← Chapters

လင်းပိုင်ဝေ့ ဗဟိုမြို့တော်သို့ ဝင်ရောက်ခြင်း

Vol. 24 Ch. 238

လင်းပိုင်ဝေ့ ဗဟိုမြို့တော်သို့ ဝင်ရောက်ခြင်း

Vol. 24 Ch. 238

နတ်ဆိုးနှိမ်နင်းရေးစစ်သူကြီး တစ်ဦးသည် နတ်ဆိုးဖမ်းစီးရေးဌာန ရုံးချုပ်သို့ တကယ်ပဲ ရောက်ရှိလာခဲ့လေသည်။

ထို့ထက်ပို၍ အံ့သြစရာကောင်းသည်မှာ မျက်နှာပြာခြင်္သေ့ကြီး၏ သွေးအဆီအနှစ် အော်ရာပင်။

"ချင်ပြည်နယ်က နောက်ထပ် အမြုတေစွမ်းအင်စုစည်းခြင်းအဆင့် နတ်ဆိုးသခင် တစ်ကောင်လား"

"နောက်ထပ် ကျောက်စိမ်းအဆင့် သိုင်းသမားတစ်ယောက်လား"

"မဟုတ်ဘူး... ဒီ ငွေရောင်ခေါင်းလောင်း နတ်ဆိုးဖမ်းစီးသူကလည်း ရှန်းယီ လို့ နာမည်ရတာလား"

ရုံးချုပ်အတွင်းရှိ ရုံးလုပ်ငန်းတာဝန်ခံ အမျိုးသမီးသည် နားထောင်ရင်းနှင့် ထိုအကြောင်းအရာက အလွန်ရင်းနှီးနေသည်ဟု ခံစားလာရသဖြင့် တိုက်ရိုက်သာ မေးလိုက်တော့၏။

ချန်ချမ်ခွင်း သည် ချောင်းနှစ်ချက်ဟန့်လိုက်မိသည်။ ရှန်းယီသည် ဗဟိုမြို့တော်တွင်ပင် ဤမျှ ကျော်ကြားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူ ချင်ပြည်နယ်မှ ထွက်ခွာလာခဲ့သည်မှာ နှစ်လသာ ရှိသေးသော်လည်း နတ်ဆိုးဖမ်းစီးရေးဌာန ရုံးချုပ်ကပင် သူ့နာမည်ကို ပေါ့ပေါ့ပါးပါး ပြောဆိုနေကြလေပြီ။

ထိုအမျိုးသမီးသည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။

"စောင့်နေစရာ မလိုပါဘူး... တိုက်ရိုက်သာ ဝင်သွားလိုက်ပါ"

"ဟင်..."

ထိုစကားကို ကြားသောအခါ ချန်ချမ်ခွင်း သည် ကြောင်တောင်တောင်ဖြင့် ရုံးခန်းထဲမှ ထွက်လာခဲ့လေ၏။

ချင်ပြည်နယ်က ဝူသိုင်းဘုံကျောင်းအပေါ် ဘယ်အချိန်တုန်းက ဒီလောက် လွှမ်းမိုးမှု ရှိသွားရတာလဲ။

သူသည် အချိန်အကြာကြီး စောင့်ဆိုင်းနေကြသော လုပ်ဖော်ကိုင်ဖက်များကို တောင်းပန်သည့်အနေဖြင့် အနည်းငယ် ဦးညွှတ်လိုက်သည်။

သို့သော် ထိုသူအားလုံးသည် သူ့ကို ပြုံးရွှင်စွာ ပြန်လည် ဦးညွှတ်ကြပြီး မကျေနပ်သည့် အရိပ်အယောင် လုံးဝ မပြကြပေ။

စုန့်ပြည်နယ်မှ ဖြစ်ရပ်များ ပျံ့နှံ့သွားပြီးနောက်ပိုင်းတွင်...

ပြည်နယ်တိုင်းမှ လူများသည် မိမိတို့ဒေသတွင်လည်း ရုတ်တရက် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြပြီး ထိုအချိန်ကျလျှင် ထိုစစ်ဆေးရေးမှူးကိုသာ အားကိုးရပေလိမ့်မည်။

ထိုအချက်နှင့် ယှဉ်လိုက်လျှင် တန်းစီဖြတ်ခြင်းလောက်က ဘာပြောစရာ ရှိတော့မည်နည်း။

"ထူးဆန်းလိုက်တာ"

စစ်သူကြီးအိုကြီးသည် အဖြစ်အပျက်ကို ကောင်းကောင်း နားမလည်နိုင်သော်လည်း မြင်းရထားဆီသို့ ပြန်သွားပြီး လင်းပိုင်ဝေ့ ကို ထိုသတင်း ပြောပြလိုက်လေ၏။

"ဒါဆို သမီး သွားတော့မယ်..."

လင်းပိုင်ဝေ့ သည် စိတ်ဓာတ်ကျနေပုံ ရသည်။

ချန်ချမ်ခွင်း သည် မသိစိတ်မှ လှည့်ကြည့်လိုက်ရာ စောစောက လူနှစ်ယောက် ထွက်ခွာသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

"ကိစ္စမရှိပါဘူး၊ သမီး အရင်ဆုံး သန့်စင်ခြင်း သွားလုပ်လိုက်ပါ။ ပြီးမှ အဘိုး သမီးကို သူ့ဆီ ခေါ်သွားပေးမယ်"

"သမီး မသွားချင်ဘူး"

လင်းပိုင်ဝေ့ သည် ပုံမှန်အတိုင်း ဖြစ်နေဟန်ဆောင်ရန် ကြိုးစားရင်း မျက်နှာကို ပွတ်သပ်လိုက်ကာ ပင်မခန်းမကြီးထဲသို့ စိတ်ပျက်လက်ပျက် လျှောက်သွားလိုက်လေ၏။

ယခုအချိန်တွင် သူမ လိုချင်သည်မှာ ချင်ပြည်နယ်သို့ ပြန်ရန်သာ ဖြစ်သည်။

တောက်ပနေသော ရွှေခန္ဓာကိုယ် ဆယ့်သုံးဆူကို ကြည့်ရင်း လင်းပိုင်ဝေ့ သည် ခေါင်းငုံ့ကာ ပုံမှန်အတိုင်း ဖူခုံတစ်ခုပေါ်တွင် ထိုင်လိုက်ပြီး အတွေးများ လွင့်မျောနေမိ၏။

အခုတော့ အဲ့လူက မရှိတော့ဘူး၊ သူမအတွက် ချန်ထားခဲ့တဲ့ သက်စောင့်စွမ်းအင်တွေလည်း ကုန်သွားပြီ၊ သူ့ရဲ့အရိပ်အယောင်လေးတောင် မကျန်တော့ဘူးပဲ။

ထူထပ်သော အဖြူရောင် မြူခိုးများသည် ခန်းမဝင်ပေါက်ကို ပိတ်ဆို့ထားလိုက်လေ၏။

"ငေးမနေနဲ့... အာရုံစိုက်ထား"

သွယ်လျပြီးဖြူဝင်းသော လက်တစ်ဖက်သည် သူမ၏ခေါင်းကို ပေါ့ပေါ့ပါးပါး ပွတ်သပ်လိုက်ပြီး သူမ ရင်းနှီးနေသော တည်ငြိမ်နူးညံ့သည့် အသံတစ်ခုသည် သူမ၏ နောက်ကျောဘက်မှ ထွက်ပေါ်လာလေ၏။

လင်းပိုင်ဝေ့ သည် အနည်းငယ် တုန်လှုပ်သွားပြီး အံ့သြတကြီး လှည့်ကြည့်လိုက်မိသည်။

ချောမောခန့်ညားသော လူငယ်သည် လက်ကို ပြန်ရုပ်သိမ်းကာ မတ်မတ်ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူ၏ ကြည်လင်နက်မှောင်သော မျက်လုံးများသည် သူမကို တိတ်ဆိတ်စွာ ကြည့်နေပြီး ပိုးသားအပြာနုရောင်ဝတ်ရုံသည် လေထဲတွင် တလွင့်လွင့် ဖြစ်နေကာ သူ၏ အရပ်ရှည်ပြီး ဖြောင့်မတ်သော ခန္ဓာကိုယ်ကို ပိုမို ပေါ်လွင်စေလေသည်။

လင်းပိုင်ဝေ့၏ ပါးပြင်များသည် ချက်ချင်းပင် နီရဲသွားလေ၏။

သူမသည် ရှန်းယီကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ဘဲ ကြိုတင်ပြင်ဆင်မှု မရှိသည့်အတွက် အလွန်အမင်း အံ့အားသင့်သွားရသည်။

"ဟင်း..."

ကျန်ရှိနေသော ဘုံကျောင်းအစောင့်အရှောက် သုံးဦးသည် ထိုမိန်းကလေးကို စိတ်ဝင်တစား ကြည့်နေကြ၏။ သူမသည် ဂျူနီယာညီလေးရှန်း နှင့် အတော်လေး ရင်းနှီးပုံရသည်။

"ရှင်... ရှင် ဘာလို့ ဒီရောက်နေတာလဲ"

လင်းပိုင်ဝေ့၏ အသံသည် ခြင်ကိုက်သံလောက်သာ တိုးညှင်းနေ၏။ သူမသည် ဘုံကျောင်းအစောင့်အရှောက်များဘက်သို့ လှည့်ကြည့်လိုက်သည်။

"သမီး..."

"ရပါတယ်၊ ဖြည်းဖြည်းပေါ့... ငါတို့ အလျင်မလိုပါဘူး"

ဘုံကျောင်းအစောင့်အရှောက်များသည် အတင်းပြုံးလိုက်ကြပြီး အလွန် စိတ်ရှည်သည်းခံနေပုံ ရပေသည်။

လွန်ခဲ့သော အချိန်က လင်းပိုင်ဝေ့ ဝူသိုင်းဘုံကျောင်း သို့ သန့်စင်ခြင်းလာလုပ်တုန်းက ဤလူများကို တွေ့ခဲ့ဖူးသည်။ ရုပ်အဆိုးဆုံး အဘိုးကြီးမှလွဲ၍ ကျန်လူများအားလုံးသည် အေးစက်သော မျက်နှာထားများ ရှိခဲ့ကြပြီး ယခုကဲ့သို့ ဖော်ရွေသော အမူအရာမျိုး လုံးဝ မရှိခဲ့ကြပေ။

နေပါဦး

ရှန်းယီ ဝတ်ဆင်ထားသော အပြာနုရောင်ဝတ်ရုံကို ဘာကြောင့် ရင်းနှီးနေရသလဲ ဆိုတာ သူမ နောက်ဆုံးတော့ သတိရသွားပြီ။

ဤဝတ်စုံသည် အခြားနေရာများတွင် သာမန်ကာလျှံကာ ဖြစ်နိုင်သော်လည်း...

ဝူသိုင်းဘုံကျောင်း အတွင်းတွင်မူ အပြာနုရောင်ဝတ်ရုံကို ဝတ်ဆင်ထားခြင်းသည် ထိုသူက ဝူသိုင်းဘုံကျောင်းကို ကွပ်ကဲအုပ်ချုပ်သော ဘုံကျောင်းအစောင့်အရှောက်တစ်ဦး ဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။

ဖြောင်း...

ရှန်းယီ လက်ထဲမှ ရွှေရောင်စာလိပ်ဖြင့် သူမ၏ ခေါင်းကို ခေါက်လိုက်လေသည်။

"အာရုံစိုက်လေ"

အခွင့်အရေး ရတုန်း အမြုတေဖြစ်တည်ခြင်းအဆင့် သို့ အမြန်ဆုံး ချိုးဖျက်မဝင်ရောက်ဘဲ ဒီမှာ ဘာတွေ တွေးနေတာလဲ။

"အော်..."

လင်းပိုင်ဝေ့ သည် လိမ္မာစွာ မျက်လုံးမှိတ်လိုက်လေ၏။

ရှန်းယီ သည် ပေါ့ပေါ့ပါးပါး လက်သင်္ကေတ ပြုလုပ်လိုက်၏။ မည်သို့ပင်ဖြစ်စေ သူသည် ဘုံကျောင်းအစောင့်အရှောက်ဖြစ်လာသည်မှာ ရက်အတော်ကြာပြီ ဖြစ်၍ ယခုလောက်တော့ သင်ယူတတ်မြောက်ထားပေသည်။

သူ၏ လှုပ်ရှားမှုနှင့်အတူ ယဇ်ပလ္လင်ပေါ်ရှိ အိုမင်းရင့်ရော်နေသော ဝူသိုင်းဘုံကျောင်း ဘိုးဘေးကြီးသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေ၏။

မကြာမီတွင် ရွှေရောင်အလင်းတန်း တစ်ခုသည် ဓမ္မကိုယ်ထည်တစ်ခုမှ ကျဆင်းလာပြီး လင်းပိုင်ဝေ့အပေါ်သို့ ကျရောက်လာလေ၏။

အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။

နောက်ဆုံးတွင် ရာခိုင်နှုန်းငါးဆယ် ပိုမိုများပြားသော ပမာဏ လျှံထွက်လာပြီး ရွှေကိုယ်ခန္ဓာဆီသို့ ပြန်သွားလေသည်။

ဘုံကျောင်းအစောင့်အရှောက် သုံးဦးသည် ခေါင်းအနည်းငယ် ညိတ်လိုက်ကြ၏။ မွန်းစတားလိုကောင်များကို ဖယ်ထုတ်ထားလိုက်လျှင် ဤအဆင့် ပါရမီသည် အလွန်ကောင်းမွန်သည်ဟု ပြောနိုင်ပေသည်။

မျက်နှာပြာခြင်္သေ့တစ်ကောင်မှ သန့်စင်ခြင်း ရှစ်ကြိမ် ရရှိခဲ့လေ၏။

ရှန်းယီ သည် စိတ်မလောပေ။ သူသည် ရံဖန်ရံခါ လက်သင်္ကေတများ ပြုလုပ်သော်လည်း ဝူသိုင်းဘုံကျောင်း ဘိုးဘေးကြီးအပေါ်တွင်သာ ပိုမို အာရုံစိုက်ထားလေသည်။

တူညီသော ရွှေခန္ဓာကိုယ်ကျင့်စဉ် ဖြစ်သော်လည်း ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ကြက်သွေးရောင် အစင်းရာများ မရှိချေ။

၎င်းမှာ ဖိနှိပ်ထားသော အရာဝတ္ထု မတူညီခြင်းကြောင့် ဖြစ်တန်ရာ၏။

သူသည် နတ်ဆိုးဝိညာဉ်အတွင်းရှိ အတွေးစွာကို ဖိနှိပ်ထားသောကြောင့် သဘာဝကျကျပင် နတ်ဆိုးအော်ရာ အချို့ စွန်းထင်းနေမည်။

နေ့နှင့်ည အလီလီ ပြောင်းလဲသွား၏။

သန့်စင်ခြင်း ရှစ်ကြိမ်မှာ နောက်ဆုံးတွင် ပြီးဆုံးသွားလေပြီ။

ရှန်းယီ သည် အမြုတေပြီးပြည့်စုံခြင်းအဆင့် သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် လင်းပိုင်ဝေ ၏ အော်ရာကို ခံစားလိုက်မိသည်။ သူ ခေါင်းခါလိုက်ပြီး လက်ကိုမြှောက်ကာ လက်သင်္ကေတပြုလုပ်၍ အိပ်ပျော်ကာစ ဝူသိုင်းဘုံကျောင်း ဘိုးဘေးကြီးကို နောက်တစ်ကြိမ် နှိုးလိုက်ပြန်လေသည်။

ကိုးကြိမ်မြောက် ရွှေရောင်အလင်းတန်းသည် ချက်ချင်းပင် သက်ဆင်းလာလေ၏။

လင်းပိုင်ဝေ့ သည် အံ့သြတကြီး မျက်လုံးဖွင့်လိုက်ပြီး စိုးရိမ်စိတ်ဖြင့် ခေါင်းကို ညင်သာစွာ ခါလိုက်လေသည်။

သူမသည် ရှန်းယီ အနေဖြင့် ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး မသင့်လျော်သည်များကို လုပ်ဆောင်မည်ကို မလိုလားပေ။

"နင့်ရဲ့ အမြုတေကို စုစည်းလိုက်"

ရှန်းယီ သူမကို တစ်ချက်ကြည့်လိုက်၏။

သူ လင်းမိသားစုထံမှ ငွေစအချို့ ပြန်ယူလာတုန်းကလည်း ဤအမျိုးသမီးက သူ အိမ်နီးချင်းများကို ဓားပြတိုက်လာသည်ဟု သံသယဝင်ခဲ့သေးသည်။

ယခုလည်း သံသယဝင်နေပြန်ပြီ။ သူ၏ပုံရိပ်မှာ ထိုမျှထိပင် ဆိုးဝါးနေ၍လော။

အခြားသော ဘုံကျောင်းအစောင့်အရှောက်များ ပြုံးပြီး ခေါင်းခါလိုက်ကြသည်။

ဂျူနီယာညီလေးရှန်း မှာ ပြီးခဲ့တဲ့အကြိမ်က သန့်စင်ခြင်း အခွင့်အရေး တစ်ကြိမ် ကျန်နေသေးတာကို ထည့်မပြောနဲ့ဦး... တကယ်လို့ မကျန်ဘူးဆိုရင်တောင်... ရွှေရောင်စာလိပ်က သူ့ကို ပေးထားပြီးသားပဲ၊ ဒီလောက်လေးက ဘာပြောစရာ ရှိလို့လဲ...

ဝူသိုင်းဘုံကျောင်း ဝင်ပေါက်ရှိ အဖြူရောင် မြူခိုးများ ကွဲပြယ်သွားလေသည်။

ဝတ်ရုံရှည် ဝတ်ဆင်ထားသော လူငယ်သည် လမ်းလျှောက်ထွက်လာပြီး သူ့နောက်တွင် လိမ္မာရေးခြားရှိသော မိန်းကလေးတစ်ဦး လိုက်ပါလာလေ၏။

"နင် တစ်ယောက်တည်း လာတာလား"

"စစ်သူကြီးအိုကြီး ချန် လည်း ပါပါတယ်"

ထိုစကားကို ကြားသောအခါ ရှန်းယီ ခေါင်းညိတ်လိုက်ပြီး လင်းပိုင်ဝေ့ ကို ကပ်လျက်ရှိ နတ်ဆိုးနှိမ်နင်းရေးဌာန ရုံးချုပ်သို့ ဦးစွာ ခေါ်သွားလိုက်သည်။

သူသည် ဓားကိုင်ဆောင်ထားသော အမျိုးသမီး စောင့်ဆိုင်းနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရ၏။

ရှန်းယီ ယဉ်ကျေးစွာ လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

"သခင်မလင်း... အကြာကြီး စောင့်လိုက်ရပြီ"

စောစောက သူသည် ဝင်း (ခ) တွင် လီပြည်နယ် လက်နက်ဂိုဏ်းမှ ဇနီးမောင်နှံ တစ်စုံနှင့် တွေ့ဆုံခဲ့ပြီး ထိုအမျိုးသမီးမှာ လင်းချင်းယန် ၏ ဇနီး ဖြစ်ပေသည်။

"စစ်ဆေးရေးမှူး က သဘောထား ပြည့်ဝလွန်းပါတယ်" သခင်မလင်း က အလျင်အမြန် ပြန်လည် နှုတ်ဆက်လိုက်၏။

စစ်ဆေးရေးမှူးတဲ့လား... လင်းပိုင်ဝေ့ သည် ရှန်းယီ၏ နောက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူ့ကျောပြင်ကို ခိုးကြည့်လိုက်မိသည်။

သူ ဘယ်နေရာရောက်ရောက် မယုံနိုင်လောက်အောင် ထူးခြားထင်ရှားတဲ့ လူတစ်ယောက် ဖြစ်လာတော့မယ့်ပုံပါပဲ။

သူ့ကို သိကျွမ်းတာ ဒီလောက်ကြာပြီ ဖြစ်ပေမဲ့ လင်းပိုင်ဝေ အနေနဲ့ ဒါကို အသားမကျသေးပါဘူး။

ဒီနေရာက ဗဟိုမြို့တော်လေ။

ဒါပေမဲ့ သူမ တွေ့သမျှ လူတိုင်းက ရှန်းယီ ကို အလွန်အမင်း လေးစားသမှု ပြုကြတယ်။

ကျဉ်းကျပ်တဲ့ အခန်းလေးထဲမှာ သူမနဲ့အတူ မုန့်ပြားကင် ဝါးစားခဲ့တဲ့ အမှုထမ်းကောင်လေး မဟုတ်တော့ဘူးပဲ...

"ကျွန်မက ဝူသိုင်းဘုံကျောင်း အတွင်းပိုင်းမှာပဲ တစ်နှစ်ပတ်လုံး နေရတော့ အခြေအနေတွေကို သိပ်မသိပါဘူး။ တကယ်လို့ စစ်ဆေးရေးမှူး သိချင်တယ်ဆိုရင် လီပြည်နယ်ကို လူလွှတ်ပြီး စုံစမ်းခိုင်းပေးပါ့မယ်"

ဤတစ်ကြိမ်တွင် သခင်မလင်း က ရှန်းယီကို တက်ကြွစွာ ရှာဖွေခဲ့ခြင်း ဖြစ်သည်။

လီပြည်နယ် လက်နက်ဂိုဏ်းသည် မဟာချန်မင်းဆက် တွင် ကျော်ကြားသော အင်အားစုတစ်ခု ဖြစ်ပြီး ရတနာပစ္စည်းများ သွန်းလုပ်ရာတွင် အလွန်ကျွမ်းကျင်သော နည်းစနစ်များ ရှိပေသည်။

သို့သော် တောက်လျှောက်ဆိုသလို ထိုအထွတ်အထိပ် ရတနာသည် သူတို့၏ ကန့်သတ်ချက် ဖြစ်နေခဲ့ပုံ ရသည်။

"လက်နက်ဂိုဏ်းက ချင်းချိုဆီက အကူအညီတောင်းတုန်းက ကျွန်မ သဘောမတူခဲ့ဘူး။ သူတို့က ကောင်းတဲ့ကောင်တွေ မဟုတ်ဘူးလေ" သခင်မလင်း ခေါင်းခါလိုက်၏။

သူတို့၏ ကန့်သတ်ချက်ကို ချိုးဖျက်ရန်အတွက် လက်နက်ဂိုဏ်းသည် ပညာရပ်အစုံလင်ဆုံး တတ်မြောက်သော ချင်းချိုမြေခွေးနတ်ဆိုး ကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ဤကိစ္စနှင့် ပတ်သက်ပြီး ဖုံးကွယ်စရာ မရှိပေ။

ချင်းချို သည် နတ်ဆိုးအင်အားစု ဖြစ်သော်လည်း အတော်လေး ထူးခြားသည်။

သူတို့ မဟာချန်ဗဟိုမြို့တော်သို့ လာလျှင်ပင် ဝူသိုင်းဘုံကျောင်း က ကြိုဆိုမည့် အလားအလာ ရှိပေသည်။

အကြောင်းမှာ မည်သူမျှ အင်အားကြီးမားသော ကြားနေအဖွဲ့အစည်းတစ်ခုကို အကြောင်းမဲ့ သက်သက် ရန်မစလိုကြသောကြောင့်ပင်။

သို့သော် ပြဿနာမှာ သူတို့၏ ထိန်းချုပ်မရနိုင်မှုတွင် ရှိနေသည်။

မြေခွေးနတ်ဆိုးသည် မသိရသော အကြောင်းရင်းတစ်ခုကြောင့် လက်နက်ဂိုဏ်း၏ အမည်ကို အသုံးပြုကာ ချင်ပြည်နယ်သို့ ဖိတ်စာ ပေးပို့ခဲ့သည်။

လက်နက်ဂိုဏ်း ဘိုးဘေးကြီးက ဤသတင်းအား ကြားသိလိုက်ရသောအခါ တစ်ခုခု မှားယွင်းနေကြောင်းအာရုံခံမိသော်လည်း မြေခွေးနတ်ဆိုးကို ရန်စရန် မရဲသဖြင့် မြို့တော်သို့ လူလွှတ်ပြီး အလျင်အမြန် သတင်းပို့ခဲ့ခြင်း ဖြစ်သည်။

All Chapters