← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

အပိုင်း (၉)

​"ဗိုက်အရမ်းဆာနေပြီ ဆရာ့ကိုနေ့လယ်စာ ဘာစားမလဲ အရင်သွားမေးမှပဲ"

​ချန်ဟေးထန် တောင်အောက်သို့ပြေးဆင်းလာလေ၏။

​"ဆရာသခင် ဆရာသခင်"

ချန်ဟေးထန် အော်ဟစ်ပြေးလာလေ၏။

​ဝမ်လော့လီမှာ ချန်ဟေးထန်ပြေးလာသည်ကိုမြင်လိုက်ရသောအခါ သူ့ကျင့်ကြံခြင်းအဆင့်ကို အလိုလိုစစ်ဆေးကြည့်လိုက်သည်။

​ချီကျင့်ကြံခြင်း အဆင့် ၄။

​ထင်ထားတဲ့အတိုင်းပါပဲ

သူတို့က လေလွင့်ကျင့်ကြံသူဆရာတပည့်တွေပါလား။

တပည့်က ချီကျင့်ကြံခြင်း အဆင့်၄ပဲရှိသေးရင် သူ့ဆရာကရော ဘယ်လောက်မြင့်နိုင်မှာမလို့လဲ။

​သရဲဘုရင်ဂိုဏ်းသာရောက်လာရင် သူတို့ ဒုက္ခရောက်ကုန်ကြလိမ့်မယ်။ဒီဆရာတပည့်နှစ်ယောက်ကို မပတ်သက်စေဘဲ အရင်ထွက်သွားသည်ကသာ ပိုကောင်းပေလိမ့်မည်။

​ဝမ်လော့လီ နှုတ်ခမ်းလေးအားဖွင့်ဟကာအသာပြောလိုက်၏။

"စီနီယာရဲ့စေတနာကို ကျေးဇူးတင်ပါတယ်ပေမဲ့ ကျွန်မရန်သူတွေထဲမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတွေ ပါနေပါတယ်"

​အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ဟုတ်လား။

ထိုစကားကြားလိုက်ရသောအခါ ဘာဖြစ်နေမှန်းမသိသည့် ချန်ဟေးထန်မှာ ငယ်ရွယ်၍စိတ်မြန်လက်မြန်ရှိသူပီပီ လက်ကိုဝှေ့ယမ်းကာ ပြောလိုက်လေ၏။

"အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်က ဘာမလို့လဲ၊ကျွန်တော့်ဆရာရဲ့ လက်တစ်ဖက် လှုပ်ရှားလိုက်ရုံနဲ့တင် အဲ့လိုလူမျိုးအယောက်ရှစ်ဆယ် တစ်ရာလောက်ကို သတ်ပစ်နိုင်တယ်"

​လက်တစ်ဖက်လှုပ်ရှားလိုက်ရုံနဲ့ အယောက်ရှစ်ဆယ် တစ်ရာလောက်ကိုသတ်ပစ်နိုင်တယ်ပေါ့လေ ဟုတ်လား။

​ဝမ်လော့လီရယ်မောလိုက်မိရာ သူမ၏အလှမှာပြိုင်ဘက်ကင်းလွန်းသဖြင့် ချန်ဟေးထန်ခမျာငေးမောသွားရချေ၏။

​သူမ ခေါင်းယမ်းကာပြန်ပြောလိုက်သည်။

"မောင်လေး မဆင်မခြင်စကားမပြောပါနဲ့၊ဝမ်လော့လီက ရှင်တို့နှစ်ယောက်ကို ဒုက္ခမပေးချင်ပါဘူး၊နောက်ကလိုက်လာတဲ့သူတွေထဲမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်မကပါသလို သူတို့က ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ရဲ့ အဆင့်၉ဂိုဏ်းဖြစ်တဲ့ သရဲဘုရင်ဂိုဏ်းက လူတွေပါ"

​ဝမ်လော့လီမျက်လုံးများထဲတွင် လေးနက်မှုအပြည့်ဖြင့် ပြောလိုက်လေ၏။

​ကျန်းပေချန် တိတ်တဆိတ်ပင်ခေါင်းငြိမ့်လိုက်မိပြီး ဤမိန်းကလေးမှာ စိတ်သဘောထားပြည့်ဝပြီး သူတပါးအတွက် စဉ်းစားပေးတတ်သူဟု တွေးလိုက်မိသည်။

​သရဲဘုရင်ဂိုဏ်းလိုမျိုး အဆင့်၉ဂိုဏ်းအကြောင်းကို သူကောင်းကောင်းကြီးသိထားပေ၏။ကောင်းကင်တာအိုမဟာမိတ်အဖွဲ့၌ အဆင့်၉ဂိုဏ်းအဖြစ် စာရင်းဝင်ဖို့ဆိုလျှင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ၃ဦးနှင့်ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ဦး ရှိရမည်ဖြစ်သည်။

ထို့ပြင် ဂိုဏ်းသားအရေအတွက်အနည်းဆုံး၂၀ရှိရပေမည်။

​"ဒီတပည့်ကိုလက်ခံချင်ပေမယ့် အဆင့်၉ဂိုဏ်းကိုတော့ သွားမစတာကောင်းမယ်"

​ကျန်းပေချန်တွေးလိုက်ပြီး စကားပြောရန်ပြင်လိုက်သော်လည်း သူ့အချစ်တော်တပည့်လေးမှ ဦးအောင်ပြောလိုက်လေ၏။

​"အဆင့်၉ဂိုဏ်းက ဘာမလို့လဲ၊ကျွန်တော့်ဆရာမျက်လုံးထဲမှာတော့ ပုရွက်ဆိတ်တွေပါပဲ"

ချန်ဟေးထန်မှာ ဂုဏ်ယူဝင့်ကြွားသည့်မျက်နှာထားဖြင့် ပြောလိုက်သည်။

​ချန်ဟေးထန် တော်လောက်ပြီထင်တယ်နော်။ကြွားလုံးထုတ်လွန်းအားကြီးလို့ လျှာကိုက်မိမှာမကြောက်ဘူးလား။ငါ့မှာ တစ်ကယ်ကြီးအဲ့လောက်အစွမ်းအစ ရှိနေသလိုမျိုးလုပ်ပြမနေစမ်းနဲ့။

​တစ်ကယ်လို့ ငါသာထွက်ပြေးရရင် မင်းကို စောင့်ရှောက်နိုင်မှာ မဟုတ်ဘူးနော်။

​"အိုး ဟုတ်လား"

ဝမ်လော့လီ ပြုံးလိုက်သည်။

"ရှင့်ဂိုဏ်းက ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ထဲမှာ ဘယ်အဆင့်ရှိလဲလို့ မေးလို့ရမလား"

​ကျန်းပေချန် ချန်ဟေးထန်ကိုတားရန်ပြင်လိုက်စဉ်မှာပင် ချန်ဟေးထန်မှာ မေးပင့်ကာယမန်နေ့မှ သူ့ဆရာလေသံကို တုပပြီးမာနကြီးကြီးမျက်နှာထားဖြင့် ပြောလိုက်လေ၏။

"သာမန်ကောင်းကင်တာအိုမဟာမိတ်အဖွဲ့လောက်ကို ထည့်ပြောစရာဘာလိုလို့လဲ"

​သာမန်ကောင်းကင်တာအို မဟာမိတ်အဖွဲ့လောက်ကို ထည့်ပြောစရာမလိုဘူး ဟုတ်လား။

​ဝမ်လော့လီ ချက်ချင်းကြောင်အသွားပြီး လူငယ်လေး၏ လုပ်ကြံပြောဆိုမှုကြောင့် တုန်လှုပ်သွားရချေ၏။

​ချီကျင့်ကြံခြင်းအဆင့်၄ပဲရှိသေးတဲ့ ဒီကောင်လေးက ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ကိုတောင် အထင်သေးရဲတယ်ပေါ့လေ။

​ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ထဲက ဘယ်သူမဆို သူ့ကိုလက်တစ်ဖက်တည်းနဲ့တင် ဖုန်မှုန့်ဖြစ်သွားအောင် လုပ်ပစ်နိုင်တာကို ဒီလောက်သတ္တိတွေ ဘယ်ကရလာလဲ။ဒါမှမဟုတ် သူ့ကိုယ်သူလမ်းမှားရောက်နေတယ်ဆိုတာတောင်မသိတော့တာလား။

​ဝမ်လော့လီပြန်ဖြေရန် ပါးစပ်ဟလိုက်စဉ်မှာပင် အဝေးမှနေတိမ်တိုက်မည်းမည်းကြီးတစ်ခုရောက်လာပြီး ဖိအားပြင်းအငွေ့အသက်များကို သယ်ဆောင်လာလေ၏။

ဤသည်ကိုမြင်လိုက်ရသောအခါ ဝမ်လော့လီမျက်နှာထား ပြောင်းလဲသွားသည်။သရဲဘုရင်ဂိုဏ်းက လူတွေရောက်လာကြပြီ။

​လိုက်ဖမ်းမည့်သူများ ရောက်လာပြီဖြစ်ရာထွက်ပြေးရန်အချိန်မရှိတော့ပေ။ဝမ်လော့လီ ချက်ချင်းကြောက်လန့်သွားပြီး မျက်နှာမှာဖြူဖျော့သွားရ၏။

​"ဒီမှာအချိန်ဖြုန်းမိသွားတာ ငါ့အမှားပဲ၊ငါ့အသက်တင်မကဘူး အပြစ်မဲ့တဲ့လူတွေကိုပါ ငါနဲ့အတူဆွဲချမိတော့မယ် ဒုက္ခပဲ"

သူမစိတ်အခြေအနေမှာ နောင်တများဖြင့်ပြည့်နှက်နေပြီး မျက်နှာထက်တွင်လည်း မျှော်လင့်ချက်မဲ့မှုများပေါ်လာလေ၏။

​သူမသည် သရဲဘုရင်ဂိုဏ်းကျင့်ကြံသူများ၏ နည်းလမ်းများကို သိထားသည်။သူတို့လက်ထဲ ရောက်သွားလျှင် တွေးရဲစရာပင်မရှိပေ။ဒီလေလွင့်ကျင့်ကြံသူဆရာတပည့်ဆိုရင်ပိုတောင်ဆိုးလိမ့်မယ်။

​ထိုအချိန်တွင် သရဲဘုရင်ဂိုဏ်းကျင့်ကြံသူများသည် အနားရောက်ရှိနေပြီဖြစ်ပြီး တစ်ဖက်ကမ်းတွင်ရပ်နေကြလေ၏။သူတို့ကိုဦးဆောင်လာသူမှာ ဝမ်လော့လီ၏ဆွေမျိုးရင်းဖြစ်သော ဒုတိယဦးလေးနှင့်အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူနှစ်ဦးဖြစ်ကာ ကျန်သူများမှာတော့ချီကျင့်ကြံခြင်း အဆင့်၈မှ ၉ထိရှိကြသည်။

​ထိုသရဲဘုရင်ဂိုဏ်းကျင့်ကြံသူအားလုံးသည် ဝိညာဉ်ခေါ်အလံတိုင်များကို ကိုင်ဆောင်ထားကြပြီး ထိုအလံတိုင်များမှနေသနားစဖွယ် အော်ဟစ်ငိုယိုသံများ အဆက်မပြတ်ထွက်ပေါ်နေလေ၏။

​သူတို့မျက်နှာများမှာ ပိန်ချုံးနေပြီး သရဲတစ္ဆေပုံပေါက်နေကာ ကြည့်လိုက်သည်နှင့် ကျောချမ်းသွားစေသော သရဲအငွေ့အသက်များထွက်ပေါ်နေသည်။လောလောဆယ်တွင် သူတို့သည် တစ်ဖက်ကမ်း၌ရပ်လျက် ကျန်းပေချန်နှင့်ဟေးထန်တို့ကို ကြည့်ရှုနေကြလေ၏။

​သရဲဘုရင်ဂိုဏ်းမှလူများ ရောက်ရှိလာသည်ကို မြင်သောအခါ ဝမ်လော့လီသည် ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး ကျန်းပေချန်နှင့်ဟေးထန်တို့ကို ကာကွယ်လိုက်ကာ အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။

"ရှင်တို့သရဲဘုရင်ဂိုဏ်းနဲ့ဖြစ်တဲ့ ငါ့ကိစ္စက အခြားလူတွေနဲ့ မဆိုင်ဘူး"

​ဝမ်လော့လီမျက်နှာတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသည်။

ဤအခြေအနေထိရောက်မှတော့ သူမထံတွင်နောက်ဆုတ်စရာ လမ်းမရှိတော့ပေ။သူမဒဏ်ရာများမှာ ပြင်းထန်လွန်းသဖြင့် အဝေးကြီးမပြေးနိုင်တော့သလို နောက်တွင်လည်းသူစိမ်းနှစ်ဦးရှိနေသေးသည်။

​ကျန်းပေချန်သည် ငါးမျှားတံကိုကိုင်ထားလျက် အပြင်ပန်းတွင်အလွန်တည်ငြိမ်ပြီး ဘာမှမဖြစ်သလိုရှိနေသော်လည်း တစ်ကယ်တမ်းတွင်မူ လိပ်ပြာလွင့်မတတ်ထိတ်လန့်နေပြီ ဖြစ်သည်။

​ဒီလူတွေထဲက တစ်ယောက်လောက်နဲ့တင် ငါ့ကိုအလွယ်တကူချေမြွပစ်နိုင်တယ်လေ။ဒါတွေအားလုံး ဟေးထန်ကြောင့်ဖြစ်ရတာ။ငါ့မှာထွက်ပြေးဖို့ကြံနေတုန်းကို အခုတော့ဘာဆက်လုပ်ရတော့မှာလဲ။

​သူတို့ကို ဒုက္ခပင်လယ်ထဲရောက်အောင် လှည့်စားလိုက်ရင်ရော။

​ကျန်းပေချန် စိုးရိမ်ပူပန်နေစဉ်မှာပင် စိတ်ကြီးဝင်ကာနိုင်စားတတ်ကြသည့် သရဲဘုရင်ဂိုဏ်းမှကျင့်ကြံသူများသည် တစ်ဖက်ကမ်းတွင်ရပ်လျက် ခွက်ထိုးခွက်လန်ရယ်မောကုန်ကြတော့၏။

​"ဟားဟား ဝမ်မိသားစုကကောင်မလေး မပြေးတော့ဘူးလား၊ဒီညငါ့ကို ကောင်းကောင်းပြုစုပေးမယ်ဆိုရင် မင်းကိုအစေခံအနေနဲ့ ငါ့နားမှာထားဖို့ စဉ်းစားပေးမယ်၊ဒါပေမဲ့ ဒီမှာရေကန်လေးရှိနေတာပဲ၊ငါတို့အရင်ဆုံး ရေတူတူချိုးကြရင်မကောင်းဘူးလား"

​လူအုပ်ရှေ့တွင်ရပ်နေသူ၏စကားသံများသည် တစ်ဖက်ကမ်းရှိ လူသုံးဦးနားထဲသို့ရောက်ရှိလာပြီး လေသံမှာအလွန်တရာနားကြားပြင်းကပ်စရာပင်။

​ကျန်းပေချန် စိတ်ကိုအတင်းအကြပ်ငြိမ်သက်အောင်လုပ်လိုက်ပြီး မျက်လုံးကိုမှေးစဥ်းကာ အသာမေးလိုက်၏။

"သူက ဘယ်သူလဲ"

​တုန်လှုပ်နေဆဲဖြစ်သော ဝမ်လော့လီသည် ထိုလူ့စကားကို ကြားလိုက်ရပြီး တစ်ကိုယ်လုံး တုန်ယင်လာကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်သည်။

"သူက သူကကျွန်မကို လိုက်ဖမ်းနေတဲ့သူပါ"

​ကျန်းပေချန် ငါးမျှားတံကိုမ တင်လိုက်ပြီး အသာရယ်မောလိုက်ကာ လုံးဝဂရုမစိုက်သည့်ပုံစံ ဟန်ဆောင်လိုက်လေ၏။

​ငါပြေးလို့မလွတ်မှတော့ ဒုက္ခပင်လယ်ကိုပဲ အားကိုးရတော့မယ်။

​စနစ်ရေ စနစ်ရဲ့ ငါ့ကိုစိတ်ပျက်အောင်မလုပ်နဲ့နော်။ငါ့အသက်နဲ့ခန္ဓာရှိသမျှအရာအားလုံးက မင်းလက်ထဲမှာပဲ ရှိတော့တယ်။

ထိုစကားကြားလိုက်ရသောအခါ ချန်ဟေးထန်သည် သရဲဘုရင်ဂိုဏ်းသားများထံ မလိုလားသောအကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ပျာယာခတ်နေသော ဝမ်လော့လီကိုကြည့်ကာ နှစ်သိမ့်လိုက်လေသည်။

"မကြောက်နဲ့နော် ကျွန်တော့်ဆရာက ခင်ဗျားကိုကာကွယ်ပေးပါလိမ့်မယ်"

​ထို့နောက် ချန်ဟေးထန်သည် မတ်တပ်ထရပ်လိုက်ပြီး သရဲဘုရင်ဂိုဏ်းသားများကို လက်ညှိုးထိုးကာ ဒေါသတကြီးပြောလိုက်လေတော့သည်။

​"ဟိုဘက်ကမ်းကလူတွေ နားထောင်ကြစမ်း၊မင်းတို့အဘိုးက ရှန်းတာအိုဂိုဏ်းရဲ့ပထမဆုံး တပည့်ကြီးကွ၊ငါ့ဘေးကလူက ရှန်းတာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးပဲ၊မင်းတို့ ဘာလို့အမြန်ပြန်မဆုတ်ကြသေးတာလဲ"

All Chapters