အခြေခံအုတ်မြစ် ကို ပြုပြင်ခြင်း
Vol. 21 Ch. 228
"ဒါက ကျောက်ဖိန် (ကောင်းချီး) တစ်ခုပဲ"
ချန်ကျန်းက တက်လှမ်းသူအားလုံး၏ ရှေ့တွင် ရပ်ကာ အင်မော်တယ်လှေကား၏ စည်းမျဉ်းများနှင့် အခြေအနေများကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
အင်မော်တယ်လှေကားတွင် စုစုပေါင်း အထစ် ၉၉၉ ခု ရှိသည်။
ပထမ အထစ် ၉၀၀ တွင် လှေကား ၁၀ ထစ် စီက သေမျိုးနယ်ပယ် အတွင်းရှိ ကျင့်ကြံမှု အဆင့်သေး တစ်ခုစီကို ပြန်လည် လေ့ကျင့်ရန် ဖြစ်သည်။
ချီသန့်စင်ခြင်း ၊ အုတ်မြစ်ချခြင်း ၊ ရွှေအူတိုင် ၊ နတ်ဝိညာဉ် ၊ ဝိညာဉ်အသွင်ပြောင်းခြင်း ၊ နတ်အသွင်ပြောင်းခြင်း ၊ ပေါင်းစည်းခြင်း ၊ အတိဒုက္ခ ဖြတ်ကျော်ခြင်း နှင့် တက်လှမ်းခြင်း ။
သေမျိုးနယ်ပယ် ရှိ ကျင့်ကြံမှု အဆင့်အားလုံးကို ဒုတိယအကြိမ်အဖြစ် အသေးစိတ် ပြန်လည် ပြုပြင်ခွင့်ရမည် ဖြစ်ပြီး ပိုမို ခိုင်မာလာစေမည် ဖြစ်သည်။
နောက်ဆုံး ကျန်ရှိသော အထစ် ၉၉ ထစ်မှာမူ အလားအလာ ကို ဖောက်ထွက်ရမည့် အထစ်များ ဖြစ်သည်။
အကယ်၍ ထိုအထစ်များသို့ အောင်မြင်စွာ ရောက်ရှိနိုင်ပြီး အချို့သော လှေကားထစ်များကို ကျော်ဖြတ်နိုင်ပါက နောင်တစ်ချိန် အင်မော်တယ်အဆင့် ကျင့်ကြံမှုများအတွက် အတိုင်းအဆမရှိ အကျိုးကျေးဇူး ရရှိမည် ဖြစ်သည်။
သို့သော် အကျိုးကျေးဇူးများသလောက် ခက်ခဲမှုမှာလည်း အလွန်ပင် ကြီးမားလှသည်။
အင်မော်တယ်လှေကားက တပည့်များ၏ ကျင့်ကြံမှု အခြေခံနှင့် တာအို အပေါ် နားလည်သဘောပေါက်မှု မည်မျှ ခိုင်မာသည်ကို စမ်းသပ်ခြင်း ဖြစ်သည်။
အခြေခံ ပိုမို နက်ရှိုင်းသော တပည့်များသာလျှင် လှေကားပေါ်တွင် ပိုမို ဝေးဝေး တက်နိုင်မည် ဖြစ်ပြီး လက်တွေ့ကျသော အကျိုးကျေးဇူးများကို ပိုမို ရရှိမည် ဖြစ်သည်။
"အင်မော်တယ်လှေကား တက်ဖို့ အချိန်ကတော့ (၂) နာရီပဲ ပေးမယ်"
"အချိန်ပြည့် သွားတာနဲ့ လူတိုင်းကို အပြင်ကို ပြန်ပို့ပေးလိမ့်မယ်"
"ဒီလို ရှားပါးလှတဲ့ အခွင့်အရေးကို သေချာဆုပ်ကိုင်ပြီး ကိုယ့်ရဲ့ ကျင့်ကြံမှု အဆင့်တွေကို ပြန် သွေးကြပါ"
ချန်ကျန်းက ပြုံးလျက် ပြောလိုက်သည်။
ထို့နောက် သူက လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရာ အင်မော်တယ်ဘုရင် ၏ အော်ရာ မှာ ကောင်းကင်သို့ ထိုးတက်သွားပြီး လူအများ၏ ဦးခေါင်းပေါ်ရှိ တိမ်တိုက်များကို ဖယ်ခွာသွားစေသည်။
အလင်းတန်းများ ကျရောက်လာပြီးနောက် စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသည့် လှေကားကြီးတစ်ခု လူအများရှေ့တွင် ပေါ်လာတော့သည်။
၎င်းမှာ ကောင်းကင်အထက်သို့ တိုးဝင်သွားပြီး အဆုံးကို မမြင်နိုင်ပေ။
"ဒါဆို... စလိုက်ကြရအောင်"
ချန်ကျန်းက လက်ချောင်းကို တစ်ချက် လှုပ်လိုက်ရုံဖြင့် ရွှေရောင်အင်မော်တယ်လှေကားမှာ အလင်းတန်းများ ပိုမို တောက်ပလာပြီး တက်လှမ်းသူ အားလုံးကို လွှမ်းခြုံသွားသည်။
နောက်တစ်ခဏတွင် လူအားလုံးမှာ ပျောက်ကွယ်သွားတော့သည်။
ခေါင်းပေါ်ရှိ အင်မော်တယ်လှေကားကို ကြည့်ရင်း ဖန်း မျိုးနွယ် အရှင်ဖန်းက ခပ်အေးအေး ပြုံးကာ "ဒီတစ်ခါ နောက်ဆုံး အထစ် ၉၉ ထစ် ထဲကို ရောက်နိုင်တဲ့သူ ရှိမလား မသိဘူးနော်"
ချန်ကျန်းက ခေါင်းခါပြသည်။ "ပြောရခက်တယ်။"
" ဒီတစ်သုတ်မှာ ပါရမီရှင် အချို့ ပါလာတာ မှန်ပေမဲ့ (၂) နာရီအတွင်းမှာ အထစ် ၉၀၀ ကို ကျော်ဖြတ်ဖို့က တကယ် ခက်ခဲပါတယ်။ "
"ဒါပေမဲ့..."
"ထန်ထျန်း အတွက်ကတော့ ပြောလို့မရဘူး"
အရှင်ဖန်းက လှည့်ကြည့်လိုက်သည်။ "သူ နောက်ဆုံးအဆင့်အထိ ရောက်နိုင်မယ်လို့ မင်း ထင်နေတာလား"
" ဒါက ခွန်အားနဲ့ မဆိုင်ဘူးနော်။"
" အင်မော်တယ်လှေကားက ကျင့်ကြံမှု အခြေခံနဲ့ ကောင်းကင်တာအို အပေါ် နားလည်မှုကို အဓိက စမ်းသပ်တာ။ "
"ထန်ထျန်းရဲ့ ခွန်အားက ကြီးမားပေမဲ့ ဒီဘက်မှာတော့ မသေချာနိုင်ဘူးလေ"
ချန်ကျန်းက ခပ်ပါးပါး ပြုံးလိုက်သည်။
"သူ နောက်ဆုံးအဆင့်အထိ ရောက်မယ်လို့ ထင်ရုံတင်မကဘူး... "
"သူ ထိပ်ဆုံးအထိ တက်နိုင်လိမ့်မယ်လို့တောင် ငါ ထင်နေတာ"
အရှင်ဖန်းမှာ ကြောင်အသွားသည်။ "မင်း ဒါကတော့ အရမ်း ပိုသွားပြီ။ "
"ရှန်းယွမ်တိုင် က လူအနည်းစုကလွဲရင် ဘယ်သူမှ ထိပ်ဆုံးအထိ တက်နိုင်မယ်လို့ မကြွားရဲကြဘူး။"
" လက်အောက်ခံဂိုဏ်းက တပည့်တစ်ယောက်က ဒီလောက်အထိ လုပ်နိုင်မယ်လို့ မင်း တကယ် ယုံကြည်နေတာလား"
ချန်ကျန်းက သူ့ကို တစ်ချက်ကြည့်ကာ တိုးတိုးလေး သက်ပြင်းချလိုက်သည်။ "ငါ အခုလေးတင် ထန်ထျန်းရဲ့ တကယ့် အသက်ကို စုံစမ်းကြည့်တော့..."
" သူက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်"
"ဒီအသက်အရွယ်မှာ ဒီလောက် ခွန်အားမျိုး ပိုင်ဆိုင်ထားတဲ့သူရဲ့ အခြေခံက အားနည်းချက် ဖြစ်နေလိမ့်မယ်လို့ မင်း ထင်နေတုန်းလား"
ပြောပြီးသည်နှင့် သူက ဆက်မနေတော့ဘဲ လှည့်ထွက်သွားသည်။
အရှင်ဖန်းမှာ ခဏမျှ ကြောင်အ ကာ ရပ်နေမိပြီးနောက် ရုတ်တရက် ရင်ဘတ်ကို ထုကာ ခြေဆောင့်လိုက်တော့သည်။
"တောက်... ပစ္စည်းတွေ ပြင်ဆင်ထားတာ နည်းသွားပြီ"
" အချိန်မီသေးဖို့ပဲ မျှော်လင့်ရတာပဲ"
ထို့နောက် သူသည်လည်း အလျင်အမြန် ထွက်ခွာသွားတော့သည်။
....
ဟင်းလင်းပြင်ကို ဖြတ်ကျော်ရသည့် ခံစားချက် ပြီးဆုံးသွားပြီးနောက် ထန်ထျန်းက သူ့ကိုယ်သူ အင်မော်တယ်လှေကားပေါ်တွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။
အောက်ဘက်မှ ကြည့်စဉ်က လှေကားမှာ သိပ်မကျယ်ဘဲ တစ်ဆင့်လျှင် လူ ၄-၅ ယောက်စာသာ ဆန့်မည်ဟု ထင်ခဲ့သည်။
ထိုစဉ်က သူသည် တက်လှမ်းသူ တစ်သောင်းကျော် မည်သို့ တပြိုင်နက် တက်ကြမည်နည်းဟု တွေးပူခဲ့သေးသည်။
သို့သော် ဤနေရာသို့ ရောက်လာမှသာ သူ မလိုအပ်ဘဲ စိုးရိမ်ခဲ့ခြင်းဖြစ်ကြောင်း နားလည်လိုက်ရသည်။
အင်မော်တယ်လှေကားက သူ့ဘာသာသူ သီးခြား ဟင်းလင်းပြင်တစ်ခု ရှိနေပြီး တက်လှမ်းသူ တစ်ဦးစီက သီးခြားစီ ဖြစ်နေသော ဟင်းလင်းပြင်တစ်ခုစီတွင် ရှိနေကြခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ဤနေရာတွင် သူ တစ်ယောက်တည်းသာ ရှိ၏။
"ကြည့်ရတာ... ဘယ်လောက်အထိ အကျိုးကျေးဇူး ရမလဲဆိုတာကတော့ ကိုယ့်အရည်အချင်းအပေါ်မှာပဲ မူတည်တော့မှာပဲ"
အခြေအနေကို နားလည်သွားပြီးနောက် ထန်ထျန်းက ဤထူးဆန်းသော လှေကားကို စတင် လေ့လာလိုက်သည်။
ယခု သူက လှေကား၏ ပထမဆုံး အထစ် တွင် ရပ်နေခြင်း ဖြစ်သည်။
ခပ်ပါးပါး တာအို အော်ရာ များက ခြေဖဝါးအောက်မှ ပျံ့လွင့်လာပြီး သူ၏ ခန္ဓာကိုယ်၊ ကျင့်ကြံမှု အမြုတေ ဒန်တျန် နှင့် ဝိညာဉ် တို့ကို ကမ္ဘာလောကတစ်ခုတည်းအတွင်း ရောက်ရှိနေသကဲ့သို့ ခံစားရစေသည်။
ဤအခြေအနေမျိုးတွင် ကျင့်ကြံခြင်း ကိစ္စမှာ အလွန်ပင် ရှင်းလင်းကာ ထင်သာမြင်သာ ရှိလှသည်။
ဤလှေကားထစ်က ချီသန့်စင်ခြင်း အဆင့် နှင့် သက်ဆိုင်ကြောင်း ထန်ထျန်း အလွယ်တကူ ခွဲခြားနိုင်လိုက်သည်။ ၎င်းမှာ သေမျိုး တစ်ဦး ကျင့်ကြံခြင်း လောကထဲသို့ စတင် ခြေလှမ်းလိုက်သည့် စမှတ်ပင် ဖြစ်သည်။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ"
ထန်ထျန်း မေးစေ့ကို ပွတ်လိုက်မိသည်။
လှေကား၏ လွှမ်းမိုးမှုအောက်တွင် ချီသန့်စင်ခြင်း အဆင့် ဆိုသည့် သေမျိုး နှင့် ကျင့်ကြံသူကြား အသွင်ပြောင်းလဲမှု ဖြစ်စဉ်ကြီးမှာ ဖြန့်ခင်းပြထားသကဲ့သို့ သူ၏ ရှေ့မှောက်တွင် အပြည့်အစုံ ပေါ်လာတော့သည်။
၎င်းကို အသုံးပြု၍ သူ့၏ ကျင့်ကြံမှု အခြေအနေကို ပြန်လည် ဆန်းစစ်ကြည့်လျှင် ယခင်က သတိမထားမိခဲ့သော အားနည်းချက် သေးသေးလေးများကို အလွယ်တကူ ရှာတွေ့နိုင်ပေသည်။
ထိုအားနည်းချက်များကို တစ်ခုချင်း ပြန်လည် ပြုပြင်ခြင်းဖြင့် ကျင့်ကြံမှု အခြေခံကို ပိုမို ခိုင်မာလာစေမည် ဖြစ်သည်။
အဓိကမှာ သင် မည်မျှအထိ ရှာတွေ့နိုင်မလဲ ဆိုသည့်အပေါ်တွင်သာ မူတည်သည်။
"ထျန်းဖူနန်းတော်က တပည့်တွေ ဘာလို့ အားကောင်းကြတာလဲဆိုတာ အံ့သြစရာ မရှိတော့ဘူး"
"ဒီလို မယုံနိုင်စရာ ကောင်းတဲ့ ပစ္စည်းမျိုး ရှိနေမှတော့ အားနည်းတဲ့သူ တစ်ယောက်ကို မွေးထုတ်ပေးဖို့တောင် ခက်ခဲလိမ့်မယ်။ "
"ထျန်းဖူနန်းတော်နဲ့ လက်အောက်ခံဂိုဏ်းက တပည့်တွေရဲ့ စမှတ်က လုံးဝကို အဆင့်ချင်း မတူတာပဲ"
ထန်ထျန်း စိတ်ထဲမှ အနည်းငယ် အံ့သြမိသည်။
ချန်ကျန်းတို့၏ အပြုအမူကို ကြည့်လျှင် အင်မော်တယ်လှေကား တက်ရသည့် အခွင့်အရေးမှာ အလွန် တန်ဖိုးကြီးပုံရသော်လည်း ထျန်းဖူနန်းတော်ထဲတွင် အလားတူ ရတနာများစွာ ရှိနေမည်မှာ သေချာသည်။
"မဆိုးဘူး၊ အရင်က ကျင့်ကြံခဲ့တဲ့ အဆင့်တွေကို သေသေချာချာ ပြန်ပြီး စိစစ်လို့ရတာပေါ့"
ယခုအခါ သူက ကောင်းကင်တာအို နားလည်မှုပိုင်းတွင် မယုံနိုင်စရာ အဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း ကျင့်ကြံခြင်း အစပိုင်းတွင်မူ သူ၏ ပါရမီနှင့် အတွေ့အကြုံမှာ အဆင့်တိုင်းကို အထွတ်အထိပ်အထိ သွေး ရန် မလုံလောက်ခဲ့ပေ။
ပြန် ဖြည့်ရန် လိုအပ်သည့် နေရာအချို့ ရှိနေသေးသည်။
ယခင်က သိပ်ဂရုမစိုက်ခဲ့သော်လည်း အခုတော့ အခွင့်အရေး ရတုန်း အသုံးချရပေမည်။
ထိုသို့ တွေးတောရင်း ထန်ထျန်းက ချီသန့်စင်ခြင်း အဆင့်ရှိ သူ၏ ကျင့်ကြံမှု အခြေအနေကို စတင် စစ်ဆေးလိုက်သည်။
ယခုအချိန်က အမြင်ဖြင့် အတိတ်ကို ပြန်ကြည့်သောအခါ မပြေပြစ်သော နေရာများစွာကို လျင်မြန်စွာ ရှာတွေ့လိုက်ရသည်။
အထူးသဖြင့် ချီသန့်စင်ခြင်း အဆင့် ၁ မှ ၃ အထိမှာ သူ၏ ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းက သူ့ဘာသာသူ စမ်းတဝါးဝါး လုပ်ခဲ့ခြင်းကြောင့်လည်း ပါသည်။
၎င်းတို့ကို အလွယ်တကူ ပြန် ပြုပြင်လိုက်ပြီးနောက် ထန်ထျန်းသည် သူ၏ ကျင့်ကြံခြင်း လမ်းကြောင်းမှာ အနည်းငယ် ပို၍ ပြည့်စုံလာကြောင်း ခံစားလိုက်ရသည်။
"ကောင်း တယ်"
ထန်ထျန်း ပြုံးလိုက်ပြီး ဒုတိယလှေကားထစ်သို့ တက်လိုက်သည်။
ဤနေရာမှာ ချီသန့်စင်ခြင်း အဆင့် ၂ ကို ကိုယ်စားပြုသည်။
သူက အားနည်းချက် အချို့ကို ထပ်မံ ရှာတွေ့ပြီး ချက်ချင်း ပြုပြင်ကာ တတိယလှေကားထစ်သို့ တက်လှမ်းလိုက်ပြန်သည်။
....
တစ်ချိန်တည်းမှာပင် အင်မော်တယ် မြူခိုးများ လွှမ်းခြုံထားသော စင်မြင့်ထက်တစ်ခုတွင် အလွန် ကြီးမားသော ကျောက်စာတိုင်ကြီးတစ်ခုက စင်မြင့်အလယ်တွင် မတ်မတ် တည်ရှိနေသည်။
ကျောက်စာတိုင်ပေါ်တွင် မရေမတွက်နိုင်သော ရွှေရောင် အစက်ကလေးများက ကျောက်စာတိုင်၏ အောက်ခြေတွင် ပြည့်နှက်နေပြီး တဖြည်းဖြည်းနှင့် အထက်သို့ ရွေ့လျားနေကြသည်။
ထိုစဉ် အင်မော်တယ်အဆင့် အထက်ရှိသော ကျင့်ကြံသူ အချို့မှာ ကျောက်စာတိုင် ရှေ့တွင် ရပ်နေကြသည်။
"အစပိုင်း အဆင့်အနည်းငယ်မှာတော့ လူတိုင်းရဲ့ အမြန်နှုန်း က အတူတူလောက်ပဲ ဖြစ်မှာပဲ"
တစ်ယောက်က ပြောလိုက်သည်။
"အင်း... ဒါက အစပိုင်း အဆင့်ငယ်လေးတွေပဲလေ၊ အားနည်းချက် ရှိရင်တောင် ချက်ချင်း ပြုပြင်နိုင်ကြတာပဲ။"
" ယေဘုယျအားဖြင့် ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့် ပြီးမှသာ ကွာခြားချက်တွေ စ ပေါ်လာလိမ့်မယ်။ "
"အချိန်အားဖြင့်တော့ မိနစ် (၃၀) လောက် စောင့်ရဦးမှာပဲ"
နောက်တစ်ယောက်က ခေါင်းညိတ် ထောက်ခံသည်။
"ဒါဆို ခဏစောင့်ကြည့်ကြတာပေါ့။"
" ငါ အခုလေးတင် အထက်က ညွှန်ကြားချက် ရထားတယ်၊ အင်အားကြီး ပုဂ္ဂိုလ်တွေ အများကြီး ဒီဘက်ကို ရုတ်တရက် လာကြလိမ့်မယ်တဲ့။ ဘာကြောင့်လဲတော့ မသိဘူး။ "
"ငါတို့ သူတို့ကို ကြိုဆိုဖို့ သွားပြီး ပြင်ဆင်ကြရအောင်"
ထို့နောက် ထိုလူများမှာ စင်မြင့်ထက်မှ ထွက်ခွာသွားကြပြီး လူနှစ်ယောက်သာ စောင့်ကြပ်ရင်း အေးအေးလူလူ စကားပြောနေခဲ့ကြသည်။
သို့သော် သူတို့ သတိမထားမိလိုက်သည်မှာ ရွှေရောင် အစက်ကလေး တစ်စက်က အခြားသော အုပ်စုကြီးမှ စတင် ခွဲထွက်ကာ ထိပ်ဆုံးသို့ ဦးတည်လိုက်ခြင်းပင်။
၎င်း၏ အမြန်နှုန်း မှာ ပို၍ ပို၍ မြန်လာနေတော့သည်