဠာနယ်မြေကို အားဖြည့်ပေးလိုက်သည်။

ထိုသွေးချီကျောက်တုံးများထဲမှာ အလွန်အားကောင်းသော မူလစွမ်းအားက ကိန်းအောင်းနေသည်။ ထိုမူလစွမ်းအား၏ အဆင့်အတန်းက သေခြင်းရှင်ခြင်း ကျင့်ကြံခြင်းအဆင့်ထက် ပိုပြီးမြင့်သည်။

အစစ်အမှန်က ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်လော။

သူ့အရှေ့မှ ပီရှူးကို ကြည့်နေရင်း ဟန်မူယဲ့က စကြာဝဠာနယ်မြေကို ပြန်ပိတ်လိုက်သည်။

ထိုသို့ဆိုမှတော့ ပီရှူး၏ ဧရာမခန္ဓာကိုယ်ကို သူထမ်းပိုးသွားရလိမ့်မည်။ ယင်းက သူ့အတွက် အပန်းကြီးသောကိစ္စ မဟုတ်ပေ။

…..

မိုင်သုံးသောင်းအကွာအဝေးသို့ ခရီးဆက်ပြီးနောက် ဟန်မူယဲ့သည် ရှေးဟောင်းသားရဲများအနက် တစ်ကောင်ဖြစ်သော မင်ရာနှင့် အမှတ်မထင် တွေ့ဆုံသွားသည်။

မင်ရာသည် ၎င်း၏ နာမည်အတိုင်း အလွန်ထူးခြားဆန်းကြယ်သော သက်ရှိတစ်ကောင် ဖြစ်သည်။ ဟင်းလင်းပြင်လောကထဲမှာ ၎င်း၏ မျိုးနွယ်က မျိုးတုန်းလုနီးပါး ရှားပါးသွားချေ၏။

၎င်းက ခန္ဓာကိုယ်ကြီးမားပြီး တောင့်တင်းသန်မာသည်။ ၎င်း၏ အဝါရောင်မျက်လုံးများက အမှောင်ထဲမှာ လင်းလက်တောက်ပသည်။ ၎င်း၏ ခန္ဓာကိုယ်အသွင်သဏ္ဍာန်က ကြည်လင်ထင်ရှားသော်လည်း ၎င်းက ပုံမှန်မဟုတ်သော တည်ရှိမှုအငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ယင်းက ၎င်းနှင့် မျက်လုံးချင်းဆုံမိသူများကို တစ်ခဏတာ ဝိညာဉ်ဆုံးရှုံးစေနိုင်သည်။

ဒဏ္ဍာရီထဲမှာ ဖော်ပြထားသည်မှာ မင်ရာသည် စိတ်ချင်းဆက်သွယ်မှုနည်းလမ်းကို အသုံးပြု၍ အနီးနားဝန်းကျင်မှ သက်ရှိများကို ဆက်သွယ်နိုင်သည်။ ယင်းက မင်ရာကို အသင်္ချေအသူရာချောက်နက်ထဲ၌ အမဲလိုက်ခြင်းနှင့် အသက်ရှင်နေထိုင်ခြင်းတွင် ကြီးမားသော အားသာချက်များရှိစေသည်။

ဟန်မူယဲ့ရောက်လာသည့်အခါတွင် မင်ရာသည် အသွင်သဏ္ဍာန်မတူညီသော သန္ဓေပြောင်းသားရဲရှစ်ကောင်၏ ဝိုင်းရံခံထားရသည်။

သန္ဓေပြောင်းသားရဲများချည်းသာ မဟုတ်ပေ။ လက်သည်းအမှတ်အသားများပါသော မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ယောက်လည်း ရှိသည်။

ထိုကျင့်ကြံသူက အနိမ့်ဆုံး နတ်ဘုရားအဆင့်မှာ ဖြစ်နိုင်၏။ သူက မိန်းမောတွေဝေသော အမူအရာဖြင့် မင်ရာ၏ ဘေးမှာ မတ်တတ်ရပ်နေသည်။

“ ဟင်းလင်းပြင်သက်ရှိလား ”

“ မင်းရောက်လာတာ အချိန်မှန်ပဲ… ဒါဆိုရင် သူတစ်ယောက်တည်း မပျင်းရတော့ဘူး ”

“ ပြီးတော့ အဲ့ဒီအသားတုံးကြီး ငါ့ကို ပေးပါ ”

နတ်ဘုရားစိတ်အာရုံနှင့် တူညီသော ထူးဆန်းသည့် အသံပို့လွှတ်မှုက လေထဲမှာ ပဲ့တင်ထပ်သွားပြီး ဟန်မူယဲ့၏ အသိစိတ်ထဲသို့ ဝင်ရောက်လာသည်။

အမှန်တကယ်ပင် မင်ရာဆီမှာ စိတ်ချင်းဆက်သွယ်မှုကို အသုံးပြုနိုင်သော မွေးရာပါစွမ်းရည် ရှိသည်။ ထို့ကြောင့် ၎င်းက အနီးနားဝန်းကျင်မှ သက်ရှိများကို တိုက်ရိုက် ဆက်သွယ်နိုင်သည်။

ဟန်မူယဲ့က စကားပြန်မပြောပေ။ ယင်းအစား သူက လက်ထဲမှ ဓားကို မြှောက်လိုက်ပြီး အရှေ့သို့ ချိန်ရွယ်လိုက်သည်။

ဟန်မူယဲ့ဆီမှာ ဝိညာဉ်ဆုံးရှုံးသွားသော မည်သည့်လက္ခဏာမှ မထွက်ပေါ်လာပေ။

ယင်းကို မြင်သောအခါ မင်ရာ၏ အဝါရောင်မျက်လုံးထဲမှာ မြူခိုးတစ်ခု ဖွဲ့စည်းသွားသည်။

၎င်းထံမှ အကြည့်က အရာအားလုံးကို ဖမ်းစားနိုင်ဟန် ရ၏။

ထိုအကြည့်က ဟန်မူယဲ့၏ စိတ်ဝိညာဉ်ကို ရှုပ်ထွေးသွားစေသည်။

ဤအခိုက်အတန့်မှာ ဟန်မူယဲ့၏ နှလုံးသားက ပျော့ပျောင်းသွားပြီး ပီရှူး၏ ခန္ဓာကိုယ်ကို မင်ရာအား သူလက်လွှဲပေးချင်လာသည်။

သို့သော်လည်း ယင်းက တဒင်္ဂအတွေးသာ ဖြစ်၏။ အဆုံးမဲ့သော အမှန်တရားခံစားမှုက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး ပုံရိပ်ယောင်စွမ်းအင်ကို ဖျက်ဆီးပစ်လိုက်သည်။

ဤခရီးတစ်လျှောက်တွင် ဟန်မူယဲ့က ပီရှူး၏ အသွေးအသားကို ဆက်တိုက် စားသုံးခဲ့ပြီး အစစ်အမှန်ဓားတာအိုကို နားလည်သဘောပေါက်ခဲ့သည်။

ထို့ကြောင့် သူ့ကိုယ်သူ သတိမထားမိခင်မှာ သူက အမှန်တရားစွမ်းအားကို ပိုင်ဆိုင်သွားသည်။

ရှေးဟောင်းသားရဲမင်ရာသည် ထူးဆန်းသော ပုံရိပ်ယောင်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့သော် ယင်းက ပုံရိပ်ယောင်သာ ဖြစ်၏။ အမှန်တရားစွမ်းအားကို ပိုင်ဆိုင်ထားသော သူ့အပေါ်မှာ ယင်း၏ သက်ရောက်မှုက မကြီးမားပေ။

“ ရွှတ် ”

ဟန်မူယဲ့က သူ၏ ဓားကို အရှေ့သို့ ညွှန်လိုက်သည်။ သူက မင်ရာလှုပ်ရှားမည့်အချိန်ကို စောင့်မနေဘဲ သူ့ဘက်မှ အရင်လက်ဦးမှုယူလိုက်သည်။

ဓားထိပ်ဖျားပေါ်တွင် အနက်ရောင်အလင်းစီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ဓားချက်ထွက်ပေါ်လာပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာ ဓားအလင်းက ပေတစ်ရာရှည်လျားသွားပြီး အရှေ့ဆုံးမှ ဦးချိုနှစ်ချောင်းပါ သန္ဓေပြောင်းသားရဲတစ်ကောင်၏ ဦးခေါင်းကို ပိုင်းဖြတ်သွားသည်။

ဟန်မူယဲ့သည် ပီရှူး၏ ခန္ဓာကိုယ်ကို သယ်ဆောင်ထားလျက် မြန်ဆန်စွာ လှုပ်ရှားလိုက်သည်။ သူက လျှပ်တစ်ပြက်အတွင်းမှာ ပေတစ်ထောင်အကွာအဝေးကို တိုက်ရိုက် ဖြတ်ကျော်သွားပြီး ခေါင်းနှစ်လုံးပါ သန္ဓေပြောင်းချင်းယွမ်ကျား၏ အရှေ့ဆီသို့ ရောက်ရှိသွားသည်။

ခေါင်းနှစ်လုံးပါကျား၏ ဦးခေါင်းတစ်လုံးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ တခြားဦးခေါင်းသည်တော့ ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး အနက်ရောင်မြူခိုးကို ဟန်မူယဲ့၏ ဦးခေါင်းထံသို့ မှုတ်ထုတ်လိုက်သည်။

ကျယ်လောင်သော ဟိန်းသံက မိုးမြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ဟိန်းသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်၌ တကျွီကျွီမြည်သံများ ဆူညံသွားသည်။ တစ်ချိန်တည်းမှာ မြူခိုးက ဧရာမကျောက်တုံးတစ်တုံးအဖြစ် အသွင်ပြောင်းလဲသွားပြီး ဟန်မူယဲ့၏ ဦးခေါင်းတည့်တည့်ပေါ်သို့ ကျဆင်းသွားသည်။

ဟန်မူယဲ့က ခြေထောက်မြှောက်လိုက်ပြီး ခေါင်းနှစ်လုံးပါကျား၏ ရင်ဘက်ကို ဆောင့်ကန်လိုက်သည်။ ခေါင်းနှစ်လုံးပါကျားက ချက်ချင်း ပေထောင်ပေါင်းများစွာ အဝေးသို့ လွင့်စင်သွားသည်။

ကျောက်တုံးသည်တော့ ဟန်မူယဲ့ သယ်ဆောင်ထားသော ပီရှူး၏ ခန္ဓာကိုယ်ပေါ်သို့ ပြုတ်ကျသွားသည်။ ဟန်မူယဲ့က ဘာမှမဖြစ်သည့်အလား ပီရှူးနှင့် ကျောက်တုံးကို တစ်ပြိုင်နက် သယ်ဆောင်လိုက်သည်။

ထိုကျောက်တုံးက ကတ်တီဆယ်သန်းခန့် လေးလံသော်လည်း ဟန်မူယဲ့အတွက်တော့ ယင်းက ငှက်မွှေးတစ်ချောင်းနှင့် မခြားပေ။

“ အမှန်တရားစွမ်းအား ”

“ ဟင်းလင်းပြင်သက်ရှိက အမှန်တရားစွမ်းအားကို အဲ့လောက်မြန်မြန် ဆင်ခြင်နားလည်နိုင်တယ်လား ”

ဟန်မူယဲ့၏ စိတ်ဝိညာဉ်ထဲတွင် မင်ရာ၏ အံ့ဩသောအသံ ထွက်ပေါ်လာသည်။

၎င်း၏ ဘေးမှ တခြားသန္ဓေပြောင်းသားရဲများက အရှေ့သို့ ခုန်လိုက်ကြသည်။ ၎င်းတို့၏ ဝိညာဉ်က အပြန်အလှန် ဆက်သွယ်သွားပြီး တစ်ခုတည်း ပေါင်းစည်းသွားသည်။

၎င်းတို့က တိုက်ခိုက်ခြင်းနှင့် ခုခံကာကွယ်ခြင်းကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်ကြသည်။

အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အားလုံးက မင်ရာ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်နေသောကြောင့် ဖြစ်သည်။

မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကျင့်ကြံသူသည်လည်း အရှေ့သို့ ထွက်လာသည်။ သူက လက်ထဲမှ ရွှေယပ်တောင်ကို ဖြန့်လိုက်ပြီး တဖျပ်ဖျပ်ခတ်လိုက်သည်။ ရွှေရောင်အလင်းတန်းထောင်သောင်းချီက ထိုကျင့်ကြံသူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာပြီး ဟန်မူယဲ့ဆီသို့ ဦးတည်သွားသည်။

ထိုကျင့်ကြံသူက မင်ရာ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်နေခြင်းမှာ မထူးဆန်းတော့ပေ။ လက်စသတ်တော့ သူက ပုံရိပ်ယောင်ဖြင့် နေသားကျနေသော ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ သူက ပုံရိပ်ယောင်စွမ်းအားကို အသုံးပြု၍ နတ်ဘုရားအဆင့်သို့ တတ်လှမ်းခဲ့သူ ဖြစ်ရမည်။

ထိုသို့ကျင့်ကြံသူများသည် မင်ရာကဲ့သို့ ရှေးဟောင်းသားရဲများဖြင့် ရင်ဆိုင်ရသည့်အခါ ခုခံကာကွယ်ရန် အခွင့်အရေးမရှိပေ။

“ ထွက်သွားစမ်း ”

ဟန်မူယဲ့က ကျယ်လောင်စွာ အော်လိုက်သည်။ သူက လက်ထဲမှ ဓားကို မြှောက်လိုက်ပြီး ကြက်ခြေခတ်ဓားအလင်းကို ထုတ်ဖော်လိုက်သည်။

သူက ထိုသန္ဓေပြောင်းသားရဲများကို နောက်ထပ် အရေးမစိုက်တော့ပေ။ သူဓားချက်ထုတ်ဖော်လိုက်သည့်အခါ အမှန်တရားစွမ်းအားက သူ၏ ဓားဖျားပေါ်မှာ အလွှာအထပ်ထပ် ဖွဲ့စည်းသွားသည်။

မန္တန်အားလုံးနှင့် စွမ်းအင်အလင်းတန်းအားလုံးက ထိုဓားဖြင့် ရင်ဆိုင်ရသည့်အခါ တိုက်ရိုက် အက်ကွဲသွားကြသည်။

သန္ဓေပြောင်းသားရဲများက ထိုဓားဖြင့် ပိုင်းဖြတ်ခံလိုက်ကြရသည်။ ၎င်းတို့၏ အသွေးအသားများက နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။

မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော နတ်ဘုရားအဆင့် ကျင့်ကြံသူဖြစ်စေ သို့မဟုတ် သန္ဓေပြောင်းသားရဲများဖြစ်စေ ၎င်းတို့အားလုံးက ဟန်မူယဲ့၏ ဓားတစ်ချက်ကိုပင် မခုခံနိုင်ကြပေ။

ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ရှေးဟောင်းမင်ရာ၏ အရှေ့မှာ ရပ်လိုက်သည်။ သူက လက်ထဲမှ ဓားကို တိုက်ရိုက် မြှောက်လိုက်ပြီး အရှေ့သို့ ထိုးသွင်းလိုက်သည်။

ထိုသို့အခြေအနေတွင် မင်ရာက အသက်အန္တရာယ်ကို ခံစားမိသွားသည်။ ၎င်းက အရှေ့ခြေကို မြှောက်တင်လိုက်ပြီး ဓားကို တွန်းလှန်လိုက်သည်။

“ ထန် ”

မင်ရာ၏ လက်သည်းများက ဓားထိပ်ဖျားကြောင့် အက်ကွဲသွားသည်။ တစ်ဆက်တည်းမှာ ဟန်မူယဲ့၏ ဓားဖျားက မင်ရာ၏ လည်ပင်းဆီသို့ တိုးဝင်သွားသည်။

အစိမ်းရောင်အရိပ်က ဓားကိုယ်ထည်ပေါ်မှာ မှိတ်တုတ်မှိတ်တုတ် ရွေ့လျားသွားသည့်အခါ ဓားဖျားက မင်ရာ၏ လည်ပင်းအရေပြားကို လှီးဖြတ်သွားသည်။

သွေးက မရပ်မနား စီးကျလာသည်။

“ မင်းက အစစ်အမှန်သားရဲတွေထဲက တစ်ကောင်ဖြစ်နေမယ်လို့ ငါမမျှော်လင့်ထားဘူး ”

“ တကယ်ပဲ ငါသိချင်မိတယ်… မင်းရဲ့ အသားနဲ့ ပီရှူးရဲ့ အသား ဘယ်ဟာက ပိုပြီးအရသာရှိလဲ ”

ဟန်မူယဲ့က မထူးမခြားနား ပြောသည်။ သူက လက်မြှောက်လိုက်ပြီး ဓားဖျားကို အရှေ့သို့ အနည်းငယ် ထပ်တိုးလိုက်သည်။

“ ငါ့အသားက အရသာမရှိပါဘူး… ”

“ ဆရာ… ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါ… အသင်္ချေအသူရာချောက်နက်ထဲက တခြားနတ်သားရဲတွေနဲ့ ဆက်သွယ်ဖို့ ငါမင်းကို ကူညီပေးနိုင်ပါတယ် ”

“ မင်း အသင်္ချေအသူရာချောက်နက်ထဲမှာ အသက်ရှင်လျက် စွန့်စားချင်တယ်မလား ”

မင်ရာ၏ အသံက တုန်တုန်ယင်ယင် ထွက်ပေါ်လာသည်။

ဟန်မူယဲ့သည် ဓားကို ပြန်ရုပ်သိမ်းမည့် အရိပ်အယောင်ကို မဖော်ပြချေ။ သူက မထူးမခြားနား ပြောသည်။

“ အရင်ဆုံး ငါမေးတာကို မင်းဖြေပါ… အစစ်အမှန်ဆိုတာ ဘာလဲ… ဟင်းလင်းပြင်သက်ရှိတွေဆိုတာ ဘာလဲ ”

မင်ရာက အပြင်းအထန် တုန်ယင်သွားသည်။ ၎င်းက ပြန်မပြောမီ တစ်ခဏကြာ တုံ့ဆိုင်းသွားသည်။

“ တကယ်လို့ ငါမင်းကို ပြောပြရင် မင်းရူးသွားမှာလား ”

“ ဟင်းလင်းပြင်သက်ရှိတွေဆိုတာ မတည်ရှိသင့်တဲ့ သက်ရှိတွေလို့ ငါမင်းကို ပြောရင် မင်းဘယ်လိုထင်လဲ ”

“ ငါပြောနေတာက မင်းက ဒီလောကမှာ မတည်ရှိတာ မဟုတ်ဘူး… မင်းက မတည်ရှိသင့်တာ ”

မင်ရာက သူ့အရှေ့မှ ဟန်မူယဲ့ကို ကြည့်လိုက်သည်။ ၎င်း၏ အသံထဲမှာ အကူအညီမဲ့မှုဖြင့် ပြည့်နှက်နေသည်။

“ မင်းက ဒီဟင်းလင်းပြင်လောကထဲမှာ အနန္တတန်ခိုးရှင်ဖြစ်နေရင်တောင်မှ အစစ်အမှန်လောကက တကယ် လှုပ်ရှားလာမယ်ဆိုရင် ဟင်းလင်းပြင်လောကတစ်ခုလုံး ပူဖောင်းတစ်ခုလို ပျောက်ကွယ်သွားလိမ့်မယ် ”

All Chapters