← Chapters

အခန်း (၁၇၃၆)

Vol. 124 Ch. 1736

အခန်း (၁၇၃၆)

Vol. 124 Ch. 1736

တာအိုပညာရှင်ဟူယု၏ မျက်နှာက ဒေါသကြောင့် နီမြန်းသွားသည်။ ပြန်လည်မွေးဖွားခြင်းအဆင့်၏ ပဉ္စမအလွှာ စွမ်းအင်အရှိန်အဝါက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။

ချင်မိသားစုဝင်များက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဂုဏ်သိက္ခာကို လာရောက်စော်ကားနေကြောင်း ထင်ရှားသည်။

ထို့ကြောင့် သူက အကူအညီတောင်းသော အချက်ပြမှုကို ချက်ချင်း ထုတ်လွှတ်ခဲ့ခြင်းပင်။

သူ၏ အရှေ့၌ ချင်မိသားစုဝင်များက ရှက်ရွံ့သော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။

ကိစ္စက ဤမျှအတိုင်းအတာအထိ ကြီးမားလာလိမ့်မည်ဟု သူတို့မမျှော်လင့်ထားပေ။

တာအိုပညာရှင်ချင်ယွဲ့က သူ့အရှေ့မှ တာအိုပညာရှင်ဟူယုကို ကြည့်လိုက်သည်။ စူးရှသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ တာအိုပညာရှင်ဟူယု… မင်းရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းနဲ့ ငါ့ရဲ့ ချင်မိသားစုကြားမှာ နားလည်မှုလွဲနေတာ တစ်ခုခုရှိရမယ်… ဒါပေမဲ့ ကိစ္စက ဒီအခြေအနေထိ ရောက်လာမှတော့ မင်းရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ငါတို့ကို ဖြေရှင်းချက်တစ်ခု ပေးရမယ် ”

တာအိုပညာရှင်ချင်ယွဲ့က ပြောသည်။

ချင်မိသားစုက အရင်အမှားလုပ်ခဲ့ကြောင်း ထင်ရှားသည်။ သို့သော်လည်း တာအိုပညာရှင်ချင်ယွဲ့က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထံမှ ဖြေရှင်းချက်တောင်းနေသည်။

ထိုအဓိပ္ပာယ်က ရိုးရှင်းသည်။ ချင်မိသားစုက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထက် ပိုပြီးသန်မာသည်။

ဤလောကတွင် သန်မာသူ၏ စကားကသာ အမှန်ဖြစ်သည်။

တာအိုပညာရှင်ချင်ယွဲ့၏ စကားကို ကြားသောအခါ တာအိုပညာရှင်ဟူယုက ပိုပြီးဒေါသထွက်သွားသည်။ သူ့အနောက်မှ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ တပည့်များသည်လည်း အကြီးအကျယ် ဒေါသထွက်သွားကြသည်။

ဝူမင်ကြွယ်နှင့် တခြားလူများက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့က အရှေ့သို့ ပြေးသွားကြပြီး တည်ကြည်လေးနက်သော မျက်နှာဖြင့် သူတို့၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။

သူတို့၏ အရှိန်အဝါက တာအိုပညာရှင်ယုမင်နှင့် ပေါင်းစည်းသွားသည့်အခါ အကာအကွယ်ဝင်္ကပါတစ်ခု အကြမ်းဖျဉ်း ထွက်ပေါ်လာသည်။

အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဂိတ်တံခါးအရှေ့တွင် သွေးချီအလင်းများ စတင်ပေါ်လျှိုးလာကြသည်။

ချင်မိသားစုဝင်များသည်လည်း နောက်ကျကျန်မနေပေ။ သူတို့က မူလစွမ်းအားနှင့် သွေးချီအနှစ်သာရကို ထုတ်လွှတ်လိုက်ကြသည်။

ဤအခိုက်အတန့်မှာ အင်အားစုနှစ်ခုက မူလစွမ်းအားချင်း ယှဉ်ပြိုင်နေကြလေရာ ဂိတ်တံခါးက အက်ကွဲသွားတော့မည့်ဟန် ရ၏။

ထိုစဉ် အနောက်မှာ ရပ်နေပြီး ဂိတ်တံခါးဆီသို့ စိုးရိမ်ကြောင့်ကြစွာ ကြည့်နေသော ဝူချွမ်းက တိတ်တဆိတ် အနောက်လှည့်၍ ထွက်သွားသည်။ သူက ဟန်မူယဲ့၏ ခြံဝန်းဆီသို့ မြန်ဆန်စွာ ပြေးသွားသည်။

“ စီနီယာအကိုဟန်… စီနီယာအကိုဟန်… မကောင်းတော့ဘူး… ချင်မိသားစု ရောက်လာပြီ… ”

ခြံဝန်းဆီသို့ ရောက်သွားသည့်အခါ ဝူချွမ်းက ရေးကြီးသုတ်ပျာ အော်ခေါ်လိုက်သည်။

အခန်းထဲတွင် တောက်ပသော အလင်းစီးကြောင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။

“ ဘန်း ”

အရှေ့ဘက် ဂိတ်တံခါးတွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ထို့နောက် တာအိုပညာရှင်ဟူယု၏ ဒေါသတကြီး အော်သံ ထွက်ပေါ်လာသည်။

“ ချင်းယွဲ့… မင်း အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ ဂိတ်တံခါးကို ဖျက်ဆီးရဲတယ် ”

ကျယ်လောင်သော အော်သံနှင့်အတူ မူလစွမ်းအားချင်း ယှဉ်ပြိုင်ပွဲက ဖြစ်ပေါ်လာသည်။

ဟန်မူယဲ့နှင့် ဝူချွမ်းက အရှေ့ဘက် ဂိတ်တံခါးဆီသို့ ရောက်သွားသည့်အခါ တာအိုပညာရှင်ဟူယုက တာအိုပညာရှင်ချင်းယွဲ့နှင့် အပြန်အလှန် တိုက်ခိုက်နေကြောင်း သူတို့မြင်သွားကြသည်။

မူလစွမ်းအားက သူတို့နှစ်ယောက်စလုံးကို ဝိုင်းရံထားလေရာ ကျယ်လောင်သော လေတိုးဝှေ့သံက သူတို့၏ ဘေးမှာ ထွက်ပေါ်နေသည်။

ပြန်လည်မွေးဖွားခြင်းအဆင့် ပဉ္စမအလွှာမှ တာအိုပညာရှင်ဟူယုသည် လေပြေအသွင်(၁၂)မျိုးကို အသုံးပြုလျက် ကြမ်းတမ်းသော လေပြင်းတိုက်ခတ်မှုများကို ထုတ်ဖော်နေသည်။ သူ၏ လှုပ်ရှားတိုင်းတွင် ကြီးမားသော အင်အားက ကိန်းအာင်းနေသည်။

အခြားတစ်ဖက်တွင် တာအိုပညာရှင်ဟူယုနှင့် အဆင့်တူညီသော တာအိုပညာရှင်ချင်ယွဲ့က မီးခိုးရောင်မူလစွမ်းအားကို ထုတ်လွှတ်နေသည်။ သူ၏ လက်ဝါးရိုက်ချက်များက အနက်ရောင်ဝဲကတော့များအဖြစ် ပြောင်းလဲသွားသည်။

ထိုအနက်ရောင်ဝဲကတော့များက တာအိုပညာရှင်ဟူယု၏ လှုပ်ရှားမှုများကို ကန့်သတ်လိုက်ပြီး သူ့ကို တရစပ် အနောက်ဆုတ်သွားရန် ဖိအားပေးနေသည်။

“ ဟူယု… အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ ဘိုးဘေးတွေရဲ့ မျက်နှာကို ထောက်ထားပြီးတော့ ငါမင်းကို အခွင့်အရေးတစ်ခု ပေးမယ်… ဒူးထောက်ပြီးတော့ မင်းရဲ့ အမှားကို ဝန်ခံပါ… ပြီးတော့ နစ်နာကြေးအနေနဲ့ မူလကျောက်တုံးတစ်ထောင် ပေးပါ… အဲ့ဒါဆိုရင် ချင်မိသားစုရဲ့ ကိုယ်စား ဒီကိစ္စကို ဘယ်တုန်းကမှ မရှိသလို သဘောထားပေးမယ်… မဟုတ်ရင်တော့ ဒီနေ့ မင်းရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက အမြစ်ဖြတ်သုတ်သင်ခံရမယ် ”

ချင်ယွဲ့က မောက်မာထောင်လွှားစွာ ပြောသည်။

သူက အကြမ်းပတမ်း တိုက်ခိုက်သည်။ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ လေပြေအသွင်(၁၂)မျိုးက သာမန်ဖြစ်သည်ဟု ပြောကြသည်။ ယခု ကြည့်ရသည်မှာ ထိုကောလဟာလက အမှန်ဖြစ်ဟန် ရ၏။ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ တိုက်ခိုက်ရေးပညာက သူတို့၏ ချင်မိသားစုကို မယှဉ်နိုင်ပေ။

တာအိုပညာရှင်ဟူယုသည် မြေကွက်လပ်၏ အလယ်သို့ ရောက်သွားသည်အထိ ဖိအားပေးခံလိုက်ရသည်။

အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တပည့်များက ဒေါသထွက်သွားသော်လည်း မည်သူမှ အရှေ့မတတ်ဝံ့ကြပေ။

သူတို့ဆီမှာ အရေအတွက် အားသာချက်မရှိသလို ချင်မိသားစုဝင်များကို အနိုင်ယူနိုင်မည်ဟုလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိကြပေ။

“ ဘန်း ”

အနက်ရောင်ဝဲကတော့တစ်ခုက တာအိုပညာရှင်ဟူယု၏ ရင်ဘက်ပေါ်သို့ ထိမှန်သွားသည့်အခါ သူက အနောက်သို့ ခြေခုနစ်လှမ်း ရှစ်လှမ်း ဆုတ်သွားရသည်။

“ ဒါလား နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဂိုဏ်းရဲ့ အမွေအနှစ်ဆိုတာ ”

ချင်ယွဲ့က မျက်နှာဖြူဖျော့နေသော တာအိုပညာရှင်ဟူယုကို ကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။

ချင်မိသားစုမှ တခြားလူများသည်လည်း ရယ်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲမှာ အထင်သေးသော အရိပ်အယောင်ရှိသည်။

“ သူတို့ကို တိုက်ကြရအောင် ”

အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲမှ တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။ သူက ထိုသို့အစော်ကားခံရခြင်းကို နောက်ထပ် သည်းမခံနိုင်တော့ပေ။ သူက အရှေ့ထွက်ပြီး ချင်မိသားစုဝင်များနှင့် အသေအကြေတိုက်ခိုက်ရန် စိတ်အားထက်သန်နေသည်။

“ မလှုပ်ကြနဲ့ ”

တာအိုပညာရှင်ဟူယုက အော်ပြောလိုက်သည်။ သူက သူ့အရှေ့မှ ချင်ယွဲ့ကို စူးစိုက်ကြည့်လိုက်သည်။

“ မင်းက နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ငါတို့ရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကို အထင်သေးရဲမှတော့ ဒီနေ့ ငါက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ အခြေခံအုတ်မြစ် ဘယ်လောက်နက်ရှိုင်းလဲဆိုတာ ပြမယ် ”

သူ့စကားဆုံးသွားသည်နှင့်ချက်ချင်း အစိမ်းရောင်မှော်အဆောင်တစ်ခုက တာအိုပညာရှင်ဟူယု၏ လက်ထဲမှာ ထွက်ပေါ်လာသည်။

“ လေဝိညာဉ်အဆောင် ”

ထိုမှော်အဆောင်ကို မြင်သောအခါ ချင်ယွဲ့က အံ့ဩသွားသည်။ ထို့နောက် လောဘအရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒီလိုရတနာကို အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ပိုင်ဆိုင်ထားတယ်လား… နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဂိုဏ်းလို့ မဆိုရဘူး… ”

“ ဒီလိုဆိုမှတော့… ”

တာအိုပညာရှင်ချင်ယွဲ့က တာအိုပညာရှင်ဟူယုကို ကြည့်လိုက်ပြီး မာထန်စွာ ပြောသည်။

“ ငါ့ကို အဲ့ဒီမှော်အဆောင်ပေးရင် ချင်မိသားစုက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ အပြစ်တွေကို နောက်ထပ် အရေးမယူတော့ဘူး ”

လေဝိညာဉ်အဆောင်သည် မျက်မှောက်ခေတ်တွင် အသုံးပြုနိုင်သော မှော်အဆောင်အနည်းစုထဲမှ တစ်ခုဖြစ်သည်။ ထိုမှော်အဆောင်ထဲမှာ မိုးမြေစွမ်းအားကို ပဲ့တင်ပြန်နေသော မှော်သင်္ကေတများ ပါရှိသည်။

ထိုမှော်အဆောင်ကို အသုံးပြုမည်ဆိုလျှင် တာအိုပညာရှင်ဟူယု၏ ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားက သိသိသာသာ မြင့်တတ်သွားလိမ့်မည်။ ယင်းက သူ့အား ပြန်လည်မွေးဖွားခြင်းအဆင့် အဌမအလွှာ၏ တိုက်ပွဲစွမ်းအားကို ယာယီပိုင်ဆိုင်စေလိမ့်မည်။

ထိုမှော်အဆောင်ဖြင့်ဆိုလျှင် တာအိုပညာရှင်ဟူယုကို သူအနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

“ ဟွန့်… မင်းတို့သေမျိုးမိသားစုတွေက အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကိုတော့ ကြောက်ကြတယ်… မင်းတို့ဆီမှာ ဘာကိုယ်ကျင့်သိက္ခာမှမရှိဘူး ”

တာအိုပညာရှင်ဟူယုက နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက ဂိတ်တံခါး၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။

“ တာအိုရောင်းရင်းဖန်ဖင်း… ကျုပ်ရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ဒီမှော်အဆောင်နဲ့ မူလကျောက်တုံးတစ်ရာကို လက်ဆောင်ပေးပါတယ်… ကျေးဇူးပြုပြီး ခင်ဗျားရဲ့ အနောက်က အလင်းဝိညာဉ်တာအိုဂိုဏ်းကို ကျုပ်တို့ကို ကူညီပေးဖို့ ပြောပေးပါ ”

တာအိုပညာရှင်ဟူယု၏ စကားကို ကြားသောအခါ လူတိုင်း၏ အကြည့်က ဂိတ်တံခါး၏ ဦးတည်ရာဆီသို့ ရွှေ့ပြောင်းသွားသည်။

ထိုနေရာတွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော တာအိုပညာရှင်တစ်ယောက် ရှိသည်။ သူက ဓားသယ်ဆောင်ထားသော သက်လတ်ပိုင်းအရွယ် လူခုနစ်ယောက်ကို ခေါ်ဆောင်လျက် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဂိတ်တံခါးဆီသို့ ချဉ်းကပ်လာနေသည်။

“ အဲ့ဒါ အလင်းဝိညာဉ်တာအိုဂိုဏ်းက လူတွေ ”

“ အံ့ဩစရာပဲ… အဲ့ဒါ အလင်းဝိညာဉ်တာအိုဂိုဏ်းဟ… သူတို့က ငါတို့ရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဂိုဏ်းပဲ… ငါတို့က သူတို့ကို နှစ်တိုင်း လက်ဆောင်ပဏ္ဏာတွေ ဆက်သခဲ့တယ် ”

တာအိုပညာရှင်ယုမင်၏ အနောက်မှ တပည့်များက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။

အလင်းဝိညာဉ်တာအိုဂိုဏ်းသည် အချင်းမိုင်တစ်ထောင်အတွင်း၌ အသန်မာဆုံး ဂိုဏ်းဖြစ်သည်။ သူတို့ဆီမှာ ပြန်လည်မွေးဖွားခြင်းအဆင့် နဝမအလွှာဆီသို့ ဝင်ရောက်ပြီးသော အစွမ်းထက်ကျင့်ကြံသူနှစ်ယောက် ရှိသည်။

ချင်မိသားစုသည်ပင် အလင်းဝိညာဉ်တာအိုဂိုဏ်းကို ရိုသေလေးစားမှု ပြရလိမ့်မည်။

“ မှော်အဆောင်လား ”

အရှေ့ဆုံးမှ တာအိုပညာရှင်က ခေါင်းညိတ်လိုက်ပြီး တာအိုပညာရှင်ဟူယုဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။ သူက တာအိုပညာရှင်ဟူယု၏ လက်ထဲမှ မှော်အဆောင်ကို လှမ်းယူလိုက်ပြီး သူ၏ မူလစွမ်းအားကို မှော်အဆောင်ထဲသို့ ထည့်သွင်းလိုက်သည်။

ထိုအခါ မှော်အဆောင်က မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

ထိုတာအိုပညာရှင်၏ ကျင့်ကြံခြင်းစွမ်းအားက တာအိုပညာရှင်ဟူယုထက် ပိုပြီးမြင့်မားကြောင်း ထင်ရှားသည်။ ထို့ကြောင့် မှော်အဆောင်မှ ထုတ်လွှတ်လိုက်သော အလင်းက အစောနကထက် ပိုပြီးတောက်ပသည်။

“ မူလကျောက်တုံးတွေကရော ”

ထိုတာအိုပညာရှင်က တာအိုပညာရှင်ဟူယုကို ထပ်မံ ကြည့်လိုက်သည်။

တာအိုပညာရှင်ဟူယုက ခေါင်းညိတ်လိုက်ပြီး သူ့အနောက်မှ ဝူမင်ကြွယ်နှင့် တခြားတပည့်များကို မူလကျောက်တုံးများ ထုတ်ပေးခိုင်းသည်။ ယင်းတို့က ဖူယွမ်စွန့်ပစ်သတ္ထုတွင်းထဲမှာ သူတို့ရှာဖွေစုဆောင်းခဲ့သော မူလကျောက်တုံးများ ဖြစ်ကြသည်။

ထိုမျှက မလုံလောက်သေးပေ။ ဂိုဏ်းက စုဆောင်းထားသော မူလကျောက်တုံးများကိုလည်း ထပ်မံ ပေါင်းထည့်လိုက်သည်။ ထိုအခါ မူလကျောက်တုံးအရေအတွက်က စုစုပေါင်းသုံးရာ ရှိသွားသည်။

တာအိုပညာရှင်က ခေါင်းညိတ်လိုက်လေရာ သူ့အနောက်မှ တပည့်နှစ်ယောက်က မူလကျောက်တုံးများ အပြည့်ထည့်ထားသော ခြင်းတောင်းကြီးများကို သယ်ယူလိုက်ကြသည်။

ထို့နောက် တာအိုပညာရှင်က ချင်ယွဲ့ကို လှည့်ကြည့်လိုက်သည်။

“ ညီအကိုချင်… အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ဒီမူလကျောက်တုံးတွေနဲ့ မှော်အဆောင်ကို လက်ဆောင်ပေးလိုက်ပြီဆိုတော့ ကျုပ်တို့ရဲ့ အလင်းဝိညာဉ်တာအိုဂိုဏ်းက ဒီကိစ္စမှာ ဝင်ပါရလိမ့်မယ် ”

သူ၏ စကားက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တပည့်များကို ဝမ်းသာပျော်ရွှင်သွားစေသည်။

ချင်ယွဲ့က သူ့အရှေ့မှ ပုဂ္ဂိုလ်ကို ကြည့်လိုက်ပြီး တစ်ခဏ တွေးတောလိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ တာအိုရောင်းရင်းဖန်ဖင်းနဲ့ အလင်းဝိညာဉ်တာအိုဂိုဏ်းက ဝင်ပါမယ်ဆိုမှတော့ ကျုပ်တို့ချင်မိသားစုက အနောက်ဆုတ်ပေးပါ့မယ် ”

ချင်မိသားစုက အနောက်ဆုတ်ပေးမည်။

တာအိုပညာရှင်ဟူယုက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တပည့်များက ပျော်ရွှင်သွားကြသည်။

“ ဒီလိုလုပ်ရအောင်… အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ချင်မိသားစုကို နစ်နာကြေးအနေနဲ့ မူလကျောက်တုံးတစ်ထောင် ပေးမယ်ဆိုရင် ကျုပ်တို့က ဘာစကားမှ ထပ်မပြောဘဲ အနောက်ဆုတ်သွားမယ်… အဲ့ဒါ အကျိုးအကြောင်းမသင့်ဘူးလား ”

ချင်ယွဲ့က ထပ်မံ ပြောသည်။

မူလကျောက်တုံးတစ်ထောင်လား… ။

တာအိုပညာရှင်ဟူယုက မျက်နှာမည်းမှောင်သွားသည်။

သူ့အနောက်မှ တပည့်များသည်လည်း အံ့ဩသွားကြသည်။

တာအိုပညာရှင်ဖန်ဖင်းက အနောက်လှည့်လိုက်ပြီး တာအိုပညာရှင်ဟူယုကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“ ဟူယု… မူလကျောက်တုံးတစ်ထောင် ထုတ်ပေးလိုက်… အဲ့ဒါဆို ဒီပြဿနာကို ဖြေရှင်းနိုင်ပြီ ”

အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကို သတ္ထုတွင်းလို့ ထင်နေတာလား… ။

သူတို့က ဘယ်ကနေ အဲ့ဒီမူလကျောက်တုံးတစ်ထောင်ကို ရနိုင်မှာလဲ… ။

သူတို့က ဆယ်နှစ်စုဆောင်းမည်ဆိုလျှင်ပင် ထိုမျှများပြားသော ပမာဏကို ရရှိနိုင်လိမ့်မည် မဟုတ်ချေ။

အံ့ဖွယ်ကိုးပါးတောင်တန်းဒေသထဲတွင် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကဲ့သို့ ဂိုဏ်းငယ်တစ်ခုဆီမှာ ထိုမျှများပြားသော မူလကျောက်တုံးများ မရှိပေ။

“ တာအိုရောင်းရင်းဖန်ဖင်း… ကျုပ်ရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ဘယ်လိုလုပ် အဲ့လောက်များတဲ့ မူလကျောက်တုံးပမာဏကို ပေးနိုင်… ”

တာအိုပညာရှင်ဟူယု၏ စကားမဆုံးမီ တာအိုပညာရှင်ဖန်ဖင်း၏ မျက်နှာက အေးစက်ခက်ထန်သွားသည်။

“ ဟူယု… မင်းက ငါဖန်ဖင်းကို မျက်နှာသာမပေးတာလား ”

မြေကွက်လပ်က တိတ်ဆိတ်သွားသည်။

ချင်းယွဲ့က မျက်နှာဖြူဖျော့နေသော တာအိုပညာရှင်ဟူယုနှင့် ထိတ်လန့်တုန်လှုပ်နေကြသော အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တပည့်များကို ကြည့်လိုက်သည်။ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ချင်မိသားစု၏ ဘိုးဘေး ပြန်လည်မွေးဖွားခြင်းအဆင့်၏ အဌမအလွှာသို့ ဝင်ရောက်သွားကတည်းက ထိုသို့အဖြစ်အပျက်များစွာကို သူမြင်ခဲ့ဖူးသည်။

“ မျက်နှာတစ်ခုက မူလကျောက်တုံးတစ်ထောင် တန်ကြေးရှိတယ်လား… ငါဟန်မူယဲ့ အရမ်းပဲ စိတ်ဝင်စားတယ်… အဲ့ဒီမျက်နှာရဲ့ အရေပြားက ဘယ်လောက်တောင် ထူလို့ ဈေးကြီးနေတာလဲ ”

ထိုစဉ် အသံတစ်သံက ပျံ့လွင့်လာသည်။

All Chapters