အာဟတ်ရွှေခန္ဓာကိုယ်ကျင့်စဉ်
Vol. 24 Ch. 234
မဟုတ်ဘူးဟူသော စကားသည်...
ရှန်းယီအနေဖြင့် ထိုစကားလုံးကို အမှန်တကယ်ပင် ထိုအတိုင်းတွေးတောမိခြင်း ဖြစ်ပြီး လိမ်ညာပြောဆိုခြင်း အလျဉ်းမရှိချေ။
"ဒါကို ငါ နားမလည်နိုင်တာပဲ"
စီနီယာအကိုကျူးသည် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီးအရိုးစုဘေးတွင် ပြန်ထိုင်ချကာ ရှန်းယီကို တိတ်ဆိတ်စွာ စိုက်ကြည့်နေလေ၏။
"မင်းက တကယ်ကြီးနားလည်နေတာလား"
ခုနလေးတင် သူသည် အဖြူရောင်မြူခိုးတစ်မျှင်ကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။
ရှန်းယီသည် ထိုအရာအတွင်းရှိ ရှုပ်ထွေးပွေလီသောအတွေးများကို အမှန်တကယ်ပင် သေချာစွာ နားထောင်ခဲ့ပြီး မျက်မှောင်အနည်းငယ် ကြုတ်နေသော်လည်း အစမှအဆုံးတိုင် နားထောင်နိုင်ခဲ့လေသည်။
ထိုအဖြူရောင်မြူခိုး အတူတူပင် ဖြစ်လင့်ကစားကျူးကျွယ်၏ နားထဲတွင်မူ အဓိပ္ပာယ်မရှိသော ဆူညံသံများသာ ဖြစ်နေခဲ့ခြင်းပင်။
"..."
ပါရမီရှိသူများကျတော့ လုံလောက်သော ပင်ကိုယ်စရိုက်လိုအပ်နေပြီး၊ ပုံမှန်တိုးတက်လာသူများကျတော့ ပါရမီမပါကြပြန်ချေ၊ ထို့ပြင် သူတို့၌သက်တမ်းလည်း မလုံလောက်ဖြစ်တတ်ကြ၏။
ကြားရသည်မှာ ခေါင်းကိုက်စရာ ကောင်းလှပြီး ဖြေရှင်းရခက်သော ပုစ္ဆာတစ်ပုဒ်လိုပင်။
မဟာချန်မင်းဆက်၏ သမိုင်းတစ်လျှောက်တွင် နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ ၁၃ ဦးသာ ပေါ်ထွက်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
ရှန်းယီသည် ကုလားအုတ်ခြင်္သေ့ ကျောက်စိမ်းပြားကို စင်ပေါ်သို့ ပြန်တင်လိုက်၏။
အာရုံစိုက်မခံရစေရန်အတွက် သူသည် ကျန်ရှိနေသော ကျောက်စိမ်းပြားကို ဆက်လက် ကိုင်ထားလိုက်သည်။
အခန်းလေးသည် အနည်းငယ် ကျဉ်းမြောင်းသော်လည်း အလွန် တိတ်ဆိတ်ငြိမ်သက်လှပေသည်။
သူသည် ထောင့်တစ်နေရာကို ရွေးချယ်ပြီး ထိုင်လိုက်လေ၏။
သူ၏ အခြေအနေမှာ မဆိုးဘူးဟု ဆိုနိုင်သော်လည်း လက်တွေ့တွင်မူ ဤအရိုးစုစီနီယာထက် အနည်းငယ်သာ ပိုကောင်းရုံသာ ရှိသည်။ သူသည် ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာသည်မှာ တစ်နှစ်ပင် မပြည့်သေးချေ။
အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသော်လည်း လေးနက်သော နားလည်သဘောပေါက်မှု ရှိသည်ဟု ဆိုရလျှင်... အောက်ခြေမှ တိုက်ခိုက်ပြီး တက်လာကြသော နတ်ဆိုးနှိမ်နင်းရေးဌာန၏ တပ်သားများနှင့် ယှဉ်လျှင် သူသည် များစွာ နောက်ကျကျန်နေသေး၏။
သို့သော် သူ၏အားသာချက်မှာ အချိန်ပင်ဖြစ်၏။ လမ်းကြောင်း ပိတ်ဆို့မနေသရွေ့ တစ်နေ့နေ့တွင် သူဖြတ်ကျော်နိုင်မည်မှာ အမှန်ပင်။
ရှန်းယီသည် သူ၏ဘောင်ကွက်ကို ကြည့်လိုက်၏။
【ကျန်ရှိသော နတ်ဆိုးသက်တမ်း - ၇၄၈၀၃ နှစ်】
ဤစီနီယာ၌သက်တမ်း နှစ်ထောင်၊ သုံးထောင်ခန့်သာ ရှိကောင်းရှိနိုင်သော်လည်း ရှန်းယီတွင်မူ ထိုပမာဏထက် အဆ ၂၀ မက များပြားသော အချိန်များ ရှိနေပေသည်။
ကျင့်စဉ်များကလည်း လက်ထဲတွင် ရှိနေပြီး အရင်းအမြစ်များအတွက်လည်း ပူပန်စရာ မလိုချေ။
အကယ်၍သာ သူ အဆင့်မတက်နိုင်သေးပါက တိုဟူးတုံးနှင့် ခေါင်းဆောင့်ပြီးသာ သေလိုက်သင့်တော့သည်။
သို့သော် ထိုမတိုင်မီ...
"အရိုးစုစီနီယာကြီး... ဒီ အာဟတ်ရွှေခန္ဓာကိုယ်ကျင့်စဉ်ရဲ့ ပထမစာကြောင်းက ဘာအဓိပ္ပာယ်လဲ"
ရှန်းယီတွင် နတ်ဆိုးသက်တမ်းများ ပေါများနေပြီ ဖြစ်သော်လည်း ဖြုန်းတီးစရာ အကြောင်းမရှိပေ။ သူ့ရှေ့တွင် အဆင်သင့် ရှိနေသော ဆရာတစ်ဆူ ရှိနေပါလျက်နှင့် သူ သေချာပေါက် အသုံးချရပေမည်။
"..."
စီနီယာအကိုကျူးသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ဤဂျူနီယာလေးက သူ့ကို နောက်ပြောင်နေခြင်း မဟုတ်ကြောင်း အတည်ပြုလိုက်၏။
သူသည် ထရပ်လိုက်ပြီး ထောင့်တစ်နေရာမှ လက်ရေးမူများ ထည့်ထားသော သေတ္တာတစ်လုံးကို ဆွဲထုတ်လိုက်ကာ တစ်ရွက်ချင်းစီ ထုတ်ယူပြီး ဖုန်မှုန့်များကို မှုတ်ထုတ်လိုက်လေသည်။
စာရွက်တိုင်းတွင် ထပ်ခါတလဲလဲ ကူးယူထားသော စာသားများ ရှိနေပြီး လက်ရေးများမှာ သေသပ်ရာမှရှုပ်ထွေးလာကာ နောက်ပိုင်းတွင် ကြက်ခြစ်ထားသကဲ့သို့ ဖြစ်လာလေ၏။
သူသည် အာဟတ်ရွှေခန္ဓာကိုယ်ကျင့်စဉ်တစ်ခုတည်းကိုပင် ဘယ်နှစ်ကြိမ် ကူးယူခဲ့မှန်း သူကိုယ်တိုင်ပင် မသိတော့ချေ။ အကယ်၍ သေတ္တာပြည့်သွားတိုင်း မီးမရှို့ပစ်ခဲ့ပါက စာရွက်များ အားလုံးပေါင်းလိုက်လျှင် ဝူသိုင်းဘုံကျောင်း တစ်ခုလုံး ပြည့်သွားလောက်ပေသည်။
လက်ရေးအထင်ရှားဆုံး တစ်ရွက်ကို ရွေးထုတ်လိုက်၏။
သူသည် ရှန်းယီ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး စာလုံးများကို တစ်လုံးချင်းစီ တိုးညှင်းသော အသံဖြင့် စတင် ရှင်းပြလေတော့သည်။
ရှန်းယီ၏ဉာဏ်ရည်မှာ သာမန်သာ ဖြစ်သော်လည်း သူ၏နတ်အာရုံ တိုးတက်လာမှုကြောင့် မှတ်ဉာဏ်စွမ်းအားမှာမူ မယုံနိုင်လောက်အောင် ကောင်းမွန်လှပေသည်။
သူသည် နားလည်အောင် ကြိုးစားနေခြင်း မဟုတ်ဘဲ အလွတ်ကျက်မှတ်နေခြင်းသာ ဖြစ်သည်။
ကျန်တာကိုတော့ ပြောင်းလဲတိုးတက်နေသော သူ့ကိုယ်သူသာ တာဝန်လွှဲရပေမည်။
"အပြင်မထွက်လာသေးဘူးလားဟ"
ယင်ဝိညာဉ်အများအပြားသည် သိုင်းကျမ်းစင်တာအတွင်း၌ ပျံ့လွင့်နေကြ၏။
ရံဖန်ရံခါတွင် သူတို့သည် ထောင့်ရှိ အခန်းလေးဆီသို့ လှမ်းကြည့်တတ်ကြသည်။
ရှန်း ဟုခေါ်သော ထို ဒု-စစ်ဆေးရေးမှူးသည် ထိုနေရာသို့ ဝင်ရောက်သွားသည်မှာ ၂ ရက်၊ ၃ ရက် ရှိနေပြီ ဖြစ်ပြီး စီနီယာအကိုကျူးသည်လည်း အထဲမှာပင် ရှိနေဆဲ ဖြစ်သည်။
"ဒါက ဘာအဓိပ္ပာယ်လဲ"
သူတို့အချင်းချင်း တီးတိုး ပြောဆိုနေကြသော်လည်း အဖြေမှာ ခန့်မှန်းရ လွယ်ကူလှပေသည်။
သူတို့ မယုံကြည်နိုင် ဖြစ်နေကြခြင်းသာ။
ထိုအခန်းကျဉ်းကျဉ်းလေးထဲတွင် ရွှေခန္ဓာကိုယ်ကျင့်စဉ်အား ကျင့်ကြံခြင်းမှလွဲ၍ အခြား ဘာလုပ်စရာ ရှိဦးမည်နည်း။
သို့သော်...
ရွှေခန္ဓာကိုယ်ကျင့်စဉ်အား ကျင့်ကြံရန် အနိမ့်ဆုံး လိုအပ်ချက်မှာ အဆင့်မြင့် သိုင်းဝိဇ္ဇာ ဖြစ်သည်။
ရှန်းယီသည် ဝူသိုင်းဘုံကျောင်း သို့ ဝင်ရောက်လာသည်မှာ တစ်လသာ ရှိသေးပြီး ထိုအထဲမှ ရက် ၂၀ ကျော်ကို စုန့်ပြည်နယ်အား စစ်ဆေးရာတွင် ကုန်ဆုံးခဲ့ခြင်း ဖြစ်သည်။
အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအားများကို ဝါးမြိုရန် သူ့မှာ ဘယ်တုန်းက အချိန်ရသွားသနည်း။
"ငါ မင်းကို တစ်ခုပြောပြမယ်..."
လူငယ်ပုံစံရှိသော ယင်ဝိညာဉ် က ရုတ်တရက် အသံကို နှိမ့်လိုက်ပြီး "တစ္ဆေအိုကြီးဝူက ရှန်းယီကို ဒီလောက်တောင် တန်ဖိုးထားတာက သူက ရွှေခန္ဓာကိုယ်ထည်အော်ရာကို ချက်ချင်း ဝါးမြိုနိုင်လို့ပဲ။ ဒီလို ခန္ဓာကိုယ်မျိုးက ယင်ဝိညာဉ် ကျင့်ကြံဖို့ အရမ်းကို သင့်တော်လွန်းတယ်"
အချိန်အကုန်ဆုံးရဆုံး ဖြစ်သည့် စုပ်ယူမှု ဖြစ်စဉ်ကို တိုက်ရိုက်ကျော်လွှားလိုက်ခြင်းပင်။
ကျန်ရှိသည်မှာ အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအားများကို အသုံးပြုပြီး တိမ်တိုက်ပုံစံများ ဖွဲ့စည်းရန်သာ ဖြစ်သည်။
ဤအရာသည် ပါရမီအပေါ်တွင်သာ မူတည်ပြီး ဉာဏ်အလင်းပွင့်ခြင်းသည် မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်နိုင်ပေ၏။
"ကျွတ်... သူ လျှောက်နေတဲ့ လမ်းက ဟိုတုန်းက စီနီယာအကိုကျူးထက်တောင် ပိုဖြောင့်ဖြူးနေပါရောလား"
အခြား ယင်ဝိညာဉ် များက ခေါင်းခါလိုက်ကြ၏၊ သူတို့သည် ချီးကျူးနေခြင်းလော သို့မဟုတ် အခြားအရာ တစ်ခုခုကို ဆိုလိုနေခြင်းလော မသဲကွဲပေ။
တစ်ချိန်တည်းမှာပင်...
အခန်းကျဉ်းလေးထဲ၌ စီနီယာအကိုကျူးသည် '
ရွှေခန္ဓာကိုယ်ကျင့်စဉ်တစ်ခုလုံးကို ရှင်းပြပြီးသွားလေပြီ။ သူသည် ရှန်းယီကို အနည်းငယ် ဇဝေဇဝါဖြင့် ကြည့်လိုက်ပြီး "ဂျူနီယာ... မင်း ဘာလို့ ဒီလောက် တိတ်ဆိတ်နေတာလဲ။ အကုန်လုံး နားလည်သွားပြီလား"
"ကျွန်တော်က အရင်ဆုံး ချရေးမှတ်သားထားပြီးမှ ဖြည်းဖြည်းချင်း ပြန်စဉ်းစားတတ်တဲ့ အကျင့်ရှိလို့ပါ"
ရှန်းယီသည် လက်သီးဆုပ် ဂါရဝပြုကာ ကျေးဇူးတင်စကား ဆိုလိုက်၏။
"မေးစရာရှိရင် စီနီယာအကိုဆီကို လာပြီး လမ်းညွှန်မှု တောင်းခံပါ့မယ်"
အကယ်၍သာ သူကိုယ်တိုင် လေ့လာရမည် ဆိုပါက ဤ ရွှေခန္ဓာကိုယ်ကျင့်စဉ်ကို နားလည်ရန် အနည်းဆုံး နတ်ဆိုးသက်တမ်း ဆယ်ဂဏန်း၊ ရာဂဏန်းမက ကုန်ဆုံးပေလိမ့်မည်... ဤထက်လည်း ပိုကောင်း ပိုနိုင်သေးသည်။
နှစ်ထောင်ပေါင်းများစွာ စုဆောင်းထားခဲ့သော အတွေ့အကြုံများအား ရက်ရောစွာလက်ဆင့်ကမ်း သင်ကြားပေးခဲ့ခြင်းပင်။
အရိုးစုစီနီယာသည် ကြည့်ရသည်မှာ ထိုင်းမှိုင်းလေးလံပုံ ရသော်လည်း လက်တွေ့တွင်မူ အမှန်တကယ်ပင် အလွန် ရက်ရောလှပေ၏။
"ကောင်းပြီ"
စီနီယာအကိုကျူးက ခေါင်းညိတ်လိုက်ပြီး အရိုးစုကို ကောက်ယူကာ ရှန်းယီ၏ ဘေးတွင် ချထားလိုက်၏။ ထို့နောက် သူ့ကို မနှောင့်ယှက်မိစေရန် အရိုးလက်မောင်းကို အနောက်သို့ အနည်းငယ် ဆွဲလိုက်ပြီး ဝင်ထိုင်လိုက်လေသည်။
ရွှေခန္ဓာကိုယ်ကျင့်စဉ်အကြောင်း ဆက်လက် ဆွေးနွေးခြင်း မပြုတော့ဘဲ သူ၏ တရားမှတ်ခြင်း အခြေအနေသို့ ပြန်လည် ဝင်ရောက်သွားလေ၏။
ရှန်းယီသည် မျက်လုံးများကို မှိတ်လိုက်ပြီး ရွှေရောင်ဝံပုလွေကျောက်စိမ်းအဆောင်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားလိုက်သည်။
မူလက ကျန်ရှိနေသေးသော ယုံကြည်မှုစွမ်းအား ဖျော့ဖျော့လေးများသည် လုံလောက်မှု မရှိဟု ခံစားခဲ့ရသော်လည်း ယခင်က ခြေဖျက်ပြီးနောက်တွင် သူ၏ ခံစားချက်များ ပြောင်းလဲသွားခဲ့လေပြီ။
ဤအရာများကို အပြည့်အဝ ခြေဖျက်နိုင်ခြင်းသည်ပင် ရွှေခန္ဓာကိုယ်ကျင့်စဉ်သို့ စတင်ခြင်းဖြစ်နိုင်ပေသည်။
သူသည် နတ်ဆိုးသက်တမ်းများကို စုစည်းလိုက်ပြီး အာဟတ်ရွှေခန္ဓာကိုယ်ကိုယ်ထည်ကျင့်စဉ် ထဲသို့ လောင်းထည့်လိုက်လေသည်။
【ပထမနှစ် - သင်သည် ဤ နတ်ဘုရားအသွင်ပြောင်းခြင်းကျင့်စဉ်ကို ဖတ်ရှုပြီး လွတ်မြောက်ခြင်း၏အဓိပ္ပာယ်ကို နားလည်လာခဲ့သည်။ အသွေးအသားများသည် တစ်နေ့တွင် ညှိုးနွမ်းသွားမည် ဖြစ်သော်လည်း ရွှေခန္ဓာကိုယ်သာလျှင် ထာဝရ တည်မြဲပေလိမ့်မည်။ သင်သည် ဤကျင့်စဉ်နှင့် ပတ်သက်၍ ထိုးထွင်းသိမြင်မှု အချို့ ရရှိခဲ့ပြီဖြစ်ရာ ယခုအခါ ဖြည်းညှင်းစွာ ခြေဖျက်ရန် လိုအပ်ပေသည်။】
ရှေးလူများ ထားရစ်ခဲ့သော အတွေ့အကြုံများသည် အလွန်ပင် တန်ဖိုးရှိလှပေသည်။
အထူးသဖြင့် တိုးတက်မှု မရှိဘဲ ခက်ခဲကြမ်းတမ်းစွာ ကျင့်ကြံနေရချိန်မျိုးတွင် လူတစ်ယောက်သည် စာလုံးတစ်လုံးချင်းစီ၏ အဓိပ္ပာယ်ကို နားလည်ရန် ဆန္ဒပြင်းပြနေတတ်သည်။
ယခုအချိန်တွင် ဤစီနီယာအကို၏ နှစ်ပေါင်းထောင်ချီ ကြိုးစားအားထုတ်မှုများကို ရှန်းယီထံသို့ လက်ဆောင်အဖြစ် ပေးအပ်လိုက်ခြင်းပင်။
ဆင်ခြင်ကောက်ချက်ချခြင်းဖြစ်စဉ်တွင် အတားအဆီးနှင့် ကြုံတွေ့ရတိုင်း...
သူသည် ရပ်တန့်လိုက်ပြီး ဘေးနားရှိ စီနီယာကို မေးမြန်းလိုက်၏။
အခြေအနေမှာ ယခင်က ကျန်းချိုလန်နှင့် ဖြစ်ပျက်ခဲ့သည်များနှင့် အနည်းငယ် တူညီမှု ရှိသော်လည်း ထိုအမျိုးသမီးနှင့် ယှဉ်လျှင် ဤအရိုးစုစီနီယာသည် ပိုမို အချိန်ပေးပြီး ပိုမို အသေးစိတ် ရှင်းပြပေးခဲ့သည်မှာ ထင်ရှားလှပေသည်။
ရှန်းယီအနေဖြင့် နားလည်လုနီးပါး အခြေအနေသို့ပင် ရောက်ရှိလာခဲ့လေ၏။
【နှစ်ပေါင်း ၃၇၇ - သင်သည် ကျင့်စဉ်တစ်ခုလုံးကို အပြည့်အဝ နားလည်သဘောပေါက်သွားပြီး ကနဦးခြေလှမ်းစတင်ရန် ကြိုးစားလိုက်သည်။ သင်သည် အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအား တစ်မျှင်ကို ဆွဲယူလိုက်ပြီး သေချာစွာ မြည်းစမ်းလိုက်လေသည်။】
ဒြပ်မဲ့နေသော အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအားများကိုဒြပ်ရှိသော ရွှေခန္ဓာကိုယ်အဖြစ် စုစည်းခြင်းပင်။
ဤဖြစ်စဉ်သည် ထိုစဉ်က ကြက်သွေးနီမျက်လုံးနတ်ဆိုးဘုရင် အသုံးပြုခဲ့သော နည်းလမ်းနှင့် အလွန် ဆင်တူလှပေသည်။
သို့သော် လက်တွေ့တွင်မူ ကြီးမားသော ကွာခြားချက် ရှိနေလေ၏။
အကြောင်းမှာ နတ်ဆိုးဘုရင်သည် သံချပ်ကာနှင့် လက်နက်များကိုသာ ဖွဲ့စည်းခဲ့သော်လည်း ရွှေခန္ဓာကိုယ်ကျင့်စဉ်သည်ကား... အနာဂတ်တွင် အသုံးပြုမည့် ခန္ဓာကိုယ်ကို ဖန်တီးခြင်း ဖြစ်ပေသည်။
ပြင်ပအရာဝတ္ထု ဖြစ်နေပါက ၎င်းတွင် ဘာတွေ ပါဝင်နေသလဲဟူသည်ကို ထည့်သွင်းစဉ်းစားရန် မလိုအပ်ပေ။
သို့သော် ရှုပ်ထွေးပွေလီသောအတွေးများ ပြည့်နှက်နေသည့် ခန္ဓာကိုယ်မျိုးတွင် မည်သည့် ယင်ဝိညာဉ် က ဝင်ရောက် နေထိုင်ရဲမည်နည်း။ ၎င်းသည် နောက်ဆုံးတွင် အတွင်းနတ်ဆိုးများ၏ နှိပ်စက်ခြင်းကို ခံရပြီး ရူးသွပ်သွားပေလိမ့်မည်။
【နှစ်ပေါင်း ၁၈၀ဝ - သင်သည် အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအား အများအပြားကို ဝါးမြိုလိုက်သည်။ သင်၏စိတ်အာရုံများသည် အလွန်အမင်း ရှုပ်ထွေးမူးဝေနေ၏။ သင်၏ မျက်နှာထားသည် တစ်ခါတစ်ရံ ရက်စက်ကြမ်းကြုတ်ပြီး တစ်ခါတစ်ရံ နူးညံ့သိမ်မွေ့နေတတ်သည်...】
ရှန်းယီသည် မျက်လုံးများကို မှိတ်ထားပြီး လေးနက်စွာ တွေးတောနေသယောင် ဟန်ဆောင်ထားလေသည်။
ရုတ်တရက် သူ၏တစ်ကိုယ်လုံး တုန်ခါသွားပြီး ယခင်ကထက် များစွာ ပိုမိုပြင်းထန်သော စိတ်ခံစားချက်များသည် သူ၏ စိတ်အာရုံထဲသို့ အတင်းအဓမ္မ တိုးဝင်လာလေ၏။
သူသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ မျက်ဝန်းထဲတွင် အနီရောင်မြူခိုးများ တက်လာလေသည်။
သတ်ဖြတ်ခြင်းဆန္ဒသည် ထူပြောလွန်းသဖြင့် ဒြပ်ထုတစ်ခုသဖွယ် ဖြစ်ပေါ်လုနီးပါး ဖြစ်နေချေပြီ။
ရှန်းယီသည် ခေါင်းကို လှည့်ကာ ဘေးနားရှိ အရိုးစုကို ကြည့်လိုက်လေ၏။
"..."