← Chapters

အခန်း (၁၇၂၈)

Vol. 124 Ch. 1728

အခန်း (၁၇၂၈)

Vol. 124 Ch. 1728

“ မသွား… ”

မင်ရာ၏ အော်သံမဆုံးမီ ဟန်မူယဲ့က ချိုင့်ဝှမ်းထဲသို့ ဆင်းသွားသည်။ သူက လက်ထဲမှ ဓားဖြင့် သူ့အရှေ့မှ လူငယ်ထံသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

ထိုဓားချက်က အလွန်မြန်ဆန်လေရာ လူငယ်မှာ တုံ့ပြန်ရန် အချိန်မရှိပေ။ သူက ဓားချက်ကို မခုခံနိုင်လေရာ သူ၏ ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်သွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းက ရွှေရောင်အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဟန်မူယဲ့က သူ၏ ဓားကို ဝှေ့ယမ်းလိုက်ပြီး ထိုအလင်းစီးကြောင်းကို ထိုးစိုက်လိုက်သည်။

အမှန်တရားစွမ်းအားသည်ပင် ထိုအလင်းစီးကြောင်း၏ လမ်းကြောင်းကို မတားဆီးနိုင်ပေ။

“ အဲ့ဒါ အမှန်တရားကုန်းမြေက ဖန်တီးထားတဲ့ ဥပဒေသပဲ… အဲ့ဒါက ဒိုင်မန်းရှင်းစွမ်းအား… ဘယ်အရာကမှ အဲ့ဒါကို မဖျက်ဆီးနိုင်ဘူး ”

မင်ရာက အရှေ့သို့ ထွက်လျှောက်လာသည်။ ၎င်းက အရှေ့သို့ လှမ်းကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ တကယ်လို့ မင်းက အဲ့ဒီဥပဒေသကို ဖျက်ဆီးနိုင်မယ်ဆိုရင် နောက်ထပ်ဒိုင်မန်းရှင်းဆီ ခြေချနိုင်ပြီး အမှန်တရားကုန်းမြေဆီ ဝင်ရောက်နိုင်လိမ့်မယ် ”

“ ဘယ်လောက်မြန်လိုက်တဲ့ ဓားချက်လဲ ”

စကားသံက ဟန်မူယဲ့၏ အရှေ့မှာ ထွက်ပေါ်လာသည်။ အစောနက အသတ်ခံလိုက်ရသော လူငယ်က ပြန်ပေါ်လာသည်။ သူ၏ မျက်နှာပေါ်မှာ အံ့အားသင့်မှုဖြင့် ပြည့်နှက်နေသည်။

“ ဟင်းလင်းပြင်သက်ရှိတစ်ကောင်က ဒီလိုပြောင်မြောက်တဲ့ ဓားကွက်ကို တတ်ကျွမ်းထားတယ်လား ”

“ တကယ်လို့ မင်းသာ ငါ့ကို ကောင်းကောင်း လေ့ကျင့်ပေးနိုင်မယ်ဆိုရင် ငါမင်းကို အသက်ရှင်ခွင့်ပေးမယ် ”

လူငယ်က မောက်မာထောင်လွှားစွာ ပြောသည်။ သူလက်မြှောက်လိုက်သည့်အခါ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လျှိုးလာပြီး မိုင်တစ်သောင်းကျယ်ပြောသော မိုးမြေဧရိယာကို ဖုံးလွှမ်းသွားသည်။

ဟန်မူယဲ့က သူ၏ ဓားကို မြှောက်လိုက်ပြီး ပိုင်းဖြတ်လိုက်သည်။ သို့သော်လည်း သူ၏ ဓားက မိုင်တစ်သောင်းဧရိယာကို ဖုံးလွှမ်းထားသော ရွှေရောင်အလင်းကို မဖြတ်တောက်နိုင်ပေ။

“ ဟား ဟား… အဲ့ဒါက ဥပဒေသစွမ်းအား… ဒီဖရိုဖရဲကုန်းမြေထဲမှာ အဲ့ဒါကို ချိုးဖြတ်ဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး ”

လူငယ်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူက လက်ထဲမှ ဓားမော့ဖြင့် ဟန်မူယဲ့ကို အလျားလိုက် ခုတ်ပိုင်းလိုက်သည်။

ထိုတိုက်ခိုက်မှုက ဗရုတ်ကျပြီး ယင်းထဲမှာ မည်သည့်သတ်ဖြတ်ခြင်းစွမ်းအားမှ မပါပေ။

သို့တိုင် ဟန်မူယဲ့သည် သူ့ကို ထိပ်တိုက် ရင်ဆိုင်ရန်သာ တတ်စွမ်းပေသည်။ သူ့မှာ ရှောင်တိမ်းရန် အခွင့်အရေးမရှိပေ။

ဤသည်မှာ အချင်းမိုင်တစ်သောင်းမိုးမြေကို ဖုံးလွှမ်းထားသော ကောင်းကင်ယံမှ ရွှေရောင်အလင်းက ထိုလူငယ်ကို ဗဟိုပြုထားသည့်အလားပင်။ ထို့ကြောင့် မိုင်တစ်သောင်းဧရိယာထဲမှ မည်သည့်အရာမှ ထိုလူငယ်၏ လက်ထဲမှ မလွတ်မြောက်နိုင်ပေ။

အဲ့ဒါ အစစ်အမှန် ဥပဒေသလား… ။

အတိတ်မှာ ဟန်မူယဲ့သည် စကားလုံးများကို အသုံးပြုသော ကွန်ဖြူးရှပ်တာအို ကျင့်ကြံသူတစ်ယောက်နှင့် တွေ့ဆုံခဲ့ဖူးသည်။ သို့သော်လည်း သူ့အရှေ့မှ လူငယ် အသုံးပြုနေသော အစစ်အမှန် ဥပဒေသက ကွန်ဖြူးရှပ်တာအို၏ နတ်ဘုရားစွမ်းအားထက် အဆပေါင်းများစွာ ပိုကြောက်စရာကောင်းသည်။

ဟန်မူယဲ့က ဓားကို မြှောက်လိုက်ပြီး ထိုလူငယ်၏ ဓားမော့ခုတ်ချက်များကို ခုခံကာကွယ်လိုက်သည်။

“ ဒီခုတ်ချက်ရဲ့ အင်အားအသုံးပြုပုံက မမှန်ဘူး ”

“ ဒီခုတ်ချက်မှာ ထူးခြားတဲ့ ဉာဏ်အလင်းတစ်ခု ပါရှိတယ်… ဘာလို့လဲဆိုတော့ ရန်သူရဲ့ အင်အားအသုံးပြုပုံက သာလွန်ထူးခြားလို့ပဲ ”

“ အဲ့ဒီဓားကာကွယ်ပုံက အတော်လေး ကောင်းတယ်… ဟင်းလင်းပြင်သက်ရှိတစ်ကောင်ရဲ့ ဓားစွမ်းရည်က အဲ့လောက်ကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားဘူး… ဒီလိုအခွင့်အရေးက အရမ်းရှားပါးတယ် ”

လူငယ်က ဓားမော့ကို ဆက်တိုက် လွှဲယမ်းနေသည်။ တစ်ချိန်တည်းမှာ သူ၏ မျက်နှာပေါ်မှ အပြုံးက ပိုပြီးထင်ရှားလာသည်။

ဟန်မူယဲ့က လူငယ်ကို သူ့အား တရစပ် တိုက်ခိုက်ရန် ခွင့်ပြုပေးထားသည်။ သူက ခုခံရန်သက်သက် ဓားကို အသုံးပြုနေသည်။

ထိုတိုက်ပွဲက အနှစ်တစ်ရာနီးပါး ကြာမြင့်သွားသည်။ လူငယ်သည် နေ့တိုင်းနီးပါး သူ့ဆီသို့ လာရောက်တိုက်ခိုက်သည်။ လူငယ်၏ ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားက တစ်နေ့ထက်တစ်နေ့ ပိုပြီးအားကောင်းလာသည်။ သို့ဖြစ်၍ ဟန်မူယဲ့သည်ပင် ဖိအားကို စတင်ခံစားရလာသည်။

သို့တိုင် ထိုသို့ပြင်းထန်သော လေ့ကျင့်မှုအောက်မှာ အမှန်တရားစွမ်းအားအပေါ် ဟန်မူယဲ့၏ နားလည်သဘောပေါက်မှုက ပိုပြီးနက်ရှိုင်းလာသည်။ တဖြည်းဖြည်း သူက အမှန်တရားစွမ်းအားကို သူ၏ စိတ်ဆန္ဒအတိုင်း ထိန်းချုပ်နိုင်လာသည်။

“ ထန် ”

ဓားနှင့် ဓားမော့ ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ဟန်မူယဲ့၏ လက်ထဲမှ ဓားက ဓားမော့ကို အဝေးသို့ လွင့်စင်သွားစေသည်။

သူက လက်ဆန့်ထုတ်လိုက်ပြီး ဓားမော့ကို ဖမ်းဆုပ်လိုက်သည်။ စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

“ ဗုန်း ”

ဤအခိုက်အတန့်မှာ သူ၏ စိတ်ဝိညာဉ်က ဓားမော့ထဲမှ စွမ်းအားကြောင့် ပျက်စီးသွားတော့မည့်ဟန် ရသည်။

သူ၏ စိတ်ထဲတွင် အလွန်အားကောင်းသော မုန်တိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် မုန်တိုင်းက အဆုံးမဲ့သော ဒေတာအဖြစ် ပြောင်းလဲသွားသည်။

ဒေတာ… ။

သူ့အရှေ့မှ ပုံရိပ်သည် ဒိုင်မန်းရှင်းဒေတာတစ်ခု၏ ဒြပ်ထည်ပုံစံ ဖြစ်သည်။ သို့ဖြစ်၍ ထိုပုံရိပ်သည် မသေမျိုးဖြစ်သည်။

ထိုပုံရိပ်ယောင်ဒေတာ၏ အနောက်မှာ အစစ်အမှန်က တည်ရှိသည်။

သို့ဆိုလျှင် အစစ်အမှန်ကုန်းမြေသို့ ဝင်ရောက်ရန် တစ်စုံတစ်ယောက်က ဒေတာဖြစ်လာရမည်လော။

သို့သော် ယင်းကို ပြောင်းပြန်ယူဆနိုင်သည်။ ဟင်းလင်းပြင်သက်ရှိများသည် မည်သည့်အခါမှ ဒေတာမဖြစ်လာနိုင်ပေ။

ယင်း၏ အဓိပ္ပာယ်မှာ ဟင်းလင်းပြင်သက်ရှိများသည် အမြဲတမ်း ဤနေရာမှာ နေထိုင်ရန် ကံပါလာကြသည်လော။

သူတို့က ဟင်းလင်းပြင်၏ နောက်ဆုံးအကန့်အသတ်သို့ ရောက်ရှိသွားသည့်အခါ နတ်ဘုရားနိဂုံးကပ်ဘေးဖြင့် ရင်ဆိုင်ရပြီး သေကြေပျက်စီးသွားကြမည်လော။

“ ဗုန်း ”

လူငယ်နှင့် ဓားမော့က တစ်ပြိုင်နက် အက်ကွဲသွားကြသည်။ မကြာမီ လူငယ်က သူ့အရှေ့မှာ ပြန်ဖွဲ့စည်းသွားသည်။ ဤတစ်ကြိမ်တွင် လူငယ်က မတိုက်ခိုက်ဘဲ ဟန်မူယဲ့ကို စူးစိုက်ကြည့်လိုက်သည်။

“ ငါတို့က အမဲလိုက်ဖို့ တာဝန်ပေးအပ်ခံထားရတယ်… ထာဝရကောင်းကင်ဘုံကနေ ထွက်ပြေးသွားကြတဲ့ ကမ္ဘာဦးသက်ရှိတွေကို ငါတို့က လိုက်ဖမ်းကြရတယ် ”

“ ကမ္ဘာဦးသက်ရှိတွေဆိုတာ ဘာလဲ မင်းသိတယ်မလား ”

“ သူတို့က တကယ် သေဆုံးနိုင်တဲ့ သက်ရှိတွေဖြစ်ပြီး သူတို့ဆီမှာ အသွေးအသားတွေ ရှိတယ် ”

လူငယ်က လက်ဝှေ့ယမ်းလိုက်လေရာ အချင်းမိုင်တစ်သောင်းမိုးမြေကို ဖုံးလွှမ်းထားသော ရွှေရောင်အလင်းက ပျောက်ကွယ်သွားသည်။ သူက အနောက်လှည့်၍ အဝေးသို့ လျှောက်သွားသည်။

“ အရှေ့ဆက်သွားပါ… ဒီဖရိုဖရဲကုန်းမြေမှာ အချိန်ကြာကြာ မနေပါနဲ့ ”

“ မဟုတ်ရင်… မင်း အမဲလိုက်ခံရလိမ့်မယ် ”

“ ငါတို့က မသေနိုင်ဘူးဆိုပေမဲ့ မင်းကတော့ မဟုတ်ဘူး ”

…..

လူငယ်ပြောသွားသော ကမ္ဘာဦးသက်ရှိများသည် ထာဝရကောင်းကင်ဘုံမှ ထွက်ပြေးလာခဲ့ကြသော မဟာပန်သွန်ဘုံ၏ ကောင်းယွမ်ဖန်ဆင်းရှင်ကဲ့သို့ ပုဂ္ဂိုလ်များကို ရည်ရွယ်သည်။

လူငယ်ထွက်သွားသည့်အခါ မင်ရာက ဟန်မူယဲ့ကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။

“ သူပြောတာ အဓိပ္ပာယ်ရှိတယ် ”

“ ငါတို့က ဟင်းလင်းပြင်ထဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် အသက်ရှင်နေထိုင်ဖို့ ရွေးချယ်နိုင်တယ်… စွမ်းအားမညီမျှမှုပြဿနာနဲ့ ရင်ဆိုင်ရတဲ့အခါကျမှ ထာဝရကောင်းကင်ဘုံဆီ သွားပြီး အစမ်းသပ်ခံသက်ရှိတွေထဲက တစ်ယောက်ဖြစ်လာမယ်… အဲ့ဒါက သိပ်မဆိုးဘူးမလား ”

အသက်ရှင်ခြင်း… ။

ယင်းက ကျင့်ကြံသူများအတွက် အရေးကြီးဆုံးအရာ မဟုတ်ပါလော။

သူတို့က ပုံရိပ်ယောင်လောကထဲမှာ အသက်ရှင်နေရသည်ဆိုလျှင်ပင် အနည်းဆုံးတော့ အသက်ရှင်နေဦးလိမ့်မည်။

အကယ်၍ သူတို့က ဤနေရာမှာ သေဆုံးသွားမည်ဆိုလျှင် မည်သည့်အရာမှမကျန်ဘဲ ပျောက်ကွယ်သွားလိမ့်မည်။

ဟန်မူယဲ့က မင်ရာကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“ မင်းက ပုံရိပ်ယောင်လောကထဲမှာ အသက်ရှင်နေရတယ်ဆိုတာကို သိပြီးပြီ… အဲ့ဒါဆို ပုံရိပ်ယောင်လောကထဲမှာ မင်းဘယ်လိုလုပ် ပျော်ရွှင်နိုင်တော့မှာလဲ ”

“ ငါကတော့ အတုအယောင်လောကထဲမှာ အသက်မရှင်ချင်ဘူး ”

ဟန်မူယဲ့က သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး အသင်္ချေအသူရာချောက်နက်၏ အတွင်းပိုင်းထဲသို့ ဦးတည်သွားသည်။

သူ၏ လက်ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လျှိုးလာသည်။

ယင်းက ထာဝရဂိတ်တံခါးဆီသို့ ရောက်ဖူးသော အစွမ်းထက် ဖန်ဆင်းရှင်တစ်ပါး ချန်ထားခဲ့သည့် တည်နေရာအမှတ်အသား ဖြစ်သည်။

“ ဘန်း ”

ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်တွင် အမှန်တရားစွမ်းအားနှင့် ပုံရိပ်ယောင်စွမ်းအားက ရွှေရောင်အတောင်ပံတစ်စုံအဖြစ် အတူတကွ ပေါင်းစည်းသွားသည်။

သူက အတောင်ပံကို တဖျပ်ဖျပ်ခတ်လိုက်ပြီး မိုင်ထောင်ချီအဝေးသို့ ချက်ချင်း ပျံသန်းသွားသည်။

သူ၏ အလျင်က အလွန်မြန်ဆန်လေရာ မင်ရာက အနောက်မှာ ကျန်နေခဲ့သည်။

“ ဟွန့်… မင်းက ငါ့ကို ထားခဲ့ချင်တာလား… မရဘူး ”

မင်ရာ၏ မျက်လုံးက လင်းလက်တောက်ပသွားသည်။

“ မင်းပြောတာ မှန်တယ်… အစစ်အမှန်ကို မြင်တွေ့ပြီးမှတော့ ပုံရိပ်ယောင်ထဲမှာ ဆက်ပြီး အသက်ရှင်နေထိုင်တာက ဘာအဓိပ္ပာယ်မှမရှိဘူး ”

…..

ဆယ်နှစ်ကြာပြီးနောက် ဟန်မူယဲ့သည် နောက်ဆုံးမှာတော့ တောက်ပသော ကြယ်အလင်းရောင်ကို မြင်တွေ့သွားသည်။

သူက ထိုမြင်ကွင်းကို သေဆုံးသွားပြီဖြစ်သော နတ်ဝိညာဉ်အရှင်သခင်၏ မှတ်ဉာဏ်ထဲမှာ မြင်ဖူးသည်။

တောက်ပသော ထိုကြယ်များ၏ ဦးတည်ရာက ထာဝရဂိတ်တံခါး၏ တည်နေရာ ဖြစ်သည်။

လောကဖန်ဆင်းရှင်က ထိုနေရာမှာ စောင့်ဆိုင်းနေသည်။

“ မင်းရောက်လာပြီ ”

“ ငါမျှော်လင့်ထားတာထက် ပိုမြန်သားပဲ ”

အသံတစ်သံက ထွက်ပေါ်လာသည်။ ထို့နောက် ဟန်မူယဲ့၏ အရှေ့မှ အဆုံးမဲ့ဟင်းလင်းပြင်က အသွင်ပြောင်းလဲသွားပြီး အလွှာအထပ်ထပ် ဖွဲ့စည်းသွားသည်။

နောက်အခိုက်အတန့်မှာ လေဟာနယ်အားလုံးက အက်ကွဲသွားကြသည်။

ဟန်မူယဲ့၏ ပုံရိပ်က ထာဝရဂိတ်တံခါး၏ အပြင်ဘက်မှာ ထွက်ပေါ်လာသည်။

ထာဝရဂိတ်တံခါးက မရေမတွက်နိုင်သော အလင်းစက်များဖြင့် ထွန်းလင်းတောက်ပနေသည်။ ယင်းတို့ထဲမှ အလင်းစက်တစ်ခုစီသည် ဘီလီယံနှင့်ချီသော ကြယ်များ၏ စုဝေးမှုကို ကိုယ်စားပြုသည်။

ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး ဘိုးဘေးကောင်းကင်နဂါးကိုးကောင်ကို ကြည့်လိုက်သည်။

၎င်းတို့၏ ဧရာမခန္ဓာကိုယ်က ရွှေရောင်တောက်ပပြီး မိုင်သန်းပေါင်းဘီလီယံနှင့်ချီ ရှည်လျားသည်။ ဘိုးဘေးကောင်းကင်နဂါးသည် ဟင်းလင်းပြင်ထဲ၌ အသန်မာဆုံး နဂါးအမျိုးအနွယ်ဖြစ်သည်။

ထိုနဂါးများသည် ဖန်ဆင်းရှင်များကိုပင် ဝါးမျိုစားသောက်နိုင်ကြသည်။

“ လောကဖန်ဆင်းရှင် ”

ဟန်မူယဲ့က ဦးညွတ်လိုက်သည်။

ဘိုးဘေးကောင်းကင်နဂါးကိုးကောင် ဆွဲထားသော ကျောက်တုံးခေါင်းတလားထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။

“ ကောင်လေး… မင်းမဆိုးဘူး… အမှန်တရားစွမ်းအား တစ်စိတ်တစ်ပိုင်းကို မင်းဖမ်းဆုပ်ထားနိုင်တယ် ”

လောကဖန်ဆင်းရှင်၏ အရှေ့တွင် ဟန်မူယဲ့၏ ကျင့်ကြံခြင်းစွမ်းအားနှင့် စိတ်ဝိညာဉ်က လျှို့ဝှက်ချက်မဟုတ်တော့ပေ။

ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး ကျောက်တုံးခေါင်းတလားပေါ်မှ လူငယ်ကို ကြည့်လိုက်သည်။

ထိုလူငယ်က အစိမ်းရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်ရှည်က ကျောနောက်သို့ ကျဆင်းနေသည်။ သူ၏ မျက်နှာက ဖြူဖျော့နေသော်လည်း သူ၏ မျက်လုံးများက ကြယ်များသဖွယ် ထွန်းလင်းတောက်ပသည်။

“ မင်းသိလား… လောကခေတ်တွေ မရေမတွက်နိုင်အောင် ငါစောင့်ဆိုင်းနေခဲ့တယ် ”

“ ဒီကျောက်ခေါင်းတလားထဲမှာ ငါ့ကိုယ်ငါ ချိပ်ပိတ်ခဲ့ပြီး အမှန်တရားကုန်းမြေရဲ့ ဆင့်ခေါ်တာကို ငြင်းဆန်ခဲ့တယ် ”

“ အခု ငါသိလိုက်ရတာက အဲ့ဒီကို ငါပြန်မသွားနိုင်တော့ဘူး ”

အမှန်တရားကုန်းမြေကို ပြန်သွားဖို့လား… ။

ဒါဆိုရင် လောကဖန်ဆင်းရှင်က အမှန်တရားကုန်းမြေကနေ ရောက်လာတာ တကယ်အမှန်ပေါ့… ။

ဟန်မူယဲ့က လောကဖန်ဆင်းရှင်ကို အလေးအနက်ထား၍ ကြည့်လိုက်သည်။

“ ဒီဖရိုဖရဲကုန်းမြေက အမှန်တရားကုန်းမြေထဲက သက်ရှိတွေအတွက် စမ်းသပ်မှုနယ်မြေတစ်ခု ဖြစ်ခဲ့တယ်… ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒီနေရာက ယိုယွင်းပျက်စီးလာတယ်… အခု လူအများအပြားက ဒီကို မရောက်လာကြတော့ဘူး ”

“ အတိတ်မှာ ငါက ဒီနေရာမှာ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်… သူက ငါ့ကို အမှန်တရားကုန်းမြေဆီ ပြန်မသွားနိုင်အောင် မပြတ်မသားဖြစ်စေတယ်… ”

“ သူ့နာမည်က… ”

လောကဖန်ဆင်းရှင်က ခေါင်းယမ်းလိုက်သည်။

“ ငါမမှတ်မိတော့ဘူး ”

“ ဘာပဲပြောပြော အဲ့ဒါက အတည်တကျမရှိတဲ့ ဒေတာအချက်အလက်တစ်ခုပဲ မဟုတ်လား ”

လောကဖန်ဆင်းရှင်က ဟန်မူယဲ့ကို စိုက်ကြည့်လိုက်လေရာ သူ၏ မျက်လုံးက ဝင်းလက်သွားသည်။ ဤသည်မှာ မီးတောက်တစ်ခုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည့်အလားပင်။

“ မင်း အမှန်တရားကုန်းမြေဆီ ခြေချပြီး အစစ်အမှန် အသက်ရှင်ချင်လား ”

“ ငါမင်းကို ကူညီပေးနိုင်တယ်… ဒါပေမဲ့… ”

“ ဟင်းလင်းပြင်ထဲက အရာအားလုံးကို မင်းမေ့သွားနိုင်တယ် ”

“ ငါက အဲ့လိုမမေ့ချင်လို့ ဒီနေရာမှာ ဆက်နေဖို့ ရွေးချယ်ခဲ့တယ် ”

All Chapters