← Chapters

အခန်း (၅)

Vol. 1 Ch. 5

အခန်း (၅)

Vol. 1 Ch. 5

အပိုင်း (၅)

​"ဒါ ဒါက ဘယ်နေရာလဲ"

​သူ့ရှေ့မှခြောက်သွေ့နေသောတောင်ကုန်းကို ကြည့်ရင်း ချန်ဟေးထန်တွင်မေးခွန်းပေါင်းများစွာပြည့်နှက်နေပြီး သူ့ဆရာထံတိတ်တဆိတ် ခိုးကြည့်လိုက်မိသည်။

​ဆရာ့မျက်နှာက ဘာလို့ဒီလောက်ပျော်ရွှင်နေရတာလဲ။ဒါက တစ်ကယ်ပဲရှန်းတောင်းဂိုဏ်းတည်နေရာလား။

​ချန်ဟေးထန် မယုံနိုင်အောင်ဖြစ်နေရသည်။ဒီနေရာရဲ့ စုတ်ချာမွဲတေနေပုံများကတော့ ချန်မိသားစုရွာကတောင် ပိုကောင်းသေးတယ်။​ဆရာက သူ့ကိုနေရာမှားခေါ်လာတာများလား။

​ချန်ဟေးထန် ဘာတွေတွေးနေလဲဆိုသည်ကို ကျန်းပေချန် မသိပေ။လောလောဆယ်တွင် သူသည် နယ်နိမိတ်ကျောက်တိုင်အပြင်ဘက်တွင် ရပ်နေပြီး ဒုက္ခပင်လယ်အဆင့်မြှင့်ပြီးသွားရင် ဘာပြောင်းလဲမှုတွေဖြစ်လာမလဲဆိုသည်ကိုသာ တွေးတောနေသည်။

​သူ့အိမ်ရှေ့မှာ ပင်လယ်အစစ်ကြီးပေါ်လာမှာများလား။

​အဲဒါဆိုရင် သူကပင်လယ်ဘုရင်ကြီးဖြစ်လာတော့မှာပေါ့။

​ချန်ဟေးထန် သတိထားပြီးမေးလိုက်လေ၏။

"ဆရာသခင် ဒါကဘယ်နေရာလဲဟင်"

​ကျန်းပေချန်သည် သူ့ပါးစပ်ထောင့်ရှိသွေးစများကိုမြင်လိုက်ရပြီး ချန်ဟေးထန်၏ဒဏ်ရာများကိုကုသပေးရန် ဆေးဖက်ဝင်အပင်အချို့ အမြန်ရှာဖွေသင့်သည်ဟု တွေးလိုက်မိသည်။သို့မှသာ အတွင်းဒဏ်ရာများမကျန်ခဲ့မည်ဖြစ်၏။

​သို့သော် သူ့လက်မှချန်ဟေးထန်ကိုထိလိုက်သည်နှင့် ချန်ဟေးထန်သည်မီးလောင်နေသကဲ့သို့ သူ့ခန္ဓာကိုယ်ပူလောင်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။

​"ဆရာသခင် ကျွန်တော့်ကိုဘာလုပ်လိုက်တာလဲ"

ချန်ဟေးထန် စိုးရိမ်တကြီးမေးလိုက်ပြီး သူ့မျက်နှာထက်တွင် အကြပ်ရိုက်နေဟန်ပေါ်လာသည်။​သူ့သွေးကြောစီးဆင်းမှုများ မြန်ဆန်လာပြီးဆူပွက်နေပြီဟု ခံစားနေရ၏။

​"တင် နဂါးနက်အရှင်သခင်ကိုယ်ခန္ဓာ အသက်ဝင်သွားပါပြီ"

​စနစ်၏အသိပေးချက်ကို ရရှိလိုက်သောအခါ ကျန်းပေချန် စိတ်အေးသွားပြီး ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်လေ၏။

"ဘာမှမဖြစ်ပါဘူး"

​ထိုအချိန်တွင် နဂါးနက်အရှင်သခင်ကိုယ်ခန္ဓာ အသက်ဝင်လာမှုကြောင့် ချန်ဟေးထန်၏ဒဏ်ရာများသည် သိသာထင်ရှားသည့်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာတော့သည်။

​နဂါးနက်အရှင်သခင်ကိုယ်ခန္ဓာက တစ်ကယ်ကိုနာမည်နဲ့လိုက်ဖက်ပါပေတယ်။ချန်ဟေးထန်က သာမန်လူတစ်ယောက်ပဲရှိသေးတာတောင် ဒီလိုအာနိသင်မျိုးရှိနေပြီ။

​ဟူး ကျင့်ကြံလာသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပေသိ ချီကျင့်ကြံခြင်းအဆင့်၃သာရှိသေးသော သူ့ကိုယ်သူပြန်တွေးမိကာ ကျန်းပေချန်စိတ်ဓာတ်ကျသွားမိသည်။

​ငါက ဒီလိုcheaterကောင်တွေကို အမုန်းဆုံးပဲ။

​"ဆရာသခင် ဒဏ်ရာတွေအကုန်ပျောက်သွားသလိုခံစားရတယ်"

ခဏအကြာတွင် ချန်ဟေးထန်မှာ မြေကြီးပေါ်မှထရပ်လိုက်ပြီး ဒဏ်ရာများလုံးဝမရှိတော့ဘဲ အားအင်အပြည့်ဖြစ်နေလေသည်။​သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေပြီး သူ့ဆရာ၏ရှန်းနည်းလမ်းများကို အံ့သြချီးကျူးနေမိတော့၏။

​"တင် ချန်ဟေးထန်၏သစ္စာရှိမှုအမှတ်၁၀တိုးလာပြီး ၁၀၀ပြည့်သွားပြီမလို့ လုံးဝသစ္စာရှိခြင်းအဆင့်သို့ ရောက်ရှိသွားပါပြီ။

ဂုဏ်ယူပါတယ် အိမ်ရှင် ပထမဆုံးလုံးဝသစ္စာရှိသောတပည့်ကို ပိုင်ဆိုင်လိုက်ပါပြီ။

ဆုလာဘ်အနေဖြင့် နတ်ဘုရားအဆင့်ကျင့်ကြံခြင်းနည်းစနစ် ရှန်းလမ်းစဉ်ကို ပေးအပ်လိုက်ပါတယ်။

တင် ဒုက္ခပင်လယ်အဆင့်မြှင့်တင်မှုပြီးစီးပါပြီ စစ်ဆေးကြည့်လိုက်ပါ"

​စနစ်၏အချက်ပေးသံများ ဆက်တိုက်ထွက်ပေါ်လာပြီး မည်သူကမှတစ်ကယ့်Cheaterဖြစ်သည်ကို ကျန်းပေချန်အား သတိပေးနေသကဲ့သို့ပင်။

​ဒုက္ခပင်လယ် အဆင့်မြှင့်တင်မှုပြီးသွားပြီလား။

​ကျန်းပေချန်သည် ချန်ဟေးထန်အားစိတ်မလှုပ်ရှားရန်လက်ဟန်ပြလိုက်ပြီး တောင်ခြေဂိတ်တံခါးအောက်ရှိ ရေကန်လေးကိုလေ့လာကြည့်ရှုလိုက်သည်။

​အရွယ်အစားကအတူတူပါပဲ၊ဘာမှလဲ ပြောင်းလဲမသွားပါဘူး။

​"ဆရာသခင် ဘာလို့ကျွန်တော်တို့ရဲ့ရေကန်လေးကို ဒုက္ခပင်လယ်လို့ခေါ်တာလဲ"

ချန်ဟေးထန် စူးစမ်းချင်စိတ်ဖြင့်မေးလိုက်လေသည်။​ကျန်းပေချန်သည် သူ့ထံတစ်ချက်ကြည့်လိုက်ပြီး စမ်းသပ်ခံဝက်တစ်ကောင် သူ့အိမ်တံခါးဝသို့ရောက်လာပြီဟု တွေးလိုက်မိကာ လျှို့ဝှက်နက်နဲဟန်ဖြင့်ပြုံးပြလိုက်လေ၏။

"မင်း ဝင်ကြည့်လိုက်ရင်သိပါလိမ့်မယ်"

​ချန်ဟေးထန်သည် ဇဝေဇဝါဖြင့်ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီး ဒုက္ခပင်လယ်နယ်နိမိတ်ကျောက်တိုင်အတွင်းသို့ ဝင်ရောက်လိုက်လေသည်။

​ချက်ချင်းပင် ကမ္ဘာကြီးလည်သွားသကဲ့သို့ဖြစ်သွားပြီး သူ့မျက်စိရှေ့တွင်ပေါ်လာသော မြင်ကွင်းမှာ လုံးဝကွဲပြားခြားနားသောရှုခင်းတစ်ခု ဖြစ်နေတော့သည်။

​သူ့ရှေ့တွင် ကျယ်ပြောပြီးအဆုံးအစမရှိသောပင်လယ်ကြီး ရှိနေပေ၏။သူ​မဝင်ခင်တုန်းက ရေကန်လေး ဝင်လိုက်တော့ ပင်လယ်ကြီးဖြစ်သွားတာလား။

​ချန်ဟေးထန် ထိတ်လန့်သွားရသည်။ဒါကအတုကြီးတော့ မဟုတ်လောက်ပါဘူးနော်။​ထိုသို့ဖြင့် သူအဝတ်အစားများချွတ်လိုက်ပြီး ပင်လယ်ထဲသို့ခုန်ဆင်းကာ ရေပြာပြာထဲလွတ်လွတ်လပ်လပ် ကူးခတ်လိုက်လေသည်။​ချန်ဟေးထန်သည် ဒုက္ခပင်လယ်ထဲတွင်ပျော်ရွှင်စွာ ရေကူးနေပြီး အချိန်ကောင်းတစ်ခုကိုပိုင်ဆိုင်နေရ၏။

​"ဒါဆိုဒုက္ခပင်လယ်က အပြင်ပန်းကြည့်ရင် ရေကန်လေးနဲ့ ဘာမှမကွာခြားပေမယ့် တစ်ကယ်တမ်းကျတော့ ကမ္ဘာငယ်လေးတစ်ခုဖြစ်နေတာကိုး"

ကျန်းပေချန်ပြုံးလိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်လိုက်ကာ ရှန်းလမ်းစဉ်စာအုပ်ကို စိတ်အားထက်သန်စွာဖြင့်ထုတ်ပြီး သေချာလေ့လာလိုက်လေ၏။​ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ထဲတွင် သာမန်ကျင့်ကြံခြင်းနည်းစနစ်များကို အဆင့်၄ဆင့် ခွဲခြားထားသည်။

ကောင်းကင်၊မြေကြီး၊နက်နဲခြင်းနှင့်အဝါရောင်တို့ဖြစ်ပြီး အဆင့်၁ဂိုဏ်းများတွင်သာ ဒဏ္ဍာရီလာနတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ်များကို ပိုင်ဆိုင်ကြ၏။ထိုနည်းစနစ်များသည်ပင် အများအားဖြင့်မပြည့်စုံကြချေ။​သို့သော် သူ့လက်ထဲကိုင်ထားသည်မှာ ပြီးပြည့်စုံသော နတ်ဘုရားအဆင့်ကျင့်ကြံခြင်း နည်းစနစ်တစ်ခု ဖြစ်သည်။

ဤ​သတင်းသာ ပေါက်ကြားသွားပါက ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ရှိ ဂိုဏ်းအားလုံးသည် မည်သည့်နည်းနှင့်မဆို လာရောက်လုယူကြမည်မှာ သေချာလှပေ၏။

​"ဒီနတ်ဘုရားအဆင့်ကျင့်ကြံခြင်း နည်းစနစ်သာရှိရင် ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က သေချာပေါက် အများကြီးတိုးတက်လာမှာပဲ"

ကျန်းပေချန်မျက်နှာတွင် အံ့သြဝမ်းသာမှုများဖြင့် ပြည့်နှက်နေလေသည်။​သို့သော် ကျင့်ကြံခြင်းနည်းစနစ်စာအုပ်ကို ကောက်ကိုင်ပြီး ဖတ်လိုက်သောအခါ သူ့မျက်နှာထားတင်းမာသွားရတော့၏။ရှန်းလမ်းစဉ်ကို အဆင့်၉၉ဆင့်ခွဲခြားထားပြီး သူသည်ပထမအဆင့်ကိုပင်နားမလည်နိုင်အောင် ဖြစ်နေရသည်။

​"ပထမအဆင့်ရဲ့အပိုင်း၃ပိုင်းထဲက ကောင်းကင်နှင့်မြေကြီး၏ချီကို ထိန်းချုပ်ခြင်းဆိုတဲ့အထဲမှာပါတဲ့ နက်နဲသော ဂိတ်တံခါးပေါက်ဆိုတာ ဘာကိုဆိုလိုတာလဲ"

​ကျန်းပေချန် လုံးဝနားမလည်တော့ပေ။ကြက်သွေးရောင်နန်းတော်နှင့်လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးဆိုသည်ကရော ဘာကိုပြောခြင်းဖြစ်သနည်း။

​ဟူး သူ့ပါရမီက တစ်ကယ်ကိုအဲ့လောက် ညံ့ဖျင်းနေတာလား။

​ကျန်းပေချန်တိတ်ဆိတ်သွားမိသည်။

​ထိုအချိန်တွင် ဒုက္ခပင်လယ်နယ်နိမိတ်ကျောက်တိုင်အတွင်း၌ ချန်ဟေးထန်သည် မည်သည့်အချိန်က သူရောက်နေမှန်းမသိသော ပင်လယ်ပြင်အလယ်သို့ ရောက်ရှိနေသည်ကို ရုတ်တရက်သတိထားမိလိုက်သည်။​အမွှေးတိုင်တစ်တိုင်စာမကုန်ခင် အချိန်လေးအတွင်းမှာ သူကဘယ်လိုလုပ်ဒီလောက်ဝေးဝေးထိ ရောက်လာရတာလဲ။

​ဒုက္ခပင်လယ်၏အလယ်ခေါင်ရောက်နေသဖြင့် သူမည်မျှကူးကူး ဤနေရာတွင်ပင်လည်နေသလို ခံစားနေရပြီး ချက်ချင်းကြောက်ရွံ့လာတော့သည်။​သူခေါင်းလှည့်ကြည့်လိုက်သောအခါ နယ်နိမိတ်ကျောက်တိုင်ကိုမမြင်ရတော့သလို သူ့ဆရာ၏ပုံရိပ်လည်းပျောက်ကွယ်သွားပြီဖြစ်၏။

​ချန်ဟေးထန်အကူအညီတောင်းရန်အော်ဟစ်လိုက်တော့သည်။

"ဆရာသခင် ကယ်ပါဦး"

​ကျန်းပေချန်သည် နယ်နိမိတ်ကျောက်တိုင်အပြင်ဘက်တွင်ရပ်လျက် ချန်ဟေးထန်တစ်ယောက် ဒုက္ခပင်လယ်ထဲတွင်ထိတ်လန့်တကြားရုန်းကန်နေသည်ကို မြင်လိုက်ရသောအခါ ကျေနပ်စွာဖြင့်ခေါင်းငြိမ့်လိုက်လေသည်။

​သူသည် နယ်နိမိတ်ကျောက်တိုင်အတွင်းသို့ ဝင်ရောက်လိုက်ပြီး လက်ကိုဝှေ့ယမ်းကာ ဒုက္ခပင်လယ်မဟာဗျူဟာကို အသက်သွင်းလိုက်ရာ ချန်ဟေးထန်သည် ကမ်းစပ်သို့ချက်ချင်း ပြန်လည်ရောက်ရှိလာတော့၏။​ထိုအချိန်၌ ချန်ဟေးထန်မှာ ကြောက်လွန်းသဖြင့် စိတ်ကစဉ့်ကလျားဖြစ်လုနီးပါးဟန်ဖြင့် တုန်လှုပ်နေဆဲပင်။

​ရေကန်လေးထံပြန်ကြည့်လိုက်သောအခါ ကြောက်ရွံ့မှုများသူ့ရင်ထဲတွင် ပြည့်နှက်လာရသည်။ဒါက ရေကန်လေး မဟုတ်ဘူး ပင်လယ်ကြီးဆိုတာ ကျိန်းသေပါတယ်။

​"အသက်ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် ဆရာသခင်"

ချန်ဟေးထန် ကျေးဇူးတင်စွာပြောလိုက်သည်။​ကျေးဇူးတင်စကားပြောနေရင်း ချန်ဟေးထန်မှာ သတိထားပြီးမေးလိုက်၏။

"ဆရာသခင် ကျွန်တော်တို့ရှန်းတာအိုဂိုဏ်းက ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ထဲမှာ အဆင့်ဘယ်လောက်ရှိလဲ"

​သူ့အတွေးထဲတွင် ဤမျှအစွမ်းထက်သော ဆရာတစ်ဆူနှင့် လျှို့ဝှက်ထားသောဒုက္ခပင်လယ်ရှိနေမှတော့ အနည်းဆုံးအဆင့်၈ သို့မဟုတ် ထိုထက်မြင့်မားမည်ဟုထင်ထားလေသည်။​ကျန်းပေချန် နေရခက်သွား၏။သူ့ရှန်းတာအိုဂိုဏ်းတွင် သူနှင့်ချန်ဟေးထန်နှစ်ယောက်သာရှိပြီး အဆင့်သတ်မှတ်ချက်ဆိုသည်လည်းလုံးဝမရှိချေ။

​သို့သော် သူသည်ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်လေ၏။

"သာမန်ကောင်းကင်တာအိုမဟာမိတ်အဖွဲ့လောက်ကို စကားထဲထည့်ပြောစရာလိုလို့လား"

​ချန်ဟေးထန်၏တည်ငြိမ်နေသောနှလုံးသားကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ဖြစ်သွားရပြီး သူ့မျက်လုံးများတွင် အံ့သြမှင်သက်မှုများဖြင့် ပေါက်ကွဲထွက်လာတော့သည်။

ဟိုက်ရှားဘား.....

​ဒါဆိုရှေးဟောင်းဒဏ္ဍာရီလာရှန်းမြင့်မြတ်နယ်မြေတစ်ခုခုများလား လျှို့ဝှက်ဂိုဏ်းတစ်ခုခုများဖြစ်နေမလား။

All Chapters