← Chapters

အခန်း (၇)

Vol. 1 Ch. 7

အခန်း (၇)

Vol. 1 Ch. 7

အပိုင်း (၇)

​ချန်ဟေးထန်သည် သူ့ပါရမီမှာအမှန်တစ်ကယ် ညံ့ဖျင်းသည်ဟု တွေးတောကာ စိတ်ထဲ၌သက်ပြင်းချလိုက်မိ၏။သူ့ဆရာမှာသူ့ကို နှစ်သိမ့်ပေးရန်အတွက်သာ ပွင့်ပွင့်လင်းလင်း ထုတ်မပြောခြင်း ဖြစ်ပေမည်။

​လူတစ်ယောက်သည် ကိုယ့်ကိုယ်ကိုသတိပြုမိရန်လိုအပ်ပေသည်။

​အကယ်၍ သူ့ပါရမီမှာ ဤမျှညံ့ဖျင်းနေပါလျက်နှင့် သူ့ကိုယ်သူလေးလေးနက်နက် ပြန်လည်ဆန်းစစ်ခြင်းမရှိပါက သူသည်သေချာပေါက်ကယ်တင်၍မရနိုင်သောသူ ဖြစ်သွားချေတော့မည်။

​"ဆရာသခင် ကျွန်တော်ဆက်ပြီးကျင့်ကြံဖို့ အခန်းဆီပြန်လိုက်ပါဦးမယ်"

ချန်ဟေးထန်သည် လက်သီးဆုပ်အရိုအသေပြုကာ ထွက်ခွာရန်ပြင်လိုက်လေ၏။​သူလှည့်ထွက်သွားခါနီးတွင် ကျန်းပေချန် သူ့ကိုလှမ်းခေါ်လိုက်သည်။

​သွားချင်နေပြီလား။မင်းကကျင့်ကြံခြင်း နည်းစနစ်ကို သင်ယူပြီးသွားပြီလေ ဒါပေမယ့်မင်းဆရာဖြစ်တဲ့ ငါကမသင်ရသေးဘူးကွ။ငါက ဘယ်လိုလုပ်ပြီး မင်းကိုပြန်လွှတ်ပေးနိုင်မှာလဲ။

​ကျန်းပေချန်သည် အင်္ကျီလက်ကိုခါယမ်းလိုက်ပြီး မထူးမခြားနားဟန်ဖြင့်ပြောလိုက်လေ၏။

"မင်းက တတိယအဆင့်ထိ သင်ယူပြီးသွားပြီဆိုတော့ ဆရာတစ်ယောက်အနေနဲ့ မင်းကို စစ်ဆေးရမယ်၊ရှန်းလမ်းစဉ် ပထမအဆင့်ရဲ့ စစ်ဆေးရေးဂိတ်သုံးခုက ဘာတွေလဲ"

​ကျန်းပေချန်လက်ပိုက်လျက် အသာခေါင်းမော့ကာ ချန်ဟေးထန်အဖြေကို စောင့်ဆိုင်းနေလိုက်သည်။သို့မှသာ သူလည်းပြန်လေ့လာနိုင်မည် ဖြစ်ပေ၏။​ချန်ဟေးထန်ရင်ထဲတွင် တင်းကြပ်သွားရသည်။ဆရာဖြစ်သူမှ တပည့်၏ကျင့်ကြံခြင်းရလဒ်များကို စစ်ဆေးသည်ဖြစ်ရာ လေးနက်သောသဘောထား ရှိရမည်ပင်။

​သူ အလျင်အမြန်ပြန်ဖြေလိုက်လေ၏။

"စစ်ဆေးရေးဂိတ်သုံးခုကတော့ ဝေလွီ၊ကျားကျီနဲ့ယွီကျိန်းတို့ပါ"

​ကျန်းပေချန် အသာခေါင်းငြိမ့်လိုက်ပြီး ဆက်မေးလိုက်သည်။

"ဒါဆို ကျန်းကုန်း၊ရွှမ်ဖင်နဲ့ရွှမ်ကွမ်းဆိုတာကရော ဘာကိုရည်ညွှန်းတာလဲ"

​ချန်ဟေးထန် ဂရုတစိုက်ဖြေကြားလိုက်လေ၏။

"ကျန်းကုန်းဆိုတာ နဂါးနဲ့ကျားဆုံတွေ့ရာ နှလုံးသားအောက်ဘက်က အပေါက်ငယ်တစ်ခုပါ၊ရွှမ်ဖင်ဆိုတာက ကျင့်ကြံနေစဉ်မှာ စိတ်ကိုငြိမ်သက်နေစေတာပါ၊ရွှမ်ကွမ်းဆိုတာကတော့ ဘာမှမရှိတဲ့အရာကနေ ဖြစ်တည်မှုအဖြစ် အတွေးတွေစတင်ဖြစ်ပေါ်လာတဲ့ နေရာပါ"

​ကျန်းပေချန်ခေါင်းငြိမ့်ကာ ချီးကျူးလိုက်သည်။

"မဆိုးဘူး မဆိုးဘူး"

​သို့သော် သူ့စိတ်ထဲတွင်မူ အတိုင်းအဆမဲ့ဝမ်းသာပီတိ ဖြစ်နေရချေ၏။​နောက်ဆုံးတော့ သူ နားလည်သွားပြီဖြစ်သည်။

​"ကျင့်ကြံခြင်းနည်းစနစ်ထဲမှာ တာအိုတစ်ခုလုံးရဲ့ပြောင်းလဲမှုတွေကို လွှမ်းခြုံထားတယ် ဆိုတာဘာကိုဆိုလိုတာလဲ"

​ကျန်းပေချန်သည် သူ့ကိုဆက်လက်စစ်ဆေးနေပြီး ပထမအဆင့်မှသည်တတိယအဆင့်ထိ ကျင့်ကြံခြင်းနည်းစနစ်အားလုံးကို မေးမြန်းနေသဖြင့် ချန်ဟေးထန်မှာ အစမှနေပြန်ရှင်းပြရလုနီးပါး ဖြစ်နေရတော့သည်။

​"ဆရာသခင် ဒါတွေက ပထမသုံးဆင့်အပေါ် တပည့်ရဲ့ နားလည်သဘောပေါက်မှုတွေပါ မှန်ရဲ့လားတော့ မသိဘူး"

ချန်ဟေးထန် စိုးရိမ်တကြီးမေးလိုက်လေ၏။

​"အင်း"

ကျန်းပေချန်မျက်နှာတွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာပြီး လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။

"လက်ခံလို့ရတဲ့ အနေအထားပါပဲ၊မင်း သွားလို့ရပြီ"

​ချန်ဟေးထန်သည် ရိုသေစွာထရပ်လိုက်ပြီး စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် သက်ကယ်အိမ်လေးထဲမှ ထွက်ခွာသွားတော့သည်။

​ဟူး ဆရာ့ကို ငါစိတ်ပျက်စေမိပြန်ပြီ။ ဆရာ့ကျေးဇူးကိုဆပ်ဖို့ ငါဒီထက်ပိုပြီးဝီရိယရှိရှိ ကျင့်ကြံမှ ဖြစ်မယ်။

​ချန်ဟေးထန် စိတ်ထဲတွင်ဆုံးဖြတ်ချက်ချလိုက်လေ၏။

​ကျန်းပေချန်သည် ချန်ဟေးထန်ခြေသံများ ဖြည်းဖြည်းချင်းဝေးကွာသွားသည်ကို ကြားလိုက်ရပြီးနောက် တံခါးကိုပိတ်ကာ သူ့မျက်နှာတွင်အံ့သြဝမ်းသာမှုများ လင်းလက်လာတော့သည်။

​ဟီးဟီး.....နောက်ဆုံးတော့ ရှန်းလမ်းစဉ် ကျင့်ကြံခြင်းနည်းစနစ်ရဲ့ ပထမသုံးဆင့်ကို ငါနားလည်သွားပြီ။ကျင့်ကြံဖို့အချိန်တန်ပြီဟေ့။

ရှောင်​ဟေးရေ ရှောင်ဟေးရ မင်းမျက်နှာကအရင်ကတည်းက မည်းပြီးသားပဲဟာ၊နှစ်ခါလောက် အမြတ်ထုတ်ခံလိုက်ရတော့ရော ဘာဖြစ်မှာမို့လဲ။

​ဟီးဟီး.....

​တစ်ချက်နှစ်ချက်ခိုးရယ်ပြီးနောက် ကျန်းပေချန်သည် ချန်ဟေးထန်ရှင်းပြသွားသော ပထမသုံးဆင့်အတိုင်း စတင်ကျင့်ကြံလေတော့၏။

​နောက်တစ်နေ့ မနက်ခင်းတွင်

​ကျန်းပေချန် သက်ကယ်အိမ်လေးထဲမှ အောင်နိုင်သူတစ်ယောက်ကဲ့သို့ လမ်းလျှောက်ထွက်လာပြီး သူ့မျက်နှာပေါ်တွင်ဖုံးကွယ်မရနိုင်သော ပျော်ရွှင်မှုများဖြာထွက်နေလေ၏။

​တစ်ညလုံးကျင့်ကြံပြီးနောက် သူ့ကိုသုံးနှစ်တိုင်တိုင် ဒုက္ခပေးခဲ့သော အတားအဆီးသည် နောက်ဆုံး၌ပျက်သွားခဲ့ပြီး ယခုအခါကျန်းပေချန်သည် ချီကျင့်ကြံခြင်းအဆင့်၄ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ချေပြီ။

​သူ့စိတ်အခြေအနေမှာ ပြောမပြတတ်အောင် ကြည်နူးစရာ ကောင်းနေတော့သည်။

​ကျန်းပေချန်သည် လက်နောက်ပစ်ရင်း သီချင်းတစ်ပုဒ်ကိုညည်းကာ ရေကန်လေးအတိုင်း လမ်းလျှောက်လာခဲ့၏။​သူသည် ဂိုဏ်းရှုခင်းကို ပိုလှပစေရန် ပန်းပင်များနှင့် အပင်အချို့ စိုက်ပျိုးဖို့ စဉ်းစားနေလိုက်သည်။​ချန်ဟေးထန်၏သက်ကယ်အိမ်တံခါး ပွင့်နေသည်ကို မြင်လိုက်ရသဖြင့် သူက ရွှင်လန်းစွာ နှုတ်ဆက်လိုက်လေ၏။

"တပည့်လေး မင်္ဂလာနံနက်ခင်းပါ"

​လူတစ်ယောက်၌သတင်းကောင်း ရှိလာသောအခါ လန်းဆန်းတက်ကြွနေတတ်စမြဲပင် ဖြစ်ပေသည်။

​"ဒီနေ့ ဆရာစိတ်ပျော်နေတယ်၊ဒါကြောင့်မလို့ မင်းကိုလမ်းညွှန်ချက် နှစ်ခုလောက်ပေးမယ်"

ကျန်းပေချန်ပြောလိုက်သည်။

"ရှန်းကျင့်ကြံခြင်း လမ်းကြောင်းမှာ ဘယ်တော့မှ စိတ်မလောရဘူး၊ချီကျင့်ကြံခြင်း အဆင့်မှာ အားစိုက်ထုတ်တာနဲ့ အနားယူတာကို မျှတအောင် ထိန်းထားနိုင်မှသာ လမ်းစဉ်မှန်ဖြစ်နိုင်တယ်"

​ချန်ဟေးထန်သည် သူ့ဆရာနားလည်ပေးမှုအပေါ် ကျေးဇူးတင်မိသော်လည်း သူ့ပါရမီမှာညံ့ဖျင်းလွန်းသည်ဟု ခံစားနေရသဖြင့် မသန်စွမ်းသောငှက်မှာ စောစောပျံသန်းရသကဲ့သို့ သူ့အားနည်းချက်များကို ဝီရိယဖြင့်သာ အစားထိုးရန် တတ်နိုင်ရှာတော့သည်။

​ဆရာက သူ့တပည့်ကို တစ်ကယ်တန်ဖိုးထားတာပဲ။ကျင့်ကြံခြင်းမျှတဖို့ မူဝါဒကိုသတိပေးနေရှာတယ်။တစ်ကယ်တော့ တစ်ညလုံး သူမအိပ်ခဲ့ပေ။ဆရာဖြစ်သူ၏ အပင်ပန်းခံ လမ်းညွှန်မှုကို စိတ်မပျက်စေချင်သဖြင့် တစ်ညလုံး ရှန်းလမ်းစဉ်ကို လေ့ကျင့်နေခဲ့ခြင်းဖြစ်၏။

​ချန်ဟေးထန် ရှက်ရွံ့စွာဖြင့်ပြောလိုက်သည်။

"ကျွန်တော် ဆရာ့ကိုလာပြောပြမလို့ပါပဲ၊မနေ့ညက ဆရာကျွန်တော့်ကို စစ်ဆေးပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့နားလည်နိုင်စွမ်း က အရမ်းညံ့ဖျင်းတယ်လို့ခံစားမိပြီး ပိုဝီရိယရှိရှိ ကျင့်ကြံဖို့ လိုအပ်တယ်လို့ တွေးမိပါတယ်၊ပြန်ရောက်တဲ့အခါ ကျွန်တော် အားကုန်စိုက်ပြီး နားလည်အောင် ကြိုးစားခဲ့ပေမယ့် တစ်ညလုံး ကြိုးစားပမ်းစား ကျင့်ကြံခဲ့တာတောင် အခုမှ ချီကျင့်ကြံခြင်း အဆင့် ၃ ကိုပဲ ရောက်ပါသေးတယ်"

​ဘာရယ်

​သူက တစ်ညတည်းနဲ့ချီကျင့်ကြံခြင်း အဆင့် ၃ ကို ရောက်သွားတယ် ဟုတ်လား။ငါဆို ချီကျင့်ကြံခြင်း အဆင့် ၃ရောက်ဖို့ နှစ်နဲ့ချီပြီး ကျင့်ကြံခဲ့ရတာလေ။

​သောက်ကျိုးနည်း

​ကျန်းပေချန် အလွန်တရာတုန်လှုပ်ခြောက်ခြားသွားရသည်။

​သူ့မျက်နှာပေါ်မှ အပြုံးပျောက်ကွယ်သွားပြီး အလွန်ကောင်းမွန်နေသော သူ့စိတ်အခြေအနေသည် ချက်ချင်းပင်အနက်ရှိုင်းဆုံး ချောက်ကမ်းပါးထဲသို့ ထိုးကျသွားတော့၏။​ချန်ဟေးထန်သည် သူ့ဆရာမျက်နှာ မည်းမှောင်လုနီးပါး ဖြစ်သွားသည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန်ဒူးထောက်ချလိုက်ပြီး ပြောလိုက်လေသည်။

"ကျွန်တော် ဆရာ့ကို အရှက်ရစေမိပါပြီ၊ဟေးထန် အခုချက်ချင်းပြန်သွားပြီး နှစ်ဆပိုကြိုးစားပြီး ကျင့်ကြံပါ့မယ်"

​ဟူး တစ်ညလုံးအချိန်ယူတာတောင် ချီကျင့်ကြံခြင်း အဆင့်၃ပဲရောက်သေးတော့ ဆရာ့ရဲ့သတ်မှတ်ချက်တွေနဲ့ အများကြီးလိုနေသေးပုံရတယ်။

​ချန်ဟေးထန်သည် သူ့ကိုယ်သူသာအပြစ်တင်လိုက်မိ၏။သူ့ပါရမီက ညံ့ဖျင်းလွန်းနေသေးတယ်။

​"ဆရာသခင် အပြစ်ပေးချင်ရင်ပေးလိုက်ပါ၊တပည့်မှာ လုံးဝငြီးငြူစရာမရှိပါဘူး"

ချန်ဟေးထန် သူ့အမှားကိုဝန်ခံသည့်ပုံစံဖြင့် ပြောလိုက်လေသည်။

​တောက်

​ငါကမင်းကို အပြစ်ပေးချင်ရုံတင် မကဘူးကွ။ဖြစ်နိုင်ရင် ရိုက်တောင်ရိုက်ချင်နေပြီ။

​ထိုအချိန်တွင် ကျန်းပေချန်သည် သူ့ယခင်ဘဝမှ ထိပ်တန်းကျောင်းသားများကို မြင်ယောင်လာသကဲ့သို့ ဖြစ်နေတော့သည်။

​"အား ငါအမှားတစ်ခုလုပ်မိသွားတယ်၊ဒီတစ်ခါ သင်္ချာမှာ ၁၄၉မှတ်ပဲရတော့မှာ"

​တစ်ကယ်ကို သောက်ကျိုးနည်းဒေါသထွက်စရာကောင်းလိုက်တာ။

​အမည်တပ်မရသော ဒေါသတစ်ခုသည် ကျန်းပေချန်ရင်ထဲတွင် မြင့်တက်လာရသည်။

စိတ်ထိန်းထား စိတ်ထိန်းထား သူ့ကိုယ်သူ သတိပေးလိုက်ရ၏။

​သူက လျှို့ဝှက်ဂိုဏ်းတစ်ခုရဲ့ဂိုဏ်းချုပ်လေ။

ပြိုင်ဘက်ကင်း ပညာရှင်တစ်ဦးမလား။

​သူ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်နှာထားသည် တည်ငြိမ်အေးဆေးသော ပုံစံသို့ ပြန်လည်ရောက်ရှိသွားကာ

"မင်းက တော်တော်လေးလုံ့လရှိတာပဲ၊ငါ အချိန်ရရင် မင်းကိုထပ်စစ်ဆေးပေးမယ်"

ထို​စကားပြောပြီးနောက် သူလှည့်ထွက်သွားပြီး အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။ငါးမျှားချင်စိတ်ပင် မရှိတော့ချေ။

​ပါရမီမြင့်လွန်းသော တပည့်နှင့် ပါရမီနိမ့်လွန်းသော ဆရာတို့ တွေ့ဆုံနေကြရာ သူဘယ်လိုမှ အားအင်မရှိတော့သလို ခံစားလိုက်ရသည်။

​"ကြေကွဲစရာကောင်းလိုက်တာကွာ ငါဘယ်လိုအသက်ဆက်ရတော့မှာလဲ"

ချောင်နီမားအကောင်(သံတူအဆဲစကားပါ - မင်းမြေနိုးဆိုပြီးဆဲချင်တာ)တစ်သောင်းလောက် ကျန်းပေချန်စိတ်ထဲတွင် ဖြတ်သန်းပြေးလွှားသွားသကဲ့သို့ ခံစားလိုက်ရပေသည်။

သုံးနှစ်တာ သူ့ကြိုးစားအားထုတ်မှုက သူများရဲ့တစ်ညတာနဲ့တောင် မယှဉ်နိုင်ပါလားဟု တွေးမိလိုက်၏။

​ဒါက သုံးနှစ်လုံးလုံး အလုပ်လုပ်ပြီး ရလာတဲ့ ပိုက်ဆံက သူများ တစ်ညတည်း လုပ်လိုက်တဲ့ လုပ်အားခနဲ့ မယှဉ်နိုင်သလို ဖြစ်နေပေသည်။

​ဘယ်လောက်တောင် စိတ်ဓာတ်ကျစရာ ကောင်းလိုက်သလဲ။

All Chapters