← Chapters

အခန်း (၁၇၃၁)

Vol. 124 Ch. 1731

အခန်း (၁၇၃၁)

Vol. 124 Ch. 1731

ပြန်လည်မွေးဖွားခြင်းအဆင့် ကျင့်ကြံခြင်းသည် သွေးကြောအမှတ်များ ဖွင့်လှစ်ခြင်းနှင့် မရီဒျန်များ အားဖြည့်ပေးခြင်းအပေါ်မှာ အဓိက မူတည်သည်။ သို့သော် သွေးကြောအမှတ်များ၊ မရီဒျန်များကို ဖွင့်လှစ်ပေးရုံဖြင့် မလုံလောက်သေးပေ။ ယင်းတို့ကို မူလစွမ်းအားဖြင့် အားဖြည့်ပေးရဦးမည်။

မူလစွမ်းအားသည် မျက်မှောက်ခေတ် အမှန်တရားကုန်းမြေမှ ကျင့်ကြံသူများ ကျင့်ကြံကြသော စွမ်းအားဖြစ်သည်။ ယင်းက ကောင်းကင်ဘုံတာအိုနှင့် သီးခြားလွတ်လပ်စွာ တည်ရှိသော စွမ်းအားဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် မှီခိုအားထားသော ဖြစ်တည်မှု ဖြစ်သည်။

ဟန်မူယဲ့၏ မရီဒျန်များထဲတွင် မှေးမှိန်သော အလင်းစီးကြောင်းတစ်ခုက တသွင်သွင် စီးဆင်းနေသည်။ ထို့ပြင် မီးခိုးရောင်အလင်းက သူ၏ သွေးကြောအမှတ်နှစ်ခုထဲမှာ ထွန်းလင်းနေသည်။

ယင်းက နှစ်ရက်တာ မရပ်မနား ကျင့်ကြံခဲ့သော ရလဒ်ဖြစ်သည်။

သူက တရားထိုင်၍ ကျင့်ကြံနေသည့်အပြင် လေပြေအသွင်(၁၂)မျိုးကိုလည်း လေ့လာခဲ့သည်။

ပုံရိပ်ယောင်လောကထဲမှ တိုက်ပွဲများက မိုးမြေကို တုန်ဟီးစေနိုင်သော သဘာဝလွန်စွမ်းအားများကို အဓိက အလေးထားသည်ဆိုလျှင် အမှန်တရားကုန်းမြေထဲမှ တိုက်ပွဲများက အနီးကပ်တိုက်ခိုက်ခြင်းကို အလေးထားသည်။

ရုပ်ခန္ဓာကိုယ်ကို သန့်စင်ခြင်းဖြစ်စေ သို့မဟုတ် မရီဒျန်များနှင့် သွေးကြောအမှတ်များကို ဖွင့်လှစ်ခြင်းဖြစ်စေ ယင်းတို့အားလုံးက အနီးကပ်တိုက်ခိုက်ခြင်းအတွက် ရည်ရွယ်သည်။

တစ်စုံတစ်ယောက်သည် ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်သို့ မရောက်မီ ရုပ်ခန္ဓာကိုယ်ချင်း အားပြိုင်သော တိုက်ပွဲများကို အဓိက ရင်ဆိုင်ရလိမ့်မည်။

လေပြေအသွင်(၁၂)မျိုးပညာရပ်သည် သာမန်သိုင်းပညာရပ်တစ်ခု ဖြစ်သည်။ ယင်းက သတ်ဖြတ်ခြင်းကို အထူးပြုသော ပညာရပ်မဟုတ်သလို သာလွန်ထူးခြားသော ခုခံကာကွယ်မှုကိုလည်း မပေးပေ။

ထိုသို့အဆင့်နိမ့်သော ပညာရပ်များကြောင့် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ထိုမျှအထိ နိမ့်ကျသွားရခြင်း ဖြစ်သည်။

ဟန်မူယဲ့သည် သူ၏ ပြိုင်ဘက်ကင်း နားလည်နိုင်စွမ်းကို အသုံးပြု၍ ထိုပညာရပ်ကို ဆင်ခြင်သုံးသပ်ခဲ့သည်။ နောက်ဆုံးမှာ လေပြေအသွင်(၁၂)မျိုးက အသွင်(၆)မျိုးသာရှိသော ပညာရပ်အဖြစ် ဆင့်ကဲပြောင်းလဲသွားသည်။

အသစ်ပြောင်းလဲသွားသော လေပြေအသွင်(၆)မျိုးက မူလပညာရပ်ထက် အများကြီး ပိုတိုက်ရိုက်ကျသည်။ ထို့ပြင် ယင်း၏ သတ်ဖြတ်ခြင်းစွမ်းအားက သိသိသာသာ မြင့်တတ်သွားသည်။

ပိုပြီးအရေးကြီးသည်မှာ လေပြေအသွင်(၆)မျိုးကို လက်သီးနှင့် ခြေထောက်ဖြင့်သာ အသုံးပြုနိုင်ခြင်း မဟုတ်တော့ပေ။ ဓားဖြင့်လည်း အသုံးပြုနိုင်ပေသည်။

“ ဂျူနီယာညီလေး… မင်း ကျင့်ကြံတာ အခြေအနေဘယ်လိုရှိလဲ ”

ဟန်မူယဲ့ တံခါးပိတ်ကျင့်ကြံခြင်းမှ ပြန်ထွက်လာသည့်အခါ ဝူမင်ကြွယ်က သူ့ကို လာတွေ့သည်။ သူက စူးစမ်းလိုသော အမူအရာဖြင့် မေးသည်။

ဟန်မူယဲ့က သူ၏ လက်ကို မြှောက်ပြလိုက်လေရာ လက်သီးဆုပ်အရွယ်ခန့် မီးခိုးရောင်ဘောလုံးတစ်လုံးက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

ယင်းက သူ့ကိုယ်ပိုင် မူလစွမ်းအား ဖြစ်သည်။

ဝူမင်ကြွယ်က အံ့ဩသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

“ ဂျူနီယာညီလေးက အရမ်းတော်တာပဲ… နှစ်ရက်တည်းနဲ့ မူလစွမ်းအားကို ကျင့်ကြံနိုင်နေပြီ ”

“ မူလစွမ်းအားနဲ့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားမယ်ဆိုရင် အပြင်လူတွေရဲ့ စူးစမ်းတာကို မင်းကြောက်စရာမလိုတော့ဘူး ”

မူလစွမ်းအားမရှိလျှင် ဟန်မူယဲ့က သူ့ကိုယ်သူ ခုခံကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။

မူလစွမ်းအားကို မကျင့်ကြံနိုင်လျှင် သူက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲမှာ ဆက်နေရန်ပင် အရည်အချင်းပြည့်မီလိမ့်မည် မဟုတ်ချေ။

“ ဒါနဲ့ မကြာခင်မှာ မူလကျောက်တုံးတွေ လိုက်ရှာဖွေဖို့ ဂိုဏ်းတူဦးလေးက ငါတို့ကို ဖူယွမ်စွန့်ပစ်သတ္ထုတွင်းဆီ ခေါ်သွားလိမ့်မယ်… မင်းက ဂိုဏ်းကို စောင့်ရှောက်ဖို့ ကျန်နေခဲ့လိမ့်မယ် ”

“ ဂိုဏ်းထဲမှာ တပည့်တချို့လည်း ကျန်နေခဲ့လိမ့်မယ်… သူတို့အားလုံးက မူလစွမ်းအားကို ကျင့်ကြံနိုင်တဲ့ အရည်အချင်းရှိကြတယ်… သူတို့လေးတွေက ဂိုဏ်းက ပျိုးထောင်ပေးနေတဲ့ မျိုးစေ့တွေ ဖြစ်ကြတယ် ”

မူလကျောက်တုံးများထဲမှာ ကျင့်ကြံသူများ စုပ်ယူနိုင်သော မူလစွမ်းအား ပါရှိသည်။ ယင်းက အမှန်တရားကုန်းမြေထဲမှ ကျင့်ကြံသူများအတွက် အရင်းအမြစ်များဖြစ်သလို ငွေကြေးလည်း ဟုတ်၏။

မျက်မှောက်ခေတ်တွင် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ အင်အားက အလွန်အားနည်းသည်။ သူတို့ဆီမှာ ဂိုဏ်း၏ အမွေအနှစ်များ ပျောက်ဆုံးနေသည့်အပြင် စစ်မှန်သော လက်ရွေးစင်တပည့်များလည်း မရှိပေ။

ဂိုဏ်းတစ်ခုလုံးက ပြန်လည်မွေးဖွားခြင်းအဆင့် ပဉ္စမအလွှာမှ ကျင့်ကြံသူအပေါ်မှာ မှီခိုအားထားနေရသည်။

ဟန်မူယဲ့သည် ဂိုဏ်း၏ အခက်အခဲကို သိရှိထားသည်။ တောင်ခြေတွင် ငှားရမ်းထားသော လယ်ဧကတစ်ရာသည် စာချုပ်သက်တမ်းပြည့်သွားပြီ ဖြစ်သည်။

ကျင့်ကြံသူများ၏ ရုပ်ခွန်အားကို တိုးမြှင့်ပေးနိုင်သော ဝိညာဉ်စပါးပင်များကို ပျိုးထောင်ရန် တမူထူးခြားသော ဝိညာဉ်လယ်ဧကများကို လိုအပ်သည်။

အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှာ ကိုယ်ပိုင်လယ်ဧကများ မရှိပေ။ ထို့ကြောင့် သူတို့က လယ်ဧကများကို ငှားရမ်းခဲ့သည်။

သို့သော်လည်း ယခု စာချုပ်သက်တမ်းပြည့်သွားပြီ ဖြစ်သည်။ ဂိုဏ်းသည် ငှားရမ်းခကို နောက်ထပ် မပေးနိုင်တော့ပေ။ ထို့ကြောင့် မကြာသေးခင်ကမှ ဂိုဏ်းထဲသို့ ဝင်ရောက်လာခဲ့သော ကျင့်ကြံသူများသည် မူလစွမ်းအားကို မကျင့်ကြံနိုင်ကြသေးပေ။

ယင်းက ဂိုဏ်းအတွက် ကြီးမားသောကိစ္စ ဖြစ်သည်။

ဝူမင်ကြွယ်ပြောသွားသော ဖူယွမ်စွန့်ပစ်သတ္ထုတွင်းက ဂိုဏ်းနှင့် မိုင်တစ်ထောင်အဝေးမှာ တည်ရှိသည်။ ယင်းက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက စွန့်ပစ်ထားခဲ့သော သတ္ထုတွင်းဖြစ်သည်။

အတိတ်မှာ ထိုသတ္ထုတွင်းကို ပိုင်ဆိုင်ခဲ့သော ဂိုဏ်းသည်ပင် ယင်းကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။ သို့သော် အံ့ဖွယ်ကိုးပါးတောင်တန်းဒေသထဲ၌ ကျင်လည်နေကြသော လေလွင့်ကျင့်ကြံသူများနှင့် ဂိုဏ်းငယ်များထံမှ တပည့်များသည် မူလကျောက်တုံးများကို ရှာဖွေရန်ဟူသော ရည်ရွယ်ချက်ဖြင့် သတ္ထုတွင်းဆီသို့ သွားကြလေ့ရှိဆဲပင်။

ဂိုဏ်းကြီးများသည် မူလကျောက်တုံး အရေအတွက်အနည်းငယ်ကို ဂရုစိုက်ကြလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ဂိုဏ်းငယ်များနှင့် လေလွင့်ကျင့်ကြံသူများအတွက်တော့ ယင်းတို့က ရှားပါးရတနာများ ဖြစ်ကြသည်။

သူတို့က မူလကျောက်တုံးအနည်းငယ်အတွက် အပြင်းအထန် တိုက်ခိုက်ရန်ပင် ဆန္ဒရှိကြသည်။

“ ကောင်းပြီ ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

သူနှင့် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကြားမှ ဆက်ဆံရေးက မနက်ရှိုင်းသော်လည်း မည်သို့ဖြစ်ပါစေ သူက အံ့ဖွယ်ကိုးပါးကောင်းကင်တာအိုဂိုဏ်းမှာ မွေးဖွားလာခဲ့သူ ဖြစ်သည်။

ထိုတော်စပ်မှုကို လျစ်လျူရှုမည်ဆိုလျှင်ပင် ယခု သူက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲမှာ နေထိုင်နေသည် မဟုတ်ပါလော။

ဝူမင်ကြွယ်က တစ်ခဏကြာ တုံ့ဆိုင်းနေပြီးလျှင် အစိမ်းရောင်မှော်သင်္ကေတတစ်ခုနှင့် လက်သီးဆုပ်အရွယ်ခန့် ကြီးမားသော ကျောက်တုံးနှစ်တုံးကို ဟန်မူယဲ့၏ လက်ထဲသို့ အင်တင်တင် ထည့်ပေးလိုက်သည်။

“ အဲ့ဒါက မဟာအင်အားအဆောင်နဲ့ မူလကျောက်တုံးနှစ်တုံး ”

“ တကယ်လို့ ပြဿနာတစ်ခုခု ရှိလာမယ်ဆိုရင် ဒီအဆောင်ကို မူလစွမ်းအားနဲ့ အသက်သွင်းလိုက်ပါ… အဆောင်က မင်းကို ကာကွယ်ပေးလိမ့်မယ် ”

“ တကယ်လို့ အဆောင်ကို အသုံးပြုစရာမလိုဘူးဆိုရင်… ”

ဝူမင်ကြွယ်က ပြုံးလိုက်ပြီး ထပ်မံ ပြောသည်။

“ မူလကျောက်တုံးနှစ်တုံးကို မင်းကျင့်ကြံဖို့အတွက် အသုံးပြုလိုက်ပါ ”

…..

တာအိုပညာရှင်ဟူယုသည် ဒုတိယမျိုးဆက်မှ တပည့်ကိုးယောက်နှင့် တတိယမျိုးဆက်မှ တပည့်တစ်ယောက်ကို ခေါ်ဆောင်၍ ဂိုဏ်း၏ ဂိတ်တံခါးမှ ထွက်သွားသည်။ သူတို့အုပ်စု၏ ဦးတည်ရာက မိုင်တစ်ထောင်အဝေးမှာ တည်ရှိသော စွန့်ပစ်သတ္ထုတွင်း ဖြစ်သည်။

ဂိုဏ်းထဲတွင် ဟန်မူယဲ့နှင့် တတိယမျိုးဆက်မှ တပည့်သစ်ရှစ်ယောက်သာ ကျန်နေခဲ့ကြသည်။

ဟန်မူယဲ့ကို ဒုတိယမျိုးဆက်မှ တပည့်အဖြစ် သတ်မှတ်နိုင်သည်။

တတိယမျိုးဆက်မှ တပည့်အားလုံးသည် အသက်နှစ်ဆယ်အောက်မှာ ဖြစ်ကြသည်။ သူတို့သည် မူလစွမ်းအားကို မကျင့်ကြံနိုင်သေးသော လူငယ်များ ဖြစ်ကြသည်။

ဂိုဏ်း၏ စီနီယာတပည့်များ မရှိသည့်အခါ တတိယမျိုးဆက်မှ တပည့်သစ်ရှစ်ယောက်က လွတ်လပ်သွားကြသည်။

ရိုးသားပြီး နုံအသော တပည့်နှစ်ယောက်သာလျှင် အဝတ်လျှော်ခြင်းနှင့် ချက်ပြုတ်ခြင်းကို နေ့စဉ် တာဝန်ယူကြသည်။

ဟန်မူယဲ့က ယင်းကို စိတ်ထဲ မထားပေ။ သူက အစားစားသည့်အချိန်မှသာ အပြင်ထွက်လာလိမ့်မည်။

သူက ဝူမင်ကြွယ်ပေးခဲ့သော မူလကျောက်တုံးနှစ်တုံးကို စောစီးစွာ အသုံးပြုပြီးပြီ ဖြစ်၏။ သူက ယင်းတို့ကို မူလစွမ်းအားအမျှင်တန်းအဖြစ် သန့်စင်လိုက်ပြီး သူ့ကိုယ်ပိုင်မရီဒျန်များထဲ၌ သိမ်းဆည်းထားသည်။

ရက်အနည်းငယ်ကြာ ကျင့်ကြံပြီးနောက် သူ၏ မရီဒျန်များထဲမှာ မူလစွမ်းအားအမျှင်တန်း(၁၈)ခုထိ ရှိသွားသည်။ မှိန်ဖျော့သော အလင်းက သူ၏ သွေးကြောအမှတ်(၅)ခုထဲမှာ ထွန်းလင်းတောက်ပနေသည်။

နေ့လယ်စာစားချိန်၌ ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီး ထမင်းစားဆောင်ထဲသို့ ဝင်သွားစဉ် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော တပည့်တစ်ယောက်က သူ၏ ထမင်းပန်းကန်လုံးကို စားပွဲပေါ်သို့ ကြမ်းတမ်းစွာ ပစ်ချလိုက်သည်။

“ ရွှင်းဟောင်… ဘာလို့ ဒီနေ့ရော အသားမရှိတာလဲ ”

ထိုတပည့်က ထမင်းချက်ရန် တာဝန်ယူထားသော မီးခိုးရောင်ဝတ်စုံနှင့် လူငယ်ကို စူးစိုက်ကြည့်လိုက်ပြီး အော်ပြောသည်။

တခြားလူများသည်လည်း မကျေနပ်သော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။

“ ဟုတ်တယ်… အသီးအရွက်ချည်းပဲ စားနေရတာ သုံးရက်ရှိသွားပြီ… အခုဆိုရင် ငါက မနက်ခင်းလေ့ကျင့်ခန်းတောင် မလုပ်နိုင်တော့ဘူး ”

“ ဂိုဏ်းချုပ်နဲ့ စီနီယာအကိုတွေ ထွက်သွားတုန်းက သူတို့ဘာပြောခဲ့လဲ… ဂိုဏ်းချုပ်က အရာအားလုံးကို ထောက်ပံ့ပေးလိမ့်မယ်လို့ မပြောခဲ့ဘူးလား… သူတို့ ငါတို့အတွက် အရင်းအမြစ်အလုံအလောက် ချန်ထားပေးခဲ့မှာ သေချာတယ် ”

လူတိုင်း၏ အကြည့်က ဟန်မူယဲ့ထံသို့ ရွှေ့ပြောင်းသွားကြသည်။

“ ညီအကိုတို့… မီးဖိုချောင်ထဲမှာ တကယ်ပဲ အသားမရှိတော့တာပါ ”

ရွှင်းဟောင်အမည်ရသော လူငယ်က သူ့လက်ထဲမှ ရေပုံးကို အမြန်အောက်ချလိုက်ပြီး ပြောသည်။

“ ဂိုဏ်းချုပ်နဲ့ စီနီယာအကိုတွေ မထွက်သွားခင် သူတို့က မီးဖိုချောင်ထဲမှာ ဆန်ပဲ ချန်ထားခဲ့တာပါ… အဲ့ဒီအသီးအရွက်တွေကို တောင်အောက်က ဝိညာဉ်လယ်ကွင်းတွေဆီမှာ ငါနဲ့ ထန်မင်တို့ သွားခူးလာခဲ့တာပါ ”

“ ဂိုဏ်းချုပ်ဆီမှာ ဘာအရင်းအမြစ်မှ မကျန်တော့တာ ငါတို့အားလုံး သိသားပဲ ”

“ ဘန်း ”

အရပ်ရှည်သော တပည့်က သူ့လက်ထဲမှ ထမင်းပန်းကန်လုံးကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ထမင်းစားဆောင်ထဲမှ ထွက်သွားသည်။

“ တောင်အောက်က စားသောက်ဆိုင်မှာပဲ ငါသွားစားတော့မယ် ”

တခြားတပည့်များသည်လည်း ထမင်းစားဆောင်ထဲမှ ထွက်သွားကြပြီး သူ့နောက်သို့ အမြန်လိုက်သွားကြသည်။

ဟန်မူယဲ့က ထမင်းစားပွဲဆီသို့ လျှောက်သွားသည်။ သူ့ကို မြင်သောအခါ မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော တပည့်နှစ်ယောက်က ရှက်ရွံ့သော အမူအရာဖြင့် ပြောသည်။

“ စီနီယာအကို… ကျုပ်တို့မှာ တကယ်ပဲ အသားမရှိတာပါ… ”

ဟန်မူယဲ့က လက်ယမ်းပြလိုက်သည်။ သူက ထမင်းပန်းကန်လုံးထဲသို့ ထမင်းအပြည့် ထည့်လိုက်သည်။ ထို့နောက် သူက ထိုင်ခုံပေါ်မှာ ထိုင်၍ တိတ်တဆိတ် စားသည်။

အသားက သွေးချီကို အားဖြည့်တင်းပေးနိုင်သည်။ ထမင်းက မူလစွမ်းအားအနည်းငယ်ကိုသာ တိုးမြှင့်ပေးနိုင်သည်။ သို့သော် အကောင်းဆုံး အာဟာရဓာတ်က ဝိညာဉ်ဆန်ဖြစ်သည်။ ထို့ပြင် ယင်းတို့ကို မူလကျောက်တုံးများဖြင့် လဲလှယ်နိုင်သည်။

သို့သော်လည်း ဂိုဏ်း၏ လက်ရှိအခြေအနေအရ ဝိညာဉ်ဆန်ကို သူတို့မစားနိုင်ကြပေ။

နေ့လယ်ခင်းအချိန်၌ ဟန်မူယဲ့က ခြံဝန်းထဲမှာ တံခါးပိတ်ကျင့်ကြံနေစဉ် ရွှင်းဟောင်က ခြံဝန်းထဲသို့ ရေးကြီးသုတ်ပျာ ပြေးလာသည်။

“ စီနီယာအကို… သတင်းဆိုး… ချင်မိသားစုက လယ်ငှားရမ်းခ အကြွေးတောင်းဖို့ ရောက်လာပြီ… ထန်မင်က ဂိုဏ်းချုပ်မရှိဘူးလို့ ပြောပေမဲ့ သူတို့… သူတို့က ဝိညာဉ်လယ်ကွင်းတွေထဲက ဝိညာဉ်စပါးပင်တွေကို ရိတ်သိမ်းနေကြတယ် ”

“ ဝိညာဉ်စပါးပင်တွေက ရိတ်သိမ်းချိန်မရောက်သေးဘူး… အခု သူတို့က ဝိညာဉ်စပါးပင်တွေကို ရိတ်သိမ်းလိုက်မယ်ဆိုရင် ကျုပ်တို့ရဲ့ အံဖွယ်ကိုးပါးတာအိုဂိုဏ်းက နောက်နှစ်ဝက်ကြာအောင်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး ”

ရွှင်းဟောင်က အလျင်စလို ပြေးလာသည်။ သူက စိုးရိမ်ကြောင့်ကြစွာ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။ မည်သို့လုပ်ဆောင်သင့်ကြောင်း သူမသိပေ။

ဟန်မူယဲ့က ရွှင်းဟောင်ကို တစ်ချက်ကြည့်လိုက်သည်။ သူက ကျင့်ကြံနေခြင်းကို အဆုံးသတ်ပြီးနောက် ခြံဝန်းအပြင်ဘက်သို့ လျှောက်သွားသည်။

သူတို့နှစ်ယောက်က ဂိုဏ်းထဲမှ ထွက်သွားကြပြီး တောင်အောက်သို့ အမြန်ဆင်းသွားကြသည်။ တောင်အောက်မှ လယ်ကွင်းများဆီသို့ ရောက်ရှိသွားသည့်အခါ ထန်မင်က လူသန်ကြီးတချို့၏ နင်းခြေခံထားရကြောင်း သူတို့မြင်သွားကြသည်။

တခြားလူသန်ကြီးသုံးယောက်က သူတို့၏ လက်ထဲ၌ တံစဉ်ကိုင်ထားလျက် မရင့်မှည့်သေးသော ဝိညာဉ်စပါးပင်များကို ပိုင်းဖြတ်နေကြသည်။

“ အဲ့ဒီစပါးပင်တွေကို ဖြတ်ပစ်… တတိယသခင်လေး မွေးထားတဲ့ မြင်းအသစ်က အညွန့်ထွက်ခါစ ဝိညာဉ်စပါးပင်တွေ စားရတာကို ကြိုက်တယ် ”

လယ်ကွင်း၏ အရှေ့တွင် အသက်ငါးဆယ်ခန့်ရှိပြီး အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က သူ၏ မုတ်ဆိတ်မွှေးကို ပွတ်သပ်နေရင်း ပြောသည်။ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထင်ရှားစွာ ပေါ်လွင်နေသည်။

“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှာ အညွန့်ထွက်ခါစ ဝိညာဉ်စပါးပင်တွေ ရှိနေတာကို အခုမှပဲ ငါတွေးတောမိတယ် ”

“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ကျဆုံးသွားပြီ… သူတို့က ဝိညာဉ်စပါးပင်တွေကို မြန်မြန် ရင့်မှည့်စေဖို့ မူလကျောက်တုံးတွေကိုတောင် အသုံးမပြုရဲတော့ဘူး ”

အဖိုးအိုက စကားပြောနေရင်း ခေါင်းလှည့်လိုက်သည်။ ဟန်မူယဲ့နှင့် ရွှင်းဟောင် ချဉ်းကပ်လာသည်ကို မြင်သောအခါ သူက နှာခေါင်းရှုံ့လိုက်သည်။

ဟန်မူယဲ့ လယ်ကွင်းဆီသို့ ရောက်သွားသည့်အခါ မြေကြီးပေါ်မှာ လဲကျနေသော ထန်မင်က အော်ငိုလိုက်သည်။

“ စီနီယာအကိုကြီး… သူတို့က ကျုပ်တို့ရဲ့ ဝိညာဉ်စပါးပင်တွေကို ရိတ်သိမ်းနေကြတယ် ”

“ သွားပြီ… အားလုံး သွားပြီ… ”

ရွှင်းဟောင်က မျက်နှာဖြူဖျော့သွားပြီး မြေကြီးပေါ်သို့ လဲကျသွားသည်။

ဟန်မူယဲ့က ရိတ်သိမ်းခံနေရသော ဝိညာဉ်စပါးပင်များကို ကြည့်လိုက်သည်။ သူက မထူးမခြားနား အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

“ ပိုပြီးရိတ်သိမ်းပါ ”

ထိုစကားကို ကြားသောအခါ မုတ်ဆိတ်မွှေးနှင့် အဖိုးအိုက အံ့ဩသွားသည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

“ အနည်းဆုံးတော့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှာ သူ့နေရာသူသိတဲ့ လူတစ်ယောက်တော့ ရှိသားပဲ ”

“ ဘာမှမစိုးရိမ်နဲ့… ဝိညာဉ်စပါးပင်နည်းနည်းလေးပဲ ငါတို့ရိတ်သိမ်းမှာပါ… မင်းတို့ရဲ့ ဂိုဏ်းချုပ်က ငါတို့ကို ဘာမှလုပ်ရဲမှာ မဟုတ်ဘူး ”

သူ၏ စကားဆုံးသွားသည်နှင့် ဟန်မူယဲ့၏ အသံက ထွက်ပေါ်လာသည်။

“ ဝိညာဉ်စပါးတစ်ပင်က မူလကျောက်တုံးတစ်တုံးပဲ… အညွန့်ထွက်ခါစတွေ အရွယ်ရောက်ပြီးတာတွေ ငါမသိချင်ဘူး ”

“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းဆီ မူလကျောက်တုံးတွေ လာပို့ဆောင်ပေးဖို့ သေချာမှတ်ထားပါ ”

All Chapters