← Chapters

ဟာကွက်များဖြင့် ပြည့်နှက်နေသော ထောင်ချောက်

Vol. 24 Ch. 239

ဟာကွက်များဖြင့် ပြည့်နှက်နေသော ထောင်ချောက်

Vol. 24 Ch. 239

"ဖိတ်ခေါ်ဖို့ လွယ်ပေမဲ့ ပြန်လွှတ်ဖို့တော့ ခက်တယ်လေ။ စစ်ဆေးရေးမှူးအနေနဲ့ ဒါကို နားလည်ပေးပါ။"

သခင်မလင်းသည် သူမ၏ ဓားကို ကိုင်ထားရင်း လက်သီးဆုပ် ဂါရဝပြုလိုက်၏။

"အကယ်၍ ကျွန်မတို့ လက်နက်ဂိုဏ်းက တပည့်တွေ အသုံးဝင်မယ့် နေရာရှိရင် ပြောဖို့ ဝန်မလေးပါနဲ့။ ကျွန်မတို့ ဘယ်တော့မှ ပေါ့ဆရဲမှာ မဟုတ်ပါဘူး"

ချင်းချိုမှ ဤမြေခွေးများသည် မည်သူ့ကိုမျှ ရန်စလေ့ မရှိကြပေ။ နတ်ဆိုးတစ်ထောင်ဂူ သော်လည်းကောင်း၊ မဟာချန်မင်းဆက် သော်လည်းကောင်း မည်သူနှင့်မဆို သဟဇာတဖြစ်ပြီး တိုးတက်သော ရပ်တည်ချက်ကို ထိန်းသိမ်းထားကြလေသည်။

ထို့အပြင် သူတို့သည် လက်မှုပညာမျိုးစုံတွင်လည်း ပါဝင်ပတ်သက်ကြသည်။

လက်နက်ဂိုဏ်းက ၎င်းကို ဖိတ်ခေါ်ခဲ့စဉ်က ၎င်းသည် ဒုက္ခပေးလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့မိပေ။

ဤအချိန်အထိ သူတို့သည် ချင်ပြည်နယ်သို့ သတင်းစကား ပေးပို့ရန် လက်နက်ဂိုဏ်းအယောင် ဆောင်ခဲ့ကြလေသည်... တိကျသော အကြောင်းပြချက်ကို မသိရသော်လည်း သူတို့၌ ရည်ရွယ်ချက်ကောင်း မရှိဟု ခံစားရုံသာ ခံစားရလေသည်။

"ကျုပ် နားလည်ပါတယ်"

ရှန်းယီသည် ခေါင်းညိတ်လိုက်ပြီး တစ်ဖက်လူကို စစ်သူကြီးချုပ်၏နေအိမ်မှ ပြန်လွှတ်လိုက်လေသည်။

ဤသတင်းအချက်အလက် တစ်ခုတည်းဖြင့် ချင်းချိုမြေခွေး ဘာလုပ်ချင်သည်ကို ကောက်ချက်ချရန် ခက်ခဲလှပေသည်။

သို့သော် သူ အမှန်တကယ် ဂရုမစိုက်ပါ။

လီပြည်နယ် လက်နက်ဂိုဏ်းတွင် နတ်ဆိုးသက်တမ်း ပမာဏ များပြားစွာ ရှိကြောင်း သိရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။

စုန့်ပြည်နယ်ကဲ့သို့သော အခြေအနေမျိုးသည် အလွန် ရှားပါးလှပေသည်။

ခွန်အား အသင့်အတင့်ရှိသော ပြည်နယ်အားလုံးနီးပါးသည် သူတို့၏ နယ်မြေများကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ကြသည်။ ရှန်းယီသည် ရက်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီး နတ်ဆိုးနှိမ်နင်းရေးစစ်သူကြီး အများအပြားကိုပင် တက်ကြွစွာ ရှာဖွေ မေးမြန်းခဲ့သော်လည်း သူ လိုချင်သော သတင်းကို မရရှိခဲ့ပေ။

ကျန်းယွမ်ဟွာကဲ့သို့ နတ်ဆိုးဘုရင်များကို အမြဲတစေ စောင့်ကြည့်နေသော စစ်သူကြီးမျိုး များများစားစား မရှိကြပေ။

အလယ်အလတ်အဆင့်အထက်ရှိသော သိုင်းဝိဇ္ဇာ အများစုသည် စစ်သူကြီးချုပ်၏စံအိမ်အတွင်း၌ တပ်စွဲနေရုံဖြင့် လုံလောက်ပြီး သူတို့၏ သတ်ဖြတ်ခြင်း ဂုဏ်သတင်း တစ်ခုတည်းဖြင့်ပင် နတ်ဆိုးအားလုံးကို ဟန့်တားနိုင်လေသည်။

ဤသည်မှာ ရှန်းယီအတွက် မကောင်းပေ။

သို့သော် သူ သိပ်တော့ စိတ်မကောင်း မဖြစ်မိပါ၊ စုန့်ပြည်နယ်ကဲ့သို့သော ဝမ်းနည်းဖွယ် အခြေအနေမျိုး နည်းပါးခြင်းက ပိုကောင်းပါသည်။

"သွားကြစို့"

ရှန်းယီသည် လင်းပိုင်ဝေ့ကို ခေါ်ပြီး စစ်သူကြီးချုပ်၏နေအိမ်မှ ထွက်ခွာလာခဲ့ရာ လမ်းပေါ်တွင် ရပ်ထားသော မြင်းရထားကို တွေ့လိုက်ရလေသည်။

သူ ရပ်တန့်လိုက်ပြီး လေးနက်စွာ လက်သီးဆုပ် ဂါရဝပြုလိုက်၏။

"ရှန်းယီက စစ်သူကြီးချန်ကို ဂါရဝပြုပါတယ်"

"အောက်လက်ငယ်သား ချန်ချမ်ခွင်းက စစ်ဆေးရေးမှူးကို ဂါရဝပြုပါတယ်"

အဘိုးအိုသည် မြင်းရထားပေါ်မှ ဆင်းလာပြီး လက်သီးဆုပ် ဂါရဝပြုလိုက်သည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ ကိုယ်ပိုင်ဟန်ဖြင့် နှုတ်ဆက်လိုက်ကြလေသည်။

ဝူသိုင်းဘုံကျောင်းတွင် ရှိနေစဉ်အတွင်း ရှန်းယီ၏ နာမည်ကို အခြားသူများထံမှ မရေမတွက်နိုင်အောင် ကြားခဲ့ရသဖြင့် သူသည် များစွာ စိတ်လှုပ်ရှားခဲ့ရသည်။

ယခုအခါ ဤလူငယ်သည် ဝူသိုင်းဘုံကျောင်း အစောင့်အရှောက်ဝတ်ရုံစိမ်းကို ဝတ်ဆင်ထားသော်လည်း နှိမ့်ချခြင်း မရှိသလို မာနကြီးခြင်းလည်း မရှိပေ။ ချန်ချမ်ခွင်းသည် သူနှင့် ရင်းနှီးသော မျက်နှာထားကို ကြည့်လိုက်ပြီး ချင်းဖုန်းတောင်တန်းသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

နှစ်ဦးသား အချင်းချင်း ပြုံးပြလိုက်ကြပြီး ခေါင်းခါလိုက်ကြကာ ဤဟန်ဆောင်မှုများကို ဖယ်ရှားလိုက်ကြလေသည်။

"ခင်ဗျား ဘာလို့ ဝင်းထဲမှာ မနေတာလဲ"

ရှန်းယီသည် သန့်စင်ခြင်း အချိန်ကို တွက်ချက်ကြည့်လိုက်ရာ အနည်းဆုံး ၂ ရက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တစ်ဖက်လူသည် မြင်းရထားပေါ်တွင် တောက်လျှောက် နေထိုင်ခဲ့ပုံရသည်။

"ငါ မင်းကို စောင့်နေတာ"

ချန်ချမ်ခွင်းသည် လင်းပိုင်ဝေ့ကို တစ်ချက် ကြည့်လိုက်ပြီး ထွက်သွားရန် လက်ပြလိုက်လေသည်။

မိန်းကလေးသည် စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်သော်လည်း နာခံစွာပင် အဝေးသို့ လျှောက်သွားလိုက်၏။

သူတို့နှစ်ဦးတည်း ကျန်ရှိသောအခါ...

ချန်ချမ်ခွင်း၏ မျက်မှောင်များ ချက်ချင်း ကြုတ်သွားပြီး မျက်နှာထား လေးနက်သွားလေသည်။

"တကယ်တော့ စစ်သူကြီးယိုက ဒီအဘိုးကြီးကို မင်းနဲ့ ကျန်းယွမ်ဟွာဆီ လွှတ်လိုက်တာ၊ လီပြည်နယ် လက်နက်ဂိုဏ်းနဲ့ ပတ်သက်တဲ့ သတင်း တစ်ခုခု ရထားသလားလို့ မေးခိုင်းလိုက်တာ။ သူတို့ ရုတ်တရက် လူတစ်ယောက် လွှတ်လိုက်ပြီး စာတစ်စောင် ပေးလိုက်တယ်..."

"အဲဒီမှာ ပြောထားတာက ငွေလရောင်ကြာပန်းဖြူ တွေ့ထားတယ် တဲ့"

အဘိုးအို၏ မျက်ဝန်းထဲတွင် ဇဝေဇဝါ ဖြစ်မှုများ ပေါ်လာလေသည်။

"ဒီအဘိုးကြီးက ဒါ ဘာလဲဆိုတာ မသိပေမဲ့ ဟွမ်ယွမ်အဆင့်တွေ လိုအပ်တဲ့ ရတနာတစ်ခုလို့ ကြားဖူးတယ်၊ အထူးသဖြင့် အအေးဓာတ်စွမ်းအင်နဲ့ သူတို့ရဲ့တာအိုကလေးငယ်ကို စုစည်းထားတဲ့ အရှင်သခင်တွေ အကြိုက်ဆုံးပဲ တဲ့"

"..."

ရှန်းယီက မျက်ခုံးပင့်လိုက်၏။ "ခင်ဗျား တစ်ခုခု မှားနေတာကို သတိထားမိမှာပေါ့၊ ဟုတ်တယ်မလား"

ဟွမ်ယွမ်အဆင့် အရှင်သခင်၊ အစွန်းရောက် အေးစိမ့်ခြင်း တာအိုကလေးငယ်... ဤအရာက ကျန်းချိုလန်အတွက် ပြင်ဆင်ထားသည်ဟု တိုက်ရိုက် ပြောလိုက်သည်နှင့် အတူတူပင်မဟုတ်ပါလား။

ပြဿနာမှာ... သူမ ဟွမ်ယွမ်အဆင့်အား ချိုးဖောက်ဝင်ကြောင်းအား မည်သူက သိနေသနည်း။

"ငါတို့ သတိထားမိတယ်"

ချန်ချမ်ခွင်းက ခေါင်းညိတ်လိုက်၏။

"ဒါပေမဲ့ သူ သွားခဲ့တုန်းပဲ။ မင်းသိတဲ့အတိုင်း ချင်ပြည်နယ် တစ်ခုလုံးမှာ မင်းကလွဲရင် ဘယ်သူက သူ့ကို ထိန်းချုပ်နိုင်မှာလဲ"

သူ သက်ပြင်းချလိုက်၏။

"အဲဒီကောင်လေး ယိုလုံထောင်က အစ်ကိုကြီးတစ်ယောက်ရဲ့ အာဏာ လုံးဝ မရှိပါဘူးကွာ"

"ကောင်းပြီ၊ ခင်ဗျားတို့နှစ်ယောက် အရင် အနားယူလိုက်ကြဦး" ရှန်းယီ၏ မျက်နှာထားသည် ပြောင်းလဲခြင်း မရှိပေ။

ချန်ချမ်ခွင်းကမူ ဘာမှ ဆက်မပြောတော့ဘဲ သူ၏ တင်းမာနေသော စိတ်နှလုံးသည်လည်း များစွာ လျော့ကျသွားလေသည်။

သူ့ရှေ့မှ လူငယ်သည် လူများကို ဖော်ပြ၍ မရနိုင်သော ယုံကြည်မှုမျိုး အမြဲ ပေးစွမ်းနိုင်လေသည်။

ရှန်းယီသည် သူတို့နှစ်ဦးကို နှုတ်ဆက်လိုက်ပြီးနောက် ဝူသိုင်းဘုံကျောင်း၏ ဝင်း (ခ) ဘက်သို့ လျှောက်သွားလိုက်လေသည်။

စစ်သူကြီးချန်နှင့် သခင်မလင်းတို့ ပြောနေသည်မှာ အတူတူပင် ဖြစ်ကြောင်း ထင်ရှားနေပြီ ဖြစ်သည်။

အတူတူ ဖြေရှင်းလိုက်သည်က ပိုကောင်းပါလိမ့်မည်။

ငွေလရောင်ကြာပန်းဖြူ.. ဤအရာဘာလဲဆိုတာ ရှန်းယီ အကြမ်းဖျင်း ခန့်မှန်းမိလိုက်ပြီ။

လွန်ခဲ့သော အကြိမ်က စစ်သူကြီးကျန်း ပြောခဲ့ဖူးသည်မှာ ရွှမ်ကွမ်းဂူမှ အစစ်အမှန်ပုဂ္ဂိုလ် တစ်ဦးသည် သူ၏တာအိုကလေးငယ် နှလုံးသားကို ဖြည့်ဆည်းရန်နှင့် ဟွမ်ယွမ် အလယ်အဆင့်သို့ ဝင်ရောက်ရန်အတွက် နက်နဲသိမ့်မွေ့သောရတနာပုံဆောင်ခဲကျောက်စွမ်းသစ်သီးတစ်လုံးကို ဝူသိုင်းဘုံကျောင်း ဘိုးဘေးနှင့် လဲလှယ်ခဲ့သည် ဟူ၏။

အေးစိမ့်စွမ်းအင်ဖြင့် သူမ၏တာအိုကလေးငယ်ကို စုစည်းသော ကျန်းချိုလန်သည် ထိုကဲ့သို့သော သတင်းကို ကြားလိုက်ရသောအခါ သေချာပေါက် သွားရောက် စစ်ဆေးချင်မည်မှာ အမှန်ပင်။

ငါ့ရဲ့ ကောင်းကင်ဘုံဝါးမြို နတ်ဆိုးကလေးငယ် မှာကော အအေးဓာတ် ပါသလား မသိဘူး။

ယခု သူ၏ယင်ဝိညာဉ် သည် အဆင့်တက်သွားပြီ ဖြစ်ရာ...

ရှန်းယီသည် သူ၏ချီပင်လယ်ထဲရှိ ကြက်သွေးရောင် တာအိုကလေးငယ်ကို ကြည့်လိုက်၏။ ကိုယ့်အတွက် အရင်းအမြစ် ရှာဖို့ အချိန်တန်ပြီ။

သတင်းက အမှား ဖြစ်နေရင်တောင် သွားကြည့်ရတာ တန်ပါတယ်။

ထို့အပြင် သူသည် ဟွမ်ယွမ်သိုင်းပညာ အမျိုးမျိုးကို ရရှိထားပြီး ဖြစ်ရာ စနစ်ကို ဖြည့်စွက်ရန်အတွက် ပိုမို ဉာဏ်ကောင်းသော နတ်ဆိုးတစ်ကောင်ကို ရှာဖွေသင့်ပေသည်။

သူ ဝင်း (ခ) သို့ ဝင်ရောက်လိုက်၏။

ညဉ့်နက်နေပြီ ဖြစ်သော်လည်း လင်းဇနီးမောင်နှံသည် အခန်းသို့ မပြန်ဘဲ ဝင်းထဲတွင် စောင့်ဆိုင်းနေကြလေသည်။

"စစ်ဆေးရေးမှူး"

သူတို့နှစ်ဦး ထရပ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။

"ကျွန်တော်နဲ့အတူ လိုက်ခဲ့ဖို့ ခင်ဗျားတို့နှစ်ယောက်ကို ဒုက္ခပေးရတော့မယ်" ရှန်းယီသည် လီပြည်နယ် လက်နက်ဂိုဏ်း မည်သည့်နေရာတွင် ရှိသည်ကို မသိသောကြောင့် လမ်းပြမည့်သူ လိုအပ်နေသည်။

"ကျွန်တော်တို့ အဆင်သင့် ပြင်ထားပြီးပါပြီ"

ဇနီးမောင်နှံနှစ်ဦးသည် သူတို့လက်ထဲမှ ဓားရှည်များကို အနည်းငယ် မြှောက်ပြလိုက်၏။ သခင်ကြီးရှန်း၏ စရိုက်ကို ကြားဖူးထားသောကြောင့် သူတို့ ကြိုတင် မျှော်လင့်ထားပြီး ဖြစ်သည်။

"မြင်း လိုသလား" ရှန်းယီက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ဇနီးမောင်နှံနှစ်ဦး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး ရယ်မောလိုက်ကြသည်။

"သခင်ကြီးရှန်း အတွေးလွန်နေပါပြီ။ ကျွန်တော်တို့က လက်နက်ဂိုဏ်းကလေ"

သူတို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဦးစီက အဖြူရောင်တိမ်တိုက် တစ်ခုစီ ထုတ်ယူလိုက်ကြသည်။

"သခင်ကြီးရှန်း... ကျေးဇူးပြုပြီး ကျွန်တော့်ဟာကို အရင် သုံးလိုက်ပါ။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက အတူတူ စီးလို့ရပါတယ်"

လင်းချင်းယန်က ပြုံးလိုက်ပြီး အခြားကိစ္စများတွင် သူတို့ လက်နက်ဂိုဏ်း မသန်မာကောင်း မသန်မာနိုင်သော်လည်း ရတနာပစ္စည်းများနှင့် ပတ်သက်လာလျှင် သိုင်းဘဏ္ဍာတိုက်ပင်လျှင် သူတို့လောက် အရင်းအမြစ် ကြွယ်ဝချင်မှ ကြွယ်ဝလိမ့်မည်ဟု ဆိုလိုက်လေသည်။

ဤအဖြူရောင်တိမ်တိုက် ၂ ခုစလုံးသည် အဆင့်မြင့် ရတနာပစ္စည်းများ ဖြစ်ပြီး မဟာချန်မင်းဆက် တစ်ခုလုံးတွင် အဖိုးတန်ဆုံး ပစ္စည်းများထဲ၌ ပါဝင်လေသည်။

"မလိုပါဘူး၊ ကျွန်တော့်မှာ ကိုယ်ပိုင် ရှိပါတယ်"

ရှန်းယီသည် ခြေထောက်အောက်တွင် အနီရောင် နတ်ဆိုးတိမ်တိုက် တစ်ခုကို စုစည်းလိုက်ရာ ကြက်သွေးရောင် အော်ရာတစ်ခု ဝင်းထဲသို့ လွှမ်းခြုံသွားလေ၏။

သူ့ရှေ့တွင်မူ အဖြူရောင်တိမ်တိုက် ၂ ခုသည် ဝါဂွမ်းကဲ့သို့ အန္တရာယ်ကင်းသော ပုံစံဖြင့် ရှိနေကြ၏။

"..."

လင်းချင်းယန်သည် သခင်ကြီးရှန်း ကောင်းကင်ပေါ်သို့ ချက်ချင်း ပျံတက်သွားသည်ကို ကြည့်ပြီး ခေတ္တမျှ မှင်သက်သွားလေသည်။

ရှင်းရှင်းလင်းလင်း ပြောရလျှင် တစ်ဖက်လူ စီးနင်းသွားသော ရတနာပစ္စည်းသည် လက်နက်ဂိုဏ်းမှ မဟုတ်ပေ... ကြည့်လေလေ နတ်ဆိုးတစ်ထောင်ဂူမှ အရာတစ်ခုနှင့် တူလေလေပင်။

"နတ်ဆိုးတွေကို သတ်ဖြတ်ရာကနေ ရထားတဲ့ ပစ္စည်း ဖြစ်မှာပါ"

သခင်မလင်းသည် သူမ၏ တိမ်တိုက်ကို စီးနင်းကာ လိုက်ပါသွားရင်း မေးခွန်းထပ်မမေးရန် သူမ၏ ခင်ပွန်းကို အကြည့်ဖြင့် သတိပေးလိုက်လေ၏။

ဤလောက် ကောင်းမွန်သောပစ္စည်းမျိုးက နတ်ဆိုးတစ်ထောင်ဂူအတွင်းမှာပင် မည်သူမဆိုပိုင်ဆိုင်နိုင်သည့် အရာမျိုးမဟုတ်ပေ။

လင်းချင်းယန်က သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး သူတို့ ၃ ဦးသည် ညအမှောင်ထဲသို့ ပျောက်ကွယ်သွားကြလေတော့သည်... သိုင်းဘဏ္ဍာတိုက်၏အခန်းကျဉ်းလေးထဲတွင်

ဝူတောက်အန်းသည် ထောင့်တစ်နေရာတွင် ထိုင်လျက် နံရံကို မျက်နှာမူကာ တွေးတောနေသော စီနီယာအကိုကျူးကို ကြည့်နေလေ၏။

"နေကောင်းရဲ့လား"

"သွား... စမ်း... ပါ"

ကျူးကျွယ်သည် တိတ်ဆိတ်စွာ လှည့်လိုက်ပြီး အခြားနံရံတစ်ခုကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြန်သည်။

"ငါက ဂျူနီယာညီလေးရှန်းရဲ့တိုးတက်မှု အခြေအနေကို မေးချင်ရုံပါ"

ဝူတောက်အန်းသည် မျက်နှာကို ထပ်မံ၍ အနီးကပ် တိုးကပ်လိုက်ပြန်သည်။

ထိုစကားကို ကြားသောအခါ ကျူးကျွယ်သည် ရန်စခံလိုက်ရသကဲ့သို့ သူ့ကို စိုက်ကြည့်လိုက်ပြီး အရိုးစုကို ကောက်ယူကာ အခန်းငယ်ထဲမှ ထွက်ခွာသွားလေ၏။

"သူ ဘာဖြစ်နေတာလဲ"

ဝူတောက်အန်းသည် ဇဝေဇဝါဖြင့် မတ်တတ်ရပ်လိုက်၏။

မေးလို့တောင် မရဘူးလား။

ထို့အပြင် စီနီယာအကိုကျူးသည် စကားပြောရာတွင် ထစ်ငေါ့နေဆဲ ဖြစ်သော်လည်း ယခင်ကနှင့် မတူတော့ချေ။ ယခင်က အဓိပ္ပာယ်မရှိဘဲ ငေးငိုင်နေတတ်သော်လည်း ယခုအခါ စိတ်ခံစားချက် တစ်ခုခုတွင် နစ်မြုပ်နေပုံရသည်။

သူ၏စိတ်တိုဒေါသထွက်မှုသည်လည်း ပိုမို ဆိုးရွားလာလေသည်။

"မင်း မရှိလည်း ငါ အသားစားလို့ ရပါသေးတယ်ကွာ ဂျူနီယာရှန်းကို သွားမေးလိုက်မယ်"

ဝူတောက်အန်းသည် ထပ်ခိုးထဲမှ ထွက်လာခဲ့သည်။

လုံလောက်သော အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအား ရှိပါက ရှန်းယီ မည်သည့် အတိုင်းအတာအထိ ရောက်ရှိနိုင်မည်ကို သူ အလွန် သိချင်နေမိသည်။

ဤအချက်ကို တွေးမိသောအခါ အဘိုးအိုသည် ဝင်း (က) ဘက်သို့ အလျင်အမြန် လျှောက်သွားလိုက်လေ၏။

ပိတ်ထားသော တံခါးကို ကြည့်လိုက်၏။

သူ စိတ်သက်သာရာ ရသွားသည့် ပုံစံဖြင့်

"ဂျူနီယာညီလေးရှန်း အိပ်နေပြီလား။ ငါ မင်းကို လာတွေ့တာ"

"ဂျူနီယာညီလေးရှန်း"

"နီဟောင်."

All Chapters