← Chapters

အခန်း (၄၇)

Vol. 5 Ch. 47

အခန်း (၄၇)

Vol. 5 Ch. 47

*(47)

ကျန်းရှို့ရင်းက လီလင်း၏မေးခွန်းကိုကြားလျှင် ပို၍တက်ကြွလာခဲ့သည်။

"သေချာတာပေါ့၊ အဲဒီတုန်းက သူ စစ်ထဲဝင်ဖို့တောင် ဖန်းဟုန်ရှင်းတို့ မိသားစုဘက်က အဆက်အသွယ်တွေကို သုံးခဲ့ရတာတဲ့"

ကျန်းရှို့ရင်း ခေါင်းကိုစောင်းကာ အသံကို တိုးနိုင်သမျှ တိုး၍ ပြောပြလာသည်။

လီရှန်းက မည်သည့်စကားကိုမျှ ဝင်မပြောဘဲ ဘေးသို့ အသာတိုးလိုက်ကာ လီလင်း၏ ပုခုံးကို မသိမသာတိုက်လိုက်သည်။

သို့နှင့် နောက်ထပ်မေးမြန်းချင်နေသော လီလင်းသည်လည်း သဘောပေါက်သွားကာ ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့၏။

"စိတ်ချပါ၊ ကျွန်မတို့က ခုမှ အထက်တန်းအောင်ခါစပဲရှိသေးတာလေ၊ ရည်းစားတောင် မရှိသေးပါဘူး.. အိမ်ထောင်ပြုဖို့က အဝေးကြီးပဲ"

လီရှန်းက လီလင်း၏ ကျောကို အသာပုတ်ရင်း ပြောလိုက်သည်။

"ပြီးတော့ ကျွန်မတို့က အသက် ၂၀ တောင် မပြည့်သေးဘူး၊ အိမ်ထောင်ရေးအတွက် မလောပါဘူး"

ကျန်းရှို့ရင်းတစ်ယောက် သူတို့နှစ်ဦးထံမှ မည်သည့်သတင်းကိုမျှ ပြန်မရတော့သဖြင့် စိတ်ပျက်သွားသည့်ပုံပေါ်သည်။

သူမဘက်မှ ဖန်းဟုန်ရှင်း၏မကောင်းကြောင်းကိုပြောပါက သူတို့နှစ်ဦးဘက်မှ ထောက်ခံပေးလာမည်ဟု မျှော်လင့်ထားသော်လည်း ဤမိန်းကလေးနှစ်ဦးမှာ ငယ်ရွယ်သော်လည်း စကားပြောရာတွင် အတော်လေး သတိကြီးကြသည်ကို တွေ့လိုက်ရသည်။

"ဒါဆိုလည်း ကောင်းပါပြီ၊ အခုက အလုပ်ဝင်ချိန်ကို ရောက်ပြီဆိုတော့ အဆောင်ကို ပြန်ကြရအောင်"

ကျန်းရှို့ရင်းက ဆက်ပြောရန်စိတ်မပါတော့ဘဲ သူတို့ကို အဆောင်သို့ ပြန်ခေါ်လာခဲ့သည်။ အခန်းထဲသို့ ဝင်လိုက်သည်နှင့် ခုတင်ဘေးတွင် ထိုင်ကာ စာဖတ်နေသော ဖန်းဟုန်ရှင်းကို တွေ့လိုက်ရသည်။

"ဟုန်ရှင်း၊ နင် စာတွေ ထပ်ဖတ်နေပြန်ပြီလား.. နင် ဒီလိုအများကြီး ဖတ်နိုင်တာကို ငါ တကယ် အံ့ဩတယ်၊ ငါဆိုရင် စာမေးပွဲတုန်းကပဲ ခဏလေး ကြည့်ခဲ့တာ၊ အခုပြန်ကြည့်ရင် ခေါင်းတောင် မူးတယ်"

ဖန်းဟုန်ရှင်း စာအုပ်ကိုကိုင်ထားသည်ကို မြင်လျှင် ကျန်းရှို့ရင်းက အော်ပြောလိုက်လေသည်။

လီရှန်း မသိမသာလှမ်းကြည့်လိုက်မိလျှင် ထိုစာအုပ်က 'နိုင်ငံခြားဆေးပညာ ရည်ညွှန်းချက်များ' ဟု အမည်ရသော ဝါညစ်ညစ်မျက်နှာဖုံးနှင့် စာအုပ်အဟောင်းလေး ဖြစ်နေခဲ့သည်။

စာအုပ်၏မျက်နှာဖုံးက အဝါရောင်သန်းပြီး အနည်းငယ်ဟောင်းနွမ်းနေခြင်းကြောင်း မကြာခဏ ဖတ်လေ့ရှိကြောင်းကို ညွှန်ပြနေသည်။

ဤစာအုပ်တွဲကို ရှန်ဟိုင်းဆေးဘက်ဆိုင်ရာ သတင်းအချက်အလက် ဌာနမှ ထုတ်ဝေထားခြင်းဖြစ်ကြောင်းကို လီရှန်း သိပေသည်။

လီရှန်းအနေဖြင့် ဤစာအုပ်ကို ယခင်က တစ်ပတ်ရစ် စာအုပ်ဝက်ဘ်ဆိုက်တစ်ခုတွင် မြင်ဖူးခဲ့သည်။

စာအုပ်က ဈေးမကြီးသော်လည်း ရောင်းချသူက ဝါသနာတစ်ခုအနေဖြင့်သာ သိမ်းထားပြီး ရောင်းချဖို့ရန် ရည်ရွယ်ချက်မရှိသည့်ပုံပင်။

သူမဘက်မှ ဈေးနှုန်းကို အကြိမ်ပေါင်းများစွာ မေးမြန်းခဲ့သော်လည်း မည်သူကမှ ပြန်မဖြေခဲ့ချေ။

  သူမရှာတွေ့နိုင်တဲ့ အပြည့်စုံဆုံးစာအုပ်က ဒုတိယစစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ထုတ်ဝေသည့် အတွဲ ၁၀ တွဲပါ စာအုပ်သာဖြစ်သည်။

သူမအနေဖြင့် "ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး" စာအုပ်ကို အများဆုံးဖတ်ဖြစ်ခဲ့သည်။

ဖန်းဟုန်ရှင်းက ကျန်းရှို့ရင်း၏ စကားပြောဆိုပုံကို နေသားကျနေပုံရကာ စိတ်မဆိုးဘဲ အပြုံးတစ်ခုဖြင့်သာ ပြန်ဖြေလာသည်။

"နေ့လယ်ခင်းဘက်က ဘာမှလုပ်စရာမရှိလို့ ခဏလောက်ဖတ်နေတာ.. ပိုလေ့လာထားတော့လည်း အကျိုးမယုတ်ဘူးမလား"

"ကောင်းပြီ၊ နင်က စိတ်ရှည်လွန်းတော့ ဖတ်နိုင်တာပေါ့၊ ငါကတော့ စိတ်မရှည်ဘူး"

ကျန်းရှို့ရင်းက လက်ကို ဝေ့ရမ်းပြကာ ခုတင်ပေါ်တွင် ထိုင်ပြီး မှန်တစ်ချပ်ကိုထုတ်ကြည့်လိုက်သည်။

"မင်းတို့တွေ ခေါင်မိုးပေါ်ကို သွားကြည့်တာ ဘယ်လိုနေလဲ"

ဖန်းဟုန်ရှင်းက အသစ်ရောက်လာသော လုပ်ဖော်ကိုင်ဖက်နှစ်ဦးကို ရင်းနှီးဖော်ရွေစွာပြောလာသည်။

ကျန်းရှုရင်းမှ သူမ၏အကြောင်းကို ထပ်ပြီး အတင်းအဖြင်း ပြောနေကြောင်းကို သူမသိပေသည်။

သူမက ထိုအတင်းအဖြင်းကိုပြောပြီးသည်နှင့် လုပ်ဖော်ကိုင်ဖက်အသစ်နှစ်ယောက်ကို လျစ်လျူရှုထားလိုက်ပုံရသည်။

ထို့ကြောင့် ဤအချိန်တွင် သူတို့က ကြောင်အအ ခံစားနေရပေလိမ့်မည်။

ဖန်ဟောင်ရှင်းက စိတ်ထဲမှ သက်ပြင်းချပြီး စာအုပ်ကိုချကာ သူတို့ကို စကားစလိုက်ခြင်းပင်။

"အတော်လေး အဆင်ပြေတယ်၊ နောက်ဆိုရင် အဝတ်လှန်းဖို့ နေရာရတာပေါ့"

လီရှန်းက ဖန်းဟုန်ရှင်းကို ပြုံးပြလိုက်သည်။

ကျန်းရှို့ရင်းပြောပြသော ဖန်းဟုန်ရှင်း၏အကြောင်းများက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူမနှင့် မသက်ဆိုင်ပါချေ။

ထို့ကြောင့် သူမ၏ သဘောထားက ပြောင်းလဲသွားခြင်းမရှိဘဲ နွေးထွေးစွာဖြင့်ပင် ဆက်ဆံလိုက်သည်။

"ကျွန်မက ဒီပိုင်မားခရိုင်ကပဲလေ၊ နောက်ဆိုရင် အိမ်ကိုပြန်အိပ်တာမျိုးလည်း ရှိနိုင်တယ်.. အဲဒါဘယ်လိုလုပ်ထုံးလုပ်နည်းတွေ လိုအပ်သေးလဲ"

"မင်း အဆောင်မှူးဆီကို သွားပြီးစာရင်းပေးထားရင်ရပြီ "

ဖန်းဟုန်ရှင်းက လီရှန်းမှာ ဒေသခံတစ်ဦးဖြစ်ကြောင်း သိလိုက်ရပြီးနောက် လေသံက ပို၍ပင်နူးညံ့သွားခဲ့သည်။

"ငါတို့က ကျောင်းမှာမဟုတ်တော့ စည်းကမ်းက အဲလောက်မတင်းကျပ်ပါဘူး.. ဒါပေမဲ့ ညတိုင်းလူစစ်တာတော့ ရှိတယ်၊ တစ်ခုခုဖြစ်ခဲ့ရင် အချိန်မီ သိနိုင်အောင်လို့လေ"

"အမ်.. အဲဒါက ပိုကောင်းတာပဲမလား""အလုပ်ဝင်ချိန် နီးပြီဆိုတော့ ကျွန်မလည်း အိမ်ကိုပြန်ပြီး ပစ္စည်းတွေ သိမ်းဦးမယ်.. မနက်ဖြန် အလုပ်ဆင်းပြီးမှ အဆောင်ကို ပြောင်းလာခဲ့တော့မယ်"

လီရှန်း ပြောရင်းဖြင့်လီလင်း၏ ပုခုံးကို ပုတ်လိုက်သည်။

"ကျွန်မတို့က ခုမှအထက်တန်းအောင်ခါစပဲ ရှိသေးတော့ အလုပ်လည်း မလုပ်ဖူးသေးဘူး၊ ဒီတော့ မသိတာရှိရင် အစ်မတို့ကို မေးဦးမယ်နော်၊ ကျွန်မတို့ကို အမေးအမြန်းထူတယ်ဆိုပြီး စိတ်မပျက်ပါနဲ့ဦး"

"ရပါတယ်၊ ဒါက ဘာတွေများခက်ခဲနေလို့လဲ"

ဖန်းဟုန်ရှင်းက သဘောကောင်းစွာ ဖြေလာခဲ့သည်။

ကျန်းရှို့ရင်းအနေဖြင့် အသက် ၂၀ ကျော်ကာစသာ ရှိသေးသော သူမကို 'အစ်မ' ဟု အခေါ်ခံလိုက်ရသဖြင့် အိုမင်းသွားသကဲ့သို့ ခံစားရကာ 'ဟမ့်' ကနဲ နှာခေါင်းရှုံ့လျက် မှန်ကိုပေါင်ပေါ်သို့ ပစ်ချလိုက်လေသည်။

လီရှန်း သူမ၏အမူအရာကို မမြင်ချင်ယောင်ဆောင်ကာ ဆက်ပြောလိုက်သည်။

"ကျွန်မတို့က ဒေသခံတွေဆိုတော့ အစ်မတို့လည်း ခရိုင်ထဲမှာ သိချင်တာတွေရှိရင် ကျွန်မတို့ကို မေးလို့ရပါတယ်"

"ဒါဆိုရင်တော့ ကောင်းတာပေါ့၊ တစ်ယောက်ကိုတစ်ယောက် ကူညီကြရအောင်"

ဖန်းဟုန်ရှင်းက ပို၍ပင်ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။

အဆောင်ဝင်းထဲမှ ထွက်လာပြီးနောက် လီလင်း သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိသည်။

"ဒီလိုအခန်းကျဉ်းလေးထဲမှာတောင် အခြေအနေက မအေးချမ်းပါလား"

"နင် ကျန်းရှို့ရင်းနဲ့ ခပ်ကွာကွာ နေတာကောင်းလိမ့်မယ်၊ အထူးသဖြင့် ငါတို့ရဲ့အိမ်ကအကြောင်းတွေကို လျှောက်မပြောနဲ့"

အချိန်ခဏတာ ဆက်ဆံလိုက်ရုံဖြင့် ကျန်းရှို့ရင်းက မည်သို့သော လူစားမျိုးဖြစ်ကြောင်းကို လီရှန်း သိလိုက်ရပြီဖြစ်သည်။

ကျန်းရှုရင်းက စိတ်ထားကောင်းမကောင်း သူမ မသေချာသော်လည်း ပါးစပ်စည်းမရှိသူဖြစ်နေသည်ကတော့ အမှန်ပင်ဖြစ်သည်။ လီလင်းက သူမ၏မိသားစုအကြောင်းကို မကြာခဏညည်းတွားလေးရှုကြောင်းကို တွေးပြီး လီရှန်းသတိပေးလိုက်သည်။

"သူတို့က မြို့တော်က လာတဲ့သူတွေဆိုတော့ ဒီခရိုင်ထဲမှာ နာမည်ပျက်သွားရင်လည်း သူတို့အတွက် ဘာမှမဖြစ်ဘူး.. ဒါပေမဲ့ ငါတို့က ဒေသခံတွေလေ၊ နာမည်ပျက်သွားရင် ဘယ်နေရာကိုမှသွားလို့ ရမှာမဟုတ်ဘူး"

လီလင်းတစ်ယောက် ထိတ်လန့်သွားပြီး အလျှင်အမြန် ခေါင်းညိတ်လာသည်။

"ကောင်းပြီ၊ ငါ ပါးစပ်ပိတ်ထားလိုက်မယ်"

"သူမက ငါ့အကြောင်းတွေကို လာမေးရင်လည်း မသိဘူးလို့ပဲ ဖြေလိုက်.. နင့်ရဲ့အကြောင်းကို မေးရင်လည်း ဘာကပြောသင့်တယ်၊ ဘာက မပြောသင့်ဘူးဆိုတာကို သေချာစဉ်းစားပြီးမှ ပြောရမယ်"

လီရှန်း လီလင်းအတွက်စိုးရိမ်တကြီး ဆက်လက်မှာကြားနေခဲ့သည် ဤတုံးအသော မိန်းကလေးက မိသားစုထဲမှ လျှို့ဝှက်ချက်များအားလုံးကို ဖော်ထုတ်ဖို့ သွေးဆောင်ခံရပြီး ထိုအကြောင်းများက အတင်းအဖြင်း ခေါင်းစဉ်ဖြစ်လာမည်ကို သူမ အမှန်တကယ် စိတ်ပူနေမိသည်။

လီလင်းက ပို၍ပင်စိုးရိမ်သွားခဲ့ကာ မေးမြန်းလာသည်။

"ငါ အကုန်လုံးကိုမသိဘူးလို့ပဲ ပြောလိုက်ရမှာလား"

"အဲလိုလုပ်လို့ ဘယ်ရမလဲ၊ ကိုယ့်အိမ်အကြောင်းတောင် မသိဘူးလို့ပြောနေရင် ကျန်းရှို့ရင်းက ပိုပြီးတော့တောင် စပ်စုနေလိမ့်မယ်"

လီရှန်းက ခေါင်းကိုခါရင်း ပြောလိုက်သည်။

"ဒီလိုပြောလိုက်... 'ဘယ်သူရဲ့မိသားစုအိမ်မဆို ဒီလိုပါပဲ' ဆိုပြီးတော့"

ဤစကားမှာ နောက်ပိုင်းခေတ်ကာလတွင် အသုံးများသော နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး လီရှန်းတစ်ယောက် လက်တလောတွင် သတိရသွားခြင်း ဖြစ်ပေသည်။

လီရှန်းသည်လည်း လီလင်းကို မှာပြီးနောက် အိမ်သို့ တန်းမပြန်ဘဲ အသားရောင်းသည့်ဆိုင်သို့ သွားကာ ကျန်းချောင်အတွက် ဝက်သားတစ်ပိဿာခန့် ဝယ်ယူခဲ့သည်။ အစိုးရပိုင် အသားဆိုင်က သမာဝါရမနှင့် စျေးကွက်ရှာဖွေရေးစျေး၏ ဘေးတွင် ရှိသည်။

သို့သော် အချိန်နောက်ကျသွားသောကြောင့် အသားကောင်းများ မကျန်တော့ပေ။ ဝက်အဆုတ်နှင့် အရိုးများသာ ကျန်ရှိနေတော့သည်။

အရိုးမှာ အဆီနဲ့ အသားများအားလုံးကို ခြစ်၍ ထုတ်ယူပြီး အရိုးကြီးကိုသာ ချန်ထားခဲ့ခြင်းဖြစ်သည်။ ဆိုရလျှင် အသားတစ်မျှင်မှ မမြင်ရလောက်အောင် သေသေချာချာ ရှင်းလင်းထားခြင်းပင်။

အသားမရှိတော့သည်က အနည်းငယ်လောက် နှမြောစရာသော်လည်း လီရှန်းက ဝက်အဆုတ်နဲ့ အရိုးများအားလုံးကိုပါ ဝယ်လိုက်သည်။

ဝက်အဆုတ်များက သန့်ရှင်းရေးလုပ်ရခက်ခဲပြီး အညှီနံ့လည်းပြင်းထန်လွန်းကာ အဆီလည်းမရှိသောကြောင့် လူအများစုက မစားချင်ကြပါချေ။

ဝက်အဆုတ်များကို အသားဆိုင်မှ သေသေချာချာသန့်ရှင်းပေးထားလျှင် စားချင်သူများရှိနိုင်သော်လည်း ထိုသို့လုပ်ပေးဖို့က မဖြစ်နိုင်ပေ

လီရှန်းအနေဖြင့် မစ်ရှင်လောကတွင် ဒုက္ခအမျိုးမျိုးကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

ဝက်အဆုတ်ကို ဆေးကြောခြင်းက သူမအတွက် အသေးအဖွဲပြသနာလေးသာဖြစ်ပေ၏။

ထို့ကြောင့် လီရှန်းသည် ဝက်အဆုတ်များကို ဝယ်ယူလာခဲ့ပြီး ကုန်စုံဆိုင်သို့ သွားပြီး အဖြူရောင်ငရုတ်ကောင်းမှုန့် အနည်းငယ် ဝယ်ယူ၍ အိမ်သို့ သယ်လာခဲ့သည်။

အိမ်ကိုပြန်ရောက်ပြီးနောက် သူမက မီးဖိုကို မီးမွှေးပြီး ဝက်အရိုးများကို တူနဲ့ခွဲကာ သန့်စင်ပြီး အိုးထဲသို့ထည့်၍ ပြုတ်လိုက်တယ်။

ပြီးနောက် ဝက်အဆုတ်များကို သန့်ရှင်းရေးလုပ်ခဲ့သည်။ ဝက်အဆုတ်ကိုချက်ရန်အတွက် အရေးကြီးဆုံးအချက်မှာ ဆေးပြောခြင်းသာဖြစ်သည်။လီရှန်းက အနီရောင်အဆုတ်များကို အဖြူရောင်အဆုတ်တွေဖြစ်သည်အထိ အရင်ဆုံးဆေးကြောပြီး လေပြွန်တစ်လျှောက်မှ အောက်ဘက်ကို ကတ်ကြေးနှင့် ဖြတ်လိုက်သည်။

အဆုတ်လမ်းကြောင်းအားလုံးကိုလည်း ဖောက်ပြီး သန့်စင်လိုက်သည်။ နောက်ဆုံးတွင်တော့ ပြန်ရည်ကျိတ်တွေကို ဖယ်ရှားကာ အတုံးကြီးများအဖြစ် လှီးလိုက်ပြန်သည်။

ထို့နောက် ရေနွေးနဲ့ပြုတ်လိုက်ပြီမှ ပြန်လည် ဆယ်ယူလိုက်ကာ သန့်စင်ပြီး ဝက်သားအရိုးများနှင့် စတူးချက်ရန် အတုံးသေးလေးများအဖြစ် လှီးလိုက်လေ၏။

All Chapters