သင်ခန်းစာ
Vol. 24 Ch. 231
ယန်ချန်ရှန်းသည် သခင်ကြီးရှန်းကို စုန့်ပြည်နယ်အား ကူညီရန် ဝူသိုင်းဘုံကျောင်းမှ စေလွှတ်လိုက်ခြင်းဖြစ်သည်ဟု အမြဲတမ်း ယုံကြည်ခဲ့၏။
သို့သော် ယခုအချိန်တွင် ကိစ္စရပ်များသည် သူ ထင်ထားသလို မဟုတ်ပုံရသည်။
ကျောင်းတော်ထိန်းလေးဦးသည် ရန်လိုသော အမူအရာများဖြင့် ချီတက်လာကြပြီး သူ့ထံမှ လူတစ်ယောက်ယောက်ကို အတင်းအကျပ်တောင်းဆိုနေပုံ ရလေ၏။
"သူ ဘယ်မှာလဲ"
ဝူတောက်အန်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဒေါသကိုအတင်းအကျပ် မျိုချလိုက်သည်။
သူ နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။
အကယ်၍ ယနေ့ ရှန်းယီကိုသင်ခန်းစာမပေးဖြစ်ခဲ့လျှင်၊ သူ ယင်ဝိညာဉ်ကျင့်ကြံလာခဲ့သည့် နှစ်ကာလများမှာ အလကား ဖြစ်သွားပေတော့မည်။
အခြား ကျောင်းတော်ထိန်းများသည် စီနီယာအစ်ကိုဝူ၏ ဒေါသကို သတိပြုမိသော်လည်း သူ့ကို တားဆီးရန် မကြိုးစားကြပေ။
ပါရမီရှင်တွေ မည်သည့်အရာအား အကြောက်ဆုံးဖြစ်သနည်းဆိုလျှင် အပြည့်အဝ မကြီးထွားခင် ကျဆုံးသွားမှာကိုပဲ ဖြစ်သည်။
သူကဲ့သို့ လူငယ်များသည် မကြာခဏဆိုသလို မောက်မာတတ်ကြပြီး အကြံဉာဏ်များကို နားထောင်လေ့မရှိကြပေ။ ယခုအခါ သူ့ကို ချင်းချိုက ပစ်မှတ်ထားနေပြီ။
တင်းကျပ်မှုရှိကောင်းရှိနိုင်သော်လည်း သူ့ကို ကောင်းမွန်သော သင်ခန်းစာတစ်ခု ပေးရန်မှာ အမှန်တကယ် လိုအပ်လှသည်။ တကယ်တမ်း တစ်ခုခု လွဲမှားသွားမှ အားလုံးနောင်တရနေရသည်ထက် စာလျှင် ဒါက ပိုကောင်းပေ၏။
"သူက... သူက ပြန်သွားပါပြီ"
ပိန်လှီသော ခန္ဓာကိုယ်ပိုင်ရှင် ယန်ချန်ရှန်းသည် ဝိုင်းရံခံထားရပြီး တံတွေးကို ခက်ခဲစွာ မျိုချလျက် ဝင်းဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
သူ စကားမဆုံးခင်မှာပင်...
သူ့ကို ယင်ဝိညာဉ်တစ်ခုက မ,တင်လိုက်ပြီး '
ဝင်း (က) ဘက်သို့ တန်းတန်းမတ်မတ် လွင့်ပျံသွားစေခဲ့၏။
ကျောင်းတော်ထိန်းသုံးဦးသည် စီနီယာအစ်ကိုဝူက ယင်ဝိညာဉ်ကို တိုက်ရိုက်ဆင့်ခေါ်လိုက်သည်ကို ကြည့်ပြီး ခါးသက်စွာ ပြုံးလျက် ခေါင်းခါလိုက်ကြကာ သူ့နောက်သို့ လိုက်သွားကြလေ၏။
တကယ်ရော လိုလို့လား။ ဒီစစ်ဆေးရေးမှူးက အခုမှ ပြန်ရောက်တာ မဟုတ်ဘူးလား၊ ပြီးတော့ ထပ်ပြေးသွားပြန်ပြီပေါ့။
ဝင်း (က)
ရှန်းယီသည် ရွှေရောင်ဝံပုလွေကျောက်စိမ်းအဆောင်အား ကိုင်လျက် ကုတင်ပေါ်တွင် ထိုင်နေပြီး သစ်သားရုပ်သဖွယ် ဟန်ဆောင်နေလေ၏။
သူ၏ဘောင်ကွက်အား ဖွင့်လိုက်ချိန်မှာပင်...
တံခါးခေါက်သံ သဲ့သဲ့ကို ကြားလိုက်ရသည်။
သူ မျက်လုံးဖွင့်လိုက်ပြီး လက်ဝှေ့ယမ်းကာ သူ့အရှိန်အဝါကို အသုံးပြု၍ တံခါးကို တွန်းဖွင့်လိုက်သည်။
ယန်ချန်ရှန်းက အားနည်းစွာ ရပ်နေသည်ကို တွေ့လိုက်ရပြီး သူ့နောက်တွင် လက်နောက်ပစ်ထားသော ယင်ဝိညာဉ်တစ်ခု ပါလာသည်။ ထိုယင်ဝိညာဉ်၏ ဘေးပတ်လည်တွင် ထူထပ်သော တိမ်တိုက်သဏ္ဍာန် အလွှာနှစ်ခု လှည့်ပတ်နေလေ၏။
မကြာမီတွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော နောက်ထပ် လူသုံးဦး ဝင်းထဲသို့ ဝင်ရောက်လာကြသည်။
အခြေအနေကို စိတ်ဝင်စားသွားကြသော ခြံဝင်း (က) အတွင်း လှည့်လည်သွားလာနေသည့် ယင်ဝိညာဉ်များအားလုံး ဝင်းထဲသို့ စုရုံးရောက်ရှိလာကြပြီးပွဲကြည့်ရန် တိတ်ဆိတ်စွာ တန်းစီရပ်နေကြလေ၏။
"..."
ရှန်းယီ မျက်မှောင်ကြုတ်လိုက်ပြီး တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
သူတို့ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ။
"ဂျူနီယာညီလေးရှန်း၊ စုန့်ပြည်နယ် ခရီးစဉ်က စိတ်ဝင်စားဖို့ ကောင်းရဲ့လား" ဝူတောက်အန်းက ဟန်ဆောင်အပြုံးဖြင့် မေးလိုက်၏။
ရှန်းယီသည် သူ့စနစ်ဘောင်ကွက်ပေါ်ရှိ ဂဏန်းများကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"မဆိုးပါဘူး"
"နောက်တစ်ခါ ထပ်သွားဦးမှာလား"
ဝူတောက်အန်း၏ မျက်ခွံများ နှစ်ချက်လှုပ်သွားပြီး အခြား ကျောင်းတော်ထိန်း သုံးဦးမှာလည်း ဘာမှမတတ်နိုင်သည့်ပုံစံဖြင့် ရှေ့သို့ တိုးလာကြသည်။
"အခြေအနေပေါ် မူတည်တာပေါ့"
ရှန်းယီ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသော်လည်း ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
သူ သွားမည် မသွားမည် ဆိုသည်မှာ သူ့ကို ဆွဲဆောင်နိုင်သော အရာ ရှိမရှိ ဆိုသည့်အပေါ်တွင် အဓိက မူတည်ပေသည်။
ဤစကားကို ပြောလိုက်သည်နှင့် တပြိုင်နက် ကျောင်းတော်ထိန်း အတော်များများ အလိုအလျောက် ချောင်းဟန့်လိုက်ကြသည်။
"အဟမ်း... အဟမ်း"
ထင်ထားသည့်အတိုင်းပင် ဝူတောက်အန်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး လူငယ်လေး၏ ဘေးသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။
သူ့လက်ဝါး အနည်းငယ် ဆုပ်ထားပြီး အသက်ရှူသံ သိသိသာသာ မြန်လာသည်။
"အို..."
အပြင်ဘက်တွင် ပျံဝဲနေကြသော ယင်ဝိညာဉ်တန်းကြီးမှာ ပို၍ စိတ်ဝင်စားလာကြသည်။ တစ္ဆေအိုကြီးဝူ လှုပ်ရှားသည်ကို မမြင်ရသည်မှာ ကြာပြီဖြစ်သည်။
ကျောင်းတော်ထိန်းများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အကြံဉာဏ် တစ်ခွန်းတစ်လေ ဝင်မပြောဘဲ မနေနိုင် ဖြစ်လာကြသည်။
သူ့ကို သင်ခန်းစာပေးတာ ကောင်းပေမယ့် လူငယ်လေးရဲ့ မာနကိုတော့ အရမ်းကြီး မထိခိုက်စေနဲ့ပေါ့။
"ဂျူနီယာညီလေးရှန်း"
လူတိုင်း စောင့်ကြည့်နေကြစဉ် ဝူတောက်အန်းသည် အရုပ်ဆိုးသော အပြုံးတစ်ခုကို အတင်းညှစ်ထုတ်လိုက်ပြီး ရှန်းယီ၏ ပခုံးကို ညင်သာစွာ ပုတ်လျက် လေးနက်စွာ ပြောလိုက်၏။
"ဒီအဘိုးကြီး ပြောတာ နည်းနည်းလောက် နားထောင်စမ်းပါ။ ဒီကမ္ဘာကြီးက ဘယ်လောက် ကျယ်ပြောသလဲ။ပြည်နယ်ကိုးခုလောက်က ဘာမို့လို့လဲ။ ကျင့်ကြံရမယ့်အချိန် ရောက်ရင် အရင်ဆုံး စိတ်ကို တည်ငြိမ်အောင် ထားရတယ်"
"မင်းသာ ရွှေရောင်ဓမ္မခန္ဓာကိုယ်ကို ထုဆစ်နိုင်ပြီး နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ကို ရောက်သွားရင် သက်တမ်း နှစ်သောင်းကျော် ရှည်လိမ့်မယ်။အဲဒီကျမှ ဒီကမ္ဘာကြီးမှာ ဘယ်လို ပျော်ရွှင်စရာမျိုး မခံစားနိုင်ဘဲ နေမလဲ၊ ဘယ်လို လှပတဲ့ ရှုခင်းမျိုး မကြည့်နိုင်ဘဲ နေမလဲ။ ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ"
"မှတ်မိရဲ့လား"
ဝူတောက်အန်းသည် သူ့အပြုံး ပိုမို ကြည်လင်ဖော်ရွေပုံ ပေါက်စေရန် အတင်းကြိုးစားနေရှာသည်။
"..."
ရှန်းယီသည် ထိုအဘိုးကြီးမျက်နှာကို တွန်းထုတ်ပစ်ချင်စိတ် ပေါ်လာ၏။ သူ့လက်ချောင်းများ လှုပ်ရှားသွားသော်လည်း ထိန်းချုပ်လိုက်သည်။
"တွေ့လား၊ မင်း စုန့်ပြည်နယ်ကို သွားလိုက်လို့ မင်းအချိန်တွေ ဖြုန်းတီးတာကလွဲရင် ဘာအကျိုးထူး ရှိမှာမို့လို့လဲ" ဝူတောက်အန်း စိတ်ရှည်လက်ရှည် အကြံပေးပြန်သည်။
ယန်ချန်ရှန်းသည် ရုတ်တရက် သတိထား၍ မော့ကြည့်လိုက်ပြီး "သူက နတ်ဆိုးဘုရင်နှစ်ပါးကို သတ်ခဲ့ပြီး စုန့်ပြည်နယ်က နတ်ဆိုးတွေ အကုန်လုံးကို ရှင်းလင်းပစ်ခဲ့တာပါ..."
ယခုထိနားထောင်ပြီးမှ သူ တစ်ခုခုကို သဘောပေါက်သွားသည်။
ထိုအရာကတော့ ဝူသိုင်းဘုံကျောင်းမှာ သခင်ရှန်း၏အင်အားကို နားမလည်ကြသေးသည်ဆိုတာပင်။
"ပါးစပ်ပိတ်ထားစမ်း၊ ဘာတွေ လျှောက်ပြောနေတာလဲ။ သူက ယင်ဝိညာဉ်ကျင့်ကြံသူကွ..."
ဝူတောက်အန်း ခေါင်းလှည့်လိုက်ပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
"သခင်ရှန်းရဲ့ခန္ဓာကိုယ်သန့်စင်ခြင်းက မဟာချန်မင်းဆက်မှာ ပြိုင်ဘက်ကင်းပါပဲ။ ဒါက ယင်ဝိညာဉ်ကျင့်ကြံသူတစ်ဦး လျှောက်လှမ်းသင့်တဲ့ လမ်းကြောင်းမှန်ပါ"
ဤအကြောင်းပြောရင်း ယန်ချန်ရှန်းသည် အကြောင်းပြချက်မရှိဘဲ ပိုမို ခေါင်းမာလာလေသည်။
"..."
ခြံဝင်းအတွင်း၌ ယင်ဝိညာဉ် တစ်ဒါဇင်ကျော် တိတ်ဆိတ်သွားကြသည်။
သူတို့သည် မဟာချန်မင်းဆက်၏ အဆင့်အမြင့်ဆုံး ယင်ဝိညာဉ်ကျင့်ကြံသူများ ဖြစ်ကြသည်။
သို့သော် ယခုအချိန်တွင် စုန့်ပြည်နယ်မှ စစ်သူကြီးတစ်ဦး၊အဆင့်နိမ့် သိုင်းဝိဇ္ဇာတစ်ဦးမှာ သူတို့ကို ယင်ဝိညာဉ် လမ်းကြောင်းမှန်ဆိုသည်မှာ ဘာလဲဟု လာသင်ပြနေလေ၏။
ယင်ဝိညာဉ် အများအပြား အင်္ကျီလက်ကို စတင်ပင့်တင်လာကြသည်။
အစိမ်းရောင်ဝတ်ရုံနှင့် ဝမ်းဗိုက်ရွှဲရွှဲ ကျောင်းတော်ထိန်းသည် အခန်းထဲသို့ အမြန်လျှောက်ဝင်သွားပြီး ဝူတောက်အန်းကို စိုက်ကြည့်လိုက်သည်။
ဒီအဘိုးကြီးက လူတွေကို ဒီလို သင်ခန်းစာပေးနေတာလား။စိတ်ပျက်စရာ ကောင်းလိုက်တာ။
သူသည် ယန်ချန်ရှန်းဘက်သို့ လှည့်ကြည့်လိုက်ပြီး "သခင်ရှန်းက ခင်ဗျားတို့ စုန့်ပြည်နယ်အတွက် နတ်ဆိုးကပ်ဘေးကို ရှင်းလင်းပေးခဲ့တယ်လို့ ခုနက ပြောလိုက်တာလား။ သူ ဘာကို အားကိုးပြီး လုပ်ခဲ့တာလဲ... ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်တွေလား"
သူ့အမေးကြောင့် ကျန်လူများအားလုံး ဖြည်းဖြည်းချင်း သတိပြန်ဝင်လာကြသည်။
ယင်ဝိညာဉ် လမ်းကြောင်းမှန်ဆိုတာ ဘာလဲဆိုတာနှင့် ယှဉ်လျှင် စုန့်ပြည်နယ်မှ ဖြစ်ရပ်များက ပို၍ နားလည်ရခက်နေ၏။
"သိုင်းဝိဇ္ဇာရဲ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အားနည်းတယ်လို့ ဘယ်သူပြောလဲ။ သခင်ရှန်းက တာအိုဝိညာဉ်မလိုသလို မိုးမြေစွမ်းအားကိုလည်း မသုံးခဲ့ဘူး။ သူ့လက်သီးသက်သက်နဲ့တင် နတ်ဆိုးဘုရင်ကို သေအောင် ရိုက်သတ်ခဲ့တာ"
ယန်ချန်ရှန်းသည် လူတိုင်းကို ဝေ့ဝဲကြည့်လိုက်၏။ သူ ကိုယ်တိုင် ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသဖြင့် ယုံကြည်မှု အပြည့်ရှိနေသည်။
နက်ရှိုင်းသောကျင့်ကြံခြင်းအဆင့်ရှိသည့် သိုင်းဝိဇ္ဇာ အုပ်စုကြီးသည်ပင် တစ်ခဏမျှ မှင်သက်သွားကြလေ၏။
သူတို့၏ စိတ်အာရုံများသည် သူ ဖော်ပြသော မြင်ကွင်းကို လုံးဝ ပုံဖော်၍ မရနိုင် ဖြစ်နေကြသည်။
သိုင်းပညာရှင်များကို မဆိုထားနှင့်၊ နတ်ဆိုးများပင်လျှင် နတ်ဆိုးစွမ်းအားကို အသုံးပြုကြရ၏။
ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် သက်သက်နဲ့ ဟုတ်လား။
"မင်းက ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်တွေကိုပါ လေ့ကျင့်နေတာလား"
ဝူတောက်အန်း၏ မျက်နှာပေါ်မှ အပြုံး ချက်ချင်း ပျောက်ကွယ်သွားပြီး အနည်းငယ် စိတ်တိုလာပုံ ရသည်။
နှမြောစရာပဲ သိပ်နှမြောစရာ ကောင်းတာပဲ
ရှန်းယီသည် ငယ်ငယ်ရွယ်ရွယ်နှင့် သိုင်းတိညာဉ် အဆင့်ရောက်ရှိခြင်းက အံ့မခန်း ပါရမီရှင် ဖြစ်နေပြီဟု သူ ထင်ထားခဲ့သော်လည်း၊ တစ်ဖက်လူက ခန္ဓာကိုယ်သန့်စင်ခြင်းနှင့် ယင်ဝိညာဉ် နှစ်ခုစလုံးကို တွဲဖက်လေ့ကျင့်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
မင်း ဘာလို့ တာအိုဝိညာဉ်ကိုပါ ထပ်မကျင့်တာလဲ။
အကယ်၍ သူသာ ထိုအချိန်များကို ယင်ဝိညာဉ် ကျင့်ကြံခြင်းမှာ အသုံးပြုခဲ့မယ်ဆိုရင်၊ ယခုအချိန်လောက်ဆို ရွှေရောင်ဓမ္မခန္ဓာကိုယ်အား စုစည်းနိုင်လောက်လေပြီ။
"မင်း သိပ်မိုက်မဲတာပဲ သက်တမ်းကို ဒီလို ဖြုန်းတီးပစ်ရသလား"
ဝူတောကမအန်းသည် ဒေါသတကြီးဖြင့် ရင်ဘတ်ကို ထုလိုက်၏။
"ဒါဆိုရင်..."
ရှန်းယီ လက်ကိုဖြန့်လိုက်ပြီး သူ့လက်ဖဝါးထဲမှ ရွှေရောင်ဝံပုလွေကျောက်စိမ်းအဆောင်ကို ပြလိုက်သည်။
ဤအရာကို မြင်လိုက်ရသောအခါ ဝူတောက်အန်း လန့်သွားပြီး တခြားသူများကို လှည့်ကာကြိမ်းမောင်းလိုက်၏။
"ထွက်သွားကြ ဒီမှာ သူ့ကျင့်ကြံခြင်းကို လာနှောင့်နှေးအောင် မလုပ်ကြနဲ့"
ခေါင်းလှည့်ကြည့်လိုက်သောအခါ ရှန်းယီက သူ့အား တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဝူတောက်အန်း ပါးစပ်သပ်လိုက်ပြီး ဘာမှမတတ်နိုင်သည့် လေသံဖြင့် "ငါလည်း ထွက်သွားတော့မယ်။မင်း အေးအေးဆေးဆေး ကျင့်ကြံလိုက်တော့။ ဘာလိုလို ငါ့ဆီလာခဲ့၊ ဒါမှမဟုတ် ဝူသိုင်းဘုံကျောင်းဘဏ္ဍာတိုက် ထဲက သွားယူလိုက်"
လူတိုင်း အခန်းထဲမှ ထွက်သွားကြပြီး တံခါးကို ဖြည်းညှင်းစွာ ပြန်ပိတ်ပေးလိုက်၏။
သူတို့သည် ခြံဝင်း(က)၏ အစွန်းဘက်သို့ ရောက်သည်အထိ လျှောက်လာခဲ့ကြသည်။
ဝူတောက်အန်း နောက်ဆုံးတွင် ရပ်တန့်လိုက်ပြီး ဇဝေဇဝါဖြင့် ပြန်လှည့်ကြည့်လိုက်၏။
"လူတွေက ပြောကြတယ်ကောင်းကင်တာအို က တရားမျှတပါတယ်တဲ့။ လူတိုင်းကို မိဘတွေက သာမန်လူသားခန္ဓာကိုယ်နဲ့ မွေးဖွားပေးလိုက်တာချင်း အတူတူပဲ။ ဘာလို့ ဒီလောက်ကြီး ကွာခြားနေရတာလဲ"
အခြားသူများ ခက်ခက်ခဲခဲ လိုက်ရှာရသော မဟာတာအိုသည် ဤလူငယ်လေးအတွက် အဆီးအတား လုံးဝ မရှိသကဲ့သို့ ဖြစ်နေသည်။ သူသည် အခြားအရာများကို လေ့ကျင့်ရန်ပင် အပိုစွမ်းရည်များ ရှိနေပြီး ထိုအရာများတွင်လည်း ထူးချွန်နေပြန်သည်။
"စီနီယာအစ်ကိုဝူ၊ ခင်ဗျား မှားသွားတယ်လို့ ခံစားနေစရာ မလိုပါဘူး"
ဝမ်းဗိုက်ရွှဲရွှဲနှင့် ကျောင်းတော်ထိန်းက နှစ်သိမ့်လိုက်၏။
"မမေ့ပါနဲ့၊ ငါတို့ မဟာချန်မင်းဆက်မှာလည်း အဲဒီလို ပါရမီရှင်တစ်ယောက် ပေါ်ထွက်ခဲ့ဖူးသားပဲ... စီနီယာအစ်ကိုကျူး လေ။ သူက အသက် ၂၀ မှာ အမြုတေဖြစ်တည်ခြင်းအဆင့်၊ ၂၆ နှစ်မှာ အမြုတေစွမ်းအင်စုစည်းခြင်း နဲ့ ဝိညာဉ်ပျိုးထောင်ခြင်း၊ အသက် ၄၀ မှာ ရွှေရောင်ဓမ္မခန္ဓာကိုယ် စတင်စုစည်းခဲ့တာ"
ထိုနာမည်ကို ကြားလိုက်ရသောအခါ လူတိုင်း တိတ်ဆိတ်သွားကြ၏။
"အခု သူက အသက် ၃၉၀၀ ရှိနေပြီ၊ ဒါပေမဲ့ သူက အခုထိ ဝူသိုင်းဘုံကျောင်းဘဏ္ဍာတိုက်ထဲက ရွှေရောင်ခန္ဓာကိုယ်ကျင့်စဉ်ကို စောင့်ကြပ်ရင်း သူ့ယင်ဝိညာဉ် ပျောက်ကွယ်သွားမယ့်နေ့ကို ကြောင်တောင်တောင်နဲ့ စောင့်မျှော်နေရတုန်းပဲ"
"ဂျူနီယာညီလေးရှန်း အနေနဲ့ သူ့ကိုသတိပေးချက် တစ်ခုအနေနဲ့ မှတ်ယူထားသင့်တယ်..."