← Chapters

အခန်း (၁၇၂၇)

Vol. 124 Ch. 1727

အခန်း (၁၇၂၇)

Vol. 124 Ch. 1727

“ စမ်းသပ်မှုကွင်းပြင်လား ”

“ သတ်ပုတ်ကွင်းလား ”

“ ဒါမှမဟုတ် အမဲလိုက်ဖို့အတွက် ဝိညာဉ်စွမ်းအားနဲ့ ဝင်ရောက်ရတဲ့ တိုက်ခိုက်ရေးနယ်မြေလား ”

ဟန်မူယဲ့က မေးခွန်းသုံးခုကို ဆက်တိုက် မေးသည်။ ယင်းက မင်ရာကို ဆွံ့အသွားစေသည်။

ဟန်မူယဲ့၏ အမူအရာက တည်ငြိမ်သည်။ သို့သော်လည်း သူ၏ နှလုံးသားထဲမှာ စိတ်ခံစားချက်များက ဗြောင်းဆန်နေသည်။

အစောနက သူတွေ့ဆုံခဲ့သော လူနှစ်ယောက်က အစစ်အမှန်ရော ပုံရိပ်ယောင်ရောဖြစ်သည်ဟု သူခံစားမိခြင်းမှာ မထူးဆန်းတော့ပေ။

သူတို့နှစ်ယောက်က တခြားဒိုင်မန်းရှင်းများမှ ရောက်လာကြခြင်း ဖြစ်ရမည်။ သူတို့၏ သေဆုံးမှုဖြစ်စေ သို့မဟုတ် ပျောက်ကွယ်မှုဖြစ်စေ ယင်းတို့က အစစ်အမှန်မဟုတ်ပေ။ ယင်းအစား မှော်သင်္ကေတတစ်ခု၏ လွင့်ပြယ်မှု ဖြစ်သည်။

ယင်းက မသေမျိုးဖြစ်သည်။

ဤလေဟာနယ်ထဲမှ ကျင့်ကြံသူများအတွက်တော့ ယင်းက ထာဝရရှင်သန်မှု၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။

ဒါဆိုရင် အဲ့ဒီလူနှစ်ယောက်က ထာဝရကုန်းမြေကနေ ရောက်လာကြတဲ့ လူတွေလား… ။

“ ငါမင်းကို ပြောပြမယ်… ဟင်းလင်းပြင်က မတော်တဆ ဖြစ်တည်လာတဲ့ နေရာပဲ… ပြီးတော့ ဒီနေရာရောပဲ… ”

“ ထာဝရကောင်းကင်ဘုံရဲ့ စွမ်းအားတချို့က အပြင်ကို စိမ့်ထွက်သွားတာကြောင့် ဒီနေရာက ဖြစ်တည်လာတာ ”

“ ဟင်းလင်းပြင်က အဆင့်မြင့်ဒိုင်မန်းရှင်းတစ်ခုကနေ မရည်ရွယ်ဘဲ ကွဲထွက်သွားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ် ”

မင်ရာက တစ်ခဏ တုံ့ဆိုင်းသွားသည်။ ထို့နောက် ၎င်းက ရှင်းပြသည်။

“ ဟင်းလင်းပြင်ထဲမှာတော့ အမှန်တရားကုန်းမြေက သက်ရှိတွေက တကယ့် မသေမျိုးတွေ ဖြစ်ကြတယ်… သူတို့ကို ပုံရိပ်ယောင်စွမ်းအားနဲ့ တိုက်ခိုက်လို့ မရဘူး… အမှန်တရားစွမ်းအားကပဲ သူတို့ကို လွင့်ပြယ်သွားအောင် ပြုလုပ်နိုင်တယ်… အဲ့ဒါမှ သူတို့က မူလနေရာကို ပြန်သွားကြလိမ့်မယ် ”

“ မင်းပြောတာလည်း မမှားဘူး… အမှန်တရားကုန်းမြေက သက်ရှိတွေက ဟင်းလင်းပြင်ကို စမ်းသပ်မှုကွင်းပြင်လို့ သဘောထားကြတယ်… ဒါပေမဲ့ ဟင်းလင်းပြင်က တကယ်တော့ ဘာမှမဟုတ်ဘူးဆိုတာ သူတို့ ချက်ချင်းပဲ နားလည်သွားကြတယ် ”

“ အမှန်တရားစွမ်းအားကို နားမလည်ထားတဲ့ ဟင်းလင်းပြင်ထဲက သက်ရှိတွေက အမှန်တရားကုန်းမြေက သက်ရှိတွေရဲ့ မျက်လုံးထဲမှာတော့ ပုရွက်ဆိတ်လေးတွေပဲ ”

ဟင်းလင်းပြင်သက်ရှိတွေက အရမ်းပဲ အားနည်းတာလား… ။

ဟန်မူယဲ့က တစ်ခဏ တွေးတောလိုက်သည်။ သူ၏ အမူအရာက ပိုပြီးလေးနက်လာသည်။

ထိုဖြစ်စဉ်ကို မဟာပန်သွန်ဘုံအား ဥပမာ ယူနိုင်သည်။ မဟာပန်သွန်ဘုံသည် ဘုံများစွာအနက် အသန်မာဆုံး ဘုံတစ်ခုဖြစ်သည်။ ထို့ကြောင့် မဟာပန်သွန်ဘုံမှ ကျင့်ကြံသူများက တခြားဘုံများဆီသို့ ကျူးကျော်ဝင်ရောက်သည့်အခါ ဆယ်မီတာရှည်လျားသော ဘီလူးများအဖြစ် အသွင်ပြောင်းလဲနိုင်ကြသည်။ အဆင့်တူမှာ တခြားမျိုးနွယ်စုများက မဟာပန်သွန်ဘုံမှ ကျင့်ကြံသူများကို မယှဉ်ပြိုင်နိုင်ကြချေ။

ယင်းက သူတို့နေထိုင်သော ကုန်းမြေများကြားမှ အဆင့်အတန်းကွာခြားမှုကြောင့် ဖြစ်သည်။

သို့ဖြစ်၍ အမှန်တရားကုန်းမြေမှ ကျင့်ကြံသူများက ဟင်းလင်းပြင်ဆီသို့ ဝင်ရောက်လာကြသည့်အခါ ဟင်းလင်းပြင်ထဲမှ ကျင့်ကြံသူများက သူတို့အတွက် ပြိုင်ဘက်များ မဟုတ်နေကြချေ။

“ နတ်ဘုရားနိဂုံးလား ”

ဟန်မူယဲ့က မသေချာစွာ ရေရွတ်လိုက်သည်။

အမှန်တရားကုန်းမြေမှ ကျင့်ကြံသူတစ်ယောက်စီသည် နတ်ဘုရားနိဂုံးကပ်ဘေးကို အလွယ်တကူ လှုံ့ဆော်နိုင်ကြသည်။

ထို့ကြောင့် အမှန်တရားကုန်းမြေက ဟင်းလင်းပြင်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်ဟု မင်ရာပြောခဲ့ခြင်းမှာ ယုတ္တိမရှိသောအရာ မဟုတ်ပေ။

“ ဟုတ်တယ်… နတ်ဘုရားနိဂုံး ”

“ နတ်ဘုရားနိဂုံးဆိုတာ ဟင်းလင်းပြင်ရဲ့ စွမ်းအား အဆုံးစွန်ထိ ရောက်ရှိသွားပြီး အမှန်တရားအဖြစ် ပြောင်းလဲသွားတာကို ရည်ရွယ်တယ် ”

မင်ရာသည် ဟန်မူယဲ့နှင့် စကားပြောနေစဉ် မည်သည့်ဖိအားကိုမှ မခံစားရပေ။

ဟန်မူယဲ့နားလည်ထားသော အသိပညာဗဟုသုတက အလွန်နက်ရှိုင်းသည်။

“ ထာဝရကောင်းကင်ဘုံထဲက မရေမတွက်နိုင်တဲ့ သက်ရှိတွေက စစ်မှန်တဲ့ မသေမျိုး အင်မော်တယ်တွေအတွက် စမ်းသပ်မှုသာသာပဲ ဖြစ်ကြတယ် ”

“ ဒါကြောင့် ထာဝရကောင်းကင်ဘုံရဲ့ သက်ရှိတွေက အစမ်းသပ်ခံဘဝကနေ လွတ်မြောက်ချင်ကြပြီး အမှန်တရားကုန်းမြေဆီ ဝင်ရောက်ချင်ကြတယ်… ဒါပေမဲ့ သူတို့မသိကြတာက အမှန်တရားကုန်းမြေက သူတို့သွားရောက်နိုင်တဲ့နေရာ မဟုတ်ဘူးဆိုတာပဲ ”

“ အမှန်တရားကုန်းမြေရဲ့ ကျင့်ကြံသူတွေအတွက်တော့ ငါတို့က ဒိုင်မန်းရှင်းအရေအတွက်တစ်ခုပဲ ဖြစ်တယ် ”

မင်ရာ၏ မျက်လုံးထဲမှာ ဝမ်းနည်းသော အရိပ်အယောင် ထွက်ပေါ်လာသည်။

အရေအတွက်… ။

ဒိုင်မန်းရှင်းအရေအတွက်သည် အချိန်မရွေး ပျက်စီးသွားနိုင်သကဲ့သို့ အချိန်မရွေး အသစ်ဖြစ်ပေါ်နိုင်သည်။

ယင်းက ဖန်ဆင်းရှင်တစ်ပါး သူတို့နေထိုင်သော လေဟာနယ်ပေါ်မူတည်၍ သက်ရှိများဖန်ဆင်းခြင်းနှင့် ဆင်တူသည်။

အသက်ဓာတ်စွမ်းအား… သေခြင်းစွမ်းအား… ။

အဖြေကို နားထောင်ပြီးလျှင် ရူးသွားနိုင်သည်ဟု မင်ရာပြောခဲ့ခြင်းက အဓိပ္ပာယ်မဲ့စွာ လျှောက်ပြောခဲ့ခြင်း မဟုတ်ပေ။

အကယ်၍ သူ့နေရာမှာ တခြားဖန်ဆင်းရှင်တစ်ပါး သို့မဟုတ် နတ်ဘုရားတစ်ပါးဆိုလျှင် ထိုလူက သေချာပေါက် ရူးသွားလိမ့်မည်ဟု ဟန်မူယဲ့ ခံစားမိသည်။

သူတို့၏ တစ်ဘဝစာ ကျင့်ကြံခြင်းခရီးစဉ်က ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်ဟု ပြောလျှင် မည်သူက မရူးသွားဘဲ နေမည်နည်း။

မည်သူက ထိုသို့အရာကို လက်ခံနိုင်မည်နည်း။

ထို့ကြောင့် ဖန်ဆင်းရှင်များသည် အသင်္ချေအသူရာချောက်နက်ထဲ၌ အမှန်တရားစွမ်းအားကို အာရုံခံမိပြီးနောက် ဤနေရာသို့ ပြန်လာရန် ဆန္ဒမရှိကြတော့ခြင်း ဖြစ်သည်။

နတ်ဘုရားနိဂုံးကြောင့်သာ မဟုတ်လျှင် သူတို့က အသင်္ချေအသူရာချောက်နက်ဆီသို့ နောက်တစ်ကြိမ် ပြန်ဆင်းလာကြလိမ့်မည် မဟုတ်ချေ။

“ ဒါဆို ထာဝရကောင်းကင်ဘုံက အဆုံးသတ်မဟုတ်ဘူးပေါ့… အမှန်တရားကုန်းမြေကမှ တကယ့် အဆုံးသတ်ပေါ့ ”

“ အဲ့ဒါကြောင့် ထာဝရကောင်းကင်ဘုံထဲက သက်ရှိတွေက အစမ်းသပ်ခံဘဝကနေ လွတ်မြောက်ဖို့ အခွင့်အရေးအတွက် အဆင့်မြင့်ဒိုင်မန်းရှင်းကို ဖျက်ဆီးချင်ကြတာပေါ့ ”

ဟန်မူယဲ့က မျက်လုံးအရောင်တောက်သွားသည်။ သူ၏ စိတ်ထဲမှ မြူခိုးက အနည်းငယ် ရှင်းလင်းသွားသည်ဟု သူခံစားမိသွားသည်။

အမှန်တရားကုန်းမြေသည် ထာဝရ မသေမျိုးများ နေထိုင်သောနေရာ ဖြစ်သည်။

“ အဲ့ဒီကို ဘယ်လိုသွားရမလဲ ”

ဟန်မူယဲ့က မင်ရာကို ကြည့်လိုက်သည်။

“ ထာဝရဂိတ်တံခါး ”

မင်ရာက ပြောသည်။

…..

မင်ရာ၏ အကူအညီပေးမှုကြောင့် အသင်္ချေအသူရာချောက်နက်ထဲမှာ ဟန်မူယဲ့၏ ခရီးစဉ်က ယခင်ကထက် ပိုပြီးအဆင်ချောမွေ့သွားသည်။

အစွမ်းထက် နတ်သားရဲများဖြစ်စေ သို့မဟုတ် အမှန်တရားကုန်းမြေမှ ကျင့်ကြံသူများ ဆင်းသက်လာသည့်အခါဖြစ်စေ မင်ရာသည် ၎င်း၏ မွေးရာပါစွမ်းရည်ဖြင့် သူတို့ကို ထောက်လှမ်းနိုင်သည်။

မင်ရာသည် အသင်္ချေအသူရာချောက်နက်၏ ပတ်ဝန်းကျင်နှင့် နေသားကျပြီးသော သက်ရှိတစ်ကောင်ဖြစ်သည်။ ၎င်း၏ မွေးရာပါစွမ်းရည်အရ ၎င်းက တခြားသက်ရှိများ၏ နှလုံးသားနှင့် စိတ်ကို ထိန်းချုပ်နိုင်သည်။ အသင်္ချေအသူရာချောက်နက်ထဲ၌ ၎င်းမသိသော လျှို့ဝှက်ချက်များက အနည်းငယ်သာ ရှိသည်။

၎င်း၏ ပြောကြားမှုအရ အတိတ်မှာ ၎င်းက အမှန်တရားကုန်းမြေမှ ဆင်းသက်လာသော ကျင့်ကြံသူတစ်ယောက်၏ အသိစိတ်ကို ထိန်းချုပ်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း အဆုံးမှာ ၎င်းက ကျရှုံးသွားပြီး မသေရုံတမည် ထွက်ပြေးခဲ့ရသည်။

သို့သော်လည်း ထိုသို့တွေ့ဆုံမှုကြောင့် ၎င်းက အမှန်တရားကုန်းမြေနှင့်ပတ်သက်သော သတင်းအချက်အလက် အများကြီးကို သိရှိခဲ့ခြင်းပင်။

အမှန်တရားကုန်းမြေမှ ကျင့်ကြံသူများသည် ရုပ်ခန္ဓာကိုယ်နှင့် ဝိညာဉ်ပေါင်းစပ်သော စွမ်းအားကို ကျင့်ကြံကြသည်။ ယင်းက အမှန်တရားစွမ်းအား ဖြစ်သည်။

သူတို့၏ သတ်ဖြတ်ခြင်းနည်းလမ်းများနှင့် တိုက်ခိုက်ရေးနည်းလမ်းများက ပိုပြီးတိုက်ရိုက်ကျသည်။ များသောအားဖြင့် သူတို့က ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ရုပ်ခန္ဓာကိုယ်၏ စွမ်းအားကို မြှင့်တင်ကာ သာလွန်ထူးခြားသော တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်ကြသည်။

“ ပြန်လည်မွေးဖွားခြင်းအဆင့်၊ ရွှမ်အဆင့်နဲ့ တာအိုပေါ်ထွက်ခြင်းအဆင့် အဲ့ဒါက ငါတွေ့ဆုံခဲ့ဖူးတဲ့ အစစ်အမှန်ကုန်းမြေက ကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်းအဆင့်သုံးဆင့်ပဲ ”

အသင်္ချေအသူရာချောက်နက်၏ အနက်ပိုင်းထဲ၌ ခရီးဆက်နေကြစဉ် မင်ရာ၏ အသံက ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ သန္ဓေပြောင်းသားရဲခုနစ်ကောင် ရှစ်ကောင်ခန့်က မင်ရာ၏ စိတ်ထိန်းချုပ်မှုအောက်သို့ ကျရောက်နေကြသည်။ ထိုသန္ဓေပြောင်းသားရဲများက သူတို့နှစ်ယောက်၏ ဘေးပတ်ဝန်းကျင်၌ အစောင့်အကြပ်များသဖွယ် ရွေ့လျားနေကြသည်။

“ ပြန်လည်မွေးဖွားခြင်းအဆင့် ကျင့်ကြံသူတွေက အရမ်းမသန်မာကြဘူး… သူတို့ရဲ့ ခွန်အားက နတ်ဘုရားအဆင့် ကျင့်ကြံသူတွေကိုတောင် မယှဉ်ပြိုင်နိုင်ဘူး… ဒါပေမဲ့ သူတို့က အမှန်တရားစွမ်းအားကို အသုံးပြုနိုင်ကြတယ်… သူတို့က နတ်ဘုရားအဆင့် ကျင့်ကြံသူတွေကို အလွယ်တကူ ထိခိုက်စေနိုင်တယ် ”

“ ရွှမ်အဆင့် ကျင့်ကြံသူတွေက ဖန်ဆင်းရှင်တစ်ပါးနဲ့ နှိုင်းယှဉ်နိုင်တဲ့ ကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်ထားကြတယ်… သူတို့က အမှန်တရားစွမ်းအားကို ထိန်းချုပ်ပြီး အသင်္ချေအသူရာချောက်နက်ထဲက သက်ရှိတွေကို တိုက်ရိုက် သုတ်သင်ပစ်နိုင်ကြတယ်… သူတို့ရဲ့ အမှန်တရားစွမ်းအားက ဖန်ဆင်းရှင်ရဲ့ သေခြင်းရှင်ခြင်းစွမ်းအားထက် သာလွန်တယ် ”

“ ဒါကြောင့် ဖန်ဆင်းရှင်တွေက ရွှမ်အဆင့် ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရပြီဆိုရင် ထွက်ပြေးဖို့ပဲ ရွေးချယ်နိုင်ကြတယ် ”

မင်ရာက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။

“ အဲ့ဒီထဲမှာ မင်းမပါဘူး… မင်းက အမှန်တရားစွမ်းအားကို တတ်ကျွမ်းပြီးပြီ ”

“ ဒီအသင်္ချေအသူရာချောက်နက်ထဲမှာ အသန်မာဆုံး အမှန်တရားစွမ်းအားကို ပိုင်ဆိုင်ထားတဲ့ တည်ရှိမှုက ခေါင်းတလားထဲမှာ အိပ်စက်နေတဲ့ အဲ့ဒီပုဂ္ဂိုလ်ပဲ ”

“ အဲ့ဒီပုဂ္ဂိုလ်က အမှန်တရားကုန်းမြေကနေ ရောက်လာတာလို့ ငါသံသယရှိတယ် ”

“ တာအိုပေါ်ထွက်ခြင်းအဆင့်ကတော့ အမှန်တရားကုန်းမြေမှာတောင် ဒဏ္ဍာရီလာအဆင့်လို့ ပြောကြတယ် ”

…..

မိုင်သန်းပေါင်းများစွာ ခရီးဆက်ပြီးနောက် ဟန်မူယဲ့သည် အမှန်တရားစွမ်းအား ကိန်းအောင်းနေသော နတ်သားရဲများနှင့် မိစ္ဆာသားရဲများ၏ အသွေးအသားကို ဆက်တိုက် စားသုံးခဲ့လေရာ အမှန်တရားစွမ်းအားအပေါ် သူ၏ ဆင်ခြင်နားလည်မှုက ယခင်ကထက် အများကြီး ပိုတိုးတတ်သွားသည်။

သူစားသုံးခဲ့သော နတ်သားရဲများသည် ပုံရိပ်ယောင်မှ အသွင်ပြောင်းလဲသွားကြခြင်း မဟုတ်ပေ။ ယင်းအစား ၎င်းတို့က ဒေတာအချက်အလက်များ၏ စုဝေးမှုတစ်ခု ဖြစ်၏။

သို့သော် သူစားသုံးခဲ့သော နတ်သားရဲများ၏ ခန္ဓာကိုယ်က အမှန်တကယ် စစ်မှန်သည်။ ၎င်းတို့က အမှန်တရားစွမ်းအားဖြင့် ဖုံးလွှမ်းခံထားကြရသည်။

ထို့ပြင် အသင်္ချေအသူရာချောက်နက်ထဲမှ နတ်သားရဲများနှင့် သန္ဓေပြောင်းသားရဲအများစုသည် အမှန်မှာ ပုံရိပ်ယောင်သာဖြစ်ကြောင်း တဖြည်းဖြည်း သူရှာတွေ့သွားသည်။

၎င်းတို့က အမှန်တရားကုန်းမြေမှ ကျင့်ကြံသူများကို လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်ထားသော စမ်းသပ်မှုများ ဖြစ်ကြသည်။

“ ဗုန်း ”

အရှေ့တွင် ကျယ်လောင်သော ပေါက်ကွဲသံက ပဲ့တင်ထပ်သွားသည်။

ဟန်မူယဲ့သည် မြန်ဆန်သော အလျင်ကို အသုံးပြု၍ အရှေ့သို့ တစ်ဟုန်ထိုး ပြေးသွားသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ သူက မိုင်ပေါင်းထောင်ချီအဝေးမှ ချိုင့်ဝှမ်းတစ်ခုပေါ်သို့ ရောက်ရှိသွားသည်။

ချိုင့်ဝှမ်းထဲတွင် ပုံရိပ်နှစ်ခုက အပြန်အလှန် တိုက်ခိုက်နေကြသည်။

“ ဟွမ်ချင်းဖန်ဆင်းရှင် ”

ထိုနှစ်ယောက်ထဲမှ တစ်ယောက်ကို ဟန်မူယဲ့ သိသည်။ ထိုသူက အသင်္ချေအသူရာချောက်နက်ဆီသို့ သူနှင့်အတူ လိုက်လာခဲ့သော ဖန်ဆင်းရှင်များအနက် တစ်ယောက်ဖြစ်သည်။

တစ်ဖက်လူက အနံကျယ်ပြောသော ဓားမော့တစ်လက်ကို ကိုင်ဆောင်ထားသည်။

“ အမှန်တရားကုန်းမြေက ကျင့်ကြံသူ ”

မင်ရာက အလန့်တကြား အော်ပြောလိုက်သည်။

“ အဲ့ဒီလူက သူ့ကိုယ်သူ ကိုယ်ရည်သွေးနေတာပဲ… တကယ်ဆို အဲ့ဒီဖန်ဆင်းရှင်က သူ့ကို ဘာမှလုပ်နိုင်တာမဟုတ်ဘူး ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

ဤအခိုက်အတန့်မှာ ဟွမ်ချင်းဖန်ဆင်းရှင်က အစွမ်းကုန်သုံး၍ အကြမ်းပတမ်း တိုက်ခိုက်နေသည်။ သူ၏ လက်သီးချက်တိုင်းက သူ့အရှေ့မှ လေဟာနယ်ကို အက်ကွဲသွားစေပြီး ဓားမော့ကိုင်ထားသော လူကို အနောက်ဆုတ်သွားရန် ဆက်တိုက် ဖိအားပေးနေသည်။

သို့တိုင် အမှန်တရားစွမ်းအားကို ထိတွေ့ဖူးသော အပြင်လူများ၏ အမြင်တွင် တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ ဟွမ်ချင်းဖန်ဆင်းရှင်၏ စွမ်းအားက ကြီးကြီးမားမား ကုန်ခမ်းလာသည်။ သူ၏ ပြိုင်ဘက်သည်တော့ မည်သည့်ထိခိုက်ဒဏ်ရာမှ မရရှိသေးပေ။

“ သေစမ်း ”

ဟွမ်ချင်းဖန်ဆင်းရှင်က ဒေါသတကြီး အော်လိုက်သည်။ သူက အရှေ့သို့ ခုန်လိုက်ပြီး ဓားမော့ကိုင်ထားသော လူ၏ ဦးခေါင်းတည့်တည့်ပေါ်သို့ လက်သီးဖြင့် ထိုးချလိုက်သည်။

ဤတစ်ကြိမ်တွင် အမှန်တရားကုန်းမြေမှ ကျင့်ကြံသူက ထိုလက်သီးကို မတားဆီးနိုင်တော့ပေ။ လက်သီးက သူ၏ ဦးခေါင်းကို ထိမှန်သွားသည့်အခါ သူ၏ ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။

တစ်ဖက်လူ၏ ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားကြောင်း မြင်သောအခါ ဟွမ်ချင်းဖန်ဆင်းရှင်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

သို့သော် နောက်အခိုက်အတန့်မှာ ရွှေရောင်မှော်သင်္ကေတများက သူ၏ အရှေ့မှာ မြန်ဆန်စွာ စုစည်းသွားကြပြီး လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားသည်။

“ ရွှတ် ”

ဓားမော့သည် အပေါ်မှ ကျဆင်းလာသည်။ ဟွမ်ချင်းဖန်ဆင်းရှင်၏ ခန္ဓာကိုယ်က ဓားမော့ကြောင့် နှစ်ပိုင်းပြတ်သွားပြီး အဖြူအနက်စွမ်းအင်စီးကြောင်းများအဖြစ် လွင့်ပြယ်သွားသည်။ ထို့နောက် ရွှေရောင်တုံကင်နှစ်ခုနှင့် အနက်ရောင်စစ်ပွဲလှံတစ်ချောင်းက မြေကြီးပေါ်သို့ ပြုတ်ကျသွားကြသည်။

“ ဒါလေးပဲ ရတာလား ”

ဓားမော့ကိုင်ထားသော ကျင့်ကြံသူက နောင်တရစွာ ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူက တောင်တစ်လုံးပေါ်မှာ မတ်တတ်ရပ်နေသော ဟန်မူယဲ့ကို မော့ကြည့်လိုက်သည်။ သူက ပေါ့ပါးစွာ ရယ်လိုက်ပြီး အော်ပြောလိုက်သည်။

“ မင်းဆင်းလာခဲ့စမ်း ”

All Chapters