← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

အပိုင်း (၄)

​ဒီစီနီယာက ချန်ဟေးထန်ကိုတပည့်အဖြစ် တစ်ကယ်လက်ခံချင်နေတာလား။သူ့မျက်စိကန်းနေတာတော့ မဟုတ်ပါဘူးနော်။

​ချန်ဟောက်နှင့်သွေးဓားအကြီးအကဲတို့သည် ချက်ချင်းဆိုသလို အံ့အားသင့်သွားကြသည်။​ချန်ဟေးထန်မှာဖြင့် ဘာပါရမီမှမရှိဘဲနဲ့ဒီစီနီယာရဲ့ဓမ္မမျက်လုံးထဲကို ဘယ်လိုလုပ်ဝင်သွားရတာလဲ။

​"စီနီယာ အထင်မှားနေတာတော့မဟုတ်ဘူးမလား"

ချန်ဟောက်ထပ်ပြောလိုက်ပြန်သည်။

"သူ့မှာကျင့်ကြံခြင်းပါရမီ လုံးဝမရှိဘူးလေ"

​ထိုအချိန်၌ ချန်ဟေးထန်မျက်လုံးများတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာပြီး စိုးရိမ်တကြီးမေးလာလေ၏။

"စီနီယာ ကျွန်တော့်ကိုဘာလို့တပည့်အဖြစ် လက်ခံချင်ရတာလဲ၊ကျွန်တော့်ပါရမီက ညံ့ဖျင်းပါတယ်၊စီနီယာ ကျွန်တော့်ကိုနောက်ပြောင်မနေပါနဲ့"

​နဂါးနက်အရှင်သခင်ကိုယ်ခန္ဓာက ညံ့ဖျင်းတဲ့ ပါရမီလား။ဒါဆိုရင် လူတိုင်းရှန်းကျင့်ကြံတာကိုရပ်လိုက်ကြရင်ကောင်းမယ်။ကျန်းပေချန်စိတ်ထဲမှနေ ညည်းညူလိုက်သော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်စွာဖြင့်ပြုံးပြလိုက်သည်။

​"ရှန်းကျင့်ကြံတာက ပါရမီအပေါ်မှာမူတည်တာ မဟုတ်ဘူး မယိမ်းယိုင်တဲ့ တာအိုနှလုံးသားရှိဖို့ပဲ လိုအပ်တာ၊ပြီးတော့ ဆရာနဲ့တပည့်ကြားက ရေစက်အပေါ်မှာပဲ မူတည်တယ်၊ငါကမင်းကိုရှာဖို့အတွက် တိုက်ကြီးသုံးတိုက်ကို ဆယ်နှစ်ကျော်ကြာလှည့်ပတ်ရှာဖွေခဲ့ရတာ"

​တစ်ကယ်ကြီးလားဟ။

​ဤစကားကိုကြားလိုက်ရသောအခါ ချန်ဟေးထန်မျက်လုံးများပြူးကျယ်သွားပြီး ကောင်းကင်ပေါ်မှမုန့်လုံးကြီး ပြုတ်ကျလာသကဲ့သို့ခံစားလိုက်ရသည်။​သူ့မျက်လုံးထဲရှိ အလင်းရောင်များ ပိုမိုတောက်ပလာ၏။ဤစီနီယာ၏အသိအမှတ်ပြုသည်ကိုခံရခြင်းမှာ သူ့ကိုယ်သူယုံကြည်မှုပြန်လည်ရရှိစေပြီး သူ့စိတ်နှလုံးထဲမှအမှောင်ထုများကို ဖယ်ရှားပေးလိုက်လေသည်။

​သူ့ခန္ဓာကိုယ်သည် အနည်းငယ်တုန်ယင်သွားပြီး ကျန်းပေချန်အပေါ်ကျေးဇူးတင်ရှိမှုများဖြင့် ပြည့်နှက်သွားတော့၏။

​"မင်း ငါ့တပည့်ဖြစ်ဖို့ဆန္ဒရှိရဲ့လား"

ကျန်းပေချန် တည်တည်ငြိမ်ငြိမ်ဟန်ဖြင့်ပင်ပြောလိုက်သည်။

​"ဆရာသခင် တပည့်ဆန္ဒရှိပါတယ်"

ချန်ဟေးထန်သည် သူ့ကိုဆရာအဖြစ်အသိအမှတ်ပြုရန် အလျင်အမြန်ဒူးထောက်လိုက်လေ၏။ဤသည်မှာ ကြီးမားသောအခွင့်အရေးတစ်ရပ်ဖြစ်ပေသည်။

​"တင် အိမ်ရှင်သည် ကံတရားသားတော်ချန်ဟေးထန်ထံမှ သစ္စာရှိမှုအမှတ်၉၀ရရှိပါတယ်။

တင် အသန်မာဆုံးဂိုဏ်းချုပ်စနစ်၏ သစ္စာရှိမှု လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်ပါပြီ။သစ္စာရှိမှုအမှတ်၁၀၀သို့ ရောက်ရှိပါက လုံးဝသစ္စာရှိခြင်းကိုဆိုလိုပြီး ဘယ်တော့မှသစ္စာဖောက်တော့မည်မဟုတ်ပါ"

​တာဝန်ပြီးဆုံးသွားပြီဖြစ်သော်လည်း သူ့ဆုလာဘ်များကိုစစ်ဆေးရန် အချိန်မရသေးချေ။ထိုအချိန်တွင် ချန်ဟောက်သည် မကျေနပ်သောအမူအရာဖြင့် ပြောလိုက်လေ၏။

"ခင်ဗျားကို စီနီယာတစ်ယောက်လို့ထင်ထားတာ မျှော်လင့်ချက်နိမ့်လိုက်တာများ ပါရမီမရှိတဲ့အရူးတစ်ယောက်ကိုမှ တပည့်အဖြစ် လက်ခံလိုက်တယ်ပေါ့လေ"

​တစ်ကယ် ရယ်စရာကောင်းလိုက်တာ။

​သွေးဓားအကြီးအကဲသည် မျက်မှောင်ကြုံ့လိုက်ပြီး သံသယများဖြင့်ပြည့်နှက်နေလေသည်။ဒီလူက တမင်တကာလျှို့ဝှက်ဆန်းကြယ်အောင် လုပ်နေတာများလား။

​သူ့ရှေ့မှ ဤသာမန်လူသားကို စမ်းသပ်စင်မြင့်ပေါ်တွင်စမ်းသပ်ခဲ့ပြီးဖြစ်ရာ မွေးရာပါပါရမီမရှိသည်မှာ သေချာပေ၏။​ဤစမ်းသပ်စင်မြင့်သည် ကောင်းကင်တာအိုမဟာမိတ်အဖွဲ့၏ မဟာဗျူဟာပညာရှင်ကြီးကိုယ်တိုင် ပြုလုပ်ထားခြင်းဖြစ်သည်။မွေးရာပါပါရမီကို စစ်ဆေးနိုင်ရုံသာမက မဟာဗျူဟာကာကွယ်ရေးနှင့်မှော်စွမ်းအား,အားဖြည့်ပေးနိုင်သည့်လုပ်ဆောင်ချက်များပါ,ပါရှိလေ၏။

​ထျန်းယွမ်တိုက်ကြီးတွင် နာမည်ကျော်ကြားသောကောင်းကင်တာအိုမဟာမိတ်အဖွဲ့၏ လက်နက်သွန်းလုပ်ခြင်းပညာရှင်ကြီးမှာ ဘယ်လိုလုပ်မှားယွင်းနိုင်ပါမည်နည်း။

​"ချန်ဟေးထန် မင်းဆရာကလိမ်နေတာ သေချာတယ်ကွ၊ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့ ငါ အကြံပေးလိုက်မယ်"

ချန်ဟောက်မှာ လှောင်ပြောင်သောမျက်နှာထားဖြင့် ပြောလိုက်သည်။​ချန်ဟေးထန်သည် သူ့ထံအေးစက်စွာကြည့်လိုက်ပြီး စကားတစ်ခွန်းမှမပြောခဲ့ချေ။ဒါကမစားရတဲ့အမဲ သဲနဲ့ပက်တာပဲဖြစ်ရမယ်။

​ချန်ဟောက်သည်မကျေနပ်နိုင်သေးဘဲ ချန်ဟေးထန်ကိုလက်ညှိုးထိုးကာ မေးခွန်းထုတ်လိုက်လေ၏။

"သူက ဘာကျင့်ကြံနိုင်မှာလဲ၊သူက အသုံးမကျတဲ့ကောင်ပဲလေ၊ကျွန်တော့်ရဲ့တစ်ရက်တာ ကျင့်ကြံခြင်းက သူ့ရဲ့တစ်နှစ်တာကျင့်ကြံခြင်းနဲ့ ညီမျှတယ်"

​အိုး ဟုတ်လား။ကျန်းပေချန်သည် တုပ်တုပ်မှမလှုပ်ခဲ့ပေ။သူသည် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးပြီဖြစ်၍ ဤပြဿနာများသောနေရာမှ အမြန်ဆုံးထွက်ခွာချင်နေပြီ ဖြစ်သည်။

​သို့သော် ထိုအချိန်မှာပင်

​"တင် ရှန်းတာအိုဂိုဏ်း၏ ပထမဆုံးတပည့် ချန်ဟေးထန်သည် သွေးမိစ္ဆာဂိုဏ်းတပည့်ချန်ဟောက်၏အထင်သေးခြင်းကို ခံလိုက်ရပါတယ်။

သင့်တပည့်ကို ဂိုဏ်းကိုယ်စားပြုအနေဖြင့် တိုက်ပွဲဝင်စေပြီး နောက်တစ်လအကြာတွင် ပြိုင်ဘက်ကိုအနိုင်ယူခိုင်းလိုက်ပါ။

တင် ရှန်းတာအိုဂိုဏ်း၏ဂိုဏ်းဂုဏ်သိက္ခာတိုက်ပွဲ ရှုံးနိမ့်ပါက

ပြစ်ဒဏ် - အိမ်ရှင်သည် နေကြာပန်းရှန်းကျမ်းစာကို မဖြစ်မနေကျင့်ကြံရမည်"

​ကျန်းပေချန် - .......

​နေကြာပန်းရှန်းကျမ်းစာက လာပြန်ပြီလားဟ။ဒီစနစ်မှာ အထူးဝါသနာတစ်ခုခုရှိနေတာများလား။

​ကျန်းပေချန် စိတ်ထဲမှသက်ပြင်းချလိုက်ပြီး ပြောလိုက်လေ၏။

"ချန်ဟောက် မင်းကဟေးထန်ရဲ့ပါရမီကိုမင်းထက် နိမ့်ကျတယ်လို့ယုံကြည်နေမှတော့ နောက်တစ်လကြာရင် ငါတို့ဒီနေရာမှာပဲပြိုင်ပွဲတစ်ခုလုပ်ကြတာပေါ့"

​ချန်ဟောက်မျက်လုံးများ တောက်ပသွားပြီး အလျင်အမြန်ပြောလိုက်သည်။

"ပြဿနာ မရှိပါဘူး"

​ဟမ့် အဲ့အချိန်ကျရင် ခင်ဗျားလက်ခံထားတဲ့ တပည့်ကဘယ်လောက်တောင် အသုံးမကျလဲဆိုတာသိရလိမ့်မယ်။

​ချန်ဟောက်နှင့် အသစ်စက်စက်ပူးပေါင်းလိုက်သော ချန်ရှောင်ဟယ်၏မျက်နှာထားမှာ ရှုပ်ထွေးနေလေသည်။သွေးမိစ္ဆာဂိုဏ်းသည်အစွမ်းထက်သော်လည်း သူမရှေ့ရှိအစွမ်းထက်သောပုဂ္ဂိုလ်နှင့် ယှဉ်လိုက်လျှင် များစွာအားနည်းနေပုံရ၏။​သူမသည် ချန်ဟေးထန်ထံကြည့်လိုက်ပြီး နောင်တရိပ်များသူမမျက်လုံးထဲတွင် ပေါ်လာပြန်သည်။

​"တင် မသေမျိုးရွှေကိုယ်ခန္ဓာစမ်းသပ်ကတ် အချိန်ကုန်ဆုံးသွားပါပြီ"

စနစ်အသိပေးသံသည် သူ့စိတ်ထဲမှထွက်ပေါ်လာလေ၏။​ကြွားလုံးထုတ်ပြီးပြီဆိုတော့ မြန်မြန်ထွက်ပြေးဖို့လိုပြီ။

​ကျန်းပေချန်သည် တည်နေရာရွှေ့ပြောင်းအဆောင်ကို အသက်သွင်းလိုက်ပြီး ချန်ဟေးထန်ကိုဆွဲကာ ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။

​မှင်သက်နေသောလူအုပ်ကြီးကို ချန်ထားရစ်ခဲ့လေ၏။

​သူက နေရာလွတ်ကိုဖြတ်ပြီး ချက်ချင်း ရွှေ့ပြောင်းသွားနိုင်တယ်တဲ့လား။ထင်ထားတဲ့အတိုင်း စီနီယာပါပဲ။

​ချန်ဟောက်ပိုမနာလိုဖြစ်လာရသည်။ဒီလိုစီနီယာမျိုးက သူ့ကိုသဘောမကျဘဲ ဟိုအသုံးမကျတဲ့ကောင်ကိုမှခေါ်သွားရတယ်လို့။

​"ချန်ဟေးထန် မင်းနောင်တရစေရမယ်၊နောက်တစ်လကြာရင် မင်းနဲ့ မင်းဂိုဏ်းရဲ့မျက်နှာကို ငါ့ခြေထောက်အောက်မှာ နင်းချေပစ်မယ်ကွ"

​.........

​ဒုက္ခပင်လယ်ဘေးနေရာလွတ်တစ်ခုမှာ လှုပ်ခတ်သွားလေသည်။

​ကျန်းပေချန်သည် ချန်ဟေးထန်လက်ကိုဆွဲထားလျက် သူတို့ပုံရိပ်များပြန်ပေါ်လာတော့၏။ရှန်းတာအိုဂိုဏ်းနယ်မြေထဲသို့ ခြေချလိုက်သည်နှင့် ကံတရားသည် ရှန်းတာအိုဂိုဏ်းအပေါ်ကောင်းချီးပေးလိုက်လေသည်။

​"တင် အိမ်ရှင်သည် ကံတရားသားတော်တစ်ဦးကို အောင်မြင်စွာလက်ခံလိုက်ပါတယ်။ရှန်းတာအိုဂိုဏ်း၏ကံတရားတိုးပွားလာပြီး ဒုက္ခပင်လယ်အဆင့်မြှင့်တင်ခံရသလို အိမ်ရှင်အား ဒုက္ခပင်လယ်မဟာဗျူဟာကို ထိန်းချုပ်ခွင့် ဆုချလိုက်ပါပြီ"

​ကျန်းပေချန် အလွန်ဝမ်းသာသွားသည်။ဒုက္ခပင်လယ်အဆင့်မြှင့်တင်ခံလိုက်ရသဖြင့် သူ့ချီကျင့်ကြံခြင်းအဆင့်၃ဘဝသည် အဆင့်တက်ချိန်တွင် ဘေးကင်းလုံခြုံသွားပြီဖြစ်ပေ၏။

​သုံးနှစ်တိုင်တိုင် သူ့ကျင့်ကြံခြင်းမှာ ရပ်တန့်နေခဲ့သော်လည်း နောက်ဆုံးတော့ အလင်းရောင်ကို မြင်တွေ့လိုက်ရပြီဖြစ်သည်။

​ကျန်းပေချန်သည် ဒုက္ခပင်လယ်မဟာဗျူဟာကို ချက်ချင်းထိန်းချုပ်ချင်စိတ်ပေါ်လာသော်လည်း သူ့ဘေးတွင်တပည့်သစ်ရှိနေသဖြင့် လောလောဆယ်ထိန်းထားလိုက်ရ၏။

​အလျင်လိုစရာ မလိုပါဘူး။

​သူတို့နှစ်ဦး နယ်နိမိတ်ကျောက်တိုင်အောက်တွင် ရပ်နေကြသည်။

​ချန်ဟေးထန်သည် ပတ်ဝန်းကျင်ကိုကြည့်လိုက်၏။ယိုယွင်းပျက်စီးနေသော ကျောက်တိုင်တစ်ခု၊ရေကန်လေးတစ်ခုနှင့် ရေကန်ဟိုဘက်ခြမ်းတွင် သိပ်မမြင့်သော တောင်ကုန်းလေးတစ်ခုသာရှိပြီး တောင်ကုန်းပေါ်တွင် သက်ကယ်အိမ်အနည်းငယ်ရှိလေသည်။

​ချန်ဟေးထန် ကြောင်အသွားရတော့၏။ရှန်းမြင့်မြတ်နယ်မြေတစ်ခုခုသာဖြစ်မည်ဟု သူထင်ထားခဲ့ခြင်းပင်။ဘယ်လိုလုပ် ချန်မိသားစုရွာထက်တောင် ပိုပြီးစုတ်ပြတ်နေရတာလဲ။

All Chapters